29. The Immortal Body

Background color
Font
Font size
Line height

အပိုင်း ၂၉။ မသေမျိုး ခန္ဓာ

"လူသားတိုင်း၊ မိစ္ဆာတိုင်း၊ နတ်ဘုရားတိုင်းဟာ သေလွန်တဲ့အခါ ဘဝကူးပြောင်းရခြင်းကို တွေ့ကြုံကြရတယ်။ ငရဲမင်းကြီးကသာလျင် အားလုံးရဲ့ ဘဝကူးပြောင်းခြင်းကို ထိန်းချုပ်နိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်တယ်။ ဒါ့ကြောင့် ကြီးမြတ်လှတဲ့ ဘုရင် ငရဲမင်းကြီးဟာ အလွန့်အလွန် ချီးမြှောက်ခြင်း ခံထားရသူဖြစ်တယ်!" လူသေးလေးက တကယ်ပဲ ဖုန့်ရှီမေးခွန်းတွေအတွက် အဖြေတွေ ရှိနေတယ်။

"ငရဲပြည်ရဲ့ ထိန်းချုပ်မှုအောက်မှာ အပလောကနဲ့ တစ္ဆေလောကလို့ခေါ်တဲ့ ကမ္ဘာနှစ်ခု ရှိတယ်။ အဲ့ဒီမှာလည်း သေလွန်ပြီးသူတို့ စီရင်ချက် ရယူရတဲ့ ဝိညာဉ်ကူးပြောင်းနန်းတော် ရှိတယ်။ ပြီးတော့ ဝိညာဉ်ကူးပြောင်းနန်းတော်အရှင်ကနေ ဝိညာဉ်တစ်ဦးဟာ ချက်ချင်းဘဝကူးပြောင်းခွင့် ရှိတယ် ဒါမှမဟုတ် ရက်စက်တဲ့အပြစ်ဒဏ် ကျခံရမယ်ဆိုတာကို ထုတ်ပြန်တယ်။ တစ္ဆေလောကကတော့ အဲ့ဒီ့ပြစ်ဒဏ်ကို ကျခံရမယ့် တည်ဆောက်မှုရှုပ်ထွေးတဲ့ နေရာဖြစ်တယ်။ သခင်က တစ္ဆေလောကနဲ့ လုံးဝ ပတ်သက်စရာမရှိတဲ့အတွက် အဲ့အကြောင်း အများကြီး သိိဖို့ မလိုပါဘူး။ အပလောကအကြောင်းကတော့ ဝိညာဉ်တွေအားလုံးက အဲ့ဒီနေရာမှာ ဝိညာဉ်ကူးပြောင်းကြရတယ်။ ကူးပြောင်းနိုင်ဖို့ကို ဘယ်လောက်ကြာကြာ စောင့်ရမလဲဆိုတာကတော့ ဝိညာဉ်ကူးပြောင်းနန်းတော်အရှင်ရဲ့ သဘောအတိုင်းပါပဲ။"

"ဒီတော့" လူသေးလေးက လက်မထောင်ပြလိုက်ရင်း လေးလေးနက်နက်ပြောလိုက်တယ်၊ "ငရဲပြည်ဟာ ဘုံသုံးဘုံရဲ့ ဟန်ချက်မျှခြေကို ထိန်းပေးရတဲ့ တာဝန် ယူထားတာဖြစ်တယ်။"

"တကယ်လို့ ငရဲပြည် မရှိတော့ဘူးဆိုရင်ရော?" ဖုန့်ရှီက မျက်မှောင်ကြုတ်ပြီး မေးလိုက်တယ်။

"ဒါ မဖြစ်နိုင်တာပဲ!"

လူသေးလေးက တုံ့ဆိုင်းမှုမရှိဘဲ ငြင်းလိုက်တယ်။ သူ့ကို ကောင်လေးက စိုက်ကြည့်နေတာမြင်တော့ သူက ရှင်းပြလိုက်တယ်။

"သခင်၊ ငရဲမင်းကြီးက ကောင်းကင်လမ်းပြီးရင် တစ်ဦးတည်းသော ဒုတိယပုဂ္ဂိုလ်ဖြစ်ပြီး မသေမျိုးခန္ဓာ ရှိတဲ့တစ်ဦးတည်းသောသူဆိုတာ သခင်လေး မသိသေးလို့ပါ။ သူ အမြစ်ပြတ် သုတ်သင်ခံရရင်တောင်မှ ပြန်လည်မွေးဖွားနိုင်တယ်။ အဲ့အပြင် ဘုံသုံးဘုံမှာ ဘယ်သူကမှ ငရဲမင်းကြီးလောက် စွမ်းအား မကြီးဘူး။ ကောင်းကင်ဘုံ ဘုရင်နဲ့ မိစ္ဆာဘုံ ဘုရင်တို့တောင် သူ့ကို အများကြီး လေးစားကြရတယ်။ အဲ့တာကြောင့် ငရဲပြည် ပျောက်ကွယ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး!"

"လူသား၊ မိစ္ဆာနဲ့ နတ်ဘုရားတွေအားလုံးက သေကြလိမ့်မယ်လို့ မင်းမပြောခဲ့ဖူးလား? ဘာလို့ ငါ့ခေါင်းဆောင်က မသေနိုင်ရတာလဲ?" ဖုန့်ရှီ လုံးဝနားမလည်နိုင် ဖြစ်နေတယ်။ သူ့မှာ စွမ်းအားအကြီးဆုံး ခေါင်းဆောင် ရှိတယ်ဆိုတာ သူ့အတွက် သတင်းကောင်း ပေမဲ့ အနာဂတ်မှာ သူ့ကို အဲ့လိုမေးခွန်း အခြားသူက မေးလာခဲ့သည်ရှိသော်ဆိုပြီး သူ အဖြေရှာထားဖို့ လိုတယ်။

ဒါပေမဲ့ မေးခွန်းကိုကြားလိုက်ရတော့ လူသေးလေးမျက်နှာမှာ မြောက်ကြွသွားတဲ့ပုံ ပေါ်လာတယ်။

"ကျွန်တော် ပြောပြနိုင်ပါတယ်၊ သခင်။ ဒါပေမဲ့ အဲ့တာကို အခြား ဘယ်သူ့ကိုမှ မပြောပါဘူးလို့ ကတိပေးရပါမယ်"

