135. The King of the Netherworld's Warning

Background color
Font
Font size
Line height

အပိုင်း ၁၃၅။ ငရဲမင်းကြီးရဲ့ သတိပေးချက်

အပြောင်းအလဲ မြန်ဆန်လွန်းလှတဲ့ဖြစ်ရပ်ကြောင့် သီနိုမိသားစုအနေနဲ့ ဘာရွေးရမလဲ မသိ ဖြစ်သွားရသည်။

မိုသောင်က ငတုံးငအ မဟုတ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး သီနိုမိသားစုက လျော့ပေးရုံသာတတ်နိုင်တော့မှန်း သိသည်။

"လူကြီးမင်းရဲ့ လိုအပ်ချက်တွေက ကျိုးကြောင်းမဆီလျော်ဘူးဖြစ်နေတယ်။ ကျွန်တော့တူက စတင်ပြီး ပျက်ရယ်ပြုလှောင်ပြောင်ခဲ့တာဆိုပေမဲ့ သူ့ကို ဖျက်ဆီးလိုက်တာက ဒီကလူကြီးမင်းတို့လေ၊ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝတလျောက်လုံးကို မသန်မစွမ်းဖြစ်အောင်လို့ လုပ်ခဲ့ကြတယ်လေ။ နောက်ဆက်တွဲအနေနဲ့ ကျွန်တော့ရဲ့ ညီကိုလည်း ဆိုးဆိုးဝါးဝါး အနာတရဖြစ်အောင်လည်း လုပ်ခဲ့​သေးတယ်။ အဲ့ဖြစ်ရပ်နှစ်ခု ထည့်ပေါင်းပြီး ကြည့်လိုက်မယ်ဆိုရင် ဘယ်လိုပဲကြည့်ကြည့် လူကြီးမင်းတို့ဘက်က လွန်ကျူးနေခဲ့တာပဲ။ ကျွန်တော်တို့မိသားစုအနေနဲ့ တောင်းပန်စရာ ဘာမှမရှိဘူး!" စကားပြောနေလျက်မှာပဲ မိုသောင်ရဲ့ အမူအယာက နက်မှောင်လာရကာ ဒေါသကို ချုပ်ထိန်းဖိနှိပ်ထားနေရ၏။

"လူဝံကြီး၊ ခင်များ ထပ်မှားပြန်ပြီ။" ဖုန့်ရှီက သူ့ခေါင်းကို ခါလိုက်ပြီး ခပ်ကျယ်ကျယ် ပြောလိုက်သည်။

"ငါပြောတာ ဘယ်နေရာ မှားသလဲ" မိုသောင်က သူ့အကြည့်ကို ဖုန့်ရှီထံ ပို့လိုက်ကာ အလွန်အမင်း ဒေါသထွက်နေရတာကြောင့် နှုတ်ခမ်းမွှေးတို့တောင် ထောင်တက်လုမတတ်ပင်။

ဖုန့်ရှီက ပြောလိုက်သည်၊ "ခင်များညီရဲ့ ထိခိုက်ဒဏ်ရာတွေက အသေချာဆုံးကတော့ ငါတို့အပြစ်မဟုတ်ဘူး။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို မဆုံးဖြတ်ရသေးပဲ ငါတို့ကိုသာ လာမရှာခဲ့ဘူးဆိုရင်၊ အမှန်တရားကို မစဉ်းစားဘဲ ငါတို့ကို သူ့ဓါးနဲ့ တိုက်ခိုက်မှုမလုပ်ခဲ့ဘူးဆိုရင် သူ အနာတရ ဖြစ်မှာမဟုတ်ဘူး။ အဲ့တာကြောင့် ငါတို့ သူ့ကို ထိခိုက်ဒဏ်ရာ ရအောင်လုပ်ခဲ့တယ်လို့ မပြောနဲ့။ ကိုယ့်ကိုယ်ကို ကာကွယ်မှုဆိုတာက ဘာလဲဆိုတာ သိလား? သူက စတိုက်တာကြောင့် ငါတို့က သူ့ကို အနာတရဖြစ်အောင် လုပ်လိုက်ရတာ။ အဲ့တာ အရမ်း သမာရိုးကျဖြစ်ပြီး​ ရလဒ်ကတော့ ခင်များ သိပါတယ်။"

သူ့စကားလုံးတွေက လူတွေကို ဒေါသသတ်လို့ သေနိုင်ဖွယ်ပင်။

မိုသောင် အလွန့်အလွန် ဒေါသထွက်ရလွန်းလို့ စကားလုံး တစ်လုံးတော့ မပြောနိုင်တေ့ချေ။ သူ့ညီက သူ့ကိုယ်သူပဲ အပြစ်တင်ရမယ်လို့ သူ ပြောလိုက်တာလား၊ "အဲ့တာဆို လူကြီးမင်းရဲ့ရည်ရွယ်ချက်က ဘာလဲ?"

"ငါက အဲ့တာကို ပြောဖို့ စောင့်နေတာ။ တစ်ကြောင်းတည်းနဲ့ပြောရမယ်ဆိုရင် ခင်များတူနဲ့ ခင်များညီကိစ္စနဲ့ပတ်သတ်လို့က ကျေပြီလို့ ပြောနိုင်တယ်။ ဒါပေမဲ့ ..... ခင်များလုပ်ခဲ့တာအတွက်ကိုတော့ ခင်များ ငြင်းလို့မရဘူး။ ခင်များက ငါတို့က ခင်များရဲ့ ဓါးနဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ လာတိုက်ခိုက်တာ၊ ဘယ်လောက်တောင် ရိုင်းလိုက်သလဲ! ငါ့ကို လန့်သွားစေတာက ကိစ္စသေးသေးလေးတစ်ခုပဲ၊ ဒါပေမဲ့ ငါ့ခေါင်းဆောင်ကို လန့်သွားစေတာဆိုရင်တော့ ပြဿနာအကြီးကြီးပဲ။ အဲ့တာကြောင့်၊ ခင်များ တောင်းပန်ရမယ်ဆိုတာ သဘာဝကျတယ်။ မှန်တယ်မှတ်လား?" ဖုန့်ရှီ ဆက်ပြောလိုက်မှုက လူတိုင်းကို ရူးသွားစေတော့သည်။

