Unicode
[အားးးးး ငါဘာတွေ့လိုက်ရတာလဲ? ငါ့ကိုနှိုးပြီးတော့ ဒီလူက ထန်ယဲ့လို့ပြောပေးကြ!]
[အား အား အား အား အား အားးးးး အောင်း အောင်း အောင်း ... ! ! ! ! ! ]
[နင့်အသံတွေက ငါ့မျက်လုံးတွေနာကျင်စေတယ်နော်၊ နင့်အသံကိုလျှော့ပါဦး~]
[ဘုရားရေ ဒါတကယ်ကြီး ထန်ယဲ့ပဲဟ၊ ဒီတော့ လျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ထန်ယဲ့တဲ့လားဟေ?]
[သူတို့ပြောတော့ အဲလူက ညနေမှရောက်မှာဆို? အခု ညနေမရောက်သေးဘူးလေ]
[ဒါဆို လျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ထန်ယဲ့မဖြစ်သင့်ဘူးပေါ့နော်]
[ဖြစ်ရမယ်၊ ငါ့ထန်ကောပြောတာ နင်တို့မကြားလိုက်ကြဘူးလား? စုချီယွဲ့နှင့် ဒိတ်ဖို့လာတာလို့ သူပြောလိုက်တာ! ]
[ဘယ်လိုတောင်မှော်ဆန်တဲ့အဖွဲ့မျိုးလဲဟေ? သူတို့က နတ်ဘုရားကို တကယ်ပဲဖိတ်နိုင်တယ်ပေါ့လေ။ ဒီရှိုးအဖွဲ့က ကံကောင်းလွန်းနေတာပဲဟ။ နာနတ်သီးTVကို ဖုန်းခေါ်ပေးကြပါ]
[ငါ့ထန်ကောနဲ့ စုရှောင်ကောကောက တကယ်ပဲ ကောင်းကင်ဘုံက ရွေးချယ်ပေးထားလားဟင်? အမှောင်ထဲကနေ စုရှောင်ကောကောက ငါ့ထန်ကောကို စောင့်နေတာပဲ၊ ငါ့ထန်ကော အရင်တုန်းက တခြားသူတွေကို အရေးမလုပ်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူးလေ]
[ပရိသတ်တွေ နိုးထလော့။ ဒါက ဒီတိုင်းရသစုံရှိုးလေးတစ်ခုပါပဲနော်။ ဘာလို့အတည်ကြီးယူနေကြတာတုန်း? အပျော်ပဲကြည့်ကြလေ]
[နောက်ဆုံးတော့ ငါ့ထန်ကော အချစ်နဲ့တွေ့နေပြီပဲ။ တော်သေးလို့ပေါ့ ငါလက်မလျှော့ရသေးတာ၊ ငါ စိတ်လှုပ်ရှားလွန်းလို့ငိုမိပြီ! ]
[ပြောရရင် ကောကောက အရမ်းကြောက်ဖို့ကောင်းနေလို့လား? ဟယ်ဝမ်ကျောင်းနဲ့ တခြားသူတွေ ထွက်ပြေးသွားတာကို ကြည့်လိုက်ဦး၊ သူတို့နောက်ကျောကတောင် နည်းနည်းလေးသောကရောက်နေသလိုလို]
[ဟီးဟီးဟီး... သူတို့ ထန်ကောအိမ်လာပြီး ညစာလာစားမှာကို စောင့်စားနေပါပြီနော်...]
