အပိုင်း ၁၂၈။ မျက်နှာပြောင်းခြင်း
မတော်တဆဖြစ်ရပ်ရဲ့ အကျိုးဆက်ကြောင့် သူတို့ဘယ်သွားသွား လူတွေက ခိုးကြည့်နေကြသည်။
ဒါပေမဲ့ အဲ့အပေါ် ဖုန့်ရှီတစ်ယောက် အလွန့်အလွန်ကို မကျေမချမ်းဖြစ်နေရသည်၊ အကြောင်းကတော့ လူတိုင်းလူတိုင်းက ခိုးကြည့်နေကြတာက သူ့ခေါင်းဆောင်ကိုပင်။ သူတို့ လျှောက်လာပြီဆိုတာနဲ့ သူ့မျက်နှာ ပိုလို့ မပျော်မရွှင်ဖြစ်လာရသည်။ တစ်စုံတစ်ယောက်က အကြည့်တစ်ချက် ခိုးကြည့်လိုက်တဲ့အချိန်တိုင်း ဓါးသွားလိုထက်ရှတဲ့ သူ့အကြည့်တို့က ဒိုင်းကနဲ ပြန်တုန့်ပြန်ပေးလိုက်သည်။ ဒါပေမဲ့ အကျိုးဆက်ကတော့... သူ လျစ်လျူရှုခံရတာပါပဲ။
ငရဲမင်းကြီးက အဲ့တာကို သဘာဝကျကျကို မြင်ပြီးဖြစ်ပေမဲ့ အဲ့အပေါ် သိပ် အာရုံမထား။ တနည်းပြောရမယ်ဆိုရင်တော့ သူ အရမ်းကို စိတ်ခံစားချက် ကောင်းနေသည်လေ။
သူတို့ တည်းခိုဖို့ရန် ဟိုတယ်တစ်ခုမှာ အခန်းတစ်ခန်း ရလိုက်ပြီးတဲ့နောက်မှာတော့ ငရဲမင်းကြီးက နောက်ဆုံးတော့ ဖုန့်ရှီရဲ့ ခေါင်းကို ပွတ်ပြီး ပဟေဌိဖြစ်နေတဲ့အသံနဲ့ မေးလိုက်၏၊ "ရှီဘာလို့ ဒေါသထွက်နေရတာလဲ? စောနကဖြစ်ရပ်အပေါ် ရှီ့ရဲ့ဒေါသတွေ အကုန် မထွက်ခဲ့လိုက်ရလို့လား?"
ကာလွမ်သလာက သူတို့နှစ်ဦး လွတ်လွတ်လပ်လပ်နဲ့ 'နှစ်ကိုယ်ကြားစကား'တွေ ဆိုလို့ရအောင် လိမ်မာပါးနပ်စွာနဲ့ ဆိုင်ပိုင်ရှင်ကို သွားပြီးထွက်ရှာလိုက်ကာ အခန်းထဲကထွက်ခွါသွားလိုက်သည်။
ဖုန့်ရှီက ငရဲမင်းကြီးရဲ့ ချောမောခန့်ညားပြီး သူမတူအောင် လှပတဲ့တဲ့မျက်နှာကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကာ၊ "ခေါင်းဆောင်၊ ကျွန်တော် အတော်ကို အလေးအနက်ထားရမယ့်ပြဿနာတစ်ခု ရှာဖွေတွေ့ရှိထားတယ်။"
ငရဲမင်းကြီးက ဖုန့်ရှီကို သူ့ပေါင်ပေါ်ဆွဲတင်လိုက်သည်။ သူ့မျက်နှာထက် အပြုံးရေးရေးလေးတစ်ခု ပေါ်လာပြီး နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးသွားရကာ ပြောလိုက်သည်၊ "ရှီက ဘယ်လိုမျိုး အလေးအနက်ထားရမယ့်ပြဿနာမျိုး ရှာတွေ့ထားတာလဲ?"
ဖုန့်ရှီက လှည့်လိုက်ပြီး လေးနက်ပေမဲ့ တင်းမာတဲ့မျက်နှာထားနဲ့ ငရဲမင်းကြီးကို ကြည့်လိုက်သည်။ သူ့လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ပြီး လေးနက်တဲ့အမူအယာတို့ စိတ်အားထက်သန်စွာ ထုတ်ပြလိုက်ရင်း၊ "ခေါင်းဆောင်၊ ခန့်ညားချောမောလွန်းတာက အရမ်း ဒုက္ခရောက်ရတယ်လို့ မထင်ဘူးလား?"
"ကိုယ်တော်တော့ အဲ့လို တစ်ခါမှ မတွေးမိပါဘူး။" ငရဲမင်းကြီးရဲ့ လှပတဲ့ မျက်ခုံးတို့က အနည်းငယ်မြင့်တက်သွားရကာ ကောင်လေးရဲ့ မျက်နှာကို အနီးကပ် ဆွဲယူ ကြည့်ရှုလိုက်ပြီး ပြုံးရင်း ပြောလိုက်သည်၊ "စိတ်မပူပါနဲ့။ ရှီက အဲ့တာနဲ့ပတ်သက်လို့ ဘယ်တော့မှ ဒုက္ခရောက်မှာမဟုတ်ပါဘူး။"
ဖုန့်ရှီ၊ "..." သူဆိုလိုတာ အဲ့လိုမဟုတ်ဘူးလေ။
လူနှစ်ယောက်က အချင်းချင်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး အတန်ကြာပြီးနောက် ဖုန့်ရှီက အရှုံးပေးဟန်နဲ့ ခေါင်းငုံ့သွားကာ မျှော်လင့်ချက်မဲ့နေတဲ့ ကလေးငယ်လေးတစ်ယောက်ကို သင်ပေးနေသလိုမျိုး ညွှန်ကြားပြောဆိုလိုက်သည်၊ "ခေါင်းဆောင်၊ ကျွန်တော်က အရမ်းချစ်ဖို့ကောင်းတယ်ဆိုတာ သိပါတယ်၊ အဲ့တာကြောင့် ခေါင်းဆောင် ကျွန်တော့ကို ဆက်ပြီး စိုက်ကြည့်နေဖို့ မလိုပါဘူး။ ပြီးတော့ ကျွန်တော် အခုပြောနေတာကလည်း ကျွန်တော့အကြောင်း ပြောနေတာမဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက ခေါင်းဆောင်ကို။ လမ်းပေါ်မှာတုန်းက လူတွေ ဘယ်နှစ်ယောက်လောက်ကများ ခေါင်းဆောင်ကို ငမ်းနေခဲ့သလဲဆိုတာ သတိမထားမိဘူးလား? အဲ့တာကြောင့်ပြောတာ၊ အရမ်းချောလွန်းရင် ဒုက္ခရောက်ရတယ်လို့။"
ငရဲမင်းကြီးရဲ့ နှုတ်ခမ်းတို့ အပေါ်တွန့်တက်သွားကာ ပြောလိုက်၏၊ "ကိုယ်တော်တော့ အဲ့လိုပြဿနာမျိုး အရင်က တစ်ခါမှ မကြုံခဲ့ဖူဘူး။"
ဖုန့်ရှီက သက်ပြင်းချလိုက်၏၊ "ဒါပေမဲ့ အဲ့တာက ကျွန်တော့အတွက် ပြဿနာလေ!"
