49. Tree of the World

Background color
Font
Font size
Line height

အပိုင်း ၄၉။ ကမ္ဘာ့သစ်ပင်

အဲ့ကတည်းက ဖုန့်ရှီ သန်မာအောင် အပြင်းအထန် ကြိုးစားတော့တာပဲလား?

လုံးဝပဲ၊ နေသာ အနောက်က ထွက်သွားမယ်။

ကျင့်ကြံတဲ့အခန်းထဲမှာ အထီးကျန်နေရတာကို တစ်ရက်တောင် သည်းမခံနိုင်ဘူး။ အကျိုးဆက်အနေနဲ့ သူ အခန်းထဲက ထွက်လိုက်တာနဲ့ ငရဲမင်းကြီးနဲ့ တည့်တည့်တိုးတော့တာပဲ။

ဘုရင်ကြီးက ဖုန့်ရှီရဲ့ မေးစေ့ကို ပင့်မလိုက်ပြီး နူးနူးညံ့ညံ့လေး ပြောလိုက်တယ်။ "အပြင်  ထပ်ထွက်ချင်ပြန်ပြီလား"

ဖုန့်ရှီ ဘုရင်ကြီးရဲ့ အကြည့်အောက်မှာ အရှက်ရသွားတဲ့ ခံစားချက် ဖြစ်သွားပြီး ချက်ချင်းပဲ ရှက်သွေးဖြန်းသွားတယ်။ သူ ညာရင် ဘုရင်ကြီး သိနေမှာပဲ ဆိုတာ သူ သိတယ်၊ ဒါ့ကြောင့် အမှန်အတိုင်းပဲ ပြောလိုက်ရတယ်၊ "ကျွန်တော့ခန္ဓာကိုယ်က တောင့်တင်းနေတယ်။ ကျွန်တော် တကယ်ကို ဘာမှ မယူထည့်နိုင်တော့ဘူး။"

ဘုရင်ကြီးက ကောင်လေးရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တော့ ကောင်လေးရဲ့ သွေးကြောတွေထဲမှာ တကယ်ပဲ စိတ်ဝိညာဉ်စွမ်းအင်တွေ ပြည့်နေတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဖုန့်ရှီရဲ့ အဲ့ဒီ့သွေးကြောတွေဟာ အရင်တုန်းက အလွန်ကျဉ်းနေခဲ့တာဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင်နဲ့ ဆေးကြောသန့်စင်ပြီးတဲ့အခါမှာ သတ်မှတ်ချက် ရောက်တဲ့အထိ ချဲ့လာတာ ဖြစ်တယ်။ ပိုတာက ဖုန့်ရှီရဲ့ ကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေက အမြင့်ဆုံးအထိကို ဂိတ်ဆုံး ချုံ့ထားတာဖြစ်တယ်၊ ပြီးတော့ သူ့ဆဲလ်တွေတောင်မှ ချုံ့ထားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြည့်နေပြီ ဖြစ်တယ်။ သူ ဆက်ပြီးသာ ကျင့်ကြံနေမယ်ဆိုရင် နောက်တစ်ဆင့်ကို မတက်ရောက်ဘဲ သူ ပေါက်ကွဲထွက်သွားမှာ ဖြစ်တယ်။

ဖုန့်ရှီ အစားအစာမဟုတ်တဲ့ တစ်ခုခုက သူ့အစာအိမ်ထဲ ပြည့်နေသလိုမျိုး သူ့ကိုယ်သူ ပြည့်အင့်နေတယ်လို့ခံစားရပြီး အချိန်ပြည့် နားမနေနိုင် ဖြစ်နေတာ အံဩစရာတော့ မဟုတ်။

တကယ်လို့ ဘုရင်ကြီးသာ ဒီအတိုင်း ဆက်သွားခိုင်းမယ်ဆိုရင် ဘုံသုံးဘုံမှာ စိတ်ဝိညာဉ်စွမ်းအင် အပြည့်လွန်ပြီး သေတဲ့သူဆိုလို့ ဖုန့်ရှီ ပထမဆုံးပဲ ဖြစ်သွားမယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့များပြားလှတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့အတူ ဖုန့်ရှီ သူ့ကျင့်ကြံဆင့်ကို ကဆုန်ပေါက် ခုန်တိုးသွားနိုင်မှာ ဖြစ်ပြီး သိမ်မွေ့နက်နဲတဲ့ ကောင်းကင်နယ်ပယ် အဆင့်ကိုးကို တိုက်ရိုက် ရောက်တောင် ရောက်နိုင်တယ်။

ဖုန့်ရှီရဲ့ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်လမ်းကနေ ရွှေရောင်အလင်း ကျန်ခဲ့တာကြောင့် သူ့စိတ်ဝိညာဉ်စွမ်းအင်တွေဟာ အခြားသူတွေနဲ့မတူဘဲ ပိုသန့်စင်တယ်၊ ပိုသိပ်သည်းတယ်၊ ရွှေရောင်အလင်း ထုတ်လွှတ်တယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ ကောင်းကင်လမ်းရဲ့ စီးဝင်မှုကို သိရှိခံစားနိုင်မယ်ဆိုရင် သူ့ကျင့်ကြံမှုမှာ တိုးတက်စေမယ့် အားကြိီးတဲ့ လှုံဆော်မှု တွန်းအားတစ်ခု ရှိလိမ့်မှာ ဖြစ်တယ်။