[ညစာလာမစားကြတော့မှာကိုပဲ ငါစိုးရိမ်မိတယ်ဟယ်။ လာရဲတဲ့သူ ဘယ်သူမဆို ငါ့ထန်ကောရဲ့ အကြည့်စူးစူးနဲ့ ရင်ဆိုင်ရလိမ့်မယ်]
[အဲဒီစုချီယွဲ့က ထန်ယဲ့ရဲ့ နာမည်ကြီးမှုကို လိုက်စီးရုံလေးပဲဖြစ်မှာကို ငါကြောက်မိတယ်။ ထန်ယဲ့အတွက်သာမဟုတ်ရင် ပရိုဂရမ်အဖွဲ့က သူ့လို အပျော်တမ်းလေးကို ဖိတ်မှာမဟုတ်ဘူးလို့ ခန့်မှန်းမိတယ်နော်]
[ငါရောပဲ အဲလိုတွေးမိတာ၊ သူသာ ထန်ယဲ့နဲ့ဆက်နွယ်နေသရွေ့ သူ့ကျော်ကြားမှုက ကောင်းကင်ထိမြင့်တက်နေမှာလေ။ ဒီစုချီယွဲ့က ဒီပရိုဂရမ်ကနေ ပွဲဦးထွက်လိမ့်မယ်လို့ ငါမထင်ဘူး]
[ပွဲဦးထွက်တာက ကိစ္စကြီးမို့လို့လား? အနည်းဆုံးတော့ သူ့မှာ မျက်နှာလှလှလေးရှိတယ်လေ]
[အဲဒီနေ့က ထန်ယဲ့ရဲ့ကားကို စုချီယွဲ့လိုက်စီးပြီးနောက်ပိုင်း သူတို့ကြားမှာတစ်ခုခုဖြစ်သွားခဲ့မှာကိုပဲ ငါကြောက်မိတယ်နော်]
[ဝေါင်း တကယ်လား? ဒါ အမှန်ဖြစ်ရင်ကောင်းမှာပဲ!]
စုချီယွဲ့၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ထန်ယဲ့ပေါ်လာသည်ကိုမြင်လိုက်ရသောအခါ အင်တာနက်တစ်ခုလုံး ပေါက်ကွဲသွားလေပြီ။
ကွန်မန့်များ အလျင်အမြန်တက်နေပြီး Weiboတွင် #ထန်ယဲ့လျှို့ဝှက်ဆန်းကြယ်ဧည့်သည်# ဟူသောခေါင်းစဉ်မှာ "ပေါက်ကွဲ"နေလျက်။
ရသစုံရှိုးများတွင် တစ်ခါမှမပါဝင်ဖူးသူ ထန်ယဲ့က ဒိတ်တင်းရှိုးတစ်ခုမှာ ပါဝင်လာလိမ့်မည်ဟု မည်သူမျှမထင်မှတ်ထားခဲ့ကြ။
မူလက စုချီယွဲ့၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လူ၁၀၀၀ကျော်သာကြည့်ရှုခဲ့သော်လည်း ခုနက ဟယ်ဝမ်ကျောင်းတို့အုပ်စုရောက်လာချိန်တွင် ၂၀၀၀၀ကျော်အထိ မြင့်တက်လာခဲ့သည်။ ယခုအခါ ရုတ်တရက်ကြီး သန်း ၂၀ကျော်တိုးလာပြီး အရေအတွက်သည်လည်းဆက်လက်တိုးနေဆဲ။ အနှီရုတ်တရက်လှိုင်းလုံးကြီးကြောင့် ဆာဗာပင်ပျက်လုနီးပါးဖြစ်ခဲ့ရသည်။
စုချီယွဲ့ ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး တဖြည်းဖြည်းနီးကပ်လာသော ထန်ယဲ့မျက်နှာကို ကြည့်ကာ အလိုအလျောက်တံတွေးမျိုချမိသွားလျက်။
မေးလိုက်ပါဦးမယ်... ဒီလိုနတ်ဘုရားလိုမျက်နှာမျိုးနှင့် စိုက်ကြည့်ခံရမယ်ဆိုရင် ဘယ်သူက ခံနိုင်ရည်ရှိမှာလဲလို့?
ဒါပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်ရမယ်!
သူ ဘေးဘက်ကိုရွှေ့ပြီး ဘေးနားကခေါင်းအုံးကို ပွေ့ဖက်လိုက်ကာ
"ထန်လောင်ရှီး ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာလို့၊ တိုက်ရိုက်ထုတ်လွှင့်နေတာ..."
ထန်ယဲ့ ထိုင်ချလိုက်ပြီး
"အင်း ဘာပြဿနာရှိလို့လဲ?"
စုချီယွဲ့: ... ဒါကပြဿနာမဟုတ်လို့လား? ပရိသတ်အားလုံးရှေ့မှာ ဒီလိုအပြုအမူမျိုးက ရှက်ဖို့ကောင်းလွန်းတယ်လေလို့။ ဒါ့အပြင် သူ့ကိုကြည့်နေတဲ့ ကျန်းဇီဖင်းလည်းရှိနေတာကို။
စုချီယွဲ့က ယောကျ်ားတစ်ယောက်အနေနှင့် လူတစ်ယောက်မှာ သမာဓိရှိရမည်ဟု ပိုပြီးခံစားမိသောကြောင့် သူထရပ်ကာ ထန်ယဲ့ကို လေးနက်စွာဖြင့်
"ဟုတ်ပါတယ်... ဘာပြဿနာမှမရှိပါဘူး..."
