🩺 Chapter 2.2

Background color
Font
Font size
Line height

🩺 Chapter 2.2

ရှန်းထင်းကျိုး မငြင်းပေ။ စုန့်ချင်းနင်၏လက်နှင့် ဂွမ်းလုံးကို အစားထိုးပြီးနောက် ဆေးနှစ်ခွက်ထုတ်ကာ တစ်နာရီအကြာတွင် သောက်ရန်နှင့် အခြားဆေးတစ်ခွက်ကို နောက်တစ်နေ့မနက် အစာအိမ်ထဲဘာမှမရှိခင် သောက်ဖို့ လီကျင့်ဟန်ကိုညွှန်ကြား လိုက်သည်။

ဆေးကို ကုတင်ဘေးစားပွဲပေါ်တင်လိုက်သောအခါ ရှန်းထင်းကျိုးသည် စုန့်ချင်းနင်၏လည်ပင်းတွင် အနီရောင်အမှတ်အသားကိုတွေ့လိုက်ရသည်။

စောစောက အလင်းရောင်မှိန်တဲ့နေရာမှာ မမြင်လိုက်ရသော်လည်း နောက်ဆုံးတော့ ဒီအချိန်မှာ သူမြင်လိုက်ရသည်။

နှစ်ဆယ့်ရှစ်နှစ်ကြာ သူတစ်ယောက်တည်းရှိနေခဲ့ပေမယ့် သူ ထင်တာမမှားရင် အဲဒီဟာက......

နေပါဦး၊ စုန့်ချင်းနင်၏ခင်ပွန်း၊ လီကျင့်ဟန်၏ဖခင်အရင်းဖြစ်သူသည် လွန်ခဲ့သည့်နှစ်လက လေယာဉ်ပျက်ကျမှုတွင်သေဆုံးသွားခဲ့ပြီး သူပင် ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သေးသည်။

တစ်ချက်တွေးကြည့်ရရင် စုန့်ချင်းနင်သည် လီကျင့်ဟန်၏အမျိုးသားမိထွေးဖြစ်သော်လည်း လီကျင့်ဟန်ထက် နှစ်နှစ်ငယ်နေသည်။

"နစ်မြှုပ်ခြင်း" တေးသွားသည် ရှန်းထင်းကျိုး၏ နားထဲတစ်ဖန်ထွက်ပေါ်လာသည်။

ရှန်းထင်းကျိုး : ..........

ဒီသီချင်းက အဆိပ်ပြင်းလွန်းတယ် သူ့ဝမ်းကွဲတင်ထားတဲ့ video ကလည်း အဆိပ်ပြင်းလွန်းတယ်။

တကယ်တော့ စုန့်ချင်းနင်က သူ့ထက်နှစ်နှစ်ငယ်ပြီး သူတို့က တူညီတဲ့အထက်တန်းကျောင်းပင် တက်ခဲ့ကြသေးသည်။

ရှန်းထင်းကျိုးသည် ဒီဂျူနီယာလေးအပေါ်ထင်မြင် ချက်တော့မရှိပေ။ သူတို့က ကျောင်းသားဟောင်းများဖြစ်ကြောင်း နောက်ဆုံးစုန့်ချင်းနင်ပြောပြသည့်အခါမှာသာ သူသိခဲ့ရသည်။

သူ့ဂျူနီယာလေး၏သိမ်မွေ့သော အသွင်အပြင်ကိုကြည့်ရင်း ရှန်းထင်းကျိုး သူ့နှလုံးသားကအရမ်းညစ်ပတ်လွန်းသည်ဟု မနေနိုင်စွာခံစားလိုက်ရသည်။

လီကျင့်ဟန်သည် အခြေခံအားဖြင့်ကျန်းမာသောကြောင့် ရှန်းထင်းကျိုး အကြာကြီးမနေခဲ့ပေ။

စုန့်ချင်းနင်သည် ရှန်းထင်းကျိုးနောက်မှ တံခါးဆီသို့လိုက်သွားကာ ချီတုံချတုံအမူအရာဖြင့် သူ့အားကြည့်နေသည်။

ရှန်းထင်းကျိုး : ???

