အပိုင်း ၁၂၉။ ဒီအချိန်ကို မေ့တော့မှာမဟုတ်တော့ဘူး
ကျုံးဝူချင်း ချက်ချင်းကို ကြောင်အမ်းသွားရကာ စကားမပြောနိုင် ဖြစ်သွားရတော့သည်။
သူ တံခါး မဖွင့်ခင်မှာတုန်းက သူတို့ကိုယ်သူတို့ ဘယ်လို မိတ်ဆက်ရမလဲဆိုတဲ့ နည်းလမ်းအနည်းငယ်ကို စဉ်းစားနေခဲ့သေးပေမဲ့ အခုလိုမျိုး ထူးခြားတဲ့မိတ်ဆက်လက်ဆောင်မျိုး ရလိမ့်မယ်လို့ သူ ထင်မထားခဲ့။ Pastry မုန့်တွေက သူ့နှာခေါင်းမှာ ကော်လိုမျိုး ကပ်နေတာနဲ့ အဆုံးသတ်သွားတော့သည်။ တဖက်လူက သူ့ကို မုန့်တစ်ခုပေးလိုက်တာက သူ့အနေနဲ့ စိတ်ထဲမထားပေမဲ့ သူ့နှာခေါင်းမှာ အဆုံးသတ်သွားမယ့်အစား သူ့အစာအိမ်မှာ အဆုံးသတ်သွားတာက ပိုမကောင်းဘူးလား။ တကယ်ပါပဲ! သူက သူ့နှာခေါင်းနဲ့ အစာစားတာမဟုတ်ဘူးလေ!
ယွဲ့ယဲက သူ ရှောင်လိုက်ပြီးတဲ့နောက်မှာ သူ့အနောက်မှာ သူ့သူငယ်ချင်း ရပ်နေတာကို သတိရသွားခဲ့၏။ ဒါပေမဲ့ အရမ်းကို နောက်ကျသွားပြီလေ၊ သူခေါင်းလှည့်ကြည့်လိုက်တဲ့အချိန်မှာ သူ့ဆီ ပစ်ပြီး တိုက်ခိုက်လိုက်တဲ့ 'လူသတ်လက်နက်'က သူ့သူငယ်ချင်းရဲ့ မျက်နှာပေါ် အုပ်လောင်းပြီးသားဖြစ်သွားပြီဖြစ်သည်။ သူ့သူငယ်ချင်းကို အခုလိုမျိုး အရူးလုပ်ခံရတာကို မမြင်ခဲ့ဖူးတဲ့ ယွဲ့ယဲက မစာမနာ ရယ်မောလိုက်လေတော့သည်။ ကောင်ငယ်လေးတစ်ယောက်ရဲ့ ဒေါသသံ အခန်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာ၏။ အဲ့အသံက သူတို့ အခန်းအပြင်မှာတုန်းက ကြားခဲ့ရတဲ့ အသံပါပဲ။
"ဆိုင်ရှင်၊ မုန့် နောက်နှစ်ပန်းကန်လိုချင်တယ်!"
အဲ့ဒီ့စာကြောင်းကြောင့် သူတို့ရယ်သံတွေ လွင့်စင်ပျောက်ကွယ်သွားရတော့သည်၊ အကြောင်းကတော့ ကြည့်ရတာ သူတို့ကို တည်းခိုခန်းကောင်တာထိုင် ဆိုင်ရှင် ဒါမှမဟုတ် ဝန်ထမ်းအကူလို့ ထင်သွားတာဖြစ်မည်။
အဲ့ဒီ့လို အထင်လွဲခံရမှုကြောင့် အခန်းက ချက်ချင်းကို တိတ်ဆိတ်သွားတော့သည်။ အခန်းအတွင်းက ကောင်လေးကလည်း အဲ့အချက်ကို သတိပြုမိသွားပုံရကာ သံသယနဲ့ မေးလိုက်၏၊ "ဟမ်? မင်းတို့က ဆိုင်ထိုင်ဝန်ထမ်းတွေမဟုတ်ဘူးလား?"
ယွဲ့ယင်နဲ့ ကျုံးဝူချင်းတို့က သူတို့ဘဝတစ်လျာက်လုံးမှာ သူတို့ကို ပထမဆုံအနေနဲ့ ဆိုင်ထိုင်ဝန်ထမ်းတွေလို့ အထင်ခံလိုက်ရတာ သေချာသွားပြီမို့ ဟိုဟိုဒီဒီ သို့လောသို့လော လျောက်ပြီး မှန်းဆနေဖို့ မလိုတော့ဘူးလေ။
"မဟုတ်ဘူးလား? မင်းတို့က ဘယ်သူတွေလဲ?" သူတို့အနေနဲ့ စကားပြောဖို့ အခွင့်အရေးလေး တစ်ခုတောင် မရခဲ့ပေ။ ကောင်လေးက သူ့ရဲ့ညာဘက်လက်နဲ့ မေးထောက်လိုက်ပြီး ပါးစပ်ထဲ တူကို ဖွဖွလေးကိုက်လိုက်ရင်း သူတို့ကို လက်လက်ထနေတဲ့ မျက်လုံးအစုံနဲ့ ကြည့်နေ၏။
ယွဲ့ယဲ နောက်ဆုံးတော့ သူတို့ ဘာ့ကြောင့် ဒီကို လာခဲ့တာလဲဆိုတာ သတိရသွားပြီး မျက်နှာတည်လိုက်ရင်း အလောသုံးဆယ်မနိုင်စွာ ဦးညွှတ်ရင်း ပြောလိုက်သည်၊ "ကျွန်တော်က ယွဲ့ယဲ၊ ဒီ မြစိမ်းရောင်နဂါးတည်းခိုခန်းရဲ့ ပိုင်ရှင်ပါ။ ဒါကတော့ ကျွန်တော့သူငယ်ချင်းကောင်း၊ ကျုံးဝူချင်းပါ။ ကျွန်တော်တို့က မြို့တံခါးမှာတုန်းက မင်းတို့ရဲ့ ပြောင်မြောက်တဲ့ စွမ်းရည်တွေကို မြင်တွေ့ခဲ့တာကြောင့် မင်းတို့သုံးယောက်နဲ့ တွေ့ဆုံချင်လို့ပါ။ အနှောက်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ်!"