ကောင်လေးရဲ့စကားတွေကို ကြားတော့ မိုသောင်က ပါးစပ်က အမြှုပ်ထွက်သွားရကာ သူ့ကို ဒေါသချောင်းချောင်းထပြီး စိုက်ကြည့်နေတော့သည်။ သူတို့က သူ့ရဲ့ တူရော သူ့ညီရောကို ဖျက်ဆီးခဲ့ပြီး အခု သူတို့က ကျေပြီလို့ ပြောချင်သေးတယ်? သူတို့ရဲ့ တွက်ချက်ပုံကြီးက စိတ်တိုစရာ၊ နားထောင်လေလေ မိုသောင် အသက်မရှူနိုင်ဖြစ်လာရလေလေပင်။ သူ့မှာ အတက်ရောဂါ ထနေသည့်အလား တစ်ကိုယ်လုံး တုန်ရီနေကာ သူ့သွေးကြောတို့ထဲက သွေးတို့က ခေါင်းဆီသို့ နောက်ပြန်စီးနေသည့်အလားပင်။ သူ့မျက်နှာကနေ လည်ပင်းအထိ ရဲပတောင်းခတ်နေကာ အခြေအနေကို သိမနေတဲ့သူတွေဆို သူ့ကို ဘဲကင်တစ်ကောင်လို့တောင် ထင််မှတ်မှားလောက်ဖွယ်ပင်။

'ဟုတ်တယ်၊ မှန်တယ်၊ သေရွာကနေ ထထိုင်ရလောက်အောင်ကို မှန်တယ်။ မင်းမေကြီးတော်ကြီးကို မှန်တယ်။'

မိုသောင်က သူ့ကိုယ်ထဲက ပေါက်ကွဲထွက်ချင်နေတဲ့ဒေါသတွေကို တည်ငြိမ်အောင် ကျိုးစားရုန်းကန် ထိန်းနေရသည်။ ကောင်လေးရဲ့ ပါးစပ်ကို ပိတ်ဆို့ထားတဲ့ ဆည်ကြီး ပင့်ထွက်သွားသလိုမျိုး ကောင်လေးက အဆက်မပြတ် ပေါက်ပေါက်ဖောက်နေလျက်ပင်။ ဒါပေမဲ့၊ ခြုံလိုက်ရင် ပြောချင်တာက ကောင်လေးတို့က သီနိုမိသားစုအနေနဲ့ သူတို့ကို တောင်းပန်စေလိုပြီး နစ်နာကြေးပေးစေလိုတာဖြစ်သည်။ ကောင်လေးက ရွှေငွေတွေ တောင်းဆိုလိုသည့်အလား နစ်နာကြေးဆိုတဲ့နေရာကို အထူးအနေနဲ့တောင် ဖိပြောလိုက်သည်။ ဒါပေမဲ့ သူငြင်းတော့မဲ့ဆဲဆဲမှာပဲ ကောင်လေးက ရုတ်တရက် ပြောလိုက်၏၊

"ငါတို့ကို မင်း မတောင်းပန်ဘူး၊ မလျော်ပေးဘူးဆိုရင်လည်း ရပါတယ်!"

"တကယ်ပြောနေတာလား?" မိုသောင်က သူ့ရဲ့ နောက်ဆုံးကောက်ရိုးမျှင်လေးကို မလွတ်တမ်း ဆုပ်ကိုင်လိုက်၏။

"အင်း၊ တကယ်!" ဖုန့်ရှီက သူ့ခေါင်းကို ပျော်ပျော်ကြီး အဆက်မပြတ် ညိတ်လိုက်ရင်း၊ "မင်းတို့တွေ ဒီကို ဘာ့ကြောင့် ရောက်လာကြတာလဲဆိုတာကို ပြောရင်ပေါ့။"

သူ့စကားလုံးတို့က မိုသောင်ကိုသာ ကြောင်အမ်းသွားစေသည်မဟုတ်၊ ဟွမ်ရဲနဲ့ အခြားသူတို့ကိုပါ အတောင့်လိုက် ဖြစ်သွားစေသည်။ လောင်နန်ရှုကသာ ဖုန့်ရှီကို ထူးဆန်းတဲ့အမူအယာနဲ့ အကြည့်တစ်ချက်ပို့လိုက်၏။ ဒါပေမဲ့ အသိသာဆုံးသူကတော့ ကာလွမ်သလာပင်။ သီနိုမိသားစုက မြစိမ်းရောင်နဂါး တောင်တန်းတွေအတွင်းမှာ သတ္တုကြောရှိနေတာကို ရှာဖွေတွေ့ရှိသွားပြီလောက်ပြီလို့ သူ သံသယဝင်နေပေမဲ့ ဖုန့်ရှီကလည်း အဲ့တာကို သတိပြုမိနေမှန်း သူ လုံးဝ မတွေးထားမိခဲ့။

မိုသောင်ရဲ့ အမူအယာက မသေမချာ ပြောင်းသွားတော့သည်။ အဆုံးမတော့ လူအုပ်ကြီးရဲ့ အကြည့်အောက်မှာ သူက အားတင်းပြုံးလိုက်ကာ ပြောလိုက်၏၊ "တောအုပ်ထဲက ဒဏ္ဍာရီလာသားရဲမျိုးဆက်အတွက် လူတိုင်း ဒီကိုရောက်နေကြတာမဟုတ်ဘူးလား။ လူကြီးမင်းတို့က အဲ့တာကို သတိမပြုမိကြဘူးလား?"

"မင်း မပြောချင်ဘူးဆိုလည်း ကောင်းပြီလေ။" ဖုန့်ရှီရဲ့ အံ့အားသင့်ဖွယ် စိတ်မဝင်မစားဖြစ်ဟန်သဘောထားက လူတိုင်းကို ရှုပ်ထွေးသွားစေတော့သည်။

မိုသောင်က ဖုန့်ရှီ ဘာတွေးနေသလဲဆိုတာ မှန်းမရနိုင်ဖြစ်နေ၏။ ဒါပေမဲ့ တစ်ဖက်သူရဲ့ မေးခွန်းက သူ့ကို သက်တောင့်သက်သာ ဖြစ်မနေစေချေ။ ဒီလူသုံးယောက်က သူတို့ ဒီကိုရောက်လာရခြင်းရဲ့ အကြောင်းရင်းမှန်ကို သိနေကြပုံပေါ်သည်၊ အဲ့လိုမှမဟုတ်ရင် ဒီလိုမေးခွန်းမျိုး ရုတ်တရက်ကြီး ထမေးစရာ အကြောင်းမှမရှိတာ။ မိုသောင်က သူတို့ရဲ့ သတင်းအချက်အလက်တွေများ ယိုစိမ့်ပေါက်ထွက် ပျံ့နှံ့သွားပြီလားလို့ သံသယမဝင်ဘဲ မနေနိုင်တော့ပေ။

