အပိုင်း ၃၂။ စူပါဉာဏ်ကြီးရှင်
ဖုန့်ရှီ စိတ်ရင်းနဲ့ ထုတ်ပြောပြီးတဲ့နောက် ကျင့်ကြံခြင်းဟာ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ သူနောက်ဆုံးတော့ သိသွားရတယ်။
သူ့ကို ငြိမ်ငြိမ်လေးနေခိုင်းနေသ၍ကတော့ သူ့တစ်ကိုယ်လုံး မသက်မသာ ခံစားနေရမှာ။ ဒါပေမဲ့လည်း ကျင့်ကြံခြင်းမှာ အရေးအကြီးဆုံးအရာက တိတ်ဆိတ်စွာနေထိုင်ပြီး၊ အာရုံစူးစိုက်ရမယ်လို့ သူ့ခေါင်းဆောင်က သူ့ကို ပြောခဲ့တယ်၊ အဓိပ္ပါယ်ကတော့ ဖုန့်ရှီဟာ မလှုပ်မယှက်နေရမှာ ဖြစ်ပြီး၊ စိတ်ကို ဗလာ ထားရမှာဖြစ်တယ်။ အဲ့လို လုပ်ရုံနဲ့ သူ ချိုးဖျက်တဲ့အခြေအနေကို ရောက်နိုင်မှာလား။
အဲ့တာကို ကြားပြီးနောက် တွေဝေမိန်းမောနေရတာက သူ့အတွက် ပြဿနာမဟုတ်ဘူးလို့ ဖုန့်ရှီ ခံစားလိုက်ရတယ်။ ဒါပေမဲ့ သူ နားမလည်နိုင်သေးတာက ချိုးဖျက်သွားတဲ့အခြေအနေဆိုတာ ဘယ်လိုမျိုးလဲဆိုတာပါပဲ။
"အာရုံစူးစိုက်၊ အာရုံခံ ကိုယ်တွင်းအင်္ဂါအားလုံးကို ဖြေလျော့ထား၊ မင်းပတ်လည်က စိတ်ဝိညာဉ်စွမ်းအင်ကို မင်းရဲ့ နှလုံးသားနဲ့ ခံစားကြည့်လိုက်။ စိတ်ဝိညာဉ်စွမ်းအင်ဆိုတာ အသက်ဝင်နေတဲ့ လေလိုပဲဆိုတာ မင်းတွေ့လိမ့်မယ်။" ဘုရင်ကြီးရဲ့ အသံက ဖုန့်ရှီရဲ့ နားထဲကို ဝင်ရောက်လာတယ်။ အသံက ငြိမ်းချမ်းတဲ့ဟန် ရှိသော်လည်း ဖုန့်ရှီကို ဦးဆောင်နေတဲ့ပုံ ပေါ်တယ်။
ခေါင်းကို အဆက်မပြတ် ခါနေတဲ့ ဖုန့်ရှီတစ်ယောက် ဘုရင်ကြီးရဲ့ စကားလုံးတွေနဲ့ ဦးဆောင်ခြင်းခံလိုက်ရတဲ့အလား သူ့စိတ်က လုံးဝဗလာဟင်းလင်း ဖြစ်သွားတာကို ရုတ်တရက် ခံစားမိလိုက်တယ်။
သူ့မျက်လုံးကို ဖွင့်လိုက်တဲ့အချိန်မှာ သူ့ပတ်ပတ်လည်မှာ အဖြူရောင်ဓါတ်ငွေ့ ခပ်ထူထူကို တွေ့လိုက်ရတယ်။ ဒါဟာ သူ့ခေါင်းဆောင် ခုလေးတင် ပြောလိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအင် ဆိုတာ ဖြစ်ရမယ်လို့ သူ ယူဆလိုက်တယ်။ နို့ဖြူရောင် ဓါတ်ငွေ့ လောင်ကျွမ်းလာတာနဲ့အမျှ သူ့တစ်ကိုယ်လုံးက ချွေးပေါက်တွေ ပွင့်လာတာကို သူ ခံစားလိုက်ရတယ်။ အဲ့နောက်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်ဟာ သူ့ရဲ့ ချွေးပေါက်တွေကနေ တဆင့် ခန္ဓာကိုယ်အနှံ့ တဖြည်းဖြည်း စိမ့်ဝင်ပျံ့နှံ့သွားတယ်။ သူ အလွန်သက်တောင့်သက်သာ ရှိနေပြီး အဲ့ခံစားချက်ကို တဖြည်းဖြည်း စွဲမက်လာတယ်။
"ငြိမ်းငြိမ်းချမ်းချမ်းလေး အသက်ရှု၊ မင်း ခံစားမိလိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အားလုံးကို ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်။"
