Unicode
"မြင်မြင်ချင်းချစ်မိသွားတယ်"ပရိုဂရမ်မှာ မူလက A-listနာမည်ကြီးများကို ဖိတ်ကြားခဲ့ပြီး ထန်ယဲ့ပါဝင်ခြင်းကြောင့် ရှိုးကို ပို၍ပင်နာမည်ကြီးစေခဲ့သည်။
ကျိုးရှင်းယဲ့၊ ကျန့်ရှောက်ယွမ်၊ ဖုန်းဝေရန့်တို့ကအစ စုချီယွဲ့၏အခန်းဖော် ချင်ဟောက်ချူးနှင့် တခြားသူတွေအဆုံး သူတို့အားလုံး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြ၏။
ကျန့်ရှောက်ယွမ်နှင့် ကျိုးရှင်းယဲ့တို့ အလုပ်ကပြန်လာပြီးနောက် ဖုန်းဝေရန့်၏ကုမ္ပဏီသို့ အတူတူသွားခဲ့ကြသည်။
ဖုန်းဝေရန့်၏ရုံးခန်း၌ အရွယ်ရောက်ပြီးသားအမျိုးသားသုံးယောက်စုရုံးကာ ထန်ယဲ့နှင့် စုချီယွဲ့ကိုပြသနေသည့် စခရင်ကို ကြည့်နေကြရင်း အမျိုးသားသုံးယောက်လုံး မျက်မှောင်ကြုတ်နေကြလျက်။
ဖုန်းဝေရန့် : "ကျန်းဇီဖျင်က အဲဒီကို မသွားဘူးလား? ဘာဖြစ်နေတာလဲကွာ?"
ကျိုးရှင်းယဲ့ : "ကျန်းဇီဖျင်က ထန်ယဲ့ကို ကိုင်တွယ်နိုင်မယ်လို့ မင်းထင်နေတာလား?"
ကျန့်ရှောက်ယွမ် : "စုချီယွဲ့က သူ့အရင်ဘဝနဲ့ မတူတော့ဘူးလို့ မင်းတို့ထင်လား?"
ကျိုးရှင်းယဲ့ : "ဘာမတူလို့တုန်း? ငါကတော့ အတူတူပဲလို့ထင်တာပဲ။ သူ့အရင်ဘဝတုန်းက ငါတို့အပေါ် တစ်ဆင့်ချင်းတစ်ဆင့်နင်းတက်သွားတာပဲလေ။ ဒီဘဝမှာတော့ သူ့အတွက် နင်းစရာဘယ်သူမှမရှိလို့ သူ့ကိုယ်သူ ထန်ယဲ့လက်မောင်းထဲ တည့်တည့်ပြေးဝင်တာပေါ့ကွာ။ သူက အမှိုက်ကောင်ပဲ၊ ပြီးတော့ သူ့သဘာဝက ပြောင်းလဲဖို့ခက်တယ်!"
ဖုန်းဝေရန့် : "စုချီယွဲ့ကို မပြောင်းလဲနိုင်ရင် ငါတို့ဘာလုပ်သင့်လဲ?"
ကျန့်ရှောက်ယွမ် : "ဒါဆို အမှားတွေမဖြစ်အောင်တားဆီးဖို့ ထန်ယဲ့ကိုပဲ သွားရှာကြတာပေါ့ကွာ"
သုံးယောက်စလုံး အတော်ကြာဆွေးနွေးခဲ့ကြပြီး အစီအစဉ်ကို အပြီးသတ်လိုက်သည်။
...
ထန်ယဲ့ သပ်သပ်ရပ်ရပ်နှင့် မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့ပြီးနောက် များမကြာမီ စားပွဲပေါ်မှာ ဟင်းခြောက်မျိုးကို တည်ခင်းလိုက်တော့သည်။
ပုဇွန်ကြော်၊ ဝက်နံရိုးနှပ်၊ မာပိုတို့ဟူး၊ ရှီးဟူအမဲသားစွပ်ပြုတ်၊ အာလူးနုတ်နုတ်စင်းမွှေကြော်၊ ရွှေပဲသီးမွှေကြော်....