အဲ့အချိန်မှာပဲ ဖုန့်ရှီရဲ့ ကိုယ်ခန္ဓာကနေ သေးငယ်တဲ့ ကွိကွိကွကွမြည်သံလေးတစ်ခု ထွက်ပေါ်လာ၏။ ဒါပေမဲ့လည်း တိတ်ဆိတ်နေတဲ့ တည်းခိုခန်းထဲမှာတော့ အသံသေးသေးလေးကပင် အတော်ရှင်းရှင်းလင်းလင်း ကြားရနိုင်နေသည်။ အသံက လူတိုင်းရဲ့ အာရုံကို ချက်ချင်းပဲ ဖမ်းစားသွားတော့သည်။ ကလေးတစ်ယောက်ရဲ့ လက်သီးဆုပ်အရွယ်လောက်ပဲရှိတဲ့ အသေးစား သလင်းကြွက်တစ်ကောင်က ကောင်လေးရဲ့ပေါင်ပေါ်ကနေ ခုန်တက်လာသည်။ သူ့ရဲ့ ရွှေခရမ်းရောင်သွင်ပြင်က အလွန့်အလွန်ကို မျက်စိကျိန်းလောက်ဖွယ်ပင်။ သူ့ကိုယ်ခန္ဓာမထက် ရွှေခရမ်းရောင်ကြေးခွံတို့နဲ့ သိုင်းခြုံထားတဲ့ ခြင်းအားဖြင့် ဒါဟာ အရွယ်ရောက် သလင်းကြွက်ဆိုတာကို ပြဆိုနေခြင်းဖြစ်သည်။

"သလင်းကြွက်?" မိုသောင်က ချက်ချင်းပဲ မျက်လုံးအစုံပြူးကျယ်သွားရကာ အလန့်တကြား ထအော်လိုက်၏။ ဒါပေမဲ့ သူ သေချာ ဂရုတစိုက် ကြည့်လေလေ သူ့မျက်လုံးတို့ ပိုလို့ နီလာရလေလေပင်။

မိုသောင်ရဲ့ အော်ဟိန်းသံနဲ့အတူ တည်းခိုခန်းတစ်ခုလုံး ချက်ချင်း စိတ်လှုပ်ရှားမှုတို့နဲ့ ပြည့်နှက်သွားတော့၏။ လူတွေက မျှော်လင့်စိတ်စောစွာနဲ့ အသက်ရှုသွင်းလိုက်ကြကာ ဖုန့်ရှီရဲ့ ပေါင်ပေါ်က သလင်းကြွက်ကို စိုက်ကြည့်နေကြရင်း မျက်လုံးတို့ နီရဲလာကြတော့သည်။

သလင်းကြွက်ဆိုတာ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်အတွင်းမှာခေါ်ကြတဲ့ အိမ်ခေါ်နာမည်ပဲဖြစ်သည်၊ အကြောင်းကတော့ အဲ့တာလေးက မရည်မတွက်နိုင်ဲ့ ကြွယ်ဝချမ်းသာမှုတို့ကို ကိုယ်စားပြုတာမို့ပင်။ အဲ့အတွက်ကြောင့် သာမာန်ညောင်ည ကျင့်ကြံသူတို့ပဲဖြစ်ဖြစ် အလွန် အင်အားကြီးမားတဲ့ အင်အားစုပဲဖြစ်ဖြစ် မနာလိုအားကျမှုတို့နဲ့ ပြည့်နေကြမှာဖြစ်သည်။ အဲ့တာလေးက အကောင်ပေါက်ကလေး ဒါမှမဟုတ် ဖွံ့ဖြိုးဆဲသလင်းကြွက်ကလေးဖြစ်တယ်ဆိုရင်တောင်မှ အဲ့အကောင် ပေါ်လာပြီဆိုတာနဲ့ ရယူပိုင်ဆိုင်နိုင်ဖို့အတွက် တိုက်ခိုက်ကြမှာအမှန်ပင်။ သွေးတို့နဲ့ပြည့်နေတဲ့မြစ်ကိုမြင်ရဖို့၊ လူသေအလောင်းတို့ မိုင်ထောင်ချီ ပြည့်နှက်သွားတာကို မြင်ရဖို့ဆိုတာက မဖြစ်နိုင်တဲ့မြင်ကွင်းမဟုတ်ပေ!

သလင်းကြွက်တစ်ကောင်အတွက် နောက်ဆုံးတိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ့သုံးဆယ်လောက်တုန်းကဖြစ်သည်။ အဲ့အချိန်တုန်းက သန်မာအစွမ်းကြီးတဲ့ အင်အားစုတွေက စွမ်းအားကြီးတဲ့ ပညာရှင်တို့က မဆုံးနိုင်တဲ့ စမ်းချောင်တစ်ခုလိုမျိုး အလျိုလျို ထွက်ပေါ်လာခဲ့ကြသည်။ အဲ့ဒီ့သလင်းကြွက်ကို အရယူဖို့အတွက် ကြီးမြတ်တဲ့ ကောင်းကင်နတ်ဘုရားအချို့တောင်မှ ပါဝင်လာခဲ့ကြသည်။ လူဘယ်နှစ်ယောက် သေသွားခဲ့သလဲဆိုတာတော့ ဘယ်သူမှမသိပေမဲ့ တိုက်ပွဲကတော့ လူမြင်ကွင်းထဲ မှတ်မှတ်ထင်ထင်ကို ဖြစ်ခဲ့၏။ ဒါပေမဲ့ နောက်ဆုံးရလဒ်ကတော့ ထင်မထားလောက်ဖွယ်ဖြစ်ခဲ့သည်။ အဲ့ဒီ့သလင်းကြွက်က ဟိုဟို ဒီဒီ ထွက်ပြေးသွားခဲ့ပြီး တစ်နည်းနည်းဖြင့် အလယ်ပိုင်းနယ်မြေထဲ ရောက်ရှိသွားခြင်းနဲ့ အဆုံးသတ်သွားခဲ့သည်။ အနည်းငယ်သော ပညာရှင်တို့ရဲ့ လိုက်အဖမ်းကို ခံခဲ့ရပြီးနောက် သလင်းကြွက်က အေးအေးသက်သာ လမ်းလျောက်နေခဲ့တဲ့ ကြီးမြတ်သော ကောင်းကင်လေနတ်ဘုရားရဲ့ လက်မောင်းအတွင်းသို့ ခုန်ဝင်သွားခဲ့တော့သည်။

ကြီးမြတ်သော ကောင်းကင်လေနတ်ဘုရားက လောင်နန်ရှုရဲ့ အဘိုးဖြစ်ပြီး နာမည်ကြီးတဲ့ ကြီးမြတ်သော ကောင်းကင်နတ်ဘုရားကိုးပါးထဲက တစ်ပါးဖြစ်သည်။ သူက ပုံမှန်ဆို ရည်ရည်မွန်မွန်ဖြစ်ပေမဲ့ သူဒေါသထွက်နေချိန်ဆို ကျန်တဲ့ ကြီးမြတ်သောကောင်းကင်နတ်ဘုရားများပင် သူ့ကို ရှောင်ရှားကြသည်။

