အပိုင်း ၅၀။ အကျဉ်းချခြင်းနှင့် အလျော့ပေးခြင်း
ကမ္ဘာ့သစ်ပင်။ အခြားသူတွေက သူ့ကို ရိုသေလေးစားစွာနဲ့ ကြည့်ရုံပဲ တတ်နိုင်ခဲ့ကြတယ်။
ဒါပေမဲ့ အခုအကြိမ်မှာတော့ ငရဲမင်းကြီးက ရွေ့လျားနေတဲ့ သစ်ပင်ကို ဆေးမှင်ရည်ကမ္ဘာထဲ ပိတ်ဆို့ထားလိုက်ပြီး ကောင်းကင်လမ်းရဲ့ အတားအဆီး ပညာရပ်ကို အသုံပြုကာ ကမ္ဘာ့သစ်ပင်ကို ဆေးမှင်ရည်ကမ္ဘာထဲ ထာဝရ ချုပ်နှောင်ထားလိုက်တယ်။
ဆေးမှင်ရည်ကမ္ဘာဆိုတာဟာ ကမ္ဘာ့သစ်ပင် မျိုးစေ့စတည် ပေါက်ရောက်ခဲ့တဲ့ နေရာ ဖြစ်တယ်။ ဒါပေမဲ့ သစ်ပင်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာအကြာကပဲ ဒီကို နောက်ဆုံးအကြိမ် ပြန်ရောက်လာခဲ့တာ ဖြစ်တယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ နောက်တစ်ကြိမ် ပြန်လာမယ်လို့ စိတ်ကူးရှိမိတဲ့ တစ်ချိန်တည်းမှာပဲ ငရဲမင်းကြီးရဲ့ အဖမ်းကို ခံရလိမ့်မယ်လို့ သစ်ပင်ကိုယ်၌ကိုက မမျှော်လင့်ထားခဲ့။ ပိုဆိုးတာက ကမ္ဘာ့သစ်ပင် အကြောက်ဆုံးအရာက ဆေးမှင်ရည်ကမ္ဘာထဲမှာ ကောင်းကင်လမ်းရဲ့ ချုပ်နှောင်ခြင်း ခံရမှာကိုပဲ ဖြစ်တယ်။
သစ်ပင်က သူ့မှာ အသိစိတ်ရှိတယ်။ ကနဦးကတော့ ပြင်းပြင်းထန်ထန် ခုခံနေသေးတယ်၊ ဒါပေမဲ့ ဘုရင်ကြီးက သူ့ကို နာကျင်စေလိုဟန် မရှိကြောင်း သိသွားတဲ့အခါမှာတော့ ရပ်လိုက်ပြီး ဘုရင်ကြီးရဲ့ နောက်တစ်လှမ်းကို စောင့်နေလိုက်တယ်။ ငါးရက်ကြာပြီးနောက် နောက်ဆုံးတော့ ဘုရင်ကြီးက ဆေးမှင်ရည်ကမ္ဘာထဲကို ဒုတိယအကြိမ် ရောက်လာခဲ့တယ်။
သစ်ပင်က ဒီကမ္ဘာထဲမှာ မွေးဖွားလာခဲ့တာ ဖြစ်ပေမဲ့ သူ့ကမ္ဘာထဲကို ဘုရင်ကြီးက လွတ်လွတ်လပ်လပ် ဝင်ရောက်လာတာကို စိတ်ဆိုးခြင်း အလျဉ်းမရှိပေ၊ဘာလို့လည်းဆိုတော့ ဘုရင်ကြီး ဘယ်လောက် စွမ်းအားကြီးတယ်ဆိုတာ ခံစားသိရှိပြီးလို့ ဖြစ်ပါတယ်။
"ဘုရင်မင်းကြီး၊ ကျွန်တော်မျိုးကို ဒီနေရာမှာ ဘာဖြစ်လို့ ချုပ်နှောင်ထားတာပါလဲခင်မျာ?"