"နောက်ကလိုက်ခဲ့"

ငရဲမင်းကြီးက ဖုန့်ရှီရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးနေတာကို ရပ်လိုက်တယ်။ ကောင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ဒီအဆင့်အထိကို ချုံ့ထားတာဖြစ်ကတည်းက သူ့မှာ နောက်တစ်ဆင့် တက်ရောက်နိုင်မယ့်အချိန် ရောက်ပြီ ဖြစ်တယ်။

ဖုန့်ရှီက သူ ကျင့်ကြံမှုအခန်းထဲ​ ထိုင်နေဖို့ မလိုသ၍ ဘယ်ပဲဖြစ်ဖြစ် သွားဖို့ ဆန္ဒရှိတယ်။ အဲ့တာကြောင့် သူ့ခေါင်းဆောင်က သူ့ကို အပြင် ခေါ်ထုတ်တော့မယ်ဆိုတာ ကြားကြားလိုက်ခြင်း ဘုရင်ကြီးနောက်ကို တုန့်ဆိုင်းမှုမရှိဘဲ ချက်ချင်း လိုက်သွားလိုက်တယ်။

သူတို့တွေ လမ်းမတလျောက် လမ်းလျောက်နေစဉ်မှာ ဖုန့်ရှီက သူ့ပတ်ဝန်းကျင်က ရှုခင်းတွေက အတော်ကို မရင်းနှီးနေမှန်း သူ့ကိုယ်သူ သတိထားမိသွားတယ်။ သူ ကောင်းကင်ထွတ်ထိပ်နန်းတော်ကို အတော် နှံ့နှံ့စပ်စပ် သိနေပြီလို ထင်ခဲ့တာ။ ဒီလို ထူးခြားဆန်းပြားတဲ့ နေရာမျိုး သူ တခါမှ မရောက်ခဲ့ဖူးဘူး။ အခု သူ အိမ်မက်ကမ္ဘာထဲ လမ်းလျောက်နေသလို ခံစားသွားရတယ်။

အစိမ်းရောင် မိုးမခပင်တို့ဟာ ငြင်သာစွာ လေပြေမှာ ယိမ်းထိုးနေကြတယ်။ ဖုန့်ရှီရဲ့ ပါးပြင်ကို လာတို့ထိနေတဲ့ သစ်ကိုင်းတွေဟာလည်း တကယ့် အစစ်တွေလို ခံစားရပြီး ပိုးသားလို အလွန့်အလွန် နူးညံ့နေတယ်။ သစ်ပင်ရဲ့ အနံ့တစ်ခုက သူ့ကို အလွန့်အလွန် သာယာပျော်ရွှင်စေပြီး သူ့ပြည့်ပြည့်အင့်အင့်ကြီး ဖြစ်နေတာတောင် လျော့သွားသလို ခံစားလိုက်ရတယ်။

ဒါကတော့ အစိမ်းရောင်ကမ္ဘာပဲ ဖြစ်တယ်။ သူတို့တွေ လေတိုက်နေတဲ့ လမ်းပေါ် လျောက်နေစဉ် သစ်ရွက်တွေရဲ့ ပွတ်တိုက်သံတွေနဲ့ ဘယ်ကမှန်းမသိတဲ့ ရေစီးဆင်းသံတွေ ကြားရကြတယ်။ သူတို့ လမ်းလျောက်တိုင်းမှာ အစိမ်းရောင်သစ်ရွက်တွေ သူတို့ရဲ့ ခြေထောက်အောက်မှာ ပုံပုံလာတယ်။ ဖုန့်ရှီက သစ်ရွက်တွေ သူတို့ တက်နင်းမိလို့ တစ်ချွတ်ချွတ်မြည်သံတောင် သူကြားနိုင်တယ်။

ငရဲမင်းကြီးင ဖုန့်ရှီကို လမ်းကျဉ်းထဲ ဦးဆောင် ခေါ်သွားတော့ သူတို့ပတ်ဝန်းကျင်က ရှုခင်းက ရုတ်တရက် ပြောင်းသွားတယ်။

အစိမ်းရောင်ရှုခင်းက အဖြူအမည်း ကမ္ဘာတစ်ခုအဖြစ် ပြောင်းသွားတယ်။ အနက်ရောင်က အရှေ့ကို ပြန့်သွားတာနဲ့အမျှ ဘုရင်ကြီးနဲ့ ဖုန့်ရှီဟာ ဆေးသုတ်ပန်းချီကား တစ်ချပ်ထဲမှာ လမ်းလျောက်နေသလို သူတို့ရဲ့ ပတ်ပတ်လည်က ရှုခင်းက မှုန်ဝါးနေပြီး ထင်ယောင်မှားစေတယ်။

လှပတဲ့ ရှုခင်းထဲ နစ်မြုပ်လုနီးနီး ဖြစ်သွားတဲ့ ဖုန့်ရှီက တကယ်တော့ အလွန်ကို သတိရှိရှိ ဖြစ်နေတယ်။ သူတို့သွားမယ့်နေရာကို တော်တော်ကြာတဲ့အထိ မတွေ့ရနိုင်သေးတော့ မနေနိုင်တော့ဘဲ မေးလိုက်တယ်၊

"ခေါင်းဆောင်၊ ကျွန်တော်တို့ ရောက်ပြီလား၊ မရောက်သေးဘူးလား?"