ယွဲ့ယဲရဲ့ အနောက်မှာ ရပ်နေတဲ့ ကျုံးဝူချင်းက သူ့မျက်နှာပေါ်က pastry မုန့်ကို ဖယ်ရှားလိုက်ပြီးဖြစ်သည်။ သူ့ကိုယ်သူ တည်ငြိမ်စွာနဲ့ အကြိမ်အနည်းငယ်လောက် သုတ်လိုက်ပြီးတဲ့အချိန်မှာတော့ အခန်းအတွင်းက လူတွေက သူ့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။ ချက်ချင်း သူက ယဉ်ကျေးပြီး ကျက်သရေရှိတဲ့ ဂုဏ်သရေရှိလူတစ်ယောက်လိုဟန်ပန်အပြည့်ဖြင့် ပြည့်စုံတဲ့အပြုံးတစ်ခု ပြုလိုက်သည်။ အဲ့တာက အခြားသူတွေကို မသက်မသာမဖြစ်စေဘဲ တွေ့တွေ့ချင်းမှာတင်ကို အမြင်ကောင်း ရသွားစေသည်။
ကောင်လေးရဲ့ မျက်လုံးတို့ ချက်ချင်း လင်းလက်သွားပြီး၊ "မင်းတို့ အချိန်ကိုက် ရောက်လာကြတာပဲ၊ ငါတို့က ဒီမုန့်တွေစားနေတာ ကုန်တော့မယ်။ မင်းတို့က ဒီတည်းခိုခန်းရဲ့ ပိုင်ရှင်တွေဆိုတော့ ငါ့အတွက် မုန့်နှစ်ပန်းကန်လောက် ထပ်ယူပေးလို့ရမလား?"
ယွဲ့ယဲ ကြောင်သွားပေမဲ့ မြန်မြန်ဆန်ဆန် တုန့်ပြန်ပြုံးလိုက်ကာ၊ "စိတ်မပူပါနဲ့၊ ခဏလောက် စောင့်ပေးပါ!"
ယွဲ့ယဲ ထွက်သွားပြီး သိပ်မကြာမီမှာပဲ ကောင်လေးမှာတဲ့ မုန့်နှစ်ပန်းကန် ရောက်လာခဲ့သည်။ Pastries မုန့်တွေက အခုမှ လောလောလတ်လတ် မီးဖိုထဲက ထုတ်ထားသလိုမျိုး ပူနွေးနေဆဲဖြစ်သည်။ အဲ့အပြင် အဲ့မုန့်တွေ သယ်ယူလာပေးသူကတော့ အခြားသူမဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်ကာ အဲ့လိုဝန်ဆောင်မှုမျိုးပေးတာက ရိုးသားမှု မရှိနေနိုင်။ ဒါပေမဲ့ ကောင်လေးက အဲ့အချက်ကို သတိမပြုမိသော်လည်း အခန်းထဲက ကျန်နှစ်ယောက်ကတော့ ရှင်းရှင်းလင်းလင်းကို သတိပြုမိကြသည်။
ယွဲ့ယဲ ဘယ်လောက်တောင် ပျူငှါနေသလဲဆိုတာကို ကြည့်လိုက်ရင်းနဲ့ ကောင်လေးက ယွဲ့ယဲတို့နှစ်ယောက်လုံးကို လက်ဝှေ့ယမ်းပြလိုက်ပြီး၊ "လာ၊ ကြိုက်တဲ့နေရာမှာ ထိုင်။ ယဉ်ကျေးစရာမလိုပါဘူး!"
သူ့ရဲ့ စိတ်အေးလက်အေးနဲ့ သဘာဝကျကျလေသံက သူ့ကို ဒီနေရာရဲ့ ပိုင်ရှင်အနေနဲ့ ထင်ရသွားစေသည်။ ဒါပေမဲ့ ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့က စီးပွါးရေးလောကမှာ စားသုံးသူ Customer က အမြဲဦးစားပေးပဲဖြစ်တာမို့ စိတ်ထဲဘယ်လိုမှ မထားပေ။ အဲ့အစား ဒါကို အခွင့်အရေးတစ်ရပ်အနေနဲ့တောင် ဒီလူသုံးယောက်နဲ့ တွေ့ဆုံရင်းနှီးခွင့်အနေနဲ့ မှတ်ယူလိုက်ကြတဲ့အတွက် လွတ်နေတဲ့ ထိုင်ခုံနှစ်လုံးမှာ သဘာဝကျကျ ဝင်ထိုင်လိုက်ကြသည်။ သူတို့မျက်နှာတွေက မြို့တံခါးမှာတုန်းက သူတို့တွေ့ခဲ့ရတဲ့မျက်နှာတွေနဲ့ ကွဲပြားနေတာကို ကြည့်ပြီး သူတို့နှစ်ဦး သံသယစိုးစဉ်းမှမရှိကြ။ အကြောင်းရင်းကို နည်းနည်းလောက် တွေးမိရုံနဲ့တင် အကြောင်းပြချက်က သိသာနေသည်ပင်။
ယွဲ့ယဲက အခြားနှစ်ယောက်ကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ ကောင်လေးဆီ အကြည့်ရောက်သွားကာ၊ "မင်းတို့သုံးယောက်က ဒီကလူတွေနဲ့ သိပ်မတူဘူး။ မင်းတို့က အဝေးတစ်နေရာကနေ လာခဲ့ကြတဲ့ ခရီးသွားတွေလား?"