ထန်ယဲ့အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ စုချီယွဲ့၏မောက်မာမှုလေး ရုတ်တရက်ပျောက်ကွယ်သွားရလေပြီ။
ဟင်း... သူက တခြားသူရဲ့လက်မှတ်ထိုးထားတဲ့ဓာတ်ပုံတွေကို ပရိသတ်တွေဆီ မဲဖောက်ပေးခဲ့သေးတယ်...
ဒါ့အပြင် အဲဒီနေ့တုန်းက သူအမူးလွန်သွားပြီး ထန်ယဲ့ကို အိပ်ရာတစ်ခုတည်းမှာ သူနှင့်အတူတူအိပ်ဖို့ ဆွဲခေါ်မိခဲ့တဲ့ကိစ္စကိုလည်း အခုထိ မဖြေရှင်းရသေးဘူးလေနော်။
သူ အပြစ်ရှိသလိုခံစားရပါတယ်နော်!
[ဟား ဟား ဟား၊ ရှောင်ကောကော ရုတ်တရက် မီးငြိမ်းလိုက်ပုံက တအားချစ်စရာကောင်းတာပဲ~]
ထန်ယဲ့က စုချီယွဲ့ကိုခေါ်လိုက်ရာ စုချီယွဲ့ နာနာခံခံလေး အနားရောက်လာပြီး
"ထန်လောင်ရှီး ခင်ဗျားဘာလိုချင်လို့လဲဟင်?"
ထန်ယဲ့က သူ့၏သွယ်လျလျလက်ချောင်းများကိုဆန့်ထုတ်၍ အနက်ရောင်ရှပ်အင်္ကျီကြယ်သီးကိုဖြုတ်ပြီးနောက် ဆိုဖာနောက်ဘက်မှာ သဘာဝကျကျလက်တင်လိုက်ရာ ပျင်းရိပြီး နှစ်လိုဖွယ်ကောင်းသည့်ပုံပေါက်သွားလျက်။
"ထန်လောင်ရှီးလို့ခေါ်သံကြားရတာ အဆင်မပြေဘူး"
"ဒါဆို ကျွန်တော် ဘယ်လိုခေါ်ရမလဲဟင်?"
နာမည်ခေါ်ရတာက ရိုင်းသလိုပဲလေနော်...
ထန်ယဲ့ ခဏစဉ်းစားလိုက်ပြီး
"ကောကောလို့ခေါ်"
စုချီယွဲ့ သူ့တံတွေးသူသီးသွားရကာ မျက်နှာနီရဲသွားသည်အထိ ချောင်းဆိုးသွားရ၏။
ကောကောတဲ့! ရှက်စရာကောင်းလွန်းတယ်လေလို့၊ ဒီနေ့ ထန်ယဲ့က ဘာလို့တခြားတစ်ယောက်လိုမျိုးဖြစ်သွားရတာလဲ? သူသရဲပူးခံလိုက်ရတာများလား?
ထန်ယဲ့ ရေတစ်ခွက်ထည့်ပေးကာ သူ့နောက်ကျောကို ညင်သာစွာပုတ်ပေးလိုက်သည်။
စုချီယွဲ့ အချိန်အတော်ကြာချောင်းဆိုးနေပြီးမှ ရေတစ်ငုံသောက်လိုက်၏။
"ကျေးဇူးတင်ပါတယ် ထန်လောင်ရှီး"
"ကိုယ့်ကို ထန်လောင်ရှီးလို့ မခေါ်နဲ့"
ထန်ယဲ့ သိသိသာသာ မကျေမနပ်ဖြစ်နေချေ၏။ ထန်လောင်ရှီးဆိုတဲ့နာမည်က အရမ်းမရင်းနှီးသလိုကြီးဖြစ်နေတယ်လေ၊ သူတို့ အခုဒိတ်နေကြတာဆိုတော့ ဒီလိုမရင်းမနှီးအသုံးအနှုန်းတွေကို ဘယ်လိုလုပ်ပြီးသုံးရမှာလဲ?
"ကော?"
