အပိုင်း ၃၁။ ယှဥ်ပြိုင်ပွဲကြီးရဲ့ မူလအစ
ဘုံသုံးဘုံရဲ့ ဒီ ခမ်းနားကြီးကျယ်တဲ့ အစည်းအဝေးက တကယ်တော့ ကောင်းကင်ဘုံနဲ့ မိစ္ဆာဘုံတို့မှာ ကျင်းပတာဖြစ်တယ်။ ဆိုလိုတာကတော့ လူ့ဘုံက လူသားတွေက ဖိတ်ကြားမခံရသူတွေ ဖြစ်တယ်။ ဒါပေမဲ့လည်း ဘုံသုံးဘုံ အခမ်းအနားလို့ ခေါ်တာ ကျင့်သားရနေပြီ ဖြစ်တယ်။
တစ်ဆယ်ရာစုတစ်ကြိမ် ကျင်းပတဲ့ ဒီအစည်းအဝေးကို နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက ကြီးမားတဲ့ ယှဉ်ပြိုင်ပွဲလို့လည်း ခေါ်ကြတယ်။ နှစ်တစ်ထောင်မှ တစ်ကြိမ် ဖြစ်တာကြောင့် အခမ်းအနားဟာ မကြုံစဖူး ခမ်းနားလှတယ်။ လှည့်ပတ်သွားလာနေမယ့် များပြားလှတဲ့ နတ်ဘုရားအုပ်စုတွေနဲ့ မိစ္ဆာတွေ အုပ်စုတွေကို မြင်ရမယ့် မြင်ကွင်းဟာ အံ့အားသင့်ဖွယ် ဖြစ်လိမ့်မယ်။
ယှဉ်ပြိုင်ပွဲကြီးကို ဖန်တီးခဲ့ရခြင်းက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားဖြစ်ပွါးခဲ့ဖူးတဲ့ ကြီးကျယ်တဲ့ စစ်ပွဲကြောင့် ဖြစ်တယ်။ ငရဲမင်းကြီးကတော့ အကျိုးဆက်ကို ဖြစ်ပွါးစေတဲ့သူ တစ်ယောက်ဖြစ်တယ်။
နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက ဖြစ်ပွါးခဲ့ စစ်ပွဲဟာ ဘုံသုံးဘုံအတွက် စိတ်ဆင်းရဲမှုက လွဲလို့ ဘာကောင်းကျိုးမှ မရှိခဲ့ပါဘူး။ ငရဲပြည်ဟာ အဲ့ဒီ့စစ်ပွဲမှာ မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ သေဆုံးသွားတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေက များပြားလွန်းလှခဲ့တဲ့အတွက် အပလောကနဲ့ တစ္ဆေလောကတို့ဟာ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကို မကိုင်တွယ်နိုင် ဖြစ်ခဲ့ရပါတယ်။ ဝိညာဉ်ကူးပြောင်း နန်းတော်အရှင်ဆိုရင် သူ့လက်အောက်ငယ်သားဆီ အရာအားလုံးကိုတောင် ထားခဲ့ပြီး ပြဿနာတွေကနေ ဝေးဝေးမှာပဲ နေခဲ့လိုက်ပါတော့တယ်။ နောက်ဆုံးတော့ တစ္ဆေလောကကလည်း ဝိညာဉ်အများကြီးကို မထိန်းသိမ်းထားနိုင်တော့သလို အပလောကရဲ့ ဝိညာဉ်ကူးပြောင်းကြာချိန်ကလည်း အကန့်အသတ်မရှိ တိုးလိုက်ရပါတော့တယ်။ လောက နှစ်ခုကြားက အစီအစဉ်တွေအပေါ်ကို ပြင်းထန်သော အကျိုးသက်ရောက်မှု ခံလိုက်ရပါတယ်။
ရလဒ်အနေနဲ့ ငရဲအမှုထမ်းတွေတင် ညီးညူနေကြတာမဟုတ်တော့ဘဲ သူတို့ရဲ့ ဝိညာဉ်ကူးပြောင်းမှုအတွက် စောင့်နေကြရတဲ့ ဝိညာဉ်တွေကပါ အလွန် ဒေါသထွက်ပြီး မခံမရပ်နိုင် ဖြစ်ခဲ့ကြရတယ်။
နောက်ဆုံးတော့ ဝိညာဉ်တွေနဲ့ ငရဲအမှုထမ်းတွေရဲ့ တိုင်ကြားစာတွေ သူ့နန်းတော်အထိတောင် ရောက်လာခဲ့တဲ့အတွက် ငရဲမင်းကြီး သိရှိသွားခဲ့ရပါတယ်။
ဘုရင်ကြီး လန့်သွားပြီး သူ ဘာမှမလုပ်ဘဲ ထိုင်နေလို့်တော့ မရတော့ဘူးဆိုပြီး ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အဆုံးမရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး အပလောကနဲ့ တစ္ဆေလောကက ဝိညာဉ်အားလုံးကို သူတို့သွားသင့်တဲ့ သက်ဆိုင်တဲ့နေရာကို ပို့ပေးလိုက်တယ်။ အဲ့နောက်မှာတော့ သူက ဆက်လက်ဖြစ်ပွါးနေတဲ့ စစ်ပွဲကို ရပ်တန့်သွားဖို့ ဝင်ရောက် စွက်ဖက်ခဲ့လိုက်တယ်။