ဒါပေမဲ့ သူအဲ့တာပြောပြီး နောက်တစ်စက္ကန့်မှာပဲ နေရာတိုင်းကနေ မရပ်မနား ပဲ့တင်သံတွေ ဖုန့်ရှီရဲ့ နားထဲ လွှမ်းမိုးသွားတယ်။

အဲ့တာကို မခံနိုင်တော့တဲ့အချိန်မှာပဲ သူတို့အရှေ့မှာ ကြီးမားတဲ့ အနက်ရောင် တံခါးတစ်ခု ပေါ်လာတယ်။

မြင့်မားတဲ့ တံခါးဟာ ထာဝရ ခိုင်ခန့်တည်မြဲနေတာကို ဖော်ညွှန်းနေပြီး ခန်းနားလွန်းတာကြောင့် ကြည့်ရသူအဖို့ ရှိန်လောက်တဲ့ ခံစားမှုကို ပေးစွမ်းနေပါတယ်။ တံခါးက ဖြည်းဖြည်းလေး ပွင့်သွားသလို ဖုန့်ရှီရဲ့ ဘေးပတ်လည် ကမ္ဘာလောကကြီးကလည်း ရုတ်ချည်း ပြောင်းလဲသွားပါတယ်။ သူ့ခြေထောက်အောက်က လမ်းကလည်း အရှိန်ပြင်းပြင်းနဲ့ နောက်ပြန်သွားနေတာနဲ့အတူ ကျဉ်းမြောင်းတဲ့ အနက်ရောင်လမ်းကြားလေးက တဖြည်းဖြည်း မှေးမှိန်လာပြီး နောက်ဆုံးမှာတော့ အနက်ရောင်အစက်အပြောက်လေးသာ ပြောင်းသွားတော့တယ်။

ဖုန့်ရှီမှာ အဲ့တာတွေကို အာရုံဝင်စားဖို့ အချိန်မရှိ၊ ဘာလို့လဲဆိုတော့ တံခါးနောက်က ရှုခင်းက သူ့ကို အပြည့်အဝကို ဆွဲဆောင်လိုက်တာ ခံလိုက်ရလို့ပဲ ဖြစ်တယ်။

မြင့်မားတဲ့ သစ်ပင်ကြီးက မတ်မတ်ကြီး ရှည်နေပြီး ခန်းနားတဲ့ ရဲတိုက်ကြီးအလား မိုးမျှော်အောင် ထောင်မတ်နေတယ်။ ယှက်ဖြာနေတဲ့ အမြစ်တွေ၊ အဖုအထစ်တွေရှိနေတဲ့ အကိုင်းအခတ်တွေနဲ့အတူ တုတ်ခိုင်နေတဲ့ ပင်စည်ကြီးက တိမ်အထိ ထောင်ထောင်မတ်မတ် ထိုးထွက်နေပုံမှာ ကောင်းကင်ကို ဖောက်ထွက်နေတဲ့အလား၊ တိမ်တွေနဲ့ ခြံရံထားခြင်း ခံနေရတာကြောင့် အတော်ကို မပီပြင် ဝိုးတဝါးဟန် အပြည့်နှင့်ပင်? ဖုန့်ရှီက သစ်ပင်နဲ့ အလှမ်းဝေးနေပေမဲ့ အရမ်း ခန်းနားနေမှန်း သူ တွေ့နေရတယ်။

"ဒီသစ်ပင်ကို ကမ္ဘာ့သစ်ပင်လို့ ခေါ်တယ်။ သစ်ရွက်နှစ်ရွက်တိုင်း နှစ်ရွက်တိုင်းကြားက သစ်သီးတွေက ကမ္ဘာသစ်ပင်ရဲ့ အနှစ်သာရပဲ၊ အဲ့တာကို ကမ္ဘာသစ်သီး လို့လည်း ခေါ်ကြတယ်။ သစ်သီးရဲ့ လုပ်ဆောင်ချက်တွေထဲက တစ်ခုက လူတွေကို နောက်တဆင့် တက်နိုင်အောင် ကူညီပေးတယ်၊ အဲ့တာက မင်းရဲ့ အခုအခြေအနေနဲ့ အလွန်သင့်တော်တယ်။"

ဘုရင်ကြီးက ရှေးကျတဲ့ ကမ္ဘာသစ်ပင်ကို အဝေးကနေ ကြည့်လိုက်တယ်။

အခုလောလောဆယ်၊ လှိုင်းတံပိုးပုံစံနဲ့ စွမ်းအားလေလှိုင်းတွေကို သစ်ပင်ကနေ ထုတ်လွှတ်နေတယ်။ ဖုန့်ရှီက သူ့နားထဲ ရှေးဟောင်းခေါင်းလောင်း မြည်ဟီးသံ ကြားနေရသလို ခံစားလိုက်ရပြီး၊ အဲ့တာက သူ့ကို မူးဝေစေကာ အိပ်မောတောင် ကျချင်သွားရတယ်။