ဘုရင်ကြီးရဲ့ အသံက ဖုန့်ရှီရဲ့ ခေါင်းထဲ ဝင်ရောက်နေသလိုပင်။ အဲ့နောက် ကောင်လေးက သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို နောက်ဆုံး မှတ်မိသွားတယ်။ ဘုရင်ကြီးရဲ့ လမ်းညွှန်မှုအတိုင်း လိုက်လုပ်ရင်း အသက်ပြင်းပြင်း တစ်ချက် ရှုသွင်းလိုက်တယ်။ အဲ့လိုလုပ်လိုက်တော့ စိတ်ဝိညာဉ်စွမ်းအင်တွေဟာ သူ့ခန္ဓာကိုယ်ထဲကို လျင်မြန်တဲ့အရှိန်နဲ့ အစုပ်ယူခံလိုက်ရတယ်။ သူ့ရဲ့ ပွင့်နေတဲ့ ချွေးပေါက်လေးတွေထဲက သက်တောင့်သက်သာရှိတဲ့ ခံစားချက်က သူ့ကို ညည်းမိလုနီးနီး ဖြစ်သွားစေတယ်။
တကယ်တော့ ဖုန့်ရှီ ညည်းမိလိုက်တယ်။
ဘုရင်ကြီးက နှုတ်ခမ်းထောင့်လေး အနည်းငယ် အပေါ်ကွေးသွားရင်း ကောင်လေးကို ကြည့်လိုက်တယ်။ သူ့မျက်နှာပေါ်က အပြုံးက အရမ်းကို ရေးရေးလေးပဲဖြစ်ပေမဲ့ ကမ္ဘာပေါ်ရှိ လူသားတိုင်းကို ထိတ်လန့်သွားစေဖို့ လုံလောက်တယ်။ ကံဆိုးတာက ဘယ်သူမှ အဲ့တာကို မတွေ့လိုက်ကြရဘူး၊ ဘာလို့လဲဆိုတော့ ဘုရင်ကြီးဘေးနား ရှိနေတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်က သူ့ကိုယ်သူ သီချင်းဆိုနေတဲ့အလား မျက်လုံးပိတ်ပြီး ညည်းနေလို့ ဖြစ်တယ်။
ဖုန့်ရှိ စိတ်ဝိညာဉ်စွမ်းအင်တွေကို တစ်နာရီလောက် စုပ်ယူလိုက်တယ်၊ အဲ့လို့လုပ်နေစဉ်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတို့ စတင် ထုတ်လွှတ်လာတယ်။ စိတ်ဝိညာဉ်စွမ်းအင်တွေကို သူ စုပ်ယူနေစဉ်အတွင်းမှာပဲ ကျန်တဲ့ရွှေရောင်အလင်းတို့က ကောင်လေးပတ်လည်က စိတ်ဝိညာဉ်စွမ်းအင်တွေ ကောင်လေးကိုယ်ထဲကို ဒလဟော ဝင်ရောက်လာစေဖို့ ရွှေရောင်လှိုင်းလုံးကြီးတစ်ခုအဖြစ် အလိုအလျောက် ဖွဲ့စည်းလိုက်တယ်။ အဲ့နောက်မှာတော့ စွမ်းအင်ဟာ ကျုံ့သွားပြီး ကောင်းလေးခန္ဓာကိုယ်အတွက် သင့်တော်တဲ့ ရွှေရောင်အလင်းအဖြစ် ပြောင်းလဲသွားတယ်။ နောက်ဆုံးတော့ သူ့သွေးကြောတွေ၊ ကိုယ်ခန္ဓာဆဲလ်တွေအားလုံး ရွှေရောင်အလင်းဖျော့ဖျော့တို့ အပြည့်ဖြစ်သွားတော့မှ စုပ်ယူမှုတို့ အဆုံးသတ်သွားတော့တယ်။
အားလုံးပြီးသွားဖို့ ဖုန့်ရှီအတွက် အချိန် တစ်နာရီပဲကြာလိုက်တယ်။
တစ်ချိန်လုံးအတွင်းမှာ ဖုန့်ရှီကိုယ်ပေါ်က အလင်းရဲ့ အရောင်က ပြောင်းပြောင်းသွားတယ်။ မူလ အပြာနုရောင် အလင်းဟာ ခရမ်းရောင်အဖြစ် တဖြည်းဖြည်း ရင့်မှောင်လာတယ်။ ထူးထွေဆန်းပြားတဲ့ ခရမ်းရောင်က ဖုန့်ရှီကို မျိုးရိုးမြင့်တစ်ယောက်လို တင့်တယ်စေပြီးတော့ နတ်ဘုရားတစ်ပါးအလား ထင်မှတ်မှားစေပါတယ်။