အသံက အသက်ကြီးနေဟန်ပေါက်ပြီး ရှေးခေတ်ကလာတဲ့ ပဲ့တင်သံ ပြန်နေသလိုမျိုး အဝေးကနေ လာပုံ ပေါက်နေတယ်။ အသံက ပျံ့လွင့်လာတာနဲ့အမျှ သစ်ပင်ရဲ့ ကြီးမားတဲ့ပင်စည်ဟာလည်း အနည်းငယ် တုန်ခါလာပြီး၊ ရှိန်လောက်တဲ့မူဟန်နဲ့ ခန်းနားတဲ့ လေထုကို ထုတ်ပြနေသလိုပင်။
ဖုန့်ရှီ အဲ့တာကို ကြားလိုက်ရတော့ အဲ့အသံက သစ်ပင်ကလာတာဆိုတာ ချက်ချင်း သဘောပေါက်လိုက်တယ်။ အဲ့နောက် သူ မနေနိုင်တော့ဘဲ ငေးစိုက်ကြည့်လိုက်တယ်။
ဘုရင်ကြီးက သူ့ညာလက်ကို သူ့နောက်ကျောဘက် ထားရင်း ရှေ့ ခြေတစ်လှမ်း တိုးလိုက်တယ်။ သူ့ရဲ့ အရပ်မြင့်မြင့်ပုံသဏ္ဍာန်က ကောင်းကင်ထိနေတဲ့ တောင်လိုနှယ် ဖြစ်နေပြီး၊ ကမ္ဘာ့သစ်ပင်ထက်ပိုပြီးတောင် အုပ်မိုးနေဟန် ပေါ်နေတယ်။ သူ့ခန့်ညားတဲ့ မျက်နှာကို အနည်းငယ် မော့လိုကတော့ သူ့နဖူးပေါ်က ငွေမှင်ရောင်ကျောက်မျက်ကနေ တောက်ပတဲ့ အလင်းတို့ ထွက်လာတယ်။
သူက အလေးမစိုက်ဟန်နဲ့ ပြောလိုက်တယ်၊ ဒါပေမဲ့ လေသံကတော့ ကြောက်သွားစေလောက်တဲ့ လေသံ ဖြစ်တယ်၊ "ငါကိုယ်တော် မင်းရဲ့သစ်သီးကို လိုချင်တယ်။"
"အာလား၊ သေချာပေါက် ရတာပေါ့။"
သစ်ပင်က ညင်ညင်သာသာ သက်ပြင်းချလိုက်တယ်။ အဲ့တာကို သူ ကြိုတင် တွေးထင်ပြီးသားပင်။ ဒါပေမဲ့ ငရဲမင်းကြီးလို လူတစ်ယောက်က သူ့သစ်သီးကို ရဖို့တစ်ခုတည်းနဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးချလိုက်တယ်ဆိုတာ အတော်တော့ အံ့အားသင့်စရာလို့ ခံစားနေရတယ်။ ဘယ်လိုတောင် ဖြုန်းတီးတာလဲ!
