Unicode
စုချီယွဲ့ ထန်ယဲ့ပစ္စည်းများကို ပြန်ကြည့်လိုက်ရာ အနက်ရောင်ခရီးဆောင်အိတ်တစ်လုံးကို တံခါးဝမှာတွေ့လိုက်ရသဖြင့် သူသယ်ပေးရန် လျှောက်သွားလိုက်သည်။
ထန်ယဲ့ ခြေတစ်လှမ်းကြိုစောသွားကာ
"ဟုတ်တယ် အံ့သြသွားလား?"
"ဟုတ် အရမ်းအံ့သြသွားတာဗျ"
ပြီးတော့ ကြောက်လည်းကြောက်သွားရတယ်လေလို့...
ထန်ယဲ့ ခရီးဆောင်အိတ်ကို ဒုတိယထပ်သို့ သယ်သွားခဲ့ပြီး ပတ်ပတ်လည်ကိုကြည့်၍
"လုပ်ထားတာမဆိုးဘူး!"
"ချီးကျူးပေးလို့ ကောကောကိုကျေးဇူးပါဗျာ"
စုချီယွဲ့က ပစ္စည်းကူသယ်ပေးချင်သော်လည်း ထန်ယဲ့က သိသိသာသာကို သူ့ကိုလုပ်ခွင့်မပြုခဲ့။
"မင်းက နေဖို့ အကောင်းဆုံးနေရာရှာလိုက်နော်။ ကျန်တာကို ကိုယ့်ဆီလွှဲထားခဲ့လိုက်"
ထန်ယဲ့ အိပ်ခန်းသုံးခန်းကို လှည့်ပတ်ကြည့်ရှုပြီး နောက်ဆုံးတွင် မာစတာအိပ်ခန်းကို လက်ညှိုးထိုးပြကာ
"မင်းဒီမှာနေလိုက်"
"ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး၊ အဲဒါက ထန်... အမ် ကောကော ဒီအခန်းမှာနေလိုက်နော်၊ ကျွန်တော်က ဘယ်နေရာမှာဖြစ်ဖြစ်နေနိုင်တယ်"
"မင်းသေချာလား?"
ထန်ယဲ့ မျက်ခုံးအနည်းငယ်ပင့်လျက်
"တောင်ပေါ်က ဒီလိုတောအုပ်လေးတွေမှာ ညဘက်ဆို မှောင်ပိန်းနေတတ်တယ်၊ လေအေးတွေလည်းတိုက်ဦးမှာ။ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ဟိန်းဟောက်သံတွေလည်းရှိတယ်။ မင်းက ရေချိုးခန်းသုံးဖို့ အောက်ထပ်ပြေးဆင်းလာတဲ့အခါ ရုတ်တရက်မီးပြတ်သွားရင်... အမ်း ခံစားချက်က သိပ်မဆိုးဘူးပဲ"
စုချီယွဲ့ သူပြောတာတွေကို ကြားလိုက်ရသည့်အခါ ဆံပင်ပင်ထောင်သွားသလိုခံစားလိုက်ရ၏။
"ဒါဆို ကျွန်တော် ကောရဲ့ ရေချိုးခန်းကို ငှားလို့ရမလား?"
"မရဘူး"
နောက်ဆုံးတွင်မူ စုချီယွဲ့သည် မာစတာအိပ်ခန်းထဲသို့ပြောင်းရွှေ့လိုက်ရပြီး ထန်ယဲ့က သူ့ဘေးနားရှိ ဧည့်ခန်းကို ရွေးချယ်လိုက်လေ၏။
စုချီယွဲ့ ပစ္စည်းများကို အထုတ်ဖြေပြီးနောက် အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။ ရုပ်ရှင်ဧကရာဇ်ထန်က သူနှင့်မလိုက်ဖက်သော အေပရွန်ကိုဝတ်ထားကာ မီးဖိုချောင်တွင် အလုပ်များနေသည်ကို တွေ့လိုက်ရလေသည်။
စုချီယွဲ့ သူ့လက်ကိုအမြန်ဆေးကြောလိုက်ပြီး
"ကျွန်တော်လာမယ်၊ ကျွန်တော့်ကိုလုပ်ခွင့်ပေး၊ ကောက စားဖို့ပဲ စောင့်နေနော်"
သူသည် အရင်က ဖန်းပိုင်အား ထန်ယဲ့ကြိုက်နှစ်သက်သည်များကို မေးထားခဲ့ဖူးပြီး နောင်မှာ သူ့အပေါ် ပြန်ပေးဆပ်ချင်ခဲ့သော်ငြား အနှီအခွင့်အရေးမှာ ဒီလောက်မြန်မြန်ကြီးရလာလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့။ သူ ဒါကို ကောင်းကောင်းကိုင်တွယ်ရမှာပေါ့!