ရှန်းထင်းကျိုးက အစမ်းသဘောမေးကြည့်လိုက်သည်။

" အခြားဘာရှိသေးလို့လဲ?? "

စုန့်ချင်းနင်က တံခါးလက်ကိုင်ကို ခဏလောက် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး ထို့နောက် ခေါင်းရမ်းလိုက်ကာ

" ဘာမှမဟုတ်ပါဘူး၊ လမ်းမှာ ဂရုစိုက်ပါ "

ရှန်းထင်းကျိုးသည် သူက လီကျင့်ဟန်နှင့်ပတ် သက်၍ စိတ်ပူနေကြောင်းမှန်းဆမိပြီး ထွက်မလာခင် ခဏလောက် နှစ်သိမ့်ပေးခဲ့သည်။

ဒီနေ့မှာ ရှန်းထင်းကျိုး ပင်ပန်းနွမ်းနယ်နေခဲ့တယ်။ သူအိမ်ပြန်ရောက်တော့ မနက် ၂ နာရီ ထိုးနေပြီ၊ နောက်တစ်နေ့မနက် ၉ နာရီအထိ သူတောက် လျှောက်အိပ်နေခဲ့သည်။

မနက်စာစားပြီးနောက် ရှန်းထင်းကျိုး ဖိနပ်ဗီရိုထဲမှ ကားသော့ကို ဆွဲယူလိုက်သည်။ သူထွက်သွားခါနီးမှာပဲ အိတ်ကပ်ထဲကဖုန်းမြည်လာခဲ့သည်။

ချင်စစ်: စစ်ဆေးမှုရလဒ်တွေ အားလုံးထွက်လာပြီ။ မင်းဘယ်အချိန် သူတို့ကို လာယူမလဲ ??

ရှန်းထင်းကျိုး စာပြန်လိုက်တယ်။

"ငါမကြာခင် အဲ့ဒီကို လာခဲ့မယ်"

ချင်စစ် စာမပြန်လာတော့ချေ။

ချင်စစ်သည် ရှန်းထင်းကျိုး၏ တက္ကသိုလ်က အခန်းဖော်ဖြစ်သည်။ ဘွဲ့ရပြီးနောက် ချင်စစ်သည် ပုဂ္ဂလိကဆေးရုံတစ်ခုတွင် လစာမြင့်မားသော အလုပ်တစ်ခုကို ရွေးချယ်ခဲ့စဉ် ရှန်းထင်းကျိုးသည် ချမ်းသာသောမိသားစုတစ်စုအတွက် သီးသန့်ဆရာ ဝန်ဖြစ်လာခဲ့သည်။

သူတို့သည် နှစ်များစွာတစ်လျှောက်လုံး အဆက်အ သွယ်မပြတ်ခဲ့ဘဲ ရံဖန်ရံခါစားသောက်ဖို့ တွေ့ဆုံခဲ့ကြသည်။

ရှန်းထင်းကျိုးသည် ဆေးရုံသို့ မိနစ်လေးဆယ်ကျော်ကြာလောက် ကားမောင်းသွားခဲ့သည်။

ဆေးခန်းတံခါးကို တွန်းဖွင့်လိုက်ရာ ရှန်းထင်းကျိုး သည် အဖြူရောင်ကုတ်အကျီဝတ်ဆင်ထားပြီး သူ့၏ရုံးခန်းထိုင်ခုံပေါ်တွင်ထိုင်ကာ လက်ထောက်ကို ညွှန်ကြားနေသည့် ချင်စစ်ကိုမြင်လိုက်ရသည်။

ရှန်းထင်းကျိုး တံခါးနားမှာ ခဏလောက် စောင့်နေလိုက်သည်။ ချင်စစ် သူ့အလုပ်တွေပြီးတာနဲ့ ရှန်းထင်းကျိုး အိတ်တစ်အိတ်ကိုင်ကာ လမ်းလျှောက် သွားလိုက်သည်။

စက္ကူအိတ်ပေါ်ရှိ အမှတ်တံဆိပ်လိုဂိုကို မြင်လိုက်ရတော့ ချင်စစ်၏မျက်လုံးများအနည်းငယ်တောက်ပလာကာ " Red Bakery ကို မင်းသွားခဲ့တာလား??"

ရှန်းထင်းကျိုးက စက္ကူအိတ်ကို ချင်စစ်အားကမ်းပေးလိုက်ကာ " မင်းအကြိုက်ဆုံးဒိုးနပ်နဲ့ ချောက လက်နှစ်လွှာချိစ်ကိတ် "

ချင်စစ် အချိုကြိုက်သော်လည်း သူ့မှာ ကြောင်ရှစ်ကောင်ရှိကတည်းက အိမ်မှာ အချိုတွေမသိမ်းဝံ့တော့ချေ။ သူ့၏ကြောင်မျိုးနွယ်အဖော်လေးတွေ သူတို့ကို မတော်တဆစားမိမှာကို စိုးရိမ်နေရသည်။