သစ်ပင်က ပြောစရာစကားတို့ ပျောက်ရှသွားတယ်။
"မင်းကြီး၊ မင်းကြီးက ကျွန်တော်မျိုးရဲ့ သစ်သီးကို လိုချင်တာက မင်းကြီးအနောက်ပါးက ကောင်းလေးအတွက်လား၊ မှန်ပါသလား? ကျွန်တော်မျိုး သူ့ရဲ့ ကိုယ်ခန္ဓာအခြေအနေကို မြင်ပြီးပါပြီ။ သူ့ကိုယ်ထဲ အဲ့လောက် များပြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ မပေါက်ကွဲသွားသေးတာကို ကျွန်တော်မျိုး အံ့အားသင့်မိပါတယ်။ ဒါပေမဲ့ သူ့ကို နောက်တစ်ဆင့်ကို ရောက်စေချင်ရုံပဲ ဆိုရင်တော့ ကျွန်တော်မျိုးကို ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့တားဆီးစရာ မလိုပါဘူး။ နဂါးမောက်သီးလိုမျိုး အခြားသစ်သီးတွေကိုလည်း သူစားသုံးပြီးတော့ တိုးတက်နိုင်ပါတယ်။ ဘာလို့ မင်းကြီး ဒီလိုလုပ်တာလဲဆိုတာ ကျွန်တော်မျိုး တကယ်ကို နားမလည်နိုင် ဖြစ်ရပါတယ်။"
ကမ္ဘာ့သစ်ပင်က ဒီနေ့ ထူးဆန်းစွာ လျာကြောရှည်နေတယ်၊ ဘာလို့လည်းဆိုတော့ သူ သိပ်ကို ပြင်းပြင်းပြပြ သိချင်နေတာကြောင့်ပဲ ဖြစ်တယ်။
သူ့ရဲ့ ဖြစ်တည်မှုအဆင့်ကို လျစ်လျူရှုပြီး တည့်တိုးပဲ သူ့သံသယကို လွှတ်ခနဲ ပြောလိုက်တယ်။
"မင်း နားမလည်နိုင်ဘူးဆိုကတည်းက မကြိုးစားပါနဲ့။" ပြတ်ပြတ်သားသားပဲ ဘုရင်ကြီးမှာ ဖြေဖို့ စိတ်ကူးမရှိချေ။
"ဟားဟား၊ အရှင်မင်းကြီး၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့ သိချင်စိတ်ကို အစာကျွေးပေးပါ။ ဘာ့ကြောင့်ဆိုတာ ကျွန်တော်မျိုးကို ပြောပြတာနဲ့ ကျွန်တော်မျိုးဆီကနေ လိုချင်သလောက် သစ်သီးတွေ ရယူနိုင်ပါတယ်။ ကျွန်တော်မျိုး မတားဆီးပါဘူး။" အချိန်အကြာကြီး အထီးကျန်ခဲ့ရတဲ့ ကမ္ဘာ့သစ်ပင်က နောက်ဆုံးတော့ ဘုရင်ကြီးရဲ့ တားဆီးရပ်တန့်ခြင်းကို ခံလိုက်ရပြီးနောက် အရမ်းကို စိတ်လှုပ်ရှားနေပြီး စကားတွေ အများကြီး ပြောနေပုံက၊ နှစ်သန်းပေါင်းများစွာ နေထိုင်ခဲ့တဲ့ ရှေးသစ်ပင်ကြီး တစ်ပင် မဟုတ်တဲ့အတိုင်းပင်။
ဘုရင်ကြီးက သစ်ပင်ရဲ့ မေးခွန်းကို မဖြေခင်မှာပဲ ဖုန့်ရှီက သူ့ခေါင်းကို ထုတ်လိုက်ရင်း ပြောလိုက်တယ်။