ထန်ယဲ့ သူ့ခေါင်းကို ပြင်းပြင်းထန်ထန်လှည့်လိုက်ရာ စုချီယွဲ့တစ်ယောက် သူ့ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် တိုးဝင်သွားပါတော့သည်။
သူ မြန်မြန် နောက်ခုန်ဆုတ်လိုက်ရင်း "တောင်းပန်ပါတယ်"
ထန်ယဲ့ သူ့ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ကိုင်လိုက်ပြီး သူ့ကို အလေးအနက်ပြောလိုက်သည်။
"ကိုယ့်ကို ဘယ်တော့မှတောင်းပန်စကားမပြောရဘူး"
စုချီယွဲ့ အံ့အားသင့်သွားရလျက်။ ထန်ယဲ့ ၏ မျက်လုံးထဲတွင် ရိုးသားမှုနှင့် လေးနက်မှုတို့ အမှန်တကယ်ကိန်းအောင်းနေသည်မှာ သူတို့နှစ်ဦးဟာ တစ်ကယ့်စုံတွဲအစစ်အလား။
သူတို့နှစ်ယောက်က သိပ်မရင်းနှီးကြသေးဘူးလေ၊ အကြိမ်အနည်းငယ်ပဲတွေ့ဖူးသေးတာကို... ထန်ယဲ့က တကယ်ပဲ သရုပ်ဆောင်ဖြစ်ဖို့ ထိုက်တန်ပါတယ်နော်၊ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က တအားကောင်းနေရောပဲ။
စုချီယွဲ့ စိတ်ငြိမ်ငြိမ်ထားလိုက်ကာ အားရပါးရပြုံးပြလိုက်ပြီး
"ကောင်းပါပြီဗျ"
ထန်ယဲ့ ကောင်လေးကို ဆိုဖာဆီတွန်းချလိုက်ပြီး TVရီမုဒ်ကို ရှာတွေ့သွားသည့်အခါ
"မင်း ဘာတွေကြည့်လဲ? ကာတွန်းလား?"
စုချီယွဲ့ တီဗီဖန်သားပြင်ပေါ်မှ "Boonie Bears"ကို ကြည့်လိုက်ပြီး ဆွံ့အသွားရလျက်။
"ကျွန်တော်က သုံးနှစ်သားမဟုတ်ဘူးလေ"
ထန်ယဲ့လည်း ဤသည်မှာ ကျိုးကြောင်းဆီလျော်သလိုခံစားလိုက်ရသဖြင့် ခေါင်းညိတ်ပြကာ ချန်နယ်ကို စတင်ပြောင်းနေလေသည်။
စုချီယွဲ့ ကြည့်နေရင်း... သူ တစ်လိုင်းပြီးတစ်လိုင်းပြောင်းရှာနေတော့မှာလားလို့တွေးနေမိလျက်။
"ထန်လောင်... ကောကော... ကျွန်တော့်ဘာသာ ရီမုဒ်သုံးလို့ရပါတယ်"
စုချီယွဲ့ ခေါ်လိုက်သည့် ကောကောစကားလုံးမှာ ကိုးရိုးကားယားဖြစ်သွားရ၏။ ထန်ယဲ့ကား ဇာတ်ဝင်ခန်းထဲမှာ အလွန်အမင်းနစ်ဝင်နေသည်ကြောင့် သူလည်း ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်လိုက်သည်။ တခြားသူတွေအပေါ် တာဝန်သိတတ်ရမယ်လို့ သူ့ကို ဘယ်သူပြောသွားတာလဲနော်?
ထန်ယဲ့: "လောင်ကောကော? ကိုယ်က အသက်ကြီးနေပြီလား?"
(T/N: သူက ထန်လောင်ရှီးလို့ခေါ်ချင်တာ၊ အဲ့လိုမခေါ်နဲ့ပြောထားတော့ တစ်ဝက်တစ်ပျက်နဲ့ ကောကောပြောင်းခေါ်လိုက်တာနော်၊ ဒီတော့ ထန်လောင်ကောကော ဖြစ်သွားတာပေါ့နော် 😆 လောင်ဆိုတာက အသက်ကြီးတဲ့သူတွေကိုသုံးကြတာဆိုတော့ 😂)
စုချီယွဲ့: "ကောကောက အမြဲတမ်းငယ်နေတာပါဗျာ၊ အရမ်းချော အရမ်းမိမိုက်တာ၊ ကောင်းကင်ကြီးလောက်ချောမောတာပါဗျ!"
