အပိုင်း ၁၃၆။ ငါ အဲ့တာနဲ့ပတ်သက်ပြီး ဘာလုပ်နိုင်သလဲ?
သူ့ရဲ့ စိတ်မပါလက်မပါအသံက ကောင်းကင်အနားသတ်မြို့အနှံ့ နဲ့ အနီးအမား မိုင်ထောင်ချီတိုင်အောင် ပြေးထွက်ပျံ့နှံ့မသွားခင်မှာ တည်းခိုခန်းစားသောက်ဆိုင်ထဲ ပဲ့တင်ထပ်သွားတော့သည်။
ကောင်းကင်အနားသတ်မြို့တော်အတွင်းမှာရော အပြင်မှာပါ ပုန်းအောင်းနေကြတဲ့လူတွေ၊ ဒါမှမဟုတ် ကောင်းကင်အနားသတ်မြို့ဆီ အပြေးလာနေကြတဲ့ မိုင်ထောင်ချီအတွင်းက အင်အားစုတွေ ဘယ်သူမဆို ဒီအသံ မကြားနိုင်ဖွယ်မရှိပေ။ အသံက သိမ်မွေ့နူးညံ့ပေမဲ့ ကြောက်စရာ အရှိန်အဝါတစ်ခုကို ပေးစွမ်းနေ၏။
ကမ္ဘာကို တုန်လှုပ်သွားစေလောက်တဲ့ လှိုင်းနဲ့ အံ့ဩထိတ်လန့်ဖွယ် ခြိမ်းခြောက်မှုက ခုလေးတင် သတင်းရလိုက်လို့ မြို့တော်ကို အပြေးလာနေဆဲဖြစ်ဲ့ မိုင်ထောင်ချီအဝန်းအဝိုင်းအတွင်းရောက်နေကြတဲ့ ကျွမ်းကျင်ပညာရှင်တွေအပါအဝင် ကျင့်ကြံသူအားလုံးရဲ့ နှလုံးသားထဲ ရိုက်ခတ်သွားတော့သည်။
ဒီလောက် သေးငယ်တဲ့ ကောင်းကင်အနားသတ်မြို့တော်လေးမှာ ဒီလိုမျိုး အင်အားကြီးမားတဲ့ စွမ်းအားမြင့် ပညာရှင်တစ်ယောက် ပုန်းအောင်းနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားမိခဲ့ကြ။ တကယ်လို့ သူ့အသံက မိုင်ထောင်ချီကို ဖြန့်ကျက်လွှမ်းခြုံနိုင်တဲ့ ဒီလိုမျိုး ခြိမ်းခြောက်နိုင်စွမ်းတွေ ရှိနေတယ်ဆိုရင် အသံပိုင်ရှင်က နတ်ဘုရားခေါင်ချုပ်နယ်ပယ်ပညာရှင်တစ်ယောက် ကျိန်းသေပေါက် မဟုတ်နိုင်ဘူး။ ဖြစ်နိုင်တာက သူဟာ ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ပညာရှင်တစ်ယောက် ဖြစ်လောက်မယ်။ တစ်ခုတည်းသောပြဿနာက သူက ဘယ်ဘက်ကလဲ? ဘယ်အင်အားစုက ဒီလိုမျိုး ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ပညာရှင်တစ်ယောက် လွှတ်ရလောက်အောင် ဒီလောက် စွမ်းအားကြီးလောက်သလဲ?
အလယ်ပိုင်းဒေသက ကောင်းကင်နတ်ဘုရားကိုးပါးမှာ ထူးခြားပြောင်မြောက်တဲ့ တိုက်ရည်ခိုက်ရည် စွမ်းအားရှိပေမဲ့လည်း အချင်းချင်းကြား ထားရှိထားခဲ့ကြဖူးတဲ့ ကတိကဝတ်တွေအရ လွယ်လွယ်တော့ ပါဝင်စွက်ဖက်ကြမှာမဟုတ်။
ကောင်းကင်နတ်ဘုရားကိုးပါးရဲ့ တာဝန်က နတ်ဘုရားမိစ္ဆာမျှော်စင်ကို ကာကွယ်ဖို့။ သူတို့မိသားစုရဲ့ သေရေးရှင်ရေးမဟုတ်နေသ၍ ကောင်းကင်နတ်ဘုရားကိုးပါး ဝင်စွက်မယ့်အကြောင်း လုံးဝမရှိဘူး။ အတိတ်တုန်းကဆို သလင်းကြွက်က ကြီးမြတ်တဲ့ ကောင်းကင်လေနတ်ဘုရားရဲ့ ပေါင်ပေါ် သူ့ဘာသာသူ ခုန်တက်သွားခဲ့တာကြောင့် အဲ့တာကို သူတို့ရဲ့ ကတိကဝတ် ဖျက်တယ်လို့ ဆိုမရခဲ့ဘူး။ အဲ့အတွက်ကြောင့် ကောင်းကင်အနားသတ်မြို့တော်မှာ ရှိနေတဲ့ ဒီကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် ပညာရှင်ဟာ သေချာပေါက် ကောင်းကင်နတ်ဘုရားကိုးပါးထဲက တစ်ပါးပါး မဟုတ်ဘူး!