"ဘာလို့လဲ?" ဖုန့်ရှီ ဒီနေ့တော့ မေးခွန်းတွေ အများကြီး ရှိနေရတယ်။

"မင်းမေးတဲ့မေးခွန်းက ထိပ်တန်းလျို့ဝှက်ချက်မဟုတ်ပေမဲ့ ဘုံသုံးဘုံက လူအနည်းစုကပဲ ဒီအကြောင်းကို သိထားကြတာဖြစ်တယ်။ သိတဲ့သူ အနည်းစုကလည်း ဒီအကြောင်းကို ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ဘူးလို့ အားလုံး တစ်စိတ်တစ်ဝမ်းတည်း သဘောတူထားကြတာ ဖြစ်တယ်။"

"ကောင်းပြီ၊ ငါ့ ပြောသာပြောပြပါ။ တခြားဘယ်သူ့ကိုမှ ငါ့ခေါင်းဆောင်အကြောင်း မပြောပါဘူးလို့ ကတိပေးတယ်။" လျို့ဝှက်ချက် ဖြစ်တာကြောင့် ဖုန့်ရှီ ချက်ချင်း စိတ်ဝင်စားသွားရတယ်။ သူ့ခေါင်းဆောင်ရဲ့ လျို့ဝှက်ချက်ဟာ သူ့လျို့ဝှက်ချက်ဖြစ်တယ်။ သူက သူ့လျို့ဝှက်ချက်ကို ဘာလို့ သူများကို ထုတ်ပြောနိုင်ရမှာလဲ?

"မင်း ကျိန်ဆိုပေးရမယ်၊ သခင်" လူသေးလေးက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။ သူတို့ပြောတာကို ဘယ်သူမှ ခိုးနားမထောင်ဘူးဆိုတာ သေချာတော့မှ၊ ဦးလေးဖြူလည်း မကြားနိုင်ဘူးဆိုတာ သေချာတော့မှ သူက အသံတိုးတိုးနဲ့ ပြောလိုက်တယ်၊ "တကယ်တော့ ငရဲမင်းကြီးမှာ စကြာဝဠာအနှံ့ ဖြန့်ကျက်ထားတဲ့ ကိုယ်ပွါးပေါင်း ထရီလီယမ်ကျော် ရှိတယ်။ ဒီလောကကြီးမှာ သူ့ကိုယ်ပွါး တစ်ခုကျန်နေသ၍ သူ ဖျက်ဆီးခြင်းမခံရဘူး၊ ပြောတာ နားလည်လား?"

"ဒါဆို၊ အဲ့တာက ဒါ့ကြောင့်လား!" ကလုန်းပေါင်း ထရီလီယမ်ကျော်။ မိုက်တယ်ကွာ။

"သခင် သိချင်တာ ဘာထပ်ရှိသေးလဲ?" လူသေးလေးက သူတို့ရဲ့ စကားဝိုင်း အဆုံးသတ်ခါနီးပြီလို့ ထင်လိုက်တာကြောင့် ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။

"အင်း" လူသေးလေး မျှော်လင့်ထားခဲ့သလို မဟုတ်ဘဲ ဖုန့်ရှီက သိချင်တာရှိသေးကြောင်း ခေါင်းညိတ်ပြလိုက်တယ်။

"မေးခွန်းက ဘာလဲ၊ သခင်?" လူသေးလေးက သူ့ ကံကြမ္မာကို လက်ခံလိုက်ရပြီး နမိတ်မကောင်းမှုကို ခံစားမိရင်း မေးလိုက်တယ်။

"ငါ့ကို ဟိုတစ်ရက်က ရိုက်နှက်ခဲ့တဲ့ မိန်းခလေးလေ၊ သူက ဘယ်သူလဲ? သူ့အဖေက ရာထူးခပ်ကြီးကြီးထဲက ဖြစ်ပုံရတယ်။"

ဒီလိုမေးခွန်းမျိုး ဘာ့အတွက်ကြောင့် ဖြေဖို့လိုအပ်မှန်း မသိဘဲ လူသေးလေး ချက်ချင်းပဲ ဆွံ့အသွားရတယ်။ ကံကောင်းတာက သူက နေရာတိုင်းက စာအုပ်တွေရဲ့ နတ်ဘုရားဖြစ်တယ်။ စာအုပ်တစ်အုပ် တနေရာရာမှာ ရှိတာနဲ့တင် အဲ့နေရာမှာ ဘာဖြစ်ခဲ့လဲဆိုတာ သူ သိနိုင်တယ်။ ဒါ့ကြောင့် သူက အဲ့လိုမေးခွန်းမျိုးကိုလည်း ဖြေနိုင်နေတယ်၊ အဲ့လိုမှမဟုတ်ရင် သူ့ကိုယ်သူ အရှက်ရတော့မှာ။

"အဲ့မိန်းခလေးနာမည်က သုန်းဖန်းလင်အာ။ သူမရဲ့ အဖေက ငရဲပြည်ရဲ့ မီးတောက်ဝန်ကြီး၊ ငရဲမင်းကြီးပြီးရင် သူပဲ ရာထူး အကြီးဆုံး။ သုန်းဖန်းလင်အာ မောက်မောက်မာမာ ဆက်ဆံတာက သူက မီးတောက်ဝန်ကြီးရဲ့ သမီးမို့။ ဒါပေမဲ့ သူမကသာ သခင် ဘယ်သူဆိုတာ သိခဲ့မယ်ဆိုရင် မင်းကို ဒီလို ဆက်ဆံမှာမဟုတ်ဘူး။"

"သဘောပေါက်ပြီ။ ဒါနဲ့ ငါက ဘယ်သူမို့လဲ?" ဖုန့်ရှီ နှာခေါင်းရှုံ့လိုက်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။

"အာ... မင်း ဘုရင်ကြီးကို အဲ့အကြောင်း ကိုယ်တိုင်မေးတာ ပိုကောင်းမယ်၊ သခင်။" လူသေးလေးက တစ်ခုခုကို သိနေပေမဲ့ သူ အဲ့တာကို ထုတ်မပြောဝံ့ဘူး။

"ပြောတာ ဟုတ်တယ်။ ငါ သူ့ကို နောက်မှ မေးလိုက်မယ်။" ဖုန့်ရှီ သူ့မေးကို ပွတ်လိုက်ရင်း သဘောတူလိုက်တယ်။