ဟင်းပွဲတွေများပြားစုံလင်ပေမယ့် *portionသိပ်မများပေ။ ဘာပဲဖြစ်ဖြစ် ပရိုဂရမ်အဖွဲ့မှ ပြင်ဆင်ပေးထားတဲ့ပစ္စည်းအရေအတွက်က အကန့်အသတ်ရှိနေသည်လေ။
(*ဟင်းတွေများပေမယ့် တစ်ပွဲစီတိုင်းက လူနှစ်ယောက်စာပဲပါတာလို့ပြောချင်တာပါနော် portionကိုဘယ်လိုမြန်မာမှုပြုရမှန်းမသိတော့လို့ 😁)
ဟင်းလျာရနံ့များ လွင့်ပျံ့လာသည်နှင့် စုချီယွဲ့၏ အစာအိမ်မှာ စတင်အော်ဟစ်လာလေပြီ။
နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်လိုက်ကြ၏။ ထန်ယဲ့က စုချီယွဲ့အတွက် ရှီးဟူအမဲသားစွပ်ပြုတ်ကို ပန်းကန်လုံးငယ်လေးနှင့် ထည့်ပေးလိုက်ပြီး
"မြည်းကြည့်"
"ကျေးဇူးပါဗျ"
စုချီယွဲ့ တစ်ဇွန်းပြည့် ပါးစပ်ထဲထည့်လိုက်ရာ သူ့ပါးစပ်တစ်ခုလုံး မွှေးရနံ့များဖြင့် ပြည့်လျှမ်းသွားရလျက်။
"အရသာရှိတယ်"
ထန်ယဲ့ သူ့ရှေ့မှာ ပုဇွန်တွေကိုယူလိုက်ပြီးနောက် တူဖြင့် ဝက်နံရိုးနှပ်တစ်ပိုင်းကို စားလိုက်သည်။
[တစ်ခါတုန်းက ငါ့မှာအိပ်မက်တစ်ခုရှိခဲ့တယ်၊ အဲဒါက ငါ့ကောကော ကမ္ဘာမြေပေါ် ဆင်းသက်လာတဲ့နေ့ကိုမြင်ရဖို့ပဲ၊ ဒီနေ့တော့ အမှန်ဖြစ်လာခဲ့ပြီ!]
[စုရှောင်ကောကောကလေ အရင်ဘဝတုန်းက နဂါးငွေ့တန်းဂလက်ဆီကြီးကို ကယ်တင်ခဲ့တာများလားဟင်? ငါ့ကောကောချက်ပေးတဲ့စားစရာတွေကို စားနိုင်နေရုံတင်မကဘူး၊ သူ့ကို ကျွေးပါကျွေးနေသေးတာ၊ ဝူး ဝူး ဝူး.....]
[ငါ တကယ်ကြီး ကောကောလက်ထဲက တူလေးဖြစ်ချင်လိုက်တာဟယ် ! ! ! ]
[ထန်ကောက ပုဇွန်တွေအားလုံးကို သူ့ဘာသာယူထားတာ ဘာကိုဆိုလိုတာလဲဟင်? သူက စုချီယွဲ့ကို မကျွေးတော့ဘူးလား?]
[ကောကောရေ ပုဇွန်တွေကိုအခွံခွာဖို့ ရှင့်ရဲ့ ဆက်ဆီကျကျ၊ သွယ်လျလျ ကျောက်စိမ်းလိုလက်ချောင်းတွေကို မသုံးဘူးမလားလို့၊ တို့ခွင့်မပြုဘူးနော်!]