ငရဲမင်းကြီးရဲ့ မျက်နှာထက် ရှင်းသန့်နေတဲ့ အပြုံးတစ်ခု ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။ သူက ကောင်လေးကို စိတ်နှလုံးတစ်ခုလုံး ပုံအပ်ကာ ငေးကြည့်နေကာ ကောင်လေးရဲ့ ခေါင်းကို ပွတ်သပ်လိုက်ရင်း၊ "ရှီ အဲ့အတွက် ဘာမှ စိုးရိမ်စရာမလိုပါဘူး။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဖုန့်ရှီက ငရဲမင်းကြီး သိပ်အလေးမထားတာကို မြင်တော့ ချက်ချင်းပဲ နှုတ်ခမ်းထော်သွားကာ၊ "ခေါင်းဆောင်က အရမ်းခန့်ညားချောမောလွန်တော့ တခြားသူတွေက ခေါင်းဆောင်ရဲ့အလှမြင်ပြီး ရင်ခုန်သွားကြမှာ သေချာပေါက်ပဲ။ ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်းပဲ ခေါင်းဆောင်ရဲ့အလှကို ရင်ခုန်နိုင်တယ်၊ အဲ့တာကြောင့် ကျွန်တော်စိုးရိမ်တယ်၊ အရမ်းကို စိုးရိမ်တယ်။"
"အဲ့တာဆို ကိုယ်တော်တို့ မျက်နှာပြောင်းလိုက်ကြရင်ရော?" ငရဲမင်းကြီးက ကောင်လေးရဲ့ ပိုင်ဆိုင်လိုစိတ်အပေါ် အရမ်းကို ပျော်ရွှင်နေရသည်။ ဖုန့်ရှီပြောတာကို သူကြားပြီးနောက်မှာတော့ သူ့မျက်နှာပေါ်က အပြုံးတို့က ပိုလို့ ပီပြင်လာတော့သည်။ အဲ့တာကြောင့် အဲဲ့ခေါင်းစဉ်ကို ဆက်မပြောတော့ဘဲ ခဏလောက် ရပ်တန့်လိုက်ပြီး စဉ်းစားလိုက်သည်။ သူ အရင်က တစ်ခါမှ မျက်နှာမပြောင်းဖူးတာတော့မဟုတ်၊ ဒါပေမဲ့ ဟိုး အရင် အလွန်ကြာခဲ့တုန်းက မျက်နှာပြောင်းခဲ့တာက ငရဲပြည်ကထွက်တာနဲ့ ပြောင်းခဲ့တာ။ ဒီတစ်ကြိမ်က သူ ငရဲပြည်က ထွက်ကတည်းက ကြိုပြောင်းခဲ့တာမဟုတ်။
"မျက်နှာပြောင်းမယ်? ရုပ်ဆိုးဆိုးပုံအနေနဲ့? ကျွန်တော်တို့ မပြောင်းခင်မှာ အခြားမျက်နှာတစ်ခု လိုအပ်လား?" ဖုန့်ရှီက အတန်ကြာ စဉ်းစားလိုက်ပေမဲ့ သူ့ခေါင်းဆောင်ပြောတဲ့ ရုပ်ဆိုးတဲ့မျက်နှာဆိုတဲ့အကြံက သူ့အကြံနဲ့ တူရဲံလားဆိုတာ သူ မသိ။
"အဲ့လောက် မရှုပ်ထွေးပါဘူး။" ငရဲမင်းကြီးက ဖုန့်ရှီအရှေ့မှာပဲ သူ့သွင်ပြင်ကို ပြောင်းလဲလိုက်ရင်း ပြောလိုက်သည်။
သူ ကြည့်နေစဉ်မှာပဲ ငရဲမင်းကြီးရဲ့ နဖူးထဲမှာ မြှုပ်ထားတဲ့ ကျောက်မျက်ရတနာက ပျောက်သွားကာ သူ့ရဲ့ခန့်ညားချောမောတဲ့မျက်နှာကလည်း တဖြည်းဖြည်း ပိုပိုပြီး ပညာသင်ကျောင်းသားတစ်ယောက်လို ပြောင်းလာသည်။ သူ့သွင်ပြင်က သူ့ရဲ့အရှိန်အဝါကိုတော့ မဖျောက်ပေးနိုင်၊ သူ့နှာရိုးကလည်း အရင်လိုပဲ နှာတံပေါ်ပေါ် နှာရိုးမြင့်မြင့်နဲ့ပဲဖြစ်ကာ သူ့ရဲ့ပါးလွှာတဲ့နှုတ်ခမ်းထက်မှာ အပြုံးရေးရေးလေးတစ်ခု တွန့်ကွေးနေသည်ပင်။ သူ့ရဲ့ စိတ်အနေအထားလည်းထင်ဟပ်နေမှုဟာလည်း ပြောင်းသွားပြီး ပိုလို့ ရင့်ကျက်သန့်စင်တဲ့သွင်ပြင် ဖြစ်တည်နေသည်။ မေ့ဖို့ခက်တဲ့မျက်နှာဆိုပေမဲ့ ငရဲမင်းကြီးရဲ့ အရင်မျက်နှာနဲ့ယှဉ်ရင်တော့ အနည်းငယ် ချို့တဲ့နေ၏။ အရေးအကြီးဆုံး ကွာခြားချက်ကတော့ သူ့ရဲ့မျက်နှာသွင်ပြင်က ပိုလို့ နူးညံ့ပျော့ပြောင်းလာပြီး နူးညံ့တဲ့ခံစားချက်တို့ ထုတ်လွှတ်နေတာဖြစ်သည်။
ဖုန့်ရှီက အသေအချာ ဂရုတစိုက် ကြည့်ရှုလိုက်ပြီးနောက် စိတ်ကျေနပ်စွာနဲ့ သူ့ခေါင်ကို ညိတ်လိုက်ကာ၊ "ကောင်းပြီလေ၊ ကျွန်တော်တို့ ဒီမျက်နှာကို သုံးလို့ရတယ်!"
