30. The King's Thought

Background color
Font
Font size
Line height

အပိုင်း ၃၀။ ဘုရင်ကြီးအတွေး

ဖုန့်ရှီ ဦးလေးဖြူရဲ့ အကြည့်အောက်ကနေ စာကြည့်တိုက်ထဲက ရဲရဲဝံ့ဝံ့ ထွက်လာလိုက်တယ်။ ပြန်လည်မွေးဖွားလာပြီး ကတည်းက ဒါ သူ့ရဲ့ ဂုဏ်အယူရဆုံး အချိန် အခိုက်အတန့် ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဦးလေးဖြူရဲ့ မျက်နှာသေကို ကြည့်ရင်း အဘိုးအို စိတ်ထဲ ရူးမတတ် ဖြစ်နေလောက်ပြီလို့ ဖုန့်ရှီ ခံစားမိလိုက်ရတယ်။ အဲ့လိုတွေးမိတော့ ဖုန့်ရှီ မနေနိုင်တော့ဘဲ ထ ရယ်မိတော့တယ်။ ငရဲမင်းကြီး သီတင်းသုံးနေတဲ့ တိတ်ဆိတ်နေတဲ့ နန်တော်ရဲ့ အလယ်ခေါင်မှာ သူ ရောက်နေတာဖြစ်ပေမဲ့ အရယ် မရပ်နိုင်သေး။

"ဘာတွေများ အဲ့လောက် ပျော်နေတာလဲ?"​ငရဲမင်းကြီးက စာရွက်ထံကနေ ကောင်လေးဆီကို မျက်လုံးအကြည့် ရွေ့လိုက်ရင်း မေးလိုက်တယ်။

"ကောင်းတာတစ်ခုကြောင့် ကျွန်တော် ပျော်နေတာ!" ဖုန့်ရှီ ခုန်ပြီး ငရဲမင်းကြီးဆီ ပြေးသွားတယ်။ မျက်နှာသေ ဦးလေးဖြူ အကြောင်း တွေးမိတော့ တခိခိ အရယ် မရပ်နိုင်သေး။

ဘုရင်ကြီးက ကောင်လေးကို တိတ်တဆိတ် ငေးကြည့်နေတယ်။

ဒီကောင်လေးက အခက်အခဲတွေကို ကြုံတွေ့ခဲ့ရတယ်၊ ဒါပေမဲ့ ဒီလောကရဲ့ ဒုက္ခဆိုးတွေကို သူ နားမလည်သေးဘူး။ အားနည်းသူတို့ဟာ အားကြီးသူတို့ရဲ့ သားကောင် ဖြစ်ကြရတဲ့ ဒီလောကကြီးမှာ ဒီကောင်လေးလို လူတစ်ယောက်အနေနဲ့ သက်တမ်းမကုန်သေးဘဲ သေရတဲ့ သေခြင်းမျိုးနဲ့ တွေ့ကြုံဖို့ အလွယ်ဆုံးပါပဲ၊ ဒါပေမဲ့ ကောင်းကင်လမ်းက ကောင်လေးကို သူ့ဆီ ပို့ပေးလိုက်ကတည်းက ဘုရင်ကြီးက ကောင်လေးကို အနာတရနဲ့ ထိခိုက်မှုဘေးကနေ ကာကွယ်ဖို့ သူ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်တယ်။

"ဘာကများ မင်းကို အဲ့လောက် ပျော်စေတာလဲ?" ဘုရင်ကြီးက ထပ်မေးလိုက်တယ်။

"မှန်းကြည့်၊ ခေါင်းဆောင်" ဖုန့်ရှီက အဖြေကို တည့်တည့်မဖြေဘဲ လျှာထုတ်ပြီး ပြောင်လိုက်တယ်။

"ဦးလေးဖြူအကြောင်းလား?" ဘုရင်ကြီးက စာရွက်တွေကို ပိတ်လိုက်တယ်၊ အရာရာကို ခန့်မှန်းဖို့ သူ့မှာ လုံလောက်တဲ့ ဉာဏ်ရည်ထက်မြက်မှု ရှိတယ်။ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားတောင် မလိုပါဘူး၊ ဒီတိုင်း သာမာန်ပဲ ခန့်မှန်းလိုက်ခြင်းသာ ဖြစ်တယ်။

ဖုန့်ရှီ အဲ့တာကို သတိမထားမိဘဲ ဘုရင်ကြီးဆီ အံ့ဩတကြီး ခုန်ဝင်သွားပြီး မေးလိုက်တယ်။ "ဘယ်လိုသိတာလဲ?"

