🩺 Chapter 2.1

Background color
Font
Font size
Line height

🩺 Chapter 2.1

ရှန်းထင်းကျိုးသည် အမွေးပွချစ်သူတစ်ဦးဖြစ်ပြီး ၎င်းတို့ကိုမြင်လျှင် Dandelion ပန်းကဲ့သို့ တယု တယပွတ်သပ်ပေးမည့်သူမျိုးဖြစ်သည်။

သူ့အိမ်ကိုအလှဆင်သည့်အခါ ဧည့်ခန်းထဲအလွန် သေးငယ်သော အဖြူ၊ အမည်း၊ မီးခိုးရောင်အပြင်အဆင်ကိုသုံးထားခဲ့သော်လည်း အိပ်ခန်းထဲတွင် အမွှေးပွများနှင့်ပြည့်နှက်နေပြီး ကော်ဇောတွေကလည်းအမွှေးပွပွနှင့်လမ်းလျှောက်လို့ကောင်းသည်။

ရှန်းထင်းကျိုး ကူရှင်ကိုခဏကြာအောင် ပြင်းပြင်းပွတ်သပ်လိုက်ရင်း သူ၏စိတ်ထဲမှ ရှက်ရွံ့မှုအတွက် ထွက်ပေါက်ရှာလိုက်သည်။ ထို့နောက် ကူရှင်ကိုနဂိုအခြေအနေသို့ ပြန်ပြင်ပြီး ထောင့်ချိုးနေရာတွင် ပြန်ထားလိုက်သည်။

အိပ်ခါနီး ကုတင်ဘေးစားပွဲပေါ်ရှိ သူ့ဖုန်းရုတ်တ ရက်တုန်ခါသွားသည်။

ရှန်းထင်းကျိုး ဖုန်း‌ကိုကောက်ကိုင်လိုက်ပြီး စုန့်ချင်းနင်ထံမှဖုန်းဝင်လာတာကို တွေ့လိုက်ရသောကြောင့် သူချက်ချင်းပြန်ဖြေလိုက်သည်။

တစ်ဖက်မှ စိုးရိမ်နေသောအသံတစ်ခု ထွက်ပေါ်လာပြီး "ဒေါက်တာရှန်း၊ ကျေးဇူးပြုပြီး ရွှေဖြူဟိုတယ်၊ အခန်းနံပါတ် ၁၉၀၂ ကို လာခဲ့ပေးလို့ရမလား ? ကျင့်ဟန်မှာ ပြဿနာနည်းနည်းကြုံနေရလို့ပါ"

လီကျင့်ဟန်သည် ရှန်းထင်းကျိုး၏ ဒုတိယမြောက်အလုပ်ရှင်ဖြစ်သည်။

စုန့်ချင်းနင်သည် လီကျင့်ဟန်ဖခင်၏ ဒုတိယအိမ် ထောင်ဖက်ဖြစ်သည်။

လီကျင့်ဟန်၏မိထွေးဖြစ်သူ၊ အမျိုးသားတစ်ဦး။

စုန့်ချင်းနင်သည် ရှန်းထင်းကျိုးနှင့် ပြတ်တောင်း ပြတ်တောင်း ဖုန်းပြောနေရင်း သူ့၏လင်ပါသားကို တွဲထားကာ ရှေ့သို့ဖြည်းဖြည်းချင်းသွားနေသည်။

"သူ ဧည့်စောင့်ခန်းထဲမှာ အရက်တစ်ခွက်သောက်တယ်.....အရက်ထဲတစ်ခုခုတော့ ပါနိုင်လောက်တယ်၊ သူသောက်ပြီးတဲ့နောက် ထူးဆန်းတဲ့အပြု အမူတွေ လုပ်လာတယ်.....ဟုတ်တယ်၊ စိတ်ရှုပ်ထွေးနေပြီး အသက်ရှူသံတွေလည်း မြန်နေတယ်"

ရုတ်တရက် သူ့‌ဘေးနားကလူသည် ယိမ်းယိုင်သွားကာ‌အောက်သို့လျှောကျသွားသည်။

စုန့်ချင်းနင်သည်လန့်ဖျပ်သွား၍ သူ့နားနားကဖုန်းကို လွှတ်ချလိုက်ပြီး အလိုအလျောက်လက်လှမ်းကာ လီကျင့်ဟန်ကို ထောက်ကူပေးထားလိုက်သည်။ ဖုန်းမှာ လွှင့်စင်သွားပြီး နံရံကိုထိမှန်သွားသော ကြောင့် ဖုန်းမျက်နှာပြင်မှာ မည်းမှောင်သွားလေတယ်။

စုန့်ချင်းနင်က ဖုန်းကိုကောက်ယူတော့မည့်အချိန်မှာ လက်တစ်ဖက်က သူ၏လက်ကောက်ဝတ်ကို ဆုပ် ကိုင်လိုက်ပြီး သူ့တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ယင်နေကု သူ့ခေါင်းလှည့်၍ကြည့်လိုက်သည်။

လီကျင့်ဟန်၏ဆံပင်များသည် နဖူးပေါ်သို့ ဖရိုဖရဲကျနေပြီး အက်ကွဲသောအသံဖြင့်ပြောလာသည်။

"ငါ့ကို ဧည့်ခန်းထဲအရင်ခေါ်သွား"

စုန့်ချင်းနင် အမြန်ခေါင်းညိတ်လိုက်ပြီး အံကြိတ်ကာ ကတ်ကိုပွတ်ဆွဲလိုက်၍ လီကျင့်ဟန်ကိုအခန်း ၁၉၀၂ ထဲသို့ ကူညီပြီး လိုက်ပို့လိုက်သည်။

