Please scroll down for Zawgyi
အပိုင်း ၆၃။ သိမ်မွေ့နက်နဲသော ပညာရပ်
နန်ကုန်းလီက ကံဆိုးမှုနတ်ဘုရားနောက် တစ်ပတ်နှစ်ပတ်လောက် လိုက်ပြီးတဲ့အခါမှာတော့ နောက်ဆုံး သူအရူးအလုပ်ခံလိုက်ရမှန်း သိသွားတယ်။
သူလိုက်တာကို ခံနေရတဲ့တစ်ယောက်က သူ့ကို အသင်းခန်းမထဲကနေ ဖြားယောင်းခေါ်ထုတ်ချင်နေခဲ့တာ အရှင်းကြီးပဲ။ သူမရှိတုန်း အသင်းမှာ တစ်ခုခုတော့ ဖြစ်သွားပြီဖြစ်ရမယ်။ နန်ကုန်းလီက ဒီလို ရိုးရှင်းတဲ့ လှည့်ကွက်ထဲ သူ့ကိုယ်သူ ကျဆင်းသွားခဲ့မိမှန်း မယုံနိုင် ဖြစ်နေရတယ်။
ဒါတောင်မှ ဘုရင်မင်းကြီးရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတဲ့ နန်ကုန်းလီက ဒုက္ခပေးသူအစစ်ဟာ အမွှေဇယား ကြီးကြီးမားမား လုပ်လိမ့်မှာမဟုတ်ဘူးဆိုတဲ့ ခံစားချက် ရှိနေတယ်။
သူ့အမြင်အရ သူ့ကို အပြင်ခေါ်ထုတ်ချင်သူက ထိခိုက်လိုစိတ် မရှိဘဲ သူ့ကို ခန်းမအပြင်ဘက်ကို မျှားခေါ်ချင်ရုံသာဖြစ်တယ်။
အပြင်မှာစောင့်ပြီး ခြုံခိုတိုက်တာတွေ ပူးပေါင်းတိုက်ခိုက်တာတွေ ဘာမှမရှိဘူးဆိုကတည်းက ဒါဟာ ယာယီအစီအစဉ်ချလိုက်ရတာ ဖြစ်ပုံရတယ်။
နန်ကုန်းလီက သဲလွန်စ အနည်းငယ်အရ အနီးစပ်ဆုံး မှန်အောင် မှန်းနိုင်သွားတာကို ဖုန့်ရှီ မသိပေ။
ကံကောင်းတာက ဒါက ယာယီအစီအစဉ်ပဲဖြစ်တယ်၊ ဒါ့ကြောင့် နန်ကုန်းလီက နက်နက် တူးဆွဖော်ထုတ်လို့ မရနိုင်တော့ပေ။
ကံဆိုးမှုနတ်ဘုရားက ပုန်းတဲ့နေရာမှာ တော်တယ်၊ အဲ့လိုမှမဟုတ်ရင် နှစ်ပေါင်းတစ်သောင်းလောက် ကြာအောင် သူ ကြီးထွားလာနိုင်ခဲ့မှာမဟုတ်ဘူးလေ။ အဲ့တာကြောင့် သူ ခဏလောက် နန်ကုန်းလီနဲ့ ကြောင်နဲ့ကြွက် ကစားပွဲ ကစားပြီးတဲ့အခါမှာ ဖုန့်ရှီထံ ချက်ချင်း ပြန်သွားလိုက်တယ်။ တချိန်တည်းမှာပဲ စာအုပ်နတ်ဘုရားကလည်း သူလုပ်ရမယ့်အလုပ် ပြီးမြောက်သွားတဲ့အတွက် ပြန်လာတယ်။
သူတို့သုံးယောက် အချိန်အနည်းငယ်ကြာ ခေါင်းချင်းဆိုင် ဆွေးနွေးပြီးတဲ့အခါမှာတော့ ဆီလျော်တဲ့ ဖြေရှင်းချက်တစ်ခု ချမှတ်သဘောတူလိုက်ကြတယ်။ အဲ့နောက် သူတို့က အားလုံးကို လျို့ဝှက်စွာ လုပ်ကိုင်ပြီးပြီဆိုတဲ့ ယူဆချက်နဲ့ ကောင်းကင်ထွတ်ထိပ်နန်းတော်ဆီ ပြန်ပြေးသွားကြတယ်။
"ခေါင်းဆောင်၊ ကျွန်တော် စာရင်းသွင်းမှတ်ပုံတင်ပြီးသွားပြီ။" ဖုန့်ရှီက တိတ်ဆိတ်နေတဲ့ နန်းတော်ခန်းမထဲကို မဝင်ခင် သူ့အသံအကျယ်ကြီးက အရင်ပေါ်ထွက်လာတယ်။
တိတ်ဆိတ်နေတဲ့နန်းတော်ထဲက အဲ့အသံကြားတော့ မောင်းမတသိုက် သတိအနေအထားနဲ့ ဖြစ်သွားကြပြီး အလျိုလျို ပျောက်ကွယ်သွားကြတယ်။ သူတို့ တံခါးဝရောက်တော့ ကောင်လေးက သူတို့ကို ပြုံးရယ်ပြရင်း ဖျက်ဖျက်လက်လက် ပြေးဝင်လာတာကို တွေ့လိုက်ကြတယ်။ ဖုန့်ရှီ နန်းတော်ထဲ အပြေး ဝင်သွားပြီးနောက် မောင်းမအနည်းငယ်က မထိန်းနိုင်တော့ဘဲ သူတို့ပါးစပ်တွေ အုပ်ပြီး တခိခိနဲ့ ရီလိုက်ကြတယ်။
"ဖြေးဖြေးပြေး" ငရဲမင်းကြီးက စားပွဲခုံကနေ အကြည့်ခွါပြီး သူ့ခေါင်းကို မော့လိုက်တယ်။
သူပြောလိုက်တဲ့ချိန်မှာ ဖုန့်ရှီက သူ့နားတောင် ရောက်တော့မယ်။
ဖု့န်ရှီရဲ့ ကျင့်ကြံဆင့် တက်သွားကတည်းက သူ့ခြေထောက်တွေက ပိုသန်မာလာလတယ်။ သူ လမ်းလျောက်မြန်လာရုံတင်မကဘူး၊ အကြာကြီးလည်း ပြေးနိုင်၊ ခုန်နိုင်လာတယ်၊ အဲ့တာက သူ တခြားသူတွေအပေါ် လိမ်လည်လှည့်ဖြားတဲ့အခါမျိုးမှာ အရမ်း အဆင်ပြေတယ်။
"ခေါင်းဆောင်၊ ကျွန်တော် စာရင်းသွင်းမှတ်ပုံတင်ပြီးပြီ! အဲ့တာ ခေါင်းဆောင် မျှော်မှန်းထားတာမှတ်လား၊ ဟုတ်တယ်ဟုတ်?" ဖုန့်ရှီက အသက်တောင်မရှုဘဲ သူ့သွားစွယ်နှစ်ချောင်း ပေါ်လာတဲ့ထိ ထပ်ပြောလိုက်တယ်။