"မင်း ဦးလေးဖြူကို ကြည့်တိုင်း ခုခံတုန့်ပြန်လိုတဲ့ ပုံစံကို ပြောင်းသွားတယ်။ မင်း သူ့ကို မကြိုက်ဘူးလား?" ငရဲမင်းကြီးက နူးညံ့တဲ့အကြည့်တို့နဲ့ စီခြယ်ထားတဲ့ သူ့မျက်ဝန်းအစုံနဲ့ ကြည့်လိုက်တယ်။ ဦးလေးဖြူကို ကောင်လေးက မကြာခဏ မကျေမနပ် ကြည့်ကြည့်နေတာကို သူတွေးမိလိုက်ဟန် ရှိတယ်။

"ဟုတ်တယ်၊ ကျွန်တော်ကြိုက်တယ်!" ဘုရင်ကြီးက အမှန်တရားကို ထောက်ပြလာတော့ ဖုန့်ရှီ ချက်ချင်းပဲ ဝန်ခံဖို့ ငြင်းဆိုလိုက်တယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေက အချိန်ပြည့် ဂဏာမငြိမ် မဖြစ်နေဘူးဆိုရင်တော့ သူပြောတဲ့လေသံက ယုံလောက်စရာပါ။

"သေချာရဲ့လား?" ငရဲမင်းကြီးက စာရွက်ကို ဘေးချလိုက်ရင်း ကောင်လေးကို မပီမသ စနောက်သံနဲ့ မေးလိုက်တယ်။

ဖုန့်ရှိ စနောက်သံကို မခံစားမိသလို နန်းတော်ထဲက အစေခံမလေးတွေကလည်း မခံစားမိကြပါဘူး။ တကယ်တမ်းတော့ ဘုရင်ကြီးက အမြဲတမ်း တွေးရ နက်နဲပြီး မှန်းဆမရနိုင်တဲ့အပြင် ဘယ်သူကမှ သူ့အတွေးထဲ ဘာရှိနေတယ်ဆိုတာကို ထွင်းဖောက်မသိနိုက်ကြဘူး။

"ဟုတ်ပြီ၊ ဟုတ်ပြီ၊ သူ့ကို မကြိုက်ဘူးလို့တော့ ကျွန်တော် မပြောနိုင်ဘူး။ သူက အမြဲပဲ ကျွန်တော့ကို စည်းကမ်းတွေ ချမှတ်တယ်။ ကျွန်တော်လုပ်ချင်တာတွေဆိုရင်လည်း လိုက်ပြီး တားမြစ်တယ်၊ သူ့မျက်နှာမှာလည်း အေးစက်တဲ့ အကြည့်တွေက အချိန်ပြည့်ပဲ။ ဒါ ကိုယ်ရေးကိုယ်တာ ပါတယ်လို့ ကျွန်တော် ခံစားရတယ်!" ဖုန့်ရှီက တွေးရင် နှုတ်ခမ်းစူလိုက်တယ်၊ 'ဦးလေးဖြူ၊ ကျွန်တော် ခင်များမကောင်းကြောင်းကို ပြောတာမဟုတ်ဘူးနော်။ ကျွန်တော့ခေါင်းဆောင်က အဲ့အကြောင်း မေးလို့သာ။ ကျွန်တော် တကယ်ပဲ ခင်များအကြောင်း မကောင်းပြောတာမဟုတ်ဘူး'

"ဦးလေးဖြူက ကိုယ်တော့နောက်ကို လိုက်ခဲ့တာ နှစ်ပေါင်း ဆယ်ချီ ရှိနေပြီ။ သူက ဘယ်အရာအပေါ်ကိုမှ စိတ်မဝင်စားဘူး။ ကိုယ်တော်ကလွဲရင် ဘယ်သူ့ကိုမှ သူ ဂရုတစိုက်မရှိဘူး။ မင်းအပေါ် ဆိုးဆိုးဝါးဝါး တစ်ခုခု ဖြစ်မှာ သူ မမြင်ချင်လို့ပါ။ ဒါ သူ့ရဲ့ လူတွေကို ဂရုစိုက်တဲ့ နည်းလမ်းပဲ။ စိတ်ထဲမထားနဲ့နော်၊ ရှီ!" ဘုရင်ကြီးက ရှင်းပြလိုက်တယ်။

"မဖြစ်နိုင်တာ၊ ဒီ မျက်နှာသေက..."

ဖုန့်ရှီ ချက်ချင်းပဲ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ထူးဆန်းတဲ့အဘိုးအိုက အဲ့လို ထူးဆန်းတဲ့ နည်းလမ်းနဲ့ အခြားသူတွေကို ဂရုစိုက်လိမ့်မယ်လို့ သူ မတွေးနိုင်ဘူး ဖြစ်နေတယ်။ ဒီကမ္ဘာမှာ လူအမျိုးမျိုး အထွေထွေနဲ့ ပြည့်နှက်နေပြီး ဖုန့်ရှီမှာ လုံလောက်တဲ့ အတွေ့အကြုံ မရှိကြောင်း ထင်ရှားလှတယ်။ သူ့ အရင်ဘဝတုန်းက ငှက်တောင်စိမ်း နိုင်ငံတော်အနှံ့ကို ဘဝတလျောက်လုံး ခရီးထွက်ခဲ့တာကြောင့် သူကိုယ်သူ တော်တော်သိပြီဆိုပြီး အားရ ကျေနပ်မှု ရှိခဲ့တယ်။ ဒါ​ပေမဲ့ အခုတော့ သူ့ကိုယ်သူ ရီစရာ ကောင်းခဲ့တာပဲဆိုတာ သိသွားရတယ်။