စုချီယွဲ့ သူ့လျှာသူကိုက်လုနီးပါးဖြစ်သွားရလျက်။ သူ ဘာလို့ ပိုက်ဆံနဲ့သွေးဆောင်ခံလိုက်ရတာပါလိမ့်? ဒါက ရှင်းရှင်းကြီးကို လူမှုရေးအရသေဆုံးခြင်းပဲ ဟုတ်ပြီလား?
စုချီယွဲ့ မူလအသံမှာ ကြည်လင်ပြီး တက်ကြွသည်ကြောင့် သူ့၏ "ကော"လို့ခေါ်သံဟာ သူတို့ပိုရင်းနှီးသွားပုံပေါက်၍ ထန်ယဲ့ကို အလွန်စိတ်ကျေနပ်သွားစေသည်။
[ကောကောက အရမ်းချောတာပဲ၊ အဲဒီလက်ချောင်းတွေ၊ ခြေထောက်တွေ၊ ခါးကိုကြည့်လိုက်၊ awsl ! !]
(awsl = a wo si le ငါသေတော့မှာပဲ)
[အား အား အား စတာနဲ့ အရမ်းချိုနေပြီ! ! !]
[စုရှင်းထန်ဘယ်မှာလဲ၊ ငါနှင့်အတူလိုက်အော်ကြ စုရှင်းထန် is szd!]
(Szd = shi zhen de အစစ်ပဲ)
[Kswl၊ kswl! ! !]
[ထန်ယဲ့မှာ ဒီလိုဘက်ခြမ်းရှိသေးတာကိုး။ သူက ဘယ်တုန်းကမှ နူးညံ့သိမ်မွေ့ပြီး မပြုံးတတ်ဘူးလို့ ငါထင်ခဲ့တာ]
[စုရှောင်ကောကောရဲ့ အသံက အရမ်းကောင်းတာပဲနော်၊ သူ့အမူအရာလေးက အရမ်းချစ်စရာကောင်းတယ်~]
စုချီယွဲ့ မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထန်ယဲ့အား မျက်ခုံးလေးတွေကွေးသွားသည်အထိ ချစ်စဖွယ်ကြောင်လေးလိုပြုံးရယ်ပြလိုက်ရင်း
"ရှဲ့ရှဲ့ ကောကော"
ထန်ယဲ့ လက်ဆန့်၍ သူ့ခေါင်းကိုပွတ်လျက်
"ကောင်းတယ်"
"ဒါဆို ကောက ပရိုဂရမ်အဖွဲ့ရဲ့ တရားဝင်မကြော်ငြာထားရသေးတဲ့လျှို့ဝှက်ဆန်းကြယ်ဧည့်သည်ပေါ့နော်?"
စုချီယွဲ့ ထန်ယဲ့ပစ္စည်းများကို ပြန်ကြည့်လိုက်ရာ အနက်ရောင်ခရီးဆောင်အိတ်တစ်လုံးကို တံခါးဝမှာတွေ့လိုက်ရသဖြင့် သူသယ်ပေးရန် လျှောက်သွားလိုက်သည်။
xxx
Gpမှာ (၈၀)ထိ ရောက်နေပါပြီနော်...
...
Zawgyi
[အားးးးး ငါဘာေတြ့လိုက္ရတာလဲ? ငါ့ကိုႏိႈးၿပီးေတာ့ ဒီလူက ထန္ယဲ့လို႔ေျပာေပးၾက!]
[အား အား အား အား အား အားးးးး ေအာင္း ေအာင္း ေအာင္း ... ! ! ! ! ! ]
[နင့္အသံေတြက ငါ့မ်က္လံုးေတြနာက်င္ေစတယ္ေနာ္၊ နင့္အသံကိုေလ်ွာ့ပါၪီး~]
[ဘုရားေရ ဒါတကယ္ႀကီး ထန္ယဲ့ပဲဟ၊ ဒီေတာ့ လ်ိႈ႔ဝွက္ဆန္းၾကယ္ဧၫ့္သည္က ထန္ယဲ့တဲ့လားေဟ?]