သူ့ခေါင်းဆောင်ရဲ့ အလွန့်အလွန် ခန့်ညားချောမောတဲ့ အရင်မျက်နှာကို အခြားသူတွေကြည့်တာကို သူ မလိုလားပေမဲ့လည်း သိပ်ကြည့်မကောင်းတဲ့မျက်နှာအဖြစ် ပြောင်းလိုက်မှာကိုလည်း သူ မလိုလား။ အဲ့တာကြောင့် ဒီမျက်နှာက အနေတော်ပဲဖြစ်သည်။ နည်းနည်းလေးတော့ သာမာန်အဆင့်ထက် မြင့်နေသေးပေမဲ့လည်း သင့်တော်ပါတယ်လေ!
ဒါပေမဲ့...
ဖုန့်ရှီရဲ့ မျက်စံနက်တို့ ချက်ချင်း ကလယ်ကလယ်ဖြစ်သွားကာ သူ့ခေါင်းဆောင်ရဲ့ ရင်ဘတ်ကို ကလူဤသို့ ပွတ်သပ်လိုက်ရင်း၊ "ခေါင်းဆောင်၊ ကျွန်တော့မျက်နှာကိုလည်း ပြောင်းပေးနိုင်မလား?"
"ဒီမျက်နှာကရော ရှီ့ကို ပြဿနာပေးနေတာလား?" ငရဲမင်းကြီးက ဖုန့်ရှီရဲ့ ပါးကို ဆွဲလိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။ ဟုတ်တာပေါ့၊ ကော်ငလေးက ပျော်စရာတွေ့သွားတယ်ဆိုတာ သူသိသည်လေ၊ အဲ့အတွက်ကြောင့်ပဲ ကောင်လေးက စမ်းချင်နေတာ။ ဒါပေမဲ့ သူက သူနားမလည်သလိုပဲ ဟန်ဆောင်လိုက်၏။
"အင်း၊ အင်း" ဖုန့်ရှီက တုန့်ဆိုင်းမှုမရှိဘဲ ခေါင်းညိတ်လိုက်သည်၊ "တွေးကြည့်လေ၊ ခေါင်းဆောင်။ ကျွန်တော်တို့ မရိုးမသား တစ်ခုခု လုပ်ကြပြီး အခြားသူတွေက သိသွားကြမယ်ဆိုရင် အဲ့တာဆို သူတို့ ကျွန်တော်တို့ကို မမှတ်မိနိုင်ကြတော့ဘူးလေ။ အဲ့တာကြောင့် ကျွန်တော်တို့ကို ဘယ်သူမှ မမှတ်မိနိုင်အောင်လို့ ကျွန်တော်တို့ရဲ့ မျက်နှာတွေကို ပြောင်းဖို့လိုတယ်။ ခေါင်းဆောင် ဘယ်လိုထင်လဲ?"
"ဒါဆို၊ ရှီက မရိုးသားတာတစ်ခုခု လုပ်ဖို့ ကြံစီနေတာလား?" ငရဲမင်းကြီးက အလန့်တကြားနဲ့ ပြောလိုက်သည်။
"ကျွန်တော်က ဥပမာပေးတာပါ။ ကျွန်တော် တကယ်ပဲ ဘာမှ လုပ်မှာမဟုတ်ပါဘူး။" ဖုန့်ရှီက ငရဲမင်းကြီးရဲ့ ရှုပ်ထွေးသွားတဲ့အမူအယာကို မြင်ပြီး ခပ်မြန်မြန် ရှင်းပြလိုက်၏။ ဒါပေမဲ့ ဘုရင်ကြီးရဲ့ လုပ်ပြုံးကြီးကို သူမြင်တဲ့အခါမှာတော့ မျက်တောင်တစ်ဖြတ်နှစ်ဖြတ် ထပ်မံခတ်လိုက်ပြီး၊ "ဒါပေမဲ့... ဟီးဟီး၊ အသုံးဝင်ကောင်း ဝင်နိုင်တယ်လေ။"
"သိပြီ။" ငရဲမင်းကြီးက ရုတ်တရက်ပင် သဘောပေါက်သွား၏။
"ဟားဟား၊ အဲ့တာပါပဲ!" ဖုန့်ရှီက ခြောက်ကပ်ကပ် ရယ်လိုက်သည်။ သူက ငရဲမင်းကြီးနဲ့ မျက်လုံးချင်း ထပ်ပြီး မဆိုင်ရဲတော့တာကြောင့် သူ့အကြည့်တို့ကို အပစ်ရှိစွာ လွှဲလိုက်၏။
ငရဲမင်းကြီးအနေနဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အရမ်းကို သိသာနေသည်လေ။ ဒါပေမဲ့ သူတို့ရဲ့မျက်နှာတွေ ပြောင်းသင့်တယ်ဆိုတာတော့ မှန်နေသည်။ သူတို့က သတ္တုရိုင်းကြောအတွက် မြစိမ်းနဂါးတောင်တွေဆီ လာခဲ့ကြတာဖြစ်ပြီး သူတို့ဘယ်သူဆိုတာ ပေါ်သွားခဲ့မယ်ဆိုရင် အချိန်တွေ ပြုန်းတီးသွားမှာ။ ငရဲမင်းကြီးလည်း ဒါကို ခပ်မြန်မြန် အပြီးသတ်လိုက်ချင်ပြီ။ သီနိုမိသားစုရဲ့ အခြေအနေကို သူ မသိပေမဲ့လည်း အဲ့တာက သီနိုကုန်သည်ကြီးများအသင်းနဲ့ တစ်စုံတစ်ရာ ပတ်သက်နေတယ်ဆိုတာကို သူမှန်းဆနိုင်သည်။ အခု သူတို့ရဲ့ သခင်လေးက အဖျက်ဆီးခံလိုက်ရတဲ့အတွက် သီနိုမိသားစုရဲ့အခြေအနေနဲ့ဆို သူတို့က ဒီကိစ္စရပ်ကို ဘေးပို့လျစ်လျူရှုထားမှာမဟုတ်။
ငရဲမင်းကြီးက ဒီကိစ္စရပ်အပေါ် အချိန်မဖြုန်းချင်တာကြောင့် ဒီပြဿနာကနေ ရှောင်ရှားဖို့ရာက သူတို့ရဲ့မျက်နှာတွေကို ပြောင်းလိုက်ဖို့ပဲဖြစ်သည်။