"သခင်၊ ကျေးဇူးပြုပြီး ဒီအကြောင်းတွေအားလုံးကို ကျွန်တော်ပြောတယ်ဆိုတာ ဘုရင်ကြီးမသိပါစေနဲ့နော်၊ မဟုတ်ရင် ကျွန်တော်တော့ ဂြိုဟ်ဆိုးဝင်ရလိမ့်မယ်။ ဖုန့်ရှီက ဘုရင်ကြီးကို အတည် မေးတော့မယ်ဆိုတာ ကြားလိုက်ရတော့ လူသေးလေးက စိုးရိမ်တကြီး ချက်ချင်းပဲ အော်လိုက်တယ်။ တကယ်လို့ ငရဲမင်းကြီးက သူ့ဒေါသ လူသေးလေးပေါ် ပုံချလိုက်ရင် သူ ဒီလောကကြီးကနေ ပျောက်ကွယ်သွားရလိမ့်မယ်။ စာအုပ်နတ်ဘုရားဆိုတာလည်း ဘယ်တော့မှ ရှိတော့မှာမဟုတ်တော့ဘူး!

"သဘောပေါက်ပြီ!" ဖုန့်ရှီ သူ့လက်ကို ဝှေ့ယမ်းလိုက်ရင်း စာကြည့်တိုက်ကနေ ပြေးထွက်သွားလိုက်တယ်။

"သခင်၊ ခဏ၊ မင်း..."

လူသေးလေးက တစ်ခုခုကို ပြောလုဆဲဆဲမှာပဲ ကောင်လေးက စာကြည့်တိုက်ကနေ ထွက်သွားနှင့်ပြီ ဖြစ်ပြီး ဂိတ်တံခါးဆီတောင် ပြေးနေပြီ ဖြစ်တယ်။ လူသေးလေး ကောင်လေးကို ပြောချင်တာက အဖြူဝတ်အဘိုးအိုက ကောင်လေး သူလုပ်ရမယ့်တာဝန်ကို မပြီးသေးတဲ့အတွက် ထွက်ခွင့်ပြုမှာမဟုတ်ဘူး ဆိုတာပါပဲ။ နောက်ဆုံးတော့...

လူသေးလေးရဲ့ အတွေးတွေ မှန်ကန်ကြောင်း အတည်ပြုပြီး ဖြစ်သွားတယ်။ ဖုန့်ရှီ ဂိတ်တံခါးကနေ ခြေတစ်ဖက် အပြင်ဖက်မချရသေးခင်မှာပဲ ဦးလေးဖြူက သူ့ကို ချက်ချင်းပဲ တားလိုက်တယ်။

ဦးလေးဖြူက ဖုန့်ရှီကို မရယ်မပြုံးမျက်နှာနဲ့ ကြည့်လိုက်ရင်း အတက်အကျမရှိတဲ့ လေသံနဲ့ မေးလိုက်တယ်၊ "အဲ့စာအုပ်တွေ အားလုံးကို ဖတ်လို့ပြီးပြီလား? ဘုရင်ကြီးက မင်း ဖတ်လို့မပြီးမချင်း ဒီကနေ ထွက်သွားလို့မရဘူးလို့ မှာထားပါတယ်"

"အင်း...ကျွန်တော်..."

ဖုန့်ရှီ ဦးလေးဖြူကို သူ့မျက်လုံးရွဲကြီးနှစ်လုံးနဲ့ စိုက်ကြည့်လိုက်တယ်။ သူ့တာဝန်ကို ပြီးမြောက်ပြီးပြီလို့ သူ ညာလိုက်ချင်တယ်။ ဒါပေမဲ့ ဘာ့ကြောင့်မှန်းမသိဘူး၊ ဦးလေးဖြူရဲ့ မျက်နှာသေကို မျက်နှာချင်းဆိုင် ကြည့်ပြီး အဲ့တာကို ထုတ်မပြောနိုင်ဘူးဖြစ်နေတယ်။ ဒီအဘိုးအိုက ဘယ်လိုပဲဖြစ်ဖြစ် သူ့အလိမ်အညာတွေကို ထွင်းဖောက်မြင်နေနိုင်သလို ပုံပေါ်နေတယ်။

"မင်း မပြီးသေးဘူးဆိုကတည်းက ကျေးဇူးပြုပြီး ပြန်လှည့်ပါ!" ဦးလေးဖြူက လေးလေးစားစား ပြောလိုက်တယ်။

ဖုန့်ရှီ စာကြည့်တိုက်ဆီကို စိတ်ဓါတ်ကျစွာ ပြန်သွားလိုက်ရတယ်။ လူသေးလေးက စာအုပ်ပေါ်မှာ သူ့ကို ထိုင်စောင့်နေတယ်။ ဖုန့်ရှီ ထွက်မရနိုင်ဘူးဆိုတာ သူ သိပြီး ဖြစ်တယ်။

"ဟေး၊ မင်း အခု ဆက်ပြောတော့!" ဖုန့်ရှီက မြေပြင်ပေါ် မတ်မတ်ထိုင်လိုက်တယ်။

"အမိန့်နာခံလျက်ပါ၊ သခင်" လူသေးလေးက ကောင်လေးကို ဦးညွှတ်အရိုအသေပေးလိုက်တယ်။ တကယ်တော့ ကောင်လေးရဲ့ မပျော်မရွှင်ဖြစ်သွားတဲ့ မျက်နှာကို သူ မြင်ရတာ အရမ်း ကျေနပ်အားရမိတယ်၊ သူ့ မကျေနပ်ချက်တွေ နောက်ဆုံးတော့ ပြေပျောက်သွားသလို ခံစားလိုက်ရတယ်။

