🩺 Chapter 3

Background color
Font
Font size
Line height

🩺 Chapter 3

ရှန်းထင်းကျိုးသည် သူ့ တတိယမြောက်အလုပ် ရှင်၏ဗီလာကိုသော့ဖွင့်ရန် လက်ဗွေရာကိုသုံးလိုက်သည်။ ကိုယ်ဝန်သုံးလရှိနေပြီဖြစ်သော အမျိုးသားသည် စင်မြင့်တစ်ခုပေါ်မှတစ်စုံ တစ်ရာကို လှမ်းယူရန်ကြိုး‌စားနေပြီး ရွှေ့ပြောင်းနိုင်သောလှေကားထက်ပြုတ်ကျလုနီးပါး မတ်တပ်ရပ်နေခဲ့သည်။

ရှန်းထင်းကျိုး၏နှလုံးသည် ထိတ်လန့်တကြားရပ်တန့်လုနီးပါးဖြစ်သွားခဲ့ရသည်။ ကိုယ်ဝန်ရှိနေသည့် အမျိုးသားလန့်ပြီး လှေကားပေါ်မှပြုတ်ကျမည်စိုးရိမ်သဖြင့် မအော်ဝံ့ပေ။

စုယွီသည်ခြေသံကြားလိုက်ပြီး သူ့ခေါင်းကိုလှည့်လာကာ သူ့မျက်လုံးများသည်အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

"ဒေါက်တာရှန်း"

ရှန်းထင်းကျိုး လျှောက်သွားလိုက်ပြီး လှေကားကို တည်ငြိမ်အောင်ထိန်းလိုက်သည်။

"မင်း ဘာလိုလို့လဲ ? ငါမင်းအတွက် ယူပေးမယ်လေ"

စုယွီသည် အပြာနုရောင် အကျီလက်ရှည်ကို ဝတ်ဆင်ထားပြီး သူ့ဝမ်းဗိုက်သည် အနီးကပ်ကြည့်မှသာမြင်ရရုံမျှရှိသည့် အနည်းငယ်သောအခုံး‌ကိုသာလျှင်ပြသနေသည်။

သူ့ဗိုက်ကို သူထိလိုက်ပြီး

"ကောင်းပါပြီ၊ ကျေးဇူးပါ၊ ဒေါက်တာရှန်း"

စုယွီ မတော်တဆဖြစ်မည်ကြောက်သဖြင့် ရှန်းထင်းကျိုး သူလှေကားမှဆင်းလာဖို့ကူညီရန် သူ့၏လက်ကိုသဘာဝအလျောက်ဆန့်ထုတ်လိုက်သည်။

စုယွီ ကြမ်းပြင်ပေါ်သို့ ဘေးကင်းစွာ ရောက်သွားမှသာ ရှန်းထင်းကျိုးက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မေးလိုက်တယ်။

"မင်း ဘာရှာနေတာလဲ?"

"ကျွန်တော် အစိမ်းရောင်ခရီးဆောင်အိတ်တစ်လုံးရှာနေတာ၊ အဲ့ဒါက ညီလေးအာ့ယန်ရဲ့ဟာလေ၊ အဲ့ဒါက ဗီရိုရဲ့ထိပ်ဆုံးထပ်မှာရှိနေတာကို ကျွန်တော်မှတ်မိတယ်"

ရှန်းထင်းကျိုးသည် လှေကားပေါ်တက်လိုက်ပြီး ဗီရိုကိုရှာလိုက်သည်။ "ဒီမှာ ခရီးဆောင်အိတ်မရှိဘူး"

စုယွီက အံ့အားသင့်သံဖြင့် တုံ့ပြန်လိုက်တယ်။ "မရှိဘူးလား?? အဲဒါဆို ဒီထဲမှာ မဟုတ်လောက်တာ ဖြစ်နိုင်တယ်"

‌နောက်ထပ်သေချာအောင် ကြည့်လိုက်ပြီး ခရီးဆောင်အိတ်မရှိကြောင်း အတည်ပြုပြီးနောက် ရှန်းထင်းကျိုးသည် လှေကားမှဆင်းလာခဲ့သည်။ သူဆင်းနေစဉ်တွင် သူ့၏တံတောင်ဆစ်သည်ကျယ် လောင်သောမြည်သံနှင့်အတူ ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည့်တစ်စုံတစ်ခုကို မတော်တဆတိုက်မိသွားသည်။

ရှန်းထင်းကျိုး လန့်သွားပြီးအမြန်ဆင်းလိုက်ရသည်။

ထိုအရာသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် အကွာအဝေးနည်းနည်းထိလိမ့်ထွက်သွားသည်။