အဲ့အချိန်တုန်းက မြင်ကွင်းက အလွန်အင်မတန်ကို ရယ်ဖွယ်အတိပင်။ သလင်းကြွက်ကို လိုက်ဖမ်းနေခဲ့ကြတဲ့ ပညာရှင်တွေအားလုံး နေရာမှာတင် တောင့်သွားခဲ့ကြသည်။ သူတို့က ကြီးမြတ်သော ကောင်းကင်လေနတ်ဘုရားရဲ့ လက်မောင်းထဲက သလင်းကြွက်ကို လိုချင်နေကြပေမဲ့လည်း ဘယ်သူကမှ ခြေတစ်လှမ်း ရှေ့မတိုးရဲခဲ့ကြ။ ရလဒ်ကတော့ ကြီးမြတ်သော ကောင်းကင်လေနတ်ဘုရားက ဘာအားစိုက်ထုတ်မှုမှ မလုပ်လိုက်ရဘဲ လက်ညှိုးလေးတစ်ချောင်းတောင်မှ မမြှောက်လိုက်ရဘဲ အဆိုပါ သလင်းကြွက်ကို ပိုင်ဆိုင်သွားခဲ့တာဖြစ်သည်။ အဲ့တာကတော့ ဘာ့ကြောင့် နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ ဂူနီလာကုန်သည်ကြီးများအသင်းက စီးပွါးရေးမှာ ထိပ်တန်းရောက်လာခဲ့ရသလဲဆိုတာရဲ့ အကြောင်းရင်းပင်ဖြစ်သည်။

အဲ့ဒီ့သလင်းကြွက်က ဖွံ့ဖြိုးဆဲအဆင့်ပဲ ရောက်သေးတယ်လို့ ပြောကြ၏။ ဒါပေမဲ့ အခု သူတို့အရှေ့က သလင်းကြွက်က အရွယ်ရောက်နေပြီဖြစ်သည်။ အဲ့နှစ်ခုကြားက ကွာဟချက်က ကြီးမားလွန်းလှ၏။

သလင်းကြွက်ရဲ့ ကြီးထွားမှုကို ကာလသုံးပိုင်းဖြင့် ပိုင်းခြားထား၏၊ ပေါက်စန၊ ဖွံ့ဖြိုးဆဲနဲ အရွယ်ရောက်အဆင့်တို့ ဖြစ်သည်။ သူတို့ရဲ့ သွင်ပြင်အရောင်အသွေးကတော့ ခရမ်းဖျော့၊ ခရမ်းရင့်နဲ့ ရွှေခရမ်းတို့အသီးသီးဖြစ်ကြကာ အရောင်ပြောင်းလဲပုံကတော့ တဖြည်းဖြည်းနဲ့ ပြောင်းလဲသွားတာဖြစ်သည်။ ဒါပေမဲ့ သလင်းကြွက်တစ်ကောင်ကို ပျိုးထောင်ဖို့ဆိုတာ အရမ်းခက်လှသည်။ အကျိုးဆက်အနေဖြင့် သလင်းကြွက်အများအပြားက အရွယ်မရောက်ခင်မှာပဲ သေသွားကြကာ အရေအတွက်က ဆုတ်ယုတ်လို့လာသည်။ အခုဆို သလင်းကြွက်အရေအတွက်ကို လူတစ်ယောက်ရဲ့လက်နှစ်ဖက်နဲ့ပင် ရေတွက်လို့ ရနိုင်နေပြီဖြစ်သည်။

ဒါပေမဲ့ ဒီနေ့ သလင်းကြွက်တစ်ကောင် ဒီလိုမျိုး ဝေးသီခေါင်ဖျားတဲ့ဒေသမှာ ပေါ်လာပြီး အဲ့အပြင် အဲ့တာကလည်း အရွယ်ရောက်တစ်ကောင် ဖြစ်နေ၏။ ဒီသတင်းသာ အပြင် ပျံ့သွားရင် နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ထဲက အင်အားစုတွေအားလုံး ရူးသွပ်သွားလေက်သည်!

အဲ့အချိန်မှာပဲ ဂူနီလာ ကုန်သည်ကြီးများအသင်း ရရှိထားခဲ့တဲ့ သလင်းကြွက်က ဖွံ့ဖြိုးဆဲအဆင့်ပဲဖြစ်နေတာတောင် နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ ထိပ်တန်းစီးပွါးရေးဖြစ်လာတယ်ဆိုတော့ တကယ်လို့ ဒီအရွယ်ရောက်သလင်းကြွက်တစ်ကောင်သာဆိုရင် သူတို့တွေ...?

အဲ့တာကို တွေးမိသွားသည်နှင့်အမျှ လူတိုင်းရဲ့ အသက်ရှုသံတွေ မြင့်တက်လေးလံလာတော့၏။

အရွယ်ရောက်သလင်းကြွက်တစ်ကောင်က ဘယ်လိုကြွယ်ဝချမ်းသာမှုမျိုး ယူဆောင်ပေးနိုင်မလဲဆိုတာ ဘယ်သူကမှ မတွေးထင် မစဉ်းစားနိုင်ကြပေ။ ဒါပေမဲ့ သေချာတာကတော့ လက်ရှိ ဂူနီလာကုန်သည်ကြီးများအသင်းကို ကျိန်းသေပေါက် ဖိနှိပ်နိုင်မှာ!

အနာဂတ်က အံ့အားသင့်ဟန် ပေါက်နေပေမဲ့ ဒီလူတွေက ဂူနီလာကုန်သည်ကြီးများအသင်းက သလင်းကြွက်ကို ကာကွယ်နိုင်တဲ့အကြောင်းရင်းခံကိုတော့ မေ့နေကြသည်။ အဲ့တာကတော့ ကြီးမြတ်သော ကောင်းကင်လေနတ်ဘုရား ကိုင်ဆောင်ထားတဲ့ ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ စွမ်းအားတို့ကြောင့်သာဖြစ်သည်။ အခြားအင်အားစုတွေက သလင်းကြွက်ကို ခိုးယူဖို့ အကြံထုတ်ခဲ့မယ်ဆိုရင်တောင်မှ သူတို့ ထိုက်တန်ရဲ့လားဆိုတာ ချင့်ချိန်ဖို့ လိုသေးသည်။ တကယ်လို့ သူတို့မှာ သလင်းကြွက်တစ်ကောင် ရှိတယ်ဆိုရင်တောင်မှ သူတို့က ကြီးမြတ်သော ကောင်းကင်နတ်ဘုရားတွေထဲက တစ်ပါးရဲ့ ရန်သူဖြစ်လာမယ်ဆိုရင် သူတို့ အသက်ရှင်လျက်နဲ့ ကြွယ်ဝချမ်းသာမှုကို ခံစားနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာဖြစ်သည်!