"ဘုရင်ကြီး သခင်ဖတ်ဖို့ဆိုပြီး ရွေးပေးခဲ့တဲ့ အဲ့စာအုပ်ငါးအုပ်က အဓိကအားဖြင့် ကျင့်ကြံခြင်းအခြေခံ ဗဟုသုတတွေ အကြောင်းရယ်၊ ဘုံသုံးဘုံရဲ့ ပထဝီ မြေပြင်အနေအထားအကြောင်းရယ်တွေပါပဲ။ ကျင့်ကြံခြင်း အဆင့်တွေအကြောင်း ကျွန်တော် အရင်ဆုံး ပြောပြပါမယ်။ လူသားတွေရဲ့ ကျင့်ကြံခြင်းအဆင့်သတ်မှတ်ချက်တွေက မိစ္ဆာသားရဲတွေရဲ့ ဟာနဲ့ အတူတူပဲ။ နယ်ပယ် သုံးခုရှိတယ်၊ မှော်လူသား၊ သိမ်မွေ့ကောင်းကင် နဲ့ ကောင်းကင်နတ်ဘုရားနယ်ပယ်တို့ ဖြစ်ကြတယ်။ နယ်ပယ်တစ်ခုစီတိုင်းမှာ အဆင့်၉ဆင့် ပိုင်းခြားထားတယ်၊ မိစ္ဆာသားရဲတွေရဲ့ ကျင့်ကြံမှုနယ်ပယ်တွေလိုပါပဲ။ သခင်က အခြေခံအဆင့်ကနေ ကျင့်ကြံရမှာဖြစ်တယ်။ ကောင်းကင်ဘုံနဲ့ မိစ္ဆာဘုံတို့မှာ ရှိတဲ့ စိတ်ဝိညာဉ် စွမ်းအားတွေက ပေါများကြွယ်ဝတယ်။ သာမာန်အားဖြင့် ကနဦးအစမှာတော့ ကျင့်ကြံခြင်းက အရမ်းလွယ်ကူတယ်။ ဒါပေမဲ့ အဲ့တာပြီးရင်တော့ ပိုပို ခက်ခက်လာလိမ့်မယ်။"

"ဆိုတော့?"

"အဲ့ဒီတော့ အဲ့နေ့က သခင်အနိုင်ကျင့်ခံရသလို မခံချင်ဘူးဆိုရင် သခင့်ရဲ့ ကျင့်ကြံဆင့် လုံလောက်တဲ့ အောင်မြင်မှု ရှိလာမှသာ ဒီနန်းတော်ကနေ အပြင်ထွက်သင့်တယ်၊​ မဟုတ်ရင်တော့ အဲ့လို အလားတူ ဖြစ်ရပ်မျိုးတွေ ထပ်တွေ့ရမှာပဲ။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့၊ ကောင်းကင်ထွတ်ထိပ် နန်တော်က စိတ်ဝိညာဉ်စွမ်းအားတွေ အားလုံး စုစည်းထားတဲ့နေရာ ဖြစ်တယ်။ သခင်ကျင့်ကြံနေစဉ်အတွင်း တစ်ဝက်လောက် ကြိုးစားရုံနဲ့တင် နှစ်ဆ ရရှိလိမ့်မယ်။!"

"အဲ့တာဆို စာအုပ်ထဲက အကြောင်းအရာ အားလုံးကို မင်းဆက်ပြောနေ၊ မဟုတ်ရင် ငါ အပြင်ထွက်မရ ဖြစ်လိမ့်မယ်" ဖုန့်ရှီက ကျင့်ကြံခြင်း အကြောင်းကို ဂရုမစိုက်ပေ။ သူ စာအုပ်ထဲက အရာအားလုံးကိုပဲ သူ ကြားချင်တာ။

လူသေးလေးက နှုတ်ခမ်းတွန့်လိုက်ပြီး တွေးလိုက်တယ်၊ 'မင်းက ငါ့ကို မင်းရဲ့ ရွေ့လျားစာကြည့်တိုက်လို့ တကယ်ကြီး သတ်မှတ်နေတာပဲ။ စာအုပ်ကိုတောင် မင်း ဖွင့်မဖတ်ချင်တော့ဘူး!'

ငရဲမင်းကြီးရဲ့ နောက်ခံနဲ့ ကောင်လေးက ဘာပဲလိုချင် လိုချင် လုပ်နိုင်တယ် ဆိုသလို ဖြစ်နေတယ်။

နောက်ဆုံးတော့ စာအုပ်ထဲ ပါသမျှအကုန်လုံးကို ပြောဖို့ လူသေးလေး အချိန် နှစ်နာရီပဲ ယူလိုက်ရတယ်။ ဒါက ကောင်လေးကိုယ်တိုင် စာအုပ်ဖတ်တာထက် ပိုပြီး အများကြီး အဆင်ပြေ ချောမွေ့တယ်!

ဖုန့်ရှီ ဒီလို ရတနာတစ်ခုကို တွေ့ရှိလိုက်ရတာ အရမ်းပျော်သွားရတယ်။ 'အရမ်းကောင်းတာပဲ! ငါ ခုကစပြီး ငါ့ဖာသာငါ စာအုပ်ဖတ်စရာမလိုတော့ဘူး။ ငါ့မှာ မေးခွန်းတွေ ရှိလာတိုင်း စာအုပ်နတ်ဘုရားကို ငါမေးနိုင်ပြီ။ အရမ်းလွယ်ကူတာပဲ။ ငါ အပြင်သွားတဲ့အခါ ငါ့ခေါင်းဆောင်ကို လူသေးလေးကို ငါ့ကို လက်ဆောင်အနေနဲ့ ပေးဖို့ တောင်းရမယ်။'

ဖုန့်ရှီ ထွက်သွားတာကို ကြည့်နေရင်း လူသေးလေးက ရုတ်တရက် နှာထချေသွားတယ်။

20190919; 1543

—————————— Zawgyi —————————

အပိုင္း ၂၉။ မေသမ်ိဳး ခႏၶာ

"လူသားတိုင္း၊ မိစၧာတိုင္း၊ နတ္ဘုရားတိုင္းဟာ ေသလြန္တဲ့အခါ ဘဝကူးေျပာင္းရျခင္းကို ေတြ႕ၾကဳံၾကရတယ္။ ငရဲမင္းႀကီးကသာလ်င္ အားလုံးရဲ့ ဘဝကူးေျပာင္းျခင္းကို ထိန္းခ်ဳပ္နိုင္တဲ့ တစ္ဦးတည္းေသာသူ ျဖစ္တယ္။ ဒါ့ေၾကာင့္ ႀကီးျမတ္လွတဲ့ ဘုရင္ ငရဲမင္းႀကီးဟာ အလြန္႔အလြန္ ခ်ီးေျမႇာက္ျခင္း ခံထားရသူျဖစ္တယ္!" လူေသးေလးက တကယ္ပဲ ဖုန္႔ရွီေမးခြန္းေတြအတြက္ အေျဖေတြ ရွိေနတယ္။

