Please scroll down for Zawgyi font
အပိုင်း ၆၁။ အကဲဖြတ်မှု (၆)
နှစ်စက္ကန့်လောက် တိတ်ကျသွားပြီးနောက် အရင်ကထက်တောင် ပိုပြီး ကျယ်တဲ့ရီသံတွေ ခန်းမထဲ လွှမ်းသွားတယ်။
ရီသံတွေက အမိုးကိုတောင် လန်စေလောက်တယ်။ အဲ့လူ ပထမတစ်ကြိမ် ပြုတ်ကျတုန်းက အဲ့လောက် မဟုတ်သေးဘူး၊ ဒီတစ်ကြိမ်ကတော့ သူ အနှောက်အယှက် အကြီးကြီးကို တကယ်ကို ဖြစ်သွားစေခဲ့တယ်။ မရီမိအောင် ထိန်းချုပ်ထားကြရတဲ့ အသင်းက ဝန်ထမ်းတွေတောင် မနေနိုင်တော့ဘဲ လှောင်ရီမိသွားကြတယ်။
တစ်ကြိမ်ပြုတ်ကျတာက မတော်တဆ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒုတိယအကြိမ်ဆိုရင်တော့ ဒီလူ ဘယ်လောက်တောင် ကံမကောင်းသလဲဆိုပြီးပဲ ညွှန်းဆိုနိုက်တော့တယ်!
မျက်လုံးစောင်းနဲ့လူက ဒေါသနဲ့ မျက်နှာနီရဲနေကာ ချက်ချင်းပဲ သစ်သားအကျိုးအပဲ့တွေပေါ်ကနေ ခုန်ထလိုက်တယ်။ ကောင်လေး သူ့ကို ထောင်ချောက်ဆင်တာဆိုတာ သူ မသိနိုင်သေးဘူးဆိုရင် သူက တကယ်ကို အရူးတစ်ယောက်ပဲ ဖြစ်ရမယ်။ အခုမှသာ သူ့ရဲ့ စောနကအတွေးက ဘယ်လိုတောင် ဟာသလဲဆိုတာ သူ သိတော့တယ်။
သူက မင်းချင်းဟိုင်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံရေးမျိုး မရှိပေမဲ့ သူ့ရာထူးက အဲ့တစ်ယောက်ထက် ပိုမြင့်တယ်။ မင်းချင်းဟိုင်က သူ့ကို ဒီလို လှည့်စားရဲမှာမဟုတ်ဘူး။ ဒါဆို တစ်ခုတည်းသော ရှင်းပြချက်ဟာ ဒီကောင်လေးက ဒီဖြစ်ရပ်တွေ အားလုံးရဲ့ အကြောင်းရင်းခံပဲဆိုတာပါပဲ။
မျက်နှာ တစ်ပြင်လုံး ရဲတွတ်သွားတဲ့ မျက်လုံးစောင်းစောင်းနဲ့လူက ဒေါသတကြီး အော်ဟစ်လိုက်တယ်။ "မင်း ညစ်ပတ်တဲ့ကောင်! မင်း ဒါတွေအားလုံး မင်းလုပ်တာပေါ့! ဘယ်လိုတောင် လုပ်ရဲတာလဲ!"
သူ့ပတ်လည်က လူတွေက သူ့ကို လျစ်လျူရှုကာ မထီလေးစား ရီနေကြတယ်။ မျက်လုံးစောင်းစောင်းနဲ့လူက တခါမှ ဒီလို အစော်ကားမခံရဖူးဘူး၊ ဒါ့ကြောင့် သူ သိက္ခာမထိန်းနိုင်တော့ဘဲ ဆဲဆိုရေရွတ်လိုက်တော့တယ်။
ဖုန့်ရှီက မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး မသိနိုးနားဟန်နဲ့ ပြောလိုက်တယ်၊ "လူကြီးမင်း၊ ဘာတွေပြောနေတာလဲ? ဒါတွေအားလုံး ကျွန်တော်လုပ်တာဆိုတာ ဘာသဘောလဲ? ကောင်းပြီ၊ ကျွန်တော် ခင်များကို ခုန်ပေါ်ကနေ ပြုတ်ကျအောင် မလုပ်ဘူး၊ ဒီခုံကလည်း ကျွန်တော် ယူလာတာမဟုတ်ဘူး။ ဟိုဖက်ကလူကြီးမင်းက ခုန်တွေကို ဒီကို ဆွဲယူလာခဲ့တာဆိုတာ ခင်များ မမှတ်မိဘူးလား? ခင်များပြုတ်ကျတာ ဘာလို့ ကျွန်တော့ အပြစ်လာတင်နေရတာလဲ?"
"မလိမ်နဲ့! မင်းမဟုတ်ဘူးဆိုရင် မင်းထိုင်ခဲ့တဲ့ အတိအကျတူနေတဲ့ခုန်ပေါ်ကနေ ငါက ဘာလို့ ပြုတ်ကျရမှာလဲ?"
မျက်လုံးစောင်းစောင်းနဲ့လူက သူ့နာမည်ဂုဏ်နဲ့ပတ်သက်ပြီး အလေးထားတယ်၊ ဆတ်ဆတ်ထိမခံဘူး။ အခု ဖုန့်ရှီကြောင့် လူအများကြီးရှေ့မှာ အရှက်ကွဲရတယ်၊ ဒီကောင်လေးကို သူ လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး။ ဖုန့်ရှီကို တိုက်ရိုက် မတိုက်ခိုက်မိအောင် သူ တော်တော် ထိန်းချုပ်ခဲ့ပြီးပြီ။
"ငါ ဘယ်လိုသိမှာလဲ? ခုံက အသင်းနဲ့ဆိုင်တာလေ၊ ကျွန်တော်နဲ့ မဟုတ်ဘူး။" ဖုန့်ရှီက အဲ့လူကို ပြုံးပြီး ကြည့်ရင်း ငြင်းနေဆဲပဲဖြစ်တယ်။
"မင်း၊ မင်း..." မျက်လုံးစောင်းစောင်းနဲ့လူကြီးက ဖုန့်ရှီရဲ့ စကားကို ကြားပြီးနောက် ဘာမှ မဟနိုင်တော့ဘူး။
မင်းချင်းဟိုင်ကို အဲ့ခုံနှစ်လုံး အယူခိုင်းခဲ့တာ သူဆိုတာ မှန်တယ်။ အဲ့တာကြောင့် တစ်ခုခုကို အပြစ်ဖို့ရမယ်ဆိုရင် အသင်းရဲ့ ခုံ အရည်အသွေးကိုပဲ ဖြစ်သင့်တယ်။
ဒါပေမဲ့ အဲ့တာ မဖြစ်နိုင်ဘူးလေ!