ကာလွမ်သလာက အပြင်ဘက်မှာ အချိန်အတန်ကြာ စောင့်နေခဲ့ပြီးနောက် အထဲကသူနှစ်ယောက် ပြောလို့ဆိုလို့ပြီးလောက်ပြီလို့ သူ ခံစားမိတဲ့အချိန်မှာ ဆိုင်ပိုင်ရှင် ပေးလိုက်တဲ့ မုန်နဲ့ လက်ဖက်ရည်ပန်းကန်တို့ သယ်ဆောင်လာကာ အခန်းထဲသို့ ဝင်လိုက်တော့သည်။ သူ တံခါးဖွင့်လိုက်တဲ့အချိန်မှာ အတွင်းကအခြေအနေကို မြင်လိုက်ရတာကြောင့် ကျောက်ရုပ်ဖြစ်သွားတော့သည်။ သူ့အရှေ့မှာ ထိုင်နေတဲ့ လူနှစ်ယောက်က လုံးဝ လူစိမ်းတွေ။
"ဟီးဟီး၊ မင်း ဘယ်သူလဲ?" တင့်တယ်လှပ ကျက်သရေရှိတဲ့လူရဲ့ဘေးမှာ ထိုင်နေတဲ့ ချောမောလှပတဲ့ကောင်လေးက ရုတ်တရက် ထပြောလိုက်သည်။ သူ့ရဲ့ နက်မှောင်တဲ့မျက်လုံးတို့က လင်းလက်သွားကာ သူများ တကယ်ပဲ အခန်းမှား ဝင်လာခဲ့မိသလားလို့ဆိုပြီး သူ့မျက်နှာကလည်း သံသယအပြည့်ဖြစ်သွားရ၏။
ကာလွမ်သလာက အမူအယာကင်းမဲ့စွာနဲ့ လျှောက်လှမ်းဝင်ရောက်လာပြီး သူသယ်ဆောင်လာတဲ့ စားစရာတွေကို ချလိုက်ပြီး ပြောလိုက်သည်၊ "ငါက ယဲ့ဆူးလား"
ကောင်လေးရဲ့နှုတ်ခမ်းတို့ ရုတ်တရက် တွန့်သွားပြီး၊ "ဒါဆို မင်းကို ယဲ့ဆူးလားလို့ ခေါ်တာပေါ့။ ဒါပေမဲ့ ငါ မင်းကို မသိဘူး၊ မင်းကိုလည်း အထဲဝင်ဖို့ မဖိတ်ခေါ်ခဲ့ဘူးလေ။ မင်းက စားပွဲထိုးလား?"
လူတစ်ယောက်ရဲ့သွင်ပြင် ဘယ်လိုပဲ ပြောင်းသွားပြောင်းသွား ကိစ္စမရှိချေ၊ သူတို့ လုံးဝမပြောင်းနိုင်တဲ့အရာတစ်ခု ရှိသည်ပင်။ အဲ့တာကတော့ စိတ်ရဲ့ပြူတင်းပေါက်လို့ ခေါ်တဲ့ မျက်လုံးဖြစ်၏။ အဲ့အချက်က ဖုန့်ရှီရဲ့ဖြစ်ရပ်မှာ အရမ်းအသုံးတည့်သည်၊ အကြောင်းကတော့ သူ့မျက်လုံးတွေက မှတ်မိအလွယ်ဆုံးမို့ပဲဖြစ်သည်။ ကာလွမ်သလာက မူလကတော့ သူ အခန်းမှားပြီး ဝင်လာခဲ့မိတယ်လို့ ထင်ခဲ့ပေမဲ့ တကယ့်သော့ချက်က ငရဲမင်းကြီးအပေါ် မှီတွယ်နေသည်။ သူ့သွင်ပြင်အရကတော့ မမှတ်မိနိုင်တော့ပေမဲ့ သူ ငရဲမင်းကြီးနဲ့ အချိန်ကာလတစ်ခုလောက်အထိ ဆက်ဆံပြောဆိုခဲ့တာကြောင့် သူ့ရဲ့ စိတ်ခံစားချက်တို့က တမူထူးခြားပြီး ဘယ်သူနဲ့မှ မတူ။ အကျိုးဆက်အနေနဲ့ ကာလွမ်သလာ ဘုရင်ကြီးကို ချက်ချင်းပဲ မှတ်မိသွားနိုင်တာဖြစ်၏။
"ဟင့်အင်း၊ ငါလည်း ဒီမှာ ဧည့်သည်ပဲ။ မဖိတ်ခေါ်ဘဲ ဝင်လာတဲ့အပေါ် မင်း စိတ်ထဲမထားဘူးလို့ ငါ မျှော်လင့်ပါတယ်!" ဖုန့်ရှီက ကစားချင်နေတာဆိုတော့ အဲ့တာဆို သူ(ဖုန့်ရှီ) နဲ့အတူ သူလည်း လိုက်ပါစီးမြောပေးမည်လေ။
ကောင်လေးက သဘာဝကျကျပဲကို သူ့ကို မော့ကြည့်လာပြီး နှုတ်ခမ်းကိုက်ရင်း ပြောလိုက်သည်၊ "ငါ စိတ်ထဲထားတယ်ဆိုရင်ရော?"
"အဲ့တာဆို ငါ ဒီမှာမရှိဘူးလို့ပဲ ဟန်ဆောင်လိုက်ပါ။ မင်း ငါ့ကို လျစ်လျူရှုလည်း ငါ ဂရုမစိုက်ဘူး။" ကာလွမ်သလာက သူ့ရဲ့စကားတစ်ခွန်းချင်းစီတိုင်းကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်တုန့်ပြန်လာခဲ့တာကြောင့် ကောင်လေးရဲ့မျက်နှာက ပိုပြီး မကျေမချမ်းဖြစ်လာရသည်။
"ငါ မဆော့ချင်တော့ဘူး။ မင်းက ငါနဲ့လည်း မပူးပေါင်းပေးဘူး။" ဖုန့်ရှီက နှုတ်ခမ်းဆူလိုက်ပြီး ကာလွမ်သလာဆိက မုန့်ကို နှိုက်ယူလိုက်ကာ စတင် စားသောက်နေလိုက်တော့သည်။ ဒါပေမဲ့လည်း သူက လက်မခံနိုင်ဖြစ်နေရဆဲဖြစ်ကာ မေးလိုက်၏၊ "ငါ့ကို ဘယ်လိုလုပ် မှတ်မိတာလဲ? ငါ့မျက်နှာရော အဝတ်အစားတွေရော အကုန်လုံး လဲထားပြီးသားလေ။"
သူ ဒီလိုပြောသင့်သလား၊ မင်းမျက်နှာကို ပြောင်းပြောင်း မပြောင်းပြောင်း မင်းက စိတ်အနှောက်အယှက်ပေးတဲ့ကလေးတစ်ယောက် ပုံစံမျိုးပဲမဟုတ်လား?