ထန်ယဲ့ သူ့ရှေ့က ပုဇွန်တွေကို တစ်ကောင်ပြီးတစ်ကောင် အခွံခွာလိုက်ပြီး စုချီယွဲ့ပန်းကန်ထဲ အားလုံးထည့်ပေးလိုက်ကာ
"များများစား"
ပွင့်ပွင့်လင်းလင်းပြောရပါလျှင် စုချီယွဲ့ အမှန်တကယ်ကြောက်ရွံ့နေမိသည်။ ထန်ယဲ့ သရုပ်ဆောင်နေတာဆိုရင်တောင်မှ သူက သူ့အပေါ် ကောင်းလွန်းနေတယ်လေ၊ သူ သရုပ်ဆောင်နေတာမဟုတ်ဘူးဆိုရင်တော့ သူ့အပေါ် ဘယ်လိုလုပ်ပြီးဒီလောက်ကောင်းနေပါ့မလဲနော်။
စုချီယွဲ့လည်း ဟင်းပွဲခပ်သည့်တူဖြင့် ပုဇွန်ကြီးတစ်ကောင်ကို ထန်ယဲ့ပါးစပ်ဆီ ခွံကျွေးလိုက်၏။
"ခင်ဗျားအရင်စားနော်"
ထန်ယဲ့ ပြုံးလိုက်ပြီး တစ်လုတ်တည်းမျိုချလိုက်ရာ သူ့အာဒမ်ပန်းသီးတွေလှိမ့်သွားတဲ့အတွက် ဆက်ဆီကျလွန်းနေလေရဲ့။ စုချီယွဲ့ အလျင်အမြန်ခေါင်းငုံ့လိုက်ရသည်။
အချောအလှကို ကြည့်ပါများသွားရင် ပြစ်မှားမိသွားလိမ့်မယ်...
နှစ်ယောက်သား အချင်းချင်းကျွေးမွေး(ဟင်းထည့်ပေး)နေကြရင်း စားသောက်ပြီးစီးသွားလေပြီ။ စုချီယွဲ့ မတ်တပ်ထရပ်လိုက်သည်။ ထန်ယဲ့က ချက်ပြုတ်ပေးတာကြောင့် သူက ထန်ယဲ့ကို ပန်းကန်ဆေးခွင့်မပြုနိုင်ဘူးလေ။
ထန်ယဲ့က သိသိသာသာကို စုချီယွဲ့အား ဒါတွေမလုပ်စေချင်သော်ငြား စုချီယွဲ့က သူ့လက်ကို ဆန့်ထုတ်ကာ သူ့ကိုတားလိုက်ပြီး
"ခင်ဗျားက မင်းသားတစ်ယောက်လေ၊ ကိုယ့်ကိုယ်ကိုယ်သတိရှိဖို့လိုတယ်နော်။ ခင်ဗျားလက်တွေက ပန်းကန်ဆေးရမယ့်လက်တွေလား? မဟုတ်ဘူး! ကျွန်တော့်လက်တွေကတော့ရတယ်"
ထန်ယဲ့ရှေ့မှာ လက်ဆယ်ချောင်းကို ဆန့်ထုတ်ပြလာကာ ဝှေ့ယမ်းပြနေပြီးနောက် လှည့်၍ ပန်းကန်တွေကို မြန်မြန်ဆေးကြောနေတော့သည်။
ထန်ယဲ့ ပတ်ပတ်လည်ကြည့်လိုက်ပြီး သူ မကူညီနိုင်တော့မှန်းသိလိုက်သောကြောင့် သူ့notebookကိုယူရန် အပေါ်ထပ်သွားလိုက်ပြီး ဆိုဖာပေါ်မှာ လဲလျောင်းနေရင်း ကိစ္စတစ်ချို့ကိုင်တွယ်နေလိုက်သည်။
(notebook = laptop)