ကမ္ဘာသစ်ပင်ရဲ့ လေလှိုင်းတွေက ဖုန့်ရှီကိုယ်ခန္ဓာထဲက ရွှေရောင်အလင်းတို့နဲ့ ပုံတူးပွါးပဲ့တင်ထပ်နေပုံ ရတယ်။ ရွှေရောင်အလင်းက တဖြည်းဖြည်း သန်မာလာတာနဲ့အမျှ စိတ်ကူးလေလှိုင်းတွေကလည်း သူတို့ရဲ့ သဘာဝရန်သူနဲ့ ထိပ်တိုက်တွေ့လိုက်ရတဲ့အလား ချက်ချင်းပဲ နောက်ဆုတ်သွားကြတယ်။ အဲ့နောက်မှာတော့ သစ်ပင်က ပြန်လည် တည်ငြိမ်လာပြီး အတော်အတည်တကျ ဖြစ်သွားပုံမှာ ခုလေးတင် ဖြစ်ပျက်သွားတာက ဖုန့်ရှီရဲ့ စိတ်ကူးအတွေးထဲက ပုံရိပ်သပ်သပ်အလားပင်။

"ခေါင်းဆောင်၊ ကျွန်တော်စားဖို့အတွက် သစ်သီးကို ကောက်ချင်လို့လား?"

"ဟုတ်တယ်။" ငရဲမင်းကြီးက ကမ္ဘာ့သစ်ပင်ကို အာရုံမရှိဟန်အကြည့်နဲ့ကြည့်ရင်း တိုတိုဖြေလိုက်တယ်၊ ကြည့်ရတာ တစ်ခုခုတွေးနေပုံပင်။

တချိန်လုံး ရွေ့လျားနေတဲ့ ဒီသစ်ပင်ကို ရှာဖို့ဆိုတာ ဘယ်လောက်ခက်မှန်း ဖုန့်ရှီ မသိ။ ဘုရင်ကြီးက ဖုန့်ရှီကို သူ့စိတ်ဝိညာဉ်စွမ်းအင် ကျင့်ကြံဖို့အတွက်သာ အတင်းအကြပ် စေခိုင်းပြီး နောက်တဆင့် ချိုးဖျက်နိုင်ဖို့အတွက်ကိုတော့ ဘေးဖယ်ထားတာ ဖြစ်တယ်၊ ဘာလို့လဲဆိုတော့ ဖုန့်ရှီ ကမ္ဘာ့သစ်ပင်ကနေ စွမ်းအင်တွေ သူစုပ်ယူနိုင်သလောက် ခပ်များများ စုပ်ယူစေလိုတာ ဖြစ်တယ်။ ကမ္ဘာ့သစ်သီးရဲ့ စွမ်းအင်က ဖုန့်ရှီကိုယ်ထဲက ရွှေရောင်စိတ်ဝိညာဉ်စွမ်းအင်ကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်တယ်။ အဲ့လိုဆိုရင် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို တိုက်ရိုက်ရောက်ဖို့က ဖုန့်ရှီအတွက် ပြဿနာ မဟုတ်တော့ပေ။

ကမ္ဘာ့သစ်ပင်ဟာ တစ်စက္ကန့်မှာ အကြိမ်ပေါင်း သန်းပေါင်း ရာနဲ့ချီ ရွေ့လျားနေတာ ဖြစ်တယ်။ အလွန့်အလွန်ကို မြင့်မားတဲ့ ကြိမ်နှုန်းကြောင့် ဘယ်သူတစ်ဦးတစ်ယောက်မှ ခုချိန်ထိ သစ်ပင်ကို ရပ်တန့်ဖို့တောင် မလုပ်နိုင်ခဲ့ကြချေ၊ သစ်ပင်ပေါ်က သစ်သီးကို ခူးဖို့ကတော့ ပြောစရာပင်မလိုတော့။

20211009; 0617

—————————— Zawgyi —————————

အပိုင္း ၄၉။ ကမၻာ့သစ္ပင္

အဲ့ကတည္းက ဖုန္႔ရွီ သန္မာေအာင္ အျပင္းအထန္ ႀကိဳးစားေတာ့တာပဲလား?

လုံးဝပဲ၊ ေနသာ အေနာက္က ထြက္သြားမယ္။

က်င့္ႀကံတဲ့အခန္းထဲမွာ အထီးက်န္ေနရတာကို တစ္ရက္ေတာင္ သည္းမခံနိုင္ဘူး။ အက်ိဳးဆက္အေနနဲ႔ သူ အခန္းထဲက ထြက္လိုက္တာနဲ႔ ငရဲမင္းႀကီးနဲ႔ တည့္တည့္တိုးေတာ့တာပဲ။

ဘုရင္ႀကီးက ဖုန္႔ရွီရဲ့ ေမးေစ့ကို ပင့္မလိုက္ၿပီး ႏူးႏူးညံ့ညံ့ေလး ေျပာလိုက္တယ္။ "အျပင္  ထပ္ထြက္ခ်င္ျပန္ၿပီလား"