ရှန်းထင်းကျိုးသည် ပြုတ်ကျသွားသောအရာရှိတဲ့ ဆိုဖာခုံနောက်ကို လိုက်သွားပြီး ကောက်ယူဖို့ ကိုင်းညွှတ်လိုက်သောအခါ သွယ်လျသောလက်တစ်စုံက ၎င်းကို ဦးစွာဆုပ်ကိုင်လိုက်သည်။

သူ မော့ကြည့်လိုက်တော့ ဆွဲဆောင်မှုရှိသော ဗာဒံစေ့ပုံသဏ္ဍာန် မျက်ဝန်းတစ်စုံနဲ့တွေ့ဆုံသွားသည်။

ယွီမင်ယန် မတ်မတ်ရပ်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များမှအပြုံးတစ်ခုကိုပြသနေသည်။

" ဒီဟာကို..... ငါ လုပ်လိုက်ပါ့မယ်"

"ဟုတ်တယ်၊ ဒေါက်တာရှန်း" ၊ စုယွီက အနီးသို့ ချဉ်းကပ်လာပြီး သူ့မျက်လုံးများမှာ ကျီစယ်သည့်သဘောဖြင့် တဖျတ်ဖျတ်လက်နေတယ်။

"ဒါက ခင်ဗျားမထိသင့်တဲ့ အရာပဲ"

ရှန်းထင်းကျိုး အဲ့ဒီအရာကိုမြင်လိုက်ရရင်လို့ တွေးမိသွားသည်။

စုယွီသည် သူ၏အမူအရာကိုပုံမှန်အတိုင်းလျင်မြန်စွာပြောင်းလိုက်ကာ သူ့၏မျက်လုံးများက အပြစ်ကင်းစင်မှုနှင့်အတူတွန့်လိပ်နေ၍ ရွှင်လန်းတက်ကြွစွာပြောလာခဲ့သည်။

"ဒေါက်တာရှန်း၊ ကျွန်တော် ကလေးပစ္စည်းတွေ အများကြီးဝယ်ခဲ့တယ်။ ဝယ်ခဲ့တာ မှန်လားဆိုတာ ကြည့်ပေးလို့ရမလား"

သူ ကလေးကစားခန်းဆီသို့ ပစ္စည်းတွေယူလာရန် အမြန်သွားလိုက်သည်။

ယွီမင်ယန်သည် အနီးနားရှိ အံဆွဲကိုနောက်သို့လှည့်မဖွင့်ခင် စုယွီ၏နောက်ကြောင်းပြန်လှည့်သွားပုံကို အပြုံးတစ်ခုနှင့် ကြည့်လိုက်သည်။

ရှန်းထင်းကျိုး တစ်ချက်အမြန်ကြည့်လိုက်ရာ အံဆွဲထဲလက်ထိတ်တွေနှင့်ပြည့်နေသည်ကို မြင်လိုက်ရသည်။

ရှန်းထင်းကျိုး :!!!

ယွီမင်ယန်သည် မပိတ်ခင် သူ့လက်ထဲမှအရာကို အံဆွဲထဲသို့ သာမန်ကာလျှံကာပစ်ထည့်လိုက်သည်။

ရှန်းထင်းကျိုး စောစောကဘာပြုတ်ကျသွားလဲဆိုတာကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရဘဲ အဝါရောင်၊ ရော်ဘာလို လက်ဖဝါးအရွယ်အစားလောက် အမြီးတစ်ခုနှင့် တွဲချည်ထားသော မပြတ်မသား ကောက်ကြောင်းတစ်ခုကိုသာလျှင် ဖမ်းမိလိုက်သည်။

နှစ်ယောက်စလုံးကလည်း သူ့ကို မထိဖို့ပြောတယ်ဆိုတော့ အဲ့တာ ဘာများလဲ ??

ဒါက မဟုတ်မှလွဲရော.......

စုယွီသည် ပစ္စည်းအိတ်အကြီးကြီးကိုဆွဲထုတ်လာသည်။ "ဒေါက်တာရှန်း၊ ကြည့်လိုက်"

ရှန်းထင်းကျိုး အံ့အားသင့်သွားရသည်။

"ဒီလောက်တောင် များတာလား??"