ကောင်းကင်ဘုံ ဘုရင်နဲ့ မိစ္ဆာဘုံ ဘုရင်တို့ကလည်း စစ်ပွဲမှာ နှစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပြီး အဲ့တာက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ အာရုံစိုက်မှုများစွာ ဖြစ်ပေါ်သွားစေတယ်။
ဘုရင်နှစ်ပါး တိုက်နေကြတဲ့အချိန် ငရဲမင်းကြီး ပေါ်လာခဲ့တယ်။ အဲ့နောက်မှာတော့ ကောင်းကင်လမ်းကို သုံးကာ ဘုရင်နှစ်ပါးကို စစ်မြေပြင်အပြင်ဖက်ကို ပို့လိုက်ပြီး နှစ်ဦးသဘောတူ ယှဉ်ပြိုင်တိုက်ခိုက်နေကြတာကို အဆုံးသတ်ပေးလိုက်တယ်။ အဲ့ဒီ့အချိန်မှာပဲ ဘဝကို တသီးတသန့် နေတတ်တဲ့ ငရဲမင်းကြီးက ဘယ်လိုတောင် စွမ်းအားကြီးတယ်ဆိုတာကို နတ်ဘုရားတွေအားလုံးနဲ့ မိစ္ဆာတွေ အားလုံး နောက်ဆုံးတော့ သဘောပေါက်သွားကြတယ်။ ငရဲမင်းကြီးက ကောင်းကင်လမ်းကို အလွယ်တကူ အသုံးပြုနိုင်တယ်ဆိုကတည်းက သူ့စွမ်းအားက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအားလုံးရဲ့ အထက်မှာ ရှိရမယ်။
ရလဒ်အနေနဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက စစ်ပွဲကို ရပ်တန့်လိုက်ဖို့ ရုတ်တရက် ပေါ်ထွက်လာတဲ့ ငရဲမင်းကြီးရဲ့ ဒဏ္ဍာရီလာ ပုံပြင်တစ်ပုဒ်ဟာ ဘုံသုံးဘုံအနှံ့ ပျံ့နှံ့သွားပါတော့တယ်။
တစ်ယောက်နဲ့တစ်ယောက်ကြားက ရန်ညှိုးတွေ၊ အာဃာတတွေကြောင့် နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြား တိုက်ခိုက်မှုကို ထာဝရ ရပ်တန့်လို့တော့ မဖြစ်နိုင်ဘူးဆိုတာ သိတဲ့ ငရဲမင်းကြီးက နှစ်တစ်ထောင်မှာ တစ်ကြိမ် ကျင်းပတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေရဲ့ ယှဉ်ပြိုင်ပွဲကြီးကို စီစဉ်ခဲ့ပါတယ်။
ဒါက ယှဉ်ပြိုင်ပွဲကြီး ဖြစ်တာကြောင့် မျက်မြင်သက်သေ ရှိဖို့ လိုပါတယ်။
သက်သေက ငရဲမင်းကြီးကိုယ်တိုင် ဖြစ်ရပါမယ်။ ဒါကတော့ နှစ်တစ်သောင်းအတွင်း သူ ဖိတ်စာ လက်ခံရရှိခဲ့တာ ဆယ်ကြိမ်မြောက် ရှိပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပတုန်းက တစ်ကြိမ်ကိုပဲ သူ တက်ရောက်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယှဉ်ပြိုင်ပွဲကြီးကို နှစ်တစ်သောင်း အပြည့်အဝ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ဖိတ်စာလက်ခံရရှိတော့ ငရဲမင်းကြီး တစ်ခုခုကို စီစဉ်ခဲ့ပါတယ်။
သူ ကောင်လေးကို ခေါ်ပြီး နောက်နှစ်ပေါင်းတစ်ရာအကြာမှာ ကျင်းပမဲ့ ယှဉ်ပြိုင်ပွဲကြီးကို တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲ့နည်းနဲ့ ကောင်လေးက အတွေ့အကြုံတွေ ရလာမယ်၊ ကျယ်ပြောတဲ့ ဘုံသုံးဘုံအကြောင်းနဲ့ အသီးသီးသော အင်အားစုတွေအကြောင်းတို့ကို ပိုပြီး လေ့လာသင်ယူနိုင်မယ်။