"ဟုတ်တယ်၊ ဒါပေမဲ့ မင်း ဘယ်လိုသိတာလဲ?" အရင်ကလိုပဲ တုန့်ပြန်ဖြေဆိုလိုက်သူကတော့ ကောင်လေးပဲ ဖြစ်သည်။ အခြားနှစ်ယောက်က မဆိုင်သလို ဆိတ်ဆိတ်နေနေဆဲပင်။
ကောင်လေးဘေးနား ထိုင်နေတဲ့သူက စကားတစ်လုံးမှမပြောပေမဲ့ သူ့တည်ရှိမှုက လျစ်လျူရှုရခက်ရလောက်အောင်ကို အလွန်ကို လွှမ်းမိုးထင်းထွက်နေ၏။
ယွဲ့ယဲက ပြုံးလိုက်ရင်း ပြောလိုက်သည်၊ "နယ်မြေတစ်ခုနဲ့တစ်ခု လူတွေရဲ့ ပုံစံတွေမတူကြဘူးလေ။ မြောက်ပိုင်းနယ်မြေက ပရမ်းပတာဖရိုဖရဲဖြစ်တဲ့နေရာမှာ နာမည်ကျော်တယ်။ မင်းတို့သုံးယောက်ရဲ့ သွင်ပြင်တွေက မြောက်ပိုင်းနယ်မြေကလူတွေနဲ့ သိပ်မတူဘူး။ အဲ့အတွက်ကြောင့် မင်းတို့သုံးယောက်က ဒီကမဟုတ်ဘူးလို့ ခန့်မှန်းလိုက်တာ။"
"မင်းတကယ်ကို ထွင်းဖောက်မြင်နိုင်စွမ်းရှိတယ်။" ကောင်လေးက သက်ပြင်းတစ်ချက်ချလိုက်ကာ မုန့်တစ်ခုကို ကိုက်စားလိုက်၏။
"..." ယွဲ့ယဲက ကောင်လေးရဲ့ တမူထူးတဲ့ အတွေးရေယဉ်ကြောကို မလိုက်နိုင်ဖြစ်သွားရကာ ပြန်မတုန့်ပြန်နိုင် ဖြစ်သွားရတော့သည်။
"Pastries မုန့်တွေချည်းပဲ မစားနဲ့၊ လက်ဘက်ရည်လည်း သောက်။" အဲ့အချိန်မှာပဲ သူ့ဘေးနားထိုင်နေတဲ့လူကြီးက နောက်ဆုံးမှာတော့ စကားပြောလာခဲ့သည်။
လူကြီးရဲ့အသံက စိမ့်စမ်းရေလို ရှင်းလင်း ကြည်မြလို့နေသည်။ တိတ်ဆိတ်နေတဲ့အခန်းအတွင်း သူ့အသံက ထူးဆန်းအေးစက်တဲ့ ခံစားချက်ကို ပေးလို့နေသည်။ သူ့ရဲ့ခန့်ညားချောမောတဲ့ မျက်နှာထက် ဘာအမူအယာမှ မရှိပေမဲ့ ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့အနေနဲ့ သူ့အသံထဲက မြတ်နိုးဂရုစိုက်တဲ့လေသံကို ဖမ်းမိကြသည်။ ကောင်လေးက ခေါင်းအထပ်ထပ် ညိတ်လိုက်ကာ သူ့လက်ဘက်ရည်ခွက်ကို ယူလိုက်ပြီး အနည်းငယ် သောက်လိုက်၏။ ယွဲ့ယဲတို့နှစယောက် တစ်ယောက်ကို တစ်ယောက် မကြည့်မိသွားဘဲ မနေနိုင်တော့ပေ။
သူတို့ကိုယ်သူတို့ မိတ်ဆက်မယ့်အစီအစဉ်မရှိတာကို မြင်တော့ ယွဲ့ယဲ့က မေးလိုက်တော့သည်၊ "မင်းတို့ရဲ့နာမည်ကို သိလို့ရမလား"
"အိုး၊ ဟုတ်တာပေါ့၊ ငါမေ့နေတာ။" ကောင်လေးက ရုတ်တရက် သူ့ခေါင်းသူပုတ်လိုက်ပြီး မျက်နှာပေါ်မှာ အပြုံးရှိနေဆဲဖြစ်တာကြောင့် မယဉ်ကျေးတဲ့ပုံ လုံးဝ ပေါက်မသွားပေ။
"ကိစ္စမရှိပါဘူး။" ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့က သူတို့နဲ့ အသိမိတ်ဆွေဖြစ်ချင်ကြသူတွေမို့ သူတို့က လျစ်လျူရှုခံရတဲ့အပေါ် စိတ်ဆိုးမသွားကြချေ။
"ငါ့နာမည်က ဖုန့်ရှီ။" ကောင်လေးက သူ့ကိုယ်သူ ညွှန်ပြလိုက်ပြီးနောက် သူ့ဘေးနားက အေးစက်တဲ့အကြည့်ရှိတဲ့ ကာလွန်သလာကို ညွှန်ပြလိုက်ကာ ပြတ်သားမှုအပြည့်နဲ့ ပြောလိုက်၏၊ "သူ့ကိုက ယဲဆူးလားလို့ ခေါ်တယ်။ သူကတော့..."
ဖုန့်ရှီက ငရဲမင်းကြီးရဲ့ လက်မောင်းကို ဖက်လိုက်ပြီး ချိုမြိန်တဲ့အသံနဲ့ပြောလိုက်သည်၊ "သူက ငါ့ခေါင်းဆောင်၊ နာမည်က ဖုန့်မင်း!"
ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့ ဘာမှမတုန့်ပြန်နိုင်သေးခင်မှာပဲ ကာလွမ်သလာက မယုံနိုင်ဖြစ်သွားရကာ လန့်သွား၏။ ဒါပေမဲ့ သူက မပြောင်းလဲတဲ့ အေးစက်စက်အမူအယာနဲ့ ငရဲမင်းကြီးကို ကြည့်လိုက်တော့ ဘုရင်ကြီးက အဲ့အပေါ် ဘာမှမတုန့်ပြန်တာကို တွေ့ရတဲ့အပြင် ဖုန့်ရှီပေးလိုက်တဲ့အမည်အပေါ် ထောက်ခံပုံတောင် ရနေတာကို တွေ့သွားသည်။ ဘုရင်ကြီးက ဖုန့်ရှီကို အလိုလိုက်တယ်ဆိုတဲ့သဘောက သူ့နှလုံးသားထဲမှာ ကောင်လေးကို အရေးပါတဲ့နေရာမှာ ထားတယ်ဆိုတဲ့ အဓိပ္ပါယ်ပင်။ အခုလက်ရှိမှာ ဘုရင်ကြီးက ဖုန့်ရှီကို သူ့နောက်နာမည် (မိသားစုနာမည်)ကို ပြောင်းခွင့်ပေးတယ်ဆိုတဲ့သဘောက ဘုရင်ကြီးအတွက် ကောင်လေးက 'အလွန်အရေးပါတယ်' ဆိုတာထက်ကို ပိုလို့ မြင့်မားနေသည်!