ထန်ယဲ့ ရီမုဒ်ကို စုချီယွဲ့ဆီပေးလိုက်ပြီး
"ညစာအဆင်သင့်ဖြစ်ရင် ကိုယ်မင်းကိုခေါ်လိုက်မယ်"
"ကျွန်တော် ကူညီနိုင်ပါတယ်"
စုချီယွဲ့ ကူညီပေးရန် အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် နောက်ဆုံးတွင် ထန်ယဲ့၏ အလွန်နူးညံ့သိမ်မွေ့သောမျက်လုံးများအောက်တွင် ကြွေဆင်းသွားရပြန်သည်။
"ဒါဆို ဟယ်ဝမ်ကျောင်းနဲ့ တခြားသူတွေ..."
စုချီယွဲ့က တခြားသူတွေကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာသင်ပေးပြီး ညစာလာစားခွင့်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း ပြန်သတိရသွားလျက်။ အခု ထန်ယဲ့က ဒီမှာရောက်နေပြီဆိုတော့ သူတို့ကိုမခေါ်ဘူးဆိုရင် မကောင်းဘူးမလားဟင်?
ထန်ယဲ့၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ်ကွေးသွားလျက်
"ဒါဆို ကိုယ်ချက်ပြုတ်လိုက်မယ်၊ မင်းက သူတို့ကို သွားခေါ်လိုက်လေ"
စုချီယွဲ့ တွေးကြည့်ပြီးနောက် လုံးဝအဆင်ပြေသလို ခံစားလိုက်ရ၏။ လူများလေ ပိုအသက်ဝင်လေပဲလေ...
"ဒါဆို ကျွန်တော် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့မယ်၊ ပြီးရင် ကောကောကို ကူပေးမယ်နော်"
[ဟား ဟား ဟား ရှောင်ကောကောက ဘာလို့ ဒီလောက်တုံးနေရတာလဲ? ငါ့ထန်ကောက ဒီရောက်နေပြီလေ၊ တခြားသူတွေက ဒီကိုလာဝံ့မှာတဲ့လားဟ]
[စုချီယွဲ့ခေါင်းက မြည်းအကန်ခံလိုက်ရတာလား? လူနှစ်ယောက်တည်းကမ္ဘာဆိုတာ နင်နားလည်ရဲ့လား? ငါလေးဆွံ့အသွားပြီနော်]
[ကောကောက တကယ်ချက်ပြုတ်တတ်တယ်ပေါ့၊ သူက တကယ်ကို အစွမ်းထက်လွန်းတာပဲနော်။ ငါ့ရဲ့ idol ဖြစ်ဖို့ ထိုက်တန်တယ်]
[ကြည့်ကြပါဦး၊ ချိန်းတွေ့နေတယ်ဆိုတဲ့အကြောင်း စုချီယွဲ့ကို တစ်ယောက်ယောက်လောက် သွားသတိပေးကြပါဦးဟဲ့။ ငါသာ ထန်ယဲ့ဆိုရင် ဒေါသထွက်လို့သေလိမ့်မယ်]
[အပေါ်ထပ်က တကယ်ပဲ စိတ်အလိုလိုက်လွန်းတာပဲနော်။ နင်က ထန်ယဲ့မဖြစ်နိုင်ပါဘူးဟယ်။ မင်းသားထန်က အရမ်းပျော်နေတယ်လို့ ငါထင်တယ်နော်]
စုချီယွဲ့လည်း ပရိုဂရမ်အဖွဲ့ကို မေးမြန်းလိုက်ပြီး လူရှာရန် ပြေးလာခဲ့သည်။ သူတို့နှင့်အနီးစပ်ဆုံးမှာ အန်းလုနှင့် ဟယ်ဝမ်ကျောင်းတို့ဖြစ်သည်။ သူတို့အိမ်တံခါးကို ခပ်ကျယ်ကျယ်ဖွင့်ထားပြီး ခြံထဲမှာ အန်းလုနှင့် ဟယ်ဝမ်ကျောင်းက ပေါင်မုန့်ထိုင်စားနေကြသည်။
"လောင်ရှီးတို့နှစ်ယောက် ညစာစားဖို့ ကျွန်တော့်နေရာကို သွားလိုက်ကြနော်။ ထန်လောင်ရှီး ချက်ပြုတ်နေပြီဗျ"
အန်းလုနှင့် ဟယ်ဝမ်ကျောင်းက အလျင်အမြန် ခေါင်းယမ်းလိုက်ကာ
"ဟင့်အင်း မလိုပါဘူး၊ ငါတို့ဗိုက်ပြည့်နေပြီ။ မင်းမြန်မြန်ပြန်သွားတော့လေ၊ ထန်လောင်ရှီးကို အကြာကြီးမစောင့်ခိုင်းနဲ့။ ငါတို့ ခဏနေရင် တောအုပ်ဘက်သွားကြမလို့၊ ဒါကြောင့် မင်းကိုဧည့်မခံတော့ဘူးနော်"
စုချီယွဲ့ ဒီလိုမျိုး အရမ်းကိုတလေးတစားနှင်ထုတ်ခံလိုက်ရ၏။ သူက ဖန်းမင်ရွှီနှင့် ယန်ယွဲ့တို့ကိုရှာရန် ပြေးသွားလိုက်သော်လည်း အလားတူဆက်ဆံခံလိုက်ရလေသည်။
ဖန်းမင်ရွှီ သူ့ကိုပြန်လွှတ်လိုက်ကာ
"မင်းမြန်မြန်ပြန်သွားတာပိုကောင်းမယ်နော်၊ ထုန်ယန်နဲ့ တခြားသူတွေလည်း သွားမှာမဟုတ်ဘူး"
"ဘာလို့လဲဗျ?"