အစိမ်းရောင် ငရဲသား အသင်းက ငရဲပြည်မှာ နာမည်ကြီး အဖွဲ့အစည်းတစ်ခု။ ထိုင်ခုံအပျက်တွေကို သူတို့ ဘယ်လိုနည်းနဲ့မှာ ယူထားမှာမဟုတ်ဘူးလေ။ အသင်းရဲ့ ဧည့်သည်တွေ ထိုင်ခုံပေါ်ထိုင်တဲ့အခါမှာ တစ်ခုခု ဖြစ်သွားခဲ့ကြမယ်ဆိုရင် အသင်းရဲ့ နာမည်ဂုဏ်သတင်းကို ဆိုးဆိုးဝါးဝါး ထိခိုက်မှာ ဖြစ်တယ်။
ပိုထူးခြားတာက အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့က သူတွေက သူတို့ကိုယ်သူတို့ အမြဲတင်းကြပ်ကြပြီး အရာရာကို ကြီးကြီးမားမား ကိုင်တွယ်ဖြေရှင်းကြတယ်။ အဲ့တာကြောင့် အဲ့မှာ ထိုင်ခုံအကျိုး တစ်ခုံရှိနေတာ သူတို့ ဘယ်လိုလုပ် မသိကြမှာလဲ?
အဲ့တာကို တွေးမိတော့ မျက်လုံးစောင်းစောင်းနဲ့လူက ရုတ်တရက် အလင်းပေါက်သွားတယ်။
သူတို့အားလုံး ထိုင်ခုံက တစ်ခုခု မှားနေတယ်ဆိုတာ သိနိုင်ကြတယ်ဆိုရင် ကောင်လေးကလည်း အဲ့တာကို မြင်ပြီး ဖြစ်ရမယ်။ ဒါပေမဲ့ ဖုန့်ရှီက သူထိုင်ခဲ့တဲ့ထိုင်ခုံကို တကယ် မကျိုးသွားဘဲ ပျက်စီးအောင်လုပ်ပြီး သူ့ကို ဘယ်လိုများ အရှက်ရအောင် လုပ်လိုက်တာလဲဆိုတာ သူ သဘောမပေါက်ဘူးဖြစ်နေတယ်။
မျက်လုံးစောင်းစောင်းနဲ့လူက လုံးဝကို ပဟေဌိ ဖြစ်သွားရတယ်။
သူတစ်ယောက်တည်းပဲ စိတ်ရှုပ်ထွေးသွားတာ မဟုတ်ပါဘူး။ လူအုပ်ကြီးကလည်း ကောင်လေး ဘာလုပ်လိုက်တာလဲဆိုတာကို ရှင်းရှင်းလင်းလင် မတွေ့ခဲ့လိုက်ကြဘူး။
"လူကြီးမင်း၊ စကား ထစ်တာ ရပ်ပါတော့၊ ကျေးဇူးပြုပြီး အခု ကျွန်တော့ကို စာရင်းသွင်း မှတ်ပုံတင်ပေးဦး။"
ဖုန့်ရှီက သူ့ရဲ့ ပျော်စရာအခိုက်အတန့်လေး ခံစားပြီးနောက် နောက်ဆုံးတော့ တကယ့်အရေးကြီးတဲ့ လာရင်းကိစ္စကို ဦးတည်လိုက်တယ်။
ဦးလေးဖြူနဲ့ ငရဲမင်းကြီးက သူ့ကို ဘာမှ သတိမပေးလိုက်ပေမဲ့ သူတို့တွေက ဖုန့်ရှီ ထပ်ပြီး ပြဿနာတွေနဲ့ ပါဝင်ပတ်သက်နေတာကို လုံးဝ မလိုလားကြမှန်း ဖုန့်ရှီ သိတယ်။ ပြဿနာက သူ့ဟာသူ ဖု့န်ရှိဆီလာတယ်ဆိုတာ သူခံစားမိပေမဲ့လည်း သူ စောစောပြန်သင့်တယ်လို့ ခံစားချက် ရှိနေဆဲဖြစ်တယ်။
"ဟွန့်" မျက်လုံးစောင်းစောင်းနဲ့လူက နှာရှုံ့လိုက်တယ်။ သူ စာရင်းသွင်း မှတ်ပုံတင်တဲ့ကိစ္စကို မေ့တော့မလို့။ ကံကောင်းတာက ဖုန့်ရှီ ဒီကိစ္စ အစပျိုးလာတယ်။
သူက တင်းတင်းမာမာ ရီလိုက်ပြီး အထင်သေးတဲ့အကြည့်နဲ့ ဖုန့်ရှီကို ပြန်ဖြေလိုက်တယ်၊ "ကောင်းပြီ၊ မင်းဒီလောက် ပြဿနာတွေ ဖန်တီးပြီးတာတောင်မှ ငါတို့က မင်းကို စာရင်းသွင်း မှတ်ပုံတင်ပေးမယ်လို့ ထင်နေဆဲလား? စောက်ကြောင်းကို မရှိဘူး!"
ဖုန့်ရှီက ဒီလူဒီလိုပြောမယ်ဆိုတာ ကြိုတင်မျှော်လင့်ထားပုံပင်၊ အဲ့တာကြောင့် သူ အဲ့လောက် မအံ့ဩသွားပေ။ အဲ့နောက် သူ ပုခုံးတွန့်လိုက်ပြီး အလေးအနက်ဟန်နဲ့ ပြောလိုက်တယ်၊ "လူကြီးမင်း၊ လူကြီးမင်းရဲ့ ကံဆိုးမှုအတွက် ကျွန်တော့ကို လာအပစ်တင်နေတာလား? အခု ခင်များဒေါသ ကျွန်တော့အပေါ် ပုံချနေတာလား? ကျွန်တော့ထက် အသက် တော်တော် ကြီးတဲ့သူက ဒီလောက် ဉာဏ်နည်းပြီး မိုက်မဲမယ်ဆိုတာ ကျွန်တော် မယုံနိုင်ဘူး။ မင်းက မင်းလူတွေကိုပဲ လက်သင့်ခံချင်တယ်လို့ ငါထင်တယ်၊ ပြီးတော့ မင်းအပေါ် ဖြစ်ပျက်ခဲ့တဲ့ မကောင်းတဲ့အရာတွေကို ငါ့ကို တာဝန်ယူစေ့ချင်နေတယ်။ ကောင်းပြီလေ၊ မင်းနယ်မြေ၊ မင်းဥပဒေပေါ့။ ငါ အရှုံးပေးတယ်၊ ဟုတ်ပြီလား?"