[သူတို႔ေျပာေတာ့ အဲလူက ညေနမွေရာက္မွာဆို? အခု ညေနမေရာက္ေသးဘူးေလ]
[ဒါဆို လ်ိႈ႔ဝွက္ဆန္းၾကယ္ဧၫ့္သည္က ထန္ယဲ့မျဖစ္သင့္ဘူးေပါ့ေနာ္]
[ျဖစ္ရမယ္၊ ငါ့ထန္ေကာေျပာတာ နင္တို႔မၾကားလိုက္ၾကဘူးလား? စုခ်ီယြဲ႔ႏွင့္ ဒိတ္ဖို႔လာတာလို႔ သူေျပာလိုက္တာ! ]
[ဘယ္လိုေတာင္ေမွာ္ဆန္တဲ့အဖြဲ႔မ်ိဳးလဲေဟ? သူတို႔က နတ္ဘုရားကို တကယ္ပဲဖိတ္ႏိုင္တယ္ေပါ့ေလ။ ဒီရိႈးအဖြဲ႔က ကံေကာင္းလြန္းေနတာပဲဟ။ နာနတ္သီးTVကို ဖုန္းေခၚေပးၾကပါ]
[ငါ့ထန္ေကာနဲ႔ စုေရွာင္ေကာေကာက တကယ္ပဲ ေကာင္းကင္ဘံုက ေရြးခ်ယ္ေပးထားလားဟင္? အေမွာင္ထဲကေန စုေရွာင္ေကာေကာက ငါ့ထန္ေကာကို ေစာင့္ေနတာပဲ၊ ငါ့ထန္ေကာ အရင္တုန္းက တျခားသူေတြကို အေရးမလုပ္ခဲ့တာ အံ့ၾသစရာမရိွေတာ့ပါဘူးေလ]
[ပရိသတ္ေတြ ႏိုးထေလာ့။ ဒါက ဒီတိုင္းရသစံုရိႈးေလးတစ္ခုပါပဲေနာ္။ ဘာလို႔အတည္ႀကီးယူေနၾကတာတုန္း? အေပ်ာ္ပဲၾကည့္ၾကေလ]
[ေနာက္ဆံုးေတာ့ ငါ့ထန္ေကာ အခ်စ္နဲ႔ေတြ့ေနၿပီပဲ။ ေတာ္ေသးလို႔ေပါ့ ငါလက္မေလ်ွာ့ရေသးတာ၊ ငါ စိတ္လႈပ္ရွားလြန္းလို႔ငိုမိၿပီ! ]
[ေျပာရရင္ ေကာေကာက အရမ္းေၾကာက္ဖို႔ေကာင္းေနလို႔လား? ဟယ္ဝမ္ေက်ာင္းနဲ႔ တျခားသူေတြ ထြက္ေျပးသြားတာကို ၾကည့္လိုက္ၪီး၊ သူတို႔ေနာက္ေက်ာကေတာင္ နည္းနည္းေလးေသာကေရာက္ေနသလိုလို]
[ဟီးဟီးဟီး... သူတို႔ ထန္ေကာအိမ္လာၿပီး ညစာလာစားမွာကို ေစာင့္စားေနပါၿပီေနာ္...]
[ညစာလာမစားၾကေတာ့မွာကိုပဲ ငါစိုးရိမ္မိတယ္ဟယ္။ လာရဲတဲ့သူ ဘယ္သူမဆို ငါ့ထန္ေကာရဲ့ အၾကည့္စူးစူးနဲ႔ ရင္ဆိုင္ရလိမ့္မယ္]
[အဲဒီစုခ်ီယြဲ႔က ထန္ယဲ့ရဲ့ နာမည္ႀကီးမႈကို လိုက္စီးရံုေလးပဲျဖစ္မွာကို ငါေၾကာက္မိတယ္။ ထန္ယဲ့အတြက္သာမဟုတ္ရင္ ပရိုဂရမ္အဖြဲ႔က သူ႔လို အေပ်ာ္တမ္းေလးကို ဖိတ္မွာမဟုတ္ဘူးလို႔ ခန႔္မွန္းမိတယ္ေနာ္]
[ငါေရာပဲ အဲလိုေတြးမိတာ၊ သူသာ ထန္ယဲ့နဲ႔ဆက္ႏြယ္ေနသေရြ့ သူ႔ေက်ာ္ၾကားမႈက ေကာင္းကင္ထိျမင့္တက္ေနမွာေလ။ ဒီစုခ်ီယြဲ႔က ဒီပရိုဂရမ္ကေန ပြဲၪီးထြက္လိမ့္မယ္လို႔ ငါမထင္ဘူး]
[ပြဲဦးထြက္တာက ကိစၥႀကီးမို႔လို႔လား? အနည္းဆံုးေတာ့ သူ႔မွာ မ်က္ႏွာလွလွေလးရိွတယ္ေလ]
[အဲဒီေန့က ထန္ယဲ့ရဲ့ကားကို စုခ်ီယြဲ႔လိုက္စီးၿပီးေနာက္ပိုင္း သူတို႔ၾကားမွာတစ္ခုခုျဖစ္သြားခဲ့မွာကိုပဲ ငါေၾကာက္မိတယ္ေနာ္]
[ေဝါင္း တကယ္လား? ဒါ အမွန္ျဖစ္ရင္ေကာင္းမွာပဲ!]