ဒါပေမဲ့ အလိုလောဘကြီးသွားတဲ့အချိန်မျိုးမှာတော့ သူတော်စင်တောင်မှ ကျိုးကြောင်းတွေးနိုင်စွမ်း ပျောက်ဆုံးသွားကြသည်သာ!

ချက်ချင်းပဲ ကာလွမ်သလာက အရပ်မျက်နှာအဘက်ဘက်ဆီက များပြားလှတဲ့ စိတ်ဝိညာဉ်ခံစားမှုတို့ကို ခံစားမိလိုက်ရ၏။ အချို့ စိတ်ဝိညာဉ်ခံစားမှုတို့က အလွန့်အလွန် မှေးမှိန်နေကာ ဆူးလားမိသားစုရဲ့ တမူထားတဲ့စွမ်းရည်သာမဟုတ်ရင် သူ လုံးဝ သတိပြုမိမှာမဟုတ်ချေ။ ဒါပေမဲ့ ကာလွမ်သလာက နောက်ဆုံးတော့ ကောင်းကင်အနားသတ်မြို့မှာ ကျွမ်းကျင်ပညာရှင် အတော်များများ ပုန်းအောင်းနေတာကို သိရှိသွား၏။ ဘာလို့ အဲ့လောက်အများကြီး ဒီမှာ ရှိနေတာလဲ? ဒဏ္ဍာရီလာ သားရဲရဲ့ သွေးမျိုးဆက်ဖြစ်တဲ့ သိပ်အရေးမပါတဲ့ မိစ္ဆာသားရဲတစ်ကောင်အတွက် ဒီလောက် ကျွမ်းကျင်ပညာရှင်တွေ အများကြီးကို ဆွဲဆောင်နိုင်မှာမဟုတ်။ ကြည့်ရတာ မြစိမ်းရောင်နဂါးတောင်တန်းတွေထဲက သတ္တုကြောတည်ရှိမှုသတင်းနဲ့ပတ်သက်ပြီး သတင်းပေါက်ကြားမှု ရှိနေပြီထင့်!

သတ္တုကြောတစ်ခုဟာ ဘယ်အဆင့်ပဲဖြစ်ဖြစ် အမြဲပဲ လူတွေ တစ်လှေကြီးကို ဆွဲဆောင်နိုင်နေမှာပင်။

လူတွေက ကျိုးကြောင်းတွေးနိုင်စွမ်းတွေ ပျောက်လုလုဖြစ်နေကြတဲ့အတွက် သလင်းကြွက်ကို လုယူဖို့ အပြေးလာကြတဲ့အချိန်မှာ ရေခဲတမျှ အေးစက်တဲ့အသံတစ်ခုက အပ်ကျသံကြားရမတတ် တိတ်ဆိတ်နေတဲ့ တည်းခိုခန်းထဲ ထွက်ပေါ်လာ၏။ အသံက ကျယ်လည်းမကျယ်၊ နူးလည်း မနူးညံ့ပေမဲ့ ကဗျာကယာ အပြေးတက်လာတဲ့သူတွေအပါအဝင် လူတိုင်းက သူတို့ရဲ့ ခေါင်းခွံတွေ အပ်ပေါင်းများစွာနဲ့ အထိုးစိုက်ခံရသည့်အလား ခံစားသွားကြရတော့သည်။ တစ်ယောက်ချင်းစီ သူတို့ရဲ့ မျက်နှာတွေက တမဟုတ်ချင်းကို ဖြူလျော်သွားကြတော့၏။

ကာလွမ်သလာက အခြားသူတွေအကြောင်းတော့ မသိပေမဲ့ တည်းခိုခန်းထဲကလူတွေ အထူးသဖြင့် မနာလို လောဘဇောတိုက်တဲ့ မျက်လုံးတို့နဲ့သူတွေက အရင်ဆုံး လောင်မြိုက်လိုက်ရတော့သည်။ သူတို့ တစ်ယောက်ချင်းစီက သူတို့ကို မိုးကြိုးလျပ်စီးတို့နဲ့ အပစ်ခံရသလို နာကျင်မှုကို ခံစားသွားကြရ၏။ သူတို့ရဲ့ မျက်နှာတွေက ရှုံ့တွနေကြကာ သူတို့ရဲ့ မူလသွင်ပြင်ကိုယ်ဟန်အနေအထားတွေလည်း ပျောက်သွားကြလျက် အတက်ရောဂါ ခံစားနေရသည့်အလား မြေပြင်ထက် တုန်ရီနေကြ၏။

ဖုန့်ရှီက ငရဲမင်းကြီးရဲ့ပေါင်ပေါ်ထိုင်နေကာ ဘယ်လိုစိတ်ဝိညာဉ်ခံစားမှုမျိုးကမှ သူ့ကိုယ်ပေါ်ကို မသက်ရောက်နိုင်ပေ။

သူ မျက်တောင်ခတ်လိုက်ရုံရှိသေး၊ တည်းခိုခန်းထဲက များပြားလှတဲ့လူတွေ လဲကျသွားတာကို မြင်လိုက်ရ၏။ ဟွမ်ရဲ၊ ကျုံးဝူချင်းနဲ့ လောင်နန်ရှုအပါအဝင် အနည်းငယ်သောသူတွေသာ ဆက်ပြီး ရပ်နေနိုင်ကြသည်။ သူတို့ရဲ့ ဆုံးဖြတ်နိုင်စွမ်းက အခြားသူတွေထက် အများကြီး ရှင်းလင်းသန်မာကြသည်။ သလင်းကြွက်အတွက် သူတို့ရဲ့ ကျိုးကြောင်းတွေးနိုင်စွမ်းတွေ လွတ်ထွက်မသွားကြတဲ့အတွက် သူတို့က တိုက်ခိုက်မှုကို မခံကြရတာဖြစ်၏။ ဒါပေမဲ့ သူတို့ရဲ့ မျက်နှာအမူအယာတွေကတော့ ကြည့်လှမနေတော့ချေ။

