🩺 Chapter 1.2

Background color
Font
Font size
Line height

🩺 Chapter 1.2  

ဒဏ်ရာက…မနာဘူးလား ??

ရှန်းထင်းကျိုး အံ့အားသင့်သွားသလို အပြင်ဘက်မှတံခါးပွင့်သွားကာညလေညှင်းများဝင်လာသည်။

ဟဲရန်ထင်းလက်ထောက်ဖြစ်နိုင်သည်ဟု ရှန်းထင်းကျိုးတွေးကာလှည့်ကြည့်လိုက်သည်။

အိုးး ကောင်လေး ၊ အဲဒါ သူဌေးဟောင်းပဲ !!

ပိုပြီးတိတိကျကျပြောရရင် ၎င်းမှာ ဟဲရန်ထင်း၏အဘိုးဖြစ်သည်။

တစ်ယောက်ယောက်က အဘိုးကြီးကိုပြောပြသင့်တယ်။ သူ့မျက်လုံးများထဲ အေးစက်သောအကြည့်နှင့် သူ့နောက်တွင် မုန်တိုင်းကျ ရောက်တော့မည့် အရိပ်အယောင်များပေါ်ထွက်နေသည့် အရပ်ရှည်သောကိုယ်ရံတော်လေးယောက်ရှိသည်။

ဟဲရန်ထင်း၏လက်ထောက်များနှင့် သက်တော် စောင့်များသည် ထိတ်လန့်နေသောငုံးကောင်လေးများကဲ့သို့ တံခါးပေါက်တွင် ကျုံ့သွားကြသည်။

ရှန်းထင်းကျိုးသည် အဘိုးကြီး၏ရူးနေသောမြေးအား သင်ခန်းစာတစ်ခုပေးရန်နိုင်အတွက် သူ့ခြေထောက်များကို အလိုလိုရွှေ့ပေးလိုက်သည်။

အဘိုးအိုသည် ဧည့်ခန်းအတွင်းမှ ပရမ်းပတာအခြေအနေကိုတချက်ပင်မကြည့်ဘဲ သူ့နောက်မှ သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။

"ကျေးဇူးပြုပြီး မစ္စတာကျန်းကို ပြန်လိုက်ပို့ပေးလိုက်ကြ"

" ကျေးဇူးပြုပြီး " ဟူသော စကားလုံးကို သူသုံးထားသော်လည်း သူ့၏လေသံ သို့မဟုတ် လေယူလေတိမ်းထဲ နွေးထွေးမှု သို့မဟုတ် ယဉ်ကျေးမှုကိုမတွေ့ရပေ။

ဒါကိုကြားတော့ သက်တော်စောင့်တွေက ကျန်းကျီဆီသို့လျှောက်သွားလိုက်သည်။

ဟဲရန်ထင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ သစ်သားစာအုပ်စင်ထဲသို့ ဓါးကိုပြင်းထန်စွာထိုးစိုက်လိုက်ပြီး အေးတိအေးစက်နဲ့ ပြတ်ပြတ်သားသားပြောလိုက်သည်။

"သူ့ကို ဘယ်သူထိရဲလဲဆိုတာ ငါ ကြည့်ချင်သေးတယ် "

သူ့၏မျက်ခုံးကြားရှိ ဩဇာလွှမ်းမိုးလိုသောရောင်ဝါသည် အဘိုးအိုနှင့် တထေရာတည်းတူနေသည်။

တော်လှန်ပုန်ကန်တတ်သောမြေးဖြစ်သူကို ကြည့်ပြီး အဘိုးအိုသည် ဒေါသမထွက်သော်လည်း ဂရုမစိုက်ဟန်ဖြင့် ပြောရုံသာပြော လိုက်သည်။

"ငါအရင်က မင်းကိုပြောဖူးပါတယ်၊ မင်းဘေးမှာ မထားနိုင်တဲ့အရာတွေကို သိမ်းမထားပါနဲ့လို့ "