"မေးစရာကို မလိုဘူး။ ငါ့ခေါင်းဆောင်က ငါ့အတွက် လုပ်ပေးတာ။" ဖုန့်ရှီက ကျေနပ်ပီတိဖြစ်စွာ ပြောလိုက်တယ်။ အဲ့တာက သူ့ရဲ့ အတွေးအစစ်အမှန်ပဲဆိုတာ ရှင်းလင်း နေတယ်။
ကမ္ဘာ့သစ်ပင်က အဘိုးအိုကြီးတစ်ယောက်နဲ့တူတာကို ကြည့်ပြီး ဖုန့်ရှီက အဲ့တာကို လုံးဝ မကြောက်တော့ဘဲ ဘုရင်ကြီးနဲ့ သစ်ပင်ရဲ့ စကားဝိုင်းကို ကြားဖြတ်လိုက်တယ်။
အဲ့တာကို ကြားတော့ သစ်ပင်က ပိုပြီးတောင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားတယ်။ အကြာကြီး နေပြီးနောက် သစ်ပင်က ပြောလိုက်တယ်၊ "သူက တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲ။ သူ့ကို မင်းကြီးက အများကြီး ဂရုစိုက်ပေးနေတယ်ဆိုတာ အံဩဖွယ် မဟုတ်တော့ဘူး။ မင်းကြီး၊ ကျွန်တော်မျိုး အခု နားလည်သွားပြီ။ ရှုပ်ထွေးနေတဲ့ မေးခွန်းတွေရဲ့ အဖြေဟာ အမြဲပဲ ရိုးရှင်းနေတတ်တယ်။ ကျွန်တော်မျိုး ဟိုဟိုဒီဒီ မှန်းဆထင်မြင်ချက်တွေ မလုပ်ခဲ့သင့်ဘူး။ ကောင်လေး၊ မင်းရဲ့ ကံကြမ္မာက တမူထူးခြားနေတယ်၊ ငါတို့က တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ ရေစက်ပါနေတာပဲ။ မင်းတို့နှစ်ယောက်လုံး ငါ့ဆီက သစ်သီးအတွက် လာကြတာဆိုကတည်းက အဲ့တာတွေကို ငါ သိမ်းထားလို့လည်း အသုံးမဝင်ဘူး၊ မင်း အလိုရှိသလောက် များများသာယူ!"
သစ်ပင်ရဲ့ သစ်ကိုင်းတွေက တုန်ယင်သွားပြီး ဘုရင်ကြီးနဲ့ ဖုန့်ရှီတို့ထံ ဆန့်ထုတ်သွားတယ်။ သစ်ပင်ကို အနီးကပ် ကြည့်တဲ့အခါမှ ပိုပြီးတောင် ခမ်းနားနေဟန် ပေါ်နေတယ်။
ဖုန့်ရှီက သစ်ပင်နဲ့ အကြာကြီး အငြင်းပွါးရဦးမယ်လို့ ထင်ခဲ့တာ ဖြစ်တယ်။ ကမ္ဘာ့သစ်ပင်က အဲ့လောက် ရက်ရောပြီး သူ့သစ်သီးတွေကို လွယ်လင့်တကူ ပေးဖို့ သဘောတူလိမ့်မယ်လို့ သူ မထင်ထားခဲ့။
"ခေါင်းဆောင်?" ဖုန့်ရှီက သူ့မျက်ဝန်းထဲ မေးခွန်းတစ်ခုနဲ့အတူ မေးလိုက်တယ်။
"သွားလိုက်" ဘုရင်ကြီးက ခေါင်းညိတ်လိုက်တယ်။
သစ်ပင်က နှစ်ယောက်လုံးကို သစ်သီးတွေပြည့်နေတဲ့ သစ်ကိုင်းဆီ ဖြောင့်ဖြောင့်တန်းတန်း ပို့ဆောင်ပေးလိုက်ရင်း ဘုရင်ကြီးရဲ့ လုပ်မယ့်အလုပ်တွေကို ကယ်တင်လိုက်တယ်။