သူမီးတွေမဖွင့်ခင်မှာ လီကျင့်ဟန်က အသက်ပြင်းပြင်းရှူနေသောအသံဖြင့်ပြောလာသည်။

"ရေချိုးခန်းထဲကို သွား"

စုန့်ချင်းနင်က သူ့ကို ရေချိုးခန်းထဲသို့ဆွဲခေါ်သွားပြီး လီကျင့်ဟန်ကို နံရံဖြင့်မှီကာ ထောက်ထားရင်း မောပန်းနွမ်းနယ်သလို ခံစားလိုက်ရသည်။

သူ ကြမ်းပြင်ပေါ်မှာ ဒူးထောက်၍ လီကျင့်ဟန်၏ နောက်ထပ်ညွှန်ကြားမှုကိုစောင့်နေလိုက်သည်။

ဒါပေမယ့် သူဆီကနေ စကားတစ်လုံးမှ မထွက်လာသောကြောင့် စုန့်ချင်းနင်သည် မတတ်နိုင်ဘဲမော့ ကြည့်လိုက်မိသည်။

ရေချိုးခန်းထဲတွင် မီးမဖွင့်ထားဘဲ စက်ြန်လမ်းမှ မီးအလင်း လိမ္မော်ရောင်လေးတစ်ခုသာလျှင် လင်းနေတယ်။

လီကျင့်ဟန်သည် ကြမ်းပြင်ပေါ်တွင် ထိုင်နေကာ သူ့မျက်မှန်မှာတစ်နေရာတွင် ပြုတ်ကျနေပြီး သူ့ဝတ်စုံထဲမှာ ထည့်သွင်းဝတ်ဆင်ထားသည့် ရှပ်အကျီမှာ တွန့်ကြေနေပြီး ကော်လာလည်းပွင့်ဟနေကာ သူ၏ သွယ်လျသော မျက်လုံးများသည်အနက်ရှိုင်းဆုံးတွင် ပုန်းကွယ်နေသောမီးလျှံကဲ့သို့ လိုချင်တပ်မက်မှုများနှင့် စွန်းထင်းနေပြီး သူ့အားထိတ်လန့်ဖွယ်ရာ စူးစိုက်ကြည့်နေသည်။

စုန့်ချင်းနင်၏အသက်ရှူသံတွေ ရပ်တန့်သွားပြီး နှလုံးမှာ သူ့ရင်ဘတ်ကို ဆန့်ကျင်၍ပြင်းထန်စွာခုန်လို့နေသည်။

လီကျင့်ဟန်က သူ့လက်ကိုမြှောက်လိုက်ပြီး စုန့်ချင်းနင်၏လည်ပင်းနောက်ကို သူ၏ပူနွေးသောလက် ဖဝါးဖြင့် အုပ်ကိုင်လိုက်ကာ သူ့ကိုယ်နှင့် နီးကပ်လာအောင်ဆွဲခေါ်လိုက်သည်။

ဟိုတယ်၏ လူခေါ်ခေါင်းလောင်းသံက ရုတ်တရက်မြည်လာပြီး ရေချိုးခန်းအတွင်းရှိ တိတ်ဆိတ်မှုကို အနှောင့်အယှက် ဖြစ်သွားစေသည်။

စုန့်ချင်းနင်၏သူငယ်အိမ်များ သိသိသာသာ ကျုံ့သွားပြီး အိပ်မက်မှနိုးထလာသလို သူ့ရှေ့မှလူအား တွန်းထုတ်လိုက်သည်။

လီကျင့်ဟန်က နည်းနည်းလေးတောင်မှ မရွေ့လျားသွားခဲ့ပေ။ သူသည် စုန့်ချင်းနင်၏လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့နဖူးကို စုန့်ချင်းနင်၏ပခုံးနားကို နှိမ့်ချကာ သူ၏နက်ရှိုင်းအက်ကွဲသောအသံဖြင့်

"မကြောက်ပါနဲ့၊ အိပ်ရာဝင်ဖို့ ကူညီပေးပါဦး"

စုန့်ချင်းနင် ထူးထူးခြားခြား စိတ်ငြိမ်သွားပြီး သူ့ခေါင်းကို ညင်သာစွာညိတ်ပြလိုက်သည်။

ရှန်းထင်းကျိုးသည် အခန်းတံခါးပွင့်မလာခင်အထိ အပြင်ဘက်မှာ နှစ်မိနစ်တိတိစောင့်လိုက်ရတယ်။

ဟိုတယ်၏ အခန်းဝင်ပေါက်နားက အလင်းရောင်သည် မှိန်‌ဖျော့နေတယ်။ စုန့်ချင်းနင်သည် တံခါးအတွင်း၌ မတ်တပ်ရပ်နေပြီး သူ့အဝတ်များမှာ ဘာ့ကြောင့်မှန်းမသိ စိုစွတ်နေကာ ပါးပြင်များလည်း အနည်းငယ်နီနေသေးကာ ထိတ်လန့်တုန်လှုပ်နေသောလေထုထဲ စိမ့်ဝင်ပျံ့နှံ့လို့နေသည်။

သူခေါင်းငုံ့လိုက်ပြီး ကြားရရုံမျှသောအသံဖြင့်

"ဝင်ခဲ့ပါ ၊ ဒေါက်တာရှန်း "

