60. The Assessment (5)

Background color
Font
Font size
Line height

Please scroll down to read Zawgyi font

အပိုင်း ၆၀။ အကဲဖြတ်မှု ()

ကောင်လေးက အဲ့အမျိုးသားရဲ့ ထိုင်ခုံမှာ ထိုင်လိုက်တဲ့အချိန်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် ခန်းမတစ်ခုလုံး တိတ်ကျသွားပြန်တယ်။

မျက်စိစောင်းစောင်းနဲ့လူက သူ့နှုတ်ခမ်းသူ မတွန့်မိအောင် အတင်းကြိုးစားလိုက်တယ်။ အဲ့နောက် သူက ကောင်လေးကို လေသံပြတ်ပြတ်နဲ့ ပြောလိုက်တယ်၊ "သခင်လေး၊ သခင်လေးထိုင်နေတာ ကျွန်တော့ထိုင်ခုံ။ ဒီမှာ သခင်လေးဟာ။" သူ့မျက်နှာပေါ်က ကြောက်စရာအမူအယာကို အနည်းငယ် လျော့အောင် လုပ်လိုက်ရင်း သူက တံခါးဘေးနားက ထိုင်ခုံကို ညွှန်ပြလိုက်တယ်။

ဖုန်တွေနဲ့ထိုင်ခုံကို ဖုန့်ရှီ တစ်ချက် ကြည့်လိုက်တယ်။ ထောင့်မှာ ထားထားတယ်ဆိုကတည်းက အဲ့တာက ကျိုးနေတာ ဖြစ်ရမယ်၊ ဒါမှမဟုတ် သုံးလို့ မရတော့တာ ဖြစ်ရမယ်။ ဖု့န်ရှီက အဲ့လူဆီက မကောင်းတဲ့ ရည်ရွယ်ချက်အရိပ်အငွေ့မျိုး ရထားဖူးတာကို သတိရသွားတော့ အဲ့လူပြောတဲ့အတိုင်း မလုပ်နိုင်ဘူးဆိုတာ သူပိုသေချာသွားတယ်။ ဖုန့်ရှီ အခုလေးတင် လုပ်ခဲ့လိုက်တာက ဒါ့ကြောင့်ပါပဲ။ နောက်ဆုံးတော့ ဖုန့်ရှီဟာ အတော်ပါးနပ်လာပြီဖြစ်လို့ ကျိုးနေတာ သူသိနေတဲ့ထိုင်ခုံတစ်ခုကို သူ လုံးဝထိုင်မှာမဟုတ်ဘူးလေ။ အဲ့ဒီ့မျက်လုံးစောင်းစောင်းနဲ့လူက ဖုန့်ရှီကို မသိနားမလည်တဲ့ကောင်လေးလို့ မှတ်ယူပြီး အရှက်ကွဲစေချင်နေတာ အသိသာကြီးပဲ။ အဲ့တာကို တွေးမိတော့ ဖုန့်ရှီက တောက်တောက်ပပ ပြုံးလိုက်ပြီး ပြောလိုက်တယ်၊ "ရပါတယ်၊ ကျွန်တော် ဒီမှာပဲ ထိုင်လိုက်မယ်။ ခင်များက အဲ့ဖက်က ထိုင်ခုံမှာထိုင်နိုင်ပါတယ်!"

အဲ့တာကို ကြားတော့ မျက်လုံးစောင်းစောင်းနဲ့လူက ဖုန့်ရှီက သူ့ရည်ရွယ်ရင်းကို ထွင်းဖောက် သိမြင်နေလို့များလားဆိုပြီး ချက်ချင်းပဲ တွေးမိသွားတယ်။

အဲ့လူရဲ့ အစီအစဉ်က မအောင်မြင်ခဲ့ပေမဲ့ သူ့မျက်နှာပေါ်မှာတော့ ဘယ်လို အဆင်မပြေဖြစ်နေတဲ့လက္ခဏာ တစ်ခုမှ မပြခဲ့။ အဲ့အစား သူ့ခေါင်းကို ပုတ်လိုက်ရင်း တစ်ခုခုကို သဘောပေါက်သွားဟန် ဆောင်လိုက်ပြီး ပြောလိုက်တယ်၊ "အိုး... ငါ အရမ်း နမော်နမဲ့နိုင်တာပဲ။ ဒီခုံက ထောင့်မှာ အကြာကြီး ရှိနေခဲ့တာ။ ဖုန်တွေနဲ့ခုံတစ်ခုံအပေါ် စခင်လေးကို ငါ ဘယ်လိုများ နေရာချပေးနိုင်ရတာလဲ! သူတို့ကို နောင်ထိုင်ခုံ နှစ်လုံး သွားသယ်ခိုင်းလိုက်မယ်။"

အဲ့တာကို ပြောရင်း သူတို့နဲ့မလှမ်းမကန်းမှာ စားပွဲနဲ့ ထိုင်ခုံ သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းကို မျက်စပစ်ပြလိုက်တယ်။

အဲ့လူ ဘာလုပ်ချင်တယ်ဆိုတာ ကောင်းကောင်းသဘောပေါက်တဲ့ ဟိုတစ်ယောက်ကလည်း အတွင်းထဲ ပြေးဝင်သွားပြီး ထိုင်ခုံ နှစ်ခုံ ချက်ချင်း ယူလာတယ်။ ထိုင်ခုံနှစ်ခုလုံးက အသစ်တွေလို့ ထင်ရပေမဲ့ မျက်စိရှင်တဲ့ဘယ်သူမဆို မြင်နိုင်တာကတော့ တစ်ခုံက မသိမသာ ရည်ရွယ်ချက်ရှိရှိ ကျိုးနေတာ ဖြစ်တယ်။

အခု ဖြစ်သွားတာက ဇဝေဇဝါဖြစ်နေကြတဲ့ တက်ရောက်လာသူ လူအားလုံးကို အလန့်တကြားနဲ့ မျက်လုံးတွေ ပြူးသွားစေတယ်။

ဘာဖြစ်သွားခဲ့လဲဆိုတာ မြင်တွေ့သွားကြပြီးနောက် အစိမ်းရောင် ငရဲသား အသင်းအဖွဲ့က လူတွေက ငွေရောင်ကျား စီးလာခဲ့တဲ့ ကောင်လေးအပေါ် ခက်ခဲအောင် လုပ်ချင်နေကြတာ ဆိုတာ လူတိုင်း သိသွားကြတယ်။ အစိမ်းရောင် ငရဲသား အသင်းအဖွဲ့အပေါ် ကောင်လေး ဘယ်လို စော်ကားရန်စမိလို့လည်းတော့ သူတို့ မသိကြပေမဲ့ ပျော်စရာကောင်းတာကို ကြည့်ကြဖို့ အခွင့်အရေးကိုတော့ သူတို့တွေ လွတ်မသွားချင်ကြဘူး။ အဲ့နောက်မှာတော့ တက်ရောက်လာကြသူတွေအားလုံး သူတို့မျက်လုံးတွေ ပြူးနေအောင် ဖွင့်ထားပြီး ကောင်လေး ဘယ်လိုတွေ အရူးလုပ်ခံရမလဲဆိုတာ ကြည့်ဖို့ ပြင်ဆင်ထားကြတယ်။

စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ကလည်း တစ်ခုခု မှားနေမှန်း အတော်ကြာကြာကတည်းက သိပြီး ဖြစ်တာကြောင့် အဲ့လူတွေရဲ့ ရည်ရွယ်ချက်ကို သတိပြုကြတယ်။

နတ်ဘုရားနှစ်ပါးက သူတို့သခင်အပေါ် ဘယ်လိုမကောင်းတာမျိုးမှ အဖြစ်ခံမှာမဟုတ်။ ဒါ့အပြင် ဦးလေးဖြူနဲ့ ငရဲမင်းကြီးတို့ကလည်း ကောင်လေးကို ဒီကို တစ်ယောက်တည်း ပို့လိုက်တာက ကောင်လေး သူ့ဖာသူ နာမည်ရအောင် လုပ်ခွင့်ပြုဖို့အတွက်သာ ဖြစ်တယ်ဆိုတာ ရှင်းတယ်။

အဲ့အချိန်မှာ ချင်းမင်ယွိက ဖုန့်ရှီကို အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ကို မဝင်ခိုင်းဖို့ တိုက်တွန်းခဲ့ပေမဲ့ ဘုရင်ကြီးရဲ့ အမိန့်ကို နာခံခဲ့ရတာကြောင့် ချင်းမင်ယွိက အဲ့အပေါ် အာဃာတ ထားခဲ့တယ်။

အဲ့တာကြောင့် ဖုန့်ရှီကို အရှက်ရအောင် လုပ်ဖို့ ကြိုးစားနေကြတဲ့အဲ့လူတွေဟာ ချင်းမင်ယွိရဲ့ သွေးထိုးလှုံ့ဆောင်မှုကြောင့် လုပ်နေကြတာဆိုတာ မြင်နိုင်တယ်၊ အဲ့လိုမှမဟုတ်ရင် ဖုန့်ရှီရဲ့ ထူးခြားတဲ့ ဖြစ်တည်မှု ဝိသေသကို သိပြီးဖြစ်လျက်နဲ့ ဖုန့်ရှီကို လှည့်စားရဲကြမှာမဟုတ်။ အဆုံးမတော့ အဲ့လူတွေဟာ ချင်းမင်ယွိက သူတို့ရဲ့ကျောထောက်နောက်ခံ ရှိနေတာ ဖြစ်တာကြောင့် ဘာမှမကြောက်။

တကယ်လု့ ဖုန့်ရှီသာ သူ့ကျင့်ကြံမှု မတိုးတက်ခဲ့ဘူးဆိုရင် ဒီအရာတွေကို ရှင်းထုတ်နိုင်မှာမဟုတ်ပေ။

ဒါပေမဲ့ အခု အရာရာဟာ မတူတော့ဘူ။ ဖုန့်ရှီက သူ့ကျင့်ကြံမှု အဆင့်မြင့်ကို ရောက်နေရုံမကဘူး၊ စာအုပ်နတ်ဘုရား ပြောပြခဲ့တဲ့ ချင်းမင်ယွိရဲ့ လျို့ဝှက်ချက်ကိုပါ သူမှတ်မိနေခဲ့တယ်။ 'အစိမ်းရောင် ငရဲသားအသင်းအဖွဲ့ကို အုပ်ချုပ်တာက ချင်းမင်ယွိ။ ငါ့အနောက်မှာ ငါ့ခေါင်းဆောင် ရှိတယ်ဆိုတာ သိပြီးဖြစ်ကတည်းက ငါလာမယ်ဆိုတာလည်း သူသိရမယ်။ အခု သူ ခုထိ ငါ့ကို လာမနှုတ်ဆက်သေးဘူး၊ သူ့မှာ လျို့ဝှက်အစီအစဉ်တစ်ခုရှိတယ်ဆိုတာ ရှင်းနေတယ်။' ဖုန့်ရှီ တွေးလိုက်တယ်။

ဖု့န်ရှီ စိတ်ကို ရှင်းရှင်းထားပြီး အကြောင်းအရာ တစ်ခုလုံးရဲ့ ကြောင်းကျိုးကို တွက်ချက်နိုင်တယ်ဆိုတာ အရမ်းရှားတယ်။ အဲ့တာကို တွေးမိတော့ သူက ကံဆိုးမှုနတ်ဘုရားကို မျက်စပစ်ပြလိုက်တယ်။ ကံဆိုးမှုနတ်ဘုရားက ဖုန့်ရှီကြောင့် သူ့ရဲ့ နှစ်သောင်းချီ ကျင့်ကြံမှုကို ဆုံးရှုံးခဲ့ရပေမဲ့ အဲ့ကံဆိုးမှုက တကယ်တော့ သူဆီကို ဖုံးကွယ်ထားတဲ့ ကောင်းချီးတစ်ခုအနေနဲ့ ရောက်လာခဲ့တာဖြစ်တယ်။ ကံဆိုးမှုနတ်ဘုရား ကမ္ဘာ့သစ်သီးကို စားပြီးနောက်မှာတော့ သူ့ရဲ့ အရင်ကျင့်ကြံမှုရဲ့ တစ်ဝက်ကျော်ကျော်ကို ပြန်ရရှိပြီး ဖြစ်ပြီး နောက်ဆုံးတော့ စကားလည်း ပြောနိုင်ပြီ ဖြစ်တယ်။ ဘာပိုသလဲဆိုတော့ သူ့ကိုယ်ထဲက စွမ်းအင်က ပိုပြီးတောင် သန့်စင်လာတာကြောင့် ဆန္ဒပြုလိုက်ရုံနဲ့ ကံဆိုးမှုပညာရပ်ကို သူထုတ်သုံးနိုင်ပြီဖြစ်တယ်။