ရှန်းထင်းကျိုး အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

သခင်ကြီးက ရူးနေတဲ့မြေးကို ခက်ခဲတဲ့သင်ခန်း စာတစ်ခု သင်ပေးတော့မည်ဟုမျှော်လင့်ထားသော်လည်း ယခုလိုမျိုးရလဒ်ကိုတော့ သူမမျှော်လင့်ထားမိပေ။

ကျန်းကျီသည် အရှက်တကွဲဖြစ်သွားကာ လက် သီးများကိုဆုပ်ထားသည်။

ဟဲရန်ထင်းသည် သခင်ကြီးဟဲကို တည့်တည့်ကြည့်လိုက်ပြီး သူ့၏ခိုင်မာသောသဘောထားဖြင့်

" ဒါက ကျွန်တော့်ကိစ္စပဲ ၊ အဘိုးဝင်စွက်ဖက်ဖို့ မလိုဘူး "

အဘိုးအိုက လှောင်ရယ်လိုက်ပေမယ့် ကျန်းကျီကိုတော့ နောက်တစ်ကြိမ် ခေါ်သွားရန်အား မပြောခဲ့ပေ။ အဲ့ဒီအစား သူသည် ဟဲရန်ထင်းကို သူနှင့်အတူ အိမ်ဟောင်းသို့ပြန်ခိုင်းလိုက်သည်။

ဟဲရန်ထင်းသည် အေးစက်စက်ဖြင့် မျက်နှာလွှဲသွားသော ကျန်းကျီကိုကြည့်လိုက်သည်။

ဟဲရန်ထင်းက ဘာမှမပြောဘဲ အဘိုးအိုနောက်သို့လိုက်သွားခဲ့သည်။

သူ ရှန်းထင်းကျိုးကို ဖြတ်သွားစဉ် ဟဲရန်ထင်း ခဏရပ်ကာ နူးညံ့သောအသံတိုးတိုးဖြင့် ပြောလိုက်သည်။

"သူ့လက်ကို မှန်ကွဲစတွေထိထားတယ် "

ထိုသို့ပြောပြီးနောက် ဟဲရန်ထင်း ဗီလာထဲမှထွက်ကာ သခင်ကြီး၏ကားထဲသို့ဝင်သွားခဲ့သည်။

ဟဲရန်ထင်းထွက်သွားပြီးတာနဲ့ ကျန်းကျီသည် အလွန်အမင်းကို မအီမသာဖြစ်လာပြီး ရေချိုးခန်းထဲအပြေးသွားကာ အော့အန်လိုက်သည်။

၎င်းသည် သူ၏အစာအိမ်နှင့် အူလမ်းကြောင်းရှိ ကြွက်သားများကျုံ့သွားစေသည့် ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာ ကမောက်ကမကြောင့်ဖြစ်သည်။

ရှန်းထင်းကျိုး ဆေးသေတ္တာကိုကိုင်ကာ ကျန်းကျီထွက်လာတာကို ရေချိုးခန်းတံခါးတွင်စောင့် ဆိုင်းနေခဲ့သည်။

ဟဲရန်ထင်း၏လက်ထောက်က ချဉ်းကပ်လာပြီး မေးသည်။ " မစ္စတာကျန်း အဆင်ပြေရဲ့လား "

ရှန်းထင်းကျိုးသည် လက်ထောက်ကိုလှည့်ကြည့်လိုက်သည်။

ရှန်းထင်းကျိုး၏အကြည့်ကို ကြည့်ပြီး လက် ထောက်သည် အနည်းငယ်အပြစ်ရှိသလိုခံစားရကာ ကိုးရိုးကားယားရယ်လိုက်သည်။

" တောင်းပန်ပါတယ် ဒေါက်တာရှန်း ၊ အဲဒါက အရေးပေါ်အခြေအနေဆိုတော့ ဒေါက်တာ့ကို့ညဝတ်အကျီနဲ့ ခေါ်လာရုံပဲတတ်နိုင်လို့ပါ"

ရှန်းထင်းကျိုးအပေါ်အပြစ်ရှိသလို ခံစားရသော်လည်း .......