စုခ်ီယြဲ႔၏တိုက္ရိုက္ထုတ္လႊင့္မႈအခန္းတြင္ ထန္ယဲ့ေပၚလာသည္ကိုျမင္လိုက္ရေသာအခါ အင္တာနက္တစ္ခုလံုး ေပါက္ကြဲသြားေလၿပီ။
ကြန္မန္႔မ်ား အလ်င္အျမန္တက္ေနၿပီး Weiboတြင္ #ထန္ယဲ့လ်ိႈ႔ဝွက္ဆန္းၾကယ္ဧၫ့္သည္# ဟူေသာေခါင္းစဉ္မွာ "ေပါက္ကြဲ"ေနလ်က္။
ရသစံုရိႈးမ်ားတြင္ တစ္ခါမွမပါဝင္ဖူးသူ ထန္ယဲ့က ဒိတ္တင္းရိႈးတစ္ခုမွာ ပါဝင္လာလိမ့္မည္ဟု မည္သူမ်ွမထင္မွတ္ထားခဲ့ၾက။
မူလက စုခ်ီယြဲ႔၏တိုက္ရိုက္ထုတ္လႊင့္မႈအခန္းကို လူ၁၀၀၀ေက်ာ္သာၾကၫ့္ရႈခဲ့ေသာ္လည္း ခုနက ဟယ္ဝမ္ေက်ာင္းတို႔အုပ္စုေရာက္လာခ်ိန္တြင္ ၂၀၀၀၀ေက်ာ္အထိ ျမင့္တက္လာခဲ့သည္။ ယခုအခါ ရုတ္တရက္ႀကီး သန္း ၂၀ေက်ာ္တိုးလာၿပီး အေရအတြက္သည္လည္းဆက္လက္တိုးေနဆဲ။ အႏွီရုတ္တရက္လိႈင္းလံုးႀကီးေၾကာင့္ ဆာဗာပင္ပ်က္လုနီးပါးျဖစ္ခဲ့ရသည္။
စုခ်ီယြဲ႔ ဆိုဖာေပၚတြင္ လဲေလ်ာင္းေနၿပီး တျဖည္းျဖည္းနီးကပ္လာေသာ ထန္ယဲ့မ်က္ႏွာကို ၾကည့္ကာ အလိုအေလ်ာက္တံေတြးမ်ိဳခ်မိသြားလ်က္။
ေမးလိုက္ပါၪီးမယ္... ဒီလိုနတ္ဘုရားလိုမ်က္ႏွာမ်ိဳးႏွင့္ စိုက္ၾကည့္ခံရမယ္ဆိုရင္ ဘယ္သူက ခံႏိုင္ရည္ရိွမွာလဲလို႔?
ဒါေပမယ့္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ရမယ္!
သူ ေဘးဘက္ကိုေရႊ့ၿပီး ေဘးနားကေခါင္းအံုးကို ေပြ့ဖက္လိုက္ကာ
"ထန္ေလာင္ရွီး ဒါက တိုက္ရိုက္ထုတ္လႊင့္ေနတာလို႔၊ တိုက္ရိုက္ထုတ္လႊင့္ေနတာ..."
ထန္ယဲ့ ထိုင္ခ်လိုက္ၿပီး
"အင္း ဘာျပႆနာရိွလို႔လဲ?"
စုခ်ီယြဲ႔: ... ဒါကျပႆနာမဟုတ္လို႔လား? ပရိသတ္အားလံုးေရ႔ွမွာ ဒီလိုအျပဳအမူမ်ိဳးက ရွက္ဖို႔ေကာင္းလြန္းတယ္ေလလို႔။ ဒါ့အျပင္ သူ႔ကိုၾကည့္ေနတဲ့ က်န္းဇီဖင္းလည္းရိွေနတာကို။
စုခ်ီယြဲ႔က ေယာက်္ားတစ္ေယာက္အေနႏွင့္ လူတစ္ေယာက္မွာ သမာဓိရိွရမည္ဟု ပိုၿပီးခံစားမိေသာေၾကာင့္ သူထရပ္ကာ ထန္ယဲ့ကို ေလးနက္စြာျဖင့္
"ဟုတ္ပါတယ္... ဘာျပႆနာမွမရိွပါဘူး..."