"နှစ်တစ်ရာအကြာမှာ ခမ်းနားကြီးကျယ်တဲ့ ပွဲတစ်ခု ရှိလိမ့်မယ်။ မင်း ကိုယ်တော်နဲ့အတူ တက်ရောက်ရမယ်။" ဘုရင်ကြီးက အတွေးရပ်လိုက်ပြီး သလင်းကျောက် စားပွဲပေါ်က ဖိတ်စာကို ကောက်ယူလိုက်တယ်။
စာကို Jiao မှော်သစ်ပင်ရဲ့ အခေါက်ကနေ ပြုလုပ်ထားတာဖြစ်တယ်။ စာကို ရေးသားတဲ့သူက သူ့စိတ်ဝိညာဉ်စွမ်းအားကို ခုန်ပေါက်နိုင်တဲ့ စကားလုံးတွေအဖြစ် ပြောင်းပြီး ရေးသားထားတာဖြစ်တယ်။ ဖတ်သူရဲ့ ရုပ်ပုံကို ရောင်ပြန်ဟပ်စေခြင်းအားဖြင့် စာဖွင့်ဖတ်သူက ဘယ်သူဆိုတာကို မှန်မှန်ကန်ကန် အတည်ပြုပေးနိုင်တယ်။ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း အတည်ပြုပြီးတဲ့အခါမှသာ စာပါအကြောင်းအရာ အားလုံးကို ပြပါလိမ့်မယ်။
ဒါက Jiao မှော်သစ်ပင်က ပြုလုပ်နိုင်တဲ့ အထူးဆန်းဆုံး အရာ ဖြစ်တယ်။ လူသာမာန်တွေကတော့ သူတို့ လျို့ဝှက်သတင်းစကား ပေးပို့ချင်တယ်ဆိုရင် မှော်ပညာရပ်ကိုသာ အသုံးပြုကြပါတယ်။ ဒါပေမဲ့ ဖိတ်စာကို ငရဲမင်းကြီးဆီ ပို့လိုက်တဲ့အခါ ယုတ်မာတဲ့ သူတချို့က ဘုရင်ကြီးအဖြစ် အယောင်ဆောင်မှာကို ပြိုင်ပွဲကျင်းပရေးမှူးက ကြောက်တယ်။ တကယ်လည်း အဲ့လိုဖြစ်ရပ်မျိုး အရင်က ဖြစ်ခဲ့ဖူးတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ နှစ်ပေါင်း ငါးထောင်ကတည်းက ဖိတ်စာတွေအားလုံးကို Jiao မှော်သစ်ပင်ခေါက်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်။
"ခမ်းနားတဲ့ ပွဲတစ်ခု၊ အဲ့တာက ဘာလဲ?" ဖုန့်ရှီ ဖိတ်စာကို ဘုရင်ကြီးဆီက လှမ်းယူလိုက်ပြီး ဖွင့်လိုက်တယ်။ ဒါပေမဲ့ စာထဲမှာ ဘာမှ မရေးထားတာ သူတွေ့လိုက်ရတယ်။
"နှစ်တစ်ထောင်ကို တစ်ကြိမ် ကျင်းပတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြား ယှဉ်ပြိုင်ပွဲ။ အဲ့ပွဲမှာ ကောင်းကင်ဘုံနဲ့ မိစ္ဆာဘုံတို့က ဂုဏ်သရေရှိ မိသားစုဝင်တွေအပါအဝင် နတ်ဘုရားတွေ၊ မိစ္ဆာတွေ အများကြီး လာရောက်လိမ့်မယ်၊ တစ်သီးပုဂ္ဂလ ကျင့်ကြံကြသူတွေလည်း အများကြီး လာကြလိမ့်မယ်။ နှစ်ပေါင်း တစ်ရာအကြာမှာ မင်းအတွက် အတွေ့အကြုံအချို့ ရရှိနိုင်မယ့် အချိန်ကို ရောက်လာလိမ့်မယ်။" ငရဲမင်းကြီးက ရှင်းပြလိုက်တယ်။
"ကောင်းပါပြီ၊ ကျွန်တော် သွားပါမယ်။" ဖုန့်ရှီက 'ဂုဏ်သရေရှိ မိသားစုဝင်များ' ဆိုတဲ့ စကားစုကို ကြားလိုက်ရတော့ တုန့်ဆိုင်းမှုမရှိဘဲ သွားဖို့သဘောတူလိုက်တယ်။
အဲ့မှာ အဖိုးတန်ရတနာတွေ အများကြီးရှိလိမ့်မယ်လို့ သူတွေးလိုက်တယ်။
သူ အရင်ဘဝတုန်းက သူ့အိမ်မက်က တစ်ကမ္ဘာလုံးက အဖိုးတန်ရတနာတွေကို ခိုးယူဖို့ဖြစ်တယ်။ အဲ့အိမ်မက်ကို သူမသေဆုံးခင်မှာ အကောင်အထည် မဖော်နိုင်ခဲ့ဘူ။ အခုတော့ သူ့အိမ်မက်က ဘုံသုံးဘုံလုံးမှာရှိတဲ့ အဖိုးတန်ရတနာတွေကို ခိုးယူဖို့ ဖြစ်သွားပြီ။ ခိုးယူခြင်းဆိုတာ သူ့သက်တမ်းတလျောက်လုံး လုပ်ဆောင်သွားမယ့် အရာဖြစ်တယ်။ သူဟာ ကြီးကျယ်တဲ့ သူခိုးမာစတာတစ်ယောက်ဆိုတာကို ဘုံသုံးဘုံက လူအားလုံး မြင်သိစေရမယ်လေ! ဟား ဟား ဟား!