20211009; 1951
—————————— Zawgyi —————————
အပိုင္း ၅၀။ အက်ဥ္းခ်ျခင္းႏွင့္ အေလ်ာ့ေပးျခင္း
ကမၻာ့သစ္ပင္။ အျခားသူေတြက သူ႔ကို ရိုေသေလးစားစြာနဲ႔ ၾကည့္႐ုံပဲ တတ္နိုင္ခဲ့ၾကတယ္။
ဒါေပမဲ့ အခုအႀကိမ္မွာေတာ့ ငရဲမင္းႀကီးက ေရြ႕လ်ားေနတဲ့ သစ္ပင္ကို ေဆးမွင္ရည္ကမၻာထဲ ပိတ္ဆို႔ထားလိုက္ၿပီး ေကာင္းကင္လမ္းရဲ့ အတားအဆီး ပညာရပ္ကို အသုံျပဳကာ ကမၻာ့သစ္ပင္ကို ေဆးမွင္ရည္ကမၻာထဲ ထာဝရ ခ်ဳပ္ေႏွာင္ထားလိုက္တယ္။
ေဆးမွင္ရည္ကမၻာဆိုတာဟာ ကမၻာ့သစ္ပင္ မ်ိဳးေစ့စတည္ ေပါက္ေရာက္ခဲ့တဲ့ ေနရာ ျဖစ္တယ္။ ဒါေပမဲ့ သစ္ပင္က လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္းမ်ားစြာအၾကာကပဲ ဒီကို ေနာက္ဆုံးအႀကိမ္ ျပန္ေရာက္လာခဲ့တာ ျဖစ္တယ္။ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ သူ ေနာက္တစ္ႀကိမ္ ျပန္လာမယ္လို႔ စိတ္ကူးရွိမိတဲ့ တစ္ခ်ိန္တည္းမွာပဲ ငရဲမင္းႀကီးရဲ့ အဖမ္းကို ခံရလိမ့္မယ္လို႔ သစ္ပင္ကိုယ္၌ကိုက မေမၽွာ္လင့္ထားခဲ့။ ပိုဆိုးတာက ကမၻာ့သစ္ပင္ အေၾကာက္ဆုံးအရာက ေဆးမွင္ရည္ကမၻာထဲမွာ ေကာင္းကင္လမ္းရဲ့ ခ်ဳပ္ေႏွာင္ျခင္း ခံရမွာကိုပဲ ျဖစ္တယ္။
သစ္ပင္က သူ႔မွာ အသိစိတ္ရွိတယ္။ ကနဦးကေတာ့ ျပင္းျပင္းထန္ထန္ ခုခံေနေသးတယ္၊ ဒါေပမဲ့ ဘုရင္ႀကီးက သူ႔ကို နာက်င္ေစလိုဟန္ မရွိေၾကာင္း သိသြားတဲ့အခါမွာေတာ့ ရပ္လိုက္ၿပီး ဘုရင္ႀကီးရဲ့ ေနာက္တစ္လွမ္းကို ေစာင့္ေနလိုက္တယ္။ ငါးရက္ၾကာၿပီးေနာက္ ေနာက္ဆုံးေတာ့ ဘုရင္ႀကီးက ေဆးမွင္ရည္ကမၻာထဲကို ဒုတိယအႀကိမ္ ေရာက္လာခဲ့တယ္။
သစ္ပင္က ဒီကမၻာထဲမွာ ေမြးဖြားလာခဲ့တာ ျဖစ္ေပမဲ့ သူ႔ကမၻာထဲကို ဘုရင္ႀကီးက လြတ္လြတ္လပ္လပ္ ဝင္ေရာက္လာတာကို စိတ္ဆိုးျခင္း အလ်ဥ္းမရွိေပ၊ဘာလို႔လည္းဆိုေတာ့ ဘုရင္ႀကီး ဘယ္ေလာက္ စြမ္းအားႀကီးတယ္ဆိုတာ ခံစားသိရွိၿပီးလို႔ ျဖစ္ပါတယ္။
"ဘုရင္မင္းႀကီး၊ ကၽြန္ေတာ္မ်ိဳးကို ဒီေနရာမွာ ဘာျဖစ္လို႔ ခ်ဳပ္ေႏွာင္ထားတာပါလဲခင္မ်ာ?"