ရှန်းထင်းကျိုးသည် ၎င်းကထူးဆန်းနေတာကို တွေ့သွားပြီး သူ့ကိုထပ်ပြီးကြည့်လိုက်သည်။

စုန့်ချင်းနင်၏လည်ပင်းတွင် ခြင်ကိုက်ထားသကဲ့သို့ အလွန်ထင်ရှားနေသော အမှတ်အသားတစ်ခုရှိနေ သည်။ ရှင်းရှင်းလင်းလင်းမြင်ရဖို့ အလင်းရောင်က ရှန်းထင်းကျိုးအတွက် မှိန်ဖျော့လွန်းနေ၍ သူ့စိတ်ကို သူ့အလုပ်ရှင်ပေါ်မှာ အာရုံစိုက်လိုက်သည်။ သူမေးလိုက်တယ်။ " မစ္စတာလီ ဘယ်မှာလဲ? "

စုန့်ချင်းနင်၏အသံသည် တိုးနေပြီး မပြတ်မသားစကားပြောလိုက်သည်။

" သူ ၊ သူ အထဲမှာရှိတယ် "

မလာခင်တွင် ရှန်းထင်းကျိုးသည် လီကျင့်ဟန်၏ အခြေအနေနှင့်ပတ်သက်၍ သာမန်ထင်မြင်ယူဆ ချက်ရှိခဲ့သည်။

အရက်ထဲ ဆေးခတ်ထားခြင်း။

ယခုလိုအဖြစ်အပျက်များသည် အတော်လေးအဖြစ်များသည်။ ချမ်းသာပြီးချောမောသည့် သူဌေးတွေကြားထဲတွင် လူဆယ်ယောက်မှာ ခုနစ်ယောက်က သားကောင်အခြေအနေသို့ရောက်ရှိသွားပြီး ကျန်နေသည့် သုံးယောက်၊ သူတို့၏ရည်မှန်းချက်မှာတော့ သူဌေးများ၏အနာဂတ်အိမ်ထောင်ဖက်ဖြစ်ရန်ဖြစ်ပင်။

ရှန်းထင်းကျိုးသည် ဒီအရာများကိုမတုန်လှုပ်တော့ သည်အထိ မြင်ဖူးခဲ့သည်။

လီကျင့်ဟန်၏အခြေအနေက မပြင်းထန်ပါဘူး။ ရှန်းထင်းကျိုးသည် ရှေးဦးသူနာပြုပစ္စည်းတွေထဲမှ glucose ရည်ကို ထုတ်ယူလိုက်သည်။

Glucose ရည်သည် သွေးလည်ပတ်မှုပမာဏကိုတိုးစေပြီး ခန္ဓာကိုယ်မှ အရက်နှင့် စိတ်ကြွဆေးများကို လျင်မြန်စွာဖယ်ရှားရန် ကူညီပေးသည်။

ရှန်းထင်းကျိုးသည် လီကျင့်ဟန်၏လက်မောင်းကို ပိုးသတ်ရန်ဆွဲယူလိုက်ပြီး အကြောဆေးပေးခါနီးတွင် လီကျင့်ဟန်က ရုတ်တရက်ပြင်းပြင်းထန်ထန် ချောင်းဆိုးလာသည်။

ဒါကိုမြင်တော့ စုန့်ချင်းနင်က ရေတစ်ခွက်ကို အမြန်ပေးလိုက်သည်။

လီကျင့်ဟန်သည် ရေကိုရရှိသောအခါ သူ၏လက် ချောင်းများက စုန့်ချင်းနင်အား မတော်တဆထိမိသွားသည်။ ပူလောင်သောအထိအတွေ့ကြောင့် စုန့်ချင်းနင် တစ်ခုခုကိုတွေးမိသွားပြီး သူ၏နားရွက်များပူလောင်လာကာ သူ့လက်ကိုအမြန်နောက်ဆုတ်လိုက်သည်။

ရှန်းထင်းကျိုး၏မျက်ခုံးများ လှုပ်သွားရသည်။

ဒါ သူ့စိတ်ကူးပဲလား ?? ဒါမှမဟုတ် သူတို့နှစ်ယောက်ကြားက လေထုကပဲသိမ်မွေ့နေတယ်လို့ထင်ရတာလား ??

လီကျင့်ဟန်သည် အေးဆေးတည်ငြိမ်နေပြီးချောင်း ဆိုးခြင်းကိုထိန်းကာ ရေအနည်းငယ်သောက်လိုက်သည်။

အများကြီးတွေးတောမနေတော့ဘဲ လီကျင့်ဟန် ချောင်းဆိုးတာရပ်သွားသည်နှင့် ပိုးသတ်ခြင်းလုပ်ငန်းစဉ်ကို တစ်ကြိမ်ပြန်လုပ်လိုက်ပြီးနောက် ဆေးထိုးပေးလိုက်သည်။

ဆေးသွင်းနေစဉ်အတွင်း ရှန်းထင်းကျိုးသည် တချို့ကိစ္စရပ်များအတွက် စုန့်ချင်းနင်ကို ညွှန်ကြားလိုက်ကာ စုန့်ချင်းနင်သည် ဂရုတစိုက်နား ထောင်လို့ပြီးသွားသောအခါ မေးလာသည်။

"သူ့အစားအသောက်ကိုရော အာရုံစိုက်ဖို့လိုသေးလား ?"