"ငရဲျပည္ရဲ့ ထိန္းခ်ဳပ္မွုေအာက္မွာ အပေလာကနဲ႔ တေစၧေလာကလို႔ေခၚတဲ့ ကမၻာႏွစ္ခု ရွိတယ္။ အဲ့ဒီမွာလည္း ေသလြန္ၿပီးသူတို႔ စီရင္ခ်က္ ရယူရတဲ့ ဝိညာဥ္ကူးေျပာင္းနန္းေတာ္ ရွိတယ္။ ၿပီးေတာ့ ဝိညာဥ္ကူးေျပာင္းနန္းေတာ္အရွင္ကေန ဝိညာဥ္တစ္ဦးဟာ ခ်က္ခ်င္းဘဝကူးေျပာင္းခြင့္ ရွိတယ္ ဒါမွမဟုတ္ ရက္စက္တဲ့အျပစ္ဒဏ္ က်ခံရမယ္ဆိုတာကို ထုတ္ျပန္တယ္။ တေစၧေလာကကေတာ့ အဲ့ဒီ့ျပစ္ဒဏ္ကို က်ခံရမယ့္ တည္ေဆာက္မွုရွုပ္ေထြးတဲ့ ေနရာျဖစ္တယ္။ သခင္က တေစၧေလာကနဲ႔ လုံးဝ ပတ္သက္စရာမရွိတဲ့အတြက္ အဲ့အေၾကာင္း အမ်ားႀကီး သိိဖို႔ မလိုပါဘူး။ အပေလာကအေၾကာင္းကေတာ့ ဝိညာဥ္ေတြအားလုံးက အဲ့ဒီေနရာမွာ ဝိညာဥ္ကူးေျပာင္းၾကရတယ္။ ကူးေျပာင္းနိုင္ဖို႔ကို ဘယ္ေလာက္ၾကာၾကာ ေစာင့္ရမလဲဆိုတာကေတာ့ ဝိညာဥ္ကူးေျပာင္းနန္းေတာ္အရွင္ရဲ့ သေဘာအတိုင္းပါပဲ။"

"ဒီေတာ့" လူေသးေလးက လက္မေထာင္ျပလိုက္ရင္း ေလးေလးနက္နက္ေျပာလိုက္တယ္၊ "ငရဲျပည္ဟာ ဘုံသုံးဘုံရဲ့ ဟန္ခ်က္မၽွေျခကို ထိန္းေပးရတဲ့ တာဝန္ ယူထားတာျဖစ္တယ္။"

"တကယ္လို႔ ငရဲျပည္ မရွိေတာ့ဘူးဆိုရင္ေရာ?" ဖုန္႔ရွီက မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္တယ္။

"ဒါ မျဖစ္နိုင္တာပဲ!"

လူေသးေလးက တုံ႔ဆိုင္းမွုမရွိဘဲ ျငင္းလိုက္တယ္။ သူ႔ကို ေကာင္ေလးက စိုက္ၾကည့္ေနတာျမင္ေတာ့ သူက ရွင္းျပလိုက္တယ္။

"သခင္၊ ငရဲမင္းႀကီးက ေကာင္းကင္လမ္းၿပီးရင္ တစ္ဦးတည္းေသာ ဒုတိယပုဂၢိဳလ္ျဖစ္ၿပီး မေသမ်ိဳးခႏၶာ ရွိတဲ့တစ္ဦးတည္းေသာသူဆိုတာ သခင္ေလး မသိေသးလို႔ပါ။ သူ အျမစ္ျပတ္ သုတ္သင္ခံရရင္ေတာင္မွ ျပန္လည္ေမြးဖြားနိုင္တယ္။ အဲ့အျပင္ ဘုံသုံးဘုံမွာ ဘယ္သူကမွ ငရဲမင္းႀကီးေလာက္ စြမ္းအား မႀကီးဘူး။ ေကာင္းကင္ဘုံ ဘုရင္နဲ႔ မိစၧာဘုံ ဘုရင္တို႔ေတာင္ သူ႔ကို အမ်ားႀကီး ေလးစားၾကရတယ္။ အဲ့တာေၾကာင့္ ငရဲျပည္ ေပ်ာက္ကြယ္သြားဖို႔ဆိုတာ မျဖစ္နိုင္ဘူး!"

"လူသား၊ မိစၧာနဲ႔ နတ္ဘုရားေတြအားလုံးက ေသၾကလိမ့္မယ္လို႔ မင္းမေျပာခဲ့ဖူးလား? ဘာလို႔ ငါ့ေခါင္းေဆာင္က မေသနိုင္ရတာလဲ?" ဖုန္႔ရွီ လုံးဝနားမလည္နိုင္ ျဖစ္ေနတယ္။ သူ႔မွာ စြမ္းအားအႀကီးဆုံး ေခါင္းေဆာင္ ရွိတယ္ဆိုတာ သူ႔အတြက္ သတင္းေကာင္း ေပမဲ့ အနာဂတ္မွာ သူ႔ကို အဲ့လိုေမးခြန္း အျခားသူက ေမးလာခဲ့သည္ရွိေသာ္ဆိုၿပီး သူ အေျဖရွာထားဖို႔ လိုတယ္။

ဒါေပမဲ့ ေမးခြန္းကိုၾကားလိုက္ရေတာ့ လူေသးေလးမ်က္ႏွာမွာ ေျမာက္ႂကြသြားတဲ့ပုံ ေပၚလာတယ္။

"ကၽြန္ေတာ္ ေျပာျပနိုင္ပါတယ္၊ သခင္။ ဒါေပမဲ့ အဲ့တာကို အျခား ဘယ္သူ႔ကိုမွ မေျပာပါဘူးလို႔ ကတိေပးရပါမယ္"

"ဘာလို႔လဲ?" ဖုန္႔ရွီ ဒီေန႔ေတာ့ ေမးခြန္းေတြ အမ်ားႀကီး ရွိေနရတယ္။

"မင္းေမးတဲ့ေမးခြန္းက ထိပ္တန္းလ်ိဳ႕ဝွက္ခ်က္မဟုတ္ေပမဲ့ ဘုံသုံးဘုံက လူအနည္းစုကပဲ ဒီအေၾကာင္းကို သိထားၾကတာျဖစ္တယ္။ သိတဲ့သူ အနည္းစုကလည္း ဒီအေၾကာင္းကို ဘယ္ေတာ့မွ ထုတ္ေျပာမွာမဟုတ္ဘူးလို႔ အားလုံး တစ္စိတ္တစ္ဝမ္းတည္း သေဘာတူထားၾကတာ ျဖစ္တယ္။"