အဖြေက၊ မဟုတ်ဘူးပေါ့။
"မင်းမျက်လုံး။ မင်းမျက်လုံးတွေက လုံးဝ ပြောင်းမသွားဘူး။ ဒါပေမဲ့ အဲ့တာက ငါက မင်းနဲ့ အတန်ကြာအောင် ဆက်ဆံရင်းနှီးခဲ့တာကြောင့်၊ အဲ့တာကြောင့်သာ ငါက မင်းဆိုတာကို လွယ်လွယ် သိနိုင်လိုက်တာ။ တခြားသူတွေကတော့ မင်းကို မှတ်မိမှာမဟုတ်ဘူး၊ အဲ့တာကြောင့် မမ်း စိတ်ပျက်သွားစရာမလိုဘူး။" ကာလွမ်သလာက သက်ပြင်းချလိုက်ကာ သူ့ကို ရှင်းပြရင်း နှစ်သိမ့်လိုက်၏။
"ကောင်းပြီလေ၊ မင်းက မှန်အောင် မှန်းနိုင်တယ်ဆိုတော့၊ ငါ မင်းကို ဆုတစ်ခု ပေးမယ်။ ခေါင်းဆောင်က မင်းကို နောက်မျက်နှာတစ်ခု လက်ဆောင်ပေးလိမ့်မယ်။" ဖုန့်ရှီက ခေါင်းမော့ပြီး ပြုံးရင်း ပြောလိုက်သည်။
ကာလွမ်သလာ၊ "....."
နောက်ဆုံးမှာတော့ သူတို့ သုံးယောက်လုံး မျက်နှာတွေ ပြောင်းလိုက်ပြီးဖြစ်သည်။ ဖုန့်ရှီနဲ့မတူပဲ ကာလွမ်သလာက ငရဲမင်းကြီးရဲ့ ရှင်းပြချက် မလိုအပ်ပေ။ ငရဲမင်းကြီးက သူ့မျက်နှာကို ပြောင်းပေးလိုက်ပြီးတာနဲ့ တပြိုင်နက်မှာပဲ ဒါဟာ မြို့တံခါးမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ အကျိုးဆက်ကြောင့် ဖြစ်နိုင်တယ်ဆိုတာ သူ သိလိုက်သည်။ သီနိုမိသားစုက သူတို့ကို ရှာနေမယ်ဆိုတာ ဆယ်ရေးမှာ ကိုးရေးသေချာနေသည်လေ။ သူတို့အနေနဲ့ သတ္တုရိုင်းကြော ပေါက်ကြားသွားမှာကို ရှောင်ရှားချင်တယ်ဆိုရင် ဒီဒုက္ခပေးတဲ့ပြဿနာကို ရှင်းဖို့လိုတာကြောင့် အခုလိုမျိုး သူတို့မျက်နှာတွေကို ပြောင်းလိုက်ဖို့ လိုအပ်တာဖြစ်သည်။ ဟုတ်တာပေါ့၊ သူတို့ရဲ့ အဝတ်အစားတွေကိုပါ ပြောင်းလိုက်ဖို့လိုတာပေါ့၊ အဲ့လိုမှမဟုတ်ရင် အသွင်အပြင်တွေ ပြောင်းသွားပေမဲ့ သူတို့က မှတ်မိနေနိုင်သေးသည်လေ။
ကောင်းကင်စိတ်ကူးမိသားစုရဲ့ တပည့်တွေက မြစိမ်းရောင်နဂါးတောင်တွေဆီမှာ မကြာမကြာ လေ့ကျင့်လေ့ရှိတာမို့ ကောင်ကင်အနားသတ်မြို့က ကောင်းကင်စိတ်ကူးမိသားစုရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိသည်။ လှည့်လည်ခရီးသွား ခရီးသည်တွေ များပြားတဲ့အတွက်ကြောင့် ကောင်းကင်စိတ်ကူးမိသားစုက ကောင်းကင်အနားသတ်မြို့ ပြန်လည်တည်ဆောက်ရေးမှာ ငွေရေးကြေးရေး အထောက်အပံ့ ပံ့ပိုးပေးခဲ့၏။ ဖုန့်ရှီနဲ့အခြားသူတွေ တည်းခိုနေကြတဲ့ မြစိမ်းရောင်နဂါးတည်းခိုခန်းကလည်း ကောင်းကင်စိတ်ကူးမိသားစု ပိုင်ဆိုင်မှုပဲဖြစ်သည်။
ယွဲ့ယဲ*က ဖုန့်ရှီနဲ့ အဖွဲ့ မြစိမ်းရောင်နဂါးတည်းခိုခန်းမှာ တည်းခိုတာကို ကြားတော့ မြို့အရှင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်ပြီး သူ့သူငယ်ချင်း အဝတ်ဖြူဝတ်လူ ကျုံးဝူချင်းနဲ့အတူ မြစိမ်းရောင်နဂါးတည်းခိုခန်းဆီ ဦးတည်လိုက်ကြတော့သည်။ တည်းခိုခန်းဆိုင်ရှင်က ယွဲ့ယဲဘယ်သူဆိုတာ သိတာကြောင့် သူတို့အတွက် အဆင့်မြင့် အခန်းတစ်ခန်း အရံသင့်လုပ်ပေးဖို့ ဝန်ထမ်းတွေကို မှာတော့မယ့်အချိန်မှာပဲ ယွဲ့ယဲက ခေါင်းခါပြလိုက်တာကို သူတွေ့လိုက်ရသည်။
(T/N: အပိုင်း ၁၂၇ မှာတုန်းက ဟွမ်ရဲလို့ ရေးထားပေမဲ့ ဒီမှာ ယွဲ့ယဲဖြစ်သွားတာမို့ အဲ့အတိုင်းပဲ ဘာသာပြန်လိုက်ပါတယ်)
"အလွန့်အလွန်ကို သာမာန်ထက်ထူးခြားနေတဲ့ သွင်ပြင်ရှိတဲ့ လူသုံးယောက် ဒီကို လာခဲ့တယ်။ သူတို့ အခု ဘယ်မှာလဲ?"