"ဒီရက်ပိုင်းတော့ အစာကြေလွယ်တဲ့တစ်ခုခုကို စားရင်အကောင်းဆုံးပဲ"

စုန့်ချင်းနင်က ခေါင်းညိတ်လိုက်ပြီး သူ့ကိုလည်းကြည့်နေတဲ့ကုတင်ပေါ်ရှိ လီကျင့်ဟန်ကို မရည်ရွယ်ဘဲဖျတ်ခနဲကြည့်လိုက်သည်။ သူ၏ မည်းနက်နေသောမျက်လုံးများသည် မမြင်နိုင် ပိုးမျှင်အိမ်ကဲ့သို့ ထင်ရသည်။

ပျာယာခတ်သွားသလိုခံစားရပြီး စုန့်ချင်းနင်သည် သူ့အကြည့်ကိုအမြန်ရှောင်လွှဲလိုက်ရသည်။

ရှန်းထင်းကျိုးသည် ဒီမြင်ကွင်းကို မြင်လိုက်ရပြီး အစောပိုင်းက သံသယတွေထပ်မံ၍ပလုံစီတက်လာပြန်သည်။

မိထွေးနဲ့ လင်ပါသား

ဒီထင်မြင်ချက်နှစ်ခု........

ရှန်းထင်းကျိုး၏စိတ်သည် " နစ်မြှုပ်ခြင်း " ကို အလိုအလျောက်ရောက်ရှိသွားသည်။

ရပ်၊ ရပ်

သူ့ဝမ်းကွဲလေးသည် ထူးဆန်းသောအတွဲများ တွဲပေးရသည်ကိုနှစ်သက်ပြီး သူမ၏မိဘများကို block ထားသော်ငြားလည်း social media ပေါ်တောင်ထိ သူတို့ကိုပို့စ်တင်ခဲ့သည်။

မနေ့ကပဲ သူမ နစ်မြှုပ်ခြင်းတေးသွားနှင့်အတူ မိထွေးနှင့်လင်ပါသား CP ၏ videoကိုတင်ခဲ့သည်။ ကြည့်ရတာတော့ ဒီသီချင်းမှာကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ဒွိဟဖြစ်စေသောတေးသွားမျိုးရှိနေ သည်မှာထင်ရှားသည်။

ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ဒွိဟဖြစ်ခြင်းရှိမရှိ ရှန်းထင်းကျိုးမသိပေမယ့် ဒီဟာကတော်တော်လေးဆွဲဆောင်မှု‌ရှိတာကိုတော့သိသည်။

ရှန်းထင်းကျိုးသည် ရှုပ်ထွေးနေသောအတွေးများကို ဖယ်လိုက်ပြီး စုန့်ချင်းနင်ကို ပြောလိုက်သည်။

" မစ္စတာလီရဲ့အခြေအနေက တည်ငြိမ်သွားပါပြီ။ ရေများများသောက်ပြီး များများအနားယူဖို့ရန် သေချာအောင်ကြည့်ရှုစစ်ဆေးပေးပါ "

စုန့်ချင်းနင် ခေါင်းညိတ်လိုက်တယ်။ " ကောင်းပြီ "

ဆေးသွင်းပြီးသွားပြီးနောက် ရှန်းထင်းကျိုး အပ်ကိုဖယ်လိုက်ကာ လီကျင့်ဟန်၏လက်မောင်းပေါ်ရှိ ထိုးဖောက်ထားသည့်နေရာကို ဂွမ်းလုံးဖြင့်ဖိလိုက်ကာ

"သွေးထွက်တာရပ်ဖို့ မင်းနှစ်မိနစ်လောက်ဖိထားဖို့လိုတယ် "

လီကျင့်ဟန် စုန့်ချင်းနင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှလည်းမပြော၊ လှုပ်လည်းမလှုပ်ခဲ့ပေ။

ရှန်းထင်းကျိုးသည် သွေးထွက်ခြင်းကိုရပ်တန့်ရန် ဂွမ်းလုံးဖြင့်ဖိထားရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။

စုန့်ချင်းနင် သုံး၊ လေးစက္ကန့်မျှတုံ့ဆိုင်းသွားသည်။ ထို့နောက် ဖြည်းညှင်းစွာချဉ်းကပ်လာပြီး နူးနူးညံ့ညံ့ ပြောလာသည်။

" ဘာလို့.....ကျွန်တော် မလုပ်ရမှာလဲ၊ ဒေါက်တာ   ရှန်း ?? "



ဒီ Wattpad အကောင့်မှာ မင်မင်တို့ Team ရဲ့ BL သီးသန့်တင်မှာမို့ Normal လာမတောင်းရဘူးနော် ❤️




🩺 Chapter 2.1

ရွန္းထင္းက်ိဳးသည္ အေမြးပြခ်စ္သူတစ္ဦးျဖစ္ၿပီး ၎တို႔ကိုျမင္လွ်င္ Dandelion ပန္းကဲ့သို႔ တယု တယပြတ္သပ္ေပးမည့္သူမ်ိဳးျဖစ္သည္။

သူ႕အိမ္ကိုအလွဆင္သည့္အခါ ဧည့္ခန္းထဲအလြန္ ေသးငယ္ေသာ အျဖဴ၊ အမည္း၊ မီးခိုးေရာင္အျပင္အဆင္ကိုသုံးထားခဲ့ေသာ္လည္း အိပ္ခန္းထဲတြင္ အေမႊးပြမ်ားႏွင့္ျပည့္ႏွက္ေနၿပီး ေကာ္ေဇာေတြကလည္းအေမႊးပြပြႏွင့္လမ္းေလွ်ာက္လို႔ေကာင္းသည္။