တချိန်တည်းမှာပဲ ဖုန့်ရှီအတွက်ဆိုရင် ငရဲမင်းကြီးက သူ့အသက်အပါအဝင် ဘာကိုမဆို လိုလိုလားလား အနစ်နာခံနိုင်တယ်လို့ပါ ကာလွမ်သလာ ခံစားမိလိုက်ရသည်။ ဒါပေမဲ့ အဲ့တာက ဥပမာတစ်ခုမျှသာ ဖြစ်သည်။
"မင်းတို့သုံးယောက်က မြစိမ်းရောင်နဂါးတောင်တွေပေါ်က ဒဏ္ဍာရီလာသားရဲအတွက် ဒီကို ရောက်လာခဲ့ကြတာလား?" ယွဲ့ယဲက လေထုကို မအေးစက်သွားစေချင်တာကြောင့် တိုက်ရိုက်ပဲ မေးလိုက်တော့သည်။
"ငါတို့က အဲ့တာကိုကြည့်ဖို့ ရောက်လာခဲ့ကြတာလို့ ငါပြောမယ်ဆိုရင် မင်း ငါတို့ကို ယုံမှာလား?" ဖုန့်ရှီရဲ့ မျက်လုံးတို့က ယွဲ့ယဲနဲ့ ကျုံးဝူချင်တို့ မမျှော်လင့်ထားတဲ့အဖြေကို ဖြေလိုက်ရင်း အကဲခတ်ကြည့် ကြည့်လိုက်သည်။
"ငါတို့ ယုံပါတယ်!" ကျုံးဝူချင်းနဲ့ ယွဲ့ယဲတို့က သံပြိုင် ပြောလိုက်ကြ၏။
လတ်တလောသတင်းတွေအရ ဒဏ္ဍာရီလာ သားရဲတွေရဲ့ သတင်းက တောမီးသမာ ပျံ့နှံ့သွားပြီဖြစ်သည်။ ကောင်းကင်အနားသတ်မြို့မှာ ပေါ်လာကြတဲ့ လူတွေတော်တော်များများက ဒဏ္ဍာရီလာ သားရဲတွေအတွက် ဒီကို ရောက်လာကြတာဖြစ်ပေမဲ့ ဒဏ္ဍာရီလာသားရဲမဟုတ်တဲ့ အခြားအကြောင်းချင်းရာနဲ့ ရောက်လာခဲ့ကြတဲ့ အုပ်စုအသေးတွေကိုလည်း သူတို့ မဖယ်ထုတ်နိုင်။ လောကမှာ အဲ့လိုလူမျိုးတွေလည်း အမြဲ ရှိတတ်တာကြောင့် ယဲ့ယင်းနဲ့ ကျုံးဝူချင်းတို့က အမြင်မကျဉ်းကြပေ။ ကောင်လေးက ထုတ်ပြောလာတာမို့ သူတို့က ဘာလို့ မယုံမကြည် ဖြစ်ရမှာလဲ?
ဖုန့်ရှီရဲ့အပြုံးက ကိုယ့်ကိုယ်ကို ယုံကြည်ချက်တို့ ယုတ်လျော့မနေ။ သူ့ကို သတ်လိုက်မယ်ဆိုရင်တောင်မှ သူက သတ္တုရိုင်းကြောနဲ့ပတ်သက်လို့ တစ်ခွန်တစ်ပါဒတောင် ထုတ်ပြောမှာမဟုတ်။
"ဒါပေမဲ့ မင်းတို့သုံးယောက်က တောထဲသွားကြမှာဆိုတော့ မင်းတို့ကို တစ်ယောက်ယောက်က (Guide လုပ်ပေးတာ) လမ်းညွှန်မှုပေးတာ ဒါမှမဟုတ် မြေပုံတစ်ခုဝယ်တာမျိုးတို့က ပိုကောင်းမယ်။ မြစိမ်းရောင်နဂါးတောင်တွေရဲ့ မြေပြင်အနေအထားက အတော်ကို ရှုပ်ထွေးပြီး မိစ္ဆာသားရဲတွေအတော်များများလည်း ရှိနေတယ်။ ရှေးခေတ်မိစ္ဆာသားရဲအချို့တောင် အဲ့မှာ ရှိတယ်လို့ ငါ ကြားဖူးတယ်။ မင်းတို့ ကံမကောင်းရင် မိစ္ဆာသားရဲအုပ်တစ်ခုနဲ့ ထိပ်တိုက်တိုးမိသွားနိုင်တယ်။ အဲ့လိုဖြစ်နိုင်ဖို့အခွင့်အရေး သိပ်တော့မမြင့်ပေမဲ့ အဲ့လိုသာ ထိပ်တိုက်တိုးခဲ့မယ်ဆိုရင် အဲ့တာ အရမ်းကို ဒုက္ခများမှာ။ ကျင့်ကြံသူတွေတော်တော်များများက မိစ္ဆာသားရဲအုပ်နဲ့တိုးပြီး အသတ်ခံခဲ့ကြရဖူးတယ်။" သူတို့က ဒီကို ရှုခင်းကြည့်ဖို့ လာတယ်လို့ ယွဲ့ယဲက ယုံကြည်ပေမဲ့ သူတို့က တောထဲက မိစ္ဆာသားရဲတွေကို ကြည့်ဖို့လာတယ်လို့ သူ ပိုယုံကြည်သည်။ သံသယဝင်ပုံမရဘဲ သူက သူ့ရဲ့ ရိုးသားတဲ့အကြံပြုချက်ကို ပေးလိုက်၏။
"မင်းရဲ့အကြံပြုချက်အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ အဲ့တာကို စဉ်းစားလိုက်ပါမယ်။" ကာလွမ်သလာက ဖုန့်ရှီ သူတို့ရဲ့အစီအစဉ်တွေကို ဖော်ထုတ်လိုက်မှာကြောက်တာကြောင့် ဖုန့်ရှီမပြောခင်မှာ သူ ပြန်ပြောလိုက်တာဖြစ်သည်။
"ကိစ္စမရှိပါဘူး!" ယွဲ့ယဲက ပြုံးလိုက်သည်။
ဒါပေမဲ့ ဖုန့်ရှီက မိစ္ဆာသားရဲအုပ်ဆိုတာကို စိတ်ဝင်စားသွားသည်။ သူ့မှာသာ မိစ္ဆာသားရဲအုပ်တစ်အုပ် ရှိမယ်ဆိုရင် ဘယ်လိုဖြစ်မလဲဆိုပြီး ရုတ်တရက် စိတ်ကူးယဉ်မိသွားသည်။ သူ့စိတ်ထဲမှာ သူ့ကိုယ်သူ မိစ္ဆာသားရဲအုပ်တစ်အုပ်ကို ရှင်ဘုရင်တစ်ပါးလို အမိန့်ပေးနေပုံကို စိတ်ကူးယဉ်နေပြီဖြစ်သည်။ ပိုတွေးမိလေလေ အဲ့တာကို ပိုမျှော်မှန်းလာလေလေ ဖြစ်လာရကာ နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ကြိတ်ရယ်လိုက်မိသွားသည်။