ဖုန္႔ရွီ ဘုရင္ႀကီးရဲ့ အၾကည့္ေအာက္မွာ အရွက္ရသြားတဲ့ ခံစားခ်က္ ျဖစ္သြားၿပီး ခ်က္ခ်င္းပဲ ရွက္ေသြးျဖန္းသြားတယ္။ သူ ညာရင္ ဘုရင္ႀကီး သိေနမွာပဲ ဆိုတာ သူ သိတယ္၊ ဒါ့ေၾကာင့္ အမွန္အတိုင္းပဲ ေျပာလိုက္ရတယ္၊ "ကၽြန္ေတာ့ခႏၶာကိုယ္က ေတာင့္တင္းေနတယ္။ ကၽြန္ေတာ္ တကယ္ကို ဘာမွ မယူထည့္နိုင္ေတာ့ဘူး။"

ဘုရင္ႀကီးက ေကာင္ေလးရဲ့ ခႏၶာကိုယ္ကို စစ္ေဆးလိုက္ေတာ့ ေကာင္ေလးရဲ့ ေသြးေၾကာေတြထဲမွာ တကယ္ပဲ စိတ္ဝိညာဥ္စြမ္းအင္ေတြ ျပည့္ေနတယ္ဆိုတာ ေတြ႕လိုက္ရတယ္။ ဖုန္႔ရွီရဲ့ အဲ့ဒီ့ေသြးေၾကာေတြဟာ အရင္တုန္းက အလြန္က်ဥ္းေနခဲ့တာျဖစ္ၿပီး စိတ္ဝိညာဥ္စြမ္းအင္နဲ႔ ေဆးေၾကာသန္႔စင္ၿပီးတဲ့အခါမွာ သတ္မွတ္ခ်က္ ေရာက္တဲ့အထိ ခ်ဲ႕လာတာ ျဖစ္တယ္။ ပိုတာက ဖုန္႔ရွီရဲ့ ကိုယ္ထဲက စိတ္ဝိညာဥ္စြမ္းအင္ေတြက အျမင့္ဆုံးအထိကို ဂိတ္ဆုံး ခ်ဳံ႕ထားတာျဖစ္တယ္၊ ၿပီးေတာ့ သူ႔ဆဲလ္ေတြေတာင္မွ ခ်ဳံ႕ထားတဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြနဲ႔ ျပည့္ေနၿပီ ျဖစ္တယ္။ သူ ဆက္ၿပီးသာ က်င့္ႀကံေနမယ္ဆိုရင္ ေနာက္တစ္ဆင့္ကို မတက္ေရာက္ဘဲ သူ ေပါက္ကြဲထြက္သြားမွာ ျဖစ္တယ္။

ဖုန္႔ရွီ အစားအစာမဟုတ္တဲ့ တစ္ခုခုက သူ႔အစာအိမ္ထဲ ျပည့္ေနသလိုမ်ိဳး သူ႔ကိုယ္သူ ျပည့္အင့္ေနတယ္လို႔ခံစားရၿပီး အခ်ိန္ျပည့္ နားမေနနိုင္ ျဖစ္ေနတာ အံဩစရာေတာ့ မဟုတ္။

တကယ္လို႔ ဘုရင္ႀကီးသာ ဒီအတိုင္း ဆက္သြားခိုင္းမယ္ဆိုရင္ ဘုံသုံးဘုံမွာ စိတ္ဝိညာဥ္စြမ္းအင္ အျပည့္လြန္ၿပီး ေသတဲ့သူဆိုလို႔ ဖုန္႔ရွီ ပထမဆုံးပဲ ျဖစ္သြားမယ္။

ဘယ္လိုပဲျဖစ္ျဖစ္ သူ႔ရဲ့မ်ားျပားလွတဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြနဲ႔အတူ ဖုန္႔ရွီ သူ႔က်င့္ႀကံဆင့္ကို ကဆုန္ေပါက္ ခုန္တိုးသြားနိုင္မွာ ျဖစ္ၿပီး သိမ္ေမြ႕နက္နဲတဲ့ ေကာင္းကင္နယ္ပယ္ အဆင့္ကိုးကို တိုက္ရိုက္ ေရာက္ေတာင္ ေရာက္နိုင္တယ္။

ဖုန္႔ရွီရဲ့ ခႏၶာကိုယ္ထဲမွာ ေကာင္းကင္လမ္းကေန ေရႊေရာင္အလင္း က်န္ခဲ့တာေၾကာင့္ သူ႔စိတ္ဝိညာဥ္စြမ္းအင္ေတြဟာ အျခားသူေတြနဲ႔မတူဘဲ ပိုသန္႔စင္တယ္၊ ပိုသိပ္သည္းတယ္၊ ေရႊေရာင္အလင္း ထုတ္လႊတ္တယ္။ တကယ္လို႔ တစ္ေယာက္ေယာက္ကသာ ေကာင္းကင္လမ္းရဲ့ စီးဝင္မွုကို သိရွိခံစားနိုင္မယ္ဆိုရင္ သူ႔က်င့္ႀကံမွုမွာ တိုးတက္ေစမယ့္ အားႀကိီးတဲ့ လွုံေဆာ္မွု တြန္းအားတစ္ခု ရွိလိမ့္မွာ ျဖစ္တယ္။