ချင်စစ်သည် ကျေနပ်စွာဖြင့် လက်ခံလိုက်ပြီး အံဆွဲထဲမှ ဆေးမှတ်တမ်းများအား ရှန်းထင်းကျိုးကို ကမ်းပေးလိုက်သည်။

ဒီမှတ်တမ်းက ရှန်းထင်းကျိုး၏တတိယမြောက် အလုပ်ရှင်အတွက်ဖြစ်သည်။

ဒီအလုပ်ရှင်မှာ ထူးခြားသောရုပ်ပိုင်းဆိုင်ရာအခြေ အနေရှိနေသည်။ သူသည် အမျိုးသားတစ်ယောက်ဖြစ်နေသော်လည်း ကိုယ်ဝန်ဆောင်နိုင်ပြီး အဆိုပါကိုယ်ဝန်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။

မနေ့ကရှန်းထင်းကျိုး သူ့အား အချို့သောအခြေခံစစ်ဆေးမှုများအတွက် ဒီဆေးရုံသို့ခေါ်လာပြီး ချင်စစ်ကတော့မှတ်တမ်းတွေကို ကူညီစီစဉ်ပေးခဲ့သည်။

ရှန်းထင်းကျိုး ဆေးမှတ်တမ်းတွေကို ဖွင့်လိုက်ပြီး ပြထားသည့်အရာမျိုးမျိုးကို လျင်မြန်စွာကြည့်လိုက်သည်။

အားလုံး အဆင်ပြေတယ်။ ကလေးရော၊ မိဘရော ကျန်းမာတယ်။

ချင်စစ် ချောကလက်ချိစ်ကိတ်ကို တမြုံ့မြုံ့ဝါးရင်း မေးလိုက်သည်။

"နေ့လည်စာ အတူတူစားချင်လား??"

ရှန်းထင်းကျိုးက စစ်ဆေးမှုမှတ်တမ်းကို ဖိုင်တွဲတစ်ခုထဲထည့်လိုက်ပြီး "နေ့လည်စာအကြောင်းထားလိုက်တော့၊ ငါဒီမှတ်တမ်း မစ္စတာစုကို အရင်ပို့ပေးရမှာ၊ ငါ အခုသွားတော့မယ်"

ချင်စစ်က သူ့ကိုအော်လိုက်တယ်။ "ခဏလေး"

ရှန်းထင်းကျိုး နောက်ပြန်လှည့်လိုက်ရာ

ချင်စစ်က ရှန်းထင်းကျိုးရှေ့မှာ သော့ချိတ်သုံးခုကို တွဲလောင်းချလိုက်ပြီး "မင်း တစ်ခုလောက် လိုချင်လား ? သူတို့ကို ကြောင်မွှေးတွေနဲ့ လုပ်ထားတာ"

ရှန်းထင်းကျိုး၏မျက်လုံးများသည် လှုပ်ယမ်းနေသော သော့ချိတ်များနောက်သို့လိုက်သွားကြသည်။ သူ့မှာသာ အမြီးတစ်ခုရှိရင် ပန်ကာလိုယမ်းနေလိမ့်မည်။

အိုး ဘုရားရေ

ချစ်ဖို့ကောင်းလိုက်တာ!!!

ချင်စစ်သည် တြိဂံပုံနားရွက်များနှင့် အပြာရောင်မျက်လုံးကြီးများ အစုံအလင်ရှိနေသော ကြောင်ခေါင်းလုံးလုံးလေးကဲ့သို့ ပုံဖော်ထားသည်။

တစ်ခုမှာ ငွေရောင်ကြောင်မွှေးနဲ့ လုပ်ထားတဲ့ လေးတစ်ခုပင်ရှိနေသည်။

ရှန်းထင်းကျိုးသည် ဝမ်းသာအားရအော်ဟစ်ချင်သော်လည်း စိတ်တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။ သူစိတ်မပါ့တပါ ပြောလိုက်တယ်။

"သူတို့ထဲက ဘယ်ဟာနေနေအဆင်ပြေတယ်"

ရှန်းထင်းကျိုး အဖက်မလုပ်ဟန်ဆောင်နေတာကို မြင်ရတော့ ချင်စစ်က သဘောမကျသလို သူ့လျှာကိုဖြောက်ခနဲမြည်စေလိုက်သည်။

ခေါင်းအေးအေးထားဖို့ ကြိုးစားနေတုန်းလား၊
ဟမ့် ??