"လူဝံကြီး၊ ခင်များ မှားပေမဲ့လည်း ဒီလိုလက်ဆောင်ပဏ္ဏာအကြီးကြီးကို ပေးစရာမလိုပါဘူး!" ဖုန့်ရှီက မိုသောင်ဒူးထောက်လိုက်တာကိုမြင်တော့ အလွန်အမင်း အံ့ဩသွားတဲ့အမူအယာနဲ့ ထုတ်ဖော်ပြောလိုက်သည်။ ဘာဖြစ်သွားတာလဲဆိုတာကို သူ သတိပြုမိ၊ မပြုမိ ဘယ်သူမှ မသိသလို သူ မသိဟန်ဆောင်နေသလားလည်း မပြောနိုင်ကြပေ။

မိုသောင် အလွန်နာကျင်လွန်းနေတာကြောင့် ဘာစကားမှ မပြောနိုင်တော့ချေ။ သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက နောက်ဆုံးတော့ ပြန်ရောက်လာပြီဖြစ်ကာ ကောင်လေးကို ဖက်ထားတဲ့လူကြီးက သူထင်ထားတာထက် အများကြီး အင်အားကြီးမှန်း သဘောပေါက်သွားတော့၏။ အဲ့လူကြီးရဲ့ခွန်အားက သီနိုမိသားစုခေါင်းဆောင်ဆီကနေ သူရရှိခံစားဖူးတာထက် ပိုလို့ နှိုင်းဆမရအောင် ကျော်လွန်နေသည်။ အဲ့အချိန်မှာပဲ သူ့မျက်လုံးထဲက လောဘတို့ ပျောက်ကွယ်သွားရကာ ကြောက်လန့်မှုတို့သာ ကြွင်းကျန်နေရစ်တော့၏။ တစ်ဂတ်ဂတ်မြည်နေတဲ့သွားတို့ကြောင့် သူ စကားမပြောနိုင်တဲ့အတွက် ကောင်လေးရဲ့ ပျက်ရယ်ပြုမှုကို သူ မကြားသလိုသာ နေနိုင်ရကာ တုန်ရီနေလျက် ကြမ်းပြင်မှာ ဒူးအစုံထောက်နေရတော့သည်။

ကြောက်ကြောက်နဲ့ တုန်ရီနေစဉ်မှာပဲ...

ငရဲမင်းကြီးက လက်မောင်းထဲက ဖုန့်ရှီကို ထွေးပွေ့လျက်သားနဲ့ပင် ဖြည်းညှင်းစွာ ထရပ်လိုက်၏။ သူ့ရဲ့ ရှည်လျားမြင့်မားတဲ့အသွင်သဏ္ဍာန်က သူ့ကို ကောင်းကင်ထိ မြင့်နေသည့်အလား ထင်ရစေသည်။ သူ့ရဲ့ ခန်းနားထည်ဝါတဲ့အရှိန်အဝါက ကောင်းကင်နဲ့မြေကြီးအလား ဖြစ်နေကာ သူ့ပတ်လည်က လူတိုင်းက မြေပြင်ထက်ဝပ်တွားပြီးသာ နေနိုင်ကြကာ သူ့ကို စိတ်ရောကိုယ်ပါ ရိုးကျိုးကိုးကွယ်ဆည်းကပ်ရုံသာ ပြုမူမိကြတော့သည်။

"ဒီကနေ ဆယ်စက္ကန့်အတွင်း ထွက်သွား။ မဟုတ်ရင် .... ဘယ်သူမှ အသက်ရှင်လျက် ကျန်မှာမဟုတ်ဘူး!"

20220408; 2243

Stay tuned for the next chapter:

136. What can I do about it?
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————

အပိုင္း ၁၃၅။ ငရဲမင္းႀကီးရဲ့ သတိေပးခ်က္

အေျပာင္းအလဲ ျမန္ဆန္လြန္းလွတဲ့ျဖစ္ရပ္ေၾကာင့္ သီနိုမိသားစုအေနနဲ႔ ဘာေရြးရမလဲ မသိ ျဖစ္သြားရသည္။

မိုေသာင္က ငတုံးငအ မဟုတ္တာေၾကာင့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး သီနိုမိသားစုက ေလ်ာ့ေပး႐ုံသာတတ္နိုင္ေတာ့မွန္း သိသည္။

"လူႀကီးမင္းရဲ့ လိုအပ္ခ်က္ေတြက က်ိဳးေၾကာင္းမဆီေလ်ာ္ဘူးျဖစ္ေနတယ္။ ကၽြန္ေတာ့တူက စတင္ၿပီး ပ်က္ရယ္ျပဳေလွာင္ေျပာင္ခဲ့တာဆိုေပမဲ့ သူ႔ကို ဖ်က္ဆီးလိုက္တာက ဒီကလူႀကီးမင္းတို႔ေလ၊ သူ႔ရဲ့ က်န္ရွိေနတဲ့ ဘဝတေလ်ာက္လုံးကို မသန္မစြမ္းျဖစ္ေအာင္လို႔ လုပ္ခဲ့ၾကတယ္ေလ။ ေနာက္ဆက္တြဲအေနနဲ႔ ကၽြန္ေတာ့ရဲ့ ညီကိုလည္း ဆိုးဆိုးဝါးဝါး အနာတရျဖစ္ေအာင္လည္း လုပ္ခဲ့​ေသးတယ္။ အဲ့ျဖစ္ရပ္ႏွစ္ခု ထည့္ေပါင္းၿပီး ၾကည့္လိုက္မယ္ဆိုရင္ ဘယ္လိုပဲၾကည့္ၾကည့္ လူႀကီးမင္းတို႔ဘက္က လြန္က်ဴးေနခဲ့တာပဲ။ ကၽြန္ေတာ္တို႔မိသားစုအေနနဲ႔ ေတာင္းပန္စရာ ဘာမွမရွိဘူး!" စကားေျပာေနလ်က္မွာပဲ မိုေသာင္ရဲ့ အမူအယာက နက္ေမွာင္လာရကာ ေဒါသကို ခ်ဳပ္ထိန္းဖိႏွိပ္ထားေနရ၏။

"လူဝံႀကီး၊ ခင္မ်ား ထပ္မွားျပန္ၿပီ။" ဖုန္႔ရွီက သူ႔ေခါင္းကို ခါလိုက္ၿပီး ခပ္က်ယ္က်ယ္ ေျပာလိုက္သည္။"ငါေျပာတာ ဘယ္ေနရာ မွားသလဲ" မိုေသာင္က သူ႔အၾကည့္ကို ဖုန္႔ရွီထံ ပို႔လိုက္ကာ အလြန္အမင္း ေဒါသထြက္ေနရတာေၾကာင့္ ႏႈတ္ခမ္းေမႊးတို႔ေတာင္ ေထာင္တက္လုမတတ္ပင္။