ဆိုင်ရှင်က တန့်သွားပြီး သိပ်မကြာခင်တုန်းက ရောက်လာခဲ့တဲ့ လူသုံးယောက်အကြောင်းကို မြန်မြန်ပဲ မှတ်မိသွားတော့သည်။ သူတို့ထဲက တစ်ယောက်ရဲ့သွင်ပြင်က အလွန့်အလွန် ခန့်ညားချောမောနေသည်။ သူ အရင်က အဲ့လောက် သာမာန်ထက်ထူးခြားတဲ့လူမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးတာကြောင့် အဲ့တာကို မှတ်မှတ်ထင်ထင် ဖြစ်နေခဲ့တာဖြစ်သည်။ ဆိုင်ရှင်က ခပ်မြန်မြန် ခေါင်းညိတ်လိုက်ကာ၊ "သခင်လေး၊ သာမာန်ထက်ထူးခြားတဲ့ သွင်ပြင်ရှိတဲ့လူသုံးယောက် ရောက်လာခဲ့တာ ဟုတ်ပါတယ်။ သူတို့က အခု သီးသန့်ခန်းမှာ နားနေနေပါတယ်။"
"ငါတို့ကို အဲ့ကို ခေါ်သွားပေး။" ယွဲ့ယဲက အခိုင်အမာ တောင်းဆိုလိုက်သည်။
ဆိုင်ရှင်လည်း အမိန့်မလွန်ဆန်ရဲဘဲ ယွဲ့ယဲနဲ့ အဖြူနဲ့လူတို့ကို အပေါ်ထပ်ဆီ ချက်ချင်းပဲ ခေါ်ဆောင်သွားတော့သည်။ နောက်ဆုံးဘက်က သီးသန့်ခန်းရှေ့ ရောက်တဲ့အခါမှာ သူ ရပ်လိုက်ကာ၊ "သခင်လေး၊ သူတို့က အထဲမှာပါ။"
"မင်း အခု သွားလို့ရပြီ!" ယွဲ့ယဲက လက်ဝှေ့ယမ်းပြလိုက်ကာ သူ့ကို ထွက်သွားဖို့ အချက်ပြလိုက်၏။ ဆိုင်ရှင်လည်း တုန့်ဆိုင်းမနေတော့ဘဲ လှေကားကနေ အောက်ကို မြန်မြန် ဆင်းသွားတော့သည်။
ကျုံးဝူချင်းက ပြုံးလိုက်ကာ၊ "မင်း အခု တံခါးခေါက်လို့ ရပြီ!"
ယွဲ့ယဲက သူ့ကို စိုက်ကြည့်လိုက်၏။ တုန့်ဆိုင်းမှုမရှိဘဲ သူ့လက်ကို မြှောက်ကာ တံခါးခေါက်တော့မယ့်အချိန်မှာပဲ သီးသန့်ခန်းအတွင်းဘက်ကနေ စကားသံတစ်ခု ရုတ်တရက် ထွက်လာသည်၊ "တံခါးခေါက်စရာမလိုပါဘူး၊ ဝင်လာခဲ့!"
လူနှစ်ယောက်က အချင်းချင်း တစ်ခက်ကြည့်လိုက်ကာ အတွင်းကလူက သူတို့ရောက်နေတာကို သိသွားပြီးပြီလို့ တွေးလိုက်ကြသည်။ သိပ်တော့အံ့ဩစရာမဟုတ်။ အဲ့လောက် စွမ်းအားရှိတဲ့သူက အပြင်ဘက််မှာ ရပ်နေတဲ့ သူတို့ကို မသိဘူးဆိုရင် သူတို့ရဲ့ စွမ်းအားတွေကို မေးခွန်းထုတ်စရာ ဖြစ်နေမှာ။ ဒါပေမဲ့ အတွေးက အတွေးပါပဲ။ အခန်းထဲက ဧည့်သည်က ပြောလာတာမို့ ယွဲ့ယဲလည်း ထပ်စောင့်မနေတော့ချေ။ သူတို့ ဝင်မသွားဘူးဆိုရင် မယဉ်ကျေးရာ ရောက်နေမှာမို့ အဲ့လိုတွေးမိာတနဲ့အတူ သူက တံခါးကို တွန်းဖွင့် ဝင်သွားလိုက်၏။ ဒါပေမဲ့ သူ အတွင်းထဲက အခြေအနေကို ရှင်းရှင်းလင်းလင်း မကြည့်ရသေးခင်မှာပဲ အရာဝတ္ထုတစ်ခုက သူတို့ဆီ ဝဲပျံလာ၏။
ယွဲ့ယဲ ချက်ချင်းပဲ ရှောင်လိုက်နိုင်ပေမဲ့ သူ့အနောက်မှာ ရှိနေခဲ့တဲ့ ကျုံးဝူချင်းကတော့ အဲ့တာကို မျှော်လင့်မထားမိခဲ့ပေ။
ရိုက်မိသံတစ်ခုနဲ့အတူ အရာဝတ္ထုက သူ့မျက်နှာပေါ် ဘတ်ခနဲ သွားကပ်ကာ...
20210213; 1411
အပိုင္း ၁၂၈။ မ်က္ႏွာေျပာင္းျခင္း
မေတာ္တဆျဖစ္ရပ္ရဲ့ အက်ိဳးဆက္ေၾကာင့္ သူတို႔ဘယ္သြားသြား လူေတြက ခိုးၾကည့္ေနၾကသည္။
ဒါေပမဲ့ အဲ့အေပၚ ဖုန္႔ရွီတစ္ေယာက္ အလြန္႔အလြန္ကို မေက်မခ်မ္းျဖစ္ေနရသည္၊ အေၾကာင္းကေတာ့ လူတိုင္းလူတိုင္းက ခိုးၾကည့္ေနၾကတာက သူ႔ေခါင္းေဆာင္ကိုပင္။ သူတို႔ ေလၽွာက္လာၿပီဆိုတာနဲ႔ သူ႔မ်က္ႏွာ ပိုလို႔ မေပ်ာ္မရႊင္ျဖစ္လာရသည္။ တစ္စုံတစ္ေယာက္က အၾကည့္တစ္ခ်က္ ခိုးၾကည့္လိုက္တဲ့အခ်ိန္တိုင္း ဓါးသြားလိုထက္ရွတဲ့ သူ႔အၾကည့္တို႔က ဒိုင္းကနဲ ျပန္တုန္႔ျပန္ေပးလိုက္သည္။ ဒါေပမဲ့ အက်ိဳးဆက္ကေတာ့... သူ လ်စ္လ်ဴရွုခံရတာပါပဲ။
ငရဲမင္းႀကီးက အဲ့တာကို သဘာဝက်က်ကို ျမင္ၿပီးျဖစ္ေပမဲ့ အဲ့အေပၚ သိပ္ အာ႐ုံမထား။ တနည္းေျပာရမယ္ဆိုရင္ေတာ့ သူ အရမ္းကို စိတ္ခံစားခ်က္ ေကာင္းေနသည္ေလ။
သူတို႔ တည္းခိုဖို႔ရန္ ဟိုတယ္တစ္ခုမွာ အခန္းတစ္ခန္း ရလိုက္ၿပီးတဲ့ေနာက္မွာေတာ့ ငရဲမင္းႀကီးက ေနာက္ဆုံးေတာ့ ဖုန္႔ရွီရဲ့ ေခါင္းကို ပြတ္ၿပီး ပေဟဌိျဖစ္ေနတဲ့အသံနဲ႔ ေမးလိုက္၏၊ "ရွီဘာလို႔ ေဒါသထြက္ေနရတာလဲ? ေစာနကျဖစ္ရပ္အေပၚ ရွီ့ရဲ့ေဒါသေတြ အကုန္ မထြက္ခဲ့လိုက္ရလို႔လား?"