ဖန်းမင်ရွှီ ခဏလောက်စဉ်းစားပြီး
"ပြောရရင်တော့ ထန်ယဲ့နဲ့ ဘယ်သူမှအတူတူမစားချင်ကြဘူးပေါ့ကွာ"
[ဝါး ဝါး ဝါး... စီနီယာဂီတအနုပညာရှင်ပဲ ဒီလိုပြောရဲတယ်ဟ]
[သူတို့အားလုံးက ငါ့ထန်ကောကို ကြောက်နေကြတာလား?]
[စုချီယွဲ့: ... စိတ်ရှုပ်ထွေးစွာကြည့်လျက်]
ထန်ယဲ့က စုချီယွဲ့ကို ကြည့်လိုက်သည့်အခါ သူ့နောက်မှာ တစ်ယောက်မှမရှိကြောင်း တွေ့လိုက်ရ၏။
"မင်းသွားခေါ်တဲ့လူတွေရော ဘယ်မှာလဲ?"
စုချီယွဲ့: "သူတို့က ကျွန်တော်နဲ့ အတူတူမစားချင်ဘူးလို့ပြောတယ်။ ကျွန်တော်က အရမ်းကြည့်ကောင်းတော့ သူတို့ နည်းနည်းရှက်နေတာဖြစ်မယ်ဗျ"
ထန်ယဲ့: ... ကိုယ်ယုံတယ်။
အခြားဧည့်သည်များ: ငါတို့မပြောပါဘူးနော်!
စာရေးသူမှာ ပြောစရာရှိပါတယ်။
စုချီယွဲ့: ဟေး၊ လူတိုင်းက သူနဲ့အတူတူမစားချင်ဘူးလို့ ထန်လောင်ရှီးသိသွားရင် ဝမ်းနည်းသွားလိမ့်မယ်။
ထန်ယဲ့: ကိုယ်မဖြစ်ပါဘူးကွာ!
xxx
Zawgyi
စုခ်ီယြဲ႔ ထန္ယဲ့ပစၥည္းမ်ားကို ျပန္ၾကည့္လိုက္ရာ အနက္ေရာင္ခရီးေဆာင္အိတ္တစ္လံုးကို တံခါးဝမွာေတြ့လိုက္ရသျဖင့္ သူသယ္ေပးရန္ ေလ်ွာက္သြားလိုက္သည္။
ထန္ယဲ့ ေျခတစ္လွမ္းႀကိဳေစာသြားကာ
"ဟုတ္တယ္ အံ့ၾသသြားလား?"
"ဟုတ္ အရမ္းအံ့ၾသသြားတာဗ်"
ၿပီးေတာ့ ေၾကာက္လည္းေၾကာက္သြားရတယ္ေလလို႔...
ထန္ယဲ့ ခရီးေဆာင္အိတ္ကို ဒုတိယထပ္သို႔ သယ္သြားခဲ့ၿပီး ပတ္ပတ္လည္ကိုၾကၫ့္၍
"လုပ္ထားတာမဆိုးဘူး!"