ထန်ယဲ့သည် "Red Earth"တီဗီစီးရီးကို ရိုက်ကူးနေဆဲပင်။ ဤရသစုံရှိုး၏recordingကို အမီရိုက်ကူးနိုင်ရန်အတွက် နောက်ရက်အနည်းငယ်အတွင်း ရိုက်ကူးရမည့်ဇာတ်ဝင်ခန်းအားလုံးကိုရွှေ့ကာ နှစ်ညဆက်တိုက်ရိုက်ကူးခဲ့ရသည်။ သို့သော် သူမထွက်ခွာခင် ကုမ္ပဏီမှာ ပြဿနာတစ်ခုခုဖြစ်ခဲ့သောကြောင့် ကုမ္ပဏီကိုပြန်ပြေးသွားခဲ့ရ၍ လေယာဉ်ပေါ်တက်ချိန်မှာ သူ့အဝတ်အစားလဲရန်ပင် အချိန်မရှိခဲ့။
စုချီယွဲ့ ရှင်းလင်းပြီးနောက် မီးဖိုချောင်မှထွက်လာသည့်အခါ ဆိုဖာပေါ်မှာ ထန်ယဲ့အိပ်ပျော်နေသည်ကို တွေ့လိုက်ရပြီး ကော်ဖီစားပွဲပေါ်ရှိ ဖန်သားပြင်မှာလည်း ပွင့်နေဆဲ။
စုချီယွဲ့ လမ်းလျှောက်လာကာ ထန်ယဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ အလင်းရောင်အောက်တွင် ထန်ယဲ့မျက်လုံးအောက်မှာ အနည်းငယ်မည်းနေကာ အလွန်ပင်ပန်းနေပုံရသည်။
စုချီယွဲ့ အနည်းငယ် စိတ်ဆင်းရဲသလိုခံစားလိုက်ရ၏။ သူ အလုပ်ကြိုးစားလွန်းလို့ ပင်ပန်းနေတာပဲဖြစ်ရမယ်...
စုချီယွဲ့ အပေါ်ထပ်မှာ စောင်ထူထူတစ်ထည် သွားယူလိုက်သည်။ သူ့ကို ဆိုဖာပေါ်မှာဆိုလည်း အတတ်နိုင်ဆုံး သက်တောင့်သက်သာလှဲခိုင်းရမယ်လေ။ ထို့နောက် ထန်ယဲ့ လုပ်လက်စများကို saveနှိပ်လိုက်ပြီး notebookကိုပိတ်ကာ ဘေးမှာထားလိုက်၏။
ညနောက်ကျမှ ပရိုဂရမ်အဖွဲ့က အပန်းဖြေစခန်းတွင် မီးပုံပွဲရှိကြောင်း ရုတ်တရက်ပြောလာပြီး လူတိုင်း သွားမလား၊ မသွားဘူးလားဆိုတာ မိမိသဘောပင်ဖြစ်သည်။
စုချီယွဲ့ ဤရှိုးကိုလာစဥ်က မည်သည့်ဇာတ်ညွှန်းမှမရခဲ့ပေ။ ဒါရိုက်တာအဖွဲ့ကလည်း မူလက သူတိူ့ပျော်သလိုနေလို့ရကြောင်း ပြောထားသဖြင့် သွား၏၊ မသွား၏က ပြဿနာမရှိပါချေ။
စုချီယွဲ့ သူ့တက်ဘလက်ကိုယူကာ တစ်ဖက်ကဆိုဖာကို မှီလိုက်ရင်း ပုံစဆွဲတော့သည်။
ဒီနေ့တော့ သူ ယခင်က ကျောင်းတွင်းကာတွန်းစီးရီးကို ဆက်မဆွဲတော့ဘဲ ထန်ယဲ့၏ Q ဗားရှင်းကို ဆွဲခဲ့သည်။
ထန်ယဲ့၏ Q ဗားရှင်းမှာ ယနေ့ သူဝတ်ထားသည့်ပုံစံအတိုင်း အနက်ရောင်ဘောင်းဘီရှည်နှင့် အနက်ရောင်ရှပ်အင်္ကျီနှင့်ဖြစ်ပြီး ဆိုဖာပေါ်မှာ ပျင်းရိစွာ လဲလျောင်းနေသောမြင်ကွင်းဖြစ်နေလေရဲ့။
@စုဇီယဲ့ : ဒီနေ့ရဲ့ ထန်လောင်ရှီး [picture.jpg]
[ကောကော အရမ်းပင်ပန်းနေပုံရတယ်နော်၊ ငါစိတ်မကောင်းလိုက်တာ...]