ကာလြမ္သလာက သူတို႔ႏွစ္ဦး လြတ္လြတ္လပ္လပ္နဲ႔ 'ႏွစ္ကိုယ္ၾကားစကား'ေတြ ဆိုလို႔ရေအာင္ လိမ္မာပါးနပ္စြာနဲ႔ ဆိုင္ပိုင္ရွင္ကို သြားၿပီးထြက္ရွာလိုက္ကာ အခန္းထဲကထြက္ခြါသြားလိုက္သည္။
ဖုန္႔ရွီက ငရဲမင္းႀကီးရဲ့ ေခ်ာေမာခန္႔ညားၿပီး သူမတူေအာင္ လွပတဲ့တဲ့မ်က္ႏွာကို ၾကည့္လိုက္ၿပီး သက္ျပင္းခ်လိုက္ကာ၊ "ေခါင္းေဆာင္၊ ကၽြန္ေတာ္ အေတာ္ကို အေလးအနက္ထားရမယ့္ျပႆနာတစ္ခု ရွာေဖြေတြ႕ရွိထားတယ္။"
ငရဲမင္းႀကီးက ဖုန္႔ရွီကို သူ႔ေပါင္ေပၚဆြဲတင္လိုက္သည္။ သူ႔မ်က္ႏွာထက္ အျပဳံးေရးေရးေလးတစ္ခု ေပၚလာၿပီး ႏွုတ္ခမ္းေထာင့္စြန္းတို႔ တြန္႔ေကြးသြားရကာ ေျပာလိုက္သည္၊ "ရွီက ဘယ္လိုမ်ိဳး အေလးအနက္ထားရမယ့္ျပႆနာမ်ိဳး ရွာေတြ႕ထားတာလဲ?"
ဖုန္႔ရွီက လွည့္လိုက္ၿပီး ေလးနက္ေပမဲ့ တင္းမာတဲ့မ်က္ႏွာထားနဲ႔ ငရဲမင္းႀကီးကို ၾကည့္လိုက္သည္။ သူ႔လက္ေခ်ာင္းေတြကို ဆန္႔ထုတ္လိုက္ၿပီး ေလးနက္တဲ့အမူအယာတို႔ စိတ္အားထက္သန္စြာ ထုတ္ျပလိုက္ရင္း၊ "ေခါင္းေဆာင္၊ ခန္႔ညားေခ်ာေမာလြန္းတာက အရမ္း ဒုကၡေရာက္ရတယ္လို႔ မထင္ဘူးလား?"
"ကိုယ္ေတာ္ေတာ့ အဲ့လို တစ္ခါမွ မေတြးမိပါဘူး။" ငရဲမင္းႀကီးရဲ့ လွပတဲ့ မ်က္ခုံးတို႔က အနည္းငယ္ျမင့္တက္သြားရကာ ေကာင္ေလးရဲ့ မ်က္ႏွာကို အနီးကပ္ ဆြဲယူ ၾကည့္ရွုလိုက္ၿပီး ျပဳံးရင္း ေျပာလိုက္သည္၊ "စိတ္မပူပါနဲ႔။ ရွီက အဲ့တာနဲ႔ပတ္သက္လို႔ ဘယ္ေတာ့မွ ဒုကၡေရာက္မွာမဟုတ္ပါဘူး။"
ဖုန္႔ရွီ၊ "..." သူဆိုလိုတာ အဲ့လိုမဟုတ္ဘူးေလ။
လူႏွစ္ေယာက္က အခ်င္းခ်င္း တစ္ေယာက္ကို တစ္ေယာက္ စိုက္ၾကည့္ေနၾကၿပီး အတန္ၾကာၿပီးေနာက္ ဖုန္႔ရွီက အရွုံးေပးဟန္နဲ႔ ေခါင္းငုံ႔သြားကာ ေမၽွာ္လင့္ခ်က္မဲ့ေနတဲ့ ကေလးငယ္ေလးတစ္ေယာက္ကို သင္ေပးေနသလိုမ်ိဳး ညႊန္ၾကားေျပာဆိုလိုက္သည္၊ "ေခါင္းေဆာင္၊ ကၽြန္ေတာ္က အရမ္းခ်စ္ဖို႔ေကာင္းတယ္ဆိုတာ သိပါတယ္၊ အဲ့တာေၾကာင့္ ေခါင္းေဆာင္ ကၽြန္ေတာ့ကို ဆက္ၿပီး စိုက္ၾကည့္ေနဖို႔ မလိုပါဘူး။ ၿပီးေတာ့ ကၽြန္ေတာ္ အခုေျပာေနတာကလည္း ကၽြန္ေတာ့အေၾကာင္း ေျပာေနတာမဟုတ္ဘူး။ ကၽြန္ေတာ္ဆိုလိုတာက ေခါင္းေဆာင္ကို။ လမ္းေပၚမွာတုန္းက လူေတြ ဘယ္ႏွစ္ေယာက္ေလာက္ကမ်ား ေခါင္းေဆာင္ကို ငမ္းေနခဲ့သလဲဆိုတာ သတိမထားမိဘူးလား? အဲ့တာေၾကာင့္ေျပာတာ၊ အရမ္းေခ်ာလြန္းရင္ ဒုကၡေရာက္ရတယ္လို႔။"
ငရဲမင္းႀကီးရဲ့ ႏွုတ္ခမ္းတို႔ အေပၚတြန္႔တက္သြားကာ ေျပာလိုက္၏၊ "ကိုယ္ေတာ္ေတာ့ အဲ့လိုျပႆနာမ်ိဳး အရင္က တစ္ခါမွ မၾကဳံခဲ့ဖူဘူး။"
ဖုန္႔ရွီက သက္ျပင္းခ်လိုက္၏၊ "ဒါေပမဲ့ အဲ့တာက ကၽြန္ေတာ့အတြက္ ျပႆနာေလ!"