"ခ်ီးက်ူးေပးလို႔ ေကာေကာကိုေက်းဇူးပါဗ်ာ"
စုခ်ီယြဲ႔က ပစၥည္းကူသယ္ေပးခ်င္ေသာ္လည္း ထန္ယဲ့က သိသိသာသာကို သူ႔ကိုလုပ္ခြင့္မျပဳခဲ့။
"မင္းက ေနဖို႔ အေကာင္းဆံုးေနရာရွာလိုက္ေနာ္။ က်န္တာကို ကိုယ့္ဆီလႊဲထားခဲ့လိုက္"
ထန္ယဲ့ အိပ္ခန္းသံုးခန္းကို လွၫ့္ပတ္ၾကၫ့္ရႈၿပီး ေနာက္ဆံုးတြင္ မာစတာအိပ္ခန္းကို လက္ၫွိုးထိုးျပကာ
"မင္းဒီမွာေနလိုက္"
"ဟင့္အင္း မဟုတ္ဘူး မဟုတ္ဘူး၊ အဲဒါက ထန္... အမ္ ေကာေကာ ဒီအခန္းမွာေနလိုက္ေနာ္၊ ကြၽန္ေတာ္က ဘယ္ေနရာမွာျဖစ္ျဖစ္ေနႏိုင္တယ္"
"မင္းေသခ်ာလား?"
ထန္ယဲ့ မ်က္ခံုးအနည္းငယ္ပင့္လ်က္
"ေတာင္ေပၚက ဒီလိုေတာအုပ္ေလးေတြမွာ ညဘက္ဆို ေမွာင္ပိန္းေနတတ္တယ္၊ ေလေအးေတြလည္းတိုက္ၪီးမွာ။ ေတာရိုင္းတိရိစၧာန္ေတြရဲ့ ဟိန္းေဟာက္သံေတြလည္းရိွတယ္။ မင္းက ေရခ်ိဳးခန္းသံုးဖို႔ ေအာက္ထပ္ေျပးဆင္းလာတဲ့အခါ ရုတ္တရက္မီးျပတ္သြားရင္... အမ္း ခံစားခ်က္က သိပ္မဆိုးဘူးပဲ"
စုခ်ီယြဲ႔ သူေျပာတာေတြကို ၾကားလိုက္ရသည့္အခါ ဆံပင္ပင္ေထာင္သြားသလိုခံစားလိုက္ရ၏။
"ဒါဆို ကြၽန္ေတာ္ ေကာရဲ့ ေရခ်ိဳးခန္းကို ငွားလို႔ရမလား?"
"မရဘူး"
ေနာက္ဆံုးတြင္မူ စုခ်ီယြဲ႔သည္ မာစတာအိပ္ခန္းထဲသို႔ေျပာင္းေရႊ့လိုက္ရၿပီး ထန္ယဲ့က သူ႔ေဘးနားရိွ ဧၫ့္ခန္းကို ေရြးခ်ယ္လိုက္ေလ၏။
စုခ်ီယြဲ႔ ပစၥည္းမ်ားကို အထုတ္ေျဖၿပီးေနာက္ ေအာက္ထပ္သို႔ ေျပးဆင္းသြားလိုက္သည္။ ရုပ္ရွင္ဧကရာဇ္ထန္က သူႏွင့္မလိုက္ဖက္ေသာ ေအပရြန္ကိုဝတ္ထားကာ မီးဖိုေခ်ာင္တြင္ အလုပ္မ်ားေနသည္ကို ေတြ့လိုက္ရေလသည္။
စုခ်ီယြဲ႔ သူ႔လက္ကိုအျမန္ေဆးေၾကာလိုက္ၿပီး
"ကြၽန္ေတာ္လာမယ္၊ ကြၽန္ေတာ့္ကိုလုပ္ခြင့္ေပး၊ ေကာက စားဖို႔ပဲ ေစာင့္ေနေနာ္"
သူသည္ အရင္က ဖန္းပိုင္အား ထန္ယဲ့ႀကိဳက္ႏွစ္သက္သည္မ်ားကို ေမးထားခဲ့ဖူးၿပီး ေနာင္မွာ သူ႔အေပၚ ျပန္ေပးဆပ္ခ်င္ခဲ့ေသာ္ျငား အႏွီအခြင့္အေရးမွာ ဒီေလာက္ျမန္ျမန္ႀကီးရလာလိမ့္မည္ဟု သူ မေမ်ွာ္လင့္ထားမိခဲ့။ သူ ဒါကို ေကာင္းေကာင္းကိုင္တြယ္ရမွာေပါ့!