ဒါပေမဲ့ သူက ကောင်းကင်နတ်ဘုရားကိုးပါးထဲက တစ်ပါးပါးက စေလွှတ်လိုက်သူ တစ်ဦးလည်း မဖြစ်နိုင်ဘူး။ အလယ်ပိုင်းဒေသက ကောင်းကင်အနားသတ်မြို့တော်နဲ့ဆိုရင် အလွန့်အလွန် ဝေးကွာလွန်းလှသည်။ သူတို့ နေရာကူးပြောင်းစက်တစ်ခုကို အသုံးပြုကြမယ်ဆိုရင်တော်ငမှ သူတို့ ချက်ချင်းကြီးတော့ ရောက်လာနိုင်ကြမှာ မဟုတ်ချေ။ သူတို့ရထားတဲ့ သတင်းအချက်အလက်အရ မြစိမ်းရောင်နဂါးတောင်တန်းတွေမှာ သတ္တုကြောရှိနေကြောင်း သတင်းက ပျံ့တာ လတစ်ဝက်လောက်ပဲ ရှိသေးတာကြောင့် လုံးဝ မဖြစ်နိုင်။
အဲ့အပြင် ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် ပညာရှင်တစ်ယောက်ဆိုတာ မိသားစုတစ်ခုမှာ အလွန်အရေးကြီးတဲ့နေရာ ရထားသူတွေဖြစ်သည်။ တကယ်လို့ တစ်ယောက်က ပျောက်ဆုံးသွားခဲ့မယ်၊ ဒါမှမဟုတ် အနာတရဖြစ်သွားခဲ့ကြမယ်ဆိုရင် နောက်တစ်ယောက်ကို လေ့ကျင့်သင်ကြားပေးဖို့ဆိုတာက ရာစုနှစ်အနည်းငယ် အချိန်ယူရမှာဖြစ်သည်။ သူတို့ရဲ့ ဝှက်ဖဲကို ဘယ်သူကမှ အလွယ်ထုတ်ပြကြမှာမဟုတ်။ အဲ့တာက အဆင့်မြင့် သတ္တုကြော်တစ်ခုဆိုရင်တောင်မှ ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ပညာရှင်တစ်ယောက်ကို ပို့လွှတ်ချင်စိတ်ရှိလောက်မယ့် မိသားစုတစ်ခု ရှိမှာမဟုတ်ပေ။
အဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြည့်လျှံနေတဲ့ ကျင့်ကြံသူတွေကတောင် အဲ့အသံကို ကြားတဲ့အခါမှာတော့ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ မျက်နှာတွေ အေးစက်လို့လာတော့သည်။
ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်နဲ့ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ကြားထဲက ကွာဟချက်က တိုင်းတာလို့မရအောင် ကြီးမားလှသည်။ ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် ပညာရှင်တစ်ယောက်က နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ထိပ်တန်းအဆင့်ရောက်နေတဲ့ပညာရှင် လေး၊ ငါးယောက်ကို တစ်ယောက်ပြီးတစ်ယောက် အလဲထိုးယှဉ်ချနိုင်သည်။ ၎င်းမှာ ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် ပညာရှင်တစ်ယောက်ရဲ့ စွမ်းရည်သက်သေပင်ဖြစ်၏။ ဒါပေမဲ့ ဒီအခွင့်အရေးမျိုး ကြုံရဖို့အတွက် မီးကိုတိုးတဲ့ ပိုးဖလံမျိုးလိုလူစားမျိုးလည်း ရှိသေးသည်။ တကယ်လို့ ဒီသတ္တုကြောက ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် ပညာရှင်တစ်ယောက်ကို ဆွဲဆောင်နိုင်တယ်ဆိုလျင် ဒါသေချာပေါက် အဆင့်နိမ့်၊ ဒါမှမဟုတ် အလယ်အလတ်အဆင့် သတ္တုကြောတစ်ခုတော့ မဖြစ်နိုင်။ အဲ့အပြင် မြစိမ်းရောင်နဂါးတောင်န်းတွေ ဖွဲ့တည်တဲ့အချိန်တုန်းကတည်းက တကယ်ပဲသာ သတ္တုကြောတစ်ခု ရှိခဲ့မယ်ဆိုရင် အဲ့တာဆို အနည်းဆုံးတော့ အဆင့်မြင့်သတ္တုကြောတစ်ခုသာ ဖြစ်ရမည်!
အဆင့်မြင့်သတ္တုကြောတစ်ခုဟာ မိသားစုတစ်ခုအတွက် ဘယ်လို အဓိပ္ပါယ်ဆောင်ပါသလဲ? လူတိုင်း ဒီအချက်ကို နားလည်သဘောပေါက်ကြသည်၊ အဲ့လိုမှမဟုတ်ရင် ဘာလို့ သီနိုမိသားစုက နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ပညာရှင် နှစ်ယောက်ကို ကောင်းကင်အနားသတ်မြို့တော်ကို လျို့လျို့ဝှက်ဝှက် စေလွှတ်ထားမှာလဲ?
ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် ပညာရှင်တစ်ယောက်ဟာ အလွန်အစွမ်းကြီးပေမဲ့ မမြင်နိုင်တဲ့ကိုယ်ပျောက်လူတော့ မဟုတ်ကြ!
သူတို့မျက်စိရှေ့က အခုလို ကြီးမားတဲ့အခွင့်အလန်းမျိုးနဲ့ဆို မိုင်ထောင်ချီအကွာအဝေးမှာ တည်ရှိနေကြတဲ့ အဲ့ဒီ့အင်အားစုတွေက အချိန်တစ်ခဏလောက်သာ တုန့်ဆိုင်းကြမှာဖြစ်ပြီး ပြီးတာနဲ့ ကောင်းကင်အနားသတ်မြို့တော်ဆီ ဦးတည် ရောက်လာကြတော့မှာဖြစ်သည်။ တကယ့်အကြောင်းပြချက်က အရွယ်ရောက် သလင်းကြွက်တစ်ကောင်ဆိုတာ သိနေရင်တောင်မှ သူတို့ လုံးဝ တုန့်ဆိုင်းနေကြမှာမဟုတ်၊ မနှေးအမြန် ဒီကို ပျံသန်းရောက်ချလာကြမှာပင်။ ဒါပေမဲ့ သူတို့မသိကြတာက ကောင်းကင်အနားသတ်မြို့ အတွင်းအပြင်မှာ ရှိနေကြတဲ့ အဲ့ဒီ့ပညာရှင်တွေအားလုံးက သူတို့အသက်အတွက် ဖက်နဲ့ထုပ် သုတ်ခြေတင် ပြေးနေကြပြီပင်။ ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ပညာရှင်တစ်ယောက်က ဘယ်လောက်ပဲ သန်မာပလေ့စေ၊ လူတိုင်းကိုတော့ အနာတရဖြစ်အောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်။ ဒီလူက ကျိန်းသေပေါက် ကြီးမြတ်တဲ့ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့် ရောက်နေသူသာဖြစ်ရမည်!