ဘုရင်ကြီးရဲ့ မျက်လုံးထဲ အခြားသူတွေ နားမလည်နိုင်တဲ့ အံ့အားသင့်မှုတစ်ခု ပေါ်လာတယ်။ ကောင်လေးရဲ့ကိုယ်ထဲက ရွှေရောင်အလင်းက တစ်ခုခုတော့ တစ်ခုခုပဲဆိုတာ သူ အစကတည်းက သိတယ်။ ခု ကြည့်ရတာ အလင်းက တကယ်တော့ ကောင်လေးရဲ့ ကျင့်ကြံ့မှုကို အထောက်အပံ့ အလွန်ဖြစ်စေပုံပဲ။ ဒါ ဘုရင်ကြီး လုံးဝ မမျှော်လင့်ထားတဲ့ အရာပဲဖြစ်တယ်။
ဒါပေမဲ့ ရွှေရောင်အလင်းတို့ရဲ့ အကူအညီကြောင့် ဖုန့်ရှီ စွမ်းအင်တွေ စုပ်ယူနေစဉ်မှာ အသံကျယ်ကျယ် တစ်သံကို ပြုလိုက်တယ်။ နန်းတော်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေဟာ ရူးသွပ်သွားတဲ့အလား နေရာအနှံ့ကနေ ပြေးဝင်လာတယ်။ နောက်ဆုံး ဘုရင်ကြီးကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်တွေတောင် ဆွဲဆောင်ခြင်း ခံလိုက်ရတယ်တာကြောင့် ဦးလေးဖြူနဲ့ အခြားအစေခံတွေအားလုံး အတော် ထိတ်လန့်သွားကြတယ်။
ကံကောင်းတာက နန်းတော်အပြင်ဖက်မှာ အရံအတားတစ်ခု ရှိနေလို့၊ မဟုတ်ရင် ပြင်ပက စိတ်ဝိညာဉ်စွမ်းအင်တွေဟာလည်း စုပ်ယူခြင်းခံလိုက်ရမှာပဲ ဖြစ်တယ်။
တစ်နာရီကြာပြီးနောက် ဖုန့်ရှီ မျက်လုံးဖွင့်လိုက်တယ်။
သူ့ရဲ့ နက်မှောင်ကြည်လင်နေတဲ့ မျက်လုံးတွေက သန့်စင်ထားတဲ့ ကျောက်မျက်ရတနာလိုပဲ တောက်ပတဲ့အလင်းတို့နဲ့ တလက်လက် ဖြစ်နေပြီး ချစ်စဖွယ်ဟန်နဲ့ ပြည့်နေတယ်။ သူ့မျက်လုံးကို ရွေ့လိုက်ပြီး နောက်ဆုံးတော့ ဘုရင်ကြီးကို ပြုံးပြီး ကြည့်လိုက်တယ်။
"ခေါင်းဆောင်၊ ဒါ သိပ်ခံစားလို့ ကောင်းတာပဲ။ အဲ့လို တခါမှ သက်တောင့်သက်သာ မဖြစ်ဖူးဘူး။ ကြည့်ရတာ ကျင့်ကြံတယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ကျွန်တော် ကျင့်ကြံတိုင်း ဒီလိုသာ သက်တောင့်သက်သာ ဖြစ်မယ်ဆိုရင် နေ့တိုင်း ကျွန်တော့ကို ကျင့်ကြံဖို့ပြောရင်တောင် ခင်များကို ကျွန်တော် စိတ်အနှောက်အယှက် ဖြစ်မှာမဟုတ်ဘူး။
ဖုန့်ရှီ ပြောရင်း ဘုရင်ကြီးဆီ ခုန်လိုက်တယ်။ သူ စိတ်ဝိညာဉ်စွမ်းအင်ရဲ့ သန့်စင်ခြင်းကို ခံလိုက်ရပြီးနောက်မှာ သူ့မျက်နှာက ပိုပြီး နူးညံ့လာပြီး သူ့အသားအရေက ပိုချောမွတ်လာကာ အစိုဓါတ်ပြည့်ဝလာတယ်၊ ကောင်လေးရဲ့ကိုယ်ထဲက နို့ဖြူရောင် စိတ်ဝိညာဉ်စွမ်းအင်ဟာ များပြားလွန်းတာကြောင့် အပြင်ကိုတောင် လျှံထွက်လုလုပင်။
ကောင်လေးရဲ့ကိုယ်က သလင်းလို ကြည်လင်နေလို့ အခြားသူတွေကို သူ့နားကပ်လာအောင် ဆွဲဆောင်နေပါတယ်။ သူ့ဝိညာဉ်ကနေ ထွက်နေတဲ့ ချိုမြမြ ရနံ့လေးက သူ အပြင်သွားမယ်ဆိုရင် မိစ္ဆာသားရဲတွေ အတော်များများကို ဖျားယောင်းနေလိမ့်မယ်။ ဒီအခြေအနေမှာ ဘုရင်ကြီး သက်တောင့်သက်သာ အနားမယူနိုင်တော့!
ငရဲမင်းကြီးက ကောင်လေးကို တည့်တည့် စိုက်ကြည့်လိုက်ရင်း ချီးမွမ်းလိုက်တယ်၊ "ကောင်းတယ်!"