ရွန္းထင္းက်ိဳး ကူရွင္ကိုခဏၾကာေအာင္ ျပင္းျပင္းပြတ္သပ္လိုက္ရင္း သူ၏စိတ္ထဲမွ ရွက္႐ြံ႕မႈအတြက္ ထြက္ေပါက္ရွာလိုက္သည္။ ထို႔ေနာက္ ကူရွင္ကိုနဂိုအေျခအေနသို႔ ျပန္ျပင္ၿပီး ေထာင့္ခ်ိဳးေနရာတြင္ ျပန္ထားလိုက္သည္။

အိပ္ခါနီး ကုတင္ေဘးစားပြဲေပၚရွိ သူ႕ဖုန္း႐ုတ္တ ရက္တုန္ခါသြားသည္။

ရွန္းထင္းက်ိဳး ဖုန္း‌ကိုေကာက္ကိုင္လိုက္ၿပီး စုန႔္ခ်င္းနင္ထံမွဖုန္းဝင္လာတာကို ေတြ႕လိုက္ရေသာေၾကာင့္ သူခ်က္ခ်င္းျပန္ေျဖလိုက္သည္။

တစ္ဖက္မွ စိုးရိမ္ေနေသာအသံတစ္ခု ထြက္ေပၚလာၿပီး "ေဒါက္တာရွန္း၊ ေက်းဇူးျပဳၿပီး ေ႐ႊျဖဴဟိုတယ္၊ အခန္းနံပါတ္ ၁၉၀၂ ကို လာခဲ့ေပးလို႔ရမလား ? က်င့္ဟန္မွာ ျပႆနာနည္းနည္းႀကဳံေနရလို႔ပါ"

လီက်င့္ဟန္သည္ ရွန္းထင္းက်ိဳး၏ ဒုတိယေျမာက္အလုပ္ရွင္ျဖစ္သည္။

စုန႔္ခ်င္းနင္သည္ လီက်င့္ဟန္ဖခင္၏ ဒုတိယအိမ္ ေထာင္ဖက္ျဖစ္သည္။

လီက်င့္ဟန္၏မိေထြးျဖစ္သူ၊ အမ်ိဳးသားတစ္ဦး။

စုန႔္ခ်င္းနင္သည္ ရွန္းထင္းက်ိဳးႏွင့္ ျပတ္ေတာင္း ျပတ္ေတာင္း ဖုန္းေျပာေနရင္း သူ႕၏လင္ပါသားကို တြဲထားကာ ေရွ႕သို႔ျဖည္းျဖည္းခ်င္းသြားေနသည္။

"သူ ဧည့္ေစာင့္ခန္းထဲမွာ အရက္တစ္ခြက္ေသာက္တယ္.....အရက္ထဲတစ္ခုခုေတာ့ ပါနိုင္ေလာက္တယ္၊ သူေသာက္ၿပီးတဲ့ေနာက္ ထူးဆန္းတဲ့အျပဳ အမူေတြ လုပ္လာတယ္.....ဟုတ္တယ္၊ စိတ္ရႈပ္ေထြးေနၿပီး အသက္ရႉသံေတြလည္း ျမန္ေနတယ္"

႐ုတ္တရက္ သူ႕‌ေဘးနားကလူသည္ ယိမ္းယိုင္သြားကာ‌ေအာက္သို႔ေလွ်ာက်သြားသည္။

စုန႔္ခ်င္းနင္သည္လန႔္ဖ်ပ္သြား၍ သူ႕နားနားကဖုန္းကို လႊတ္ခ်လိဳက္ၿပီး အလိုအေလ်ာက္လက္လွမ္းကာ လီက်င့္ဟန္ကို ေထာက္ကူေပးထားလိုက္သည္။ ဖုန္းမွာ လႊင့္စင္သြားၿပီး နံရံကိုထိမွန္သြားေသာ ေၾကာင့္ ဖုန္းမ်က္ႏွာျပင္မွာ မည္းေမွာင္သြားေလတယ္။

စုန႔္ခ်င္းနင္က ဖုန္းကိုေကာက္ယူေတာ့မည့္အခ်ိန္မွာ လက္တစ္ဖက္က သူ၏လက္ေကာက္ဝတ္ကို ဆုပ္ ကိုင္လိုက္ၿပီး သူ႕တစ္ကိုယ္လုံးမွာ တဆတ္ဆတ္ တုန္ယင္ေနကု သူ႕ေခါင္းလွည့္၍ၾကည့္လိုက္သည္။

လီက်င့္ဟန္၏ဆံပင္မ်ားသည္ နဖူးေပၚသို႔ ဖရိုဖရဲက်ေနၿပီး အက္ကြဲေသာအသံျဖင့္ေျပာလာသည္။

"ငါ့ကို ဧည့္ခန္းထဲအရင္ေခၚသြား"

စုန႔္ခ်င္းနင္ အျမန္ေခါင္းညိတ္လိုက္ၿပီး အံႀကိတ္ကာ ကတ္ကိုပြတ္ဆြဲလိုက္၍ လီက်င့္ဟန္ကိုအခန္း ၁၉၀၂ ထဲသို႔ ကူညီၿပီး လိုက္ပို႔လိုက္သည္။

သူမီးေတြမဖြင့္ခင္မွာ လီက်င့္ဟန္က အသက္ျပင္းျပင္းရႉေနေသာအသံျဖင့္ေျပာလာသည္။

"ေရခ်ိဳးခန္းထဲကို သြား"

စုန႔္ခ်င္းနင္က သူ႕ကို ေရခ်ိဳးခန္းထဲသို႔ဆြဲေခၚသြားၿပီး လီက်င့္ဟန္ကို နံရံျဖင့္မွီကာ ေထာက္ထားရင္း ေမာပန္းႏြမ္းနယ္သလို ခံစားလိုက္ရသည္။