"ေကာင္းၿပီ၊ ငါ့ ေျပာသာေျပာျပပါ။ တျခားဘယ္သူ႔ကိုမွ ငါ့ေခါင္းေဆာင္အေၾကာင္း မေျပာပါဘူးလို႔ ကတိေပးတယ္။" လ်ိဳ႕ဝွက္ခ်က္ ျဖစ္တာေၾကာင့္ ဖုန္႔ရွီ ခ်က္ခ်င္း စိတ္ဝင္စားသြားရတယ္။ သူ႔ေခါင္းေဆာင္ရဲ့ လ်ိဳ႕ဝွက္ခ်က္ဟာ သူ႔လ်ိဳ႕ဝွက္ခ်က္ျဖစ္တယ္။ သူက သူ႔လ်ိဳ႕ဝွက္ခ်က္ကို ဘာလို႔ သူမ်ားကို ထုတ္ေျပာနိုင္ရမွာလဲ?

"မင္း က်ိန္ဆိုေပးရမယ္၊ သခင္" လူေသးေလးက ပတ္ဝန္းက်င္ကို ၾကည့္လိုက္ၿပီး စိတ္လွုပ္ရွားစြာ ေျပာလိုက္တယ္။ သူတို႔ေျပာတာကို ဘယ္သူမွ ခိုးနားမေထာင္ဘူးဆိုတာ ေသခ်ာေတာ့မွ၊ ဦးေလးျဖဴလည္း မၾကားနိုင္ဘူးဆိုတာ ေသခ်ာေတာ့မွ သူက အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္၊ "တကယ္ေတာ့ ငရဲမင္းႀကီးမွာ စၾကာဝဠာအႏွံ့ ျဖန္႔က်က္ထားတဲ့ ကိုယ္ပြါးေပါင္း ထရီလီယမ္ေက်ာ္ ရွိတယ္။ ဒီေလာကႀကီးမွာ သူ႔ကိုယ္ပြါး တစ္ခုက်န္ေနသ၍ သူ ဖ်က္ဆီးျခင္းမခံရဘူး၊ ေျပာတာ နားလည္လား?"

"ဒါဆို၊ အဲ့တာက ဒါ့ေၾကာင့္လား!" ကလုန္းေပါင္း ထရီလီယမ္ေက်ာ္။ မိုက္တယ္ကြာ။

"သခင္ သိခ်င္တာ ဘာထပ္ရွိေသးလဲ?" လူေသးေလးက သူတို႔ရဲ့ စကားဝိုင္း အဆုံးသတ္ခါနီးၿပီလို႔ ထင္လိုက္တာေၾကာင့္ ယဥ္ယဥ္ေက်းေက်း ေမးလိုက္တယ္။

"အင္း" လူေသးေလး ေမၽွာ္လင့္ထားခဲ့သလို မဟုတ္ဘဲ ဖုန္႔ရွီက သိခ်င္တာရွိေသးေၾကာင္း ေခါင္းညိတ္ျပလိုက္တယ္။

"ေမးခြန္းက ဘာလဲ၊ သခင္?" လူေသးေလးက သူ႔ ကံၾကမၼာကို လက္ခံလိုက္ရၿပီး နမိတ္မေကာင္းမွုကို ခံစားမိရင္း ေမးလိုက္တယ္။

"ငါ့ကို ဟိုတစ္ရက္က ရိုက္ႏွက္ခဲ့တဲ့ မိန္းခေလးေလ၊ သူက ဘယ္သူလဲ? သူ႔အေဖက ရာထူးခပ္ႀကီးႀကီးထဲက ျဖစ္ပုံရတယ္။"

ဒီလိုေမးခြန္းမ်ိဳး ဘာ့အတြက္ေၾကာင့္ ေျဖဖို႔လိုအပ္မွန္း မသိဘဲ လူေသးေလး ခ်က္ခ်င္းပဲ ဆြံ့အသြားရတယ္။ ကံေကာင္းတာက သူက ေနရာတိုင္းက စာအုပ္ေတြရဲ့ နတ္ဘုရားျဖစ္တယ္။ စာအုပ္တစ္အုပ္ တေနရာရာမွာ ရွိတာနဲ႔တင္ အဲ့ေနရာမွာ ဘာျဖစ္ခဲ့လဲဆိုတာ သူ သိနိုင္တယ္။ ဒါ့ေၾကာင့္ သူက အဲ့လိုေမးခြန္းမ်ိဳးကိုလည္း ေျဖနိုင္ေနတယ္၊ အဲ့လိုမွမဟုတ္ရင္ သူ႔ကိုယ္သူ အရွက္ရေတာ့မွာ။

"အဲ့မိန္းခေလးနာမည္က သုန္းဖန္းလင္အာ။ သူမရဲ့ အေဖက ငရဲျပည္ရဲ့ မီးေတာက္ဝန္ႀကီး၊ ငရဲမင္းႀကီးၿပီးရင္ သူပဲ ရာထူး အႀကီးဆုံး။ သုန္းဖန္းလင္အာ ေမာက္ေမာက္မာမာ ဆက္ဆံတာက သူက မီးေတာက္ဝန္ႀကီးရဲ့ သမီးမို႔။ ဒါေပမဲ့ သူမကသာ သခင္ ဘယ္သူဆိုတာ သိခဲ့မယ္ဆိုရင္ မင္းကို ဒီလို ဆက္ဆံမွာမဟုတ္ဘူး။"

"သေဘာေပါက္ၿပီ။ ဒါနဲ႔ ငါက ဘယ္သူမို႔လဲ?" ဖုန္႔ရွီ ႏွာေခါင္းရွုံ႔လိုက္ၿပီး စိတ္ရွုပ္ေထြးစြာ ေမးလိုက္တယ္။

"အာ... မင္း ဘုရင္ႀကီးကို အဲ့အေၾကာင္း ကိုယ္တိုင္ေမးတာ ပိုေကာင္းမယ္၊ သခင္။" လူေသးေလးက တစ္ခုခုကို သိေနေပမဲ့ သူ အဲ့တာကို ထုတ္မေျပာဝံ့ဘူး။

"ေျပာတာ ဟုတ္တယ္။ ငါ သူ႔ကို ေနာက္မွ ေမးလိုက္မယ္။" ဖုန္႔ရွီ သူ႔ေမးကို ပြတ္လိုက္ရင္း သေဘာတူလိုက္တယ္။