"သူ့အကြောင်း မေ့လိုက်တော့။ ဦးလေးဖြူကြောင့် တစ်ခုတည်းတော့ ဒီကို ရောက်လာတာမဟုတ်ဘူးမှတ်လား? မင်း အခြား ဘာပြောချင်တာ ရှိသေးလဲ?" ငရဲမင်းကြီးက ဖုန့်ရှီရဲ့ အတွေးကို ကြားဖြတ် နှောက်ယှက်လိုက်တယ်။ အဲ့တာကြားတော့ သူ့ခေါင်းဆောင်ကို အရေးတကြီး ကိစ္စ ပြောဖို့ ရှိနေမှန်း ဖုန့်ရှီ နောက်ဆုံးတော့ မှတ်မိသွားတယ်။ ဒါပေမဲ့ သူတို့ပြောစကားကို အစေခံမိန်းခလေးတွေ ကြားမှာစိုးတာကြောင့် ဖုန့်ရှီက ဘုရင်ကြီးရဲ့ အလုပ်စားပွဲဖြစ်တဲ့ ရောင်စုံသလင်းကျောက် စားပွဲပေါ် ကိုင်းလိုက်ပြီး အသံတိုးတိုးနဲ့ ပြောလိုက်တယ်၊

"ခေါင်းဆောင်၊ စာအုပ်နတ်ဘုရားအကြောင်း သိလား? သူက အရာ အတော်များများကို သိတယ်! သူ့ကို ကျွန်တော့ကို ပေးလို့ရမလား? ကျွန်တော် သူ့ကို နာကျင်အောင်မလုပ်ပါဘူးလို့ ကတိပေးပါတယ်!"

အဲ့အချိန်မှာပဲ စာကြည့်တိုက်ထဲမှာ ရှိနေတဲ့ စာအုပ်နတ်ဘုရား ရုတ်တရက် နှာထချေလာပြီး ချက်ချင်းပဲ အရမ်း အိပ်ချင်သွားတယ်၊ သူ့ကံကြမ္မာက တစ်ထိုင်တည်းမှာပဲ အလုံးစုံ ပြောင်းလဲသွားရတော့မယ်ဆိုတာ မသိပဲနဲ့ပေါ့။

"ကောင်းပြီလေ၊ ခုကစပြီး သူ မင်းနောက်ကို လိုက်လိမ့်မယ်!" ဘုရင်ကြီးက တစ်စက္ကန့်လောက်ပဲ စဉ်းစားလိုက်ပြီး ဆုံးဖြတ်ချက် ချလိုက်တယ်။

ဘုံသုံးဘုံမှာ စာအုပ်နတ်ဘုရားက တစ်ပါးတည်းပဲ ရှိတယ်။ သူ့ရဲ့ တန်ဖိုးအကြီးဆုံးအရာကတော့ သူသိသမျှ များပြားလှတဲ့ ဗဟုသုတအစုံ ဖြစ်တယ်။ နတ်ဘုရားတိုင်း၊ မိစ္ဆာတိုင်းက သူ့ကို ရယူပိုင်ဆိုင်ချင်ကြတယ်။ သူဟာ စာအုပ်တိုင်းမှာ မှတ်ထားတဲ့ အရာအားလုံးကို သိတာဖြစ်တဲ့အတွက် သူ့ကို ရရှိထားတာဟာ စာအုပ်မျိုးစုံ ပါရှိနေတဲ့ စာကြည့်တိုက်တစ်ခုကို ပိုင်ဆိုင်ထားတာနဲ့ ညီမျှတယ်။

ဒါပေမဲ့ စာအုပ်နတ်ဘုရားကို ငရဲမင်းကြီးက ဖန်တီးထားတာဆိုတာ ဘယ်သူမှ မသိကြဘူး။

ဘုရင်ကြီးက စာအုပ်နတ်ဘုရားကို ဖန်တီးခဲ့တာ ဖြစ်တဲ့အတွက် စာအုပ်နတ်ဘုရားကို သူ ချိတ်ပိတ်နိုင်တယ်။ ရှေးကျတဲ့အချိန်ကာလတွေရဲ့ လျို့ဝှက်ချက်၊ လူတွေမသိတဲ့ အခြား ဇာတ်ကြောင်းတွေ အားလုံးကို ဘုရင်ကြီးက ချိတ်ပိတ်ထားခဲ့ပြီး သူ့ထက် စိတ်ဝိညာဉ်စွမ်းအား ပိုကြီးသူကသာ အဲ့ဒီ့ချိတ်ပိတ်တာကို ဖယ်ရှားနိုင်မှာ ဖြစ်တယ်။ ရလဒ်ကတော့ စာအုပ်နတ်ဘုရားရဲ့ ဦးဏှောက်ထဲက ချိတ်ပိတ်ထားတဲ့ အရာတွေကို စာအုပ်နတ်ဘုရားကိုယ်တိုင်အပါအဝင် အခြား ဘယ်သူမှ ဘယ်တော့မှ မသိနိုင်၊ ငရဲမင်းကြီးတစ်ဦးတည်းက လွဲရင်ပေါ့။

ကောင်လေးက စာဖတ်ရာမှာ အာရုံမစိုက်နိုင်ဘူးဆိုတာ ဘုရင်ကြီးက သိတဲ့အတွက် စာအုပ်နတ်ဘုရားကို ကောင်လေးကို ပေးဖို့ အစောကတည်းက တွေးပြီးသားဖြစ်တယ်။ အဲ့လိုမှ မဟုတ်ရင် စာအုပ်နတ်ဘုရားရဲ့ ခန္ဓာကိုယ်အစစ်အမှန် ကိန်းဝပ်နေတဲ့ အဲ့ဒီ့စာအုပ်ကို ကောင်လေးကို ပေးပြမှာ မဟုတ်ဘူး။ စာအုပ်နတ်ဘုရားရဲ့ ရှင်းပြချက်တွေနဲ့ဆိုရင် ကောင်လေး ဒီလောကကြီးအကြောင်းကို ပိုပြီး လွယ်လွယ်ကူကူ နားလည််နိုင်လိမ့်မယ်။