အဲ့ချီးမွမ်းစကားက အရမ်းစစ်မှန်တယ်။ ဘုံသုံးဘုံက ဘယ်သူကမှ အခြေခံလူသားအဆင့်ကနေ မှော်လူသားနယ်ပယ် အဆင့် ခုနှစ်ကို မရောက်နိုင်ဘူး၊ ဘုံသုံးဘုံက ပြိုင်ဖက်ကင်း ဉာဏ်ကြီးရှင်ဆိုရင်တောင် တတ်နိုင်မှာမဟုတ်။
"ခေါင်းဆောင်၊ ကျွန်တော့အဆင့် အခု ဘယ်လိုလဲ? ကျွန်တော် မှော်လူသားနယ်ပယ် ပထမအဆင့်ကို ရောက်ပြီလား?" ဖုန့်ရှီ ခေါင်းမော့လိုက်ရင်း မေးလိုက်တယ်။
ပထမအဆင့်? ကောင်လေး တကယ်ပဲ သူ့ကိုယ်သူ လျော့တွက်တာပဲ။
"ပထမအဆင့်ထက် မြင့်တယ်။" ငရဲမင်းကြီးက ခေါင်းညိတ်လိုက်တယ်။ သူ တကယ်လည်း အမှန်ပြောတာပါပဲ၊ အချိူ့သော အမှန်တရားကိုတော့ ထိန်ချန်ထားပေမဲ့လည်းပေါ့။
"တကယ်? ဒါဆို ဘယ်အဆင့်လဲ? ပထမတစ်ဆင့်ခွဲလား? ဒုတိယအဆင့်လား?" ဖုန့်ရှီ လက်ချောင်းလေးတွေနဲ့ ရေတွက်နေတယ်။ ကောင်လေးက တော်တော်လေး မသိဘူး၊ ပထမတစ်ဆင့်ခွဲ ဆိုတဲ့ အဆင့်က ရှိမယ်လို့ သူထင်နေတယ်။ ကြည့်ရတာ စာအုပ်နတ်ဘုရား ရှင်းပြတုန်းက သေချာ အာရုံမစိုက်ခဲ့ပုံပင်။
"ဆက်သာ ကျင့်ကြံအားထုတ်သွား။ ဒီ ကျင့်ကြံမှုအရှိန်ကို ထိန်းထားမယ်ဆိုရင် နှစ်တစ်ရာကြာတဲ့အခါမှာ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက ယှဉ်ပြိုင်ပွဲကြီးကို တက်ရောက်နိုင်လိမ့်မယ်။" အရင်ကတော့ ငရဲမင်းကြီးက ကောင်လေး ဗဟုသုတ ကျယ်လာစေဖို့ပဲဖြစ်ပေမဲ့ ခုတော့ သူ ပြောင်းလိုက်ပြီဖြစ်တယ်။
"အကျိုးအမြတ် တစ်ခုခုရှိလား?" ဖုန့်ရှီ ယှဉ်ပြိုင်ပွဲကြီးအကြောင်း မသိတဲ့အတွက် ပထမဆုံး တုန့်ပြန်မှုက အကျိုးအမြတ်အကြောင်း မေးဖို့ပဲ ဖြစ်တယ်။
"ဆုက သိပ်မဆိုးပါဘူး" ဘုရင်ကြီးရဲ့ အမြင်မှာတော့ အထွတ်အမြတ် သားရဲနဲ့ အထွတ်အမြတ် လက်နက်ဆိုတာ 'မဆိုးပါဘူး' လို့ပဲ ဆိုနိုင်တယ်။
"... ဒါဆို၊ ကျွန်တော် အဲ့တာကို စဉ်းစာလိုက်ပါဦးမယ်..." ဘုရင်ကြီးရဲ့ မှတ်ချက်ကို ကြားတော့ ဖုန့်ရှီက မျက်လုံးကို လိမ္မာပါးနပ်စွာ ရွှေ့လိုက်ရင်း ဖြေလိုက်တယ်။
သူ့ခေါင်းဆောင်က ဘယ်လိုစွမ်းအားကြီးတယ်ဆိုတာ သူအခု သဘောပေါက်လာပြီ ဖြစ်တယ်။ သူ့ခေါင်းဆောင်က သူ့ကို ဘယ်တော့မှ ညာမှာမဟုတ်ဘူးဆိုတာလည်း သူသိတယ်။ သူ့ခေါင်းဆောင်က ဆုကြေးက မဆိုးပါဘူးလို့ ပြောကတည်းက ဆုက ထိပ်တန်းအရည်အသွေး မဖြစ်လောက်ဘူး။ အဲ့လောက် အကောင်းကြီးမဟုတ်ဘူး ဆိုကတည်း သူ့ခေါင်းဆောင်ကို ဘာလို့ တောင်းဆိုရမှာလဲ?
ဘုရင်ကြီးနဲ့ နေတာ အချိန်ကြာလာတော့ သူ လိမ္မာပါးနပ်လာပြီး ပိုတွက်ချက်တတ်လာတယ်။ ဒါပေမဲ့ အဲ့တာကို သူ့ကိုယ်သူတော့ သတိမပြုမိသေး။
ဘုရင်ကြီးက သူ့ရဲ့ လွှမ်းမိုးမှု ခံနေရတဲ့ ဖုန့်ရှီကို စိုက်ကြည့်လိုက်ပြီးနောက် အဝေးကို ကြည့်လိုက်တယ်။ သူတို့အတွက် အကန့်အသတ်မဲ့ အချိန်တွေ စောင့်နေတယ်...