လက်ထောက်သည် ရှန်းထင်းကျိုးအား နောက်တစ်ကြိမ်မခိုးကြည့်ဘဲမနေနိုင်ပေ။

သူ့စိတ်ထဲတွင် ရှန်းထင်းကျိုး၏အဝတ်အစားများသည်အမြဲသပ်ရပ်နေခဲ့သည်။ သူသည် အကျီထိပ်ဆုံးထိ ကြယ်သီးတပ်ထားပြီး သူ့ဘောင်းဘီမှာလည်းအတွန့်တစ်ခုမှမရှိပေ။ သူ့ဆံပင်များကို သေသေချာချာဖြီးထားကာ ဦးခေါင်းမှခြေဖျားအထိ အထက်တန်းစား အရှိန်အဝါကိုပေါ်လွင်စေသည်။

သို့သော် ရှေ့ကလူ၏ ဖိနပ်တစ်ရံမှာအမွေးပွပွနှင့်ယုန်နားရွက်နှစ်ခုပင်ရှိနေသေးသည်။ ပုံမသွင်းရသေးသော အနက်ရောင်ဆံပင် များသည် သူ့မျက်နှာတစ်ဝိုက်ဝှေ့ဝဲကျနေပြီး ဖြောင့်စင်းသောနှာခေါင်းနှင့် နီထွေးထွေးနှုတ်ခမ်းများကိုမီးမောင်းထိုးပြနေသည်။ သူ့ရဲ့မျက်တောင်များရှည်လျားကာ သူ၏ရှိရင်းစွဲအသက်ထက်သုံးလေးနှစ်လောက်ငယ်နေပုံပေါ်သည်။

လက်ထောက်: အိုး ဒေါက်တာရှန်းရဲ့ အိမ်နေရင်းပုံစံကတကယ်ရိုးရှင်းတာပဲ။

ဒါကတွေးကြည့်ဖို့ခက်တယ်၊ ရှန်းထင်းကျိုးသည် ခွေးနှင့်ကြောင်အမျိုးအစားအားလုံးကို စွဲဆောင်နိုင်သူဖြစ်ပြီး ၎င်းတို့ကို ဆွဲသွင်းရန်မိုက်မဲသည့် ဆူညံမှုများပင်ပြုလုပ်စေနိုင်သည်။

-  Kitty မင်း အတွေးတွေ ဘယ်ကိုသွားနေတယ်ထင်လဲ ??

-  ဘယ်လောက်ပဲပြေးနေပါစေ Daddy ရဲ့ဆုပ်ကိုင်မှုကနေ မလွတ်မြောက်နိုင်ပါဘူး။

-  ဟီးဟီးဟီး ၊ ဟီးဟီးဟီး

ရှန်းထင်းကျိုး : ..........

လက်ထောက်က ဘာတွေစိတ်ကူးယဉ်နေမှန်း သူ မသိပေမယ့် လက်ထောက်ရဲ့မျက်လုံးထဲမှာလွဲမှားနေတဲ့အကြည့်တွေပိုတိုးလာပြီး မငြိမ်မသက်ဖြစ်နေသည်။

လက်ထောက်သည် လျှို့ဝှက်ဆန်းကြယ်ပြီး မယုံကြည်နိုင်သည့်ပုံပေါက်နေသည်။

" ဒေါက်တာရှန်းရဲ့ဖိနပ်တွေက.....တော်တော်ထူးခြားပြီး သက်တောင့်သက်သာရှိမယ့်ပုံပဲနော် "

ရှန်းထင်းကျိုး၏ခြေချောင်းများသည် ကောက်ကွေးစပြုလာသော်လည်း သူသည် အရွယ် ရောက်ပြီးသူတစ်ယောက်၏ထက်မြက်ပြီး အတွေ့အကြုံများမှု၊ ချောမွေ့မှုတွေနှင့်အတူ လက်ထောက်ကိုပြုံးပြုံးရွှင်ရွှင်ဖြင့် စိတ်တည်ငြိမ်သောအမူအရာကို ထိန်းသိမ်းထား သည်။

လက်ထောက်၏အကြည့်က " ငါနားလည်တယ် ၊ နားလည်တယ် " ဟု သူမျက်နှာပေါ်မှာ ပေါ်နေ သည်။

ရှန်းထင်းကျိုး :.....