ကံဆိုးမှုနတ်ဘုရားက ဖုန့်ရှီနဲ့နေရတာဟာ သူတစ်ယောက်တည်း တိုက်နေရာထက် အများကြီးပိုကောင်းတယ်ဆိုတာ သဘောပေါက်ပြီးနောက်မှာတော့ နောက်ဆုံးတော့ ဖုန့်ရှီကို ခစားဖို့ ဆန္ဒရှိလာတယ်၊ ဘာလို့လည်းဆိုတော့ အနာဂတ်မှာ အခွင့်အလန်းကြီးတွေန့ ကောင်းချီးပေးခံရမယ်ဆိုတဲ့ ခံစားချက် သူ့မှာ ရှိသွားလို့ဖြစ်တယ်။ အကျိုးဆက်အနေနဲ့ ဖုန့်ရှီရဲ့ မျက်လုံးထဲက အမူအယာကို မြင်ပြီး ကံဆိုးမှုနတ်ဘုရားက သူ့ကိုယ်သူ အားကြီးတဲ့ နတ်ဘုရားတစ်ပါးအနေနဲ့ ပြဖို့ အခွင့်အလန်း ရပြီဆိုတာ သိလိုက်တယ်။

ဖု့န်ရှီက ဘာအမိန့်မှ မပေးခင် ကံဆိုးမှုနတ်ဘုရားက ထိုင်ခုံအကောင်းမှာ သူ့ကိုယ်သူ တွယ်ကပ်လို်ကတယ်။

တချိန်တည်းမှာပဲ ဖုန့်ရှီထိုင်နေတဲ့ ထိုင်ခုံက ဖုန်တွေပေနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆွဲအယူခံလိုက်ရပြီး အသစ်လို့ထင်ရတဲ့ အခြားထိုင်ခုံတစ်ခုကို သူ့ဆီ ယူလာပေးတယ်။ အဲ့နောက်မှာတော့ မျက်လုံးစောင်းစောင်းနဲ့လူက ဖုန့်ရှီကို ထိုင်ဖို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုလိုက်တယ်။ ဖုန့်ရှီသာ သူတို့ရဲ့ ထူးဆန်းတဲ့ မျက်လုံးခြင်း အချက်ပြမှုကို မမိသွားခဲ့ဘူးဆိုရင် ဒီ အစိမ်းရောင် ငရဲသား အသင်းအဖွဲ့က လူတွေက သူ့ကို ကောင်းကောင်းဆက်ဆံတယ်လို့ သူ တကယ်ကို ယူဆမိမှာ။

အခုပဲ ဖုန့်ရှီက သူတို့မျက်နှာပေါ်က သူတော်ကောင်း ယောင်ဆောင် အပြုံးနဲ့ လူနှစ်ယောက်ကို ကြည့်လိုက်ပြီး၊ အဲ့နောက် မျက်လုံးစောင်းစောင်းနဲ့လူဘေးက ထိုင်ခုံကိုပါ ကြည့်လိုက်တယ်။ ကောင်လေးရဲ့ မျက်လုံးက တစ်ခုခု ထပ်ဖြစ်လာတော့မယ့်အလား တောက်ပနေတယ်။

အဲ့လူရဲ့ မျက်ခွံက ရှုံ့တွန့်သွားပြီး သူက ကောင်လေးက သူ့ထိုင်ခုံကို ထပ်ယူလိုက်မှာစိုးတာကြောင့် လူတိုင်း သူတို့ရဲ့ သတိစွဲပြီး နေနေတာကို လျော့ကျသွားစေတဲ့ နွေးထွေးတဲ့ အပြုံးတစ်ပွင့် ပေးရင်း ထိုင်ခုံကို သူ့အနောက်ဘက် ချက်ချင်း ပို့လိုက်တယ်။ အဲ့နောက် သူက ထိုင်ခုံပေါ် ထိုင်ရင်း ပြောလိုက်တယ်၊ "သခင်လေး၊ ကျေးဇူးပြုပြီး ထိုင်ပါ။"

ဖုန့်ရှီက သူ့ကို နွေးထွေးတဲ့အပြုံးတစ်ပွင့် ပြန်ပေးလိုက်ပြီး ထိုင်ချလိုက်တယ်။

လူတိုင်းက အဲ့ကောင်လေး ခံရတော့မှာကို မြင်ရဖို့ မျှော်လင့်ထားကြတဲ့အတိုင်း ရုတ်တရက် ထိတ်လန့်ဖွယ် ဖြစ်ရပ်တစ်ခု ဖြစ်သွားတယ်။ မျက်လုံးစောင်းစောင်းနဲ့လူက 'အာ့' လို့ အော်ရင်း နောက်ပြန်လဲကျသွားတယ်။ နောက်တစ်စက္ကန့်မှာပဲ ထိုင်ခုံက ကျိုးပဲ့အက်ကွဲသံနဲ့အတူ တစ်စစီ ကွဲကြေသွားတယ်။ မျက်လုံးစောင်းစောင်းနဲ့လူက သစ်သားအကျိုးအပဲ့အပေါ် ရုပ်ပျက်ဆင်းပျက် အနေအထားနဲ့ လဲကျသွားပြီး ရင်လှိုက်သည်းလှိုက် အတွင်းထဲကနေ ငိုနေတော့တယ်။

ဒါကတော့ လူတိုင်းမမျှော်လင့်ထားခဲ့တာပါပဲ!

လဲကျသင့်တဲ့တစ်ယောက်ဖြစ်တဲ့ ကောင်လေးကတော့ ထိုင်ခုံပါ်မှာ မြဲမြဲမြံမြံ ထိုင်နေတယ်။ ဆန့်ကျင့်ဘက်အနေနဲ့ လုံးဝ အဆင်ချောနေသင့်တဲ့ မျက်လုံးစောင်းစောင်းနဲ့လူက လူအားလုံးရှေ့မှာ သူ့ကိုယ်သူ အရူးဖြစ်သွားရတယ်။ ဒီအခိုက်အတန့်နဲ့ သူ အတန်ကြာ နေရမှာဖြစ်တယ်။

အခြားသူတွေအပေါ် လှည့်စားဖို့ ကြိုးစားခဲ့တဲ့သူကတော့ သူ့ဖာသူပဲ အရှက်ရသွားရတယ်။ အဲ့လို မမျှော်လင့်ပဲ ဒရမ်မာဆန်ဆန် အပြောင်းအလဲကြောင့် လူတိုင်း ကြောင်အမ်းသွားကြတယ်။

ခန်းမထဲ တခဏ တိတ်သွားပြီးနောက် လူအုပ်ကြီးက ရုတ်တရက် ထပြီး ရယ်ပွဲကျသွားကြတယ်! အဲ့တာ တကယ်ကို အရမ်းရီစရာကောင်းတာပဲ!