အနီးကပ်တစ်ချက်ကြည့်ရန် သူလမ်းလျှောက်လာသောအခါ မွေးကင်းစကလေးငယ်တစ်ဦးအတွက် သင့်လျော်တဲ့အရာတစ်ခုမှမရှိကြောင်း တွေ့လိုက်ရသည်။

စုယွီက ဝင့်ကြွားစွာပြလိုက်သည်။

"ဒါက အပူချိန်တုံ့ပြန်နိုင်တဲ့ အစာစားတဲ့ဇွန်းတစ်ချောင်းလေ။ အစားအစာက အပူချိန် 40°C ကျော်ရင်အရောင်ပြောင်းသွားတယ်။ ကျွန်တော့်အတွက်  တောင် တစ်ချောင်းဝယ်ခဲ့‌သေးတယ်။ မိဘနဲ့ ကလေးအတွက် ဇွန်း"

ရှန်းထင်းကျိုး : "....အတော်လေး ကောင်းပါတယ်"




စုယွီက ဆက်ပြီးပြနေသည်။

"ပြီးတော့ ဒီဘဲနှုတ်သီးခွက်၊ ဒါက အရမ်းချစ်စရာကောင်းတယ်။ ကလေးအတွက် ပန်းရောင်တစ်လုံး၊ ကျွန်တော့အတွက် အပြာရောင်တစ်လုံးဝယ်လာခဲ့တာ"

ရှန်းထင်းကျိုး : ".....တော်တော်ကောင်းပါတယ်"

စုယွီ : "ကလေးအတွက် Lamborghini ကားသေးသေးလေးတစ်စီးလည်းဝယ်ခဲ့သေးတယ်။ အဲ့ဒါကို ဝယ်တဲ့အချိန်မှာစမ်းကြည့်လိုက်တော့ ကျွန်တော်နဲ့လည်းလိုက်ဖက်တယ်"

ရှန်းထင်းကျိုး ဒီစကားကြားရသောအခါ မတတ်နိုင်ပဲရယ်မိလိုက်သည်။

"အတော်လေး ကောင်းပါတယ်"

စုယွီ၏ဈေးဝယ်ခြင်း အယူအဆသည် ဒီလိုထင် သည်။ "ကလေးလေး အဲ့ဒီအရာကိုသုံးနိုင်သည်ဖြစ်စေ၊ မသုံးနိုင်သည်ဖြစ်စေ အဓိကမဟုတ်ဘူး။ အရေးကြီးတာက ငါ အဲ့ဒါကို သုံးနိုင်ဖို့ပဲ"

(မင်မင်နဲ့ တူတဲ့လူကိုရှာတွေပြီ 🤣🤣)

အဲ့ဒါနဲ့ ပတ်သက်ပြီး ဘာမှတော့မှားနေတာ မရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း ရွှင်လန်းတက်ကြွသည့် စိတ်နေစိတ်ထားမှာ ယခုအထိ စုယွီအာရုံစိုက်ဖို့ လိုအပ်နေတဲ့အရာဖြစ်သည်။

စုယွီသည် ခဏမျှ စကားစမြည်ပြောပြီးနောက်တွင် သူ ရုတ်တရက် အကြောင်းအရာကို ပြောင်းလိုက်သည်။

"ဒေါက်တာရှန်း၊ မင်း နေ့လည်စာစားဖို့ ဘာလို့မနေတာလဲ??"

တိတ်ဆိတ်နေခဲ့သော ယွီမင်ယန်က ကြားဖြတ်၍ ပြောလိုက်သည်။

"ဒီနေ့ မင်းလာမယ်ဆိုတာသိလို့ ဒီမနက်စောစောမှာ သူ ဂဏန်းတွေ ဝယ်ခိုင်းထားတာ၊ ငါတို့နေ့လည်စာအတွက် ဂဏန်းစွပ်ပြုတ်လုပ်‌နေပြီးတော့ ဂဏန်းတစ်ကောင်ကိုပေါင်းနေတာ"

ရှန်းထင်းကျိုး : !!!

သူတို့၏လုံခြုံရေးစနစ်တွင် မင်းလက်ဗွေရာကို ထည့်သွင်းရန် လုံလုံလောက်လောက် ယုံကြည်ပေးသော အလုပ်ရှင်တစ်ဦးရှိခြင်းနှင့် မင်း၏အကြိုက်ဆုံးအစားအစာကို သိနေခြင်းက မင်းတောင်းဆိုနိုင်တာထက်ကို ပိုနေပါပြီ။

သို့သော် ရှန်းထင်းကျိုးက သူတို့ကို သတိပေးလိုက်သည်။

"ကိုယ်ဝန်ဆောင်တွေက ဂဏန်းကို လျှော့စားသင့်တယ်"