သူ့စကားတွေက အခြေအနေတွေ ဒီလိုတကယ်ဖြစ်ပျက်ခဲ့တဲ့အလားကို အရမ်းကို စိတ်အားထက်သန်ဟန် ပေါက်နေတယ်။ အဲ့နောက် ဖုန့်ရှီက သူ့ခေါင်းကို ခါလိုက်ရင်း သက်ပြင်းချလိုက်တယ်၊ အရာအားလုံးကို ထွင်းဖောက်သိမြင်နေတဲ့ အသက်ရာကျော်အဘိုးအိုတစ်ယောက်ပုံစံနဲ့ပေါ့။ ဖု့န်ရှီရဲ့ သရုပ်ဆောင်စွမ်းရည်က ပိုပိုကောင်းလာတယ်ဆိုတာ ပြောလို့ရတယ်။
မျက်လုံးစောင်းစောင်းနဲ့လူက ဖုန့်ရှီရဲ့ စကားကို ကြားတော့ သူ့မျက်နှာက ရှုံ့တွသွားပြီး သူ့မျက်လုံးတွေက မျက်လုံးအိမ်ထဲကနေ အပြင်ထွက်တော့မဲ့အလား ဖြစ်သွားရတယ်။
တကယ်တော့ ဒီလူက သူ့အပေါ် လှည့်စားခဲ့တာ ဖုန့်ရှီဟုတ်၊ မဟုတ် သူ မသေချာဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေမှာ သူ ကောင်လေးအပေါ် အပြစ်ဖို့ဖို့ ကြိုးစားဆဲဖြစ်တယ်၊ ဒါကသာ သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်နေတာကြောင့်ပင်။ အဲ့လိုမှမဟုတ်ရင် သူ ဒီနေ့ လုံးလုံးလျားလျား အရှက်ကွဲရရုံသာမက သူဟာ အနားယူညမြို့တော်မှာ ဟာသတစ်ခုတောင်် ဖြစ်သွားရလိမ့်မယ်။ ဒါ သူလုံးဝ ဖြစ်ခွင့်မပြုနိုင်တဲ့အရာပဲဖြစ်တယ်!
ဒါပေမဲ့ မျက်လုံးစောင်းစောင်းနဲ့လူက ဖုန့်ရှီဟာ သူမြင်ရသလို အားနည်းတဲ့သူမဟုတ်ကြောင်း သဘောမပေါက်။ ဖုန့်ရှီ သူ့ကံကြမ္မာကို အရှုံးပေးလိုက်ပုံ ရပေမဲ့ တကယ်တော့ သူစာရင်းသွင်းမှတ်ပုံတင်တာကို အတင်းအကျပ် လက်လျော့ခိုင်းခံနေရကြောင်း လူတိုင်းကို ပြောလိုက်တာသာ ဖြစ်တယ်။ ဖုန့်ရှီက ထက်ထက်မြက်မြက် အကွက်တစ်ကွက်ရွှေလိုက်တာဖြစ်ကြောင်း လက်ခံရမယ်!
အဲ့တာက အဲ့လူရဲ့ မျက်နှာကို ပါးရိုက်လိုက်သလိုပါပဲ။
လေထုထဲမှာ ကိုယ်ဖျောက်ထားတဲ့ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ ဖုန့်ရှီထံ ပျံသန်းလာပြီး နှစ်ဦးလုံးက သူတို့ မျက်ခုံတွေ ကျေကျေနပ်နပ် ကခုန်မြူးတူးရင်း ဖုန့်ရှီကို လက်မထောင်ပြလိုက်ကြတယ်။
ဒါဟာ ဖုန့်ရှီ အခြားသူတွေရဲ့ ချီးကျူးခြင်းကို ခံရတာ ပထမဆုံးပါပဲ။ အဲ့နောက် သူ မနေနိုင်တော့ဘဲ သူ့သွားစွယ်နှစ်ချောင်းပေါ်တဲ့ထိ ဖြီးသွားတယ်။ ဒါပေမဲ့ သူ့မျက်နှာပေါ်က အပျော်ရုပ်က သူ့သရုပ်ဆောင်ချက် တစ်ခုလုံးကို ဖျက်ဆီးလိုက်တယ်။
ကံဆိုးတာက မျက်လုံးစောင်းစောင်းနဲ့လူအပါအဝင် ဖုန့်ရှီကို ကြည့်နေကြသူတွေက သူ့ရဲ့ ပီတိပြုံးကြီး မြင်သွားကြတယ်။ ဖုန့်ရှီရဲ့ ပီတိဖြာနေတဲ့ဟန်က အရမ်းသိသာလွန်းနေတဲ့အတွက် အဲ့လူတွေ မျက်လုံးတောင် ကျိန်းလုလု ဖြစ်နေကြတယ်။ မျက်လုံးစောင်းစောင်းနဲ့လူက ဖုန့်ရှီ ဒီလိုပြုံးတာ သူ့ကို သရော်တာပဲလို့ မြင်တယ်။ ဖုန့်ရှီက ထိုင်ခုံနှစ်လုံးကို တစ်ခုခု လုပ်ခဲ့သလားဆိုတာ သူ အခု အတိအကျ မသိတော့သလို သေလည်း မသေချာတော့ဘူးဖြစ်သွားရတယ်။
အဲ့လူက အဲ့လိုတွေးမိတာနဲ့ သူ့မျက်နှာက ခရမ်းပုပ်ရောင် ပြောင်းသွားပြီး ဒေါသတို့ ဖော်ပြနိုင်တာထက် ကျော်သွားတယ်။ သူ သူ့အရှေ့က ကောင်လေးကို သတ်ပစ်ချင်လောက်တဲ့အထိ ဒေါသပုံချ ချင်သွားရတယ်။
သူ့ဒေါသကြောင့် သူ့ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်းတို့ ပျောက်ဆုံးသွားတဲ့အခါမှာ ကောင်လေးဆီ ချက်ချင်းပဲ ရက်စက်ကြမ်းကြုတ်စွာ ပြေးဝင်လာတယ်။ သူတို့နှစ်ယောက်က နီးနီးကပ်ကပ် ရပ်နေခဲ့ကြတာ ဖြစ်တဲ့အတွက် မျက်လုံးစောင်းစောင်းနဲ့လူက မျှော်လင့်မထားတဲ့တိုက်ကွက် စတင်လိုက်တဲ့အခါမှာ ဖုန့်ရှီ ဘာမှ မတုန့်ပြန်နိုင်ခင်မှာပဲ ဖုန့်ရှီဆီ သူ စက္ကန့်မဆိုင်း ရောက်သွားတယ်...