ချင်စစ် ရှန်းထင်းကျိုးကို မစနောက်ခင်မှာ သူ့စားပွဲပေါ်ရှိဖုန်းက မြည်လာသည်။ စာရင်းဝင်ကုမ္ပဏီတစ်ခု၏ ဒုဥက္ကဌဖြစ်သူ၊ မနက်ပိုင်းတွင် ချိန်းဆိုရန် စီစဉ်ထားသော အရမ်းအရေးကြီးသည့် လူနာတစ်ဦးထံမှဖြစ်သည်။

ချင်စစ် ဖုန်းပြန်ဖြေလိုက်သည်။

မမျှော်လင့်ထားသည့် ကိစ္စတစ်ခု ဒီမနက်ခင်းမှာ ရှိနေတယ်လို့ ဒုဥက္ကဌ၏လက်ထောက်က ဖုန်းဆက်ပြီး နေ့လည်ပိုင်းကို ချိန်းပေးဖို့တောင်းဆိုခဲ့သည်။

ချင်စစ်သည် လက်ထောက်နှင့် အနည်းငယ်ညှိနှိုင်း ၍ ဖုန်းပြောပြီးသွားသောအခါ ရှန်းထင်းကျိုး ရုံးခန်းထဲမှာ မရှိတော့ပေ။ ချင်စစ် ဒုက္ခခံ၍ ပြုလုပ်ထားသော သော့ချိတ်သုံးခုလည်း မရှိတော့ပေ။

ချင်စစ်:.......

ဒီလူယုတ်မာက ဘယ်က နေရောက်လာတာလဲ?? တစ်ခုတောင်မချန်ခဲ့ဘဲ အားလုံးကိုယူသွားတယ်။

ဆေးရုံကနေထွက်လာပြီးတော့ ရှန်းထင်းကျိုးက ကြောင်သားမွှေးသော့ချိတ်လေးကို သူ့သော့တွေမှာ စိတ်အားထက်သန်စွာချိတ်လိုက်သည်။

အရမ်းချစ်စရာကောင်းတယ်၊ တကယ်ကို အရမ်းချစ်စရာကောင်းတယ်။

Ssshhhh

ရှန်းထင်းကျိုးသည် သူ့ကား၏နောက်ကြည့်မှန်ပေါ်တွင် နောက်တစ်ခုကို ချိတ်ဆွဲလိုက်တယ်။ မီးနီနေချိန်တိုင်းမှာ သူ တောင့်မခံနိုင်ဘဲကြောင်ခေါင်းလေးကိုပုတ်လိုက်သေးသည်။

ဒီလို နူးညံ့တဲ့အမွှေးတွေနဲ့ ကြောင်လိုချစ်စရာကောင်းတဲ့သက်ရှိမျိုး ဘယ်လိုများရှိနေနိုင်တာလဲ ??

ဒါဟာ လုံးဝကို အလွယ်တကူမထိန်းနိုင်အောင် ဖြစ်ခဲ့တယ်။

သူအငြိမ်းစားယူပြီးတာနဲ့ ချင်စစ်လို ကြောင်တွေအုပ်စုလိုက် မွေးမြူမယ်လို့ ဆုံးဖြတ်လိုက်သည်။ ကြောင်ချေးကျုံးသူတစ်ယောက်အနေနဲ့ ဘယ် လောက်တောင်ပျော်ရွှင်နေမလဲဆိုတာ သူစိတ်ကူးမယဉ်ဘဲမနေနိုင်ခဲ့ချေ။








🩺 Chapter 2.2

ရွန္းထင္းက်ိဳး မျငင္းေပ။ စုန႔္ခ်င္းနင္၏လက္ႏွင့္ ဂြမ္းလုံးကို အစားထိုးၿပီးေနာက္ ေဆးႏွစ္ခြက္ထုတ္ကာ တစ္နာရီအၾကာတြင္ ေသာက္ရန္ႏွင့္ အျခားေဆးတစ္ခြက္ကို ေနာက္တစ္ေန႕မနက္ အစာအိမ္ထဲဘာမွမရွိခင္ ေသာက္ဖို႔ လီက်င့္ဟန္ကိုၫႊန္ၾကား လိုက္သည္။

ေဆးကို ကုတင္ေဘးစားပြဲေပၚတင္လိုက္ေသာအခါ ရွန္းထင္းက်ိဳးသည္ စုန႔္ခ်င္းနင္၏လည္ပင္းတြင္ အနီေရာင္အမွတ္အသားကိုေတြ႕လိုက္ရသည္။

ေစာေစာက အလင္းေရာင္မွိန္တဲ့ေနရာမွာ မျမင္လိုက္ရေသာ္လည္း ေနာက္ဆုံးေတာ့ ဒီအခ်ိန္မွာ သူျမင္လိုက္ရသည္။

ႏွစ္ဆယ့္ရွစ္ႏွစ္ၾကာ သူတစ္ေယာက္တည္းရွိေနခဲ့ေပမယ့္ သူ ထင္တာမမွားရင္ အဲဒီဟာက......