[သူ ဇာတ်ကားရိုက်ကူးရေးလုပ်နေရင်းတန်းလန်း ဒီကိုအမြန်လာတာပဲဖြစ်ရမယ်]
[စုရှောင်ကောကောရေ ကျေးဇူးပြုပြီး ငါ့ကောကောကို ကောင်းကောင်းဂရုစိုက်ပေးပါနော်။ သူက အရမ်းအလုပ်ကြိုးစားနေတာ]
[စုချီယွဲ့ ဘာလုပ်နေတာလဲ? ဂိမ်းကစားနေတာလား?]
barrageတွင် ထန်ယဲ့ကို သနားနေကြသော Fanများဖြင့်ပြည့်နှက်နေလျက်၊ တစ်ဖက်တွင်လည်း စုချီယွဲ့တင်ပေးလိုက်သည့် ထန်ယဲ့၏ Q ဗားရှင်းမှာ ကွန်မန့်အများအပြားရရှိနေ၏။
[လတ်စသတ်တော့ ပန်းချီဆရာ*တာ့တာ့ဖြစ်နေတာကိုး၊ မင်းရဲ့ပန်းချီတွေကအရမ်းမိုက်]
[လာပါ၊ များများဆွဲပေးပါဦး၊ အလုပ်ကြိုးစားတဲ့ တာ့တာ့ဖြစ်ပါစေနော်! ]
[တာ့တာ့ကိုမေးပါရစေ၊ ကောကောကို ခေါ်သွားလို့ရမလားဟင်? ]
xxx
Gpမှာ အပိုင်း ၈၇ ရောက်နေပါပြီ။
Zawgyi
"ျမင္ျမင္ခ်င္းခ်စ္မိသြားတယ္"ပရိုဂရမ္မွာ မူလက A-listနာမည္ႀကီးမ်ားကို ဖိတ္ၾကားခဲ့ၿပီး ထန္ယဲ့ပါဝင္ျခင္းေၾကာင့္ ရိႈးကို ပို၍ပင္နာမည္ႀကီးေစခဲ့သည္။
က်ိဳးရွင္းယဲ့၊ က်န္႔ေရွာက္ယြမ္၊ ဖုန္းေဝရန္႔တို႔ကအစ စုခ်ီယြဲ႔၏အခန္းေဖာ္ ခ်င္ေဟာက္ခ်ူးႏွင့္ တျခားသူေတြအဆံုး သူတို႔အားလံုး တိုက္ရိုက္ထုတ္လႊင့္မႈကို ၾကၫ့္ရႈေနၾက၏။
က်န္႔ေရွာက္ယြမ္ႏွင့္ က်ိဳးရွင္းယဲ့တို႔ အလုပ္ကျပန္လာၿပီးေနာက္ ဖုန္းေဝရန္႔၏ကုမၸဏီသို႔ အတူတူသြားခဲ့ၾကသည္။
ဖုန္းေဝရန္႔၏ရံုးခန္း၌ အရြယ္ေရာက္ၿပီးသားအမ်ိဳးသားသံုးေယာက္စုရံုးကာ ထန္ယဲ့ႏွင့္ စုခ်ီယြဲ႔ကိုျပသေနသည့္ စခရင္ကို ၾကည့္ေနၾကရင္း အမ်ိဳးသားသံုးေယာက္လံုး မ်က္ေမွာင္ၾကဳတ္ေနၾကလ်က္။
ဖုန္းေဝရန္႔ : "က်န္းဇီဖင္းက အဲဒီကို မသြားဘူးလား? ဘာျဖစ္ေနတာလဲကြာ?"