ချင်းဟိုင်လို့ ခေါ်တဲ့ ဝန်ထမ်းက မူးမိုက်သွားကာ မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ ဖြစ်ပျက်သွားတဲ့အပေါ် မယုံနိုင် ဖြစ်သွားတယ်။ ထိုင်ခုံ နှစ်လုံး ရွေးလာခဲ့တာက သူကိုယ်တိုင်၊ အဲ့တာကြောင့် ဘယ်တစ်ခုံက ကျိုးနေတာလဲ၊ ဘယ်တစ်ခုံက မကျိုးဘူးလဲဆိုတာ သူ ကောင်းကောင်း သတိပြုမိတယ်။ ကောင်လေးထိုင်မယ့် ထိုင်ခုံကို သူ ပိုသေချာအောင်ဆိုပြီး အမှတ်အသားတောင် လုပ်ခဲ့သေးတာလေ! သူခုလို မှားသွားစရာ အကြောင်းကို မရှိဘူး!

ဒါပေမဲ့ အခြေအနေတွေ ဒီလို ဘာလို့ ဖြစ်ပျက်သွားခဲ့ရတာလဲဆိုတာကို သူ နားမလည်နိုင်သေး။

ဖုန့်ရှီကို ဟားတိုက်ဖို့ စောင့်နေခဲ့တဲ့ မျက်လုံးစောင်းစောင်းနဲ့လူက အထိနာနာ ပစ်လဲကျသွားပြီးတဲ့နောက် အခု အသိစိတ် မကပ်တကပ် ဖြစ်သွားရတယ်။ အသိစိတ် ပြန်ဝင်လာဖို့ အချိန်တော်တော်ယူလိုက်ရတယ်။ သူ့ပတ်လည်ကလူတွေ စတင် ရီလာတော့မှ သူ နိုးကြားသွားပြီး မျက်နှာထား ဆက်တိုက်ပြောင်းသွားတော့တယ်။

အခု သူ့နာမည် အဖတ်ပြန်ဆယ်ဖို့ သူ့အတွက် အရမ်းခက်သွားပြီ!

ရီသံတွေ နားထဲ အဆက်မပြတ် ကြားလာရတော့ သူဒေါသနဲ့ မြေကြီးပေါ်က ခုန်ထလိုက်ပြီး ချင်းဟိုင်ကို ဆဲလိုက်တယ်၊

"ခွေးကောင်! မင်းငါ့ကို တမင် အကွက်ဆင်တာမှတ်လား? ငါ့ဆီ ဘာလို့ ထိုင်ခုံအကျိုးကို ယူလာတာလဲ! မင်း သေချင်နေပြီလား?!"

ချင်းဟိုင်က တစ်ခုခုကို အသံတိုးတိုးနဲ့ ရေရွတ်လိုက်တယ်။ ဒါပေမဲ့ အမှန်ကတော့ သူလည်းပဲ ဘာဖြစ်သွားတာလဲဆိုတာ မသိလိုက်ဘူး။

မျက်လုံးစောင်းစောင်းနဲ့လူက ချင်းဟိုင်ရဲ့ အမူအယာကို ဝန်ခံမှုတစ်ခုအနေနဲ့ မှတ်ယူသွားတယ်။ သူက ချင်းဟိုင်ကို ထိုင်ခုံအကျိုးတစ်လုံးနဲ့ ထိုင်ခုံအကောင်းတစ်လုံး ယူလာခိုင်းခဲ့တာဖြစ်တဲ့အတွက် ကောင်လေးက ထိုင်ခုံပေါ်  မြဲမြဲမြံမြံ ထိုင်နေတဲ့အချိန်မှာ မြေကြီးပေါ် လဲသွားရတဲ့ သူကတော့ သူဖြစ်နေတယ်၊ အဲ့တော့ မျက်လုံးစောင်းစောင်းနဲ့လူ ယူဆလိုက်တာက ချင်းဟိုင်က ထိုင်ခုံနှစ်လုံးကို ရောသွားလို့ ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် သူ့ဆီ တမင်ကို အကျိုးကို ယူလာပေးတာဖြစ်ရမယ်။

စိတ်မရှည်တဲ့ မျက်လုံးစောင်းစောင်းနဲ့လူက ချင်းဟိုင်က ထိုင်ခုံအလွဲကြီးကို မတော်တဆ ယူလာမိတာလို့ သူ မယုံနိုင်ဘူး။ အဲ့တာကြောင့် ချင်းဟိုင်က ဒါကို တမင်လုပ်တာပဲဖြစ်ရမယ်လို့ သူ သေချာပေါက် ယုံကြည်တယ်။

လူနှစ်ယောက် အချင်းများ ရန်ဖြစ်နေတာကို မြင်ရတော့ ဖုန့်ရှီက သူ့ပါးစပ်ကို အုပ်လိုက်ပြီး တခိခိ ရီလိုက်တယ်။

ထိုင်ခုံက ဘယ်လောက်ပဲ တောင့်တောင့်၊ ကံဆိုးမှုနတ်ဘုရားက သူ့ကိုယ်သူ အဲ့မှာ ကပ်တွယ်လိုက်ပြီ ဆိုကတည်းက အဲ့တာက ပြုတ်ကျသွားမှာပဲ ဖြစ်တယ်။

ဖုန့်ရှီ လုံးဝကြီး ကောင်းနေတဲ့အကြောင်းကတော့ သူ့အပေါင်းအသင်းဖြစ်တဲ့ စာအုပ်နတ်ဘုရားကို သူ ကျေးဇူးတင်ရမှာပဲ ဖြစ်တယ်။ စာအုပ်နတ်ဘုရားက သူ့သခင်ကို ကူဖို့ သူ အစွမ်းကုန် ကြိုးစားခဲ့တာဖြစ်တယ်။ အဲ့တာကြောင့် ဖုန့်ရှိ စာအုပ်နတ်ဘုရားကို ထိုင်ခုံအောက် လျိုဝင်ပြီး သူ့ကို ပင့်ထောက်ပေးဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်။ စာအုပ်နတ်ဘုရားက သူ့ထုံးစံအတိုင်း အဲ့လိုလုပ်ဖို့ သဘောမတူချင့် တူချင် ဖြစ်သွားခဲ့သေးတယ်။ အဲ့တာကတော့ ဘာဖြစ်သွားခဲ့တာလဲဆိုတဲ့ အကြောင်းရင်းပါပဲ။

"လူကြီးမင်း၊ သူ့ကို စိတ်မဆိုးပါနဲ့။ သူက တမင်လုပ်တာ မဟုတ်လောက်ပါဘူး။ ကျေးဇူးပြုပြီး သူ့ကို အပြစ်မတင်ပါနဲ့။ ကျွန်တော့ထိုင်ခုံမှာ ထိုင်လိုက်ပါလား? ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ဒီကို စာရင်းရေးသွင်း မှတ်ပုံတင်ဖို့ပဲ လာခဲ့တာလေ။ ကျေးဇူးပြုပြီး ယူလိုက်ပါ။" ဖုန့်ရှီက အဲ့မျက်လုံးစောင်းစောင်းနဲ့လူကို လက်ဝှေ့ယမ်းလိုက်ပြီး သူ့ထိုင်ခုံကို အဆိုပါသူဆီ လိုလိုလားလား ပေးလိုက်တယ်။