ေနပါဦး၊ စုန႔္ခ်င္းနင္၏ခင္ပြန္း၊ လီက်င့္ဟန္၏ဖခင္အရင္းျဖစ္သူသည္ လြန္ခဲ့သည့္ႏွစ္လက ေလယာဥ္ပ်က္က်မႈတြင္ေသဆုံးသြားခဲ့ၿပီး သူပင္ ဈာပနအခမ္းအနားကို တက္ေရာက္ခဲ့ေသးသည္။

တစ္ခ်က္ေတြးၾကည့္ရရင္ စုန႔္ခ်င္းနင္သည္ လီက်င့္ဟန္၏အမ်ိဳးသားမိေထြးျဖစ္ေသာ္လည္း လီက်င့္ဟန္ထက္ ႏွစ္ႏွစ္ငယ္ေနသည္။

"နစ္ျမႇုပ္ျခင္း" ေတးသြားသည္ ရွန္းထင္းက်ိဳး၏ နားထဲတစ္ဖန္ထြက္ေပၚလာသည္။

ရွန္းထင္းက်ိဳး : ..........

ဒီသီခ်င္းက အဆိပ္ျပင္းလြန္းတယ္ သူ႕ဝမ္းကြဲတင္ထားတဲ့ video ကလည္း အဆိပ္ျပင္းလြန္းတယ္။

တကယ္ေတာ့ စုန႔္ခ်င္းနင္က သူ႕ထက္ႏွစ္ႏွစ္ငယ္ၿပီး သူတို႔က တူညီတဲ့အထက္တန္းေက်ာင္းပင္ တက္ခဲ့ၾကေသးသည္။

ရွန္းထင္းက်ိဳးသည္ ဒီဂ်ဴနီယာေလးအေပၚထင္ျမင္ ခ်က္ေတာ့မရွိေပ။ သူတို႔က ေက်ာင္းသားေဟာင္းမ်ားျဖစ္ေၾကာင္း ေနာက္ဆုံးစုန႔္ခ်င္းနင္ေျပာျပသည့္အခါမွာသာ သူသိခဲ့ရသည္။

သူ႕ဂ်ဴနီယာေလး၏သိမ္ေမြ႕ေသာ အသြင္အျပင္ကိုၾကည့္ရင္း ရွန္းထင္းက်ိဳး သူ႕ႏွလုံးသားကအရမ္းညစ္ပတ္လြန္းသည္ဟု မေနနိုင္စြာခံစားလိုက္ရသည္။

လီက်င့္ဟန္သည္ အေျခခံအားျဖင့္က်န္းမာေသာေၾကာင့္ ရွန္းထင္းက်ိဳး အၾကာႀကီးမေနခဲ့ေပ။

စုန႔္ခ်င္းနင္သည္ ရွန္းထင္းက်ိဳးေနာက္မွ တံခါးဆီသို႔လိုက္သြားကာ ခ်ီတုံခ်တဳံအမူအရာျဖင့္ သူ႕အားၾကည့္ေနသည္။

ရွန္းထင္းက်ိဳး : ???

ရွန္းထင္းက်ိဳးက အစမ္းသေဘာေမးၾကည့္လိုက္သည္။

" အျခားဘာရွိေသးလို႔လဲ?? "

စုန႔္ခ်င္းနင္က တံခါးလက္ကိုင္ကို ခဏေလာက္ တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္လိုက္ၿပီး ထို႔ေနာက္ ေခါင္းရမ္းလိုက္ကာ

" ဘာမွမဟုတ္ပါဘူး၊ လမ္းမွာ ဂ႐ုစိုက္ပါ "

ရွန္းထင္းက်ိဳးသည္ သူက လီက်င့္ဟန္ႏွင့္ပတ္ သက္၍ စိတ္ပူေနေၾကာင္းမွန္းဆမိၿပီး ထြက္မလာခင္ ခဏေလာက္ ႏွစ္သိမ့္ေပးခဲ့သည္။