လူတိုင်းရဲ့အကြည့်တို့က သူ့မျက်နှာပေါ်က ညစ်ပြုံးအပေါ် ချက်ချင်း အာရုံရောက်သွားကြသည်။
ဒါပေမဲ့ သူက အဲ့အပေါ် ရှင်းပြမှု တစ်ခွန်းတစ်လေတောင် မပေးဘဲ ခုံပေါ်ကနေ ခုန်ဆင်းလိုက်ကာ ငရဲမင်းကြီးရဲ့ပေါင်ပေါ် ထိုင်လိုက်ပြီး ဘုရင်ကြီးရဲ့လက်ကို ကိုင်ကာ စိတ်အားထက်သန်စွာနဲ့ အော်ပြောလိုက်၏၊ "ခေါင်းဆောင်၊ ခေါင်းဆောင်! ကျွန်တော် အံအားသင့်စရာ အကြံကောင်းတစ်ခု တွေးမိတယ်။"
"ပြောလေ" ငရဲမင်းကြီးက ပေါ့ပါးစွာ ပြောလိုက်သည်။
ကာလွမ်သလာကတော့ အံအားသင့်မသွားပေမဲ့ ဒါကို ပထမဆုံးအကြိမ် မြင်လိုက်ရတာဖြစ်တဲ့ ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့က အလွန် အံ့ဩသွားကြသည်။ ကံကောင်းစွာပဲ သူတို့က သာမာန်လူတွေမဟုတ်တာကြောင့် ခပ်မြန်မြန်ပဲ သတိပြန်ဝင်လာကြသည်။ ဒါပေမဲ့ သူတို့အတွေးထဲမှာတော့ အခြားအတွေးမျိုးတွေ ပလုံစီနေပြီဖြစ်သည်။ သူတို့ အဲ့တာကို မကြားဖူးတာတော့မဟုတ်၊ ကိုယ်တိုင်ကိုယ်ကျ မမြင်ခဲ့ဖူးတာသာဖြစ်သည်။ ကောင်လေးနဲ့ လူကြီးရဲ့အကြား ဆက်ဆံရေးက အတော် ရင်းနှီးနေတယ်ဆိုတာ မူလကတည်းက တွေးမိကြပေမဲ့ ဒီလိုဆက်ဆံရေးမျိုးလို့တော့ လုံးဝ မတွေးမိခဲ့ကြ။
ဒါပေမဲ့ အနည်းငယ်တွေးလိုက်ပြီးနောက် သူတို့ စိတ်သက်သာရာ ရသွားကြသည်။ ဘာများ အံ့ဩစရာရှိလို့လဲ? လူနှစ်ဦးကြားက ခံစားချက်ကို ဘယ်သူကမှ တိတိကျကျ မခန့်မှန်းနိုင်ကြဘူးလေ။
ငရဲမင်းကြီးက ယွဲ့ယဲတို့နှစ်ယောက်ကို သာမာန်ပဲ တစ်ချက်ကြည့်လိုက်ပြီး မကြာမတင်မှာပဲ သူ့အကြည့်တို့က စိတ်လှုပ်ရှားနေတဲ့ ဖုန့်ရှီဆီ သက်ဆင်းသွားတော့သည်။
ဖုန့်ရှီက ရုတ်ချည်း အကြံတစ်ခု ရသွားတာဖြစ်ကာ သူ့အကြံက အဲ့လောက် ထူးခြားပြောင်မြောက်ပြီး စိတ်ကူးယဉ်ဆန်နေမယ်လို့ တစ်ခါမှ မတွေးထားခဲ့။ ကောင်လေးရဲ့အတွေးတွေက တမူထူးခြားနေတယ်ဆိုတာကို အစကတည်းက ခံစားမိကြတဲ့ ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့က လက်ဖက်ရည်ခွက်ကိုင်ထားတဲ့လက်တို့ ရုတ်တရက် စတင်ပြီး တုန်ရီလာသည်။ သူတို့အနေနဲ့ ကောင်လေးရဲ့အတွေးတို့က တမူထူးခြားနေတယ်ဆိုပြီး မြင်မိတာဟာ တကယ်တော့ Iceberg ရဲ့ ထိပ်ဖျားကိုပဲ မြင်ခဲ့တာသာ ဖြစ်တယ်လို့ နောက်ဆုံးတော့ သူတို့သဘောပေါက်သွားကြတော့သည်။
သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားတို့ တိုးတက်လာစေဖို့အတွက် မိစ္ဆာသားရဲအုပ် တစ်အုပ်နဲ့ စာချုပ်ချုပ်ဆိုဖို့ ဘယ်လိုဦးဏှောက်ကများ အကြံရလာရတာလဲ? ဟိုးရှေးခေတ်ကတည်းက အခုချိန်ထိ ဒီလိုအကြံမျိုးရတာ ကောင်လေးက ကျိန်းသေပေါက် ပထမဆုံးပဲဖြစ်မည်။ ဘယ်သူသိမလဲ၊ နောက်ဆုံးလည်း သူပဲလားဆိုတာ!
ဒါပေမဲ့ လူကြီးက ဘယ်လိုတုန့်ပြန်မလဲဆိုတာ သူတို့နှစ်ယောက် သိချင်ကြတဲ့အတွက် နားစွင့်နေလိုက်ကြ၏။
"ဒီအကြံ... မဆိုးပါဘူး!" ငရဲမင်းကြီးက တခဏလောက် တိတ်ဆိတ်သွားပြီးနောက် ဖုန့်ရှီရဲ့အကြံကို တည်ငြိမ်စွာနဲ့ သဘောတူလိုက်၏။ ဒါပေမဲ့ ဖုန့်ရှီရဲ့ အပြုံးတို့ စတင်သက်ဝင်မလာခင်မှာပဲ သူက ထပ်ဖြည့်ပြောလိုက်သည်၊ "ဒါပေမဲ့ ကြိုတင်လိုအပ်ချက်အနေနဲ့ ရှီက သူ့စိတ်ဝိညာဉ်စွမ်းအားကို အရင်ဆုံး တိုးတက်အောင်လုပ်ရမယ်၊ အဲ့လိုမှမဟုတ်ရင် စိတ်ဝိညာဉ်စွမ်းအား လုံလောက်မှုရှိမှာမဟုတ်ဘူး။ အဲ့လိုသာဆို မိစ္ဆာသားရဲအုပ်တစ်အုပ်မပြောနဲ့ မိစ္ဆာသားရဲဆယ်ကောင်ကိုတောင်မှ စာချုပ်ချုပ်နိုင်မှာမဟုတ်ဘူး!"