"ေနာက္ကလိုက္ခဲ့"

ငရဲမင္းႀကီးက ဖုန္႔ရွီရဲ့ ခႏၶာကိုယ္ကို စစ္ေဆးေနတာကို ရပ္လိုက္တယ္။ ေကာင္ေလးရဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြက ဒီအဆင့္အထိကို ခ်ဳံ႕ထားတာျဖစ္ကတည္းက သူ႔မွာ ေနာက္တစ္ဆင့္ တက္ေရာက္နိုင္မယ့္အခ်ိန္ ေရာက္ၿပီ ျဖစ္တယ္။

ဖုန္႔ရွီက သူ က်င့္ႀကံမွုအခန္းထဲ​ ထိုင္ေနဖို႔ မလိုသ၍ ဘယ္ပဲျဖစ္ျဖစ္ သြားဖို႔ ဆႏၵရွိတယ္။ အဲ့တာေၾကာင့္ သူ႔ေခါင္းေဆာင္က သူ႔ကို အျပင္ ေခၚထုတ္ေတာ့မယ္ဆိုတာ ၾကားၾကားလိုက္ျခင္း ဘုရင္ႀကီးေနာက္ကို တုန္႔ဆိုင္းမွုမရွိဘဲ ခ်က္ခ်င္း လိုက္သြားလိုက္တယ္။

သူတို႔ေတြ လမ္းမတေလ်ာက္ လမ္းေလ်ာက္ေနစဥ္မွာ ဖုန္႔ရွီက သူ႔ပတ္ဝန္းက်င္က ရွုခင္းေတြက အေတာ္ကို မရင္းႏွီးေနမွန္း သူ႔ကိုယ္သူ သတိထားမိသြားတယ္။ သူ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ကို အေတာ္ ႏွံ့ႏွံ့စပ္စပ္ သိေနၿပီလို ထင္ခဲ့တာ။ ဒီလို ထူးျခားဆန္းျပားတဲ့ ေနရာမ်ိဳး သူ တခါမွ မေရာက္ခဲ့ဖူးဘူး။ အခု သူ အိမ္မက္ကမၻာထဲ လမ္းေလ်ာက္ေနသလို ခံစားသြားရတယ္။

အစိမ္းေရာင္ မိုးမခပင္တို႔ဟာ ျငင္သာစြာ ေလေျပမွာ ယိမ္းထိုးေနၾကတယ္။ ဖုန္႔ရွီရဲ့ ပါးျပင္ကို လာတို႔ထိေနတဲ့ သစ္ကိုင္းေတြဟာလည္း တကယ့္ အစစ္ေတြလို ခံစားရၿပီး ပိုးသားလို အလြန္႔အလြန္ ႏူးညံ့ေနတယ္။ သစ္ပင္ရဲ့ အနံ့တစ္ခုက သူ႔ကို အလြန္႔အလြန္ သာယာေပ်ာ္ရႊင္ေစၿပီး သူ႔ျပည့္ျပည့္အင့္အင့္ႀကီး ျဖစ္ေနတာေတာင္ ေလ်ာ့သြားသလို ခံစားလိုက္ရတယ္။

ဒါကေတာ့ အစိမ္းေရာင္ကမၻာပဲ ျဖစ္တယ္။ သူတို႔ေတြ ေလတိုက္ေနတဲ့ လမ္းေပၚ ေလ်ာက္ေနစဥ္ သစ္ရြက္ေတြရဲ့ ပြတ္တိုက္သံေတြနဲ႔ ဘယ္ကမွန္းမသိတဲ့ ေရစီးဆင္းသံေတြ ၾကားရၾကတယ္။ သူတို႔ လမ္းေလ်ာက္တိုင္းမွာ အစိမ္းေရာင္သစ္ရြက္ေတြ သူတို႔ရဲ့ ေျခေထာက္ေအာက္မွာ ပုံပုံလာတယ္။ ဖုန္႔ရွီက သစ္ရြက္ေတြ သူတို႔ တက္နင္းမိလို႔ တစ္ခၽြတ္ခၽြတ္ျမည္သံေတာင္ သူၾကားနိုင္တယ္။

ငရဲမင္းႀကီးင ဖုန္႔ရွီကို လမ္းက်ဥ္းထဲ ဦးေဆာင္ ေခၚသြားေတာ့ သူတို႔ပတ္ဝန္းက်င္က ရွုခင္းက ႐ုတ္တရက္ ေျပာင္းသြားတယ္။

အစိမ္းေရာင္ရွုခင္းက အျဖဴအမည္း ကမၻာတစ္ခုအျဖစ္ ေျပာင္းသြားတယ္။ အနက္ေရာင္က အေရွ႕ကို ျပန္႔သြားတာနဲ႔အမၽွ ဘုရင္ႀကီးနဲ႔ ဖုန္႔ရွီဟာ ေဆးသုတ္ပန္းခ်ီကား တစ္ခ်ပ္ထဲမွာ လမ္းေလ်ာက္ေနသလို သူတို႔ရဲ့ ပတ္ပတ္လည္က ရွုခင္းက မွုန္ဝါးေနၿပီး ထင္ေယာင္မွားေစတယ္။

လွပတဲ့ ရွုခင္းထဲ နစ္ျမဳပ္လုနီးနီး ျဖစ္သြားတဲ့ ဖုန္႔ရွီက တကယ္ေတာ့ အလြန္ကို သတိရွိရွိ ျဖစ္ေနတယ္။ သူတို႔သြားမယ့္ေနရာကို ေတာ္ေတာ္ၾကာတဲ့အထိ မေတြ႕ရနိုင္ေသးေတာ့ မေနနိုင္ေတာ့ဘဲ ေမးလိုက္တယ္၊

"ေခါင္းေဆာင္၊ ကၽြန္ေတာ္တို႔ ေရာက္ၿပီလား၊ မေရာက္ေသးဘူးလား?"