ကျန်းကျီသည် ရေချိုးခန်းထဲတွင် တစ်နာရီကျော်ကြာအောင်နေခဲ့သည်။ ရှန်းထင်းကျိုးသည် စိုးရိမ်စိတ်ဖြင့် တံခါးခေါက်လိုက်ပြီး နောက်ဆုံးတွင် ကျန်းကျီ ထွက်ပေါ်လာသည်။

ကျန်းကျီပြန်ထွက်လာချိန်မှာတော့ သူကိုယ်တိုင် စိတ်တည်ငြိမ်သွားသည်။ ရှန်းထင်းကျိုးသည် သူ့လက်ပေါ်ရှိ ဒဏ်ရာအသေး အမွှားများကို ပြုစုနေစဉ် ကျန်းကျီသည် တစ်လျှောက်လုံး မျက်လုံးများမှိတ်ထားပြီးတိတ်ဆိတ်နေခဲ့သည်။

သူ၏ချောမောသောမျက်နှာသည်အလွန်အေးစက်နေတယ်။ သူ့လက်တွေကို တင်းတင်းကြပ်ကြပ် အတူတကွဆုပ်ကိုင်ထားစဉ်တွင် သူ၏ လည်ပင်းရှိသွေးကြောများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။

ရှန်းထင်းကျိုး ကျန်းကျီကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ သူ့ဒဏ်ရာတွေကို မြန်မြန်ကြည့်လိုက်သည်။

ဟဲရန်ထင်း၏ဗီလာကနေ အိမ်ကိုပြန်ရောက်တော့ လိပ်ပြာခေါက်ဆွဲအေးသွားသည်မှာကြာပြီဖြစ်သည်။

ရှန်းထင်းကျိုးသည် ခေါက်ဆွဲကို မိုက်ခရိုဝေ့ဗ်ထဲတွင် နှစ်မိနစ်ခန့် ပြန်အပူပေးပြီး ညစာအတွက် ကြက်ဥကို သူ ကိုယ်တိုင်ပဲ မကျက်တကျက်ကြော်လိုက်သည်။

ကောင်းမွန်စွာအိပ်စက်ရမည့်အချိန်ဇယားနှင့်အတူ အလုပ်မရှိတောင်မှ ဆယ်နာရီခွဲတွင်ချက်ချင်းအိပ်ရာဝင်ခဲ့သည်။

ညသန်းခေါင်မှာ ရှန်းထင်းကျိုးအိပ်ပျော်နေရာကနေ ရုတ်တရက်ထထိုင်လိုက်ပြီး သူ့နဖူးပေါ်မှအရေးအကြောင်းများတွန့်ကွေး သွားရသည်။

သူ တစ်ခုခုမှားနေတာများလား?? တခြားသူတွေ ဘာဖိနပ်ဝတ်လဲဆိုတာကို သူဘာကြောင့် ဂရုစိုက်နေမိတာလဲ ??







🩺 Chapter 1.2  

ဒဏ္ရာက…မနာဘူးလား ??

ရွန္းထင္းက်ိဳး အံ့အားသင့္သြားသလို အျပင္ဘက္မွတံခါးပြင့္သြားကာညေလညွင္းမ်ားဝင္လာသည္။

ဟဲရန္ထင္းလက္ေထာက္ျဖစ္နိုင္သည္ဟု ရွန္းထင္းက်ိဳးေတြးကာလွည့္ၾကည့္လိုက္သည္။

အိုးး ေကာင္ေလး ၊ အဲဒါ သူေဌးေဟာင္းပဲ !!