"အကဲဖြတ်မှုရဲ့ စည်းမျဉ်းတွေ နည်းလမ်းတွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ရဲ့လား?"ဘုရင်ကြီးက စာရေးနေတာကို အရေးရပ်လိုက်ရင်း သူ့ခေါင်းကို မော့လိုက်ကာ မပီဝိုးတဝါး အပြုံးနဲ့အတူ ကောင်လေးအပေါ် နွေးထွေးတဲ့အကြည့်တစ်ချက် ပို့လိုက်တယ်။
ကျေနပ်ပီတိဖြာနေတဲ့ ဖု့န်ရှီက ချက်ချင်း တောင့်ခဲသွားရတယ်။
စာရင်းသွင်းမှတ်ပုံတင်တုန်းက အကဲဖြတ်မှုစည်းမျဉ်း၊ နည်းလမ်းတွေ အပြောခံရမယ်ဆိုတာ သူလုံးဝမသိဘူး။
ထောင့်နားမှာ ရပ်နေတဲ့ စာအုပ်နတ်ဘုရားကလည်း ချွေးတွေ ရွှဲနစ်သွားတယ်။ မတော်တဆမှုကြောင့် စည်းမျဉ်းတွေ နည်းလမ်းတွေအကြောင်းကို သူလည်းပဲ မေ့သွားခဲ့တယ်။ ဖုန့်ရှီကို အဲ့တာတွေ သူ မပြောရသေးခင်မှာ ငရဲမင်းကြီးက မေးခွန်းထုတ်လိုက်ပြီဖြစ်တယ်။ သူတို့ ခေါင်းချင်းဆိုင် တိုင်ပင်လာခဲ့ကြတဲ့ ဖြေရှင်းချက်က လုံးဝ အသုံးမဝင်တော့ဘူး။
"အာ၊ အင်း..." ဖုန့်ရှီက ဘာခံစားချက်မှ ရှိနေဟန် မပေါ်တဲ့ သူ့ခေါင်းဆောင်ကို ကြည့်လိုက်ပြီး သူ့ခေါင်းကို ငုံ့ရင်း နှုတ်ခမ်းကို တွန့်ကာပြောလိုက်တယ်၊ "ကျွန်တော်မသိဘူး!"
တခဏတိတ်ဆိတ်သွားပြီးနောက်...
နန်းတော်ခန်းမထဲမှာ တိုးညှင်းတဲ့ သက်ပြင်းချသံတစ်ခု ထွက်လာတယ်။ ဘုရင်ကြီးက စုတ်တံကို ချလိုက်ကာ ထရပ်လိုက်ပြီး သူ့ဝတ်ရုံဖြူ မြေပေါ်တရွတ်ဝဲရင်း ဖြည်းညှင်းစွာနဲ့ ခန်းမအစွန်ကို လျောက်သွားလိုက်တယ်။ သူက နောင်တအသိစိတ်တို့နဲ့ မတ်မတ်ရပ်နေတဲ့ ကောင်လေးကို ကြည့်ပြီး နွေးထွေးတဲ့ မျက်ဝန်းအစုံနဲ့ ကောင်လေးကို ဖြည်းဖြည်းလေး ပြောလိုက်တယ်၊
"အစိမ်းရောင် ငရဲသား အမဲလိုက် အသင်းမှာ အကဲဖြတ်မှု စမ်းသပ်စာမေးပွဲ ၂ခု ရှိတယ်။ ပထမဦးဆုံးက အသင်းက ပြိုင်ပွဲဝင်သူတစ်ဦးချင်းစီကို ပြီးမြောက်ရမယ့် အလုပ်တာဝန် တစ်ခုစီ တာဝန်ချပေးလိမ့်မယ်။ အလုပ်တာဝန်က မိစ္ဆာသားရဲတစ်ကောင်ကို အမဲလိုက်ရတာလည်း ဖြစ်နိုင်သလို တရားခံပြေးကို လိုက်ဖမ်းရတာမျိုးလည်း ဖြစ်နိုင်တယ်။ မင်း ပထမစမ်းသပ်စာမေးပွဲ စစ်ဆေးချက် အောင်မြင်ပြီဆိုတာနဲ့ နောက်စာမေးပွဲ ဖြေလို့ရမှာ ဖြစ်တယ်၊ အဲ့တာကတော့ ပြိုင်ပွဲဝင်အချင်းချင်း တစ်ယောက် တစ်ယောက်ချင်း ယှဉ်ပြိုင်ရတာ ဖြစ်တယ်။ မင်း နိုင်တဲ့အကြိမ်ရေ များလာတာနဲ့အမျှ၊ မင်းရဲ့ အဆင့်လည်း မြင့်လာမှာဖြစ်တယ်။ နောက်ဆုံး ပြိုင်ပွဲဝင် ထိပ်သီး အယောက် ငါးဆယ်က အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ထဲကို ဝင်ခွင့်ရမှာ ဖြစ်တယ်။"
ဘုရင်ကြီးရဲ့ အသံက တပြေးညီအသံ ပေါက်နေပြီး အနည်းငယ် စိတ်မဝင်စားဟန်တောင် ပေါက်နေပေမဲ့ နားဝင်တော့ အတော်ချိုနေဆဲပင်။
ဒီလိုအသံအမျိုးအစားက အလွန် စွဲမက်ဖွယ်ကောင်းနေတာကြောင့် ဖုန့်ရှီ အာရုံပြန်လွင့်သွားတိုင်း ချက်ချင်း အာရုံ ပြန်စုစည်းသွားရတယ်။ အဲ့တာကြောင့် သူက သူ့ခေါင်းဆောင်ရဲ့ စကားလုံးတွေကို တချိန်လုံး အာရုံစိုက်မိနေတယ်။
"ရှင်းရဲ့လား?" ဘုရင်ကြီးက မေးတယ်။
ဖုန့်ရှီက မျက်လုံး လှန်ကြည့်လိုက်ပြီး တုန့်ဆိုင်းဆိုင်းအကြည့်နဲ့ ခေါင်းညိတ်ကာ ပြောလိုက်တယ်၊ "ကျွန်တော် သဘောပေါက်ပါပြီ ခေါင်းဆောင်!" နောက်ဆုံးတော့ သူနားမလည်တာရှိနေခဲ့ရင်တောင်မှ နောက်မှ သူ စာအုပ်နတ်ဘုရားကို မေးလိုက်တော့မယ်လေ။
တချိန်တည်းမှာပဲ ထောင့်တနေရာမှာ ရှိနေတဲ့ စာအုပ်နတ်ဘုရားက တအံ့တဩ မျက်နှာနဲ့ သူ့ကို ကြည့်နေတယ်။ ဘုရင်ကြီးက ဖုန့်ရှီက ဘာတစ်ခုမှ အပြစ်မတင်ဘူးဆိုတာ သူ လုံးဝ မမျှော်မှန်းထားခဲ့ဘူး၊ ဘာဆိုဘာမှကို မပြောခဲ့တာ။ ဘယ်လောက်တောင် ထူးဆန်းသလဲ!