ဖုန့်ရှီက အံကြိတ်လိုက်ပြီး၊ "ကျွန်တော့ရဲ့ မိစ္ဆာသားရဲတပ်အတွက် ကျွန်တော် အနာဂတ်မှာ စိတ်အားထက်ထက်သန်သန်နဲ့ လိုလိုလားလားနဲ့ကို ကျင့်ကြံမှာပါ။"
"ရှီက အဲ့တာကို ပြောခဲ့တာ အကြိမ်တော်တော်များပြီ။" ငရဲမင်းကြီးက အဲ့တာကို သူပြောတာ အကြိမ်များစွာ ကြားခဲ့ဖူးပေမဲ့ ကောင်လေးရဲ့ စိတ်ဆုံးဖြတ်ချက်က အကန့်အသတ်ရှိနေကာ နှစ်ရက်အတွင်းမှာပဲ မေ့သွားတော့မှာဖြစ်သည်။
ဖုန့်ရှီက ချက်ချင်း မျက်တောင်ခတ်လိုက်ပြီး၊ "ကျွန်တော် ဒီတစ်ကြိမ်တော့ မေ့မှာမဟုတ်ပါဘူး။"
သူ့အမူအယာက လုံးဝကို ယုံချင်စရာကောင်းမနေဘူး! ကာလွမ်သလာနဲ့ ယွဲ့ယဲရော ကျုံးဝူချင်းတို့ရော အားလုံးက တွေးမိလိုက်ကြသည်။
သူ့ကို ပထမဆုံးအကြိမ် ဆုံတွေ့ဖူးတာဖြစ်တဲ့ ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့တောင်မှ သူ့ကိုယ်ရည်ကိုယ်သွေးကို ထွင်းဖောက်မြင်နိုင်နေကြသည်။ ဖုန့်ရှီက လူသားတစ်ဦးအဖြစ် ရှုံးနိမ့်သွားပုံပင်!
ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့က မူလကနဦးတုန်းက ဒီကိုလာခဲ့တုန်းက စိတ်ထဲ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လာခဲ့ကြတာဖြစ်သည်။ ဒါပေမဲ့ သူတို့နဲ့ အချိန်အနည်းငယ်လောက် ပြောဆိုဆက်ဆံပြီးတဲ့အခါမှာတော့ ဒီလူသုံးယောက်က အတော် စိတ်ဝင်စားစရာကောင်းတာကို သူတို့ တွေ့ရှိသွားကြသည်၊ အထူးသဖြင့် ဖုန့်ရှီလို့ ခေါ်တဲ့ ကောင်လေးပေါ့။ သူ့အတွေးကတင် တမူထူးခြားနေတာမဟုတ်ဘဲ သူ့ရဲ့အမူအကျင့်နဲ့ အပြုအမူတို့ကပါ တမူထူးခြားနေတာဖြစ်သည်။ လူသာမာန်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီလိုလူမျိုးနဲ့ ဆက်ဆံရတာ သူတို့အတွက် အတွေ့အကြုံအသစ်တစ်ခုပင်။ သူနဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်ရတာ ပျော်ဖို့ကောင်းမယ်လို့ သူတို့ ခံစားမိလိုက်ကြရသည်။
သူတို့ တွေးနေစဉ်မှာပဲ ရုတ်တရက် ထက်သန်တဲ့အကြည့်တစ်ခုကို ခံစားမိလိုက်ကြသည်။ ယွဲ့ယဲနဲ့ ကျုံးဝူချင်းတို့က လက်ရှိမှာ လူကြီးက သူတို့ကို စိုက်ကြည့်နေတာကို သိသွားကြသည်။သူတို့ မေးခွန်းအနည်းငယ် မေးချင်နေတဲ့အချိန်မှာပဲ လူကြီးက ပြောလာ၏။
"နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်က အတော်ကို ကျယ်ပြန့်တယ်။ ငါ ဒီကိုမရောက်တာ အတော်ကြာပြီ။ ငါ့ကို ဒီမှာရှိတဲ့ အင်အားပြိုင်ဆိုင်မှု၊ အာဏာခွဲဝေမှုတွေအကြောင်း ပြောပြ။"
20220217; 0600
Stay tuned for the next chapter:
အပိုင္း ၁၂၉။ ဒီအခ်ိန္ကို ေမ့ေတာ့မွာမဟုတ္ေတာ့ဘူး
က်ဳံးဝူခ်င္း ခ်က္ခ်င္းကို ေၾကာင္အမ္းသြားရကာ စကားမေျပာနိုင္ ျဖစ္သြားရေတာ့သည္။
သူ တံခါး မဖြင့္ခင္မွာတုန္းက သူတို႔ကိုယ္သူတို႔ ဘယ္လို မိတ္ဆက္ရမလဲဆိုတဲ့ နည္းလမ္းအနည္းငယ္ကို စဥ္းစားေနခဲ့ေသးေပမဲ့ အခုလိုမ်ိဳး ထူးျခားတဲ့မိတ္ဆက္လက္ေဆာင္မ်ိဳး ရလိမ့္မယ္လို႔ သူ ထင္မထားခဲ့။ Pastry မုန္႔ေတြက သူ႔ႏွာေခါင္းမွာ ေကာ္လိုမ်ိဳး ကပ္ေနတာနဲ႔ အဆုံးသတ္သြားေတာ့သည္။ တဖက္လူက သူ႔ကို မုန္႔တစ္ခုေပးလိုက္တာက သူ႔အေနနဲ႔ စိတ္ထဲမထားေပမဲ့ သူ႔ႏွာေခါင္းမွာ အဆုံးသတ္သြားမယ့္အစား သူ႔အစာအိမ္မွာ အဆုံးသတ္သြားတာက ပိုမေကာင္းဘူးလား။ တကယ္ပါပဲ! သူက သူ႔ႏွာေခါင္းနဲ႔ အစာစားတာမဟုတ္ဘူးေလ!
ယြဲ႕ယဲက သူ ေရွာင္လိုက္ၿပီးတဲ့ေနာက္မွာ သူ႔အေနာက္မွာ သူ႔သူငယ္ခ်င္း ရပ္ေနတာကို သတိရသြားခဲ့၏။ ဒါေပမဲ့ အရမ္းကို ေနာက္က်သြားၿပီေလ၊ သူေခါင္းလွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ သူ႔ဆီ ပစ္ၿပီး တိုက္ခိုက္လိုက္တဲ့ 'လူသတ္လက္နက္'က သူ႔သူငယ္ခ်င္းရဲ့ မ်က္ႏွာေပၚ အုပ္ေလာင္းၿပီးသားျဖစ္သြားၿပီျဖစ္သည္။ သူ႔သူငယ္ခ်င္းကို အခုလိုမ်ိဳး အ႐ူးလုပ္ခံရတာကို မျမင္ခဲ့ဖူးတဲ့ ယြဲ႕ယဲက မစာမနာ ရယ္ေမာလိုက္ေလေတာ့သည္။ ေကာင္ငယ္ေလးတစ္ေယာက္ရဲ့ ေဒါသသံ အခန္းထဲကေန ႐ုတ္တရက္ ထြက္ေပၚလာ၏။ အဲ့အသံက သူတို႔ အခန္းအျပင္မွာတုန္းက ၾကားခဲ့ရတဲ့ အသံပါပဲ။
"ဆိုင္ရွင္၊ မုန္႔ ေနာက္ႏွစ္ပန္းကန္လိုခ်င္တယ္!"