ဖုန္႔ရွီက ေျပာလိုက္သည္၊ "ခင္မ်ားညီရဲ့ ထိခိုက္ဒဏ္ရာေတြက အေသခ်ာဆုံးကေတာ့ ငါတို႔အျပစ္မဟုတ္ဘူး။ ဘယ္သူမွန္တယ္၊ ဘယ္သူမွားတယ္ဆိုတာကို မဆုံးျဖတ္ရေသးပဲ ငါတို႔ကိုသာ လာမရွာခဲ့ဘူးဆိုရင္၊ အမွန္တရားကို မစဥ္းစားဘဲ ငါတို႔ကို သူ႔ဓါးနဲ႔ တိုက္ခိုက္မႈမလုပ္ခဲ့ဘူးဆိုရင္ သူ အနာတရ ျဖစ္မွာမဟုတ္ဘူး။ အဲ့တာေၾကာင့္ ငါတို႔ သူ႔ကို ထိခိုက္ဒဏ္ရာ ရေအာင္လုပ္ခဲ့တယ္လို႔ မေျပာနဲ႔။ ကိုယ့္ကိုယ္ကို ကာကြယ္မႈဆိုတာက ဘာလဲဆိုတာ သိလား? သူက စတိုက္တာေၾကာင့္ ငါတို႔က သူ႔ကို အနာတရျဖစ္ေအာင္ လုပ္လိုက္ရတာ။ အဲ့တာ အရမ္း သမာရိုးက်ျဖစ္ၿပီး​ ရလဒ္ကေတာ့ ခင္မ်ား သိပါတယ္။

သူ႔စကားလုံးေတြက လူေတြကို ေဒါသသတ္လို႔ ေသနိုင္ဖြယ္ပင္။

မိုေသာင္ အလြန္႔အလြန္ ေဒါသထြက္ရလြန္းလို႔ စကားလုံး တစ္လုံးေတာ့ မေျပာနိုင္ေတ့ေခ်။ သူ႔ညီက သူ႔ကိုယ္သူပဲ အျပစ္တင္ရမယ္လို႔ သူ ေျပာလိုက္တာလား၊ "အဲ့တာဆို လူႀကီးမင္းရဲ့ရည္ရြယ္ခ်က္က ဘာလဲ?"

"ငါက အဲ့တာကို ေျပာဖို႔ ေစာင့္ေနတာ။ တစ္ေၾကာင္းတည္းနဲ႔ေျပာရမယ္ဆိုရင္ ခင္မ်ားတူနဲ႔ ခင္မ်ားညီကိစၥနဲ႔ပတ္သတ္လို႔က ေက်ၿပီလို႔ ေျပာနိုင္တယ္။ ဒါေပမဲ့ ..... ခင္မ်ားလုပ္ခဲ့တာအတြက္ကိုေတာ့ ခင္မ်ား ျငင္းလို႔မရဘူး။ ခင္မ်ားက ငါတို႔က ခင္မ်ားရဲ့ ဓါးနဲ႔ ဘာအေၾကာင္းျပခ်က္မွမရွိဘဲ လာတိုက္ခိုက္တာ၊ ဘယ္ေလာက္ေတာင္ ရိုင္းလိုက္သလဲ! ငါ့ကို လန္႔သြားေစတာက ကိစၥေသးေသးေလးတစ္ခုပဲ၊ ဒါေပမဲ့ ငါ့ေခါင္းေဆာင္ကို လန္႔သြားေစတာဆိုရင္ေတာ့ ျပႆနာအႀကီးႀကီးပဲ။ အဲ့တာေၾကာင့္၊ ခင္မ်ား ေတာင္းပန္ရမယ္ဆိုတာ သဘာဝက်တယ္။ မွန္တယ္မွတ္လား?" ဖုန္႔ရွီ ဆက္ေျပာလိုက္မႈက လူတိုင္းကို ႐ူးသြားေစေတာ့သည္။

ေကာင္ေလးရဲ့စကားေတြကို ၾကားေတာ့ မိုေသာင္က ပါးစပ္က အျမႇုပ္ထြက္သြားရကာ သူ႔ကို ေဒါသေခ်ာင္းေခ်ာင္းထၿပီး စိုက္ၾကည့္ေနေတာ့သည္။ သူတို႔က သူ႔ရဲ့ တူေရာ သူ႔ညီေရာကို ဖ်က္ဆီးခဲ့ၿပီး အခု သူတို႔က ေက်ၿပီလို႔ ေျပာခ်င္ေသးတယ္? သူတို႔ရဲ့ တြက္ခ်က္ပုံႀကီးက စိတ္တိုစရာ၊ နားေထာင္ေလေလ မိုေသာင္ အသက္မရႉနိုင္ျဖစ္လာရေလေလပင္။ သူ႔မွာ အတက္ေရာဂါ ထေနသည့္အလား တစ္ကိုယ္လုံး တုန္ရီေနကာ သူ႔ေသြးေၾကာတို႔ထဲက ေသြးတို႔က ေခါင္းဆီသို႔ ေနာက္ျပန္စီးေနသည့္အလားပင္။ သူ႔မ်က္ႏွာကေန လည္ပင္းအထိ ရဲပေတာင္းခတ္ေနကာ အေျခအေနကို သိမေနတဲ့သူေတြဆို သူ႔ကို ဘဲကင္တစ္ေကာင္လို႔ေတာင္ ထင္္မွတ္မွားေလာက္ဖြယ္ပင္။'ဟုတ္တယ္၊ မွန္တယ္၊ ေသရြာကေန ထထိုင္ရေလာက္ေအာင္ကို မွန္တယ္။ မင္းေမႀကီးေတာ္ႀကီးကို မွန္တယ္။'

မိုေသာင္က သူ႔ကိုယ္ထဲက ေပါက္ကြဲထြက္ခ်င္ေနတဲ့ေဒါသေတြကို တည္ၿငိမ္ေအာင္ က်ိဳးစား႐ုန္းကန္ ထိန္းေနရသည္။ ေကာင္ေလးရဲ့ ပါးစပ္ကို ပိတ္ဆို႔ထားတဲ့ ဆည္ႀကီး ပင့္ထြက္သြားသလိုမ်ိဳး ေကာင္ေလးက အဆက္မျပတ္ ေပါက္ေပါက္ေဖာက္ေနလ်က္ပင္။ ဒါေပမဲ့၊ ျခဳံလိုက္ရင္ ေျပာခ်င္တာက ေကာင္ေလးတို႔က သီနိုမိသားစုအေနနဲ႔ သူတို႔ကို ေတာင္းပန္ေစလိုၿပီး နစ္နာေၾကးေပးေစလိုတာျဖစ္သည္။ ေကာင္ေလးက ေရႊေငြေတြ ေတာင္းဆိုလိုသည့္အလား နစ္နာေၾကးဆိုတဲ့ေနရာကို အထူးအေနနဲ႔ေတာင္ ဖိေျပာလိုက္သည္။ ဒါေပမဲ့ သူျငင္းေတာ့မဲ့ဆဲဆဲမွာပဲ ေကာင္ေလးက ႐ုတ္တရက္ ေျပာလိုက္၏၊

"ငါတို႔ကို မင္း မေတာင္းပန္ဘူး၊ မေလ်ာ္ေပးဘူးဆိုရင္လည္း ရပါတယ္!"