"အကဲဖြတ်မှုက သဘက်ခါ မနက်ပိုင်းမှာ စတင်လိမ့်မယ်။ အဲ့ချိန်ဆို ကြက်ပျံကလည်း သူ့တကိုယ်တည်းတိုက်ပိတ်ကျင့်ကြံတာ ပြီးလိမ့်မယ်။ အဲ့အချိန်ဆို သူ မင်းနဲ့ အဖော်ပြုပေးနိုင်လိမ့်မယ်။ မင်း ယူစရာရှိတာတွေအားလုံး ထုပ်ပိုးထား၊ ဘာမှ မကျန်စေခဲ့နော်။" ဖုန့်ရှီမျက်နှာပေါ်က ရုတ်တရက်ပြောင်းလဲသွားတဲ့အမူအယာကို လျစ်လျူရှုရင်း ဘုရင်ကြီးက ပြောလိုက်တယ်။
"အမွှေးမဲ့ကြက်က အပြင်ထွက်လာတော့မှာ?" အဲ့သတင်းကြားလိုက်ရတော့ ဖုန့်ရှီ ချက်ချင်းကို ဝမ်းသာသွားရတယ်။
အမွှေးမဲ့ကြက်က သူ တကိုယ်ရည် တိုက်ပိတ်ကျင့်ကြံတာ ပြီးသွားပြီဆိုတာနဲ့ သူက သူတော်စင်နယ်ပယ်အဆင့်ကို ရောက်သွားမှာဖြစ်တယ်။ အမွှေးမဲ့ကြက်ကို တိုက်ခိုက်ဖို့အတွက် သူနဲ့အတူ ခေါ်သွားမယ်ဆိုရင် သူဘေးထွက် ရပ်နေရုံနဲ့တင် စမ်းသပ်စာမေးပွဲတွေအားလုံးကို ကျော်ဖြတ်နိုင်မှာ အသေအချာပဲဆိုတာ ဖုန့်ရှီ ယုံကြည်တယ်။ သူ့ရဲ့တောက်ပတဲ့ အနာဂတ်ကို သူတွေးမိသွားတော့ တကယ်ကို အပျော်လွန်သွားရတယ်။
တိတ်ဆိတ်နေတဲ့နန်းတော်ခန်းမထဲက လူတွေအားလုံးက ဖုန့်ရှီအတွေးကို သိမြင်ပြီး ဖြစ်တယ်။ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က သက်ပြင်းချလိုက်ကြတယ်၊ 'သခင်၊ သခင့်မှာ တကယ်ကို ဘာရည်မှန်းချက်မှ ရှိမနေဘူးပဲ!'
ဘုရင်ကြီးက အဲ့တာနဲ့ပတ်သက်လို့ အတော်တည်ငြိမ်နေတယ်။ သူက စိတ်လှုပ်ရှားနေတဲ့ ကောင်လေးကို ထူးဆန်းတဲ့အပြုံးတစ်ပွင့်နဲ့အတူ ကြည့်နေလိုက်တယ်။ ဘုရင်ကြီးမှာ ဘယ်လိုအမူအယာမျိုးပဲ သူ့မျက်နှာပေါ်ရှိရှိ သူက အမြဲ တောက်ပနေတယ်။ အခုလောလောဆယ် သူ့မျက်နှာပေါ်က အပြုံးက အရမ်း စွဲဆောင်မှုရှိတာကြောင့် တစ်ဦးတစ်ယောက်ရဲ့ ဝိညာဉ်ကိုတောင် စုပ်ယူဝါးမြိုနိုင်လောက်တယ်။ ဒါပေမဲ့ သူ့အပြုံးမှာ ကျရှုံးရမယ့်တစ်ယောက်ကတော့ အခု သူ့ရဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နစ်မြောနေလေရဲ့။
"အကဲဖြတ်မှု မရောက်ခင် တစ်ရက်နဲ့ နေ့တစ်ပိုင်း အချိန်ရသေးတယ်။ မင်း သိမ်မွေ့နက်နဲတဲ့ ပညာရပ်ကို သင်ယူရမယ့် အချိန်ရောက်ပြီ။"
"သိမ်မွေ့နက်နဲတဲ့ ပညာရပ်?" ဖုန့်ရှီက သူ့ဦးဏှောက်ထဲ အသုံးဝင်တဲ့အချက်အလက်တွေကို ရှာလိုက်တယ်၊ အဲ့နောက် စာအုပ်နတ်ဘုရား ပြောခဲ့တာကို သွားသတိရလိုက်တယ်။
သိမ်မွေ့နက်နဲတဲ့သိုင်းပညာရပ်ဆိုတာက တိုက်ပွဲတွေမှာ သုံးတဲ့ တိုက်ခိုက်ရေး အတတ်ပညာတစ်ခုဖြစ်ပြီး ကျင့်ကြံမှုအခြေခံ ရှိသူတွေရဲ့ တိုက်ရည်ခိုက်ရည်ကို မြှင့်တင်ပေးနိုင်တယ်။ အဲ့ပညာရပ်မျိုးက တိုက်ပွဲတွေမှာ အရမ်းကို မရှိမဖြစ် အရေးပါတယ်။ ကျင့်ကြံမှုအဆင့်တူတဲ့ ပညာရှင်နှစ်ဦး အချင်းချင်း တိုက်ခိုက်ကြမယ်ဆိုရင် သိမ်မွေ့နက်နဲတဲ့ သိုင်းပညာရပ်ကို အသုံးမပြုနိုင်တဲ့သူက အသုံးပြုနိုင်သူအပေါ် ရှုံးမယ့်ရာနှုန်းက ၉၀ရာခိုင်နှုန်း သေချာမှုရှိတယ်။
ဒါပေမဲ့ သိမ်မွေ့နက်နဲတဲ့သိုင်းပညာရပ်က အဆုံးအဖြတ်ပေးတဲ့အချက်တွေထဲက တစ်ချက်သာဖြစ်တယ်။