တည်းခိုခန်းစားသောက်ဆိုင်ထဲမှာ အနည်းငယ်မျှသော ငြီးတွားမှုတို့သာ ကျန်ရစ်ခဲ့သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ဝိဉာဉ်တွေက မြန်မြန် ပြန်လည် မသက်သာလာနိုင်ကြပေ။
လူကြီးရဲ့ ခြိမ်းခြောက်မှုကို ကြားတော့ လူတော်တော်များများက ကြမ်းပြင်ပေါ် လဲကျသွားရကာ အချို့က ဒဏ်ရာအနာတရတောင် ရသွားကြလျက် တည်းခိုခန်းစားသောက်ဆိုင်ထဲကနေ အပြေး ဆုတ်ခွါသွားကြတော့သည်။ သလင်းကြွက်က အင်မတန် ဆွဲဆောင်နိုင်တယ်ဆိုတာ မှန်ပေမဲ့ သူတို့ သေကြရမယ်ဆိုရင်တော့ ဘာအသုံးတည့်မှာလဲ? အဲ့တာက ဘယ်လောက်ပဲ မက်လောက်ဖွယ်ဖြစ်နေပါစေ၊ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အသက်နဲ့တော့ နှိုင်းယှဉ်လို့မရနိုင်။
အကျိုးဆက်အနေနဲ့ ဆယ်စက္ကန့်အတွင်းမှာပဲ ကြိတ်ကြိတ်တိုးစည်ကားနေခဲ့တဲ့ တည်းခိုခန်းစားသောက်ဆိုင်ဟာ တမဟုတ်ချင်းကို ပြောင်ရှင်းသွားတော့သည်။ ကျန်ခဲ့တဲ့သူတွေကတော့ ဟွမ်ရဲနဲ့ အစကတည်းက ဖြစ်ပျက်ခဲ့သမျှသိနေကြတဲ့ သာမာန်သူအနည်းငယ်မျှသာဖြစ်ကြသည်။ သီနိုမိသားစုဝင်များအပါအဝင် ထို လူဆိုးကျင့်ကြံသူများအားလုံး ထွက်ပြေးသွားကြ၏။ လူကြီးရဲ့စကားတွေက အမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ ဂရုမစိုက်။ သူ့အစွမ်းကို ထုတ်ဖော်ပြပြီးသည့်နောက် ဘယ်တစ်ဦးတစ်ယောက်ကမှ သလင်းကြွက်အတွက် တိုက်ဖို့ အကြံထုတ်ဝံ့သူတစ်ယောက်မျှမရှိကြတော့ပေ။
လောင်နန်ရှုနဲ့ အခြားကျန်ရှိသူ သုံးဦး ရသွားတဲ့ ထိတ်လန့်တုန်လှုပ်မှုကတော့ စကားလုံးနဲ့တောင် ဖော်ပြလို့မရချေ။
အရွယ်ရောက်သလင်းကြွက်တစ်ကောင်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် ဘယ်လိုသာမာန်လူမဆို သိုဝှက်ထားရမယ်ဆိုတာ သိကြမှာဖြစ်သည်။ ဒါပေမဲ့ သူတို့က ဝှက်မထားတဲ့အပြင် သူတို့နဲဲ့အတူတောင် ယူလာကြသေးသည်။ ဒီအပြုအမူက သေလမ်းရှာတာမဟုတ်ဘူးဆိုရင် သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုက အမိုးထိ မြင့်နေသည်ပင်။
လူကြီးဆီကနေ ပေါက်ကွဲထွက်ပေါ်လာတဲ့ အရှိန်အဝါကို မြင်တော့ လောင်နန်ရှုနဲ့ အခြားသုံးယောက်တို့က အဲ့လူကြီးရဲ့ စွမ်းအားဟာ ကြီးမြတ်တဲ့ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ကို ယှဉ်လို့ရသည်ဟု ယုံကြည်သွားကြ၏။
ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ကို အားနည်းတဲ့ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်နဲ့ ကြီးမြတ်တဲ့ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ဆိုပြီး ပိုင်းခြားထားသည်။ အဆိုပါ နယ်ပယ်ဆင့်နှစ်ဆင့်ကို မျဉ်းကြောင်းတစ်ကြောင်းတည်းနဲ့သာ ပိုင်းခြားစိတ်ဖြာထားတာဖြစ်ကာ အဲ့ဒီ့မျဉ်းကြောင်းက ဖြတ်ကျော်ဖို့ရာ အလွန့်အလွန် ခက်ခဲလှ၏။ အကျိုးဆက်အနေဖြင့် လူအများစုက အားနည်းတဲ့ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ထက်ပိုပြီး မကျော်လွှားနိုင်ကြဘဲ ကြီးမြတ်တဲ့ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ဆိုတာ သူတို့ရဲ့အိမ်မက်ထဲမှာသာ လိုချင်တောင့်တနေကြတဲ့ အဆင့်တစ်ခု ဖြစ်သည်ပင်။ ဒါပေမဲ့ အနည်းစုမျှသောလူတို့ကသာ ကြီးမြတ်တဲ့ကောင်းကင်နတ်ဘုရားနယ်ပယ်ဆင့်ထက် မြင့်တဲ့အဆင့်တစ်ခု ရှိသေးတာကို သိကြ၏။ အဲ့အဆင့်က နတ်ဘုရားမိစ္ဆာ မျှော်စင်ကို စောင့်ကြပ်သူတို့တောင်မှ မထိနိုင် မထိရဲကြတဲ့ အဆင့်ဖြစ်ကာ အဲ့အဆင့်ရှိကြောင်း သိပ်မသိကြပေ။
လောင်နန်ရှုနဲ့ အခြားသူတွေက သူတို့အမြင်နဲ့ ငရဲမင်းကြီးရဲ့ ခွန်အားအစစ်အမှန်ကို မသိကြပေမဲ့ သူ့ရဲ့ နောက်ဆုံးလှုပ်ရှားလိုက်တဲ့အကွက်ကနေတော့ မြင်နိုင်သေးသည်ပင်။ ကြီးမြတ်တဲ့ကောင်းကင် နတ်ဘုရားကိုးပါးနဲ့ယှဉ်ရင် ထိုသူက ပိုလို့သန်မာနေသည်။
အဲ့ဒီ့သတင်းအချက်အလက်က ကြောက်မက်ဖွယ်ရာအမှန်ဖြစ်ကာ အခြားသူသုံးယောက်တို့လည်း ထိတ်လန့်တုန်လှုပ်နေကြ၏။
ဖုန့်ရှီက မျက်စိတစ်မှိတ်အတွင်း ပြောင်သလင်းရှင်းသွားတဲ့ တည်းခိုခန်းစားသောက်ဆိုင်ကို ကြည့်လိုက်၏။ အဲ့နောက် သူက ခေါင်းမော့လိုက်ကာ မျက်လုံးအပြူးသားနဲ့ပြောလိုက်သည်၊ "ခေါင်းဆောင်၊ လူတိုင်းက ထွက်ပြေးသွားကြပြီ။ ကျွန်တော်တို့ အခု သတ္တုကြောကို သွားတူးကြတော့မလား?"