ထန္ယဲ့ သူ႔ေခါင္းကို ျပင္းျပင္းထန္ထန္လွၫ့္လိုက္ရာ စုခ်ီယြဲ႔တစ္ေယာက္ သူ႔ရင္ခြင္ထဲသို႔ တန္းတန္းမတ္မတ္ တိုးဝင္သြားပါေတာ့သည္။
သူ ျမန္ျမန္ ေနာက္ခုန္ဆုတ္လိုက္ရင္း "ေတာင္းပန္ပါတယ္"
ထန္ယဲ့ သူ႔ပခံုးႏွစ္ဖက္ကို လက္ႏွစ္ဖက္ျဖင့္ကိုင္လိုက္ၿပီး သူ႔ကို အေလးအနက္ေျပာလိုက္သည္။
"ကိုယ့္ကို ဘယ္ေတာ့မွေတာင္းပန္စကားမေျပာရဘူး"
စုခ်ီယြဲ႔ အံ့အားသင့္သြားရလ်က္။ ထန္ယဲ့ ၏ မ်က္လံုးထဲတြင္ ရိုးသားမႈႏွင့္ ေလးနက္မႈတို႔ အမွန္တကယ္ကိန္းေအာင္းေနသည္မွာ သူတို႔ႏွစ္ၪီးဟာ တစ္ကယ့္စံုတြဲအစစ္အလား။
သူတို႔ႏွစ္ေယာက္က သိပ္မရင္းႏွီးၾကေသးဘူးေလ၊ အႀကိမ္အနည္းငယ္ပဲေတြ့ဖူးေသးတာကို... ထန္ယဲ့က တကယ္ပဲ သရုပ္ေဆာင္ျဖစ္ဖို႔ ထိုက္တန္ပါတယ္ေနာ္၊ သူ႔ရဲ့သရုပ္ေဆာင္စြမ္းရည္က တအားေကာင္းေနေရာပဲ။
စုခ်ီယြဲ႔ စိတ္ၿငိမ္ၿငိမ္ထားလိုက္ကာ အားရပါးရၿပံဳးျပလိုက္ၿပီး
"ေကာင္းပါၿပီဗ်"
ထန္ယဲ့ ေကာင္ေလးကို ဆိုဖာဆီတြန္းခ်လိုက္ၿပီး TVရီမုဒ္ကို ရွာေတြ့သြားသည့္အခါ
"မင္း ဘာေတြၾကၫ့္လဲ? ကာတြန္းလား?"
စုခ်ီယြဲ႔ တီဗီဖန္သားျပင္ေပၚမွ "Boonie Bears"ကို ၾကည့္လိုက္ၿပီး ဆြံ႔အသြားရလ်က္။
"ကြၽန္ေတာ္က သံုးႏွစ္သားမဟုတ္ဘူးေလ"
ထန္ယဲ့လည္း ဤသည္မွာ က်ိဳးေၾကာင္းဆီေလ်ာ္သလိုခံစားလိုက္ရသျဖင့္ ေခါင္းညိတ္ျပကာ ခ်န္နယ္ကို စတင္ေျပာင္းေနေလသည္။
စုခ်ီယြဲ႔ ၾကၫ့္ေနရင္း... သူ တစ္လိုင္းၿပီးတစ္လိုင္းေျပာင္းရွာေနေတာ့မွာလားလို႔ေတြးေနမိလ်က္။
"ထန္ေလာင္... ေကာေကာ... ကြၽန္ေတာ့္ဘာသာ ရီမုဒ္သံုးလို႔ရပါတယ္"
စုခ်ီယြဲ႔ ေခၚလိုက္သည့္ ေကာေကာစကားလံုးမွာ ကိုးရိုးကားယားျဖစ္သြားရ၏။ ထန္ယဲ့ကား ဇာတ္ဝင္ခန္းထဲမွာ အလြန္အမင္းနစ္ဝင္ေနသည္ေၾကာင့္ သူလည္း ေကာင္းေကာင္းမြန္မြန္ ပူးေပါင္းေဆာင္ရြက္လိုက္သည္။ တျခားသူေတြအေပၚ တာဝန္သိတတ္ရမယ္လို႔ သူ႔ကို ဘယ္သူေျပာသြားတာလဲေနာ္?
ထန္ယဲ့: "ေလာင္ေကာေကာ? ကိုယ္က အသက္ႀကီးေနၿပီလား?"
(T/N: သူက ထန္ေလာင္ရွီးလို႔ေခၚခ်င္တာ၊ အဲ့လိုမေခၚနဲ႔ေျပာထားေတာ့ တစ္ဝက္တစ္ပ်က္နဲ႔ ေကာေကာေျပာင္းေခၚလိုက္တာေနာ္၊ ဒီေတာ့ ထန္ေလာင္ေကာေကာ ျဖစ္သြားတာေပါ့ေနာ္ 😆 ေလာင္ဆိုတာက အသက္ႀကီးတဲ့သူေတြကိုသံုးၾကတာဆိုေတာ့ 😂)
စုခ်ီယြဲ႔: "ေကာေကာက အၿမဲတမ္းငယ္ေနတာပါဗ်ာ၊ အရမ္းေခ်ာ အရမ္းမိမိုက္တာ၊ ေကာင္းကင္ႀကီးေလာက္ေခ်ာေမာတာပါဗ်!"