"ခေါင်းဆောင် သက်တော် ရှည်ပါစေ!" ဖုန့်ရှီက အရမ်း စိတ်လှုပ်ရှားသွားပြီး ရောင်စုံသလင်းကျောက် စားပွဲပေါ် တက်လိုက်ပြီး ဘုရင်ကြီးဆီ ခုန်ဝင်လိုက်ဝယ်။

သူ ပြုတ်မကျသွားအောင်အတွက် ဘုရင်ကြီးက ကောင်လေးကို သူ့လက်မောင်းထဲ ထိန်းကိုင်ထားလိုက်ရင်း ပြောလိုက်တယ်။ "အလျင်မလိုပါနဲ့၊ ပြုတ်ကျရင် မင်း အနာတရ ဖြစ်သွားလိမ့်မယ်"

"ကိစ္စမရှိပါဘူး၊ ခင်များ ရှိနေသ၍ ကျွန်တော် ဘာကိုမှ မကြောက်ဘူး" ဖုန့်ရှီက သူ့ခေါင်းဆောင်အပေါ် ဘယ်လို ဆက်ဆံရင် ရမလဲဆိုတာ ကောင်းကောင်း သိနေပြီ ဖြစ်တယ်။ ဘုရင်ကြီးရဲ့ ဂုဏ်သရေကြီးပြီး မြင့်မြတ်တဲ့ အနေအထားကို သိလိုက်ရကတည်းက သူ့ခေါင်းဆောင်ကို ထာဝရ ဖက်တွယ်ထားတော့မယ်လို့ သူ ဆုံးဖြတ်ထားလိုက်တော့တယ်။

ငရဲမင်းကြီးက ဘာကိုမှ မပြောဘဲ ဖုန့်ရှီရဲ့ ပိုးသားလို နူးညံ့တဲ့ ဆံနွယ်နက်လေးတွေကို ညင်ညင်သာသာလေး ပွတ်သပ်လိုက်တယ်။

ခန်းမထဲမှာ ရှိနေတဲ့ အစေခံမိန်းခလေးတွေက အခုဖြစ်နေတာတွေကို အံအားတသင့်နဲ့ ကြည့်နေကြတယ်။ သူတို့ ဘုရင်ကြီးထံပါးမှာ အမှုတော်ထမ်းလာတာ နှစ်ပေါင်း ထောင်ချီနေပြီ၊ ဒါပေမဲ့ ခုလို နူးညံ့တဲ့ပုံစံမျိုး ဘုရင်ကြီးမျက်နှာထက်မှာ တခါမှ မတွေ့ဖူးကြဘူး။ သူတို့ အဲ့ပုံစံကို အရင်က ကြားခဲ့ဖူးပေမဲ့ တခါမှ မျက်မြင်ကိုယ်တွေ့ မကြုံတွေ့ခဲ့ဖူးကြဘူး။ ခုတော့ အံ့ဩမှင်တက်သွားရတော့တယ်!

"အာ... ဒါက ဘာလဲ?" ဖုန့်ရှီရဲ့ တအံ့တဩအသံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားတယ်။

ဘုရင်ကြီးက သူ့မျက်စိကို ဖွင့်ကြည့်လိုက်တော့ ကောင်လေးက သူ့သလင်းစားပွဲပေါ်က စာစောင်လေးကို ကောက်ကိုင်လိုက်တာကို သူတွေ့လိုက်တယ်။ အတိအကျ ပြောရမယ်ဆိုရင် နှစ်တစ်ထောင်မှာမှ တစ်ကြိမ် ကျင်းပတဲ့ ဘုံသုံးဘုံရဲ့ ခမ်းနားကြီးကျယ်တဲ့ အစည်းအဝေးအတွက် ဖိတ်ကြားလွှာ တစ်ခု ဖြစ်တယ်။

20210919; 2118

—————————— Zawgyi —————————

အပိုင္း ၃၀။ ဘုရင္ႀကီးအေတြး

ဖုန္႔ရွီ ဦးေလးျဖဴရဲ့ အၾကည့္ေအာက္ကေန စာၾကည့္တိုက္ထဲက ရဲရဲဝံ့ဝံ့ ထြက္လာလိုက္တယ္။ ျပန္လည္ေမြးဖြားလာၿပီး ကတည္းက ဒါ သူ႔ရဲ့ ဂုဏ္အယူရဆုံး အခ်ိန္ အခိုက္အတန္႔ ျဖစ္ေကာင္း ျဖစ္နိုင္တယ္။ ဦးေလးျဖဴရဲ့ မ်က္ႏွာေသကို ၾကည့္ရင္း အဘိုးအို စိတ္ထဲ ႐ူးမတတ္ ျဖစ္ေနေလာက္ၿပီလို႔ ဖုန္႔ရွီ ခံစားမိလိုက္ရတယ္။ အဲ့လိုေတြးမိေတာ့ ဖုန္႔ရွီ မေနနိုင္ေတာ့ဘဲ ထ ရယ္မိေတာ့တယ္။ ငရဲမင္းႀကီး သီတင္းသုံးေနတဲ့ တိတ္ဆိတ္ေနတဲ့ နန္ေတာ္ရဲ့ အလယ္ေခါင္မွာ သူ ေရာက္ေနတာျဖစ္ေပမဲ့ အရယ္ မရပ္နိုင္ေသး။