တကယ်တော့ သိမ်မွေ့နက်နဲတဲ့ ပညာရပ်မှာလည်း အဆင့်တွေ ရှိတယ်။ ပုံမှန်အားဖြင့် ပညာရပ်အဆင့် မြင့်လေလေ ပိုပြင်းထန်အားကောင်းတဲ့ တိုက်ခိုက်စွမ်းရည်ကို ပေးလေလေ ဖြစ်တယ်။ အဆင့်တစ်ခုနဲ့တစ်ခုကြား ကွာဟချက်က အလွန့်အလွန်ကို ကြီးမားတယ်။ အဲ့တာကြောင့် သိမ်မွေ့နက်နဲတဲ့ သိုင်းပညာရပ်ကို ထုတ်သုံးနိုင်ကြတဲ့ ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်ကြမယ်ဆိုရင် အဆင့်မြင့်သမားက အနိုင်ရဖို့ အလားအလာ ပိုများတယ်။ အကျိုးဆက်အနေနဲ့ ကျင့်ကြံသူတိုင်းရဲ့ ကျင့်ကြံမှုအဆင့်တိုင်းမှာ သူတိုံရဲ့ တိုက်ရည်ခိုက်ရည် တိုးတက်စေဖို့အတွက် သူတို့ရဲ့ သိမ်မွေ့နက်နဲတဲ့ သိုင်းပညာရပ်ကို လေ့ကျင့်ကြရမှာ ဖြစ်တယ်။
သိမ်မွေ့နက်နဲတဲ့ ပညာရပ်က အဆင့် လေးဆင့်ရှိတယ်၊ သိမ်မွေ့ဆင့်၊ မြေကြီးအဆင့်၊ ကောင်းကင်အဆင့်နဲ့ နောက်ဆုံးကတော့ ရှားပါးတဲ့ နတ်ဘုရားအဆင့်တို့ ဖြစ်တယ်။ အဆင့် တစ်ခုစီတိုင်းမှာ အနိမ့်၊ အလတ်၊ အမြင့်ဆိုပြီး အဆင့် သုံးဆင့် ထပ်ပိုင်းခြားထားပြန်တယ်။ လက်ရှိမှာ အသိအမှတ်အပြုခံထားရတဲ့ သိမ်မွေ့နက်နဲတဲ့ သိုင်းပညာရပ် များစွာ ရှိတယ်။ ဒါပေမဲ့ အဆင့်မြင့် သိမ်မွေ့နက်နဲတဲ့သိုင်းပညာရပ်ကတော့ အရမ်း ရှားတယ်။ ဥပမာ၊ သိမ်မွေ့နက်နဲတဲ့ပညာရပ် နတ်ဘုရားအဆင့် ရောက်နေတဲ့ ဦးရေက လက်တစ်ဖက်နဲ့တောင် လက်ချိုး ရေတွက်လို့ရတယ်။
"ဘယ်အဆင့်ကိုလဲ?" ဖုန့်ရှီက သူ့မျက်လုံးထဲ မျှော်လင့်တကြီးနဲ့ မေးလိုက်တယ်။
သူက သိမ်မွေ့နက်နဲတဲ့ပညာရပ်ရဲ့ အဆင့်တွေကို ဟိုးအရင်ကတည်းက သိထားခဲ့ပေမဲ့ သူ အဲ့အပေါ် တကယ်စိတ်မဝင်စားခဲ့ဘူး။ ဒါပေမဲ့ ငရဲမင်းကြီးက အခု အဲ့အကြောင်းကို ထပ်ပြောလာတော့ ဖုန့်ရှီက ချက်ချင်းပဲ သိချင်စိတ် ပြင်းပြသွားတယ်။ အထူးသဖြင့် သူ အဲ့ဒီ့ ပြဿနာတွေအားလုံးကို ကြုံတွေ့လာခဲ့ပြီးတဲ့အချိန်မှာ ခိုင်မာအားကောင်းတဲ့ ကျင့်ကြံမှုအခြေခံရှိဖို့ အရမ်းအရေးကြီးတယ်ဆိုတာ သူသိရှိခံစားလာရတယ်။ သူ့ခေါင်းဆောင်နဲ့ အမွှေးမဲ့ကြက်တို့ သူနဲ့အတူ မရှိကြတဲ့အချိန်မျိုးမှာ တစ်ယောက်ယောက်က သူ့ကို ပြဿနာ လာရှာခဲ့မယ်ဆိုရင် သူ့ကိုကယ်ဖို့လူတောင် သူမရှာနိုင် ဖြစ်နေနိုင်တယ်။ အဲ့တာကြောင့် ဖု့န်ရှိက သူ စွမ်းအားမြှင့်တင်မှ ဖြစ်မယ်ဆိုပြီး ကောက်ချက်ချလိုက်တယ်။
ဘုရင်ကြီးက သူ့လက်ကို ဝှေ့လိုက်တဲ့အခါ သူရော ဖုန့်ရှီရော တိတ်ဆိတ်တဲ့နန်းတော်ခန်းမထဲကနေ ပျောက်သွားတယ်။
တချိန်တည်းမှာပဲ နန်ကုန်းလီက ကောင်းကင်ထွတ်ထိပ်နန်းတော် အပြင်ဘက်မှာ ပေါ်လာတယ်။ ဒါပေမဲ့ မရီမပြုံးမျက်နှာနဲ့ ဦးလေးဖြူက သူ့ကို စောင့်ကြိုနေလေရဲ့။
20211021; 2116
ပိတ်ရက်မှာ အလုပ်လေး နည်းနည်းများသွားလို့ update နောက်ကျသွားရတာ တောင်းပန်ပါတယ်ရှင်။ အားပေးဖတ်ရှုသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်။
—————————— Zawgyi —————————
အပိုင္း ၆၃။ သိမ္ေမြ႕နက္နဲေသာ ပညာရပ္
နန္ကုန္းလီက ကံဆိုးမွုနတ္ဘုရားေနာက္ တစ္ပတ္ႏွစ္ပတ္ေလာက္ လိုက္ၿပီးတဲ့အခါမွာေတာ့ ေနာက္ဆုံး သူအ႐ူးအလုပ္ခံလိုက္ရမွန္း သိသြားတယ္။
သူလိုက္တာကို ခံေနရတဲ့တစ္ေယာက္က သူ႔ကို အသင္းခန္းမထဲကေန ျဖားေယာင္းေခၚထုတ္ခ်င္ေနခဲ့တာ အရွင္းႀကီးပဲ။ သူမရွိတုန္း အသင္းမွာ တစ္ခုခုေတာ့ ျဖစ္သြားၿပီျဖစ္ရမယ္။ နန္ကုန္းလီက ဒီလို ရိုးရွင္းတဲ့ လွည့္ကြက္ထဲ သူ႔ကိုယ္သူ က်ဆင္းသြားခဲ့မိမွန္း မယုံနိုင္ ျဖစ္ေနရတယ္။