ယွီမင်ယန်က ပြန်ဖြေလိုက်တယ်။ "ကျွန်တော်တို့ သူ့အတွက် သီးသန့် ကြက်မည်းဟင်းရည်ကို ပြင်ထားပါတယ်"

နှစ်ယောက်လုံးက ရှန်းထင်းကျိုးကို ငြင်းဖို့ အခွင့် အရေးမပေးဘဲ ယွီကျွီရုန် ဒီမှာထားခဲ့သည့် ခရီးဆောင်အိတ်အကြောင်း စပြီး ပြော‌နေပါတော့သည်။

ယွီမင်ယန် : "ငါ အဲ့ဒါကို စာကြည့်ခန်းထဲမှာ ထည့်ထားတာလေ"

စုယွီ : " ဗီရိုထဲမှာ အဲ့ဒါကို ဘာကြောင့်မတွေ့တာပါလိမ့်လို့ ငါ အံ့ဩနေတာ၊ မင်းကို အနှောင့်အယှက်ပေးရလို့ တောင်းပန်ပါတယ်၊ ဒေါက်တာရှန်း"

ရှန်းထင်းကျိုးက တုံ့ပြန်လိုက်သည်မှာ

"ဒါ ပြဿနာမရှိပါဘူး"

ရှန်းထင်းကျိုး နေ့လည်စာစားဖို့ နေရန် ဆုံးဖြတ်ချက်က အဆုံးသတ်သွားခဲ့သည်။

နေ့လယ်စာစားချိန်မှာ စားပွဲပေါ်ရှိ ဟင်းပွဲအများစုက သူကြိုက်နှစ်သက်တာတွေ ဖြစ်သည်။

ရှေးခေတ်ကသာဆိုလျှင် ရှန်းထင်းကျိုး သေချာဘပေါက် သူတို့ကို ခေါ်မည်ပင်။

"ကျွန်တော်၏ သခင်များ"

အမွှေးပွသောအရာများနှင့် အစားအသောက်ကောင်းများကသာလျှင် သူ့အပေါ် အနိုင်ယူနိုင်သည်။

ရှန်းထင်းကျိုး : ငါ့ရဲ့ တန်ဖိုးမရှိတဲ့ ဘဝ။

စားပွဲပေါ်ရှိ အစားအစာများကို အငမ်းမရစားရင်း သူအလုပ်ရှုပ်နေစဉ် ရှန်းထင်းကျိုး တစ်ခုခုမှားနေတာကို ခံစားလိုက်ရပြီး သူ့၏မျက်ခွံများကို အနည်းငယ် ပင့်ကြည့်လိုက်သည်။

စုယွီသည် သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေရင်း သူ့မေးစေ့ကို လက်များပေါ်တွင် ထောက်ထားပြီး နွေးထွေးစွာ ပြုံးပြနေသည်။

ရှန်းထင်းကျိုးသည် သူ့တူများကို ရပ်လိုက်ပြီးမျက် လုံးဖြင့် မေးလိုက်သည်။ ဘာမှားနေလို့လဲ??

စုယွီသည် ပြုံးကာ ခေါင်းရမ်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ အခု ကျွန်တော်တို့သုံးယောက် မိသားစုဖြစ်သွားတဲ့အတွက် အရမ်းပျော်လို့ပါ"

ယွီမင်ယန်သည် စုယွီ၏ဆံပင်များကို ညင်သာစွာ ပွတ်သပ်ကာ သူ့အကြည့်များက နူးညံ့နေပြီးပြုံးနေ သည်။ သူသည် ရှန်းထင်းကျိုးကို မော့ကြည့်လိုက်ပြီး လိုက်ပြောလိုက်သည်။

"ဟုတ်တယ်၊ မိသားစုသုံးယောက်"

ချမ်းသာသည့် မိသားစုများတွင် အဆင်မပြေသော စုံတွဲတွေ အများကြီးရှိသည်။

သို့သော် စုယွီနှင့် ယွီမင်ယန်တို့သည် ရှန်းထင်းကျိုး မြင်ဖူးသမျှ ချမ်းသာသော မိသားစုများကြားတွင် အပျော်ရွှင်ဆုံး စုံတွဲဖြစ်သည်။

သူတို့ရဲ့နောက်ခံများသည် တူညီကာ သူတို့ရဲ့ရုပ်ရည်တွေကပြီးပြည့်စုံသည့် တွဲဖက်မှုဖြစ်ပြီး သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးများကလည်း မယုံနိုင်လောက်အောင် လိုက်ဖက်နေပါသည်။

သုံးယောက်သား မိသားစုဖြစ်ခြင်းအကြောင်းပြောကြသောအခါ ရှန်းထင်းကျိုးလိုတစ်ကိုယ်တည်းသမားတောင်မှ ချိုမြိန်မှုကိုခံစားရစေတယ်။ သို့ သော်.......