သူက ဖုန့်ရှီကို တိုက်တော့မယ့်အချိန်မှာပဲ မိုးခြိမ်းသံလို အသံတစ်ခု ရုတ်တရက် သူ့နားထဲ ဝင်လာတယ်၊ "ပြန်လာခဲ့!"
မျက်လုံးစောင်းနဲ့လူက ချက်ချင်းပဲ ရပ်သွားတယ်၊ ဒါပေမဲ့ အရှိန်ကြောင့် သူ ရပ်ဖို့ ခက်သွားတယ်။ အဲ့လို အရေးကြီးတဲ့ အခိုက်အတန့်မှာပဲ နူးညံ့ပြီး အသားဖြူတဲ့ လက်တစ်ဖက်က သူ့ခေါင်းကို လာရိုက်လိုက်တယ်။ မြည်သံအကျယ်ကြီးနဲ့အတူ မျက်လုံးစောင်းစောင်းနဲ့လူက ချော်လဲသွားသလို ရုတ်တရက် ရှေ့ကို ပြုတ်ကျသွားတယ်။
ကြည့်နေကြသူတွေက အဲ့လူရဲ့ နှာရိုးကျိုးသံကို ကြားလိုက်ကြရတယ်။ အဲ့နောက်မှာတော့ သူတို့အားလုံး သူတို့နှာခေါင်း သူတို့ သတိလက်လွတ် စမ်းမိလိုက်ကြတယ်။
အဲ့အချိန်မှာပဲ ဒီလိုတွေဖြစ်စေခဲ့တဲ့တစ်ယောက်ကတော့ လျင်လျင်မြန်မြန်ပဲ လွတ်သွားပြီး ဖြစ်တယ်။ အချိန်တိုအတွင်းမှာပဲ လူအားလုံးအရှေ့မှာ သူ ပျောက်သွားတာ ဖြစ်တယ်။
"ငါ မင်းကို သတ်မယ်!!!" မျက်လုံးစောင်းစောင်းနဲ့လူရြ့ အသံက ခန်းမထဲကနေ ထွက်လာတယ်။
"ဟား ဟား ဟား! ဒါ အရမ်းရီရတာပဲ!" ဖုန့်ရှီက လူမရှိတဲ့ ထောင့်တစ်နေရာကို ပြေးသွားတယ်။ သူ့နောက် ဘယ်သူမှ လိုက်မလာတာ သေချာတော့ သူ့ဗိုက်ကို ကာရင်း အူလှိုက်သည်းလှိုက် ရီတော့တယ်။ နောက်ဆုံး သူ အရီရပ်နိုင်တော့မှ သူက ကံဆိုးမှုနတ်ဘုရားကို ပြောလိုက်တယ်၊ "ကံဆိုးမှုလေး၊ မင်း ဒီလောက် အသုံးတည့်မယ်လို့ ငါ မထင်ခဲ့ဘူး။ အမွှေးမဲ့ကြက် သူ့ကျင့်ကြံမှု ပြီးတဲ့အထိ ငါတို့ စောင့်ကြတာပေါ့၊ ပြီးရင် ငါတို့ ပြင်ပလောကကို စွန့်စားသွားလာကြမယ်။ အဲ့အချိန်ဆို ငါတို့ ဘယ်သူ့ကိုမှ ကြောက်ဖို့မလိုတော့ဘူး။"
"ကောင်းပြီ၊ သခင်၊ ကိုယ့်ကိုကိုယ် အရမ်း ယုံကြည်မှု မလွန်ကဲပါနဲ့" စာအုပ်နတ်ဘုရားကိ သူ့ခေါင်းကို ခါပြီး ငြင်းဆိုလိုက်တယ်။
"ငါ မှားလို့လား?" ဖုန့်ရှီက မေးလိုက်တယ်။
"အခု ကျွန်တော်တို့ အောင်မြင်တာရဲ့ အကြောင်းရင်းက အဲ့လူတွေရဲ့ ကျင့်ကြံမှုအဆင့်က သိပ်မမြင့်လို့၊ အဲ့တာကြောင့် သူတို့ ကံဆိုးမှုနတ်ဘုရားကို မမြင်နိုင်ကြတာ။ သူတို့ သူ့ကို မမြင်နိုင်ကြတဲ့အတွက်ကြောင့်သာ သူ့ကို မရှောင်ရှားနိုင်ကြဘဲ ကံဆိုးသွားကြရတာ။ ဒါပေမဲ့ ကောင်းကင်နဲ့ မိစ္ဆာနိုင်ငံတော်က တကယ့် ပညာရှင်တွေက အလွန့်အလွန် အဆင့်မြင့်တဲ့အထိ ကျင့်ကြံပြီးကြသူတွေ ဖြစ်တယ်။ ကံဆိုးမှုနတ်ဘုရား ကံဆိုးမှုပညာရပ် ထုတ်မသုံးနိုင်ရုံသာမက သူတို့စွမ်းရည်နဲ့ ကံဆိုးမှုနတ်ဘုရားကိုတောင် ချုပ်ထားနိုင်ကြတယ်။ တကယ်လို့ ကံဆိုးမှုနတ်ဘုရားက အဲ့လူတွေနဲ့တိုက်တဲ့အခါ အရေးသာချင်တယ်ဆိုရင် သူတို့ထက်ပိုပြီး ကျင့်ကြံဆင့် မြင့်နေဖို့ လိုတယ်။ အဲ့လိုမှမဟုတ်ရင် သူ အသုံးမတည့် ဖြစ်နေလိမ့်မယ်။" စာအုပ်နတ်ဘုရားက ရှင်းပြလိုက်တယ်။
"သိပြီ၊ စိတ်မပူနဲ့။ ငါ မင်းတို့ကို ကမ္ဘာ့သစ်သီးတစ်လုံးစီ နှစ်တိုင်း ပေးမယ်။ အဲ့တာဆို မင်းတို့ ကျင့်ကြံဆင့်တွေ မြန်မြန် တက်လာကြမှာပဲ။" ဖုန့်ရှီက ခဏတုန့်ဆိုင်းသွားပြီး ရုတ်တရက်် သူ့လက်စွပ်ထဲမှာ ကမ္ဘာ့သစ်သီးတွေ အများကြီးရှိတာ သွားသတိရသွားတယ်။ ဒါပေမ့ ဖုန့်ရှီ သူ့အဖော်တစ်ယောက်စီကို သစ်သီး တစ်နှစ်တစ်လုံးသာ ပေးနိုင်တယ်။ ဒါ ဂိတ်ဆုံးပဲ!