"ဘာေတြမ်ား အဲ့ေလာက္ ေပ်ာ္ေနတာလဲ?"​ငရဲမင္းႀကီးက စာရြက္ထံကေန ေကာင္ေလးဆီကို မ်က္လုံးအၾကည့္ ေရြ႕လိုက္ရင္း ေမးလိုက္တယ္။

"ေကာင္းတာတစ္ခုေၾကာင့္ ကၽြန္ေတာ္ ေပ်ာ္ေနတာ!" ဖုန္႔ရွီ ခုန္ၿပီး ငရဲမင္းႀကီးဆီ ေျပးသြားတယ္။ မ်က္ႏွာေသ ဦးေလးျဖဴ အေၾကာင္း ေတြးမိေတာ့ တခိခိ အရယ္ မရပ္နိုင္ေသး။

ဘုရင္ႀကီးက ေကာင္ေလးကို တိတ္တဆိတ္ ေငးၾကည့္ေနတယ္။

ဒီေကာင္ေလးက အခက္အခဲေတြကို ၾကဳံေတြ႕ခဲ့ရတယ္၊ ဒါေပမဲ့ ဒီေလာကရဲ့ ဒုကၡဆိုးေတြကို သူ နားမလည္ေသးဘူး။ အားနည္းသူတို႔ဟာ အားႀကီးသူတို႔ရဲ့ သားေကာင္ ျဖစ္ၾကရတဲ့ ဒီေလာကႀကီးမွာ ဒီေကာင္ေလးလို လူတစ္ေယာက္အေနနဲ႔ သက္တမ္းမကုန္ေသးဘဲ ေသရတဲ့ ေသျခင္းမ်ိဳးနဲ႔ ေတြ႕ၾကဳံဖို႔ အလြယ္ဆုံးပါပဲ၊ ဒါေပမဲ့ ေကာင္းကင္လမ္းက ေကာင္ေလးကို သူ႔ဆီ ပို႔ေပးလိုက္ကတည္းက ဘုရင္ႀကီးက ေကာင္ေလးကို အနာတရနဲ႔ ထိခိုက္မွုေဘးကေန ကာကြယ္ဖို႔ သူ အစြမ္းကုန္ ႀကိဳးစားသြားမွာျဖစ္တယ္။

"ဘာကမ်ား မင္းကို အဲ့ေလာက္ ေပ်ာ္ေစတာလဲ?" ဘုရင္ႀကီးက ထပ္ေမးလိုက္တယ္။

"မွန္းၾကည့္၊ ေခါင္းေဆာင္" ဖုန္႔ရွီက အေျဖကို တည့္တည့္မေျဖဘဲ လၽွာထုတ္ၿပီး ေျပာင္လိုက္တယ္။

"ဦးေလးျဖဴအေၾကာင္းလား?" ဘုရင္ႀကီးက စာရြက္ေတြကို ပိတ္လိုက္တယ္၊ အရာရာကို ခန္႔မွန္းဖို႔ သူ႔မွာ လုံေလာက္တဲ့ ဉာဏ္ရည္ထက္ျမက္မွု ရွိတယ္။ သူ႔ရဲ့ စိတ္ဝိညာဥ္စြမ္းအားေတာင္ မလိုပါဘူး၊ ဒီတိုင္း သာမာန္ပဲ ခန္႔မွန္းလိုက္ျခင္းသာ ျဖစ္တယ္။

ဖုန္႔ရွီ အဲ့တာကို သတိမထားမိဘဲ ဘုရင္ႀကီးဆီ အံ့ဩတႀကီး ခုန္ဝင္သြားၿပီး ေမးလိုက္တယ္။ "ဘယ္လိုသိတာလဲ?"

"မင္း ဦးေလးျဖဴကို ၾကည့္တိုင္း ခုခံတုန္႔ျပန္လိုတဲ့ ပုံစံကို ေျပာင္းသြားတယ္။ မင္း သူ႔ကို မႀကိဳက္ဘူးလား?" ငရဲမင္းႀကီးက ႏူးညံ့တဲ့အၾကည့္တို႔နဲ႔ စီျခယ္ထားတဲ့ သူ႔မ်က္ဝန္းအစုံနဲ႔ ၾကည့္လိုက္တယ္။ ဦးေလးျဖဴကို ေကာင္ေလးက မၾကာခဏ မေက်မနပ္ ၾကည့္ၾကည့္ေနတာကို သူေတြးမိလိုက္ဟန္ ရွိတယ္။

"ဟုတ္တယ္၊ ကၽြန္ေတာ္ႀကိဳက္တယ္!" ဘုရင္ႀကီးက အမွန္တရားကို ေထာက္ျပလာေတာ့ ဖုန္႔ရွီ ခ်က္ခ်င္းပဲ ဝန္ခံဖို႔ ျငင္းဆိုလိုက္တယ္။ ဒါေပမဲ့ သူ႔မ်က္လုံးေတြက အခ်ိန္ျပည့္ ဂဏာမၿငိမ္ မျဖစ္ေနဘူးဆိုရင္ေတာ့ သူေျပာတဲ့ေလသံက ယုံေလာက္စရာပါ။