ထန္ယဲ့အၾကၫ့္ကို ရင္ဆိုင္လိုက္ရသည့္အခါ စုခ်ီယြဲ႔၏ေမာက္မာမႈေလး ရုတ္တရက္ေပ်ာက္ကြယ္သြားရေလၿပီ။
ဟင္း... သူက တျခားသူရဲ့လက္မွတ္ထိုးထားတဲ့ဓာတ္ပံုေတြကို ပရိသတ္ေတြဆီ မဲေဖာက္ေပးခဲ့ေသးတယ္...
ဒါ့အျပင္ အဲဒီေန့တုန္းက သူအမူးလြန္သြားၿပီး ထန္ယဲ့ကို အိပ္ရာတစ္ခုတည္းမွာ သူႏွင့္အတူတူအိပ္ဖို႔ ဆြဲေခၚမိခဲ့တဲ့ကိစၥကိုလည္း အခုထိ မေျဖရွင္းရေသးဘူးေလေနာ္။
သူ အျပစ္ရိွသလိုခံစားရပါတယ္ေနာ္!
[ဟား ဟား ဟား၊ ေရွာင္ေကာေကာ ရုတ္တရက္ မီးၿငိမ္းလိုက္ပံုက တအားခ်စ္စရာေကာင္းတာပဲ~]
ထန္ယဲ့က စုခ်ီယြဲ႔ကိုေခၚလိုက္ရာ စုခ်ီယြဲ႔ နာနာခံခံေလး အနားေရာက္လာၿပီး
"ထန္ေလာင္ရွီး ခင္ဗ်ားဘာလိုခ်င္လို႔လဲဟင္?"
ထန္ယဲ့က သူ႔၏သြယ္လ်လ်လက္ေခ်ာင္းမ်ားကိုဆန႔္ထုတ္၍ အနက္ေရာင္ရွပ္အက်ႌၾကယ္သီးကိုျဖဳတ္ၿပီးေနာက္ ဆိုဖာေနာက္ဘက္မွာ သဘာဝက်က်လက္တင္လိုက္ရာ ပ်င္းရိၿပီး ႏွစ္လိုဖြယ္ေကာင္းသၫ့္ပံုေပါက္သြားလ်က္။
"ထန္ေလာင္ရွီးလို႔ေခၚသံၾကားရတာ အဆင္မေျပဘူး"
"ဒါဆို ကြၽန္ေတာ္ ဘယ္လိုေခၚရမလဲဟင္?"
နာမည္ေခၚရတာက ရိုင္းသလိုပဲေလေနာ္...
ထန္ယဲ့ ခဏစဉ္းစားလိုက္ၿပီး
"ေကာေကာလို႔ေခၚ"
စုခ်ီယြဲ႔ သူ႔တံေတြးသူသီးသြားရကာ မ်က္ႏွာနီရဲသြားသည္အထိ ေခ်ာင္းဆိုးသြားရ၏။
ေကာေကာတဲ့! ရွက္စရာေကာင္းလြန္းတယ္ေလလို႔၊ ဒီေန့ ထန္ယဲ့က ဘာလို႔တျခားတစ္ေယာက္လိုမ်ိဳးျဖစ္သြားရတာလဲ? သူသရဲပူးခံလိုက္ရတာမ်ားလား?
ထန္ယဲ့ ေရတစ္ခြက္ထည့္ေပးကာ သူ႔ေနာက္ေက်ာကို ညင္သာစြာပုတ္ေပးလိုက္သည္။
စုခ်ီယြဲ႔ အခ်ိန္အေတာ္ၾကာေခ်ာင္းဆိုးေနၿပီးမွ ေရတစ္ငံုေသာက္လိုက္၏။
"ေက်းဇူးတင္ပါတယ္ ထန္ေလာင္ရွီး"
"ကိုယ့္ကို ထန္ေလာင္ရွီးလို႔ မေခၚနဲ႔"
ထန္ယဲ့ သိသိသာသာ မေက်မနပ္ျဖစ္ေနေခ်၏။ ထန္ေလာင္ရွီးဆိုတဲ့နာမည္က အရမ္းမရင္းႏွီးသလိုႀကီးျဖစ္ေနတယ္ေလ၊ သူတို႔ အခုဒိတ္ေနၾကတာဆိုေတာ့ ဒီလိုမရင္းမႏွီးအသံုးအႏႈန္းေတြကို ဘယ္လိုလုပ္ၿပီးသံုးရမွာလဲ?