ဒီေန႕မွာ ရွန္းထင္းက်ိဳး ပင္ပန္းႏြမ္းနယ္ေနခဲ့တယ္။ သူအိမ္ျပန္ေရာက္ေတာ့ မနက္ ၂ နာရီ ထိုးေနၿပီ၊ ေနာက္တစ္ေန႕မနက္ ၉ နာရီအထိ သူေတာက္ ေလွ်ာက္အိပ္ေနခဲ့သည္။

မနက္စာစားၿပီးေနာက္ ရွန္းထင္းက်ိဳး ဖိနပ္ဗီရိုထဲမွ ကားေသာ့ကို ဆြဲယူလိုက္သည္။ သူထြက္သြားခါနီးမွာပဲ အိတ္ကပ္ထဲကဖုန္းျမည္လာခဲ့သည္။

ခ်င္စစ္: စစ္ေဆးမႈရလဒ္ေတြ အားလုံးထြက္လာၿပီ။ မင္းဘယ္အခ်ိန္ သူတို႔ကို လာယူမလဲ ??

ရွန္းထင္းက်ိဳး စာျပန္လိုက္တယ္။

"ငါမၾကာခင္ အဲ့ဒီကို လာခဲ့မယ္"

ခ်င္စစ္ စာမျပန္လာေတာ့ေခ်။

ခ်င္စစ္သည္ ရွန္းထင္းက်ိဳး၏ တကၠသိုလ္က အခန္းေဖာ္ျဖစ္သည္။ ဘြဲ႕ရၿပီးေနာက္ ခ်င္စစ္သည္ ပုဂၢလိကေဆး႐ုံတစ္ခုတြင္ လစာျမင့္မားေသာ အလုပ္တစ္ခုကို ေ႐ြးခ်ယ္ခဲ့စဥ္ ရွန္းထင္းက်ိဳးသည္ ခ်မ္းသာေသာမိသားစုတစ္စုအတြက္ သီးသန႔္ဆရာ ဝန္ျဖစ္လာခဲ့သည္။

သူတို႔သည္ ႏွစ္မ်ားစြာတစ္ေလွ်ာက္လုံး အဆက္အ သြယ္မျပတ္ခဲ့ဘဲ ရံဖန္ရံခါစားေသာက္ဖို႔ ေတြ႕ဆုံခဲ့ၾကသည္။

ရွန္းထင္းက်ိဳးသည္ ေဆး႐ုံသို႔ မိနစ္ေလးဆယ္ေက်ာ္ၾကာေလာက္ ကားေမာင္းသြားခဲ့သည္။

ေဆးခန္းတံခါးကို တြန္းဖြင့္လိုက္ရာ ရွန္းထင္းက်ိဳး သည္ အျဖဴေရာင္ကုတ္အက်ီဝတ္ဆင္ထားၿပီး သူ႕၏႐ုံးခန္းထိုင္ခုံေပၚတြင္ထိုင္ကာ လက္ေထာက္ကို ၫႊန္ၾကားေနသည့္ ခ်င္စစ္ကိုျမင္လိုက္ရသည္။

ရွန္းထင္းက်ိဳး တံခါးနားမွာ ခဏေလာက္ ေစာင့္ေနလိုက္သည္။ ခ်င္စစ္ သူ႕အလုပ္ေတြၿပီးတာနဲ႕ ရွန္းထင္းက်ိဳး အိတ္တစ္အိတ္ကိုင္ကာ လမ္းေလွ်ာက္ သြားလိုက္သည္။

စကၠဴအိတ္ေပၚရွိ အမွတ္တံဆိပ္လိုဂိုကို ျမင္လိုက္ရေတာ့ ခ်င္စစ္၏မ်က္လုံးမ်ားအနည္းငယ္ေတာက္ပလာကာ " Red Bakery ကို မင္းသြားခဲ့တာလား??"

ရွန္းထင္းက်ိဳးက စကၠဴအိတ္ကို ခ်င္စစ္အားကမ္းေပးလိုက္ကာ " မင္းအႀကိဳက္ဆုံးဒိုးနပ္နဲ႕ ေခ်ာက လက္ႏွစ္လႊာခ်ိစ္ကိတ္ "

ခ်င္စစ္ အခ်ိဳႀကိဳက္ေသာ္လည္း သူ႕မွာ ေၾကာင္ရွစ္ေကာင္ရွိကတည္းက အိမ္မွာ အခ်ိဳေတြမသိမ္းဝံ့ေတာ့ေခ်။ သူ႕၏ေၾကာင္မ်ိဳးႏြယ္အေဖာ္ေလးေတြ သူတို႔ကို မေတာ္တဆစားမိမွာကို စိုးရိမ္ေနရသည္။