ကောင်လေး တဖြည်းဖြည်းနဲ့ အလွန်ပျော်ရွှင်လာတာကို မြင်တော့ ဘုရင်ကြီး လုံးဝကို မအံ့ဩတော့ပါဘူး။
"ဒီနှစ်တစ်ရာ အတောအတွင်း မှော်လူသားနယ်ပယ် အဆင့်ကို မင်း မကျော်ဖြတ်နိုင်မချင်း နန်းတော်ထဲမှာပဲ နေရမယ်။ ဦးလေးဖြူ မင်းကို စည်းကမ်းတွေ သတ်မှတ်ပြီး ဆုံးမတာကို မလိုချင်ဘူးဆိုတော့ ကိုယ်တော်ကိုယ်တိုင် မင်းကို သင်ပေးမယ်။" ကောင်လေး သူ့အတွေးနဲ့ သူ ပျော်နေတဲ့အချိန်မှာ ငရဲမင်းကြီးက အဲ့စကားလုံးတွေကို ရေရွတ်လိုက်တယ်။
ကျေနပ်အားရနေတဲ့ ကောင်လေးရဲ့ မျက်နှာပေါ်က အမူအယာက ချက်ချင်းပဲ အေးခဲသွားတယ်။
"ကျွန်တော် အရမ်းတင်းကြပ်ခံရမှာ" ကောင်လေးရဲ့ မချိတင်ကဲ မျက်နှာ ငရဲမင်းကြီးရဲ့ မျက်လုံးထဲ ရောင်ပြန်ဟပ်လာတာနဲ့ သူမျက်လုံးထဲ အနည်းငယ်မျှ ပျော်ရွှင်သွားတဲ့ အမူအယာ ဖြတ်ပြေးသွားတယ်။
ဘုရင်ကြီးက တိတ်ဆိတ်နေတဲ့ နန်းတော်ခန်းမထဲကနေ ထွက်ခါနီးဆဲဆဲမှာပဲ ဖုန့်ရှီ အော်ငိုပြီး သတိပြန်ဝင်လာတယ်။ အဲ့နောက် ဘုရင်ကြီးနောက် ချက်ချင်း ပြေးလိုက်သွားရင်း အော်လိုက်တယ်။
"ခေါင်းဆောင်၊ ကျေးဇူးပြုပြီး မလုပ်... အာ ကျွန်တော်တို့ ဒီလို ပြောကောင်း ပြောနိုင်ပါတယ်။ ကျွန်တော့ကို လွယ်ကူတဲ့တာဝန်တစ်ခု ပေးပါလား။ ကျေးဇူးပြုပြီး၊ နော်?"
20210920; 0846
—————————— Zawgyi —————————
အပိုင္း ၃၁။ ယွဥ္ၿပိဳင္ပြဲႀကီးရဲ့ မူလအစ
ဘုံသုံးဘုံရဲ့ ဒီ ခမ္းနားႀကီးက်ယ္တဲ့ အစည္းအေဝးက တကယ္ေတာ့ ေကာင္းကင္ဘုံနဲ႔ မိစၧာဘုံတို႔မွာ က်င္းပတာျဖစ္တယ္။ ဆိုလိုတာကေတာ့ လူ႔ဘုံက လူသားေတြက ဖိတ္ၾကားမခံရသူေတြ ျဖစ္တယ္။ ဒါေပမဲ့လည္း ဘုံသုံးဘုံ အခမ္းအနားလို႔ ေခၚတာ က်င့္သားရေနၿပီ ျဖစ္တယ္။
တစ္ဆယ္ရာစုတစ္ႀကိမ္ က်င္းပတဲ့ ဒီအစည္းအေဝးကို နတ္ဘုရားေတြနဲ႔ မိစၧာေတြအၾကားက ႀကီးမားတဲ့ ယွဥ္ၿပိဳင္ပြဲလို႔လည္း ေခၚၾကတယ္။ ႏွစ္တစ္ေထာင္မွ တစ္ႀကိမ္ ျဖစ္တာေၾကာင့္ အခမ္းအနားဟာ မၾကဳံစဖူး ခမ္းနားလွတယ္။ လွည့္ပတ္သြားလာေနမယ့္ မ်ားျပားလွတဲ့ နတ္ဘုရားအုပ္စုေတြနဲ႔ မိစၧာေတြ အုပ္စုေတြကို ျမင္ရမယ့္ ျမင္ကြင္းဟာ အံ့အားသင့္ဖြယ္ ျဖစ္လိမ့္မယ္။