သူ့ကိုကြည့်ရင်း "မိသားစု သုံး‌ယောက်" လို့ သူတို့ မပြောနိုင်ကြဘူးလား ?? သူတို့သုံးယောက်ထဲက တစ်ယောက်အနေနဲ့ သူပါဝင်နေခြင်းက နည်းနည်းထူး ဆန်းနေသလို ခံစားရသည်။

ဒီစိတ်ကူးက ထူးဆန်းလွန်းပြီး ရှန်းထင်းကျိုးကို ကြက်သီးမွှေညှင်းများ ထသွားစေသည်။

နေ့လည်စာစားပြီးတာနှင့် အစာချေဖျက်ဖို့ရန် အချိန် အနည်းငယ်ပေးပြီးနောက် ရှန်းထင်းကျိုးသည် အနာဂတ်တွင် ကလေးမွေးဖွားဖို့အတွက်အထောက် အကူဖြစ်စေမည့် ရိုးရှင်းပြီး စိတ်အပန်းပြေ‌စေသည့် လေ့ကျင့်ခန်းအချို့ကို စုယွီအား သင်ပေးခဲ့လိုက်သည်။

စုယွီက ယွီမင်ယန်ကို လေ့ကျင့် အတူတူလုပ်ရန် ဆွဲခေါ်လိုက်သည်။

ရင်းနှီးကျွမ်းဝင်သောစုံတွဲက အတူတူ လေ့ကျင့်ခန်းလုပ်နေတာကို ကြည့်ရင်း ရှန်းထင်းကျိုးသည် သူတို့၏ဆက်ဆံရေးကို နောက်တစ်ကြိမ်ထပ်ပြီး အံ့ဩသွားရပြန်သည်။

နှစ်ယောက်လုံး လေ့ကျင့်ခန်းတွေ သင်ယူပြီးတာနှင့် ရှန်းထင်းကျိုးက သူ့နာရီကို တစ်ချက်ကြည့်လိုက်မိသည်။


"နောက်ကျနေပြီ၊ ငါသွားသင့်ပြီ၊ လေ့ကျင့်ခန်းကိုအကြာ ကြီးမလုပ်နဲ့၊ များများအနားယူဖို့ မမေ့နဲ့၊ ပြီးတော့ မင်းလို အပ်တာရှိရင် ငါ့ကို ဖုန်းဆက်လိုက်"

စုယွီက သဘောမတူသည့် အရိပ်အမြွက်ကို ပြသပြီး

"ဒေါက်တာရှန်း၊ အရေးတကြီး ဘာမှမရှိရင်တောင် မင်းလာလို့ရပါတယ်၊ တစ်ခါတစ်လေကျ အရမ်းပျင်းဖို့ကောင်းတယ်လို့ ခံစားရတယ်"

ယွီမင်ယန်သည် စုယွီ၏ပခုံးကို ပွေ့ဖက်ထားပြီး သူ့၏ မက်မွန်ပွင့် ပုံသဏ္ဍာန် မျက်လုံးများ အပြုံးတစ်ခုနှင့် လင်းလက်တောက်ပနေကာ စုယွီနှင့်အတူ ရှန်းထင်းကျိုးကို ဖိတ်ကြားချက်တစ်ခုအား ကမ်း လှမ်းလိုက်သည်။

"ဟုတ်တယ်၊ မင်း ငါတို့အိမ်ကို ဝင်ဖို့ လက်ဗွေရာရှိကတည်းက အချိန်မရွေး မင်းကို ကြိုဆိုပါတယ်"

သူ့အသံက နူးညံ့ပြီး ထူးခြားသည့် စည်းချက်တစ်ခုကို သယ်ဆောင်ထားကာ

"မင်းရှိနေတာက ငါတို့ကို ပျော်ရွှင်စေပါတယ်"

ရှန်းထင်းကျိုးသည် နည်းနည်းအနေရခက်သလို ခံစားနေရစဉ်တွင် သူတို့၏ ဧည့်ဝတ်ကျေပွန်မှုကြောင့် အလွန်အံ့ဩသွားခဲ့တယ်။