"ေသခ်ာရဲ့လား?" ငရဲမင္းႀကီးက စာရြက္ကို ေဘးခ်လိုက္ရင္း ေကာင္ေလးကို မပီမသ စေနာက္သံနဲ႔ ေမးလိုက္တယ္။

ဖုန္႔ရွိ စေနာက္သံကို မခံစားမိသလို နန္းေတာ္ထဲက အေစခံမေလးေတြကလည္း မခံစားမိၾကပါဘူး။ တကယ္တမ္းေတာ့ ဘုရင္ႀကီးက အျမဲတမ္း ေတြးရ နက္နဲၿပီး မွန္းဆမရနိုင္တဲ့အျပင္ ဘယ္သူကမွ သူ႔အေတြးထဲ ဘာရွိေနတယ္ဆိုတာကို ထြင္းေဖာက္မသိနိုက္ၾကဘူး။

"ဟုတ္ၿပီ၊ ဟုတ္ၿပီ၊ သူ႔ကို မႀကိဳက္ဘူးလို႔ေတာ့ ကၽြန္ေတာ္ မေျပာနိုင္ဘူး။ သူက အျမဲပဲ ကၽြန္ေတာ့ကို စည္းကမ္းေတြ ခ်မွတ္တယ္။ ကၽြန္ေတာ္လုပ္ခ်င္တာေတြဆိုရင္လည္း လိုက္ၿပီး တားျမစ္တယ္၊ သူ႔မ်က္ႏွာမွာလည္း ေအးစက္တဲ့ အၾကည့္ေတြက အခ်ိန္ျပည့္ပဲ။ ဒါ ကိုယ္ေရးကိုယ္တာ ပါတယ္လို႔ ကၽြန္ေတာ္ ခံစားရတယ္!" ဖုန္႔ရွီက ေတြးရင္ ႏွုတ္ခမ္းစူလိုက္တယ္၊ 'ဦးေလးျဖဴ၊ ကၽြန္ေတာ္ ခင္မ်ားမေကာင္းေၾကာင္းကို ေျပာတာမဟုတ္ဘူးေနာ္။ ကၽြန္ေတာ့ေခါင္းေဆာင္က အဲ့အေၾကာင္း ေမးလို႔သာ။ ကၽြန္ေတာ္ တကယ္ပဲ ခင္မ်ားအေၾကာင္း မေကာင္းေျပာတာမဟုတ္ဘူး'

"ဦးေလးျဖဴက ကိုယ္ေတာ့ေနာက္ကို လိုက္ခဲ့တာ ႏွစ္ေပါင္း ဆယ္ခ်ီ ရွိေနၿပီ။ သူက ဘယ္အရာအေပၚကိုမွ စိတ္မဝင္စားဘူး။ ကိုယ္ေတာ္ကလြဲရင္ ဘယ္သူ႔ကိုမွ သူ ဂ႐ုတစိုက္မရွိဘူး။ မင္းအေပၚ ဆိုးဆိုးဝါးဝါး တစ္ခုခု ျဖစ္မွာ သူ မျမင္ခ်င္လို႔ပါ။ ဒါ သူ႔ရဲ့ လူေတြကို ဂ႐ုစိုက္တဲ့ နည္းလမ္းပဲ။ စိတ္ထဲမထားနဲ႔ေနာ္၊ ရွီ!" ဘုရင္ႀကီးက ရွင္းျပလိုက္တယ္။

"မျဖစ္နိုင္တာ၊ ဒီ မ်က္ႏွာေသက..."

ဖုန္႔ရွီ ခ်က္ခ်င္းပဲ ပါးစပ္အေဟာင္းသား ျဖစ္သြားတယ္။ ထူးဆန္းတဲ့အဘိုးအိုက အဲ့လို ထူးဆန္းတဲ့ နည္းလမ္းနဲ႔ အျခားသူေတြကို ဂ႐ုစိုက္လိမ့္မယ္လို႔ သူ မေတြးနိုင္ဘူး ျဖစ္ေနတယ္။ ဒီကမၻာမွာ လူအမ်ိဳးမ်ိဳး အေထြေထြနဲ႔ ျပည့္ႏွက္ေနၿပီး ဖုန္႔ရွီမွာ လုံေလာက္တဲ့ အေတြ႕အၾကဳံ မရွိေၾကာင္း ထင္ရွားလွတယ္။ သူ႔ အရင္ဘဝတုန္းက ငွက္ေတာင္စိမ္း နိုင္ငံေတာ္အႏွံ့ကို ဘဝတေလ်ာက္လုံး ခရီးထြက္ခဲ့တာေၾကာင့္ သူကိုယ္သူ ေတာ္ေတာ္သိၿပီဆိုၿပီး အားရ ေက်နပ္မွု ရွိခဲ့တယ္။ ဒါ​ေပမဲ့ အခုေတာ့ သူ႔ကိုယ္သူ ရီစရာ ေကာင္းခဲ့တာပဲဆိုတာ သိသြားရတယ္။