"တကယ္ေျပာေနတာလား?" မိုေသာင္က သူ႔ရဲ့ ေနာက္ဆုံးေကာက္ရိုးမၽွင္ေလးကို မလြတ္တမ္း ဆုပ္ကိုင္လိုက္၏။

"အင္း၊ တကယ္!" ဖုန္႔ရွီက သူ႔ေခါင္းကို ေပ်ာ္ေပ်ာ္ႀကီး အဆက္မျပတ္ ညိတ္လိုက္ရင္း၊ "မင္းတို႔ေတြ ဒီကို ဘာ့ေၾကာင့္ ေရာက္လာၾကတာလဲဆိုတာကို ေျပာရင္ေပါ့။"

သူ႔စကားလုံးတို႔က မိုေသာင္ကိုသာ ေၾကာင္အမ္းသြားေစသည္မဟုတ္၊ ဟြမ္ရဲနဲ႔ အျခားသူတို႔ကိုပါ အေတာင့္လိုက္ ျဖစ္သြားေစသည္။ ေလာင္နန္ရႈကသာ ဖုန္႔ရွီကို ထူးဆန္းတဲ့အမူအယာနဲ႔ အၾကည့္တစ္ခ်က္ပို႔လိုက္၏။ ဒါေပမဲ့ အသိသာဆုံးသူကေတာ့ ကာလြမ္သလာပင္။ သီနိုမိသားစုက ျမစိမ္းေရာင္နဂါး ေတာင္တန္းေတြအတြင္းမွာ သတၱဳေၾကာရွိေနတာကို ရွာေဖြေတြ႕ရွိသြားၿပီေလာက္ၿပီလို႔ သူ သံသယဝင္ေနေပမဲ့ ဖုန္႔ရွီကလည္း အဲ့တာကို သတိျပဳမိေနမွန္း သူ လုံးဝ မေတြးထားမိခဲ့။

မိုေသာင္ရဲ့ အမူအယာက မေသမခ်ာ ေျပာင္းသြားေတာ့သည္။ အဆုံးမေတာ့ လူအုပ္ႀကီးရဲ့ အၾကည့္ေအာက္မွာ သူက အားတင္းျပဳံးလိုက္ကာ ေျပာလိုက္၏၊ "ေတာအုပ္ထဲက ဒ႑ာရီလာသားရဲမ်ိဳးဆက္အတြက္ လူတိုင္း ဒီကိုေရာက္ေနၾကတာမဟုတ္ဘူးလား။ လူႀကီးမင္းတို႔က အဲ့တာကို သတိမျပဳမိၾကဘူးလား?"

"မင္း မေျပာခ်င္ဘူးဆိုလည္း ေကာင္းၿပီေလ။" ဖုန္႔ရွီရဲ့ အံ့အားသင့္ဖြယ္ စိတ္မဝင္မစားျဖစ္ဟန္သေဘာထားက လူတိုင္းကို ရႈပ္ေထြးသြားေစေတာ့သည္။

မိုေသာင္က ဖုန္႔ရွီ ဘာေတြးေနသလဲဆိုတာ မွန္းမရနိုင္ျဖစ္ေန၏။ ဒါေပမဲ့ တစ္ဖက္သူရဲ့ ေမးခြန္းက သူ႔ကို သက္ေတာင့္သက္သာ ျဖစ္မေနေစေခ်။ ဒီလူသုံးေယာက္က သူတို႔ ဒီကိုေရာက္လာရျခင္းရဲ့ အေၾကာင္းရင္းမွန္ကို သိေနၾကပုံေပၚသည္၊ အဲ့လိုမွမဟုတ္ရင္ ဒီလိုေမးခြန္းမ်ိဳး ႐ုတ္တရက္ႀကီး ထေမးစရာ အေၾကာင္းမွမရွိတာ။ မိုေသာင္က သူတို႔ရဲ့ သတင္းအခ်က္အလက္ေတြမ်ား ယိုစိမ့္ေပါက္ထြက္ ပ်ံ႕ႏွံ့သြားၿပီလားလို႔ သံသယမဝင္ဘဲ မေနနိုင္ေတာ့ေပ။

အဲ့အခ်ိန္မွာပဲ ဖုန္႔ရွီရဲ့ ကိုယ္ခႏၶာကေန ေသးငယ္တဲ့ ကြိကြိကြကြျမည္သံေလးတစ္ခု ထြက္ေပၚလာ၏။ ဒါေပမဲ့လည္း တိတ္ဆိတ္ေနတဲ့ တည္းခိုခန္းထဲမွာေတာ့ အသံေသးေသးေလးကပင္ အေတာ္ရွင္းရွင္းလင္းလင္း ၾကားရနိုင္ေနသည္။ အသံက လူတိုင္းရဲ့ အာ႐ုံကို ခ်က္ခ်င္းပဲ ဖမ္းစားသြားေတာ့သည္။ ကေလးတစ္ေယာက္ရဲ့ လက္သီးဆုပ္အရြယ္ေလာက္ပဲရွိတဲ့ အေသးစား သလင္းႂကြက္တစ္ေကာင္က ေကာင္ေလးရဲ့ေပါင္ေပၚကေန ခုန္တက္လာသည္။ သူ႔ရဲ့ ေရႊခရမ္းေရာင္သြင္ျပင္က အလြန္႔အလြန္ကို မ်က္စိက်ိန္းေလာက္ဖြယ္ပင္။ သူ႔ကိုယ္ခႏၶာမထက္ ေရႊခရမ္းေရာင္ေၾကးခြံတို႔နဲ႔ သိုင္းျခဳံထားတဲ့ ျခင္းအားျဖင့္ ဒါဟာ အရြယ္ေရာက္ သလင္းႂကြက္ဆိုတာကို ျပဆိုေနျခင္းျဖစ္သည္။"သလင္းႂကြက္?" မိုေသာင္က ခ်က္ခ်င္းပဲ

You are reading the story above: TeenFic.Net