ဖုန့်ရှီရဲ့ စကားက စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ကို သွားရည် တမြားမြား ယိုစေတယ်။ သူတို့ ကမ္ဘာ့သစ်သီး နှစ်တစ်ထောင် တစ်လုံး ရရင်တောင် ကျေနပ်နေပြီ၊ တစ်နှစ်တစ်လုံးမဆိုထားနဲ့ဦး!
"သွားပါပြီ၊ သခင်!" ကံဆိုးမှုနတ်ဘုရားက ရုတ်တရက် ထအော်လိုက်တယ်။
သူ့အသံက marshmallow မုန့်ချိုလေးလို ပျော့အိနေပြီး နားထဲ အတော် ကြားရနာပျော်ဖွယ် ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖုန့်ရှီနဲ့ စာအုပ်နတ်ဘုရားကတော့ သူ့ကြောင့် လန့်သွားကြတယ်။ တစ်ယောက်ယောက် သူတို့နောက်ကို လိုက်လာတယ်လို့ သူတို့နှစ်ယောက် ထင်သွားကြပြီး ချက်ချင်းပဲ စိတ်ပူသွားကြတယ်။
"ဘာဖြစ်တာလဲ?"
"သခင်၊ သခင် မှတ်ပုံတင်စာရင်းသွင်းဖို့ မေ့ခဲ့ပြီ!"
20211018; 0617
—————————— Zawgyi —————————
အပိုင္း ၆၁။ အကဲျဖတ္မွု (၆)
ႏွစ္စကၠန္႔ေလာက္ တိတ္က်သြားၿပီးေနာက္ အရင္ကထက္ေတာင္ ပိုၿပီး က်ယ္တဲ့ရီသံေတြ ခန္းမထဲ လႊမ္းသြားတယ္။
ရီသံေတြက အမိုးကိုေတာင္ လန္ေစေလာက္တယ္။ အဲ့လူ ပထမတစ္ႀကိမ္ ျပဳတ္က်တုန္းက အဲ့ေလာက္ မဟုတ္ေသးဘူး၊ ဒီတစ္ႀကိမ္ကေတာ့ သူ အေႏွာက္အယွက္ အႀကီးႀကီးကို တကယ္ကို ျဖစ္သြားေစခဲ့တယ္။ မရီမိေအာင္ ထိန္းခ်ဳပ္ထားၾကရတဲ့ အသင္းက ဝန္ထမ္းေတြေတာင္ မေနနိုင္ေတာ့ဘဲ ေလွာင္ရီမိသြားၾကတယ္။
တစ္ႀကိမ္ျပဳတ္က်တာက မေတာ္တဆ ျဖစ္နိုင္တယ္၊ ဒါေပမဲ့ ဒုတိယအႀကိမ္ဆိုရင္ေတာ့ ဒီလူ ဘယ္ေလာက္ေတာင္ ကံမေကာင္းသလဲဆိုၿပီးပဲ ညႊန္းဆိုနိုက္ေတာ့တယ္!
မ်က္လုံးေစာင္းနဲ႔လူက ေဒါသနဲ႔ မ်က္ႏွာနီရဲေနကာ ခ်က္ခ်င္းပဲ သစ္သားအက်ိဳးအပဲ့ေတြေပၚကေန ခုန္ထလိုက္တယ္။ ေကာင္ေလး သူ႔ကို ေထာင္ေခ်ာက္ဆင္တာဆိုတာ သူ မသိနိုင္ေသးဘူးဆိုရင္ သူက တကယ္ကို အ႐ူးတစ္ေယာက္ပဲ ျဖစ္ရမယ္။ အခုမွသာ သူ႔ရဲ့ ေစာနကအေတြးက ဘယ္လိုေတာင္ ဟာသလဲဆိုတာ သူ သိေတာ့တယ္။
သူက မင္းခ်င္းဟိုင္နဲ႔ ရင္းရင္းႏွီးႏွီး ဆက္ဆံေရးမ်ိဳး မရွိေပမဲ့ သူ႔ရာထူးက အဲ့တစ္ေယာက္ထက္ ပိုျမင့္တယ္။ မင္းခ်င္းဟိုင္က သူ႔ကို ဒီလို လွည့္စားရဲမွာမဟုတ္ဘူး။ ဒါဆို တစ္ခုတည္းေသာ ရွင္းျပခ်က္ဟာ ဒီေကာင္ေလးက ဒီျဖစ္ရပ္ေတြ အားလုံးရဲ့ အေၾကာင္းရင္းခံပဲဆိုတာပါပဲ။
မ်က္ႏွာ တစ္ျပင္လုံး ရဲတြတ္သြားတဲ့ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ေဒါသတႀကီး ေအာ္ဟစ္လိုက္တယ္။ "မင္း ညစ္ပတ္တဲ့ေကာင္! မင္း ဒါေတြအားလုံး မင္းလုပ္တာေပါ့! ဘယ္လိုေတာင္ လုပ္ရဲတာလဲ!"
သူ႔ပတ္လည္က လူေတြက သူ႔ကို လ်စ္လ်ဴရွုကာ မထီေလးစား ရီေနၾကတယ္။ မ်က္လုံးေစာင္းေစာင္းနဲ႔လူက တခါမွ ဒီလို အေစာ္ကားမခံရဖူးဘူး၊ ဒါ့ေၾကာင့္ သူ သိကၡာမထိန္းနိုင္ေတာ့ဘဲ ဆဲဆိုေရရြတ္လိုက္ေတာ့တယ္။
ဖုန္႔ရွီက မ်က္စိတစ္ဖက္ မွိတ္ျပလိုက္ၿပီး မသိနိုးနားဟန္နဲ႔ ေျပာလိုက္တယ္၊ "လူႀကီးမင္း၊ ဘာေတြေျပာေနတာလဲ? ဒါေတြအားလုံး ကၽြန္ေတာ္လုပ္တာဆိုတာ ဘာသေဘာလဲ? ေကာင္းၿပီ၊ ကၽြန္ေတာ္ ခင္မ်ားကို ခုန္ေပၚကေန ျပဳတ္က်ေအာင္ မလုပ္ဘူး၊ ဒီခုံကလည္း ကၽြန္ေတာ္ ယူလာတာမဟုတ္ဘူး။ ဟိုဖက္ကလူႀကီးမင္းက ခုန္ေတြကို ဒီကို ဆြဲယူလာခဲ့တာဆိုတာ ခင္မ်ား မမွတ္မိဘူးလား? ခင္မ်ားျပဳတ္က်တာ ဘာလို႔ ကၽြန္ေတာ့ အျပစ္လာတင္ေနရတာလဲ?"
"မလိမ္နဲ႔! မင္းမဟုတ္ဘူးဆိုရင္ မင္းထိုင္ခဲ့တဲ့ အတိအက်တူေနတဲ့ခုန္ေပၚကေန ငါက ဘာလို႔ ျပဳတ္က်ရမွာလဲ?"