"သူ႔အေၾကာင္း ေမ့လိုက္ေတာ့။ ဦးေလးျဖဴေၾကာင့္ တစ္ခုတည္းေတာ့ ဒီကို ေရာက္လာတာမဟုတ္ဘူးမွတ္လား? မင္း အျခား ဘာေျပာခ်င္တာ ရွိေသးလဲ?" ငရဲမင္းႀကီးက ဖုန္႔ရွီရဲ့ အေတြးကို ၾကားျဖတ္ ေႏွာက္ယွက္လိုက္တယ္။ အဲ့တာၾကားေတာ့ သူ႔ေခါင္းေဆာင္ကို အေရးတႀကီး ကိစၥ ေျပာဖို႔ ရွိေနမွန္း ဖုန္႔ရွီ ေနာက္ဆုံးေတာ့ မွတ္မိသြားတယ္။ ဒါေပမဲ့ သူတို႔ေျပာစကားကို အေစခံမိန္းခေလးေတြ ၾကားမွာစိုးတာေၾကာင့္ ဖုန္႔ရွီက ဘုရင္ႀကီးရဲ့ အလုပ္စားပြဲျဖစ္တဲ့ ေရာင္စုံသလင္းေက်ာက္ စားပြဲေပၚ ကိုင္းလိုက္ၿပီး အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္၊

"ေခါင္းေဆာင္၊ စာအုပ္နတ္ဘုရားအေၾကာင္း သိလား? သူက အရာ အေတာ္မ်ားမ်ားကို သိတယ္! သူ႔ကို ကၽြန္ေတာ့ကို ေပးလို႔ရမလား? ကၽြန္ေတာ္ သူ႔ကို နာက်င္ေအာင္မလုပ္ပါဘူးလို႔ ကတိေပးပါတယ္!"

အဲ့အခ်ိန္မွာပဲ စာၾကည့္တိုက္ထဲမွာ ရွိေနတဲ့ စာအုပ္နတ္ဘုရား ႐ုတ္တရက္ ႏွာထေခ်လာၿပီး ခ်က္ခ်င္းပဲ အရမ္း အိပ္ခ်င္သြားတယ္၊ သူ႔ကံၾကမၼာက တစ္ထိုင္တည္းမွာပဲ အလုံးစုံ ေျပာင္းလဲသြားရေတာ့မယ္ဆိုတာ မသိပဲနဲ႔ေပါ့။

"ေကာင္းၿပီေလ၊ ခုကစၿပီး သူ မင္းေနာက္ကို လိုက္လိမ့္မယ္!" ဘုရင္ႀကီးက တစ္စကၠန္႔ေလာက္ပဲ စဥ္းစားလိုက္ၿပီး ဆုံးျဖတ္ခ်က္ ခ်လိုက္တယ္။

ဘုံသုံးဘုံမွာ စာအုပ္နတ္ဘုရားက တစ္ပါးတည္းပဲ ရွိတယ္။ သူ႔ရဲ့ တန္ဖိုးအႀကီးဆုံးအရာကေတာ့ သူသိသမၽွ မ်ားျပားလွတဲ့ ဗဟုသုတအစုံ ျဖစ္တယ္။ နတ္ဘုရားတိုင္း၊ မိစၧာတိုင္းက သူ႔ကို ရယူပိုင္ဆိုင္ခ်င္ၾကတယ္။ သူဟာ စာအုပ္တိုင္းမွာ မွတ္ထားတဲ့ အရာအားလုံးကို သိတာျဖစ္တဲ့အတြက္ သူ႔ကို ရရွိထားတာဟာ စာအုပ္မ်ိဳးစုံ ပါရွိေနတဲ့ စာၾကည့္တိုက္တစ္ခုကို ပိုင္ဆိုင္ထားတာနဲ႔ ညီမၽွတယ္။

ဒါေပမဲ့ စာအုပ္နတ္ဘုရားကို ငရဲမင္းႀကီးက ဖန္တီးထားတာဆိုတာ ဘယ္သူမွ မသိၾကဘူး။

ဘုရင္ႀကီးက စာအုပ္နတ္ဘုရားကို ဖန္တီးခဲ့တာ ျဖစ္တဲ့အတြက္ စာအုပ္နတ္ဘုရားကို သူ ခ်ိတ္ပိတ္နိုင္တယ္။ ေရွးက်တဲ့အခ်ိန္ကာလေတြရဲ့ လ်ိဳ႕ဝွက္ခ်က္၊ လူေတြမသိတဲ့ အျခား ဇာတ္ေၾကာင္းေတြ အားလုံးကို ဘုရင္ႀကီးက ခ်ိတ္ပိတ္ထားခဲ့ၿပီး သူ႔ထက္ စိတ္ဝိညာဥ္စြမ္းအား ပိုႀကီးသူကသာ အဲ့ဒီ့ခ်ိတ္ပိတ္တာကို ဖယ္ရွားနိုင္မွာ ျဖစ္တယ္။ ရလဒ္ကေတာ့ စာအုပ္နတ္ဘုရားရဲ့ ဦးေဏွာက္ထဲက ခ်ိတ္ပိတ္ထားတဲ့ အရာေတြကို စာအုပ္နတ္ဘုရားကိုယ္တိုင္အပါအဝင္ အျခား ဘယ္သူမွ ဘယ္ေတာ့မွ မသိနိုင္၊ ငရဲမင္းႀကီးတစ္ဦးတည္းက လြဲရင္ေပါ့။