20210921; 0436
—————————— Zawgyi —————————
အပိုင္း ၃၂။ စူပါဉာဏ္ႀကီးရွင္
ဖုန္႔ရွီ စိတ္ရင္းနဲ႔ ထုတ္ေျပာၿပီးတဲ့ေနာက္ က်င့္ႀကံျခင္းဟာ ဘယ္ေလာက္ေတာင္ ခက္ခဲသလဲဆိုတာ သူေနာက္ဆုံးေတာ့ သိသြားရတယ္။
သူ႔ကို ၿငိမ္ၿငိမ္ေလးေနခိုင္းေနသ၍ကေတာ့ သူ႔တစ္ကိုယ္လုံး မသက္မသာ ခံစားေနရမွာ။ ဒါေပမဲ့လည္း က်င့္ႀကံျခင္းမွာ အေရးအႀကီးဆုံးအရာက တိတ္ဆိတ္စြာေနထိုင္ၿပီး၊ အာ႐ုံစူးစိုက္ရမယ္လို႔ သူ႔ေခါင္းေဆာင္က သူ႔ကို ေျပာခဲ့တယ္၊ အဓိပၸါယ္ကေတာ့ ဖုန္႔ရွီဟာ မလွုပ္မယွက္ေနရမွာ ျဖစ္ၿပီး၊ စိတ္ကို ဗလာ ထားရမွာျဖစ္တယ္။ အဲ့လို လုပ္႐ုံနဲ႔ သူ ခ်ိဳးဖ်က္တဲ့အေျခအေနကို ေရာက္နိုင္မွာလား။
အဲ့တာကို ၾကားၿပီးေနာက္ ေတြေဝမိန္းေမာေနရတာက သူ႔အတြက္ ျပႆနာမဟုတ္ဘူးလို႔ ဖုန္႔ရွီ ခံစားလိုက္ရတယ္။ ဒါေပမဲ့ သူ နားမလည္နိုင္ေသးတာက ခ်ိဳးဖ်က္သြားတဲ့အေျခအေနဆိုတာ ဘယ္လိုမ်ိဳးလဲဆိုတာပါပဲ။
"အာ႐ုံစူးစိုက္၊ အာ႐ုံခံ ကိုယ္တြင္းအဂၤါအားလုံးကို ေျဖေလ်ာ့ထား၊ မင္းပတ္လည္က စိတ္ဝိညာဥ္စြမ္းအင္ကို မင္းရဲ့ ႏွလုံးသားနဲ႔ ခံစားၾကည့္လိုက္။ စိတ္ဝိညာဥ္စြမ္းအင္ဆိုတာ အသက္ဝင္ေနတဲ့ ေလလိုပဲဆိုတာ မင္းေတြ႕လိမ့္မယ္။" ဘုရင္ႀကီးရဲ့ အသံက ဖုန္႔ရွီရဲ့ နားထဲကို ဝင္ေရာက္လာတယ္။ အသံက ၿငိမ္းခ်မ္းတဲ့ဟန္ ရွိေသာ္လည္း ဖုန္႔ရွီကို ဦးေဆာင္ေနတဲ့ပုံ ေပၚတယ္။
ေခါင္းကို အဆက္မျပတ္ ခါေနတဲ့ ဖုန္႔ရွီတစ္ေယာက္ ဘုရင္ႀကီးရဲ့ စကားလုံးေတြနဲ႔ ဦးေဆာင္ျခင္းခံလိုက္ရတဲ့အလား သူ႔စိတ္က လုံးဝဗလာဟင္းလင္း ျဖစ္သြားတာကို ႐ုတ္တရက္ ခံစားမိလိုက္တယ္။
သူ႔မ်က္လုံးကို ဖြင့္လိုက္တဲ့အခ်ိန္မွာ သူ႔ပတ္ပတ္လည္မွာ အျဖဴေရာင္ဓါတ္ေငြ႕ ခပ္ထူထူကို ေတြ႕လိုက္ရတယ္။ ဒါဟာ သူ႔ေခါင္းေဆာင္ ခုေလးတင္ ေျပာလိုက္တဲ့ စိတ္ဝိညာဥ္စြမ္းအင္ ဆိုတာ ျဖစ္ရမယ္လို႔ သူ ယူဆလိုက္တယ္။ နို႔ျဖဴေရာင္ ဓါတ္ေငြ႕ ေလာင္ကၽြမ္းလာတာနဲ႔အမၽွ သူ႔တစ္ကိုယ္လုံးက ေခၽြးေပါက္ေတြ ပြင့္လာတာကို သူ ခံစားလိုက္ရတယ္။ အဲ့ေနာက္မွာေတာ့ စိတ္ဝိညာဥ္စြမ္းအင္ဟာ သူ႔ရဲ့ ေခၽြးေပါက္ေတြကေန တဆင့္ ခႏၶာကိုယ္အႏွံ့ တျဖည္းျဖည္း စိမ့္ဝင္ပ်ံ႕ႏွံ့သြားတယ္။ သူ အလြန္သက္ေတာင့္သက္သာ ရွိေနၿပီး အဲ့ခံစားခ်က္ကို တျဖည္းျဖည္း စြဲမက္လာတယ္။
"ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေလး အသက္ရွု၊ မင္း ခံစားမိလိုက္တဲ့ စိတ္ဝိညာဥ္စြမ္းအင္ေတြ အားလုံးကို ခႏၶာကိုယ္ထဲ စုပ္ယူလိုက္။"