အသံက အသက္ႀကီးေနဟန္ေပါက္ၿပီး ေရွးေခတ္ကလာတဲ့ ပဲ့တင္သံ ျပန္ေနသလိုမ်ိဳး အေဝးကေန လာပုံ ေပါက္ေနတယ္။ အသံက ပ်ံ႕လြင့္လာတာနဲ႔အမၽွ သစ္ပင္ရဲ့ ႀကီးမားတဲ့ပင္စည္ဟာလည္း အနည္းငယ္ တုန္ခါလာၿပီး၊ ရွိန္ေလာက္တဲ့မူဟန္နဲ႔ ခန္းနားတဲ့ ေလထုကို ထုတ္ျပေနသလိုပင္။
ဖုန္႔ရွီ အဲ့တာကို ၾကားလိုက္ရေတာ့ အဲ့အသံက သစ္ပင္ကလာတာဆိုတာ ခ်က္ခ်င္း သေဘာေပါက္လိုက္တယ္။ အဲ့ေနာက္ သူ မေနနိုင္ေတာ့ဘဲ ေငးစိုက္ၾကည့္လိုက္တယ္။
ဘုရင္ႀကီးက သူ႔ညာလက္ကို သူ႔ေနာက္ေက်ာဘက္ ထားရင္း ေရွ႕ ေျခတစ္လွမ္း တိုးလိုက္တယ္။ သူ႔ရဲ့ အရပ္ျမင့္ျမင့္ပုံသ႑ာန္က ေကာင္းကင္ထိေနတဲ့ ေတာင္လိုႏွယ္ ျဖစ္ေနၿပီး၊ ကမၻာ့သစ္ပင္ထက္ပိုၿပီးေတာင္ အုပ္မိုးေနဟန္ ေပၚေနတယ္။ သူ႔ခန္႔ညားတဲ့ မ်က္ႏွာကို အနည္းငယ္ ေမာ့လိုကေတာ့ သူ႔နဖူးေပၚက ေငြမွင္ေရာင္ေက်ာက္မ်က္ကေန ေတာက္ပတဲ့ အလင္းတို႔ ထြက္လာတယ္။
သူက အေလးမစိုက္ဟန္နဲ႔ ေျပာလိုက္တယ္၊ ဒါေပမဲ့ ေလသံကေတာ့ ေၾကာက္သြားေစေလာက္တဲ့ ေလသံ ျဖစ္တယ္၊ "ငါကိုယ္ေတာ္ မင္းရဲ့သစ္သီးကို လိုခ်င္တယ္။"
"အားလား၊ ေသခ်ာေပါက္ ရတာေပါ့။"
သစ္ပင္က ညင္ညင္သာသာ သက္ျပင္းခ်လိုက္တယ္။ အဲ့တာကို သူ ႀကိဳတင္ ေတြးထင္ၿပီးသားပင္။ ဒါေပမဲ့ ငရဲမင္းႀကီးလို လူတစ္ေယာက္က သူ႔သစ္သီးကို ရဖို႔တစ္ခုတည္းနဲ႔ စိတ္ဝိညာဥ္စြမ္းအင္ကို အသုံးခ်လိုက္တယ္ဆိုတာ အေတာ္ေတာ့ အံ့အားသင့္စရာလို႔ ခံစားေနရတယ္။ ဘယ္လိုေတာင္ ျဖဳန္းတီးတာလဲ!
သစ္ပင္က ေျပာစရာစကားတို႔ ေပ်ာက္ရွသြားတယ္။
"မင္းႀကီး၊ မင္းႀကီးက ကၽြန္ေတာ္မ်ိဳးရဲ့ သစ္သီးကို လိုခ်င္တာက မင္းႀကီးအေနာက္ပါးက ေကာင္းေလးအတြက္လား၊ မွန္ပါသလား? ကၽြန္ေတာ္မ်ိဳး သူ႔ရဲ့ ကိုယ္ခႏၶာအေျခအေနကို ျမင္ၿပီးပါၿပီ။ သူ႔ကိုယ္ထဲ အဲ့ေလာက္ မ်ားျပားတဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြ မေပါက္ကြဲသြားေသးတာကို