ဒါေတာင္မွ ဘုရင္မင္းႀကီးရဲ့ အသိအမွတ္ျပဳမွုကို ရရွိထားတဲ့ နန္ကုန္းလီက ဒုကၡေပးသူအစစ္ဟာ အေမႊဇယား ႀကီးႀကီးမားမား လုပ္လိမ့္မွာမဟုတ္ဘူးဆိုတဲ့ ခံစားခ်က္ ရွိေနတယ္။
သူ႔အျမင္အရ သူ႔ကို အျပင္ေခၚထုတ္ခ်င္သူက ထိခိုက္လိုစိတ္ မရွိဘဲ သူ႔ကို ခန္းမအျပင္ဘက္ကို မၽွားေခၚခ်င္႐ုံသာျဖစ္တယ္။
အျပင္မွာေစာင့္ၿပီး ျခဳံခိုတိုက္တာေတြ ပူးေပါင္းတိုက္ခိုက္တာေတြ ဘာမွမရွိဘူးဆိုကတည္းက ဒါဟာ ယာယီအစီအစဥ္ခ်လိုက္ရတာ ျဖစ္ပုံရတယ္။
နန္ကုန္းလီက သဲလြန္စ အနည္းငယ္အရ အနီးစပ္ဆုံး မွန္ေအာင္ မွန္းနိုင္သြားတာကို ဖုန္႔ရွီ မသိေပ။
ကံေကာင္းတာက ဒါက ယာယီအစီအစဥ္ပဲျဖစ္တယ္၊ ဒါ့ေၾကာင့္ နန္ကုန္းလီက နက္နက္ တူးဆြေဖာ္ထုတ္လို႔ မရနိုင္ေတာ့ေပ။
ကံဆိုးမွုနတ္ဘုရားက ပုန္းတဲ့ေနရာမွာ ေတာ္တယ္၊ အဲ့လိုမွမဟုတ္ရင္ ႏွစ္ေပါင္းတစ္ေသာင္းေလာက္ ၾကာေအာင္ သူ ႀကီးထြားလာနိုင္ခဲ့မွာမဟုတ္ဘူးေလ။ အဲ့တာေၾကာင့္ သူ ခဏေလာက္ နန္ကုန္းလီနဲ႔ ေၾကာင္နဲ႔ႂကြက္ ကစားပြဲ ကစားၿပီးတဲ့အခါမွာ ဖုန္႔ရွီထံ ခ်က္ခ်င္း ျပန္သြားလိုက္တယ္။ တခ်ိန္တည္းမွာပဲ စာအုပ္နတ္ဘုရားကလည္း သူလုပ္ရမယ့္အလုပ္ ၿပီးေျမာက္သြားတဲ့အတြက္ ျပန္လာတယ္။
သူတို႔သုံးေယာက္ အခ်ိန္အနည္းငယ္ၾကာ ေခါင္းခ်င္းဆိုင္ ေဆြးေႏြးၿပီးတဲ့အခါမွာေတာ့ ဆီေလ်ာ္တဲ့ ေျဖရွင္းခ်က္တစ္ခု ခ်မွတ္သေဘာတူလိုက္ၾကတယ္။ အဲ့ေနာက္ သူတို႔က အားလုံးကို လ်ိဳ႕ဝွက္စြာ လုပ္ကိုင္ၿပီးၿပီဆိုတဲ့ ယူဆခ်က္နဲ႔ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ဆီ ျပန္ေျပးသြားၾကတယ္။
"ေခါင္းေဆာင္၊ ကၽြန္ေတာ္ စာရင္းသြင္းမွတ္ပုံတင္ၿပီးသြားၿပီ။" ဖုန္႔ရွီက တိတ္ဆိတ္ေနတဲ့ နန္းေတာ္ခန္းမထဲကို မဝင္ခင္ သူ႔အသံအက်ယ္ႀကီးက အရင္ေပၚထြက္လာတယ္။
တိတ္ဆိတ္ေနတဲ့နန္းေတာ္ထဲက အဲ့အသံၾကားေတာ့ ေမာင္းမတသိုက္ သတိအေနအထားနဲ႔ ျဖစ္သြားၾကၿပီး အလ်ိဳလ်ိဳ ေပ်ာက္ကြယ္သြားၾကတယ္။ သူတို႔ တံခါးဝေရာက္ေတာ့ ေကာင္ေလးက သူတို႔ကို ျပဳံးရယ္ျပရင္း ဖ်က္ဖ်က္လက္လက္ ေျပးဝင္လာတာကို ေတြ႕လိုက္ၾကတယ္။ ဖုန္႔ရွီ နန္းေတာ္ထဲ အေျပး ဝင္သြားၿပီးေနာက္ ေမာင္းမအနည္းငယ္က မထိန္းနိုင္ေတာ့ဘဲ သူတို႔ပါးစပ္ေတြ အုပ္ၿပီး တခိခိနဲ႔ ရီလိုက္ၾကတယ္။
"ေျဖးေျဖးေျပး" ငရဲမင္းႀကီးက စားပြဲခုံကေန အၾကည့္ခြါၿပီး သူ႔ေခါင္းကို ေမာ့လိုက္တယ္။
သူေျပာလိုက္တဲ့ခ်ိန္မွာ ဖုန္႔ရွီက သူ႔နားေတာင္ ေရာက္ေတာ့မယ္။
ဖု႔န္ရွီရဲ့ က်င့္ႀကံဆင့္ တက္သြားကတည္းက သူ႔ေျခေထာက္ေတြက ပိုသန္မာလာလတယ္။ သူ လမ္းေလ်ာက္ျမန္လာ႐ုံတင္မကဘူး၊ အၾကာႀကီးလည္း ေျပးနိုင္၊ ခုန္နိုင္လာတယ္၊ အဲ့တာက သူ တျခားသူေတြအေပၚ လိမ္လည္လွည့္ျဖားတဲ့အခါမ်ိဳးမွာ အရမ္း အဆင္ေျပတယ္။
"ေခါင္းေဆာင္၊ ကၽြန္ေတာ္ စာရင္းသြင္းမွတ္ပုံတင္ၿပီးၿပီ! အဲ့တာ ေခါင္းေဆာင္ ေမၽွာ္မွန္းထားတာမွတ္လား၊ ဟုတ္တယ္ဟုတ္?" ဖုန္႔ရွီက အသက္ေတာင္မရွုဘဲ သူ႔သြားစြယ္ႏွစ္ေခ်ာင္း ေပၚလာတဲ့ထိ ထပ္ေျပာလိုက္တယ္။
"အကဲျဖတ္မွုရဲ့ စည္းမ်ဥ္းေတြ နည္းလမ္းေတြကို ရွင္းရွင္းလင္းလင္း သေဘာေပါက္ရဲ့လား?"ဘုရင္ႀကီးက စာေရးေနတာကို အေရးရပ္လိုက္ရင္း သူ႔ေခါင္းကို ေမာ့လိုက္ကာ မပီဝိုးတဝါး အျပဳံးနဲ႔အတူ ေကာင္ေလးအေပၚ ေႏြးေထြးတဲ့အၾကည့္တစ္ခ်က္ ပို႔လိုက္တယ္။