ထန္ယဲ့ ရီမုဒ္ကို စုခ်ီယြဲ႔ဆီေပးလိုက္ၿပီး
"ညစာအဆင္သင့္ျဖစ္ရင္ ကိုယ္မင္းကိုေခၚလိုက္မယ္"
"ကြၽန္ေတာ္ ကူညီႏိုင္ပါတယ္"
စုခ်ီယြဲ႔ ကူညီေပးရန္ အတတ္ႏိုင္ဆံုးႀကိဳးစားခဲ့ေပမယ့္ ေနာက္ဆံုးတြင္ ထန္ယဲ့၏ အလြန္ႏူးညံ့သိမ္ေမြ့ေသာမ်က္လံုးမ်ားေအာက္တြင္ ေႂကြဆင္းသြားရျပန္သည္။
"ဒါဆို ဟယ္ဝမ္ေက်ာင္းနဲ႔ တျခားသူေတြ..."
စုခ်ီယြဲ႔က တျခားသူေတြကို ဘယ္လိုခ်က္ျပဳတ္ရမလဲဆိုတာသင္ေပးၿပီး ညစာလာစားခြင့္ေပးမယ္လို႔ ကတိေပးခဲ့ေၾကာင္း ျပန္သတိရသြားလ်က္။ အခု ထန္ယဲ့က ဒီမွာေရာက္ေနၿပီဆိုေတာ့ သူတို႔ကိုမေခၚဘူးဆိုရင္ မေကာင္းဘူးမလားဟင္?
ထန္ယဲ့၏ ႏႈတ္ခမ္းေထာင့္မွာ အနည္းငယ္ေကြးသြားလ်က္
"ဒါဆို ကိုယ္ခ်က္ျပဳတ္လိုက္မယ္၊ မင္းက သူတို႔ကို သြားေခၚလိုက္ေလ"
စုခ်ီယြဲ႔ ေတြးၾကည့္ၿပီးေနာက္ လံုးဝအဆင္ေျပသလို ခံစားလိုက္ရ၏။ လူမ်ားေလ ပိုအသက္ဝင္ေလပဲေလ...
"ဒါဆို ကြၽန္ေတာ္ ျမန္ျမန္သြားၿပီး ျမန္ျမန္ျပန္လာခဲ့မယ္၊ ၿပီးရင္ ေကာေကာကို ကူေပးမယ္ေနာ္"
[ဟား ဟား ဟား ေရွာင္ေကာေကာက ဘာလို႔ ဒီေလာက္တံုးေနရတာလဲ? ငါ့ထန္ေကာက ဒီေရာက္ေနၿပီေလ၊ တျခားသူေတြက ဒီကိုလာဝံ့မွာတဲ့လားဟ]
[စုခ်ီယြဲ႔ေခါင္းက ျမည္းအကန္ခံလိုက္ရတာလား? လူႏွစ္ေယာက္တည္းကမ႓ာဆိုတာ နင္နားလည္ရဲ့လား? ငါေလးဆြံ႔အသြားၿပီေနာ္]
[ေကာေကာက တကယ္ခ်က္ျပဳတ္တတ္တယ္ေပါ့၊ သူက တကယ္ကို အစြမ္းထက္လြန္းတာပဲေနာ္။ ငါ့ရဲ့ idol ျဖစ္ဖို႔ ထိုက္တန္တယ္]
[ၾကည့္ၾကပါၪီး၊ ခ်ိန္းေတြ့ေနတယ္ဆိုတဲ့အေၾကာင္း စုခ်ီယြဲ႔ကို တစ္ေယာက္ေယာက္ေလာက္ သြားသတိေပးၾကပါၪီးဟဲ့။ ငါသာ ထန္ယဲ့ဆိုရင္ ေဒါသထြက္လို႔ေသလိမ့္မယ္]
[အေပၚထပ္က တကယ္ပဲ စိတ္အလိုလိုက္လြန္းတာပဲေနာ္။ နင္က ထန္ယဲ့မျဖစ္ႏိုင္ပါဘူးဟယ္။ မင္းသားထန္က အရမ္းေပ်ာ္ေနတယ္လို႔ ငါထင္တယ္ေနာ္]
စုခ်ီယြဲ႔လည္း ပရိုဂရမ္အဖြဲ႔ကို ေမးျမန္းလိုက္ၿပီး လူရွာရန္ ေျပးလာခဲ့သည္။ သူတို႔ႏွင့္အနီးစပ္ဆံုးမွာ အန္းလုႏွင့္ ဟယ္ဝမ္ေက်ာင္းတို႔ျဖစ္သည္။ သူတို႔အိမ္တံခါးကို ခပ္က်ယ္က်ယ္ဖြင့္ထားၿပီး ၿခံထဲမွာ အန္းလုႏွင့္ ဟယ္ဝမ္ေက်ာင္းက ေပါင္မုန႔္ထိုင္စားေနၾကသည္။