ယွဥ္ၿပိဳင္ပြဲႀကီးကို ဖန္တီးခဲ့ရျခင္းက နတ္ဘုရားေတြနဲ႔ မိစၧာေတြအၾကားျဖစ္ပြါးခဲ့ဖူးတဲ့ ႀကီးက်ယ္တဲ့ စစ္ပြဲေၾကာင့္ ျဖစ္တယ္။ ငရဲမင္းႀကီးကေတာ့ အက်ိဳးဆက္ကို ျဖစ္ပြါးေစတဲ့သူ တစ္ေယာက္ျဖစ္တယ္။
နတ္ဘုရားေတြနဲ႔ မိစၧာေတြအၾကားက ျဖစ္ပြါးခဲ့ စစ္ပြဲဟာ ဘုံသုံးဘုံအတြက္ စိတ္ဆင္းရဲမွုက လြဲလို႔ ဘာေကာင္းက်ိဳးမွ မရွိခဲ့ပါဘူး။ ငရဲျပည္ဟာ အဲ့ဒီ့စစ္ပြဲမွာ မပါဝင္ခဲ့ပါဘူး။ ဒါေပမဲ့ ေသဆုံးသြားတဲ့ နတ္ဘုရားေတြနဲ႔ မိစၧာေတြက မ်ားျပားလြန္းလွခဲ့တဲ့အတြက္ အပေလာကနဲ႔ တေစၧေလာကတို႔ဟာ ေသဆုံးသူေတြရဲ့ ဝိညာဥ္ေတြကို မကိုင္တြယ္နိုင္ ျဖစ္ခဲ့ရပါတယ္။ ဝိညာဥ္ကူးေျပာင္း နန္းေတာ္အရွင္ဆိုရင္ သူ႔လက္ေအာက္ငယ္သားဆီ အရာအားလုံးကိုေတာင္ ထားခဲ့ၿပီး ျပႆနာေတြကေန ေဝးေဝးမွာပဲ ေနခဲ့လိုက္ပါေတာ့တယ္။ ေနာက္ဆုံးေတာ့ တေစၧေလာကကလည္း ဝိညာဥ္အမ်ားႀကီးကို မထိန္းသိမ္းထားနိုင္ေတာ့သလို အပေလာကရဲ့ ဝိညာဥ္ကူးေျပာင္းၾကာခ်ိန္ကလည္း အကန္႔အသတ္မရွိ တိုးလိုက္ရပါေတာ့တယ္။ ေလာက ႏွစ္ခုၾကားက အစီအစဥ္ေတြအေပၚကို ျပင္းထန္ေသာ အက်ိဳးသက္ေရာက္မွု ခံလိုက္ရပါတယ္။
ရလဒ္အေနနဲ႔ ငရဲအမွုထမ္းေတြတင္ ညီးညဴေနၾကတာမဟုတ္ေတာ့ဘဲ သူတို႔ရဲ့ ဝိညာဥ္ကူးေျပာင္းမွုအတြက္ ေစာင့္ေနၾကရတဲ့ ဝိညာဥ္ေတြကပါ အလြန္ ေဒါသထြက္ၿပီး မခံမရပ္နိုင္ ျဖစ္ခဲ့ၾကရတယ္။
ေနာက္ဆုံးေတာ့ ဝိညာဥ္ေတြနဲ႔ ငရဲအမွုထမ္းေတြရဲ့ တိုင္ၾကားစာေတြ သူ႔နန္းေတာ္အထိေတာင္ ေရာက္လာခဲ့တဲ့အတြက္ ငရဲမင္းႀကီး သိရွိသြားခဲ့ရပါတယ္။
ဘုရင္ႀကီး လန္႔သြားၿပီး သူ ဘာမွမလုပ္ဘဲ ထိုင္ေနလို႔္ေတာ့ မရေတာ့ဘူးဆိုၿပီး ဆုံးျဖတ္လိုက္တယ္။ သူ႔ရဲ့ အဆုံးမရွိတဲ့ စိတ္ဝိညာဥ္စြမ္းအားကို သုံးၿပီး အပေလာကနဲ႔ တေစၧေလာကက ဝိညာဥ္အားလုံးကို သူတို႔သြားသင့္တဲ့ သက္ဆိုင္တဲ့ေနရာကို ပို႔ေပးလိုက္တယ္။ အဲ့ေနာက္မွာေတာ့ သူက ဆက္လက္ျဖစ္ပြါးေနတဲ့ စစ္ပြဲကို ရပ္တန္႔သြားဖို႔ ဝင္ေရာက္ စြက္ဖက္ခဲ့လိုက္တယ္။
ေကာင္းကင္ဘုံ ဘုရင္နဲ႔ မိစၧာဘုံ ဘုရင္တို႔ကလည္း စစ္ပြဲမွာ ႏွစ္ဦးခ်င္း ယွဥ္ၿပိဳင္တိုက္ခိုက္ခဲ့ၾကၿပီး အဲ့တာက နတ္ဘုရားေတြနဲ႔ မိစၧာေတြရဲ့ အာ႐ုံစိုက္မွုမ်ားစြာ ျဖစ္ေပၚသြားေစတယ္။