ေကာင္ေလးက စာဖတ္ရာမွာ အာ႐ုံမစိုက္နိုင္ဘူးဆိုတာ ဘုရင္ႀကီးက သိတဲ့အတြက္ စာအုပ္နတ္ဘုရားကို ေကာင္ေလးကို ေပးဖို႔ အေစာကတည္းက ေတြးၿပီးသားျဖစ္တယ္။ အဲ့လိုမွ မဟုတ္ရင္ စာအုပ္နတ္ဘုရားရဲ့ ခႏၶာကိုယ္အစစ္အမွန္ ကိန္းဝပ္ေနတဲ့ အဲ့ဒီ့စာအုပ္ကို ေကာင္ေလးကို ေပးျပမွာ မဟုတ္ဘူး။ စာအုပ္နတ္ဘုရားရဲ့ ရွင္းျပခ်က္ေတြနဲ႔ဆိုရင္ ေကာင္ေလး ဒီေလာကႀကီးအေၾကာင္းကို ပိုၿပီး လြယ္လြယ္ကူကူ နားလည္္နိုင္လိမ့္မယ္။

"ေခါင္းေဆာင္ သက္ေတာ္ ရွည္ပါေစ!" ဖုန္႔ရွီက အရမ္း စိတ္လွုပ္ရွားသြားၿပီး ေရာင္စုံသလင္းေက်ာက္ စားပြဲေပၚ တက္လိုက္ၿပီး ဘုရင္ႀကီးဆီ ခုန္ဝင္လိုက္ဝယ္။

သူ ျပဳတ္မက်သြားေအာင္အတြက္ ဘုရင္ႀကီးက ေကာင္ေလးကို သူ႔လက္ေမာင္းထဲ ထိန္းကိုင္ထားလိုက္ရင္း ေျပာလိုက္တယ္။ "အလ်င္မလိုပါနဲ႔၊ ျပဳတ္က်ရင္ မင္း အနာတရ ျဖစ္သြားလိမ့္မယ္"

"ကိစၥမရွိပါဘူး၊ ခင္မ်ား ရွိေနသ၍ ကၽြန္ေတာ္ ဘာကိုမွ မေၾကာက္ဘူး" ဖုန္႔ရွီက သူ႔ေခါင္းေဆာင္အေပၚ ဘယ္လို ဆက္ဆံရင္ ရမလဲဆိုတာ ေကာင္းေကာင္း သိေနၿပီ ျဖစ္တယ္။ ဘုရင္ႀကီးရဲ့ ဂုဏ္သေရႀကီးၿပီး ျမင့္ျမတ္တဲ့ အေနအထားကို သိလိုက္ရကတည္းက သူ႔ေခါင္းေဆာင္ကို ထာဝရ ဖက္တြယ္ထားေတာ့မယ္လို႔ သူ ဆုံးျဖတ္ထားလိုက္ေတာ့တယ္။

ငရဲမင္းႀကီးက ဘာကိုမွ မေျပာဘဲ ဖုန္႔ရွီရဲ့ ပိုးသားလို ႏူးညံ့တဲ့ ဆံႏြယ္နက္ေလးေတြကို ညင္ညင္သာသာေလး ပြတ္သပ္လိုက္တယ္။

ခန္းမထဲမွာ ရွိေနတဲ့ အေစခံမိန္းခေလးေတြက အခုျဖစ္ေနတာေတြကို အံအားတသင့္နဲ႔ ၾကည့္ေနၾကတယ္။ သူတို႔ ဘုရင္ႀကီးထံပါးမွာ အမွုေတာ္ထမ္းလာတာ ႏွစ္ေပါင္း ေထာင္ခ်ီေနၿပီ၊ ဒါေပမဲ့ ခုလို ႏူးညံ့တဲ့ပုံစံမ်ိဳး ဘုရင္ႀကီးမ်က္ႏွာထက္မွာ တခါမွ မေတြ႕ဖူးၾကဘူး။ သူတို႔ အဲ့ပုံစံကို အရင္က ၾကားခဲ့ဖူးေပမဲ့ တခါမွ မ်က္ျမင္ကိုယ္ေတြ႕ မၾကဳံေတြ႕ခဲ့ဖူးၾကဘူး။ ခုေတာ့ အံ့ဩမွင္တက္သြားရေတာ့တယ္!

"အာ... ဒါက ဘာလဲ?" ဖုန္႔ရွီရဲ့ တအံ့တဩအသံက တိတ္ဆိတ္မွုကို ၿဖိဳခြင္းသြားတယ္။

ဘုရင္ႀကီးက သူ႔မ်က္စိကို ဖြင့္ၾကည့္လိုက္ေတာ့ ေကာင္ေလးက သူ႔သလင္းစားပြဲေပၚက စာေစာင္ေလးကို ေကာက္ကိုင္လိုက္တာကို သူေတြ႕လိုက္တယ္။ အတိအက် ေျပာရမယ္ဆိုရင္ ႏွစ္တစ္ေထာင္မွာမွ တစ္ႀကိမ္ က်င္းပတဲ့ ဘုံသုံးဘုံရဲ့ ခမ္းနားႀကီးက်ယ္တဲ့ အစည္းအေဝးအတြက္ ဖိတ္ၾကားလႊာ တစ္ခု ျဖစ္တယ္။

20210919; 2118

You are reading the story above: TeenFic.Net