"ေလာင္ရွီးတို႔ႏွစ္ေယာက္ ညစာစားဖို႔ ကြၽန္ေတာ့္ေနရာကို သြားလိုက္ၾကေနာ္။ ထန္ေလာင္ရွီး ခ်က္ျပဳတ္ေနၿပီဗ်"
အန္းလုႏွင့္ ဟယ္ဝမ္ေက်ာင္းက အလ်င္အျမန္ ေခါင္းယမ္းလိုက္ကာ
"ဟင့္အင္း မလိုပါဘူး၊ ငါတို႔ဗိုက္ျပၫ့္ေနၿပီ။ မင္းျမန္ျမန္ျပန္သြားေတာ့ေလ၊ ထန္ေလာင္ရွီးကို အၾကာႀကီးမေစာင့္ခိုင္းနဲ႔။ ငါတို႔ ခဏေနရင္ ေတာအုပ္ဘက္သြားၾကမလို႔၊ ဒါေၾကာင့္ မင္းကိုဧည့္မခံေတာ့ဘူးေနာ္"
စုခ်ီယြဲ႔ ဒီလိုမ်ိဳး အရမ္းကိုတေလးတစားႏွင္ထုတ္ခံလိုက္ရ၏။ သူက ဖန္းမင္ရႊီႏွင့္ ယန္ယြဲ႔တို႔ကိုရွာရန္ ေျပးသြားလိုက္ေသာ္လည္း အလားတူဆက္ဆံခံလိုက္ရေလသည္။
ဖန္းမင္ရႊီ သူ႔ကိုျပန္လႊတ္လိုက္ကာ
"မင္းျမန္ျမန္ျပန္သြားတာပိုေကာင္းမယ္ေနာ္၊ ထုန္ယန္နဲ႔ တျခားသူေတြလည္း သြားမွာမဟုတ္ဘူး"
"ဘာလို႔လဲဗ်?"
ဖန္းမင္ရႊီ ခဏေလာက္စဉ္းစားၿပီး
"ေျပာရရင္ေတာ့ ထန္ယဲ့နဲ႔ ဘယ္သူမွအတူတူမစားခ်င္ၾကဘူးေပါ့ကြာ"
[ဝါး ဝါး ဝါး... စီနီယာဂီတအႏုပညာရွင္ပဲ ဒီလိုေျပာရဲတယ္ဟ]
[သူတို႔အားလံုးက ငါ့ထန္ေကာကို ေၾကာက္ေနၾကတာလား?]
[စုခ်ီယြဲ႔: ... စိတ္ရႈပ္ေထြးစြာၾကၫ့္လ်က္]
ထန္ယဲ့က စုခ်ီယြဲ႔ကို ၾကၫ့္လိုက္သည့္အခါ သူ႔ေနာက္မွာ တစ္ေယာက္မွမရိွေၾကာင္း ေတြ့လိုက္ရ၏။
"မင္းသြားေခၚတဲ့လူေတြေရာ ဘယ္မွာလဲ?"
စုခ်ီယြဲ႔: "သူတို႔က ကြၽန္ေတာ္နဲ႔ အတူတူမစားခ်င္ဘူးလို႔ေျပာတယ္။ ကြၽန္ေတာ္က အရမ္းၾကၫ့္ေကာင္းေတာ့ သူတို႔ နည္းနည္းရွက္ေနတာျဖစ္မယ္ဗ်"
ထန္ယဲ့: ... ကိုယ္ယံုတယ္။
အျခားဧၫ့္သည္မ်ား: ငါတို႔မေျပာပါဘူးေနာ္!
စာေရးသူမွာ ေျပာစရာရိွပါတယ္။
စုခ်ီယြဲ႔: ေဟး၊ လူတိုင္းက သူနဲ႔အတူတူမစားခ်င္ဘူးလို႔ ထန္ေလာင္ရွီးသိသြားရင္ ဝမ္းနည္းသြားလိမ့္မယ္။
ထန္ယဲ့: ကိုယ္မျဖစ္ပါဘူးကြာ!
xxx
You are reading the story above: TeenFic.Net