က်ိဳးရွင္းယဲ့ : "က်န္းဇီဖင္းက ထန္ယဲ့ကို ကိုင္တြယ္ႏိုင္မယ္လို႔ မင္းထင္ေနတာလား?"
က်န္႔ေရွာက္ယြမ္ : "စုခ်ီယြဲ႔က သူ႔အရင္ဘဝနဲ႔ မတူေတာ့ဘူးလို႔ မင္းတို႔ထင္လား?"
က်ိဳးရွင္းယဲ့ : "ဘာမတူလို႔တုန္း? ငါကေတာ့ အတူတူပဲလို႔ထင္တာပဲ။ သူ႔အရင္ဘဝတုန္းက ငါတို႔အေပၚ တစ္ဆင့္ခ်င္းတစ္ဆင့္နင္းတက္သြားတာပဲေလ။ ဒီဘဝမွာေတာ့ သူ႔အတြက္ နင္းစရာဘယ္သူမွမရိွလို႔ သူ႔ကိုယ္သူ ထန္ယဲ့လက္ေမာင္းထဲ တည့္တည့္ေျပးဝင္တာေပါ့ကြာ။ သူက အမိႈက္ေကာင္ပဲ၊ ၿပီးေတာ့ သူ႔သဘာဝက ေျပာင္းလဲဖို႔ခက္တယ္!"
ဖုန္းေဝရန္႔ : "စုခ်ီယြဲ႔ကို မေျပာင္းလဲႏိုင္ရင္ ငါတို႔ဘာလုပ္သင့္လဲ?"
က်န္႔ေရွာက္ယြမ္ : "ဒါဆို အမွားေတြမျဖစ္ေအာင္တားဆီးဖို႔ ထန္ယဲ့ကိုပဲ သြားရွာၾကတာေပါ့ကြာ"
သံုးေယာက္စလံုး အေတာ္ၾကာေဆြးေနြးခဲ့ၾကၿပီး အစီအစဉ္ကို အၿပီးသတ္လိုက္သည္။
...
ထန္ယဲ့ သပ္သပ္ရပ္ရပ္ႏွင့္ ျမန္ျမန္ဆန္ဆန္ လႈပ္ရွားခဲ့ၿပီးေနာက္ မ်ားမၾကာမီ စားပြဲေပၚမွာ ဟင္းေျခာက္မ်ိဳးကို တည္ခင္းလိုက္ေတာ့သည္။
ပုဇြန္ေၾကာ္၊ ဝက္နံရိုးႏွပ္၊ မာပိုတို႔ဟူး၊ ရွီးဟူအမဲသားစြပ္ျပဳတ္၊ အာလူးႏုတ္ႏုတ္စင္းေမႊေၾကာ္၊ ေရႊပဲသီးေမႊေၾကာ္....