မည်သို့ပင်ဆိုစေကာမူ သူ သေသေချာချာ ပြန်တုံ့ပြန်လိုက်သည်။

သူထွက်လာသည်နှင့် ရှန်းထင်းကျိုး ကားပေါ်တွင် ထိုင်ကာ စိမ်းလန်းသော နွယ်ပင်များနှင့် နှင်းဆီပန်းများ ဝန်းရံထားသည့် ခမ်းနားထည်ဝါသော အိမ်ငယ်လေးကို ပြတင်းပေါက်မှ ဖြတ်၍ကြည့်လိုက်သည်။

ရုတ်တရက် ရှန်းထင်းကျိုးသည် သူ့အလုပ်ရှင်၏အိမ်တွင် လော့ခ်ဖွင့်ရန် ရည်ရွယ်ချက်အတွက် သူ့လက် ဗွေရာကို မှတ်တမ်းတင်မထားသင့်သလို ခံစားလိုက်ရသည်။

ဒါပေမယ့် မကြာခင်မှာပဲ ကား၏နောက်ကြည့်မှန်ထဲကကြောင်လေးသည် သူ့အာရုံကို ဖမ်းစားလိုက်ပြီး သူ ချက်ချင်းဆိုသလို စိတ်ကူးယဉ်ဆန်လာသည်။

ချစ်စရာကောင်းတဲ့ ကြောင်လေး။

ရှန်းထင်းကျိုးသည် အနီးနားသို့ ရောက်ရှိသွားပြီး နောက်ဆုံးမှာ ကားမောင်းမထွက်သွားခင် ကြောင်လေးကို ခဏလောက်ပွတ်သပ်နေခဲ့သည်။

အိမ်ပြန်ရောက်တော့ ရှန်းထင်းကျိုးသည် ဆိုဖာပေါ်တွင် လဲလျောင်းလိုက်ပြီး သူ့၏ဆိုရှယ်မီဒီယာဖိဒ်ကို ခဏမျှ အပေါ်အောက် ဆွဲကြည့်နေလိုက်သည်။

ဝမ်းကွဲလေးသည် လွန်ခဲ့သောတစ်မိနစ်က "အကျင့်ပျက်ခြင်း 2 ကို "နစ်မြှုပ်ခြင်း" နှင့်အတူတင်ခဲ့သည်။

ရှန်းထင်းကျိုး : အဲ့ဒါက မပြီးသေးဘူး!!!

အိုး...၊ သူ့လက်က ချော်သွားပြီး နှိပ်မိလိုက်တယ်။

တစ်မိနစ်အကြာတွင် သူ မတော်တဆ အဲ့ဒါကိုကြည့်ရင်း ပြီးဆုံးသွားသောကြောင့် ရှန်းထင်းကျိုးသည် သူ၏ပြင်းပြသော စိတ်ခံစားမှုတစ်ခုထဲသို့ ပြန်လည်ကျဆင်းသွားတယ်။

ဒီအရာသည် ဆိုးရွားပြီး ‌ခေါင်းထဲကို အယူအသစ်တွေ ရိုက်သွင်းနေခြင်းဟုသာ သူပြောခဲ့လိုက်သည်။

ရှန်းထင်းကျိုးသည် ဒေါသတကြီးဖြင့် သူ့ဝမ်းကွဲလေး၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။ တကယ့်မိထွေးနှင့် လင်ပါသားကို အတူတကွဖြတ်ထားသည့် ဒီဗီဒီယိုကို ဘယ်သူတည်းဖြတ်ထားတာလဲ!! ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့အချိန်နီးကပ်နေတာကို ဒီဇာတ် ရှုပ်တဲ့အရာတွေကို ဘာလို့ ဆက်တင်နေရတာလဲ??

ပညာပြည့်‌ဝသော ဝမ်းနှင့်အတူ ရှန်းထင်းကျိုး၏ အသွင်အပြင်သည် သူ့ဝမ်းကွဲ ဖုန်းကောက်ကိုင်လိုက်သည်နှင့် တစ်စစီပြိုလဲပျက်စီးသွားခဲ့သည်။

ဖုယွင်ယွင် : "အစ်ကို၊ ဒီအပတ် သောကြာနေ့အားလား ?? ကျောင်းကိုလာပြီး ညီမအတွက် မိဘ-ဆရာ တွေ့ဆုံပွဲကို တက်ပေးပါလား??"

ရှန်းထင်းကျိုး :..........

ရှန်းထင်းကျိုး : "မင်း မိဘတွေက ဘယ်မှာလဲ?"