"တို့ သတ္တုကြောက်ို တူးဖော်ဖို့ လောစရာမလိုဘူး။ ဒါပေမဲ့ သတ္တုကြောရဲ့ နေရာအတိအကျကိုတော့ အရင်ဆုံး ဆုံးဖြတ်ဖို့လို့တယ်။" ငရဲမင်းကြီးက သူ့အကြည့်ကို အောက်ငုံ့လိုက်ကာ ပြောလိုက်သည်။ သူ့ကိုယ်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါက မျက်တောင်တစ်ခတ်အတွင်းမှာပင် လေနဲ့အတူ လွင့်စင်ပပျောက်သွားတော့သည်။
"အဲ့တာဆို ကျွန်တော်တို့ ဘာအတွက် စောင့်နေကြတာလဲ? အခုသွားတာက နောက်မှသွားတာထက် ပိုကောင်းတယ်လေ!" ဖုန့်ရှီရဲ့ စိတ်အခြေအနေက စောနကဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေ တစ်သီကြီးရဲ့ ရိုက်ခတ်မှုကို လုံးလုံးလျားလျား မခံရသည့်ပုံ။ သူက သတ္တုကြောကို တူးဖော်ဖို့အတွက် စိတ်ခံစားချက် မြင့်တက်နေဆဲဖြစ်ကာ တိမ်တစ်လွှာတောင်မှ သူ့မျက်နှာထက် မမြင်ရပေ။ (တုန့်ဆိုင်းနေမှုမရှိနေ)။ မိုးကြိုးမုန်တိုင်းပြီးလို့ တောက်ပတဲ့နေလုံးကြီးထွက်လာသည့်အလား တူနေ၏။
ငရဲမင်းကြီးက သူ့အကြည့်ကို ဖု့န်ရှီရဲ့ မျက်နှာသေးသေးလေးပေါ် ခဏ စူးစိုက်လိုက်သည်။ ကောင်လေးရဲ့မျက်နှာပေါ်က ပျော်ရွှင်မြူးထူးနေတဲ့ အမူအယာလေးကို မြင်တော့ သူက ပြောလိုက်၏၊ "အဲ့တာဆို သွားကြစို့!" ဒါပေမဲ့ သူ မထွက်သွားခင် သူက လောင်နန်ရှုနဲ့ အခြားသူတွေကို တစ်ချက်ကြည့်လိုက်ပြီး သူ့ရဲ့ အမြှီးသေးသေးလေး (ဖုန့်ရှီ) နဲ့အတူ တည်းခိုဆောင်စားသောက်ဆိုင်ထဲကနေ ထွက်သွားတော့သည်။
ကာလွမ်သလာက မတ်တပ်ထရပ်လိုက်ပြီးနောက် အခြားသူ သုံးယောက်ကို ပြောလိုက်သည်၊ "မင်းတို့သုံးယောက် လိုက်ချင်ကြလား?"
အဲ့တာက မေးခွန်းတစ်ခုဆိုသော်ငြား ကာလွမ်သလာက အဖြေကို စောင့်မည့်ဟန်မပေါ်။ သူ မေးပြီးသည်နှင့် ငရဲမင်းကြီးနဲ့ ဖုန့်ရှီရဲ့ အနောက်ကို လိုက်ကာ စားသောက်ဆိုင်ထဲကနေ ထွက်ခွါသွားတော့သည်။
လောင်နန်ရှုနဲ့ အခြားသူတွေက ချက်ချင်းပဲ အချင်းချင်း ကြည့်လိုက်ကြ၏။ ကာလွမ်သလာ ဘာဆိုလိုသလဲဆိုတာကို သူတို့ နားလည်ကြကာ ဘယ်သူကမှ မငြင်းဆိုကြ။
ဒီလို ကြီးမြတ်တဲ့အခွင့်အရေးကို သူတို့ ငြင်းလိုက်မယ်ဆိုရင် သူတို့က ရူးလို့နေမှာပေါ့။
သူတို့တွေက သူတို့မိသားစုတွေရဲ့ နှစ်ယောက်မရှိတဲ့ ဆက်ခံသူလောင်းတွေမို့ သူတို့မှာ ဗဟုသုတ မရှိဘူးဆိုတာက မဖြစ်နိုင်ပေ။ သူတို့က ကလိမ်ကကျစ် ဉာဏ်နီဉာဏ်နက် များသူတွေ မဟုတ်ကြပေမဲ့ လူတွေရဲ့ စကားလုံးနောက်ကွယ်က ဖုံးကွယ်ထားတဲ့အဓိပ္ပါယ်ကိုတော့ နားမလည်နုင်သူတွေ မဟုတ်ကြချေ။ သူတို့တွေက မြစိမ်းရောင် နဂါးတောင်တန်းတွေက သတ္တုကြောကို တစ်ဦးတည်းပိုင် လက်ဝါးကြီးအုပ်မည့်ပုံ ပေါ်နေပေမဲ့ မြစိမ်းရောင်နဂါးတောင်တန်းတွေရဲ့သွင်ပြင်ကို ကြည့်ပြီး အကဲဖြတ်ရရင် သတ္တုကြောက ခပ်သေးသေးမဟုတ်ဘဲ ကြီးလွန်းလှတာကြောင့် သူတို့ရဲ့ ခွန်အားတွေ ပေါင်းစပ်လိုက်ရင်တောင်မှ အကုန်အစင် တူးထုတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်။
သတ္တုကြောရဲ့သတင်းက မျှော်မှန်းမထားမိလောက်အောင်ကို ပျံ့နှံ့နေ၏။ အဲ့အချိန်မှာ အရပ်မျက်နှာ အနှံ့ကနေ လာကြတဲ့ မတူညီတဲ့ အင်အားစုတွေက သေချာပေါက် ပေါ့သေးသေးဖြစ်မည်မဟုတ်။ သူတို့ကို ဖိနှိပ်ဖို့ လုံလောက်တဲ့ စွမ်းအင်ဖိအားမရှိဘူးဆိုရင် အဲ့အချိန်မှာ မဆုံးနိုင်တဲ့ပြဿနာကို ဖိတ်ခေါ်ပြီး ဖြစ်နေမှာပင်။ အဲ့အတွက်ကြောင့် သူတို့တွေက အင်အားရှိ အင်အားစုအနည်းငယ်နဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် အဲ့လူတွေလာကြတဲ့အခါ သူတို့အနေနဲ့ ကောလဟလ အချို့ကို ဖြန့်လိုက်ရုံသာ။ အဲ့လူတွေက အနည်းဆုံတော့ သူတို့မိသားစုရဲ့ နာမည်ဂုဏ်သတင်းကို ကြောက်လန့်ကြတာမို့ တစ်ကွက်မှ လှုပ်ရှားရဲကြမှာမဟုတ်ချေ။