သူ ၾကမ္းျပင္ေပၚမွာ ဒူးေထာက္၍ လီက်င့္ဟန္၏ ေနာက္ထပ္ၫႊန္ၾကားမႈကိုေစာင့္ေနလိုက္သည္။

ဒါေပမယ့္ သူဆီကေန စကားတစ္လုံးမွ မထြက္လာေသာေၾကာင့္ စုန႔္ခ်င္းနင္သည္ မတတ္နိုင္ဘဲေမာ့ ၾကည့္လိုက္မိသည္။

ေရခ်ိဳးခန္းထဲတြင္ မီးမဖြင့္ထားဘဲ စက္ျန္လမ္းမွ မီးအလင္း လိေမၼာ္ေရာင္ေလးတစ္ခုသာလွ်င္ လင္းေနတယ္။

လီက်င့္ဟန္သည္ ၾကမ္းျပင္ေပၚတြင္ ထိုင္ေနကာ သူ႕မ်က္မွန္မွာတစ္ေနရာတြင္ ျပဳတ္က်ေနၿပီး သူ႕ဝတ္စုံထဲမွာ ထည့္သြင္းဝတ္ဆင္ထားသည့္ ရွပ္အက်ီမွာ တြန႔္ေၾကေနၿပီး ေကာ္လာလည္းပြင့္ဟေနကာ သူ၏ သြယ္လ်ေသာ မ်က္လုံးမ်ားသည္အနက္ရွိုင္းဆုံးတြင္ ပုန္းကြယ္ေနေသာမီးလွ်ံကဲ့သို႔ လိုခ်င္တပ္မက္မႈမ်ားႏွင့္ စြန္းထင္းေနၿပီး သူ႕အားထိတ္လန႔္ဖြယ္ရာ စူးစိုက္ၾကည့္ေနသည္။

စုန႔္ခ်င္းနင္၏အသက္ရႉသံေတြ ရပ္တန႔္သြားၿပီး ႏွလုံးမွာ သူ႕ရင္ဘတ္ကို ဆန႔္က်င္၍ျပင္းထန္စြာခုန္လို႔ေနသည္။

လီက်င့္ဟန္က သူ႕လက္ကိုျမႇောက္လိုက္ၿပီး စုန႔္ခ်င္းနင္၏လည္ပင္းေနာက္ကို သူ၏ပူေႏြးေသာလက္ ဖဝါးျဖင့္ အုပ္ကိုင္လိုက္ကာ သူ႕ကိုယ္ႏွင့္ နီးကပ္လာေအာင္ဆြဲေခၚလိုက္သည္။

ဟိုတယ္၏ လူေခၚေခါင္းေလာင္းသံက ႐ုတ္တရက္ျမည္လာၿပီး ေရခ်ိဳးခန္းအတြင္းရွိ တိတ္ဆိတ္မႈကို အေႏွာင့္အယွက္ ျဖစ္သြားေစသည္။

စုန႔္ခ်င္းနင္၏သူငယ္အိမ္မ်ား သိသိသာသာ က်ဳံ႕သြားၿပီး အိပ္မက္မွနိုးထလာသလို သူ႕ေရွ႕မွလူအား တြန္းထုတ္လိုက္သည္။

လီက်င့္ဟန္က နည္းနည္းေလးေတာင္မွ မေ႐ြ႕လ်ားသြားခဲ့ေပ။ သူသည္ စုန႔္ခ်င္းနင္၏လက္ေမာင္းကို တင္းတင္းဆုပ္ကိုင္လိုက္ၿပီး သူ႕နဖူးကို စုန႔္ခ်င္းနင္၏ပခုံးနားကို ႏွိမ့္ခ်ကာ သူ၏နက္ရွိုင္းအက္ကြဲေသာအသံျဖင့္

"မေၾကာက္ပါနဲ႕၊ အိပ္ရာဝင္ဖို႔ ကူညီေပးပါဦး"

စုန႔္ခ်င္းနင္ ထူးထူးျခားျခား စိတ္ၿငိမ္သြားၿပီး သူ႕ေခါင္းကို ညင္သာစြာညိတ္ျပလိုက္သည္။

ရွန္းထင္းက်ိဳးသည္ အခန္းတံခါးပြင့္မလာခင္အထိ အျပင္ဘက္မွာ ႏွစ္မိနစ္တိတိေစာင့္လိုက္ရတယ္။

ဟိုတယ္၏ အခန္းဝင္ေပါက္နားက အလင္းေရာင္သည္ မွိန္‌ေဖ်ာ့ေနတယ္။ စုန႔္ခ်င္းနင္သည္ တံခါးအတြင္း၌ မတ္တပ္ရပ္ေနၿပီး သူ႕အဝတ္မ်ားမွာ ဘာ့ေၾကာင့္မွန္းမသိ စိုစြတ္ေနကာ ပါးျပင္မ်ားလည္း အနည္းငယ္နီေနေသးကာ ထိတ္လန႔္တုန္လႈပ္ေနေသာေလထုထဲ စိမ့္ဝင္ပ်ံ့ႏွံ႕လို႔ေနသည္။

သူေခါင္းငုံ႕လိုက္ၿပီး ၾကားရ႐ုံမွ်ေသာအသံျဖင့္

"ဝင္ခဲ့ပါ ၊ ေဒါက္တာရွန္း "