အဲ့ဒီ့စာေၾကာင္းေၾကာင့္ သူတို႔ရယ္သံေတြ လြင့္စင္ေပ်ာက္ကြယ္သြားရေတာ့သည္၊ အေၾကာင္းကေတာ့ ၾကည့္ရတာ သူတို႔ကို တည္းခိုခန္းေကာင္တာထိုင္ ဆိုင္ရွင္ ဒါမွမဟုတ္ ဝန္ထမ္းအကူလို႔ ထင္သြားတာျဖစ္မည္။
အဲ့ဒီ့လို အထင္လြဲခံရမွုေၾကာင့္ အခန္းက ခ်က္ခ်င္းကို တိတ္ဆိတ္သြားေတာ့သည္။ အခန္းအတြင္းက ေကာင္ေလးကလည္း အဲ့အခ်က္ကို သတိျပဳမိသြားပုံရကာ သံသယနဲ႔ ေမးလိုက္၏၊ "ဟမ္? မင္းတို႔က ဆိုင္ထိုင္ဝန္ထမ္းေတြမဟုတ္ဘူးလား?"
ယြဲ႕ယင္နဲ႔ က်ဳံးဝူခ်င္းတို႔က သူတို႔ဘဝတစ္လ်ာက္လုံးမွာ သူတို႔ကို ပထမဆုံအေနနဲ႔ ဆိုင္ထိုင္ဝန္ထမ္းေတြလို႔ အထင္ခံလိုက္ရတာ ေသခ်ာသြားၿပီမို႔ ဟိုဟိုဒီဒီ သို႔ေလာသို႔ေလာ ေလ်ာက္ၿပီး မွန္းဆေနဖို႔ မလိုေတာ့ဘူးေလ။
"မဟုတ္ဘူးလား? မင္းတို႔က ဘယ္သူေတြလဲ?" သူတို႔အေနနဲ႔ စကားေျပာဖို႔ အခြင့္အေရးေလး တစ္ခုေတာင္ မရခဲ့ေပ။ ေကာင္ေလးက သူ႔ရဲ့ညာဘက္လက္နဲ႔ ေမးေထာက္လိုက္ၿပီး ပါးစပ္ထဲ တူကို ဖြဖြေလးကိုက္လိုက္ရင္း သူတို႔ကို လက္လက္ထေနတဲ့ မ်က္လုံးအစုံနဲ႔ ၾကည့္ေန၏။
ယြဲ႕ယဲ ေနာက္ဆုံးေတာ့ သူတို႔ ဘာ့ေၾကာင့္ ဒီကို လာခဲ့တာလဲဆိုတာ သတိရသြားၿပီး မ်က္ႏွာတည္လိုက္ရင္း အေလာသုံးဆယ္မနိုင္စြာ ဦးညႊတ္ရင္း ေျပာလိုက္သည္၊ "ကၽြန္ေတာ္က ယြဲ႕ယဲ၊ ဒီ ျမစိမ္းေရာင္နဂါးတည္းခိုခန္းရဲ့ ပိုင္ရွင္ပါ။ ဒါကေတာ့ ကၽြန္ေတာ့သူငယ္ခ်င္းေကာင္း၊ က်ဳံးဝူခ်င္းပါ။ ကၽြန္ေတာ္တို႔က ၿမိဳ႕တံခါးမွာတုန္းက မင္းတို႔ရဲ့ ေျပာင္ေျမာက္တဲ့ စြမ္းရည္ေတြကို ျမင္ေတြ႕ခဲ့တာေၾကာင့္ မင္းတို႔သုံးေယာက္နဲ႔ ေတြ႕ဆုံခ်င္လို႔ပါ။ အေႏွာက္အယွက္ေပးရတဲ့အတြက္ ေတာင္းပန္ပါတယ္!"
ယြဲ႕ယဲရဲ့ အေနာက္မွာ ရပ္ေနတဲ့ က်ဳံးဝူခ်င္းက သူ႔မ်က္ႏွာေပၚက pastry မုန္႔ကို ဖယ္ရွားလိုက္ၿပီးျဖစ္သည္။ သူ႔ကိုယ္သူ တည္ၿငိမ္စြာနဲ႔ အႀကိမ္အနည္းငယ္ေလာက္ သုတ္လိုက္ၿပီးတဲ့အခ်ိန္မွာေတာ့ အခန္းအတြင္းက လူေတြက သူ႔ကို ၾကည့္ေနတာကို ေတြ႕လိုက္ရသည္။ ခ်က္ခ်င္း သူက ယဥ္ေက်းၿပီး က်က္သေရရွိတဲ့ ဂုဏ္သေရရွိလူတစ္ေယာက္လိုဟန္ပန္အျပည့္ျဖင့္ ျပည့္စုံတဲ့အျပဳံးတစ္ခု ျပဳလိုက္သည္။ အဲ့တာက အျခားသူေတြကို မသက္မသာမျဖစ္ေစဘဲ ေတြ႕ေတြ႕ခ်င္းမွာတင္ကို အျမင္ေကာင္း ရသြားေစသည္။
ေကာင္ေလးရဲ့ မ်က္လုံးတို႔ ခ်က္ခ်င္း လင္းလက္သြားၿပီး၊ "မင္းတို႔ အခ်ိန္ကိုက္ ေရာက္လာၾကတာပဲ၊ ငါတို႔က ဒီမုန္႔ေတြစားေနတာ ကုန္ေတာ့မယ္။ မင္းတို႔က ဒီတည္းခိုခန္းရဲ့ ပိုင္ရွင္ေတြဆိုေတာ့ ငါ့အတြက္ မုန္႔ႏွစ္ပန္းကန္ေလာက္ ထပ္ယူေပးလို႔ရမလား?"
ယြဲ႕ယဲ ေၾကာင္သြားေပမဲ့ ျမန္ျမန္ဆန္ဆန္ တုန္႔ျပန္ျပဳံးလိုက္ကာ၊ "စိတ္မပူပါနဲ႔၊ ခဏေလာက္ ေစာင့္ေပးပါ!"