နောက်ပြဿနာတစ်ခုက သတ္တုကြောကို တူးဖော်ဖို့ အခက်အခဲပင်ဖြစ်သည်။ အချိန်တိုအတွင်းမှာ တူးဖော်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် မြစိမ်းရောင်နဂါးတောင်တန်းတွေကို လူတွေ ခိုးဝင်ခြင်းကနေ နေ့နေ့ညည စောင့်ကြပ်ဖို့ အစောင့်အကြပ်တော့ လိုမှာဖြစ်သည်။
ဘာလို့သူတို့ဖြစ်ရမှာလဲဆိုရင်တော့ ဘာလို့လဲဆိုတော့ သူတို့က ကံကောင်းလို့ပင်။
သူတို့ တည်းခိုခန်းစားသောက်ဆိုင်ကနေ ထွက်ခွါလာကြပြီးနောက် ငရဲမင်းကြီးက မြစိမ်းရောင်နဂါးတောင်တန်းတွေဆီသွားဖို့ အလျင်လိုမနေချေ။ အဲ့အစား သူက အဝေးက ကောင်းကင်အနားသတ်မြို့တံခါးကို လှမ်းမျှော်ကြည့်လိုက်သည်။ ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် သူ့အရှေ့က လေဟာနယ်ကို ဝှေ့ယမ်းလိုက်၏။ ရွှေရောင်အလင်းတန်း ဖြတ်ခနဲလက်သွားပြီးနောက် ဘယ်ကမှန်းမသိတဲ့ ရွှေရောင်ချပ်ဝပ်တန်ဆာဝတ်စစ်သားတွေ ပေါ်ထွက်လာသည်။ ရွှေရောင်ချပ်ဝပ်တန်ဆာဝတ် စစ်သားတွေက အေးစက်တောင့်တင်းနေကြကာ အသက်ရှိဟန် တစ်စက်မှ ပေါ်မနေပေ။ ကြည့်ရသည်မှာ ရုပ်သေးငါးရုပ်နဲ့ အလားသဏ္ဍာန်တူနေ၏။ ငရဲမင်းကြီး၏ အမိန့်ပေးမှုအောက်တွင် ထို ရွှေရောင်ရုပ်သေးငါးရုပ်က အလင်းတန်းငါးတန်းအဖြစ် ပြာင်းသွားကြကာ မြို့တံခါးဆီ အလျင်အမြန် ပျံ့သန်းသွားကြတော့သည်။
အခြေအနေကို ကြည့်ခြင်းအားဖြင့် တည်းခိုခန်းစားသောက်ဆိုင်ထဲကနေ ထွက်ခွါလာကြတဲ့ လောင်နန်ရှုနဲ့ အခြားသူတွေက ငရဲမင်းကြီးရဲ့ အစီအစဉ်ကို မဆိုင်းမတွ ချက်ချင်းပင် နားလည်သဘောပေါက်သွားကြတော့သည်။
ဘယ်လောက်ပဲ ကြောက်စရာကောင်းသည်ဖြစ်ပါစေ၊ ကြွယ်ဝချမ်းသားမှုရဲ့ ဆွယ်တရားအောက်မှာ ကြောင်းကျိုးဆုံးဖြတ်နိုင်စွမ်း ပျောက်ဆုံးသွားကြမည့်သူ အချို့တော့ ရှိကြမည်ပင်။ အဲ့သူတွေက မဆုံးနိုင်တဲ့ပြဿနာတွေ ရှာကြမှာကို ခွင့်ပြုလိုက်မယ့်အစား မြို့တံခါးအဝင် အပြင်ဘက်မှာကတည်းက တားလိုက်ရင်ရော? သူတို့အနေနဲ့ ကနဦးတုန်းကတည်းက အဲ့လိုလုပ်ဖို့ စီစဉ်ထားပေမဲ့ အခုတော့ ကြည့်ရတာ မလိုအပ်တော့သည်ပုံပင်။
"ခေါင်းဆောင်၊ အဲ့တာတွေက ဘာတွေလဲ?" ဖုန့်ရှီက အဲ့ဒီ့ပျံ့သန်းနေတဲ့အရာတွေကို မြင်ဖူးတွေ့ဖူး ရင်းနှီးနေသလို ခံစားမိတာကြောင့် လှည့်ကြည့်လိုက်၏။
"အဲ့တာတွေက ကောင်းကင်ထွတ်ထိပ်နန်းတော်ကို စောင့်ကြပ်ကြတဲ့ ရွှေရောင်ရုပ်သေးရုပ်တွေ။" ငရဲမင်းကြီးက ပြန်ဖြေလိုက်သည်။
"အဲ့လိုဆိုတော့ သူတို့တွေကို အပြင်ခေါ်ယူထုတ်လို့ ရတယ်ပေါ့။ သူတို့ကို ထိန်းချုပ်ဖို့ ဘယ်လိုလုပ်လိုက်တာလဲ?" သူ့မျက်နှာထက် 'ကျွန်တော် သူတို့နဲ့ တိုက်ချင်တယ်' ဆိုတာက ချက်ချင်းပဲ ရေးလိုက်သလို ပေါ်ထွက်နေ၏။ သူ မူလတုန်းက ထင်ထားခဲ့တာက ရွှေရောင် ရုပ်သေးအစောင့်အကြပ်တွေက ကောင်းကင်ထွတ်ထိပ်နန်းတော်မှာပဲ လှည့်လည်သွားလာနိုင်တာလို့ ထင်ခဲ့သည်။ သူတို့ကို အပြင် ခေါ်ထုတ်လို့ရတယ်ဆိုတာသာ သူသိခဲ့မယ်ဆိုရင် အဲ့တာဆို သူ အနည်းငယ်လောက်ကို ခိုးကြောင်ခိုးဝှက် သိုဝှက်ထားခဲ့မှာဖြစ်သည်။
ငရဲမင်းကြီးက သူ့အတွေးတွေ မြင်ပြီးဖြစ်တာကြောင့် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ကောင်လေးရဲ့ နှာခေါင်းကို ဆိတ်လိုက်ကာ ပြုံးလိုက်၏၊ "တကယ်လို့ ရှီက နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့်ကို ကျင့်ကြံကျော်ဖြတ်နိုင်ပြီဆိုရင် အဲ့ရုပ်သေးအနည်းငယ်ကို ပေးမယ်လေ။"