"ေကာ?"
စုခ်ီယြဲ႔ သူ႔လ်ွာသူကိုက္လုနီးပါးျဖစ္သြားရလ်က္။ သူ ဘာလို႔ ပိုက္ဆံနဲ႔ေသြးေဆာင္ခံလိုက္ရတာပါလိမ့္? ဒါက ရွင္းရွင္းႀကီးကို လူမႈေရးအရေသဆံုးျခင္းပဲ ဟုတ္ၿပီလား?
စုခ်ီယြဲ႔ မူလအသံမွာ ၾကည္လင္ၿပီး တက္ႂကြသည္ေၾကာင့္ သူ႔၏ "ေကာ"လို႔ေခၚသံဟာ သူတို႔ပိုရင္းႏွီးသြားပံုေပါက္၍ ထန္ယဲ့ကို အလြန္စိတ္ေက်နပ္သြားေစသည္။
[ေကာေကာက အရမ္းေခ်ာတာပဲ၊ အဲဒီလက္ေခ်ာင္းေတြ၊ ေျခေထာက္ေတြ၊ ခါးကိုၾကည့္လိုက္၊ awsl ! !]
(awsl = a wo si le ငါေသေတာ့မွာပဲ)
[အား အား အား စတာနဲ႔ အရမ္းခ်ိဳေနၿပီ! ! !]
[စုရွင္းထန္ဘယ္မွာလဲ၊ ငါႏွင့္အတူလိုက္ေအာ္ၾက စုရွင္းထန္ is szd!]
(Szd = shi zhen de အစစ္ပဲ)
[Kswl၊ kswl! ! !]
(kswl = ke si wo le ခ်စ္စရာေကာင္း/ခ်ိဳလြန္းလို႔ ငါ့ကိုသတ္ေနတာပဲ)
[ထန္ယဲ့မွာ ဒီလိုဘက္ျခမ္းရိွေသးတာကိုး။ သူက ဘယ္တုန္းကမွ ႏူးညံ့သိမ္ေမြ့ၿပီး မၿပံဳးတတ္ဘူးလို႔ ငါထင္ခဲ့တာ]
[စုေရွာင္ေကာေကာရဲ့ အသံက အရမ္းေကာင္းတာပဲေနာ္၊ သူ႔အမူအရာေလးက အရမ္းခ်စ္စရာေကာင္းတယ္~]
စုခ်ီယြဲ႔ မ်က္လံုးမိွတ္ကာ အသက္ျပင္းျပင္းရႉလိုက္ၿပီးေနာက္ ထန္ယဲ့အား မ်က္ခံုးေလးေတြေကြးသြားသည္အထိ ခ်စ္စဖြယ္ေၾကာင္ေလးလိုၿပံဳးရယ္ျပလိုက္ရင္း
"ရွဲ႔ရွဲ႔ ေကာေကာ"
ထန္ယဲ့ လက္ဆန္႔၍ သူ႔ေခါင္းကိုပြတ္လ်က္
"ေကာင္းတယ္"
"ဒါဆို ေကာက ပရိုဂရမ္အဖြဲ႔ရဲ့ တရားဝင္မေၾကာ္ျငာထားရေသးတဲ့လ်ိႈ႔ဝွက္ဆန္းၾကယ္ဧၫ့္သည္ေပါ့ေနာ္?"
စုခ်ီယြဲ႔ ထန္ယဲ့ပစၥည္းမ်ားကို ျပန္ၾကည့္လိုက္ရာ အနက္ေရာင္ခရီးေဆာင္အိတ္တစ္လံုးကို တံခါးဝမွာေတြ့လိုက္ရသျဖင့္ သူသယ္ေပးရန္ ေလ်ွာက္သြားလိုက္သည္။
xxx
Gpမွာ (၈၀)ထိ ေရာက္ေနပါၿပီေနာ္...
You are reading the story above: TeenFic.Net