ဘုရင္ႏွစ္ပါး တိုက္ေနၾကတဲ့အခ်ိန္ ငရဲမင္းႀကီး ေပၚလာခဲ့တယ္။ အဲ့ေနာက္မွာေတာ့ ေကာင္းကင္လမ္းကို သုံးကာ ဘုရင္ႏွစ္ပါးကို စစ္ေျမျပင္အျပင္ဖက္ကို ပို႔လိုက္ၿပီး ႏွစ္ဦးသေဘာတူ ယွဥ္ၿပိဳင္တိုက္ခိုက္ေနၾကတာကို အဆုံးသတ္ေပးလိုက္တယ္။ အဲ့ဒီ့အခ်ိန္မွာပဲ ဘဝကို တသီးတသန္႔ ေနတတ္တဲ့ ငရဲမင္းႀကီးက ဘယ္လိုေတာင္ စြမ္းအားႀကီးတယ္ဆိုတာကို နတ္ဘုရားေတြအားလုံးနဲ႔ မိစၧာေတြ အားလုံး ေနာက္ဆုံးေတာ့ သေဘာေပါက္သြားၾကတယ္။ ငရဲမင္းႀကီးက ေကာင္းကင္လမ္းကို အလြယ္တကူ အသုံးျပဳနိုင္တယ္ဆိုကတည္းက သူ႔စြမ္းအားက နတ္ဘုရားေတြနဲ႔ မိစၧာေတြအားလုံးရဲ့ အထက္မွာ ရွိရမယ္။
ရလဒ္အေနနဲ႔ နတ္ဘုရားေတြနဲ႔ မိစၧာေတြအၾကားက စစ္ပြဲကို ရပ္တန္႔လိုက္ဖို႔ ႐ုတ္တရက္ ေပၚထြက္လာတဲ့ ငရဲမင္းႀကီးရဲ့ ဒ႑ာရီလာ ပုံျပင္တစ္ပုဒ္ဟာ ဘုံသုံးဘုံအႏွံ့ ပ်ံ႕ႏွံ့သြားပါေတာ့တယ္။
တစ္ေယာက္နဲ႔တစ္ေယာက္ၾကားက ရန္ညႇိုးေတြ၊ အာဃာတေတြေၾကာင့္ နတ္ဘုရားေတြနဲ႔ မိစၧာေတြအၾကား တိုက္ခိုက္မွုကို ထာဝရ ရပ္တန္႔လို႔ေတာ့ မျဖစ္နိုင္ဘူးဆိုတာ သိတဲ့ ငရဲမင္းႀကီးက ႏွစ္တစ္ေထာင္မွာ တစ္ႀကိမ္ က်င္းပတဲ့ နတ္ဘုရားေတြနဲ႔ မိစၧာေတြရဲ့ ယွဥ္ၿပိဳင္ပြဲႀကီးကို စီစဥ္ခဲ့ပါတယ္။
ဒါက ယွဥ္ၿပိဳင္ပြဲႀကီး ျဖစ္တာေၾကာင့္ မ်က္ျမင္သက္ေသ ရွိဖို႔ လိုပါတယ္။
သက္ေသက ငရဲမင္းႀကီးကိုယ္တိုင္ ျဖစ္ရပါမယ္။ ဒါကေတာ့ ႏွစ္တစ္ေသာင္းအတြင္း သူ ဖိတ္စာ လက္ခံရရွိခဲ့တာ ဆယ္ႀကိမ္ေျမာက္ ရွိၿပီ ျဖစ္ပါတယ္။ ဒါေပမဲ့ ၿပိဳင္ပြဲ ပထမဆုံးအႀကိမ္ က်င္းပတုန္းက တစ္ႀကိမ္ကိုပဲ သူ တက္ေရာက္ခဲ့ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ယွဥ္ၿပိဳင္ပြဲႀကီးကို ႏွစ္တစ္ေသာင္း အျပည့္အဝ က်င္းပခဲ့ပါတယ္။ ဒါေပမဲ့ ဒီတစ္ႀကိမ္ ဖိတ္စာလက္ခံရရွိေတာ့ ငရဲမင္းႀကီး တစ္ခုခုကို စီစဥ္ခဲ့ပါတယ္။
သူ ေကာင္ေလးကို ေခၚၿပီး ေနာက္ႏွစ္ေပါင္းတစ္ရာအၾကာမွာ က်င္းပမဲ့ ယွဥ္ၿပိဳင္ပြဲႀကီးကို တက္ေရာက္ဖို႔ ဆုံးျဖတ္ခဲ့တယ္။ အဲ့နည္းနဲ႔ ေကာင္ေလးက အေတြ႕အၾကဳံေတြ ရလာမယ္၊ က်ယ္ေျပာတဲ့ ဘုံသုံးဘုံအေၾကာင္းနဲ႔ အသီးသီးေသာ အင္အားစုေတြအေၾကာင္းတို႔ကို ပိုၿပီး ေလ့လာသင္ယူနိုင္မယ္။