"ကျွန်တော်က နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်လေးကို ရောက်ပြီးနေပါပြီနော်။" ဖုန့်ရှီက သူ့လက်သီးကို ဝှေ့ယမ်းလိုက်၏။
ဒီအချိန်တွေအတွင်းမှာ သူ့ရဲ့ မိစ္ဆာသားရဲစစ်တပ်ကြီးတစ်ခုပိုင်ဆိုင်ဖို့ဆိုတဲ့ သူ့အိမ်မက်ကို ပြည့်စေဖို့အတွက် ငရဲမင်းကြီးနဲ့အတူ ညတိုင်း ဆန္ဒပင်လယ်ထဲမှာ ရက်အတန်ကြာ နေထိုင်ခဲ့ရသည်။ သူ့ရဲ့ နတ်ဘုရားပျက်သုန်းခြင်းလှံသိုင်းကို ကျင့်ကြံဖို့သာမက ငရဲမင်းကြီး ဖန်တီးလိုက်တဲ့ အရိပ်တွေကိုလည်း သံစဉ်ကိုးချက်လက်သီးသုံးပြီး တိုက်ခိုက်လေ့ကျင့်ရသေးသည်။ နေ့တိုင်းတိုက်နေခြင်းအားဖြင့် သူ့ရဲ့ကျင့်ကြံဆင့်က နှစ်ဆင့်မျှ တိုးသွားရကာ သူ့ရဲ့ အရှိန်နှုန်းကလည်း အတော်အထင်ကြီးလောက်ဖွယ် ဖြစ်နေပြီဖြစ်သည်။
ဒါပေမဲ့ ဖုန့်ရှီအတွက် အကြီးမားဆုံး အကျိုးအမြတ်ကတော့ သူက လက်နက်တွေကို ဘယ်လိုမျိုး သန့်စင်ရမလဲဆိုတာ သိရှိသွားတာပင်ဖြစ်သည်။ လက်နက်သန့်စင်သူတွေကို လိုချင်သူတွေ တော်တော်များတယ်ဆိုတာကို သူကြားခဲ့တာကြောင့် သူ့ကို အဲ့တာသင်ပေးဖို့ ငရဲမင်းကြီးကို အပူကပ်ခဲ့၏။ သိသာထင်ရှားစွာပင် ရလဒ်ကတော့ သူ အောင်အောင်မြင်မြင် သင်ယူသွားနိုင်ခဲ့တာဖြစပေမဲ့ ကံဆိုးစွာပဲ သူ့မှာ ကောင်းမွန်တဲ့ မီးအရင်းအမြစ် ရှိမနေပေ။ မီးအရင်းအမြစ်က လက်နက်သန့်စင်ရာမှာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်က ပါဝင်နေပြီး လက်နက်သန့်စင်သူရဲ့ အဆင့်နဲ့ သူသန့်စင်လိုက်တဲ့ သိမ်မွေ့နက်ရှိုင်းတဲ့လက်နက်ရဲ့ အဆင့်အတန်းကို ၎င်း မီးအရင်းအမြစ်နဲ့ ဆုံးဖြတ်နိုင်၏။
ငရဲမင်းကြီးက ဖုန့်ရှီကို လက်နက်ဘယ်လိုသန့်စင်ရသလဲဆိုတာ သင်ပေးပြီးကတည်းက သဘာဝကျကျပဲ မီးအရင်းအမြစ်ကိုလည်း သူ မမေ့ပေ။ တကယ်တော့ သူက ထူးကဲတဲ့ မီးဒြပ်ရှိတဲ့ ဒဏ္ဍာရီလာ သားရဲတစ်ကောင်ကို ရှာပေးဖို့ အစီအစဉ်ချထားခဲ့ပြီးဖြစ်သည်။ ဒါပေမဲ့ သူက အဲ့အကြောင်းကို ဖုန့်ရှီကို ထုတ်မပြောသေးသည်သာဖြစ်၏။
"နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် အဆင့်လေးက အရမ်းအားနည်းတယ်။ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ကိုရောက်ဖို့အတွက် အလှမ်းဝေးနေဆဲပဲ။" ငရဲမင်းကြီးက ကောင်လေး ခက်ခက်ခဲခဲကြိုးစားနေတယ်ဆိုပေမဲ့ အားနည်းနေဆဲဆိုတသာ သိသည်။
"ကျွန်တော် အတော်ကြီး အားစိုက်ထုတ်ခဲ့ပြီးပြီလေ။ တကယ်လို့ ကျွန်တော်က နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ကို မရောက်နိုင်သေးဆဲပဲဆိုရင် ကျွန်တော် ဘာလုပ်နိုင်သလဲ? ကျွန်တော့ကို နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ဆီ ခုန်ကျော်ရောက်သွားအောင် လုပ်နိုင်တဲ့အရာ တစ်ခုခု ရှိတယ်ဆိုရင်တော့ အရမ်းကောင်းမယ်။" ဖုန့်ရှီက သူ့ရဲ့ လက်သီးသေးသေးလေးကို ပင့်မြှောက်လိုက်ကာ ခုခံပြောဆိုလိုက်၏။ သူ့ကျင့်ကြံဆင့်ကို နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်အထိ တိုက်ရိုက်ရောက်ရှိိသွားဖို့အတွက် သူ ဘယ်လောက်တောင် ဆန္ဒရှိနေလိုက်သလဲ၊ ဒါပေမဲ့လည်း အဲ့အကြံက ကျိုးကြောင်းမဆီငေါ်ဘူးဆိုတာ သူ ခံစားနေရမြဲပင်။
ငရဲမင်းကြီးက ရုတ်တရက် ဆန်းကျယ်စွာ ပြုံးလိုက်ပြီး၊ "နည်းလမ်းမရှိတာတော့ မဟုတ်ပါဘူး။"
"ခေါင်းဆောင်က အတော်ဆုံးပဲ! ကျွန်တော့ကို ပြောပြ။"
ဖုန့်ရှီက ငရဲမင်းကြီးကို အလျင်အမြန် ကဆုန်ပေါက် ခုန်ဆွကာ ဖက်တွယ်လိုက်တော့သည်။ သူ့ရဲ့ သွားစွယ်သေးသေးလေးတွေက နေရောင်အောက် တစ်လက်လက်နှင့်....