ဖုယွင်ယွင်က ပြုံးပြီး "သူတို့ကို လာခိုင်းဖို့ မေးရတာ ကိုးရိုးကားယား ဖြစ်လိမ့်မလား? ဒါ့အပြင် ဒီသော ကြာနေ့၊ မိဘ-ဆရာတွေ့ဆုံပွဲမှာ သူတို့တွေကို အံ့ဩစရာလေး နည်းနည်းပေးဖို့ ညီမရဲ့ချောမောပြီးချမ်း သာလှတဲ့ ဝမ်းကွဲအကိုကို ခေါ်လာခဲ့မယ်လို့ ညီမရဲ့အခန်းဖော်တွေကိုပြောပြီးသား ဖြစ်နေတယ်။ လူတိုင်းက အစ်ကို့ရဲ့ချောမောလှတဲ့ မျက်နှာလေးလာပြမှာကို စိတ်အားထက်ထက်သန်သန်နဲ့ အစ်ကို့ကို စောင့်မျှော်နေကြတာ"

ရှန်းထင်းကျိုး :........

ဖုယွင်ယွင်က ချော့ပြောလိုက်တယ်။ "လာပါနော်၊ လာပါနော်"

ရှန်းထင်းကျိုးသည် သူ့နားထင်များကို နှိပ်လိုက်တယ်။ "မင်းအတွက် မိဘ-ဆရာတွေ့ဆုံပွဲကို ငါတက်မယ်၊ ဒါပေမယ့် အနာဂတ်မှာ မင်းရဲ့ဆိုရှယ်မီဒီယာမှာ ကြုံရာကျပန်းအကြောင်းအရာတွေကို ထပ်ပြီးမတင်ပါနဲ့ !"

ဖုယွင်ယွင်သည် နားမလည်သလို ဖြစ်သွားပြီး "ညီမ ဘာတွေ ကြုံရာကျပန်း တင်လိုက်လို့လဲ??"

ရှန်းထင်းကျိုး အေးတိအေးစက်ဖြင့် သတိပေးလိုက်တယ်၊ "အကျင့်ပျက်သော၊ မိထွေး"

ဖုယွင်ယွင် : "အစ်ကို စိတ်လှုပ်ရှားစရာတွေ ရှာတွေ့ရင် ညီမ မေးလိုက်မယ်နော်"

ရှန်းထင်းကျိုး : စိတ်လှုပ်ရှားစရာတွေ။

ရှန်းထင်းကျိုးသည် နည်းလမ်းတကျ ပြတ်ပြတ်သားသား ပြောလိုက်တယ်။ "စိတ်လှုပ်ရှားစရာ မဟုတ်ပါဘူး၊ ပို့စ်တင်တာကို ရပ်လိုက်တော့!"

ဒီလိုမျိုး တစ်ခုခုကို သူလက်ခံနိုင်ပါ့မလား??

ဖုယွင်ယွင်သည် မဆိုင်းမတွဘဲ သဘောတူလိုက်တယ်၊ "ကောင်းပြီ၊ ညီမ အစ်ကို့ကိုလည်း ဘလော့ခ်လိုက်မယ်"

ရှန်းထင်းကျိုး :..........

ရှန်းထင်းကျိုး၏ပညာပေးရန် အစီအစဉ်သည် ကျရှုံးသွားတယ်။ အခုတော့ ဖုယွင်ယွင်၏ မိဘ-ဆရာတွေ့ဆုံပွဲကိုတက်ရောက်ရန် ဝန်လေးစွာမဖြစ်မနေလုပ်ရတော့မည်။

သူသည် ဆိုဖာပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေပြီး မျှော်လင့်ချက် လုံးဝမရှိသလို ခံစားလိုက်ရသည်။

အပြင်ဘက်က ကောင်းကင်မှာ သိသိသာသာ မှောင်လာပြီး မြို့မီးရောင်တွေ စတင်တောက်ပလာသည် နှင့်အမျှ ပုံမှန် ညစာစားဖို့ အချိန်ရောက်နေပြီဖြစ် သည်။


နေ့လည်စာကောင်းကောင်းစားပြီးနောက် ရှန်းထင်းကျိုး သည် ညနေပိုင်းတွင် လျှော့စားဖို့မလိုလားပေ။ သူက ချင်စစ်ကို ဖုန်းခေါ်ပြီး နောက်ထပ် အရသာရှိသောညစာအတွက် အပြင်ထွက်စားဖို့ မေးရန် ဆုံးဖြတ်လိုက်သည်။