ရွန္းထင္းက်ိဳးသည္ ၎ကထူးဆန္းေနတာကို ေတြ႕သြားၿပီး သူ႕ကိုထပ္ၿပီးၾကည့္လိုက္သည္။

စုန႔္ခ်င္းနင္၏လည္ပင္းတြင္ ျခင္ကိုက္ထားသကဲ့သို႔ အလြန္ထင္ရွားေနေသာ အမွတ္အသားတစ္ခုရွိေန သည္။ ရွင္းရွင္းလင္းလင္းျမင္ရဖို႔ အလင္းေရာင္က ရွန္းထင္းက်ိဳးအတြက္ မွိန္ေဖ်ာ့လြန္းေန၍ သူ႕စိတ္ကို သူ႕အလုပ္ရွင္ေပၚမွာ အာ႐ုံစိုက္လိုက္သည္။ သူေမးလိုက္တယ္။ " မစၥတာလီ ဘယ္မွာလဲ? "

စုန႔္ခ်င္းနင္၏အသံသည္ တိုးေနၿပီး မျပတ္မသားစကားေျပာလိုက္သည္။

" သူ ၊ သူ အထဲမွာရွိတယ္ "

မလာခင္တြင္ ရွန္းထင္းက်ိဳးသည္ လီက်င့္ဟန္၏ အေျခအေနႏွင့္ပတ္သက္၍ သာမန္ထင္ျမင္ယူဆ ခ်က္ရွိခဲ့သည္။

အရက္ထဲ ေဆးခတ္ထားျခင္း။

ယခုလိုအျဖစ္အပ်က္မ်ားသည္ အေတာ္ေလးအျဖစ္မ်ားသည္။ ခ်မ္းသာၿပီးေခ်ာေမာသည့္ သူေဌးေတြၾကားထဲတြင္ လူဆယ္ေယာက္မွာ ခုနစ္ေယာက္က သားေကာင္အေျခအေနသို႔ေရာက္ရွိသြားၿပီး က်န္ေနသည့္ သုံးေယာက္၊ သူတို႔၏ရည္မွန္းခ်က္မွာေတာ့ သူေဌးမ်ား၏အနာဂတ္အိမ္ေထာင္ဖက္ျဖစ္ရန္ျဖစ္ပင္။

ရွန္းထင္းက်ိဳးသည္ ဒီအရာမ်ားကိုမတုန္လႈပ္ေတာ့ သည္အထိ ျမင္ဖူးခဲ့သည္။

လီက်င့္ဟန္၏အေျခအေနက မျပင္းထန္ပါဘူး။ ရွန္းထင္းက်ိဳးသည္ ေရွးဦးသူနာျပဳပစၥည္းေတြထဲမွ glucose ရည္ကို ထုတ္ယူလိုက္သည္။

Glucose ရည္သည္ ေသြးလည္ပတ္မႈပမာဏကိုတိုးေစၿပီး ခႏၶာကိုယ္မွ အရက္ႏွင့္ စိတ္ႂကြေဆးမ်ားကို လ်င္ျမန္စြာဖယ္ရွားရန္ ကူညီေပးသည္။

ရွန္းထင္းက်ိဳးသည္ လီက်င့္ဟန္၏လက္ေမာင္းကို ပိုးသတ္ရန္ဆြဲယူလိုက္ၿပီး အေၾကာေဆးေပးခါနီးတြင္ လီက်င့္ဟန္က ႐ုတ္တရက္ျပင္းျပင္းထန္ထန္ ေခ်ာင္းဆိုးလာသည္။

ဒါကိုျမင္ေတာ့ စုန႔္ခ်င္းနင္က ေရတစ္ခြက္ကို အျမန္ေပးလိုက္သည္။

လီက်င့္ဟန္သည္ ေရကိုရရွိေသာအခါ သူ၏လက္ ေခ်ာင္းမ်ားက စုန႔္ခ်င္းနင္အား မေတာ္တဆထိမိသြားသည္။ ပူေလာင္ေသာအထိအေတြ႕ေၾကာင့္ စုန႔္ခ်င္းနင္ တစ္ခုခုကိုေတြးမိသြားၿပီး သူ၏နား႐ြက္မ်ားပူေလာင္လာကာ သူ႕လက္ကိုအျမန္ေနာက္ဆုတ္လိုက္သည္။

ရွန္းထင္းက်ိဳး၏မ်က္ခုံးမ်ား လႈပ္သြားရသည္။

ဒါ သူ႕စိတ္ကူးပဲလား ?? ဒါမွမဟုတ္ သူတို႔ႏွစ္ေယာက္ၾကားက ေလထုကပဲသိမ္ေမြ႕ေနတယ္လို႔ထင္ရတာလား ??

လီက်င့္ဟန္သည္ ေအးေဆးတည္ၿငိမ္ေနၿပီးေခ်ာင္း ဆိုးျခင္းကိုထိန္းကာ ေရအနည္းငယ္ေသာက္လိုက္သည္။

အမ်ားႀကီးေတြးေတာမေနေတာ့ဘဲ လီက်င့္ဟန္ ေခ်ာင္းဆိုးတာရပ္သြားသည္ႏွင့္ ပိုးသတ္ျခင္းလုပ္ငန္းစဥ္ကို တစ္ႀကိမ္ျပန္လုပ္လိုက္ၿပီးေနာက္ ေဆးထိုးေပးလိုက္သည္။

ေဆးသြင္းေနစဥ္အတြင္း ရွန္းထင္းက်ိဳးသည္ တခ်ိဳ႕ကိစၥရပ္မ်ားအတြက္ စုန႔္ခ်င္းနင္ကို ၫႊန္ၾကားလိုက္ကာ စုန႔္ခ်င္းနင္သည္ ဂ႐ုတစိုက္နား ေထာင္လို႔ၿပီးသြားေသာအခါ ေမးလာသည္။

"သူ႕အစားအေသာက္ကိုေရာ အာ႐ုံစိုက္ဖို႔လိုေသးလား ?"