20220416; 0022
Stay tuned for the next chapter:
အပိုင္း ၁၃၆။ ငါ အဲ့တာနဲ႔ပတ္သက္ၿပီး ဘာလုပ္နိုင္သလဲ?
သူ႔ရဲ့ စိတ္မပါလက္မပါအသံက ေကာင္းကင္အနားသတ္ၿမိဳ႕အႏွံ့ နဲ႔ အနီးအမား မိုင္ေထာင္ခ်ီတိုင္ေအာင္ ေျပးထြက္ပ်ံ႕ႏွံ့မသြားခင္မွာ တည္းခိုခန္းစားေသာက္ဆိုင္ထဲ ပဲ့တင္ထပ္သြားေတာ့သည္။
ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္အတြင္းမွာေရာ အျပင္မွာပါ ပုန္းေအာင္းေနၾကတဲ့လူေတြ၊ ဒါမွမဟုတ္ ေကာင္းကင္အနားသတ္ၿမိဳ႕ဆီ အေျပးလာေနၾကတဲ့ မိုင္ေထာင္ခ်ီအတြင္းက အင္အားစုေတြ ဘယ္သူမဆို ဒီအသံ မၾကားနိုင္ဖြယ္မရွိေပ။ အသံက သိမ္ေမြ႕ႏူးညံ့ေပမဲ့ ေၾကာက္စရာ အရွိန္အဝါတစ္ခုကို ေပးစြမ္းေန၏။
ကမၻာကို တုန္လႈပ္သြားေစေလာက္တဲ့ လွိုင္းနဲ႔ အံ့ဩထိတ္လန္႔ဖြယ္ ၿခိမ္းေျခာက္မႈက ခုေလးတင္ သတင္းရလိုက္လို႔ ၿမိဳ႕ေတာ္ကို အေျပးလာေနဆဲျဖစ္ဲ့ မိုင္ေထာင္ခ်ီအဝန္းအဝိုင္းအတြင္းေရာက္ေနၾကတဲ့ ကၽြမ္းက်င္ပညာရွင္ေတြအပါအဝင္ က်င့္ႀကံသူအားလုံးရဲ့ ႏွလုံးသားထဲ ရိုက္ခတ္သြားေတာ့သည္။
ဒီေလာက္ ေသးငယ္တဲ့ ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္ေလးမွာ ဒီလိုမ်ိဳး အင္အားႀကီးမားတဲ့ စြမ္းအားျမင့္ ပညာရွင္တစ္ေယာက္ ပုန္းေအာင္းေနလိမ့္မယ္လို႔ ဘယ္သူမွ ထင္မထားမိခဲ့ၾက။ တကယ္လို႔ သူ႔အသံက မိုင္ေထာင္ခ်ီကို ျဖန္႔က်က္လႊမ္းျခဳံနိုင္တဲ့ ဒီလိုမ်ိဳး ၿခိမ္းေျခာက္နိုင္စြမ္းေတြ ရွိေနတယ္ဆိုရင္ အသံပိုင္ရွင္က နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ပညာရွင္တစ္ေယာက္ က်ိန္းေသေပါက္ မဟုတ္နိုင္ဘူး။ ျဖစ္နိုင္တာက သူဟာ ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ပညာရွင္တစ္ေယာက္ ျဖစ္ေလာက္မယ္။ တစ္ခုတည္းေသာျပႆနာက သူက ဘယ္ဘက္ကလဲ? ဘယ္အင္အားစုက ဒီလိုမ်ိဳး ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ပညာရွင္တစ္ေယာက္ လႊတ္ရေလာက္ေအာင္ ဒီေလာက္ စြမ္းအားႀကီးေလာက္သလဲ?
အလယ္ပိုင္းေဒသက ေကာင္းကင္နတ္ဘုရားကိုးပါးမွာ ထူးျခားေျပာင္ေျမာက္တဲ့ တိုက္ရည္ခိုက္ရည္ စြမ္းအားရွိေပမဲ့လည္း အခ်င္းခ်င္းၾကား ထားရွိထားခဲ့ၾကဖူးတဲ့ ကတိကဝတ္ေတြအရ လြယ္လြယ္ေတာ့ ပါဝင္စြက္ဖက္ၾကမွာမဟုတ္။
ေကာင္းကင္နတ္ဘုရားကိုးပါးရဲ့ တာဝန္က နတ္ဘုရားမိစၧာေမၽွာ္စင္ကို ကာကြယ္ဖို႔။ သူတို႔မိသားစုရဲ့ ေသေရးရွင္ေရးမဟုတ္ေနသ၍ ေကာင္းကင္နတ္ဘုရားကိုးပါး ဝင္စြက္မယ့္အေၾကာင္း လုံးဝမရွိဘူး။ အတိတ္တုန္းကဆို သလင္းႂကြက္က ႀကီးျမတ္တဲ့ ေကာင္းကင္ေလနတ္ဘုရားရဲ့ ေပါင္ေပၚ သူ႔ဘာသာသူ ခုန္တက္သြားခဲ့တာေၾကာင့္ အဲ့တာကို သူတို႔ရဲ့ ကတိကဝတ္ ဖ်က္တယ္လို႔ ဆိုမရခဲ့ဘူး။ အဲ့အတြက္ေၾကာင့္ ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္မွာ ရွိေနတဲ့ ဒီေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ ပညာရွင္ဟာ ေသခ်ာေပါက္ ေကာင္းကင္နတ္ဘုရားကိုးပါးထဲက တစ္ပါးပါး မဟုတ္ဘူး!