သူ ဘယ်လိုစိတ်အရင်းခံရှိလဲဆိုတာ ပြဖို့အတွက် သူက ထိုင်ခုံကို အဲ့လူဆီ သူကိုယ်တိုင် ရွှေ့ပေးလိုက်ပြီး သူ့ရှေ့ကလူနှစ်ယောက်ကို အပစ်ကင်းစင်တဲ့ အပြုံးလေး ပေးလိုက်တယ်။

သူအဲ့တာကိုပြောပြီးနောက် မျက်လုံးစောင်းစောင်းနဲ့လူရဲ့ ပုံစံက အရင်ကလောက် သိပ် မစူပုပ်နေတော့ချေ။ အဲ့လူက သူ အဲ့အချိန်တုန်းက အရမ်းဒေါသထက်နေခဲ့တာကြောင့ လူအများကြားထဲ မစဉ်းစားမဆင်ချင်ပဲ ပြောခဲ့လိုက်တာဖြစ်တယ်၊ အခု သူလုပ်ခဲ့တဲ့လုပ်ရပ်အပေါ် နောင်တရနေပြီဖြစ်တယ်။ ဖုန့်ရှီ သူ့ကို ကူညီလိုက်တာကြောင့် ဒီကောင်လေးအပေါ် စတင် စိတ်ကောင်းဝင်လာစတောင် ပြုလာတယ်။ ဒါပေမဲ့ သူက ချင်းဟိုင်ကိုတော့ စူးစူးရဲရဲ ကြည့်နေဆဲပဲဖြစ်တယ်။

ချင်းဟိုင်က အတော်လေး စိတ်မကောင်းဖြစ်နေပေမဲ့ ဘယ်လိုပြန်ဖြေရှင်းရမှန်း သူမသိ။ ကံကောင်းတာက ဒီဖြစ်ရပ် အကျယ်အကျယ် မဖြစ်သွားခင်မှာပဲ​ဖုန့်ရှီက ကူညီလိုက်တယ်။ အစိမ်းရောင် ငရဲသား အသင်းအဖွဲ့က ထိပ်တန်းအရာရှိတွေသာ ဒီကိစ္စကို သိသွားကြမယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်အားလုံးကို သူခံရမှာဖြစ်တယ်။ အခုတော့ ကောင်လေးက ပိုပြီး ချစ်ဖို့ကောင်းလာမှန်း သူ သိသွားတယ်။

စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က ဖုန့်ရှီနောက်ကျောဘက်မှာ ရယ်မောရင်းနဲ့ လေထဲ ဆက်လက် ပျံဝဲနေကြတယ်။

ဖုန့်ရှီက ဘယ်လိုတောင် ထက်မြက်တဲ့ကောင်လေးများလဲ! 'သခင့်ရဲ့ ဟန်ဆောင်စွမ်းရည်က ပိုပို ကောင်းလာတယ်! ငရဲမင်းကြီးကို ကျေးဇူးတင်တယ်!'

"ဟမ့်!"

မျက်လုံးစောင်းစောင်းနဲ့လူက သူ့လက်ထဲက လျောက်လွှာစာရွက်ကို ခါလိုက်ပြီး ချင်းဟိုင်ကို နှာမှုတ်လိုက်တယ်။ အဲ့နောက် သူက ဖုန့်ရှီကို အရင်ကထက် ပိုကောင်းလာတဲ့ သဘောထားနဲ့အတူ ကြည့်လိုက်တယ်။ ကောင်လေးက သူ့ကို ထိုင်ခုံတစ်လုံး ကမ်းပေးလိုက်တာကြောင့် သူက ဒီတိုင်းပဲ ဆွဲယူလိုက်ပြီး ဖုန့်ရှီကို ပြောရင်း ထိုင်ချလိုက်တယ်၊

"ဘာလဲ...မင်းရဲ့..."

သူက 'နာမည်'ဆိုတဲ့ စကားလုံးကို မရေရွတ်နိုင်ခင်မှာပဲ နောက်ထပ် ကျိုးပဲ့သွားသံ ထပ်ပေါ်လာပြန်တယ်။ မျက်လုံးစောင်းစောင်းနဲ့လူက လူတိုင်းရဲ့ရှေ့မှာ ထိုင်ခုံပေါ်ကနေ ထပ်ပြုတ်ကျသွားပြန်တယ်! ဘယ်လိုတောင် အဖြစ်ဆိုးရတာလဲ!

20211016; 1057

—————————— Zawgyi —————————

အပိုင္း ၆၀။ အကဲျဖတ္မွု ()

ေကာင္ေလးက အဲ့အမ်ိဳးသားရဲ့ ထိုင္ခုံမွာ ထိုင္လိုက္တဲ့အခ်ိန္မွာ အေၾကာင္းတစ္စုံတစ္ရာေၾကာင့္ ခန္းမတစ္ခုလုံး တိတ္က်သြားျပန္တယ္။

မ်က္စိေစာင္းေစာင္းနဲ႔လူက သူ႔ႏွုတ္ခမ္းသူ မတြန္႔မိေအာင္ အတင္းႀကိဳးစားလိုက္တယ္။ အဲ့ေနာက္ သူက ေကာင္ေလးကို ေလသံျပတ္ျပတ္နဲ႔ ေျပာလိုက္တယ္၊ "သခင္ေလး၊ သခင္ေလးထိုင္ေနတာ ကၽြန္ေတာ့ထိုင္ခုံ။ ဒီမွာ သခင္ေလးဟာ။" သူ႔မ်က္ႏွာေပၚက ေၾကာက္စရာအမူအယာကို အနည္းငယ္ ေလ်ာ့ေအာင္ လုပ္လိုက္ရင္း သူက တံခါးေဘးနားက ထိုင္ခုံကို ညႊန္ျပလိုက္တယ္။