မ်က္လုံးေစာင္းေစာင္းနဲ႔လူက သူ႔နာမည္ဂုဏ္နဲ႔ပတ္သက္ၿပီး အေလးထားတယ္၊ ဆတ္ဆတ္ထိမခံဘူး။ အခု ဖုန႔္ရွီေၾကာင့္ လူအမ်ားႀကီးေရွ႕မွာ အရွက္ကြဲရတယ္၊ ဒီေကာင္ေလးကို သူ လုံးဝ အလႊတ္ေပးမွာ မဟုတ္ဘူး။ ဖုန္႔ရွီကို တိုက္ရိုက္ မတိုက္ခိုက္မိေအာင္ သူ ေတာ္ေတာ္ ထိန္းခ်ဳပ္ခဲ့ၿပီးၿပီ။
"ငါ ဘယ္လိုသိမွာလဲ? ခုံက အသင္းနဲ႔ဆိုင္တာေလ၊ ကၽြန္ေတာ္နဲ႔ မဟုတ္ဘူး။" ဖုန႔္ရွီက အဲ့လူကို ျပဳံးၿပီး ၾကည့္ရင္း ျငင္းေနဆဲပဲျဖစ္တယ္။
"မင္း၊ မင္း..." မ်က္လုံးေစာင္းေစာင္းနဲ႔လူႀကီးက ဖုန႔္ရွီရဲ့ စကားကို ၾကားၿပီးေနာက္ ဘာမွ မဟနိုင္ေတာ့ဘူး။
မင္းခ်င္းဟိုင္ကို အဲ့ခုံႏွစ္လုံး အယူခိုင္းခဲ့တာ သူဆိုတာ မွန္တယ္။ အဲ့တာေၾကာင့္ တစ္ခုခုကို အျပစ္ဖို႔ရမယ္ဆိုရင္ အသင္းရဲ့ ခုံ အရည္အေသြးကိုပဲ ျဖစ္သင့္တယ္။
ဒါေပမဲ့ အဲ့တာ မျဖစ္နိုင္ဘူးေလ!
အစိမ္းေရာင္ ငရဲသား အသင္းက ငရဲျပည္မွာ နာမည္ႀကီး အဖြဲ႕အစည္းတစ္ခု။ ထိုင္ခုံအပ်က္ေတြကို သူတို႔ ဘယ္လိုနည္းနဲ႔မွာ ယူထားမွာမဟုတ္ဘူးေလ။ အသင္းရဲ့ ဧည့္သည္ေတြ ထိုင္ခုံေပၚထိုင္တဲ့အခါမွာ တစ္ခုခု ျဖစ္သြားခဲ့ၾကမယ္ဆိုရင္ အသင္းရဲ့ နာမည္ဂုဏ္သတင္းကို ဆိုးဆိုးဝါးဝါး ထိခိုက္မွာ ျဖစ္တယ္။
ပိုထူးျခားတာက အစိမ္းေရာင္ ငရဲသား အမဲလိုက္အဖြဲ႕က သူေတြက သူတို႔ကိုယ္သူတို႔ အျမဲတင္းၾကပ္ၾကၿပီး အရာရာကို ႀကီးႀကီးမားမား ကိုင္တြယ္ေျဖရွင္းၾကတယ္။ အဲ့တာေၾကာင့္ အဲ့မွာ ထိုင္ခုံအက်ိဳး တစ္ခုံရွိေနတာ သူတို႔ ဘယ္လိုလုပ္ မသိၾကမွာလဲ?
အဲ့တာကို ေတြးမိေတာ့ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ႐ုတ္တရက္ အလင္းေပါက္သြားတယ္။
သူတို႔အားလုံး ထိုင္ခုံက တစ္ခုခု မွားေနတယ္ဆိုတာ သိနိုင္ၾကတယ္ဆိုရင္ ေကာင္ေလးကလည္း အဲ့တာကို ျမင္ၿပီး ျဖစ္ရမယ္။ ဒါေပမဲ့ ဖုန္႔ရွီက သူထိုင္ခဲ့တဲ့ထိုင္ခုံကို တကယ္ မက်ိဳးသြားဘဲ ပ်က္စီးေအာင္လုပ္ၿပီး သူ႔ကို ဘယ္လိုမ်ား အရွက္ရေအာင္ လုပ္လိုက္တာလဲဆိုတာ သူ သေဘာမေပါက္ဘူးျဖစ္ေနတယ္။
မ်က္လုံးေစာင္းေစာင္းနဲ႔လူက လုံးဝကို ပေဟဌိ ျဖစ္သြားရတယ္။
သူတစ္ေယာက္တည္းပဲ စိတ္ရွုပ္ေထြးသြားတာ မဟုတ္ပါဘူး။ လူအုပ္ႀကီးကလည္း ေကာင္ေလး ဘာလုပ္လိုက္တာလဲဆိုတာကို ရွင္းရွင္းလင္းလင္ မေတြ႕ခဲ့လိုက္ၾကဘူး။
"လူႀကီးမင္း၊ စကား ထစ္တာ ရပ္ပါေတာ့၊ ေက်းဇူးျပဳၿပီး အခု ကၽြန္ေတာ့ကို စာရင္းသြင္း မွတ္ပုံတင္ေပးဦး။"
ဖုန္႔ရွီက သူ႔ရဲ့ ေပ်ာ္စရာအခိုက္အတန္႔ေလး ခံစားၿပီးေနာက္ ေနာက္ဆုံးေတာ့ တကယ့္အေရးႀကီးတဲ့ လာရင္းကိစၥကို ဦးတည္လိုက္တယ္။
ဦးေလးျဖဴနဲ႔ ငရဲမင္းႀကီးက သူ႔ကို ဘာမွ သတိမေပးလိုက္ေပမဲ့ သူတို႔ေတြက ဖုန္႔ရွီ ထပ္ၿပီး ျပႆနာေတြနဲ႔ ပါဝင္ပတ္သက္ေနတာကို လုံးဝ မလိုလားၾကမွန္း ဖုန႔္ရွီ သိတယ္။ ျပႆနာက သူ႔ဟာသူ ဖု႔န္ရွိဆီလာတယ္ဆိုတာ သူခံစားမိေပမဲ့လည္း သူ ေစာေစာျပန္သင့္တယ္လို႔ ခံစားခ်က္ ရွိေနဆဲျဖစ္တယ္။
"ဟြန္႔" မ်က္လုံးေစာင္းေစာင္းနဲ႔လူက ႏွာရွုံ႔လိုက္တယ္။ သူ စာရင္းသြင္း မွတ္ပုံတင္တဲ့ကိစၥကို ေမ့ေတာ့မလို႔။ ကံေကာင္းတာက ဖုန႔္ရွီ ဒီကိစၥ အစပ်ိဳးလာတယ္။
သူက တင္းတင္းမာမာ ရီလိုက္ၿပီး အထင္ေသးတဲ့အၾကည့္နဲ႔ ဖုန႔္ရွီကို ျပန္ေျဖလိုက္တယ္၊ "ေကာင္းၿပီ၊ မင္းဒီေလာက္ ျပႆနာေတြ ဖန္တီးၿပီးတာေတာင္မွ ငါတို႔က မင္းကို စာရင္းသြင္း မွတ္ပုံတင္ေပးမယ္လို႔ ထင္ေနဆဲလား? ေစာက္ေၾကာင္းကို မရွိဘူး!"