ဒါေပမဲ့ သူက ေကာင္းကင္နတ္ဘုရားကိုးပါးထဲက တစ္ပါးပါးက ေစလႊတ္လိုက္သူ တစ္ဦးလည္း မျဖစ္နိုင္ဘူး။ အလယ္ပိုင္းေဒသက ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္နဲ႔ဆိုရင္ အလြန္႔အလြန္ ေဝးကြာလြန္းလွသည္။ သူတို႔ ေနရာကူးေျပာင္းစက္တစ္ခုကို အသုံးျပဳၾကမယ္ဆိုရင္ေတာ္ငမွ သူတို႔ ခ်က္ခ်င္းႀကီးေတာ့ ေရာက္လာနိုင္ၾကမွာ မဟုတ္ေခ်။ သူတို႔ရထားတဲ့ သတင္းအခ်က္အလက္အရ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြမွာ သတၱဳေၾကာရွိေနေၾကာင္း သတင္းက ပ်ံ႕တာ လတစ္ဝက္ေလာက္ပဲ ရွိေသးတာေၾကာင့္ လုံးဝ မျဖစ္နိုင္။
အဲ့အျပင္ ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ ပညာရွင္တစ္ေယာက္ဆိုတာ မိသားစုတစ္ခုမွာ အလြန္အေရးႀကီးတဲ့ေနရာ ရထားသူေတြျဖစ္သည္။ တကယ္လို႔ တစ္ေယာက္က ေပ်ာက္ဆုံးသြားခဲ့မယ္၊ ဒါမွမဟုတ္ အနာတရျဖစ္သြားခဲ့ၾကမယ္ဆိုရင္ ေနာက္တစ္ေယာက္ကို ေလ့က်င့္သင္ၾကားေပးဖို႔ဆိုတာက ရာစုႏွစ္အနည္းငယ္ အခ်ိန္ယူရမွာျဖစ္သည္။ သူတို႔ရဲ့ ဝွက္ဖဲကို ဘယ္သူကမွ အလြယ္ထုတ္ျပၾကမွာမဟုတ္။ အဲ့တာက အဆင့္ျမင့္ သတၱဳေၾကာ္တစ္ခုဆိုရင္ေတာင္မွ ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ပညာရွင္တစ္ေယာက္ကို ပို႔လႊတ္ခ်င္စိတ္ရွိေလာက္မယ့္ မိသားစုတစ္ခု ရွိမွာမဟုတ္ေပ။
အဲ့အတြက္ေၾကာင့္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ျပည့္လၽွံေနတဲ့ က်င့္ႀကံသူေတြကေတာင္ အဲ့အသံကို ၾကားတဲ့အခါမွာေတာ့ တစ္ေယာက္ၿပီး တစ္ေယာက္ သူတို႔ရဲ့ မ်က္ႏွာေတြ ေအးစက္လို႔လာေတာ့သည္။
ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္နဲ႔ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ၾကားထဲက ကြာဟခ်က္က တိုင္းတာလို႔မရေအာင္ ႀကီးမားလွသည္။ ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ ပညာရွင္တစ္ေယာက္က နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ ထိပ္တန္းအဆင့္ေရာက္ေနတဲ့ပညာရွင္ ေလး၊ ငါးေယာက္ကို တစ္ေယာက္ၿပီးတစ္ေယာက္ အလဲထိုးယွဥ္ခ်နိုင္သည္။ ၎မွာ ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ ပညာရွင္တစ္ေယာက္ရဲ့ စြမ္းရည္သက္ေသပင္ျဖစ္၏။ ဒါေပမဲ့ ဒီအခြင့္အေရးမ်ိဳး ၾကဳံရဖို႔အတြက္ မီးကိုတိုးတဲ့ ပိုးဖလံမ်ိဳးလိုလူစားမ်ိဳးလည္း ရွိေသးသည္။ တကယ္လို႔ ဒီသတၱဳေၾကာက ေကာင္းကင္နတ္ဘုရားနယ္ပယ္ဆင့္ ပညာရွင္တစ္ေယာက္ကို ဆြဲေဆာင္နိုင္တယ္ဆိုလ်င္ ဒါေသခ်ာေပါက္ အဆင့္နိမ့္၊ ဒါမွမဟုတ္ အလယ္အလတ္အဆင့္ သတၱဳေၾကာတစ္ခုေတာ့ မျဖစ္နိုင္။ အဲ့အျပင္ ျမစိမ္းေရာင္နဂါးေတာင္န္းေတြ ဖြဲ႕တည္တဲ့အခ်ိန္တုန္းကတည္းက တကယ္ပဲသာ သတၱဳေၾကာတစ္ခု ရွိခဲ့မယ္ဆိုရင္ အဲ့တာဆို အနည္းဆုံးေတာ့ အဆင့္ျမင့္သတၱဳေၾကာတစ္ခုသာ ျဖစ္ရမည္!
အဆင့္ျမင့္သတၱဳေၾကာတစ္ခုဟာ မိသားစုတစ္ခုအတြက္ ဘယ္လို အဓိပၸါယ္ေဆာင္ပါသလဲ? လူတိုင္း ဒီအခ်က္ကို နားလည္သေဘာေပါက္ၾကသည္၊ အဲ့လိုမွမဟုတ္ရင္ ဘာလို႔ သီနိုမိသားစုက
You are reading the story above: TeenFic.Net