ဖုန္ေတြနဲ႔ထိုင္ခုံကို ဖုန္႔ရွီ တစ္ခ်က္ ၾကည့္လိုက္တယ္။ ေထာင့္မွာ ထားထားတယ္ဆိုကတည္းက အဲ့တာက က်ိဳးေနတာ ျဖစ္ရမယ္၊ ဒါမွမဟုတ္ သုံးလို႔ မရေတာ့တာ ျဖစ္ရမယ္။ ဖု႔န္ရွီက အဲ့လူဆီက မေကာင္းတဲ့ ရည္ရြယ္ခ်က္အရိပ္အေငြ႕မ်ိဳး ရထားဖူးတာကို သတိရသြားေတာ့ အဲ့လူေျပာတဲ့အတိုင္း မလုပ္နိုင္ဘူးဆိုတာ သူပိုေသခ်ာသြားတယ္။ ဖုန္႔ရွီ အခုေလးတင္ လုပ္ခဲ့လိုက္တာက ဒါ့ေၾကာင့္ပါပဲ။ ေနာက္ဆုံးေတာ့ ဖုန္႔ရွီဟာ အေတာ္ပါးနပ္လာၿပီျဖစ္လို႔ က်ိဳးေနတာ သူသိေနတဲ့ထိုင္ခုံတစ္ခုကို သူ လုံးဝထိုင္မွာမဟုတ္ဘူးေလ။ အဲ့ဒီ့မ်က္လုံးေစာင္းေစာင္းနဲ႔လူက ဖုန္႔ရွီကို မသိနားမလည္တဲ့ေကာင္ေလးလို႔ မွတ္ယူၿပီး အရွက္ကြဲေစခ်င္ေနတာ အသိသာႀကီးပဲ။ အဲ့တာကို ေတြးမိေတာ့ ဖုန္႔ရွီက ေတာက္ေတာက္ပပ ျပဳံးလိုက္ၿပီး ေျပာလိုက္တယ္၊ "ရပါတယ္၊ ကၽြန္ေတာ္ ဒီမွာပဲ ထိုင္လိုက္မယ္။ ခင္မ်ားက အဲ့ဖက္က ထိုင္ခုံမွာထိုင္နိုင္ပါတယ္!"

အဲ့တာကို ၾကားေတာ့ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ဖုန္႔ရွီက သူ႔ရည္ရြယ္ရင္းကို ထြင္းေဖာက္ သိျမင္ေနလို႔မ်ားလားဆိုၿပီး ခ်က္ခ်င္းပဲ ေတြးမိသြားတယ္။

အဲ့လူရဲ့ အစီအစဥ္က မေအာင္ျမင္ခဲ့ေပမဲ့ သူ႔မ်က္ႏွာေပၚမွာေတာ့ ဘယ္လို အဆင္မေျပျဖစ္ေနတဲ့လကၡဏာ တစ္ခုမွ မျပခဲ့။ အဲ့အစား သူ႔ေခါင္းကို ပုတ္လိုက္ရင္း တစ္ခုခုကို သေဘာေပါက္သြားဟန္ ေဆာင္လိုက္ၿပီး ေျပာလိုက္တယ္၊ "အိုး... ငါ အရမ္း နေမာ္နမဲ့နိုင္တာပဲ။ ဒီခုံက ေထာင့္မွာ အၾကာႀကီး ရွိေနခဲ့တာ။ ဖုန္ေတြနဲ႔ခုံတစ္ခုံအေပၚ စခင္ေလးကို ငါ ဘယ္လိုမ်ား ေနရာခ်ေပးနိုင္ရတာလဲ! သူတို႔ကို ေနာင္ထိုင္ခုံ ႏွစ္လုံး သြားသယ္ခိုင္းလိုက္မယ္။"

အဲ့တာကို ေျပာရင္း သူတို႔နဲ႔မလွမ္းမကန္းမွာ စားပြဲနဲ႔ ထိုင္ခုံ သန္႔ရွင္းေရးလုပ္ေနတဲ့ ဝန္ထမ္းကို မ်က္စပစ္ျပလိုက္တယ္။

အဲ့လူ ဘာလုပ္ခ်င္တယ္ဆိုတာ ေကာင္းေကာင္းသေဘာေပါက္တဲ့ ဟိုတစ္ေယာက္ကလည္း အတြင္းထဲ ေျပးဝင္သြားၿပီး ထိုင္ခုံ ႏွစ္ခုံ ခ်က္ခ်င္း ယူလာတယ္။ ထိုင္ခုံႏွစ္ခုလုံးက အသစ္ေတြလို႔ ထင္ရေပမဲ့ မ်က္စိရွင္တဲ့ဘယ္သူမဆို ျမင္နိုင္တာကေတာ့ တစ္ခုံက မသိမသာ ရည္ရြယ္ခ်က္ရွိရွိ က်ိဳးေနတာ ျဖစ္တယ္။

အခု ျဖစ္သြားတာက ဇေဝဇဝါျဖစ္ေနၾကတဲ့ တက္ေရာက္လာသူ လူအားလုံးကို အလန္႔တၾကားနဲ႔ မ်က္လုံးေတြ ျပဴးသြားေစတယ္။

ဘာျဖစ္သြားခဲ့လဲဆိုတာ ျမင္ေတြ႕သြားၾကၿပီးေနာက္ အစိမ္းေရာင္ ငရဲသား အသင္းအဖြဲ႕က လူေတြက ေငြေရာင္က်ား စီးလာခဲ့တဲ့ ေကာင္ေလးအေပၚ ခက္ခဲေအာင္ လုပ္ခ်င္ေနၾကတာ ဆိုတာ လူတိုင္း သိသြားၾကတယ္။ အစိမ္းေရာင္ ငရဲသား အသင္းအဖြဲ႕အေပၚ ေကာင္ေလး ဘယ္လို ေစာ္ကားရန္စမိလို႔လည္းေတာ့ သူတို႔ မသိၾကေပမဲ့ ေပ်ာ္စရာေကာင္းတာကို ၾကည့္ၾကဖို႔ အခြင့္အေရးကိုေတာ့ သူတို႔ေတြ လြတ္မသြားခ်င္ၾကဘူး။ အဲ့ေနာက္မွာေတာ့ တက္ေရာက္လာၾကသူေတြအားလုံး သူတို႔မ်က္လုံးေတြ ျပဴးေနေအာင္ ဖြင့္ထားၿပီး ေကာင္ေလး ဘယ္လိုေတြ အ႐ူးလုပ္ခံရမလဲဆိုတာ ၾကည့္ဖို႔ ျပင္ဆင္ထားၾကတယ္။

စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ကလည္း တစ္ခုခု မွားေနမွန္း အေတာ္ၾကာၾကာကတည္းက သိၿပီး ျဖစ္တာေၾကာင့္ အဲ့လူေတြရဲ့ ရည္ရြယ္ခ်က္ကို သတိျပဳၾကတယ္။

နတ္ဘုရားႏွစ္ပါးက သူတို႔သခင္အေပၚ ဘယ္လိုမေကာင္းတာမ်ိဳးမွ အျဖစ္ခံမွာမဟုတ္။ ဒါ့အျပင္ ဦးေလးျဖဴနဲ႔ ငရဲမင္းႀကီးတို႔ကလည္း ေကာင္ေလးကို ဒီကို တစ္ေယာက္တည္း ပို႔လိုက္တာက ေကာင္ေလး သူ႔ဖာသူ နာမည္ရေအာင္ လုပ္ခြင့္ျပဳဖို႔အတြက္သာ ျဖစ္တယ္ဆိုတာ ရွင္းတယ္။