ပိုၿပီးတိတိက်က်ေျပာရရင္ ၎မွာ ဟဲရန္ထင္း၏အဘိုးျဖစ္သည္။

တစ္ေယာက္ေယာက္က အဘိုးႀကီးကိုေျပာျပသင့္တယ္။ သူ႕မ်က္လုံးမ်ားထဲ ေအးစက္ေသာအၾကည့္ႏွင့္ သူ႕ေနာက္တြင္ မုန္တိုင္းက် ေရာက္ေတာ့မည့္ အရိပ္အေယာင္မ်ားေပၚထြက္ေနသည့္ အရပ္ရွည္ေသာကိုယ္ရံေတာ္ေလးေယာက္ရွိသည္။

ဟဲရန္ထင္း၏လက္ေထာက္မ်ားႏွင့္ သက္ေတာ္ ေစာင့္မ်ားသည္ ထိတ္လန႔္ေနေသာငုံးေကာင္ေလးမ်ားကဲ့သို႔ တံခါးေပါက္တြင္ က်ဳံ႕သြားၾကသည္။

ရွန္းထင္းက်ိဳးသည္ အဘိုးႀကီး၏႐ူးေနေသာေျမးအား သင္ခန္းစာတစ္ခုေပးရန္နိုင္အတြက္ သူ႕ေျခေထာက္မ်ားကို အလိုလိုေ႐ႊ႕ေပးလိုက္သည္။

အဘိုးအိုသည္ ဧည့္ခန္းအတြင္းမွ ပရမ္းပတာအေျခအေနကိုတခ်က္ပင္မၾကည့္ဘဲ သူ႕ေနာက္မွ သက္ေတာ္ေစာင့္မ်ားကို အမိန႔္ေပးလိုက္သည္။

"ေက်းဇူးျပဳၿပီး မစၥတာက်န္းကို ျပန္လိုက္ပို႔ေပးလိုက္ၾက"

" ေက်းဇူးျပဳၿပီး " ဟူေသာ စကားလုံးကို သူသုံးထားေသာ္လည္း သူ႕၏ေလသံ သို႔မဟုတ္ ေလယူေလတိမ္းထဲ ေႏြးေထြးမႈ သို႔မဟုတ္ ယဥ္ေက်းမႈကိုမေတြ႕ရေပ။

ဒါကိုၾကားေတာ့ သက္ေတာ္ေစာင့္ေတြက က်န္းက်ီဆီသို႔ေလွ်ာက္သြားလိုက္သည္။

ဟဲရန္ထင္း ေရွ႕သို႔ ေျခလွမ္းအနည္းငယ္လွမ္းကာ သစ္သားစာအုပ္စင္ထဲသို႔ ဓါးကိုျပင္းထန္စြာထိုးစိုက္လိုက္ၿပီး ေအးတိေအးစက္နဲ႕ ျပတ္ျပတ္သားသားေျပာလိုက္သည္။

"သူ႕ကို ဘယ္သူထိရဲလဲဆိုတာ ငါ ၾကည့္ခ်င္ေသးတယ္ "

သူ႕၏မ်က္ခုံးၾကားရွိ ဩဇာလႊမ္းမိုးလိုေသာေရာင္ဝါသည္ အဘိုးအိုႏွင့္ တေထရာတည္းတူေနသည္။

ေတာ္လွန္ပုန္ကန္တတ္ေသာေျမးျဖစ္သူကို ၾကည့္ၿပီး အဘိုးအိုသည္ ေဒါသမထြက္ေသာ္လည္း ဂ႐ုမစိုက္ဟန္ျဖင့္ ေျပာ႐ုံသာေျပာ လိုက္သည္။

"ငါအရင္က မင္းကိုေျပာဖူးပါတယ္၊ မင္းေဘးမွာ မထားနိုင္တဲ့အရာေတြကို သိမ္းမထားပါနဲ႕လို႔ "

ရွန္းထင္းက်ိဳး အနည္းငယ္မ်က္ေမွာင္ၾကဳတ္လိုက္သည္။

သခင္ႀကီးက ႐ူးေနတဲ့ေျမးကို ခက္ခဲတဲ့သင္ခန္း စာတစ္ခု သင္ေပးေတာ့မည္ဟုေမွ်ာ္လင့္ထားေသာ္လည္း ယခုလိုမ်ိဳးရလဒ္ကိုေတာ့ သူမေမွ်ာ္လင့္ထားမိေပ။