"သခင္၊ ေက်းဇူးျပဳၿပီး ဒီအေၾကာင္းေတြအားလုံးကို ကၽြန္ေတာ္ေျပာတယ္ဆိုတာ ဘုရင္ႀကီးမသိပါေစနဲ႔ေနာ္၊ မဟုတ္ရင္ ကၽြန္ေတာ္ေတာ့ ၿဂိဳဟ္ဆိုးဝင္ရလိမ့္မယ္။ ဖုန္႔ရွီက ဘုရင္ႀကီးကို အတည္ ေမးေတာ့မယ္ဆိုတာ ၾကားလိုက္ရေတာ့ လူေသးေလးက စိုးရိမ္တႀကီး ခ်က္ခ်င္းပဲ ေအာ္လိုက္တယ္။ တကယ္လို႔ ငရဲမင္းႀကီးက သူ႔ေဒါသ လူေသးေလးေပၚ ပုံခ်လိုက္ရင္ သူ ဒီေလာကႀကီးကေန ေပ်ာက္ကြယ္သြားရလိမ့္မယ္။ စာအုပ္နတ္ဘုရားဆိုတာလည္း ဘယ္ေတာ့မွ ရွိေတာ့မွာမဟုတ္ေတာ့ဘူး!

"သေဘာေပါက္ၿပီ!" ဖုန္႔ရွီ သူ႔လက္ကို ေဝွ႕ယမ္းလိုက္ရင္း စာၾကည့္တိုက္ကေန ေျပးထြက္သြားလိုက္တယ္။

"သခင္၊ ခဏ၊ မင္း..."

လူေသးေလးက တစ္ခုခုကို ေျပာလုဆဲဆဲမွာပဲ ေကာင္ေလးက စာၾကည့္တိုက္ကေန ထြက္သြားႏွင့္ၿပီ ျဖစ္ၿပီး ဂိတ္တံခါးဆီေတာင္ ေျပးေနၿပီ ျဖစ္တယ္။ လူေသးေလး ေကာင္ေလးကို ေျပာခ်င္တာက အျဖဴဝတ္အဘိုးအိုက ေကာင္ေလး သူလုပ္ရမယ့္တာဝန္ကို မၿပီးေသးတဲ့အတြက္ ထြက္ခြင့္ျပဳမွာမဟုတ္ဘူး ဆိုတာပါပဲ။ ေနာက္ဆုံးေတာ့...

လူေသးေလးရဲ့ အေတြးေတြ မွန္ကန္ေၾကာင္း အတည္ျပဳၿပီး ျဖစ္သြားတယ္။ ဖုန္႔ရွီ ဂိတ္တံခါးကေန ေျခတစ္ဖက္ အျပင္ဖက္မခ်ရေသးခင္မွာပဲ ဦးေလးျဖဴက သူ႔ကို ခ်က္ခ်င္းပဲ တားလိုက္တယ္။

ဦးေလးျဖဴက ဖုန္႔ရွီကို မရယ္မျပဳံးမ်က္ႏွာနဲ႔ ၾကည့္လိုက္ရင္း အတက္အက်မရွိတဲ့ ေလသံနဲ႔ ေမးလိုက္တယ္၊ "အဲ့စာအုပ္ေတြ အားလုံးကို ဖတ္လို႔ၿပီးၿပီလား? ဘုရင္ႀကီးက မင္း ဖတ္လို႔မၿပီးမခ်င္း ဒီကေန ထြက္သြားလို႔မရဘူးလို႔ မွာထားပါတယ္"

"အင္း...ကၽြန္ေတာ္..."

ဖုန္႔ရွီ ဦးေလးျဖဴကို သူ႔မ်က္လုံးရြဲႀကီးႏွစ္လုံးနဲ႔ စိုက္ၾကည့္လိုက္တယ္။ သူ႔တာဝန္ကို ၿပီးေျမာက္ၿပီးၿပီလို႔ သူ ညာလိုက္ခ်င္တယ္။ ဒါေပမဲ့ ဘာ့ေၾကာင့္မွန္းမသိဘူး၊ ဦးေလးျဖဴရဲ့ မ်က္ႏွာေသကို မ်က္ႏွာခ်င္းဆိုင္ ၾကည့္ၿပီး အဲ့တာကို ထုတ္မေျပာနိုင္ဘူးျဖစ္ေနတယ္။ ဒီအဘိုးအိုက ဘယ္လိုပဲျဖစ္ျဖစ္ သူ႔အလိမ္အညာေတြကို ထြင္းေဖာက္ျမင္ေနနိုင္သလို ပုံေပၚေနတယ္။

"မင္း မၿပီးေသးဘူးဆိုကတည္းက ေက်းဇူးျပဳၿပီး ျပန္လွည့္ပါ!" ဦးေလးျဖဴက ေလးေလးစားစား ေျပာလိုက္တယ္။

ဖုန္႔ရွီ စာၾကည့္တိုက္ဆီကို စိတ္ဓါတ္က်စြာ ျပန္သြားလိုက္ရတယ္။ လူေသးေလးက စာအုပ္ေပၚမွာ သူ႔ကို ထိုင္ေစာင့္ေနတယ္။ ဖုန္႔ရွီ ထြက္မရနိုင္ဘူးဆိုတာ သူ သိၿပီး ျဖစ္တယ္။

"ေဟး၊ မင္း အခု ဆက္ေျပာေတာ့!" ဖုန္႔ရွီက ေျမျပင္ေပၚ မတ္မတ္ထိုင္လိုက္တယ္။

"အမိန္႔နာခံလ်က္ပါ၊ သခင္" လူေသးေလးက ေကာင္ေလးကို ဦးညႊတ္အရိုအေသေပးလိုက္တယ္။ တကယ္ေတာ့ ေကာင္ေလးရဲ့ မေပ်ာ္မရႊင္ျဖစ္သြားတဲ့ မ်က္ႏွာကို သူ ျမင္ရတာ အရမ္း ေက်နပ္အားရမိတယ္၊ သူ႔ မေက်နပ္ခ်က္ေတြ ေနာက္ဆုံးေတာ့ ေျပေပ်ာက္သြားသလို ခံစားလိုက္ရတယ္။