ေက်နပ္ပီတိျဖာေနတဲ့ ဖု႔န္ရွီက ခ်က္ခ်င္း ေတာင့္ခဲသြားရတယ္။
စာရင္းသြင္းမွတ္ပုံတင္တုန္းက အကဲျဖတ္မွုစည္းမ်ဥ္း၊ နည္းလမ္းေတြ အေျပာခံရမယ္ဆိုတာ သူလုံးဝမသိဘူး။
ေထာင့္နားမွာ ရပ္ေနတဲ့ စာအုပ္နတ္ဘုရားကလည္း ေခၽြးေတြ ရႊဲနစ္သြားတယ္။ မေတာ္တဆမွုေၾကာင့္ စည္းမ်ဥ္းေတြ နည္းလမ္းေတြအေၾကာင္းကို သူလည္းပဲ ေမ့သြားခဲ့တယ္။ ဖုန္႔ရွီကို အဲ့တာေတြ သူ မေျပာရေသးခင္မွာ ငရဲမင္းႀကီးက ေမးခြန္းထုတ္လိုက္ၿပီျဖစ္တယ္။ သူတို႔ ေခါင္းခ်င္းဆိုင္ တိုင္ပင္လာခဲ့ၾကတဲ့ ေျဖရွင္းခ်က္က လုံးဝ အသုံးမဝင္ေတာ့ဘူး။
"အာ၊ အင္း..." ဖုန္႔ရွီက ဘာခံစားခ်က္မွ ရွိေနဟန္ မေပၚတဲ့ သူ႔ေခါင္းေဆာင္ကို ၾကည့္လိုက္ၿပီး သူ႔ေခါင္းကို ငုံ႔ရင္း ႏွုတ္ခမ္းကို တြန္႔ကာေျပာလိုက္တယ္၊ "ကၽြန္ေတာ္မသိဘူး!"
တခဏတိတ္ဆိတ္သြားၿပီးေနာက္...
နန္းေတာ္ခန္းမထဲမွာ တိုးညႇင္းတဲ့ သက္ျပင္းခ်သံတစ္ခု ထြက္လာတယ္။ ဘုရင္ႀကီးက စုတ္တံကို ခ်လိုက္ကာ ထရပ္လိုက္ၿပီး သူ႔ဝတ္႐ုံျဖဴ ေျမေပၚတရြတ္ဝဲရင္း ျဖည္းညႇင္းစြာနဲ႔ ခန္းမအစြန္ကို ေလ်ာက္သြားလိုက္တယ္။ သူက ေနာင္တအသိစိတ္တို႔နဲ႔ မတ္မတ္ရပ္ေနတဲ့ ေကာင္ေလးကို ၾကည့္ၿပီး ေႏြးေထြးတဲ့ မ်က္ဝန္းအစုံနဲ႔ ေကာင္ေလးကို ျဖည္းျဖည္းေလး ေျပာလိုက္တယ္၊
"အစိမ္းေရာင္ ငရဲသား အမဲလိုက္ အသင္းမွာ အကဲျဖတ္မွု စမ္းသပ္စာေမးပြဲ ၂ခု ရွိတယ္။ ပထမဦးဆုံးက အသင္းက ၿပိဳင္ပြဲဝင္သူတစ္ဦးခ်င္းစီကို ၿပီးေျမာက္ရမယ့္ အလုပ္တာဝန္ တစ္ခုစီ တာဝန္ခ်ေပးလိမ့္မယ္။ အလုပ္တာဝန္က မိစၧာသားရဲတစ္ေကာင္ကို အမဲလိုက္ရတာလည္း ျဖစ္နိုင္သလို တရားခံေျပးကို လိုက္ဖမ္းရတာမ်ိဳးလည္း ျဖစ္နိုင္တယ္။ မင္း ပထမစမ္းသပ္စာေမးပြဲ စစ္ေဆးခ်က္ ေအာင္ျမင္ၿပီဆိုတာနဲ႔ ေနာက္စာေမးပြဲ ေျဖလို႔ရမွာ ျဖစ္တယ္၊ အဲ့တာကေတာ့ ၿပိဳင္ပြဲဝင္အခ်င္းခ်င္း တစ္ေယာက္ တစ္ေယာက္ခ်င္း ယွဥ္ၿပိဳင္ရတာ ျဖစ္တယ္။ မင္း နိုင္တဲ့အႀကိမ္ေရ မ်ားလာတာနဲ႔အမၽွ၊ မင္းရဲ့ အဆင့္လည္း ျမင့္လာမွာျဖစ္တယ္။ ေနာက္ဆုံး ၿပိဳင္ပြဲဝင္ ထိပ္သီး အေယာက္ ငါးဆယ္က အစိမ္းေရာင္ ငရဲသား အမဲလိုက္အဖြဲ႕ထဲကို ဝင္ခြင့္ရမွာ ျဖစ္တယ္။"
ဘုရင္ႀကီးရဲ့ အသံက တေျပးညီအသံ ေပါက္ေနၿပီး အနည္းငယ္ စိတ္မဝင္စားဟန္ေတာင္ ေပါက္ေနေပမဲ့ နားဝင္ေတာ့ အေတာ္ခ်ိဳေနဆဲပင္။
ဒီလိုအသံအမ်ိဳးအစားက အလြန္ စြဲမက္ဖြယ္ေကာင္းေနတာေၾကာင့္ ဖုန္႔ရွီ အာ႐ုံျပန္လြင့္သြားတိုင္း ခ်က္ခ်င္း အာ႐ုံ ျပန္စုစည္းသြားရတယ္။ အဲ့တာေၾကာင့္ သူက သူ႔ေခါင္းေဆာင္ရဲ့ စကားလုံးေတြကို တခ်ိန္လုံး အာ႐ုံစိုက္မိေနတယ္။
"ရွင္းရဲ့လား?" ဘုရင္ႀကီးက ေမးတယ္။
ဖုန္႔ရွီက မ်က္လုံး လွန္ၾကည့္လိုက္ၿပီး တုန္႔ဆိုင္းဆိုင္းအၾကည့္နဲ႔ ေခါင္းညိတ္ကာ ေျပာလိုက္တယ္၊ "ကၽြန္ေတာ္ သေဘာေပါက္ပါၿပီ ေခါင္းေဆာင္!" ေနာက္ဆုံးေတာ့ သူနားမလည္တာရွိေနခဲ့ရင္ေတာင္မွ ေနာက္မွ သူ စာအုပ္နတ္ဘုရားကို ေမးလိုက္ေတာ့မယ္ေလ။
တခ်ိန္တည္းမွာပဲ ေထာင့္တေနရာမွာ ရွိေနတဲ့ စာအုပ္နတ္ဘုရားက တအံ့တဩ မ်က္ႏွာနဲ႔ သူ႔ကို ၾကည့္ေနတယ္။ ဘုရင္ႀကီးက ဖုန္႔ရွီက ဘာတစ္ခုမွ အျပစ္မတင္ဘူးဆိုတာ သူ လုံးဝ မေမၽွာ္မွန္းထားခဲ့ဘူး၊ ဘာဆိုဘာမွကို မေျပာခဲ့တာ။ ဘယ္ေလာက္ေတာင္ ထူးဆန္းသလဲ!