က်န္းက်ီသည္ အရွက္တကြဲျဖစ္သြားကာ လက္ သီးမ်ားကိုဆုပ္ထားသည္။

ဟဲရန္ထင္းသည္ သခင္ႀကီးဟဲကို တည့္တည့္ၾကည့္လိုက္ၿပီး သူ႕၏ခိုင္မာေသာသေဘာထားျဖင့္

" ဒါက ကြၽန္ေတာ့္ကိစၥပဲ ၊ အဘိုးဝင္စြက္ဖက္ဖို႔ မလိုဘူး "

အဘိုးအိုက ေလွာင္ရယ္လိုက္ေပမယ့္ က်န္းက်ီကိုေတာ့ ေနာက္တစ္ႀကိမ္ ေခၚသြားရန္အား မေျပာခဲ့ေပ။ အဲ့ဒီအစား သူသည္ ဟဲရန္ထင္းကို သူႏွင့္အတူ အိမ္ေဟာင္းသို႔ျပန္ခိုင္းလိုက္သည္။

ဟဲရန္ထင္းသည္ ေအးစက္စက္ျဖင့္ မ်က္ႏွာလႊဲသြားေသာ က်န္းက်ီကိုၾကည့္လိုက္သည္။

ဟဲရန္ထင္းက ဘာမွမေျပာဘဲ အဘိုးအိုေနာက္သို႔လိုက္သြားခဲ့သည္။

သူ ရွန္းထင္းက်ိဳးကို ျဖတ္သြားစဥ္ ဟဲရန္ထင္း ခဏရပ္ကာ ႏူးညံ့ေသာအသံတိုးတိုးျဖင့္ ေျပာလိုက္သည္။

"သူ႕လက္ကို မွန္ကြဲစေတြထိထားတယ္ "

ထိုသို႔ေျပာၿပီးေနာက္ ဟဲရန္ထင္း ဗီလာထဲမွထြက္ကာ သခင္ႀကီး၏ကားထဲသို႔ဝင္သြားခဲ့သည္။

ဟဲရန္ထင္းထြက္သြားၿပီးတာနဲ႕ က်န္းက်ီသည္ အလြန္အမင္းကို မအီမသာျဖစ္လာၿပီး ေရခ်ိဳးခန္းထဲအေျပးသြားကာ ေအာ့အန္လိုက္သည္။

၎သည္ သူ၏အစာအိမ္ႏွင့္ အူလမ္းေၾကာင္းရွိ ႂကြက္သားမ်ားက်ဳံ႕သြားေစသည့္ ျပင္းထန္ေသာစိတ္ပိုင္းဆိုင္ရာ ကေမာက္ကမေၾကာင့္ျဖစ္သည္။

ရွန္းထင္းက်ိဳး ေဆးေသတၱာကိုကိုင္ကာ က်န္းက်ီထြက္လာတာကို ေရခ်ိဳးခန္းတံခါးတြင္ေစာင့္ ဆိုင္းေနခဲ့သည္။

ဟဲရန္ထင္း၏လက္ေထာက္က ခ်ဥ္းကပ္လာၿပီး ေမးသည္။ " မစၥတာက်န္း အဆင္ေျပရဲ႕လား "

ရွန္းထင္းက်ိဳးသည္ လက္ေထာက္ကိုလွည့္ၾကည့္လိုက္သည္။

ရွန္းထင္းက်ိဳး၏အၾကည့္ကို ၾကည့္ၿပီး လက္ ေထာက္သည္ အနည္းငယ္အျပစ္ရွိသလိုခံစားရကာ ကိုးရိုးကားယားရယ္လိုက္သည္။

" ေတာင္းပန္ပါတယ္ ေဒါက္တာရွန္း ၊ အဲဒါက အေရးေပၚအေျခအေနဆိုေတာ့ ေဒါက္တာ့ကို႔ညဝတ္အက်ီနဲ႕ ေခၚလာ႐ုံပဲတတ္နိုင္လို႔ပါ"

ရွန္းထင္းက်ိဳးအေပၚအျပစ္ရွိသလို ခံစားရေသာ္လည္း .......