ငရဲမင္းႀကီးရဲ့ မ်က္ႏွာထက္ ရွင္းသန္႔ေနတဲ့ အျပဳံးတစ္ခု ထင္ထင္ရွားရွား ေပၚထြက္လာသည္။ သူက ေကာင္ေလးကို စိတ္ႏွလုံးတစ္ခုလုံး ပုံအပ္ကာ ေငးၾကည့္ေနကာ ေကာင္ေလးရဲ့ ေခါင္းကို ပြတ္သပ္လိုက္ရင္း၊ "ရွီ အဲ့အတြက္ ဘာမွ စိုးရိမ္စရာမလိုပါဘူး။"
"ဘယ္လိုလုပ္ ျဖစ္နိုင္မွာလဲ?" ဖုန္႔ရွီက ငရဲမင္းႀကီး သိပ္အေလးမထားတာကို ျမင္ေတာ့ ခ်က္ခ်င္းပဲ ႏွုတ္ခမ္းေထာ္သြားကာ၊ "ေခါင္းေဆာင္က အရမ္းခန္႔ညားေခ်ာေမာလြန္ေတာ့ တျခားသူေတြက ေခါင္းေဆာင္ရဲ့အလွျမင္ၿပီး ရင္ခုန္သြားၾကမွာ ေသခ်ာေပါက္ပဲ။ ဒါေပမဲ့ ကၽြန္ေတာ္တစ္ေယာက္တည္းပဲ ေခါင္းေဆာင္ရဲ့အလွကို ရင္ခုန္နိုင္တယ္၊ အဲ့တာေၾကာင့္ ကၽြန္ေတာ္စိုးရိမ္တယ္၊ အရမ္းကို စိုးရိမ္တယ္။"
"အဲ့တာဆို ကိုယ္ေတာ္တို႔ မ်က္ႏွာေျပာင္းလိုက္ၾကရင္ေရာ?" ငရဲမင္းႀကီးက ေကာင္ေလးရဲ့ ပိုင္ဆိုင္လိုစိတ္အေပၚ အရမ္းကို ေပ်ာ္ရႊင္ေနရသည္။ ဖုန္႔ရွီေျပာတာကို သူၾကားၿပီးေနာက္မွာေတာ့ သူ႔မ်က္ႏွာေပၚက အျပဳံးတို႔က ပိုလို႔ ပီျပင္လာေတာ့သည္။ အဲ့တာေၾကာင့္ အဲဲ့ေခါင္းစဥ္ကို ဆက္မေျပာေတာ့ဘဲ ခဏေလာက္ ရပ္တန္႔လိုက္ၿပီး စဥ္းစားလိုက္သည္။ သူ အရင္က တစ္ခါမွ မ်က္ႏွာမေျပာင္းဖူးတာေတာ့မဟုတ္၊ ဒါေပမဲ့ ဟိုး အရင္ အလြန္ၾကာခဲ့တုန္းက မ်က္ႏွာေျပာင္းခဲ့တာက ငရဲျပည္ကထြက္တာနဲ႔ ေျပာင္းခဲ့တာ။ ဒီတစ္ႀကိမ္က သူ ငရဲျပည္က ထြက္ကတည္းက ႀကိဳေျပာင္းခဲ့တာမဟုတ္။
"မ်က္ႏွာေျပာင္းမယ္? ႐ုပ္ဆိုးဆိုးပုံအေနနဲ႔? ကၽြန္ေတာ္တို႔ မေျပာင္းခင္မွာ အျခားမ်က္ႏွာတစ္ခု လိုအပ္လား?" ဖုန္႔ရွီက အတန္ၾကာ စဥ္းစားလိုက္ေပမဲ့ သူ႔ေခါင္းေဆာင္ေျပာတဲ့ ႐ုပ္ဆိုးတဲ့မ်က္ႏွာဆိုတဲ့အႀကံက သူ႔အႀကံနဲ႔ တူရဲံလားဆိုတာ သူ မသိ။
"အဲ့ေလာက္ မရွုပ္ေထြးပါဘူး။" ငရဲမင္းႀကီးက ဖုန္႔ရွီအေရွ႕မွာပဲ သူ႔သြင္ျပင္ကို ေျပာင္းလဲလိုက္ရင္း ေျပာလိုက္သည္။
သူ ၾကည့္ေနစဥ္မွာပဲ ငရဲမင္းႀကီးရဲ့ နဖူးထဲမွာ ျမႇုပ္ထားတဲ့ ေက်ာက္မ်က္ရတနာက ေပ်ာက္သြားကာ သူ႔ရဲ့ခန္႔ညားေခ်ာေမာတဲ့မ်က္ႏွာကလည္း တျဖည္းျဖည္း ပိုပိုၿပီး ပညာသင္ေက်ာင္းသားတစ္ေယာက္လို ေျပာင္းလာသည္။ သူ႔သြင္ျပင္က သူ႔ရဲ့အရွိန္အဝါကိုေတာ့ မေဖ်ာက္ေပးနိုင္၊ သူ႔ႏွာရိုးကလည္း အရင္လိုပဲ ႏွာတံေပၚေပၚ ႏွာရိုးျမင့္ျမင့္နဲ႔ပဲျဖစ္ကာ သူ႔ရဲ့ပါးလႊာတဲ့ႏွုတ္ခမ္းထက္မွာ အျပဳံးေရးေရးေလးတစ္ခု တြန္႔ေကြးေနသည္ပင္။ သူ႔ရဲ့ စိတ္အေနအထားလည္းထင္ဟပ္ေနမွုဟာလည္း ေျပာင္းသြားၿပီး ပိုလို႔ ရင့္က်က္သန္႔စင္တဲ့သြင္ျပင္ ျဖစ္တည္ေနသည္။ ေမ့ဖို႔ခက္တဲ့မ်က္ႏွာဆိုေပမဲ့ ငရဲမင္းႀကီးရဲ့ အရင္မ်က္ႏွာနဲ႔ယွဥ္ရင္ေတာ့ အနည္းငယ္ ခ်ိဳ႕တဲ့ေန၏။ အေရးအႀကီးဆုံး ကြာျခားခ်က္ကေတာ့ သူ႔ရဲ့မ်က္ႏွာသြင္ျပင္က ပိုလို႔ ႏူးညံ့ေပ်ာ့ေျပာင္းလာၿပီး ႏူးညံ့တဲ့ခံစားခ်က္တို႔ ထုတ္လႊတ္ေနတာျဖစ္သည္။
ဖုန္႔ရွီက အေသအခ်ာ ဂ႐ုတစိုက္ ၾကည့္ရွုလိုက္ၿပီးေနာက္ စိတ္ေက်နပ္စြာနဲ႔ သူ႔ေခါင္ကို ညိတ္လိုက္ကာ၊ "ေကာင္းၿပီေလ၊
You are reading the story above: TeenFic.Net