ဘုရင္ႀကီးရဲ့ အသံက ဖုန္႔ရွီရဲ့ ေခါင္းထဲ ဝင္ေရာက္ေနသလိုပင္။ အဲ့ေနာက္ ေကာင္ေလးက သူ႔ရည္ရြယ္ခ်က္က ဘာလဲဆိုတာကို ေနာက္ဆုံး မွတ္မိသြားတယ္။ ဘုရင္ႀကီးရဲ့ လမ္းညႊန္မွုအတိုင္း လိုက္လုပ္ရင္း အသက္ျပင္းျပင္း တစ္ခ်က္ ရွုသြင္းလိုက္တယ္။ အဲ့လိုလုပ္လိုက္ေတာ့ စိတ္ဝိညာဥ္စြမ္းအင္ေတြဟာ သူ႔ခႏၶာကိုယ္ထဲကို လ်င္ျမန္တဲ့အရွိန္နဲ႔ အစုပ္ယူခံလိုက္ရတယ္။ သူ႔ရဲ့ ပြင့္ေနတဲ့ ေခၽြးေပါက္ေလးေတြထဲက သက္ေတာင့္သက္သာရွိတဲ့ ခံစားခ်က္က သူ႔ကို ညည္းမိလုနီးနီး ျဖစ္သြားေစတယ္။
တကယ္ေတာ့ ဖုန္႔ရွီ ညည္းမိလိုက္တယ္။
ဘုရင္ႀကီးက ႏွုတ္ခမ္းေထာင့္ေလး အနည္းငယ္ အေပၚေကြးသြားရင္း ေကာင္ေလးကို ၾကည့္လိုက္တယ္။ သူ႔မ်က္ႏွာေပၚက အျပဳံးက အရမ္းကို ေရးေရးေလးပဲျဖစ္ေပမဲ့ ကမၻာေပၚရွိ လူသားတိုင္းကို ထိတ္လန္႔သြားေစဖို႔ လုံေလာက္တယ္။ ကံဆိုးတာက ဘယ္သူမွ အဲ့တာကို မေတြ႕လိုက္ၾကရဘူး၊ ဘာလို႔လဲဆိုေတာ့ ဘုရင္ႀကီးေဘးနား ရွိေနတဲ့ တစ္ဦးတည္းေသာ ပုဂၢိဳလ္က သူ႔ကိုယ္သူ သီခ်င္းဆိုေနတဲ့အလား မ်က္လုံးပိတ္ၿပီး ညည္းေနလို႔ ျဖစ္တယ္။
ဖုန္႔ရွိ စိတ္ဝိညာဥ္စြမ္းအင္ေတြကို တစ္နာရီေလာက္ စုပ္ယူလိုက္တယ္၊ အဲ့လို႔လုပ္ေနစဥ္အတြင္းမွာပဲ သူ႔ခႏၶာကိုယ္က ေရႊေရာင္အလင္းတို႔ စတင္ ထုတ္လႊတ္လာတယ္။ စိတ္ဝိညာဥ္စြမ္းအင္ေတြကို သူ စုပ္ယူေနစဥ္အတြင္းမွာပဲ က်န္တဲ့ေရႊေရာင္အလင္းတို႔က ေကာင္ေလးပတ္လည္က စိတ္ဝိညာဥ္စြမ္းအင္ေတြ ေကာင္ေလးကိုယ္ထဲကို ဒလေဟာ ဝင္ေရာက္လာေစဖို႔ ေရႊေရာင္လွိုင္းလုံးႀကီးတစ္ခုအျဖစ္ အလိုအေလ်ာက္ ဖြဲ႕စည္းလိုက္တယ္။ အဲ့ေနာက္မွာေတာ့ စြမ္းအင္ဟာ က်ဳံ႕သြားၿပီး ေကာင္းေလးခႏၶာကိုယ္အတြက္ သင့္ေတာ္တဲ့ ေရႊေရာင္အလင္းအျဖစ္ ေျပာင္းလဲသြားတယ္။ ေနာက္ဆုံးေတာ့ သူ႔ေသြးေၾကာေတြ၊ ကိုယ္ခႏၶာဆဲလ္ေတြအားလုံး ေရႊေရာင္အလင္းေဖ်ာ့ေဖ်ာ့တို႔ အျပည့္ျဖစ္သြားေတာ့မွ စုပ္ယူမွုတို႔ အဆုံးသတ္သြားေတာ့တယ္။
အားလုံးၿပီးသြားဖို႔ ဖုန္႔ရွီအတြက္ အခ်ိန္ တစ္နာရီပဲၾကာလိုက္တယ္။
တစ္ခ်ိန္လုံးအတြင္းမွာ ဖုန္႔ရွီကိုယ္ေပၚက အလင္းရဲ့ အေရာင္က ေျပာင္းေျပာင္းသြားတယ္။ မူလ အျပာႏုေရာင္ အလင္းဟာ ခရမ္းေရာင္အျဖစ္ တျဖည္းျဖည္း ရင့္ေမွာင္လာတယ္။ ထူးေထြဆန္းျပားတဲ့ ခရမ္းေရာင္က ဖုန္႔ရွီကို မ်ိဳးရိုးျမင့္တစ္ေယာက္လို တင့္တယ္ေစၿပီးေတာ့ နတ္ဘုရားတစ္ပါးအလား ထင္မွတ္မွားေစပါတယ္။