လက္ေထာက္သည္ ရွန္းထင္းက်ိဳးအား ေနာက္တစ္ႀကိမ္မခိုးၾကည့္ဘဲမေနနိုင္ေပ။

သူ႕စိတ္ထဲတြင္ ရွန္းထင္းက်ိဳး၏အဝတ္အစားမ်ားသည္အၿမဲသပ္ရပ္ေနခဲ့သည္။ သူသည္ အက်ီထိပ္ဆုံးထိ ၾကယ္သီးတပ္ထားၿပီး သူ႕ေဘာင္းဘီမွာလည္းအတြန႔္တစ္ခုမွမရွိေပ။ သူ႕ဆံပင္မ်ားကို ေသေသခ်ာခ်ာၿဖီးထားကာ ဦးေခါင္းမွေျခဖ်ားအထိ အထက္တန္းစား အရွိန္အဝါကိုေပၚလြင္ေစသည္။

သို႔ေသာ္ ေရွ႕ကလူ၏ ဖိနပ္တစ္ရံမွာအေမြးပြပြႏွင့္ယုန္နား႐ြက္ႏွစ္ခုပင္ရွိေနေသးသည္။ ပုံမသြင္းရေသးေသာ အနက္ေရာင္ဆံပင္ မ်ားသည္ သူ႕မ်က္ႏွာတစ္ဝိုက္ေဝွ႕ဝဲက်ေနၿပီး ေျဖာင့္စင္းေသာႏွာေခါင္းႏွင့္ နီေထြးေထြးႏႈတ္ခမ္းမ်ားကိုမီးေမာင္းထိုးျပေနသည္။ သူ႕ရဲ႕မ်က္ေတာင္မ်ားရွည္လ်ားကာ သူ၏ရွိရင္းစြဲအသက္ထက္သုံးေလးႏွစ္ေလာက္ငယ္ေနပုံေပၚသည္။

လက္ေထာက္: အိုး ေဒါက္တာရွန္းရဲ႕ အိမ္ေနရင္းပုံစံကတကယ္ရိုးရွင္းတာပဲ။

ဒါကေတြးၾကည့္ဖို႔ခက္တယ္၊ ရွန္းထင္းက်ိဳးသည္ ေခြးႏွင့္ေၾကာင္အမ်ိဳးအစားအားလုံးကို စြဲေဆာင္နိုင္သူျဖစ္ၿပီး ၎တို႔ကို ဆြဲသြင္းရန္မိုက္မဲသည့္ ဆူညံမႈမ်ားပင္ျပဳလုပ္ေစနိုင္သည္။

-  Kitty မင္း အေတြးေတြ ဘယ္ကိုသြားေနတယ္ထင္လဲ ??

-  ဘယ္ေလာက္ပဲေျပးေနပါေစ Daddy ရဲ႕ဆုပ္ကိုင္မႈကေန မလြတ္ေျမာက္နိုင္ပါဘူး။

-  ဟီးဟီးဟီး ၊ ဟီးဟီးဟီး

ရွန္းထင္းက်ိဳး : ..........

လက္ေထာက္က ဘာေတြစိတ္ကူးယဥ္ေနမွန္း သူ မသိေပမယ့္ လက္ေထာက္ရဲ႕မ်က္လုံးထဲမွာလြဲမွားေနတဲ့အၾကည့္ေတြပိုတိုးလာၿပီး မၿငိမ္မသက္ျဖစ္ေနသည္။

လက္ေထာက္သည္ လွ်ို႔ဝွက္ဆန္းၾကယ္ၿပီး မယုံၾကည္နိုင္သည့္ပုံေပါက္ေနသည္။

" ေဒါက္တာရွန္းရဲ႕ဖိနပ္ေတြက.....ေတာ္ေတာ္ထူးျခားၿပီး သက္ေတာင့္သက္သာရွိမယ့္ပုံပဲေနာ္ "