"အကဲျဖတ္မွုက သဘက္ခါ မနက္ပိုင္းမွာ စတင္လိမ့္မယ္။ အဲ့ခ်ိန္ဆို ၾကက္ပ်ံကလည္း သူ႔တကိုယ္တည္းတိုက္ပိတ္က်င့္ႀကံတာ ၿပီးလိမ့္မယ္။ အဲ့အခ်ိန္ဆို သူ မင္းနဲ႔ အေဖာ္ျပဳေပးနိုင္လိမ့္မယ္။ မင္း ယူစရာရွိတာေတြအားလုံး ထုပ္ပိုးထား၊ ဘာမွ မက်န္ေစခဲ့ေနာ္။" ဖုန္႔ရွီမ်က္ႏွာေပၚက ႐ုတ္တရက္ေျပာင္းလဲသြားတဲ့အမူအယာကို လ်စ္လ်ဴရွုရင္း ဘုရင္ႀကီးက ေျပာလိုက္တယ္။
"အေမႊးမဲ့ၾကက္က အျပင္ထြက္လာေတာ့မွာ?" အဲ့သတင္းၾကားလိုက္ရေတာ့ ဖုန္႔ရွီ ခ်က္ခ်င္းကို ဝမ္းသာသြားရတယ္။
အေမႊးမဲ့ၾကက္က သူ တကိုယ္ရည္ တိုက္ပိတ္က်င့္ႀကံတာ ၿပီးသြားၿပီဆိုတာနဲ႔ သူက သူေတာ္စင္နယ္ပယ္အဆင့္ကို ေရာက္သြားမွာျဖစ္တယ္။ အေမႊးမဲ့ၾကက္ကို တိုက္ခိုက္ဖို႔အတြက္ သူနဲ႔အတူ ေခၚသြားမယ္ဆိုရင္ သူေဘးထြက္ ရပ္ေန႐ုံနဲ႔တင္ စမ္းသပ္စာေမးပြဲေတြအားလုံးကို ေက်ာ္ျဖတ္နိုင္မွာ အေသအခ်ာပဲဆိုတာ ဖုန္႔ရွီ ယုံၾကည္တယ္။ သူ႔ရဲ့ေတာက္ပတဲ့ အနာဂတ္ကို သူေတြးမိသြားေတာ့ တကယ္ကို အေပ်ာ္လြန္သြားရတယ္။
တိတ္ဆိတ္ေနတဲ့နန္းေတာ္ခန္းမထဲက လူေတြအားလုံးက ဖုန္႔ရွီအေတြးကို သိျမင္ၿပီး ျဖစ္တယ္။ စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔က သက္ျပင္းခ်လိုက္ၾကတယ္၊ 'သခင္၊ သခင့္မွာ တကယ္ကို ဘာရည္မွန္းခ်က္မွ ရွိမေနဘူးပဲ!'
ဘုရင္ႀကီးက အဲ့တာနဲ႔ပတ္သက္လို႔ အေတာ္တည္ၿငိမ္ေနတယ္။ သူက စိတ္လွုပ္ရွားေနတဲ့ ေကာင္ေလးကို ထူးဆန္းတဲ့အျပဳံးတစ္ပြင့္နဲ႔အတူ ၾကည့္ေနလိုက္တယ္။ ဘုရင္ႀကီးမွာ ဘယ္လိုအမူအယာမ်ိဳးပဲ သူ႔မ်က္ႏွာေပၚရွိရွိ သူက အျမဲ ေတာက္ပေနတယ္။ အခုေလာေလာဆယ္ သူ႔မ်က္ႏွာေပၚက အျပဳံးက အရမ္း စြဲေဆာင္မွုရွိတာေၾကာင့္ တစ္ဦးတစ္ေယာက္ရဲ့ ဝိညာဥ္ကိုေတာင္ စုပ္ယူဝါးၿမိဳနိုင္ေလာက္တယ္။ ဒါေပမဲ့ သူ႔အျပဳံးမွာ က်ရွုံးရမယ့္တစ္ေယာက္ကေတာ့ အခု သူ႔ရဲ့ ကိုယ္ပိုင္စိတ္ကူးယဥ္ကမၻာထဲ နစ္ေျမာေနေလရဲ့။
"အကဲျဖတ္မွု မေရာက္ခင္ တစ္ရက္နဲ႔ ေန႔တစ္ပိုင္း အခ်ိန္ရေသးတယ္။ မင္း သိမ္ေမြ႕နက္နဲတဲ့ ပညာရပ္ကို သင္ယူရမယ့္ အခ်ိန္ေရာက္ၿပီ။"
"သိမ္ေမြ႕နက္နဲတဲ့ ပညာရပ္?" ဖုန႔္ရွီက သူ႔ဦးေဏွာက္ထဲ အသုံးဝင္တဲ့အခ်က္အလက္ေတြကို ရွာလိုက္တယ္၊ အဲ့ေနာက္ စာအုပ္နတ္ဘုရား ေျပာခဲ့တာကို သြားသတိရလိုက္တယ္။
သိမ္ေမြ႕နက္နဲတဲ့သိုင္းပညာရပ္ဆိုတာက တိုက္ပြဲေတြမွာ သုံးတဲ့ တိုက္ခိုက္ေရး အတတ္ပညာတစ္ခုျဖစ္ၿပီး က်င့္ႀကံမွုအေျခခံ ရွိသူေတြရဲ့ တိုက္ရည္ခိုက္ရည္ကို ျမႇင့္တင္ေပးနိုင္တယ္။ အဲ့ပညာရပ္မ်ိဳးက တိုက္ပြဲေတြမွာ အရမ္းကို မရွိမျဖစ္ အေရးပါတယ္။ က်င့္ႀကံမွုအဆင့္တူတဲ့ ပညာရွင္ႏွစ္ဦး အခ်င္းခ်င္း တိုက္ခိုက္ၾကမယ္ဆိုရင္ သိမ္ေမြ႕နက္နဲတဲ့ သိုင္းပညာရပ္ကို အသုံးမျပဳနိုင္တဲ့သူက အသုံးျပဳနိုင္သူအေပၚ ရွုံးမယ့္ရာႏွုန္းက ၉၀ရာခိုင္ႏွုန္း ေသခ်ာမွုရွိတယ္။
ဒါေပမဲ့ သိမ္ေမြ႕နက္နဲတဲ့သိုင္းပညာရပ္က အဆုံးအျဖတ္ေပးတဲ့အခ်က္ေတြထဲက တစ္ခ်က္သာျဖစ္တယ္။