ယြဲ႕ယဲ ထြက္သြားၿပီး သိပ္မၾကာမီမွာပဲ ေကာင္ေလးမွာတဲ့ မုန္႔ႏွစ္ပန္းကန္ ေရာက္လာခဲ့သည္။ Pastries မုန္႔ေတြက အခုမွ ေလာေလာလတ္လတ္ မီးဖိုထဲက ထုတ္ထားသလိုမ်ိဳး ပူေႏြးေနဆဲျဖစ္သည္။ အဲ့အျပင္ အဲ့မုန္႔ေတြ သယ္ယူလာေပးသူကေတာ့ အျခားသူမဟုတ္ဘဲ သူကိုယ္တိုင္ျဖစ္ကာ အဲ့လိုဝန္ေဆာင္မွုမ်ိဳးေပးတာက ရိုးသားမွု မရွိေနနိုင္။ ဒါေပမဲ့ ေကာင္ေလးက အဲ့အခ်က္ကို သတိမျပဳမိေသာ္လည္း အခန္းထဲက က်န္ႏွစ္ေယာက္ကေတာ့ ရွင္းရွင္းလင္းလင္းကို သတိျပဳမိၾကသည္။
ယြဲ႕ယဲ ဘယ္ေလာက္ေတာင္ ပ်ဴငွါေနသလဲဆိုတာကို ၾကည့္လိုက္ရင္းနဲ႔ ေကာင္ေလးက ယြဲ႕ယဲတို႔ႏွစ္ေယာက္လုံးကို လက္ေဝွ႕ယမ္းျပလိုက္ၿပီး၊ "လာ၊ ႀကိဳက္တဲ့ေနရာမွာ ထိုင္။ ယဥ္ေက်းစရာမလိုပါဘူး!"
သူ႔ရဲ့ စိတ္ေအးလက္ေအးနဲ႔ သဘာဝက်က်ေလသံက သူ႔ကို ဒီေနရာရဲ့ ပိုင္ရွင္အေနနဲ႔ ထင္ရသြားေစသည္။ ဒါေပမဲ့ ယြဲ႕ယဲနဲ႔ က်ဳံးဝူခ်င္းတို႔က စီးပြါးေရးေလာကမွာ စားသုံးသူ Customer က အျမဲဦးစားေပးပဲျဖစ္တာမို႔ စိတ္ထဲဘယ္လိုမွ မထားေပ။ အဲ့အစား ဒါကို အခြင့္အေရးတစ္ရပ္အေနနဲ႔ေတာင္ ဒီလူသုံးေယာက္နဲ႔ ေတြ႕ဆုံရင္းႏွီးခြင့္အေနနဲ႔ မွတ္ယူလိုက္ၾကတဲ့အတြက္ လြတ္ေနတဲ့ ထိုင္ခုံႏွစ္လုံးမွာ သဘာဝက်က် ဝင္ထိုင္လိုက္ၾကသည္။ သူတို႔မ်က္ႏွာေတြက ၿမိဳ႕တံခါးမွာတုန္းက သူတို႔ေတြ႕ခဲ့ရတဲ့မ်က္ႏွာေတြနဲ႔ ကြဲျပားေနတာကို ၾကည့္ၿပီး သူတို႔ႏွစ္ဦး သံသယစိုးစဥ္းမွမရွိၾက။ အေၾကာင္းရင္းကို နည္းနည္းေလာက္ ေတြးမိ႐ုံနဲ႔တင္ အေၾကာင္းျပခ်က္က သိသာေနသည္ပင္။
ယြဲ႕ယဲက အျခားႏွစ္ေယာက္ကို ၾကည့္လိုက္ၿပီး ေနာက္ဆုံးေတာ့ ေကာင္ေလးဆီ အၾကည့္ေရာက္သြားကာ၊ "မင္းတို႔သုံးေယာက္က ဒီကလူေတြနဲ႔ သိပ္မတူဘူး။ မင္းတို႔က အေဝးတစ္ေနရာကေန လာခဲ့ၾကတဲ့ ခရီးသြားေတြလား?"
"ဟုတ္တယ္၊ ဒါေပမဲ့ မင္း ဘယ္လိုသိတာလဲ?" အရင္ကလိုပဲ တုန္႔ျပန္ေျဖဆိုလိုက္သူကေတာ့ ေကာင္ေလးပဲ ျဖစ္သည္။ အျခားႏွစ္ေယာက္က မဆိုင္သလို ဆိတ္ဆိတ္ေနေနဆဲပင္။
ေကာင္ေလးေဘးနား ထိုင္ေနတဲ့သူက စကားတစ္လုံးမွမေျပာေပမဲ့ သူ႔တည္ရွိမွုက လ်စ္လ်ဴရွုရခက္ရေလာက္ေအာင္ကို အလြန္ကို လႊမ္းမိုးထင္းထြက္ေန၏။
ယြဲ႕ယဲက ျပဳံးလိုက္ရင္း ေျပာလိုက္သည္၊ "နယ္ေျမတစ္ခုနဲ႔တစ္ခု လူေတြရဲ့ ပုံစံေတြမတူၾကဘူးေလ။ ေျမာက္ပိုင္းနယ္ေျမက ပရမ္းပတာဖရိုဖရဲျဖစ္တဲ့ေနရာမွာ နာမည္ေက်ာ္တယ္။ မင္းတို႔သုံးေယာက္ရဲ့ သြင္ျပင္ေတြက ေျမာက္ပိုင္းနယ္ေျမကလူေတြနဲ႔ သိပ္မတူဘူး။ အဲ့အတြက္ေၾကာင့္ မင္းတို႔သုံးေယာက္က ဒီကမဟုတ္ဘူးလို႔ ခန္႔မွန္းလိုက္တာ။"
"မင္းတကယ္ကို ထြင္းေဖာက္ျမင္နိုင္စြမ္းရွိတယ္။" ေကာင္ေလးက သက္ျပင္းတစ္ခ်က္ခ်လိုက္ကာ မုန္႔တစ္ခုကို ကိုက္စားလိုက္၏။
"..." ယြဲ႕ယဲက ေကာင္ေလးရဲ့ တမူထူးတဲ့ အေတြးေရယဥ္ေၾကာကို မလိုက္နိုင္ျဖစ္သြားရကာ ျပန္မတုန္႔ျပန္နိုင္ ျဖစ္သြားရေတာ့သည္။
"Pastries မုန္႔ေတြခ်ည္းပဲ မစားနဲ႔၊ လက္ဘက္ရည္လည္း ေသာက္။" အဲ့အခ်ိန္မွာပဲ သူ႔ေဘးနားထိုင္ေနတဲ့လူႀကီးက ေနာက္ဆုံးမွာေတာ့ စကားေျပာလာခဲ့သည္။
လူႀကီးရဲ့အသံက
You are reading the story above: TeenFic.Net