ဒါေပမဲ့ သူအဲ့တာေျပာၿပီး ေနာက္တစ္စကၠန္႔မွာပဲ ေနရာတိုင္းကေန မရပ္မနား ပဲ့တင္သံေတြ ဖုန္႔ရွီရဲ့ နားထဲ လႊမ္းမိုးသြားတယ္။

အဲ့တာကို မခံနိုင္ေတာ့တဲ့အခ်ိန္မွာပဲ သူတို႔အေရွ႕မွာ ႀကီးမားတဲ့ အနက္ေရာင္ တံခါးတစ္ခု ေပၚလာတယ္။

ျမင့္မားတဲ့ တံခါးဟာ ထာဝရ ခိုင္ခန္႔တည္ျမဲေနတာကို ေဖာ္ညႊန္းေနၿပီး ခန္းနားလြန္းတာေၾကာင့္ ၾကည့္ရသူအဖို႔ ရွိန္ေလာက္တဲ့ ခံစားမွုကို ေပးစြမ္းေနပါတယ္။ တံခါးက ျဖည္းျဖည္းေလး ပြင့္သြားသလို ဖုန္႔ရွီရဲ့ ေဘးပတ္လည္ ကမၻာေလာကႀကီးကလည္း ႐ုတ္ခ်ည္း ေျပာင္းလဲသြားပါတယ္။ သူ႔ေျခေထာက္ေအာက္က လမ္းကလည္း အရွိန္ျပင္းျပင္းနဲ႔ ေနာက္ျပန္သြားေနတာနဲ႔အတူ က်ဥ္းေျမာင္းတဲ့ အနက္ေရာင္လမ္းၾကားေလးက တျဖည္းျဖည္း ေမွးမွိန္လာၿပီး ေနာက္ဆုံးမွာေတာ့ အနက္ေရာင္အစက္အေျပာက္ေလးသာ ေျပာင္းသြားေတာ့တယ္။

ဖုန္႔ရွီမွာ အဲ့တာေတြကို အာ႐ုံဝင္စားဖို႔ အခ်ိန္မရွိ၊ ဘာလို႔လဲဆိုေတာ့ တံခါးေနာက္က ရွုခင္းက သူ႔ကို အျပည့္အဝကို ဆြဲေဆာင္လိုက္တာ ခံလိုက္ရလို႔ပဲ ျဖစ္တယ္။

ျမင့္မားတဲ့ သစ္ပင္ႀကီးက မတ္မတ္ႀကီး ရွည္ေနၿပီး ခန္းနားတဲ့ ရဲတိုက္ႀကီးအလား မိုးေမၽွာ္ေအာင္ ေထာင္မတ္ေနတယ္။ ယွက္ျဖာေနတဲ့ အျမစ္ေတြ၊ အဖုအထစ္ေတြရွိေနတဲ့ အကိုင္းအခတ္ေတြနဲ႔အတူ တုတ္ခိုင္ေနတဲ့ ပင္စည္ႀကီးက တိမ္အထိ ေထာင္ေထာင္မတ္မတ္ ထိုးထြက္ေနပုံမွာ ေကာင္းကင္ကို ေဖာက္ထြက္ေနတဲ့အလား၊ တိမ္ေတြနဲ႔ ၿခံရံထားျခင္း ခံေနရတာေၾကာင့္ အေတာ္ကို မပီျပင္ ဝိုးတဝါးဟန္ အျပည့္ႏွင့္ပင္? ဖုန္႔ရွီက သစ္ပင္နဲ႔ အလွမ္းေဝးေနေပမဲ့ အရမ္း ခန္းနားေနမွန္း သူ ေတြ႕ေနရတယ္။

"ဒီသစ္ပင္ကို ကမၻာ့သစ္ပင္လို႔ ေခၚတယ္။ သစ္ရြက္ႏွစ္ရြက္တိုင္း ႏွစ္ရြက္တိုင္းၾကားက သစ္သီးေတြက ကမၻာသစ္ပင္ရဲ့ အႏွစ္သာရပဲ၊ အဲ့တာကို ကမၻာသစ္သီး လို႔လည္း ေခၚၾကတယ္။ သစ္သီးရဲ့ လုပ္ေဆာင္ခ်က္ေတြထဲက တစ္ခုက လူေတြကို ေနာက္တဆင့္ တက္နိုင္ေအာင္ ကူညီေပးတယ္၊ အဲ့တာက မင္းရဲ့ အခုအေျခအေနနဲ႔ အလြန္သင့္ေတာ္တယ္။"