"ဘုရင္ႀကီး သခင္ဖတ္ဖို႔ဆိုၿပီး ေရြးေပးခဲ့တဲ့ အဲ့စာအုပ္ငါးအုပ္က အဓိကအားျဖင့္ က်င့္ႀကံျခင္းအေျခခံ ဗဟုသုတေတြ အေၾကာင္းရယ္၊ ဘုံသုံးဘုံရဲ့ ပထဝီ ေျမျပင္အေနအထားအေၾကာင္းရယ္ေတြပါပဲ။ က်င့္ႀကံျခင္း အဆင့္ေတြအေၾကာင္း ကၽြန္ေတာ္ အရင္ဆုံး ေျပာျပပါမယ္။ လူသားေတြရဲ့ က်င့္ႀကံျခင္းအဆင့္သတ္မွတ္ခ်က္ေတြက မိစၧာသားရဲေတြရဲ့ ဟာနဲ႔ အတူတူပဲ။ နယ္ပယ္ သုံးခုရွိတယ္၊ ေမွာ္လူသား၊ သိမ္ေမြ႕ေကာင္းကင္ နဲ႔ ေကာင္းကင္နတ္ဘုရားနယ္ပယ္တို႔ ျဖစ္ၾကတယ္။ နယ္ပယ္တစ္ခုစီတိုင္းမွာ အဆင့္၉ဆင့္ ပိုင္းျခားထားတယ္၊ မိစၧာသားရဲေတြရဲ့ က်င့္ႀကံမွုနယ္ပယ္ေတြလိုပါပဲ။ သခင္က အေျခခံအဆင့္ကေန က်င့္ႀကံရမွာျဖစ္တယ္။ ေကာင္းကင္ဘုံနဲ႔ မိစၧာဘုံတို႔မွာ ရွိတဲ့ စိတ္ဝိညာဥ္ စြမ္းအားေတြက ေပါမ်ားႂကြယ္ဝတယ္။ သာမာန္အားျဖင့္ ကနဦးအစမွာေတာ့ က်င့္ႀကံျခင္းက အရမ္းလြယ္ကူတယ္။ ဒါေပမဲ့ အဲ့တာၿပီးရင္ေတာ့ ပိုပို ခက္ခက္လာလိမ့္မယ္။"

"ဆိုေတာ့?"

"အဲ့ဒီေတာ့ အဲ့ေန႔က သခင္အနိုင္က်င့္ခံရသလို မခံခ်င္ဘူးဆိုရင္ သခင့္ရဲ့ က်င့္ႀကံဆင့္ လုံေလာက္တဲ့ ေအာင္ျမင္မွု ရွိလာမွသာ ဒီနန္းေတာ္ကေန အျပင္ထြက္သင့္တယ္၊​ မဟုတ္ရင္ေတာ့ အဲ့လို အလားတူ ျဖစ္ရပ္မ်ိဳးေတြ ထပ္ေတြ႕ရမွာပဲ။ ဒါေပမဲ့ မစိုးရိမ္ပါနဲ႔၊ ေကာင္းကင္ထြတ္ထိပ္ နန္ေတာ္က စိတ္ဝိညာဥ္စြမ္းအားေတြ အားလုံး စုစည္းထားတဲ့ေနရာ ျဖစ္တယ္။ သခင္က်င့္ႀကံေနစဥ္အတြင္း တစ္ဝက္ေလာက္ ႀကိဳးစား႐ုံနဲ႔တင္ ႏွစ္ဆ ရရွိလိမ့္မယ္။!"

"အဲ့တာဆို စာအုပ္ထဲက အေၾကာင္းအရာ အားလုံးကို မင္းဆက္ေျပာေန၊ မဟုတ္ရင္ ငါ အျပင္ထြက္မရ ျဖစ္လိမ့္မယ္" ဖုန္႔ရွီက က်င့္ႀကံျခင္း အေၾကာင္းကို ဂ႐ုမစိုက္ေပ။ သူ စာအုပ္ထဲက အရာအားလုံးကိုပဲ သူ ၾကားခ်င္တာ။

လူေသးေလးက ႏွုတ္ခမ္းတြန္႔လိုက္ၿပီး ေတြးလိုက္တယ္၊ 'မင္းက ငါ့ကို မင္းရဲ့ ေရြ႕လ်ားစာၾကည့္တိုက္လို႔ တကယ္ႀကီး သတ္မွတ္ေနတာပဲ။ စာအုပ္ကိုေတာင္ မင္း ဖြင့္မဖတ္ခ်င္ေတာ့ဘူး!'

ငရဲမင္းႀကီးရဲ့ ေနာက္ခံနဲ႔ ေကာင္ေလးက ဘာပဲလိုခ်င္ လိုခ်င္ လုပ္နိုင္တယ္ ဆိုသလို ျဖစ္ေနတယ္။

ေနာက္ဆုံးေတာ့ စာအုပ္ထဲ ပါသမၽွအကုန္လုံးကို ေျပာဖို႔ လူေသးေလး အခ်ိန္ ႏွစ္နာရီပဲ ယူလိုက္ရတယ္။ ဒါက ေကာင္ေလးကိုယ္တိုင္ စာအုပ္ဖတ္တာထက္ ပိုၿပီး အမ်ားႀကီး အဆင္ေၿပ ေခ်ာေမြ႕တယ္!

ဖုန္႔ရွီ ဒီလို ရတနာတစ္ခုကို ေတြ႕ရွိလိုက္ရတာ အရမ္းေပ်ာ္သြားရတယ္။ 'အရမ္းေကာင္းတာပဲ! ငါ ခုကစၿပီး ငါ့ဖာသာငါ စာအုပ္ဖတ္စရာမလိုေတာ့ဘူး။ ငါ့မွာ ေမးခြန္းေတြ ရွိလာတိုင္း စာအုပ္နတ္ဘုရားကို ငါေမးနိုင္ၿပီ။ အရမ္းလြယ္ကူတာပဲ။ ငါ အျပင္သြားတဲ့အခါ ငါ့ေခါင္းေဆာင္ကို လူေသးေလးကို ငါ့ကို လက္ေဆာင္အေနနဲ႔ ေပးဖို႔ ေတာင္းရမယ္။'

ဖုန္႔ရွီ ထြက္သြားတာကို ၾကည့္ေနရင္း လူေသးေလးက ႐ုတ္တရက္ ႏွာထေခ်သြားတယ္။

20190919; 1543

You are reading the story above: TeenFic.Net