"ဒီရက္ပိုင္းေတာ့ အစာေၾကလြယ္တဲ့တစ္ခုခုကို စားရင္အေကာင္းဆုံးပဲ"

စုန႔္ခ်င္းနင္က ေခါင္းညိတ္လိုက္ၿပီး သူ႕ကိုလည္းၾကည့္ေနတဲ့ကုတင္ေပၚရွိ လီက်င့္ဟန္ကို မရည္႐ြယ္ဘဲဖ်တ္ခနဲၾကည့္လိုက္သည္။ သူ၏ မည္းနက္ေနေသာမ်က္လုံးမ်ားသည္ မျမင္နိုင္ ပိုးမွ်င္အိမ္ကဲ့သို႔ ထင္ရသည္။

ပ်ာယာခတ္သြားသလိုခံစားရၿပီး စုန႔္ခ်င္းနင္သည္ သူ႕အၾကည့္ကိုအျမန္ေရွာင္လႊဲလိုက္ရသည္။

ရွန္းထင္းက်ိဳးသည္ ဒီျမင္ကြင္းကို ျမင္လိုက္ရၿပီး အေစာပိုင္းက သံသယေတြထပ္မံ၍ပလုံစီတက္လာျပန္သည္။

မိေထြးနဲ႕ လင္ပါသား

ဒီထင္ျမင္ခ်က္ႏွစ္ခု........

ရွန္းထင္းက်ိဳး၏စိတ္သည္ " နစ္ျမႇုပ္ျခင္း " ကို အလိုအေလ်ာက္ေရာက္ရွိသြားသည္။

ရပ္၊ ရပ္

သူ႕ဝမ္းကြဲေလးသည္ ထူးဆန္းေသာအတြဲမ်ား တြဲေပးရသည္ကိုႏွစ္သက္ၿပီး သူမ၏မိဘမ်ားကို block ထားေသာ္ျငားလည္း social media ေပၚေတာင္ထိ သူတို႔ကိုပို႔စ္တင္ခဲ့သည္။

မေန႕ကပဲ သူမ နစ္ျမႇုပ္ျခင္းေတးသြားႏွင့္အတူ မိေထြးႏွင့္လင္ပါသား CP ၏ videoကိုတင္ခဲ့သည္။ ၾကည့္ရတာေတာ့ ဒီသီခ်င္းမွာကိုယ္က်င့္တရားႏွင့္ပတ္သက္၍ ဒြိဟျဖစ္ေစေသာေတးသြားမ်ိဳးရွိေန သည္မွာထင္ရွားသည္။

ကိုယ္က်င့္တရားႏွင့္ပတ္သက္၍ ဒြိဟျဖစ္ျခင္းရွိမရွိ ရွန္းထင္းက်ိဳးမသိေပမယ့္ ဒီဟာကေတာ္ေတာ္ေလးဆြဲေဆာင္မႈ‌ရွိတာကိုေတာ့သိသည္။

ရွန္းထင္းက်ိဳးသည္ ရႈပ္ေထြးေနေသာအေတြးမ်ားကို ဖယ္လိုက္ၿပီး စုန႔္ခ်င္းနင္ကို ေျပာလိုက္သည္။

" မစၥတာလီရဲ႕အေျခအေနက တည္ၿငိမ္သြားပါၿပီ။ ေရမ်ားမ်ားေသာက္ၿပီး မ်ားမ်ားအနားယူဖို႔ရန္ ေသခ်ာေအာင္ၾကည့္ရႈစစ္ေဆးေပးပါ "

စုန့္ခ်င္းနင္ ေခါင္းညိတ္လိုက္တယ္။ " ေကာင္းၿပီ "

ေဆးသြင္းၿပီးသြားၿပီးေနာက္ ရွန္းထင္းက်ိဳး အပ္ကိုဖယ္လိုက္ကာ လီက်င့္ဟန္၏လက္ေမာင္းေပၚရွိ ထိုးေဖာက္ထားသည့္ေနရာကို ဂြမ္းလုံးျဖင့္ဖိလိုက္ကာ

"ေသြးထြက္တာရပ္ဖို႔ မင္းႏွစ္မိနစ္ေလာက္ဖိထားဖို႔လိုတယ္ "

လီက်င့္ဟန္ စုန႔္ခ်င္းနင္ကို တစ္ခ်က္ၾကည့္လိုက္ေသာ္လည္း ဘာမွလည္းမေျပာ၊ လႈပ္လည္းမလႈပ္ခဲ့ေပ။

ရွန္းထင္းက်ိဳးသည္ ေသြးထြက္ျခင္းကိုရပ္တန႔္ရန္ ဂြမ္းလုံးျဖင့္ဖိထား႐ုံမွတစ္ပါး ေ႐ြးခ်ယ္စရာမရွိေပ။

စုန႔္ခ်င္းနင္ သုံး၊ ေလးစကၠန႔္မွ်တုံ႕ဆိုင္းသြားသည္။ ထို႔ေနာက္ ျဖည္းညွင္းစြာခ်ဥ္းကပ္လာၿပီး ႏူးႏူးညံ့ညံ့ ေျပာလာသည္။

" ဘာလို႔.....ကြၽန္ေတာ္ မလုပ္ရမွာလဲ၊ ေဒါက္တာ   ရွန္း ?? "


You are reading the story above: TeenFic.Net