ကၽြန္ေတာ္မ်ိဳး အံ့အားသင့္မိပါတယ္။ ဒါေပမဲ့ သူ႔ကို ေနာက္တစ္ဆင့္ကို ေရာက္ေစခ်င္႐ုံပဲ ဆိုရင္ေတာ့ ကၽြန္ေတာ္မ်ိဳးကို ရည္ရြယ္ခ်က္ရွိရွိ ပိတ္ဆို႔တားဆီးစရာ မလိုပါဘူး။ နဂါးေမာက္သီးလိုမ်ိဳး အျခားသစ္သီးေတြကိုလည္း သူစားသုံးၿပီးေတာ့ တိုးတက္နိုင္ပါတယ္။ ဘာလို႔ မင္းႀကီး ဒီလိုလုပ္တာလဲဆိုတာ ကၽြန္ေတာ္မ်ိဳး တကယ္ကို နားမလည္နိုင္ ျဖစ္ရပါတယ္။"
ကမၻာ့သစ္ပင္က ဒီေန႔ ထူးဆန္းစြာ လ်ာေၾကာရွည္ေနတယ္၊ ဘာလို႔လည္းဆိုေတာ့ သူ သိပ္ကို ျပင္းျပင္းျပၿပ သိခ်င္ေနတာေၾကာင့္ပဲ ျဖစ္တယ္။
သူ႔ရဲ့ ျဖစ္တည္မွုအဆင့္ကို လ်စ္လ်ဴရွုၿပီး တည့္တိုးပဲ သူ႔သံသယကို လႊတ္ခနဲ ေျပာလိုက္တယ္။
"မင္း နားမလည္နိုင္ဘူးဆိုကတည္းက မႀကိဳးစားပါနဲ႔။" ျပတ္ျပတ္သားသားပဲ ဘုရင္ႀကီးမွာ ေျဖဖို႔ စိတ္ကူးမရွိေခ်။
"ဟားဟား၊ အရွင္မင္းႀကီး၊ ေက်းဇူးျပဳၿပီး ကၽြန္ေတာ္မ်ိဳးရဲ့ သိခ်င္စိတ္ကို အစာေကၽြးေပးပါ။ ဘာ့ေၾကာင့္ဆိုတာ ကၽြန္ေတာ္မ်ိဳးကို ေျပာျပတာနဲ႔ ကၽြန္ေတာ္မ်ိဳးဆီကေန လိုခ်င္သေလာက္ သစ္သီးေတြ ရယူနိုင္ပါတယ္။ ကၽြန္ေတာ္မ်ိဳး မတားဆီးပါဘူး။" အခ်ိန္အၾကာႀကီး အထီးက်န္ခဲ့ရတဲ့ ကမၻာ့သစ္ပင္က ေနာက္ဆုံးေတာ့ ဘုရင္ႀကီးရဲ့ တားဆီးရပ္တန္႔ျခင္းကို ခံလိုက္ရၿပီးေနာက္ အရမ္းကို စိတ္လွုပ္ရွားေနၿပီး စကားေတြ အမ်ားႀကီး ေျပာေနပုံက၊ ႏွစ္သန္းေပါင္းမ်ားစြာ ေနထိုင္ခဲ့တဲ့ ေရွးသစ္ပင္ႀကီး တစ္ပင္ မဟုတ္တဲ့အတိုင္းပင္။
ဘုရင္ႀကီးက သစ္ပင္ရဲ့ ေမးခြန္းကို မေျဖခင္မွာပဲ ဖုန္႔ရွီက သူ႔ေခါင္းကို ထုတ္လိုက္ရင္း ေျပာလိုက္တယ္။
"ေမးစရာကို မလိုဘူး။ ငါ့ေခါင္းေဆာင္က ငါ့အတြက္ လုပ္ေပးတာ။" ဖုန္႔ရွီက ေက်နပ္ပီတိျဖစ္စြာ ေျပာလိုက္တယ္။ အဲ့တာက သူ႔ရဲ့ အေတြးအစစ္အမွန္ပဲဆိုတာ ရွင္းလင္းေနတယ္။