အဲ့အခ်ိန္မွာ ခ်င္းမင္ယြိက ဖုန္႔ရွီကို အစိမ္းေရာင္ ငရဲသား အမဲလိုက္အဖြဲ႕ကို မဝင္ခိုင္းဖို႔ တိုက္တြန္းခဲ့ေပမဲ့ ဘုရင္ႀကီးရဲ့ အမိန္႔ကို နာခံခဲ့ရတာေၾကာင့္ ခ်င္းမင္ယြိက အဲ့အေပၚ အာဃာတ ထားခဲ့တယ္။

အဲ့တာေၾကာင့္ ဖုန္႔ရွီကို အရွက္ရေအာင္ လုပ္ဖို႔ ႀကိဳးစားေနၾကတဲ့အဲ့လူေတြဟာ ခ်င္းမင္ယြိရဲ့ ေသြးထိုးလွုံ႔ေဆာင္မွုေၾကာင့္ လုပ္ေနၾကတာဆိုတာ ျမင္နိုင္တယ္၊ အဲ့လိုမွမဟုတ္ရင္ ဖုန္႔ရွီရဲ့ ထူးျခားတဲ့ ျဖစ္တည္မွု ဝိေသသကို သိၿပီးျဖစ္လ်က္နဲ႔ ဖုန္႔ရွီကို လွည့္စားရဲၾကမွာမဟုတ္။ အဆုံးမေတာ့ အဲ့လူေတြဟာ ခ်င္းမင္ယြိက သူတို႔ရဲ့ေက်ာေထာက္ေနာက္ခံ ရွိေနတာ ျဖစ္တာေၾကာင့္ ဘာမွမေၾကာက္။

တကယ္လု႔ ဖုန႔္ရွီသာ သူ႔က်င့္ႀကံမွု မတိုးတက္ခဲ့ဘူးဆိုရင္ ဒီအရာေတြကို ရွင္းထုတ္နိုင္မွာမဟုတ္ေပ။

ဒါေပမဲ့ အခု အရာရာဟာ မတူေတာ့ဘူ။ ဖုန္႔ရွီက သူ႔က်င့္ႀကံမွု အဆင့္ျမင့္ကို ေရာက္ေန႐ုံမကဘူး၊ စာအုပ္နတ္ဘုရား ေျပာျပခဲ့တဲ့ ခ်င္းမင္ယြိရဲ့ လ်ိဳ႕ဝွက္ခ်က္ကိုပါ သူမွတ္မိေနခဲ့တယ္။ 'အစိမ္းေရာင္ ငရဲသားအသင္းအဖြဲ႕ကို အုပ္ခ်ဳပ္တာက ခ်င္းမင္ယြိ။ ငါ့အေနာက္မွာ ငါ့ေခါင္းေဆာင္ ရွိတယ္ဆိုတာ သိၿပီးျဖစ္ကတည္းက ငါလာမယ္ဆိုတာလည္း သူသိရမယ္။ အခု သူ ခုထိ ငါ့ကို လာမႏွုတ္ဆက္ေသးဘူး၊ သူ႔မွာ လ်ိဳ႕ဝွက္အစီအစဥ္တစ္ခုရွိတယ္ဆိုတာ ရွင္းေနတယ္။' ဖုန္႔ရွီ ေတြးလိုက္တယ္။

ဖု႔န္ရွီ စိတ္ကို ရွင္းရွင္းထားၿပီး အေၾကာင္းအရာ တစ္ခုလုံးရဲ့ ေၾကာင္းက်ိဳးကို တြက္ခ်က္နိုင္တယ္ဆိုတာ အရမ္းရွားတယ္။ အဲ့တာကို ေတြးမိေတာ့ သူက ကံဆိုးမွုနတ္ဘုရားကို မ်က္စပစ္ျပလိုက္တယ္။ ကံဆိုးမွုနတ္ဘုရားက ဖုန္႔ရွီေၾကာင့္ သူ႔ရဲ့ ႏွစ္ေသာင္းခ်ီ က်င့္ႀကံမွုကို ဆုံးရွုံးခဲ့ရေပမဲ့ အဲ့ကံဆိုးမွုက တကယ္ေတာ့ သူဆီကို ဖုံးကြယ္ထားတဲ့ ေကာင္းခ်ီးတစ္ခုအေနနဲ႔ ေရာက္လာခဲ့တာျဖစ္တယ္။ ကံဆိုးမွုနတ္ဘုရား ကမၻာ့သစ္သီးကို စားၿပီးေနာက္မွာေတာ့ သူ႔ရဲ့ အရင္က်င့္ႀကံမွုရဲ့ တစ္ဝက္ေက်ာ္ေက်ာ္ကို ျပန္ရရွိၿပီး ျဖစ္ၿပီး ေနာက္ဆုံးေတာ့ စကားလည္း ေျပာနိုင္ၿပီ ျဖစ္တယ္။ ဘာပိုသလဲဆိုေတာ့ သူ႔ကိုယ္ထဲက စြမ္းအင္က ပိုၿပီးေတာင္ သန္႔စင္လာတာေၾကာင့္ ဆႏၵျပဳလိုက္႐ုံနဲ႔ ကံဆိုးမွုပညာရပ္ကို သူထုတ္သုံးနိုင္ၿပီျဖစ္တယ္။

ကံဆိုးမွုနတ္ဘုရားက ဖုန္႔ရွီနဲ႔ေနရတာဟာ သူတစ္ေယာက္တည္း တိုက္ေနရာထက္ အမ်ားႀကီးပိုေကာင္းတယ္ဆိုတာ သေဘာေပါက္ၿပီးေနာက္မွာေတာ့ ေနာက္ဆုံးေတာ့ ဖုန႔္ရွီကို ခစားဖို႔ ဆႏၵရွိလာတယ္၊ ဘာလို႔လည္းဆိုေတာ့ အနာဂတ္မွာ အခြင့္အလန္းႀကီးေတြန႔ ေကာင္းခ်ီးေပးခံရမယ္ဆိုတဲ့ ခံစားခ်က္ သူ႔မွာ ရွိသြားလို႔ျဖစ္တယ္။ အက်ိဳးဆက္အေနနဲ႔ ဖုန႔္ရွီရဲ့ မ်က္လုံးထဲက အမူအယာကို ျမင္ၿပီး ကံဆိုးမွုနတ္ဘုရားက သူ႔ကိုယ္သူ အားႀကီးတဲ့ နတ္ဘုရားတစ္ပါးအေနနဲ႔ ျပဖို႔ အခြင့္အလန္း ရၿပီဆိုတာ သိလိုက္တယ္။