ဘုရင္ႀကီးက ေရွးက်တဲ့ ကမၻာသစ္ပင္ကို အေဝးကေန ၾကည့္လိုက္တယ္။

အခုေလာေလာဆယ္၊ လွိုင္းတံပိုးပုံစံနဲ႔ စြမ္းအားေလလွိုင္းေတြကို သစ္ပင္ကေန ထုတ္လႊတ္ေနတယ္။ ဖုန္႔ရွီက သူ႔နားထဲ ေရွးေဟာင္းေခါင္းေလာင္း ျမည္ဟီးသံ ၾကားေနရသလို ခံစားလိုက္ရၿပီး၊ အဲ့တာက သူ႔ကို မူးေဝေစကာ အိပ္ေမာေတာင္ က်ခ်င္သြားရတယ္။

ကမၻာသစ္ပင္ရဲ့ ေလလွိုင္းေတြက ဖုန္႔ရွီကိုယ္ခႏၶာထဲက ေရႊေရာင္အလင္းတို႔နဲ႔ ပုံတူးပြါးပဲ့တင္ထပ္ေနပုံ ရတယ္။ ေရႊေရာင္အလင္းက တျဖည္းျဖည္း သန္မာလာတာနဲ႔အမၽွ စိတ္ကူးေလလွိုင္းေတြကလည္း သူတို႔ရဲ့ သဘာဝရန္သူနဲ႔ ထိပ္တိုက္ေတြ႕လိုက္ရတဲ့အလား ခ်က္ခ်င္းပဲ ေနာက္ဆုတ္သြားၾကတယ္။ အဲ့ေနာက္မွာေတာ့ သစ္ပင္က ျပန္လည္ တည္ၿငိမ္လာၿပီး အေတာ္အတည္တက် ျဖစ္သြားပုံမွာ ခုေလးတင္ ျဖစ္ပ်က္သြားတာက ဖုန္႔ရွီရဲ့ စိတ္ကူးအေတြးထဲက ပုံရိပ္သပ္သပ္အလားပင္။

"ေခါင္းေဆာင္၊ ကၽြန္ေတာ္စားဖို႔အတြက္ သစ္သီးကို ေကာက္ခ်င္လို႔လား?"

"ဟုတ္တယ္။" ငရဲမင္းႀကီးက ကမၻာ့သစ္ပင္ကို အာ႐ုံမရွိဟန္အၾကည့္နဲ႔ၾကည့္ရင္း တိုတိုေျဖလိုက္တယ္၊ ၾကည့္ရတာ တစ္ခုခုေတြးေနပုံပင္။

တခ်ိန္လုံး ေရြ႕လ်ားေနတဲ့ ဒီသစ္ပင္ကို ရွာဖို႔ဆိုတာ ဘယ္ေလာက္ခက္မွန္း ဖုန္႔ရွီ မသိ။ ဘုရင္ႀကီးက ဖုန္႔ရွီကို သူ႔စိတ္ဝိညာဥ္စြမ္းအင္ က်င့္ႀကံဖို႔အတြက္သာ အတင္းအၾကပ္ ေစခိုင္းၿပီး ေနာက္တဆင့္ ခ်ိဳးဖ်က္နိုင္ဖို႔အတြက္ကိုေတာ့ ေဘးဖယ္ထားတာ ျဖစ္တယ္၊ ဘာလို႔လဲဆိုေတာ့ ဖုန္႔ရွီ ကမၻာ့သစ္ပင္ကေန စြမ္းအင္ေတြ သူစုပ္ယူနိုင္သေလာက္ ခပ္မ်ားမ်ား စုပ္ယူေစလိုတာ ျဖစ္တယ္။ ကမၻာ့သစ္သီးရဲ့ စြမ္းအင္က ဖုန္႔ရွီကိုယ္ထဲက ေရႊေရာင္စိတ္ဝိညာဥ္စြမ္းအင္ကို ထိထိေရာက္ေရာက္ ျမႇင့္တင္ေပးနိုင္တယ္။ အဲ့လိုဆိုရင္ ေကာင္းကင္နတ္ဘုရားနယ္ပယ္အဆင့္ကို တိုက္ရိုက္ေရာက္ဖို႔က ဖုန္႔ရွီအတြက္ ျပႆနာ မဟုတ္ေတာ့ေပ။

ကမၻာ့သစ္ပင္ဟာ တစ္စကၠန္႔မွာ အႀကိမ္ေပါင္း သန္းေပါင္း ရာနဲ႔ခ်ီ ေရြ႕လ်ားေနတာ ျဖစ္တယ္။ အလြန္႔အလြန္ကို ျမင့္မားတဲ့ ႀကိမ္ႏွုန္းေၾကာင့္ ဘယ္သူတစ္ဦးတစ္ေယာက္မွ ခုခ်ိန္ထိ သစ္ပင္ကို ရပ္တန္႔ဖို႔ေတာင္ မလုပ္နိုင္ခဲ့ၾကေခ်၊ သစ္ပင္ေပၚက သစ္သီးကို ခူးဖို႔ကေတာ့ ေျပာစရာပင္မလိုေတာ့။

20211009; 0617

You are reading the story above: TeenFic.Net