တကယ္ေတာ့ သိမ္ေမြ႕နက္နဲတဲ့ ပညာရပ္မွာလည္း အဆင့္ေတြ ရွိတယ္။ ပုံမွန္အားျဖင့္ ပညာရပ္အဆင့္ ျမင့္ေလေလ ပိုျပင္းထန္အားေကာင္းတဲ့ တိုက္ခိုက္စြမ္းရည္ကို ေပးေလေလ ျဖစ္တယ္။ အဆင့္တစ္ခုနဲ႔တစ္ခုၾကား ကြာဟခ်က္က အလြန္႔အလြန္ကို ႀကီးမားတယ္။ အဲ့တာေၾကာင့္ သိမ္ေမြ႕နက္နဲတဲ့ သိုင္းပညာရပ္ကို ထုတ္သုံးနိုင္ၾကတဲ့ က်င့္ႀကံသူႏွစ္ဦး တိုက္ခိုက္ၾကမယ္ဆိုရင္ အဆင့္ျမင့္သမားက အနိုင္ရဖို႔ အလားအလာ ပိုမ်ားတယ္။ အက်ိဳးဆက္အေနနဲ႔ က်င့္ႀကံသူတိုင္းရဲ့ က်င့္ႀကံမွုအဆင့္တိုင္းမွာ သူတိုံရဲ့ တိုက္ရည္ခိုက္ရည္ တိုးတက္ေစဖို႔အတြက္ သူတို႔ရဲ့ သိမ္ေမြ႕နက္နဲတဲ့ သိုင္းပညာရပ္ကို ေလ့က်င့္ၾကရမွာ ျဖစ္တယ္။
သိမ္ေမြ႕နက္နဲတဲ့ ပညာရပ္က အဆင့္ ေလးဆင့္ရွိတယ္၊ သိမ္ေမြ႕ဆင့္၊ ေျမႀကီးအဆင့္၊ ေကာင္းကင္အဆင့္နဲ႔ ေနာက္ဆုံးကေတာ့ ရွားပါးတဲ့ နတ္ဘုရားအဆင့္တို႔ ျဖစ္တယ္။ အဆင့္ တစ္ခုစီတိုင္းမွာ အနိမ့္၊ အလတ္၊ အျမင့္ဆိုၿပီး အဆင့္ သုံးဆင့္ ထပ္ပိုင္းျခားထားျပန္တယ္။ လက္ရွိမွာ အသိအမွတ္အျပဳခံထားရတဲ့ သိမ္ေမြ႕နက္နဲတဲ့ သိုင္းပညာရပ္ မ်ားစြာ ရွိတယ္။ ဒါေပမဲ့ အဆင့္ျမင့္ သိမ္ေမြ႕နက္နဲတဲ့သိုင္းပညာရပ္ကေတာ့ အရမ္း ရွားတယ္။ ဥပမာ၊ သိမ္ေမြ႕နက္နဲတဲ့ပညာရပ္ နတ္ဘုရားအဆင့္ ေရာက္ေနတဲ့ ဦးေရက လက္တစ္ဖက္နဲ႔ေတာင္ လက္ခ်ိဳး ေရတြက္လို႔ရတယ္။
"ဘယ္အဆင့္ကိုလဲ?" ဖုန္႔ရွီက သူ႔မ်က္လုံးထဲ ေမၽွာ္လင့္တႀကီးနဲ႔ ေမးလိုက္တယ္။
သူက သိမ္ေမြ႕နက္နဲတဲ့ပညာရပ္ရဲ့ အဆင့္ေတြကို ဟိုးအရင္ကတည္းက သိထားခဲ့ေပမဲ့ သူ အဲ့အေပၚ တကယ္စိတ္မဝင္စားခဲ့ဘူး။ ဒါေပမဲ့ ငရဲမင္းႀကီးက အခု အဲ့အေၾကာင္းကို ထပ္ေျပာလာေတာ့ ဖုန္႔ရွီက ခ်က္ခ်င္းပဲ သိခ်င္စိတ္ ျပင္းျပသြားတယ္။ အထူးသျဖင့္ သူ အဲ့ဒီ့ ျပႆနာေတြအားလုံးကို ၾကဳံေတြ႕လာခဲ့ၿပီးတဲ့အခ်ိန္မွာ ခိုင္မာအားေကာင္းတဲ့ က်င့္ႀကံမွုအေျခခံရွိဖို႔ အရမ္းအေရးႀကီးတယ္ဆိုတာ သူသိရွိခံစားလာရတယ္။ သူ႔ေခါင္းေဆာင္နဲ႔ အေမႊးမဲ့ၾကက္တို႔ သူနဲ႔အတူ မရွိၾကတဲ့အခ်ိန္မ်ိဳးမွာ တစ္ေယာက္ေယာက္က သူ႔ကို ျပႆနာ လာရွာခဲ့မယ္ဆိုရင္ သူ႔ကိုကယ္ဖို႔လူေတာင္ သူမရွာနိုင္ ျဖစ္ေနနိုင္တယ္။ အဲ့တာေၾကာင့္ ဖု႔န္ရွိက သူ စြမ္းအားျမႇင့္တင္မွ ျဖစ္မယ္ဆိုၿပီး ေကာက္ခ်က္ခ်လိုက္တယ္။
ဘုရင္ႀကီးက သူ႔လက္ကို ေဝွ႕လိုက္တဲ့အခါ သူေရာ ဖုန္႔ရွီေရာ တိတ္ဆိတ္တဲ့နန္းေတာ္ခန္းမထဲကေန ေပ်ာက္သြားတယ္။
တခ်ိန္တည္းမွာပဲ နန္ကုန္းလီက ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ အျပင္ဘက္မွာ ေပၚလာတယ္။ ဒါေပမဲ့ မရီမျပဳံးမ်က္ႏွာနဲ႔ ဦးေလးျဖဴက သူ႔ကို ေစာင့္ႀကိဳေနေလရဲ့။
20211021; 2116
ပိတ္ရက္မွာ အလုပ္ေလး နည္းနည္းမ်ားသြားလို႔ update ေနာက္က်သြားရတာ ေတာင္းပန္ပါတယ္ရွင္။ အားေပးဖတ္ရွုသူ တစ္ဦးတစ္ေယာက္ခ်င္းစီကို ေက်းဇူးအထူးတင္ပါတယ္။
You are reading the story above: TeenFic.Net