ဖု႔န္ရွီက ဘာအမိန္႔မွ မေပးခင္ ကံဆိုးမွုနတ္ဘုရားက ထိုင္ခုံအေကာင္းမွာ သူ႔ကိုယ္သူ တြယ္ကပ္လို္ကတယ္။

တခ်ိန္တည္းမွာပဲ ဖုန္႔ရွီထိုင္ေနတဲ့ ထိုင္ခုံက ဖုန္ေတြေပေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဆြဲအယူခံလိုက္ရၿပီး အသစ္လို႔ထင္ရတဲ့ အျခားထိုင္ခုံတစ္ခုကို သူ႔ဆီ ယူလာေပးတယ္။ အဲ့ေနာက္မွာေတာ့ မ်က္လုံးေစာင္းေစာင္းနဲ႔လူက ဖုန္႔ရွီကို ထိုင္ဖို႔ ယဥ္ယဥ္ေက်းေက်း ေတာင္းဆိုလိုက္တယ္။ ဖုန္႔ရွီသာ သူတို႔ရဲ့ ထူးဆန္းတဲ့ မ်က္လုံးျခင္း အခ်က္ျပမွုကို မမိသြားခဲ့ဘူးဆိုရင္ ဒီ အစိမ္းေရာင္ ငရဲသား အသင္းအဖြဲ႕က လူေတြက သူ႔ကို ေကာင္းေကာင္းဆက္ဆံတယ္လို႔ သူ တကယ္ကို ယူဆမိမွာ။

အခုပဲ ဖုန္႔ရွီက သူတို႔မ်က္ႏွာေပၚက သူေတာ္ေကာင္း ေယာင္ေဆာင္ အျပဳံးနဲ႔ လူႏွစ္ေယာက္ကို ၾကည့္လိုက္ၿပီး၊ အဲ့ေနာက္ မ်က္လုံးေစာင္းေစာင္းနဲ႔လူေဘးက ထိုင္ခုံကိုပါ ၾကည့္လိုက္တယ္။ ေကာင္ေလးရဲ့ မ်က္လုံးက တစ္ခုခု ထပ္ျဖစ္လာေတာ့မယ့္အလား ေတာက္ပေနတယ္။

အဲ့လူရဲ့ မ်က္ခြံက ရွုံ႔တြန္႔သြားၿပီး သူက ေကာင္ေလးက သူ႔ထိုင္ခုံကို ထပ္ယူလိုက္မွာစိုးတာေၾကာင့္ လူတိုင္း သူတို႔ရဲ့ သတိစြဲၿပီး ေနေနတာကို ေလ်ာ့က်သြားေစတဲ့ ေႏြးေထြးတဲ့ အျပဳံးတစ္ပြင့္ ေပးရင္း ထိုင္ခုံကို သူ႔အေနာက္ဘက္ ခ်က္ခ်င္း ပို႔လိုက္တယ္။ အဲ့ေနာက္ သူက ထိုင္ခုံေပၚ ထိုင္ရင္း ေျပာလိုက္တယ္၊ "သခင္ေလး၊ ေက်းဇူးျပဳၿပီး ထိုင္ပါ။"

ဖုန္႔ရွီက သူ႔ကို ေႏြးေထြးတဲ့အျပဳံးတစ္ပြင့္ ျပန္ေပးလိုက္ၿပီး ထိုင္ခ်လိုက္တယ္။

လူတိုင္းက အဲ့ေကာင္ေလး ခံရေတာ့မွာကို ျမင္ရဖို႔ ေမၽွာ္လင့္ထားၾကတဲ့အတိုင္း ႐ုတ္တရက္ ထိတ္လန္႔ဖြယ္ ျဖစ္ရပ္တစ္ခု ျဖစ္သြားတယ္။ မ်က္လုံးေစာင္းေစာင္းနဲ႔လူက 'အာ့' လို႔ ေအာ္ရင္း ေနာက္ျပန္လဲက်သြားတယ္။ ေနာက္တစ္စကၠန္႔မွာပဲ ထိုင္ခုံက က်ိဳးပဲ့အက္ကြဲသံနဲ႔အတူ တစ္စစီ ကြဲေၾကသြားတယ္။ မ်က္လုံးေစာင္းေစာင္းနဲ႔လူက သစ္သားအက်ိဳးအပဲ့အေပၚ ႐ုပ္ပ်က္ဆင္းပ်က္ အေနအထားနဲ႔ လဲက်သြားၿပီး ရင္လွိုက္သည္းလွိုက္ အတြင္းထဲကေန ငိုေနေတာ့တယ္။

ဒါကေတာ့ လူတိုင္းမေမၽွာ္လင့္ထားခဲ့တာပါပဲ!

လဲက်သင့္တဲ့တစ္ေယာက္ျဖစ္တဲ့ ေကာင္ေလးကေတာ့ ထိုင္ခုံပၚမွာ ျမဲျမဲၿမံၿမံ ထိုင္ေနတယ္။ ဆန္႔က်င့္ဘက္အေနနဲ႔ လုံးဝ အဆင္ေခ်ာေနသင့္တဲ့ မ်က္လုံးေစာင္းေစာင္းနဲ႔လူက လူအားလုံးေရွ႕မွာ သူ႔ကိုယ္သူ အ႐ူးျဖစ္သြားရတယ္။ ဒီအခိုက္အတန္႔နဲ႔ သူ အတန္ၾကာ ေနရမွာျဖစ္တယ္။

အျခားသူေတြအေပၚ လွည့္စားဖို႔ ႀကိဳးစားခဲ့တဲ့သူကေတာ့ သူ႔ဖာသူပဲ အရွက္ရသြားရတယ္။ အဲ့လို မေမၽွာ္လင့္ပဲ ဒရမ္မာဆန္ဆန္ အေျပာင္းအလဲေၾကာင့္ လူတိုင္း ေၾကာင္အမ္းသြားၾကတယ္။

ခန္းမထဲ တခဏ တိတ္သြားၿပီးေနာက္ လူအုပ္ႀကီးက ႐ုတ္တရက္ ထၿပီး ရယ္ပြဲက်သြားၾကတယ္! အဲ့တာ တကယ္ကို အရမ္းရီစရာေကာင္းတာပဲ!

ခ်င္းဟိုင္လို႔ ေခၚတဲ့ ဝန္ထမ္းက မူးမိုက္သြားကာ မ်က္လုံးျပဴး မ်က္ဆန္ျပဴးနဲ႔ ျဖစ္ပ်က္သြားတဲ့အေပၚ

You are reading the story above: TeenFic.Net