ဘုရင္ႀကီးရဲ့ မ်က္လုံးထဲ အျခားသူေတြ နားမလည္နိုင္တဲ့ အံ့အားသင့္မွုတစ္ခု ေပၚလာတယ္။ ေကာင္ေလးရဲ့ကိုယ္ထဲက ေရႊေရာင္အလင္းက တစ္ခုခုေတာ့ တစ္ခုခုပဲဆိုတာ သူ အစကတည္းက သိတယ္။ ခု ၾကည့္ရတာ အလင္းက တကယ္ေတာ့ ေကာင္ေလးရဲ့ က်င့္ႀကံ့မွုကို အေထာက္အပံ့ အလြန္ျဖစ္ေစပုံပဲ။ ဒါ ဘုရင္ႀကီး လုံးဝ မေမၽွာ္လင့္ထားတဲ့ အရာပဲျဖစ္တယ္။
ဒါေပမဲ့ ေရႊေရာင္အလင္းတို႔ရဲ့ အကူအညီေၾကာင့္ ဖုန္႔ရွီ စြမ္းအင္ေတြ စုပ္ယူေနစဥ္မွာ အသံက်ယ္က်ယ္ တစ္သံကို ျပဳလိုက္တယ္။ နန္းေတာ္ထဲက စိတ္ဝိညာဥ္စြမ္းအင္ေတြဟာ ႐ူးသြပ္သြားတဲ့အလား ေနရာအႏွံ့ကေန ေျပးဝင္လာတယ္။ ေနာက္ဆုံး ဘုရင္ႀကီးကိုယ္ထဲက စိတ္ဝိညာဥ္စြမ္းအင္ေတြေတာင္ ဆြဲေဆာင္ျခင္း ခံလိုက္ရတယ္တာေၾကာင့္ ဦးေလးျဖဴနဲ႔ အျခားအေစခံေတြအားလုံး အေတာ္ ထိတ္လန္႔သြားၾကတယ္။
ကံေကာင္းတာက နန္းေတာ္အျပင္ဖက္မွာ အရံအတားတစ္ခု ရွိေနလို႔၊ မဟုတ္ရင္ ျပင္ပက စိတ္ဝိညာဥ္စြမ္းအင္ေတြဟာလည္း စုပ္ယူျခင္းခံလိုက္ရမွာပဲ ျဖစ္တယ္။
တစ္နာရီၾကာၿပီးေနာက္ ဖုန္႔ရွီ မ်က္လုံးဖြင့္လိုက္တယ္။
သူ႔ရဲ့ နက္ေမွာင္ၾကည္လင္ေနတဲ့ မ်က္လုံးေတြက သန္႔စင္ထားတဲ့ ေက်ာက္မ်က္ရတနာလိုပဲ ေတာက္ပတဲ့အလင္းတို႔နဲ႔ တလက္လက္ ျဖစ္ေနၿပီး ခ်စ္စဖြယ္ဟန္နဲ႔ ျပည့္ေနတယ္။ သူ႔မ်က္လုံးကို ေရြ႕လိုက္ၿပီး ေနာက္ဆုံးေတာ့ ဘုရင္ႀကီးကို ျပဳံးၿပီး ၾကည့္လိုက္တယ္။
"ေခါင္းေဆာင္၊ ဒါ သိပ္ခံစားလို႔ ေကာင္းတာပဲ။ အဲ့လို တခါမွ သက္ေတာင့္သက္သာ မျဖစ္ဖူးဘူး။ ၾကည့္ရတာ က်င့္ႀကံတယ္ဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းတာပဲ။ ကၽြန္ေတာ္ က်င့္ႀကံတိုင္း ဒီလိုသာ သက္ေတာင့္သက္သာ ျဖစ္မယ္ဆိုရင္ ေန႔တိုင္း ကၽြန္ေတာ့ကို က်င့္ႀကံဖို႔ေျပာရင္ေတာင္ ခင္မ်ားကို ကၽြန္ေတာ္ စိတ္အေႏွာက္အယွက္ ျဖစ္မွာမဟုတ္ဘူး။
ဖုန္႔ရွီ ေျပာရင္း ဘုရင္ႀကီးဆီ ခုန္လိုက္တယ္။ သူ စိတ္ဝိညာဥ္စြမ္းအင္ရဲ့ သန္႔စင္ျခင္းကို ခံလိုက္ရၿပီးေနာက္မွာ သူ႔မ်က္ႏွာက ပိုၿပီး ႏူးညံ့လာၿပီး သူ႔အသားအေရက ပိုေခ်ာမြတ္လာကာ အစိုဓါတ္ျပည့္ဝလာတယ္၊ ေကာင္ေလးရဲ့ကိုယ္ထဲက နို႔ျဖဴေရာင္ စိတ္ဝိညာဥ္စြမ္းအင္ဟာ မ်ားျပားလြန္းတာေၾကာင့္ အျပင္ကိုေတာင္ လၽွံထြက္လုလုပင္။
ေကာင္ေလးရဲ့ကိုယ္က သလင္းလို ၾကည္လင္ေနလို႔ အျခားသူေတြကို သူ႔နားကပ္လာေအာင္ ဆြဲေဆာင္ေနပါတယ္။ သူ႔ဝိညာဥ္ကေန ထြက္ေနတဲ့ ခ်ိဳျမၿမ ရနံ့ေလးက သူ အျပင္သြားမယ္ဆိုရင္ မိစၧာသားရဲေတြ အေတာ္မ်ားမ်ားကို ဖ်ားေယာင္းေနလိမ့္မယ္။ ဒီအေျခအေနမွာ ဘုရင္ႀကီး သက္ေတာင့္သက္သာ အနားမယူနိုင္ေတာ့!
ငရဲမင္းႀကီးက ေကာင္ေလးကို တည့္တည့္ စိုက္ၾကည့္လိုက္ရင္း ခ်ီးမြမ္းလိုက္တယ္၊ "ေကာင္းတယ္!"