ခ်င္စစ္သည္ ေက်နပ္စြာျဖင့္ လက္ခံလိုက္ၿပီး အံဆြဲထဲမွ ေဆးမွတ္တမ္းမ်ားအား ရွန္းထင္းက်ိဳးကို ကမ္းေပးလိုက္သည္။

ဒီမွတ္တမ္းက ရွန္းထင္းက်ိဳး၏တတိယေျမာက္ အလုပ္ရွင္အတြက္ျဖစ္သည္။

ဒီအလုပ္ရွင္မွာ ထူးျခားေသာ႐ုပ္ပိုင္းဆိုင္ရာအေျခ အေနရွိေနသည္။ သူသည္ အမ်ိဳးသားတစ္ေယာက္ျဖစ္ေနေသာ္လည္း ကိုယ္ဝန္ေဆာင္နိုင္ၿပီး အဆိုပါကိုယ္ဝန္မွာ သုံးလခန႔္ရွိေနၿပီျဖစ္သည္။

မေန႕ကရွန္းထင္းက်ိဳး သူ႕အား အခ်ိဳ႕ေသာအေျခခံစစ္ေဆးမႈမ်ားအတြက္ ဒီေဆး႐ုံသို႔ေခၚလာၿပီး ခ်င္စစ္ကေတာ့မွတ္တမ္းေတြကို ကူညီစီစဥ္ေပးခဲ့သည္။

ရွန္းထင္းက်ိဳး ေဆးမွတ္တမ္းေတြကို ဖြင့္လိုက္ၿပီး ျပထားသည့္အရာမ်ိဳးမ်ိဳးကို လ်င္ျမန္စြာၾကည့္လိုက္သည္။

အားလုံး အဆင္ေျပတယ္။ ကေလးေရာ၊ မိဘေရာ က်န္းမာတယ္။

ခ်င္စစ္ ေခ်ာကလက္ခ်ိစ္ကိတ္ကို တၿမဳံ႕ၿမဳံ႕ဝါးရင္း ေမးလိုက္သည္။

"ေန႕လည္စာ အတူတူစားခ်င္လား??"

ရွန္းထင္းက်ိဳးက စစ္ေဆးမႈမွတ္တမ္းကို ဖိုင္တြဲတစ္ခုထဲထည့္လိုက္ၿပီး "ေန႕လည္စာအေၾကာင္းထားလိုက္ေတာ့၊ ငါဒီမွတ္တမ္း မစၥတာစုကို အရင္ပို႔ေပးရမွာ၊ ငါ အခုသြားေတာ့မယ္"

ခ်င္စစ္က သူ႕ကိုေအာ္လိုက္တယ္။ "ခဏေလး"

ရွန္းထင္းက်ိဳး ေနာက္ျပန္လွည့္လိုက္ရာ

ခ်င္စစ္က ရွန္းထင္းက်ိဳးေရွ႕မွာ ေသာ့ခ်ိတ္သုံးခုကို တြဲေလာင္းခ်လိဳက္ၿပီး "မင္း တစ္ခုေလာက္ လိုခ်င္လား ? သူတို႔ကို ေၾကာင္ေမႊးေတြနဲ႕ လုပ္ထားတာ"

ရွန္းထင္းက်ိဳး၏မ်က္လုံးမ်ားသည္ လႈပ္ယမ္းေနေသာ ေသာ့ခ်ိတ္မ်ားေနာက္သို႔လိုက္သြားၾကသည္။ သူ႕မွာသာ အၿမီးတစ္ခုရွိရင္ ပန္ကာလိုယမ္းေနလိမ့္မည္။

အိုး ဘုရားေရ

ခ်စ္ဖို႔ေကာင္းလိုက္တာ!!!

ခ်င္စစ္သည္ ႀတိဂံပုံနား႐ြက္မ်ားႏွင့္ အျပာေရာင္မ်က္လုံးႀကီးမ်ား အစုံအလင္ရွိေနေသာ ေၾကာင္ေခါင္းလုံးလုံးေလးကဲ့သို႔ ပုံေဖာ္ထားသည္။

တစ္ခုမွာ ေငြေရာင္ေၾကာင္ေမႊးနဲ႕ လုပ္ထားတဲ့ ေလးတစ္ခုပင္ရွိေနသည္။

ရွန္းထင္းက်ိဳးသည္ ဝမ္းသာအားရေအာ္ဟစ္ခ်င္ေသာ္လည္း စိတ္တည္ၿငိမ္ေအာင္ ထိန္းနိုင္ခဲ့သည္။ သူစိတ္မပါ့တပါ ေျပာလိုက္တယ္။

"သူတို႔ထဲက ဘယ္ဟာေနေနအဆင္ေျပတယ္"

ရွန္းထင္းက်ိဳး အဖက္မလုပ္ဟန္ေဆာင္ေနတာကို ျမင္ရေတာ့ ခ်င္စစ္က သေဘာမက်သလို သူ႕လွ်ာကိုေျဖာက္ခနဲျမည္ေစလိုက္သည္။

ေခါင္းေအးေအးထားဖို႔ ႀကိဳးစားေနတုန္းလား၊
ဟမ့္ ??