"ႏွစ္တစ္ရာအၾကာမွာ ခမ္းနားႀကီးက်ယ္တဲ့ ပြဲတစ္ခု ရွိလိမ့္မယ္။ မင္း ကိုယ္ေတာ္နဲ႔အတူ တက္ေရာက္ရမယ္။" ဘုရင္ႀကီးက အေတြးရပ္လိုက္ၿပီး သလင္းေက်ာက္ စားပြဲေပၚက ဖိတ္စာကို ေကာက္ယူလိုက္တယ္။
စာကို Jiao ေမွာ္သစ္ပင္ရဲ့ အေခါက္ကေန ျပဳလုပ္ထားတာျဖစ္တယ္။ စာကို ေရးသားတဲ့သူက သူ႔စိတ္ဝိညာဥ္စြမ္းအားကို ခုန္ေပါက္နိုင္တဲ့ စကားလုံးေတြအျဖစ္ ေျပာင္းၿပီး ေရးသားထားတာျဖစ္တယ္။ ဖတ္သူရဲ့ ႐ုပ္ပုံကို ေရာင္ျပန္ဟပ္ေစျခင္းအားျဖင့္ စာဖြင့္ဖတ္သူက ဘယ္သူဆိုတာကို မွန္မွန္ကန္ကန္ အတည္ျပဳေပးနိုင္တယ္။ ဘယ္သူဘယ္ဝါ ျဖစ္ေၾကာင္း အတည္ျပဳၿပီးတဲ့အခါမွသာ စာပါအေၾကာင္းအရာ အားလုံးကို ျပပါလိမ့္မယ္။
ဒါက Jiao ေမွာ္သစ္ပင္က ျပဳလုပ္နိုင္တဲ့ အထူးဆန္းဆုံး အရာ ျဖစ္တယ္။ လူသာမာန္ေတြကေတာ့ သူတို႔ လ်ိဳ႕ဝွက္သတင္းစကား ေပးပို႔ခ်င္တယ္ဆိုရင္ ေမွာ္ပညာရပ္ကိုသာ အသုံးျပဳၾကပါတယ္။ ဒါေပမဲ့ ဖိတ္စာကို ငရဲမင္းႀကီးဆီ ပို႔လိုက္တဲ့အခါ ယုတ္မာတဲ့ သူတခ်ိဳ႕က ဘုရင္ႀကီးအျဖစ္ အေယာင္ေဆာင္မွာကို ၿပိဳင္ပြဲက်င္းပေရးမွူးက ေၾကာက္တယ္။ တကယ္လည္း အဲ့လိုျဖစ္ရပ္မ်ိဳး အရင္က ျဖစ္ခဲ့ဖူးတယ္။ ဒါ့ေၾကာင့္ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ငါးေထာင္ကတည္းက ဖိတ္စာေတြအားလုံးကို Jiao ေမွာ္သစ္ပင္ေခါက္နဲ႔ ျပဳလုပ္ခဲ့တာျဖစ္တယ္။
"ခမ္းနားတဲ့ ပြဲတစ္ခု၊ အဲ့တာက ဘာလဲ?" ဖုန္႔ရွီ ဖိတ္စာကို ဘုရင္ႀကီးဆီက လွမ္းယူလိုက္ၿပီး ဖြင့္လိုက္တယ္။ ဒါေပမဲ့ စာထဲမွာ ဘာမွ မေရးထားတာ သူေတြ႕လိုက္ရတယ္။
"ႏွစ္တစ္ေထာင္ကို တစ္ႀကိမ္ က်င္းပတဲ့ နတ္ဘုရားေတြနဲ႔ မိစၧာေတြအၾကား ယွဥ္ၿပိဳင္ပြဲ။ အဲ့ပြဲမွာ ေကာင္းကင္ဘုံနဲ႔ မိစၧာဘုံတို႔က ဂုဏ္သေရရွိ မိသားစုဝင္ေတြအပါအဝင္ နတ္ဘုရားေတြ၊ မိစၧာေတြ အမ်ားႀကီး လာေရာက္လိမ့္မယ္၊ တစ္သီးပုဂၢလ က်င့္ႀကံၾကသူေတြလည္း အမ်ားႀကီး လာၾကလိမ့္မယ္။ ႏွစ္ေပါင္း တစ္ရာအၾကာမွာ မင္းအတြက္ အေတြ႕အၾကဳံအခ်ိဳ႕ ရရွိနိုင္မယ့္ အခ်ိန္ကို ေရာက္လာလိမ့္မယ္။" ငရဲမင္းႀကီးက ရွင္းျပလိုက္တယ္။