ကမၻာ့သစ္ပင္က အဘိုးအိုႀကီးတစ္ေယာက္နဲ႔တူတာကို ၾကည့္ၿပီး ဖုန္႔ရွီက အဲ့တာကို လုံးဝ မေၾကာက္ေတာ့ဘဲ ဘုရင္ႀကီးနဲ႔ သစ္ပင္ရဲ့ စကားဝိုင္းကို ၾကားျဖတ္လိုက္တယ္။
အဲ့တာကို ၾကားေတာ့ သစ္ပင္က ပိုၿပီးေတာင္ ျပင္းျပင္းထန္ထန္ လွုပ္ခါသြားတယ္။ အၾကာႀကီး ေနၿပီးေနာက္ သစ္ပင္က ေျပာလိုက္တယ္၊ "သူက တကယ့္ကို စိတ္ဝင္စားစရာေကာင္းတဲ့ ေကာင္ေလးတစ္ေယာက္ပဲ။ သူ႔ကို မင္းႀကီးက အမ်ားႀကီး ဂ႐ုစိုက္ေပးေနတယ္ဆိုတာ အံဩဖြယ္ မဟုတ္ေတာ့ဘူး။ မင္းႀကီး၊ ကၽြန္ေတာ္မ်ိဳး အခု နားလည္သြားၿပီ။ ရွုပ္ေထြးေနတဲ့ ေမးခြန္းေတြရဲ့ အေျဖဟာ အျမဲပဲ ရိုးရွင္းေနတတ္တယ္။ ကၽြန္ေတာ္မ်ိဳး ဟိုဟိုဒီဒီ မွန္းဆထင္ျမင္ခ်က္ေတြ မလုပ္ခဲ့သင့္ဘူး။ ေကာင္ေလး၊ မင္းရဲ့ ကံၾကမၼာက တမူထူးျခားေနတယ္၊ ငါတို႔က တစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႕ဖို႔ ေရစက္ပါေနတာပဲ။ မင္းတို႔ႏွစ္ေယာက္လုံး ငါ့ဆီက သစ္သီးအတြက္ လာၾကတာဆိုကတည္းက အဲ့တာေတြကို ငါ သိမ္းထားလို႔လည္း အသုံးမဝင္ဘူး၊ မင္း အလိုရွိသေလာက္ မ်ားမ်ားသာယူ!"
သစ္ပင္ရဲ့ သစ္ကိုင္းေတြက တုန္ယင္သြားၿပီး ဘုရင္ႀကီးနဲ႔ ဖုန္႔ရွီတို႔ထံ ဆန္႔ထုတ္သြားတယ္။ သစ္ပင္ကို အနီးကပ္ ၾကည့္တဲ့အခါမွ ပိုၿပီးေတာင္ ခမ္းနားေနဟန္ ေပၚေနတယ္။
ဖုန္႔ရွီက သစ္ပင္နဲ႔ အၾကာႀကီး အျငင္းပြါးရဦးမယ္လို႔ ထင္ခဲ့တာ ျဖစ္တယ္။ ကမၻာ့သစ္ပင္က အဲ့ေလာက္ ရက္ေရာၿပီး သူ႔သစ္သီးေတြကို လြယ္လင့္တကူ ေပးဖို႔ သေဘာတူလိမ့္မယ္လို႔ သူ မထင္ထားခဲ့။
"ေခါင္းေဆာင္?" ဖုန္႔ရွီက သူ႔မ်က္ဝန္းထဲ ေမးခြန္းတစ္ခုနဲ႔အတူ ေမးလိုက္တယ္။
"သြားလိုက္" ဘုရင္ႀကီးက ေခါင္းညိတ္လိုက္တယ္။
သစ္ပင္က ႏွစ္ေယာက္လုံးကို သစ္သီးေတြျပည့္ေနတဲ့ သစ္ကိုင္းဆီ ေျဖာင့္ေျဖာင့္တန္းတန္း ပို႔ေဆာင္ေပးလိုက္ရင္း ဘုရင္ႀကီးရဲ့ လုပ္မယ့္အလုပ္ေတြကို ကယ္တင္လိုက္တယ္။
20211009; 1951
You are reading the story above: TeenFic.Net