ရွန္းထင္းက်ိဳး၏ေျခေခ်ာင္းမ်ားသည္ ေကာက္ေကြးစျပဳလာေသာ္လည္း သူသည္ အ႐ြယ္ ေရာက္ၿပီးသူတစ္ေယာက္၏ထက္ျမက္ၿပီး အေတြ႕အႀကဳံမ်ားမႈ၊ ေခ်ာေမြ႕မႈေတြႏွင့္အတူ လက္ေထာက္ကိုၿပဳံးၿပဳံး႐ႊင္႐ႊင္ျဖင့္ စိတ္တည္ၿငိမ္ေသာအမူအရာကို ထိန္းသိမ္းထား သည္။

လက္ေထာက္၏အၾကည့္က " ငါနားလည္တယ္ ၊ နားလည္တယ္ " ဟု သူမ်က္ႏွာေပၚမွာ ေပၚေန သည္။

ရွန္းထင္းက်ိဳး :.....

က်န္းက်ီသည္ ေရခ်ိဳးခန္းထဲတြင္ တစ္နာရီေက်ာ္ၾကာေအာင္ေနခဲ့သည္။ ရွန္းထင္းက်ိဳးသည္ စိုးရိမ္စိတ္ျဖင့္ တံခါးေခါက္လိုက္ၿပီး ေနာက္ဆုံးတြင္ က်န္းက်ီ ထြက္ေပၚလာသည္။

က်န္းက်ီျပန္ထြက္လာခ်ိန္မွာေတာ့ သူကိုယ္တိုင္ စိတ္တည္ၿငိမ္သြားသည္။ ရွန္းထင္းက်ိဳးသည္ သူ႕လက္ေပၚရွိ ဒဏ္ရာအေသး အမႊားမ်ားကို ျပဳစုေနစဥ္ က်န္းက်ီသည္ တစ္ေလွ်ာက္လုံး မ်က္လုံးမ်ားမွိတ္ထားၿပီးတိတ္ဆိတ္ေနခဲ့သည္။

သူ၏ေခ်ာေမာေသာမ်က္ႏွာသည္အလြန္ေအးစက္ေနတယ္။ သူ႕လက္ေတြကို တင္းတင္းၾကပ္ၾကပ္ အတူတကြဆုပ္ကိုင္ထားစဥ္တြင္ သူ၏ လည္ပင္းရွိေသြးေၾကာမ်ားကို ရွင္းရွင္းလင္းလင္းျမင္ေနရသည္။

ရွန္းထင္းက်ိဳး က်န္းက်ီကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဘာမွမေျပာဘဲ သူ႕ဒဏ္ရာေတြကို ျမန္ျမန္ၾကည့္လိုက္သည္။

ဟဲရန္ထင္း၏ဗီလာကေန အိမ္ကိုျပန္ေရာက္ေတာ့ လိပ္ျပာေခါက္ဆြဲေအးသြားသည္မွာၾကာၿပီျဖစ္သည္။

ရွန္းထင္းက်ိဳးသည္ ေခါက္ဆြဲကို မိုက္ခရိုေဝ့ဗ္ထဲတြင္ ႏွစ္မိနစ္ခန႔္ ျပန္အပူေပးၿပီး ညစာအတြက္ ၾကက္ဥကို သူ ကိုယ္တိုင္ပဲ မက်က္တက်က္ေၾကာ္လိုက္သည္။

ေကာင္းမြန္စြာအိပ္စက္ရမည့္အခ်ိန္ဇယားႏွင့္အတူ အလုပ္မရွိေတာင္မွ ဆယ္နာရီခြဲတြင္ခ်က္ခ်င္းအိပ္ရာဝင္ခဲ့သည္။

ညသန္းေခါင္မွာ ရွန္းထင္းက်ိဳးအိပ္ေပ်ာ္ေနရာကေန ႐ုတ္တရက္ထထိုင္လိုက္ၿပီး သူ႕နဖူးေပၚမွအေရးအေၾကာင္းမ်ားတြန႔္ေကြး သြားရသည္။

သူ တစ္ခုခုမွားေနတာမ်ားလား?? တျခားသူေတြ ဘာဖိနပ္ဝတ္လဲဆိုတာကို သူဘာေၾကာင့္ ဂ႐ုစိုက္ေနမိတာလဲ ??



You are reading the story above: TeenFic.Net