ရှန်းထင်းကျိုးသည် ထထိုင်လိုက်သော်လည်း လမ်းတစ်ဝက်တွင် သူသည် နူးညံ့သောဆိုဖာပေါ်သို့ ပြန်လှဲချလိုက်သည်။

သူ နည်းနည်းလေးတောင် မထနိုင်တော့ဘူး။

မေ့လိုက်တော့၊ မှာစားဖို့ပဲ ဖုန်းခေါ်လိုက်တော့မယ်။

ရှန်းထင်းကျိုးသည် ဖုန်းကို ကောက်ကိုင်လိုက်ပြီး အစားအစာပေးပို့သည့် အက်ပ်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်ရာ မှန်ပြင်ထိပ်တွင် ရုတ်တရက် မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာသည်။

အိမ်ထိန်း : ဒေါက်တာရှန်း၊ မင်းညစာစားပြီးပြီလား??

ရှန်းထင်းကျိုး ချက်ချင်း ထထိုင်လိုက်ပြီး အသေအ ချာပြန်ဖြေလိုက်တယ် : မစားရသေးဘူး။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရာသီဥတုဆိုးရွားနေတယ်။ မစ္စတာရှုရဲ့ခြေထောက် အဆင်မပြေလို့လား ??

အိမ်ထိန်း : နည်းနည်းတော့ ပြဿနာလေးရှိတယ်။

အိမ်ထိန်း : ကျွန်တော်တို့ ဂျုံယာဂု၊ မျှစ်ကြော်၊ ငရုတ်သီးအနှစ်နဲ့ ဖရဲသီးအခါးနည်းနည်းကို လုပ်ထားတာ။ ဒေါက်တာရှန်း၊ မင်း ဘာလို့ ညစာလာမစားတာလဲ??

ရှန်းထင်းကျိုးသည် စက္ကန့်သုံးဆယ်ကျော်လောက် တိတ်ဆိတ်သွားရသည်။

နေ့လည်တုန်းက အလျှံအပယ်စားပြီး အရသာတွေ့ထားကြောင်း သူတို့သိထားကာ သူ့ရဲ့အစာအိမ်ကို သန့်ရှင်းစေရန် ပေါ့ပေါ့ပါးပါးညစာနဲ့ ယခု ကမ်းလှမ်းနေခြင်းကို သူသံသယဖြစ်မိသွားသည်။

ညစာကို ကျော်လိုက်နိုင်ပေမယ့် ငွေကတော့ ရှာနေရဦးမှာပဲ။

ရှန်းထင်းကျိုးသည် အိမ်ထိန်းကို အမြန်ပြန်ဖြေလိုက်တယ် : သေချာတာပေါ့၊ ကျွန်တော် မကြာခင်ရောက်မယ်။

အရင်တုန်းက ဟဲရန်ထင်း၏ ကိုယ်ရံတော်တွေသည် သူ့အိမ်သို့လာပြီး  ဟဲရန်ထင်း နည်းနည်းနေမကောင်းဖြစ်နေတယ်လို့ပြောတာကို ရှန်းထင်းကျိုးက ယုံကြည်ခဲ့သည်။

သူ အဲ့ဒီနေရာကိုရောက်တဲ့အချိန်မှာ ပြစ်မှုကျူးလွန်နေသော ဖြစ်ရပ်ကိုမျက်မြင်ကြုံတွေ့ရလုနီးပါးပင်။

ဒီတစ်ကြိမ်တွင် စတုတ္ထမြောက် အလုပ်ရှင်၏ အိမ်ထိန်းဖြစ်သူက ပြဿနာလေးတစ်ခုကို ပြောပြတဲ့အခါမှာလည်း ရှန်းထင်းကျိုး ၎င်းကို ထပ်မံယုံကြည်ခဲ့ပြန်သည်။

ကားမောင်းသွားပြီး အလုပ်ရှင်ရဲ့အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အနက်ရောင်ခေါင်းတလားကို သူတွေ့လိုက်ရသည်။

ရှန်းထင်းကျိုး :!!!

လူတွေက၊ မင်းရဲ့နှလုံးရပ်သွားသည့် ခံစားချက်ကို ဒီမှာ ဘယ်သူတွေကများ သိနိုင်မှာလဲ??

စာရေးသူမှာ ပြောစရာရှိတယ်:

Gong 1: ဟုတ်တယ်၊ ငါ့ရဲ့ပေါ်ထွက်လာခြင်းက အရမ်းပေါက်ကွဲနိုင်တယ်။

Shou 2 ရှန်း : .........




You are reading the story above: TeenFic.Net