"ေကာင္းပါၿပီ၊ ကၽြန္ေတာ္ သြားပါမယ္။" ဖုန္႔ရွီက 'ဂုဏ္သေရရွိ မိသားစုဝင္မ်ား' ဆိုတဲ့ စကားစုကို ၾကားလိုက္ရေတာ့ တုန္႔ဆိုင္းမွုမရွိဘဲ သြားဖို႔သေဘာတူလိုက္တယ္။
အဲ့မွာ အဖိုးတန္ရတနာေတြ အမ်ားႀကီးရွိလိမ့္မယ္လို႔ သူေတြးလိုက္တယ္။
သူ အရင္ဘဝတုန္းက သူ႔အိမ္မက္က တစ္ကမၻာလုံးက အဖိုးတန္ရတနာေတြကို ခိုးယူဖို႔ျဖစ္တယ္။ အဲ့အိမ္မက္ကို သူမေသဆုံးခင္မွာ အေကာင္အထည္ မေဖာ္နိုင္ခဲ့ဘူ။ အခုေတာ့ သူ႔အိမ္မက္က ဘုံသုံးဘုံလုံးမွာရွိတဲ့ အဖိုးတန္ရတနာေတြကို ခိုးယူဖို႔ ျဖစ္သြားၿပီ။ ခိုးယူျခင္းဆိုတာ သူ႔သက္တမ္းတေလ်ာက္လုံး လုပ္ေဆာင္သြားမယ့္ အရာျဖစ္တယ္။ သူဟာ ႀကီးက်ယ္တဲ့ သူခိုးမာစတာတစ္ေယာက္ဆိုတာကို ဘုံသုံးဘုံက လူအားလုံး ျမင္သိေစရမယ္ေလ! ဟား ဟား ဟား!
ေကာင္ေလး တျဖည္းျဖည္းနဲ႔ အလြန္ေပ်ာ္ရႊင္လာတာကို ျမင္ေတာ့ ဘုရင္ႀကီး လုံးဝကို မအံ့ဩေတာ့ပါဘူး။
"ဒီႏွစ္တစ္ရာ အေတာအတြင္း ေမွာ္လူသားနယ္ပယ္ အဆင့္ကို မင္း မေက်ာ္ျဖတ္နိုင္မခ်င္း နန္းေတာ္ထဲမွာပဲ ေနရမယ္။ ဦးေလးျဖဴ မင္းကို စည္းကမ္းေတြ သတ္မွတ္ၿပီး ဆုံးမတာကို မလိုခ်င္ဘူးဆိုေတာ့ ကိုယ္ေတာ္ကိုယ္တိုင္ မင္းကို သင္ေပးမယ္။" ေကာင္ေလး သူ႔အေတြးနဲ႔ သူ ေပ်ာ္ေနတဲ့အခ်ိန္မွာ ငရဲမင္းႀကီးက အဲ့စကားလုံးေတြကို ေရရြတ္လိုက္တယ္။
ေက်နပ္အားရေနတဲ့ ေကာင္ေလးရဲ့ မ်က္ႏွာေပၚက အမူအယာက ခ်က္ခ်င္းပဲ ေအးခဲသြားတယ္။
"ကၽြန္ေတာ္ အရမ္းတင္းၾကပ္ခံရမွာ" ေကာင္ေလးရဲ့ မခ်ိတင္ကဲ မ်က္ႏွာ ငရဲမင္းႀကီးရဲ့ မ်က္လုံးထဲ ေရာင္ျပန္ဟပ္လာတာနဲ႔ သူမ်က္လုံးထဲ အနည္းငယ္မၽွ ေပ်ာ္ရႊင္သြားတဲ့ အမူအယာ ျဖတ္ေျပးသြားတယ္။
ဘုရင္ႀကီးက တိတ္ဆိတ္ေနတဲ့ နန္းေတာ္ခန္းမထဲကေန ထြက္ခါနီးဆဲဆဲမွာပဲ ဖုန္႔ရွီ ေအာ္ငိုၿပီး သတိျပန္ဝင္လာတယ္။ အဲ့ေနာက္ ဘုရင္ႀကီးေနာက္ ခ်က္ခ်င္း ေျပးလိုက္သြားရင္း ေအာ္လိုက္တယ္။
"ေခါင္းေဆာင္၊ ေက်းဇူးျပဳၿပီး မလုပ္... အာ ကၽြန္ေတာ္တို႔ ဒီလို ေျပာေကာင္း ေျပာနိုင္ပါတယ္။ ကၽြန္ေတာ့ကို လြယ္ကူတဲ့တာဝန္တစ္ခု ေပးပါလား။ ေက်းဇူးျပဳၿပီး၊ ေနာ္?"
20210920; 0846
You are reading the story above: TeenFic.Net