ခ်င္စစ္ ရွန္းထင္းက်ိဳးကို မစေနာက္ခင္မွာ သူ႕စားပြဲေပၚရွိဖုန္းက ျမည္လာသည္။ စာရင္းဝင္ကုမၸဏီတစ္ခု၏ ဒုဥကၠဌျဖစ္သူ၊ မနက္ပိုင္းတြင္ ခ်ိန္းဆိုရန္ စီစဥ္ထားေသာ အရမ္းအေရးႀကီးသည့္ လူနာတစ္ဦးထံမွျဖစ္သည္။

ခ်င္စစ္ ဖုန္းျပန္ေျဖလိုက္သည္။

မေမွ်ာ္လင့္ထားသည့္ ကိစၥတစ္ခု ဒီမနက္ခင္းမွာ ရွိေနတယ္လို႔ ဒုဥကၠဌ၏လက္ေထာက္က ဖုန္းဆက္ၿပီး ေန႕လည္ပိုင္းကို ခ်ိန္းေပးဖို႔ေတာင္းဆိုခဲ့သည္။

ခ်င္စစ္သည္ လက္ေထာက္ႏွင့္ အနည္းငယ္ညွိႏွိုင္း ၍ ဖုန္းေျပာၿပီးသြားေသာအခါ ရွန္းထင္းက်ိဳး ႐ုံးခန္းထဲမွာ မရွိေတာ့ေပ။ ခ်င္စစ္ ဒုကၡခံ၍ ျပဳလုပ္ထားေသာ ေသာ့ခ်ိတ္သုံးခုလည္း မရွိေတာ့ေပ။

ခ်င္စစ္:.......

ဒီလူယုတ္မာက ဘယ္က ေနေရာက္လာတာလဲ?? တစ္ခုေတာင္မခ်န္ခဲ့ဘဲ အားလုံးကိုယူသြားတယ္။

ေဆး႐ုံကေနထြက္လာၿပီးေတာ့ ရွန္းထင္းက်ိဳးက ေၾကာင္သားေမႊးေသာ့ခ်ိတ္ေလးကို သူ႕ေသာ့ေတြမွာ စိတ္အားထက္သန္စြာခ်ိတ္လိုက္သည္။

အရမ္းခ်စ္စရာေကာင္းတယ္၊ တကယ္ကို အရမ္းခ်စ္စရာေကာင္းတယ္။

Ssshhhh

ရွန္းထင္းက်ိဳးသည္ သူ႕ကား၏ေနာက္ၾကည့္မွန္ေပၚတြင္ ေနာက္တစ္ခုကို ခ်ိတ္ဆြဲလိုက္တယ္။ မီးနီေနခ်ိန္တိုင္းမွာ သူ ေတာင့္မခံနိုင္ဘဲေၾကာင္ေခါင္းေလးကိုပုတ္လိုက္ေသးသည္။

ဒီလို ႏူးညံ့တဲ့အေမႊးေတြနဲ႕ ေၾကာင္လိုခ်စ္စရာေကာင္းတဲ့သက္ရွိမ်ိဳး ဘယ္လိုမ်ားရွိေနနိုင္တာလဲ ??

ဒါဟာ လုံးဝကို အလြယ္တကူမထိန္းနိုင္ေအာင္ ျဖစ္ခဲ့တယ္။

သူအၿငိမ္းစားယူၿပီးတာနဲ႕ ခ်င္စစ္လို ေၾကာင္ေတြအုပ္စုလိုက္ ေမြးျမဴမယ္လို႔ ဆုံးျဖတ္လိုက္သည္။ ေၾကာင္ေခ်းက်ဳံးသူတစ္ေယာက္အေနနဲ႕ ဘယ္ ေလာက္ေတာင္ေပ်ာ္႐ႊင္ေနမလဲဆိုတာ သူစိတ္ကူးမယဥ္ဘဲမေနနိုင္ခဲ့ေခ်။


You are reading the story above: TeenFic.Net