ဖုန္႔ရွီက ဒီလူဒီလိုေျပာမယ္ဆိုတာ ႀကိဳတင္ေမၽွာ္လင့္ထားပုံပင္၊ အဲ့တာေၾကာင့္ သူ အဲ့ေလာက္ မအံ့ဩသြားေပ။ အဲ့ေနာက္ သူ ပုခုံးတြန္႔လိုက္ၿပီး အေလးအနက္ဟန္နဲ႔ ေျပာလိုက္တယ္၊ "လူႀကီးမင္း၊ လူႀကီးမင္းရဲ့ ကံဆိုးမွုအတြက္ ကၽြန္ေတာ့ကို လာအပစ္တင္ေနတာလား? အခု ခင္မ်ားေဒါသ ကၽြန္ေတာ့အေပၚ ပုံခ်ေနတာလား? ကၽြန္ေတာ့ထက္ အသက္ ေတာ္ေတာ္ ႀကီးတဲ့သူက ဒီေလာက္ ဉာဏ္နည္းၿပီး မိုက္မဲမယ္ဆိုတာ ကၽြန္ေတာ္ မယုံနိုင္ဘူး။ မင္းက မင္းလူေတြကိုပဲ လက္သင့္ခံခ်င္တယ္လို႔ ငါထင္တယ္၊ ၿပီးေတာ့ မင္းအေပၚ ျဖစ္ပ်က္ခဲ့တဲ့ မေကာင္းတဲ့အရာေတြကို ငါ့ကို တာဝန္ယူေစ့ခ်င္ေနတယ္။ ေကာင္းၿပီေလ၊ မင္းနယ္ေျမ၊ မင္းဥပေဒေပါ့။ ငါ အရွုံးေပးတယ္၊ ဟုတ္ၿပီလား?"
သူ႔စကားေတြက အေျခအေနေတြ ဒီလိုတကယ္ျဖစ္ပ်က္ခဲ့တဲ့အလားကို အရမ္းကို စိတ္အားထက္သန္ဟန္ ေပါက္ေနတယ္။ အဲ့ေနာက္ ဖုန္႔ရွီက သူ႔ေခါင္းကို ခါလိုက္ရင္း သက္ျပင္းခ်လိုက္တယ္၊ အရာအားလုံးကို ထြင္းေဖာက္သိျမင္ေနတဲ့ အသက္ရာေက်ာ္အဘိုးအိုတစ္ေယာက္ပုံစံနဲ႔ေပါ့။ ဖု႔န္ရွီရဲ့ သ႐ုပ္ေဆာင္စြမ္းရည္က ပိုပိုေကာင္းလာတယ္ဆိုတာ ေျပာလို႔ရတယ္။
မ်က္လုံးေစာင္းေစာင္းနဲ႔လူက ဖုန္႔ရွီရဲ့ စကားကို ၾကားေတာ့ သူ႔မ်က္ႏွာက ရွုံ႔တြသြားၿပီး သူ႔မ်က္လုံးေတြက မ်က္လုံးအိမ္ထဲကေန အျပင္ထြက္ေတာ့မဲ့အလား ျဖစ္သြားရတယ္။
တကယ္ေတာ့ ဒီလူက သူ႔အေပၚ လွည့္စားခဲ့တာ ဖုန္႔ရွီဟုတ္၊ မဟုတ္ သူ မေသခ်ာဘူး။ ဒါေပမဲ့ ဒီလိုအေျခအေနမွာ သူ ေကာင္ေလးအေပၚ အျပစ္ဖို႔ဖို႔ ႀကိဳးစားဆဲျဖစ္တယ္၊ ဒါကသာ သူ႔ဂုဏ္သိကၡာကို ျပန္ဆယ္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းျဖစ္ေနတာေၾကာင့္ပင္။ အဲ့လိုမွမဟုတ္ရင္ သူ ဒီေန႔ လုံးလုံးလ်ားလ်ား အရွက္ကြဲရ႐ုံသာမက သူဟာ အနားယူညၿမိဳ႕ေတာ္မွာ ဟာသတစ္ခုေတာင္္ ျဖစ္သြားရလိမ့္မယ္။ ဒါ သူလုံးဝ ျဖစ္ခြင့္မျပဳနိုင္တဲ့အရာပဲျဖစ္တယ္!
ဒါေပမဲ့ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ဖုန္႔ရွီဟာ သူျမင္ရသလို အားနည္းတဲ့သူမဟုတ္ေၾကာင္း သေဘာမေပါက္။ ဖုန္႔ရွီ သူ႔ကံၾကမၼာကို အရွုံးေပးလိုက္ပုံ ရေပမဲ့ တကယ္ေတာ့ သူစာရင္းသြင္းမွတ္ပုံတင္တာကို အတင္းအက်ပ္ လက္ေလ်ာ့ခိုင္းခံေနရေၾကာင္း လူတိုင္းကို ေျပာလိုက္တာသာ ျဖစ္တယ္။ ဖုန္႔ရွီက ထက္ထက္ျမက္ျမက္ အကြက္တစ္ကြက္ေရႊလိုက္တာျဖစ္ေၾကာင္း လက္ခံရမယ္!