အဲ့ခ်ီးမြမ္းစကားက အရမ္းစစ္မွန္တယ္။ ဘုံသုံးဘုံက ဘယ္သူကမွ အေျခခံလူသားအဆင့္ကေန ေမွာ္လူသားနယ္ပယ္ အဆင့္ ခုႏွစ္ကို မေရာက္နိုင္ဘူး၊ ဘုံသုံးဘုံက ၿပိဳင္ဖက္ကင္း ဉာဏ္ႀကီးရွင္ဆိုရင္ေတာင္ တတ္နိုင္မွာမဟုတ္။
"ေခါင္းေဆာင္၊ ကၽြန္ေတာ့အဆင့္ အခု ဘယ္လိုလဲ? ကၽြန္ေတာ္ ေမွာ္လူသားနယ္ပယ္ ပထမအဆင့္ကို ေရာက္ၿပီလား?" ဖုန္႔ရွီ ေခါင္းေမာ့လိုက္ရင္း ေမးလိုက္တယ္။
ပထမအဆင့္? ေကာင္ေလး တကယ္ပဲ သူ႔ကိုယ္သူ ေလ်ာ့တြက္တာပဲ။
"ပထမအဆင့္ထက္ ျမင့္တယ္။" ငရဲမင္းႀကီးက ေခါင္းညိတ္လိုက္တယ္။ သူ တကယ္လည္း အမွန္ေျပာတာပါပဲ၊ အခ်ိဴ႕ေသာ အမွန္တရားကိုေတာ့ ထိန္ခ်န္ထားေပမဲ့လည္းေပါ့။
"တကယ္? ဒါဆို ဘယ္အဆင့္လဲ? ပထမတစ္ဆင့္ခြဲလား? ဒုတိယအဆင့္လား?" ဖုန္႔ရွီ လက္ေခ်ာင္းေလးေတြနဲ႔ ေရတြက္ေနတယ္။ ေကာင္ေလးက ေတာ္ေတာ္ေလး မသိဘူး၊ ပထမတစ္ဆင့္ခြဲ ဆိုတဲ့ အဆင့္က ရွိမယ္လို႔ သူထင္ေနတယ္။ ၾကည့္ရတာ စာအုပ္နတ္ဘုရား ရွင္းျပတုန္းက ေသခ်ာ အာ႐ုံမစိုက္ခဲ့ပုံပင္။
"ဆက္သာ က်င့္ႀကံအားထုတ္သြား။ ဒီ က်င့္ႀကံမွုအရွိန္ကို ထိန္းထားမယ္ဆိုရင္ ႏွစ္တစ္ရာၾကာတဲ့အခါမွာ နတ္ဘုရားေတြနဲ႔ မိစၧာေတြအၾကားက ယွဥ္ၿပိဳင္ပြဲႀကီးကို တက္ေရာက္နိုင္လိမ့္မယ္။" အရင္ကေတာ့ ငရဲမင္းႀကီးက ေကာင္ေလး ဗဟုသုတ က်ယ္လာေစဖို႔ပဲျဖစ္ေပမဲ့ ခုေတာ့ သူ ေျပာင္းလိုက္ၿပီျဖစ္တယ္။
"အက်ိဳးအျမတ္ တစ္ခုခုရွိလား?" ဖုန္႔ရွီ ယွဥ္ၿပိဳင္ပြဲႀကီးအေၾကာင္း မသိတဲ့အတြက္ ပထမဆုံး တုန္႔ျပန္မွုက အက်ိဳးအျမတ္အေၾကာင္း ေမးဖို႔ပဲ ျဖစ္တယ္။
"ဆုက သိပ္မဆိုးပါဘူး" ဘုရင္ႀကီးရဲ့ အျမင္မွာေတာ့ အထြတ္အျမတ္ သားရဲနဲ႔ အထြတ္အျမတ္ လက္နက္ဆိုတာ 'မဆိုးပါဘူး' လို႔ပဲ ဆိုနိုင္တယ္။
"... ဒါဆို၊ ကၽြန္ေတာ္ အဲ့တာကို စဥ္းစာလိုက္ပါဦးမယ္..." ဘုရင္ႀကီးရဲ့ မွတ္ခ်က္ကို ၾကားေတာ့ ဖုန္႔ရွီက မ်က္လုံးကို လိမၼာပါးနပ္စြာ ေရႊ႕လိုက္ရင္း ေျဖလိုက္တယ္။
သူ႔ေခါင္းေဆာင္က ဘယ္လိုစြမ္းအားႀကီးတယ္ဆိုတာ သူအခု သေဘာေပါက္လာၿပီ ျဖစ္တယ္။ သူ႔ေခါင္းေဆာင္က သူ႔ကို ဘယ္ေတာ့မွ ညာမွာမဟုတ္ဘူးဆိုတာလည္း သူသိတယ္။ သူ႔ေခါင္းေဆာင္က ဆုေၾကးက မဆိုးပါဘူးလို႔ ေျပာကတည္းက ဆုက ထိပ္တန္းအရည္အေသြး မျဖစ္ေလာက္ဘူး။ အဲ့ေလာက္ အေကာင္းႀကီးမဟုတ္ဘူး ဆိုကတည္း သူ႔ေခါင္းေဆာင္ကို ဘာလို႔ ေတာင္းဆိုရမွာလဲ?
ဘုရင္ႀကီးနဲ႔ ေနတာ အခ်ိန္ၾကာလာေတာ့ သူ လိမၼာပါးနပ္လာၿပီး ပိုတြက္ခ်က္တတ္လာတယ္။ ဒါေပမဲ့ အဲ့တာကို သူ႔ကိုယ္သူေတာ့ သတိမျပဳမိေသး။
ဘုရင္ႀကီးက သူ႔ရဲ့ လႊမ္းမိုးမွု ခံေနရတဲ့ ဖုန္႔ရွီကို စိုက္ၾကည့္လိုက္ၿပီးေနာက္ အေဝးကို ၾကည့္လိုက္တယ္။ သူတို႔အတြက္ အကန္႔အသတ္မဲ့ အခ်ိန္ေတြ ေစာင့္ေနတယ္...
20210921; 0436
You are reading the story above: TeenFic.Net