အဲ့တာက အဲ့လူရဲ့ မ်က္ႏွာကို ပါးရိုက္လိုက္သလိုပါပဲ။
ေလထုထဲမွာ ကိုယ္ေဖ်ာက္ထားတဲ့ စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ ဖုန္႔ရွီထံ ပ်ံသန္းလာၿပီး ႏွစ္ဦးလုံးက သူတို႔ မ်က္ခုံေတြ ေက်ေက်နပ္နပ္ ကခုန္ျမဴးတူးရင္း ဖုန္႔ရွီကို လက္မေထာင္ျပလိုက္ၾကတယ္။
ဒါဟာ ဖုန္႔ရွီ အျခားသူေတြရဲ့ ခ်ီးက်ဴးျခင္းကို ခံရတာ ပထမဆုံးပါပဲ။ အဲ့ေနာက္ သူ မေနနိုင္ေတာ့ဘဲ သူ႔သြားစြယ္ႏွစ္ေခ်ာင္းေပၚတဲ့ထိ ၿဖီးသြားတယ္။ ဒါေပမဲ့ သူ႔မ်က္ႏွာေပၚက အေပ်ာ္႐ုပ္က သူ႔သ႐ုပ္ေဆာင္ခ်က္ တစ္ခုလုံးကို ဖ်က္ဆီးလိုက္တယ္။
ကံဆိုးတာက မ်က္လုံးေစာင္းေစာင္းနဲ႔လူအပါအဝင္ ဖုန္႔ရွီကို ၾကည့္ေနၾကသူေတြက သူ႔ရဲ့ ပီတိျပဳံးႀကီး ျမင္သြားၾကတယ္။ ဖုန႔္ရွီရဲ့ ပီတိျဖာေနတဲ့ဟန္က အရမ္းသိသာလြန္းေနတဲ့အတြက္ အဲ့လူေတြ မ်က္လုံးေတာင္ က်ိန္းလုလု ျဖစ္ေနၾကတယ္။ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ဖုန္႔ရွီ ဒီလိုျပဳံးတာ သူ႔ကို သေရာ္တာပဲလို႔ ျမင္တယ္။ ဖုန႔္ရွီက ထိုင္ခုံႏွစ္လုံးကို တစ္ခုခု လုပ္ခဲ့သလားဆိုတာ သူ အခု အတိအက် မသိေတာ့သလို ေသလည္း မေသခ်ာေတာ့ဘူးျဖစ္သြားရတယ္။
အဲ့လူက အဲ့လိုေတြးမိတာနဲ႔ သူ႔မ်က္ႏွာက ခရမ္းပုပ္ေရာင္ ေျပာင္းသြားၿပီး ေဒါသတို႔ ေဖာ္ျပနိုင္တာထက္ ေက်ာ္သြားတယ္။ သူ သူ႔အေရွ႕က ေကာင္ေလးကို သတ္ပစ္ခ်င္ေလာက္တဲ့အထိ ေဒါသပုံခ် ခ်င္သြားရတယ္။
သူ႔ေဒါသေၾကာင့္ သူ႔ကိုယ္ခႏၶာကို ထိန္းခ်ဳပ္နိုင္စြမ္းတို႔ ေပ်ာက္ဆုံးသြားတဲ့အခါမွာ ေကာင္ေလးဆီ ခ်က္ခ်င္းပဲ ရက္စက္ၾကမ္းၾကဳတ္စြာ ေျပးဝင္လာတယ္။ သူတို႔ႏွစ္ေယာက္က နီးနီးကပ္ကပ္ ရပ္ေနခဲ့ၾကတာ ျဖစ္တဲ့အတြက္ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ေမၽွာ္လင့္မထားတဲ့တိုက္ကြက္ စတင္လိုက္တဲ့အခါမွာ ဖုန္႔ရွီ ဘာမွ မတုန္႔ျပန္နိုင္ခင္မွာပဲ ဖုန္႔ရွီဆီ သူ စကၠန္႔မဆိုင္း ေရာက္သြားတယ္...
သူက ဖုန္႔ရွီကို တိုက္ေတာ့မယ့္အခ်ိန္မွာပဲ မိုးၿခိမ္းသံလို အသံတစ္ခု ႐ုတ္တရက္ သူ႔နားထဲ ဝင္လာတယ္၊ "ျပန္လာခဲ့!"
မ်က္လုံးေစာင္းနဲ႔လူက ခ်က္ခ်င္းပဲ ရပ္သြားတယ္၊ ဒါေပမဲ့ အရွိန္ေၾကာင့္ သူ ရပ္ဖို႔ ခက္သြားတယ္။ အဲ့လို အေရးႀကီးတဲ့ အခိုက္အတန္႔မွာပဲ ႏူးညံ့ၿပီး အသားျဖဴတဲ့ လက္တစ္ဖက္က သူ႔ေခါင္းကို လာရိုက္လိုက္တယ္။ ျမည္သံအက်ယ္ႀကီးနဲ႔အတူ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ေခ်ာ္လဲသြားသလို ႐ုတ္တရက္ ေရွ႕ကို ျပဳတ္က်သြားတယ္။
ၾကည့္ေနၾကသူေတြက အဲ့လူရဲ့ ႏွာရိုးက်ိဳးသံကို ၾကားလိုက္ၾကရတယ္။ အဲ့ေနာက္မွာေတာ့ သူတို႔အားလုံး သူတို႔ႏွာေခါင္း သူတို႔ သတိလက္လြတ္ စမ္းမိလိုက္ၾကတယ္။
အဲ့အခ်ိန္မွာပဲ ဒီလိုေတြျဖစ္ေစခဲ့တဲ့တစ္ေယာက္ကေတာ့ လ်င္လ်င္ျမန္ျမန္ပဲ လြတ္သြားၿပီး ျဖစ္တယ္။ အခ်ိန္တိုအတြင္းမွာပဲ လူအားလုံးအေရွ႕မွာ သူ ေပ်ာက္သြားတာ ျဖစ္တယ္။
"ငါ မင္းကို သတ္မယ္!!!" မ်က္လုံးေစာင္းေစာင္းနဲ႔လူျရ့ အသံက ခန္းမထဲကေန ထြက္လာတယ္။
"ဟား ဟား ဟား! ဒါ အရမ္းရီရတာပဲ!" ဖုန္႔ရွီက လူမရွိတဲ့ ေထာင့္တစ္ေနရာကို ေျပးသြားတယ္။ သူ႔ေနာက္ ဘယ္သူမွ လိုက္မလာတာ ေသခ်ာေတာ့ သူ႔ဗိုက္ကို ကာရင္း အူလွိုက္သည္းလွိုက္ ရီေတာ့တယ္။ ေနာက္ဆုံး သူ အရီရပ္နိုင္ေတာ့မွ သူက ကံဆိုးမွုနတ္ဘုရားကို ေျပာလိုက္တယ္၊ "ကံဆိုးမွုေလး၊ မင္း ဒီေလာက္ အသုံးတည့္မယ္လို႔ ငါ မထင္ခဲ့ဘူး။ အေမႊးမဲ့ၾကက္ သူ႔က်င့္ႀကံမွု ၿပီးတဲ့အထိ ငါတို႔ ေစာင့္ၾကတာေပါ့၊ ၿပီးရင္ ငါတို႔
You are reading the story above: TeenFic.Net