ဟင္းပြဲေတြမ်ားျပားစံုလင္ေပမယ့္ *portionသိပ္မမ်ားေပ။ ဘာပဲျဖစ္ျဖစ္ ပရိုဂရမ္အဖြဲ႔မွ ျပင္ဆင္ေပးထားတဲ့ပစၥည္းအေရအတြက္က အကန႔္အသတ္ရိွေနသည္ေလ။
(*ဟင္းေတြမ်ားေပမယ့္ တစ္ပြဲစီတိုင္းက လူႏွစ္ေယာက္စာပဲပါတာလို႔ေျပာခ်င္တာပါေနာ္ portionကိုဘယ္လိုျမန္မာမႈျပဳရမွန္းမသိေတာ့လို႔ 😁)
ဟင္းလ်ာရနံ႔မ်ား လြင့္ပ်ံ့လာသည္ႏွင့္ စုခ်ီယြဲ႔၏ အစာအိမ္မွာ စတင္ေအာ္ဟစ္လာေလၿပီ။
ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္ၾက၏။ ထန္ယဲ့က စုခ်ီယြဲ႔အတြက္ ရွီးဟူအမဲသားစြပ္ျပဳတ္ကို ပန္းကန္လံုးငယ္ေလးႏွင့္ထည့္ေပးလိုက္ၿပီး
"ျမည္းၾကည့္"
"ေက်းဇူးပါဗ်"
စုခ်ီယြဲ႔ တစ္ဇြန္းျပည့္ ပါးစပ္ထဲထၫ့္လိုက္ရာ သူ႔ပါးစပ္တစ္ခုလံုး ေမႊးရနံ႔မ်ားျဖင့္ ျပည့္လ်ွမ္းသြားရလ်က္။
"အရသာရိွတယ္"
ထန္ယဲ့ သူ႔ေရ႔ွမွာ ပုဇြန္ေတြကိုယူလိုက္ၿပီးေနာက္ တူျဖင့္ ဝက္နံရိုးႏွပ္တစ္ပိုင္းကို စားလိုက္သည္။
[တစ္ခါတုန္းက ငါ့မွာအိပ္မက္တစ္ခုရိွခဲ့တယ္၊ အဲဒါက ငါ့ေကာေကာ ကမ႓ာေျမေပၚ ဆင္းသက္လာတဲ့ေန့ကိုျမင္ရဖို႔ပဲ၊ ဒီေန့ေတာ့ အမွန္ျဖစ္လာခဲ့ၿပီ!]
[စုေရွာင္ေကာေကာကေလ အရင္ဘဝတုန္းက နဂါးေငြ့တန္းဂလက္ဆီႀကီးကို ကယ္တင္ခဲ့တာမ်ားလားဟင္? ငါ့ေကာေကာခ်က္ေပးတဲ့စားစရာေတြကို စားႏိုင္ေနရံုတင္မကဘူး၊ သူ႔ကို ေကြၽးပါေကြၽးေနေသးတာ၊ ဝူး ဝူး ဝူး.....]
[ငါ တကယ္ႀကီး ေကာေကာလက္ထဲက တူေလးျဖစ္ခ်င္လိုက္တာဟယ္ ! ! ! ]
[ထန္ေကာက ပုဇြန္ေတြအားလံုးကို သူ႔ဘာသာယူထားတာ ဘာကိုဆိုလိုတာလဲဟင္? သူက စုခ်ီယြဲ႔ကို မေကြၽးေတာ့ဘူးလား?]
[ေကာေကာေရ ပုဇြန္ေတြကိုအခြံခြာဖို႔ ရွင့္ရဲ့ ဆက္ဆီက်က်၊ သြယ္လ်လ် ေက်ာက္စိမ္းလိုလက္ေခ်ာင္းေတြကို မသံုးဘူးမလားလို႔၊ တို႔ခြင့္မျပဳဘူးေနာ္!]
ထန္ယဲ့ သူ႔ေရ႔ွက ပုဇြန္ေတြကို တစ္ေကာင္ၿပီးတစ္ေကာင္ အခြံခြာလိုက္ၿပီး စုခ်ီယြဲ႔ပန္းကန္ထဲ အားလံုးထည့္ေပးလိုက္ကာ
"မ်ားမ်ားစား"
ပြင့္ပြင့္လင္းလင္းေျပာရပါလ်ွင္ စုခ်ီယြဲ႔ အမွန္တကယ္ေၾကာက္ရြံ႔ေနမိသည္။ ထန္ယဲ့ သရုပ္ေဆာင္ေနတာဆိုရင္ေတာင္မွ သူက သူ႔အေပၚ ေကာင္းလြန္းေနတယ္ေလ၊ သူ သရုပ္ေဆာင္ေနတာမဟုတ္ဘူးဆိုရင္ေတာ့ သူ႔အေပၚ ဘယ္လိုလုပ္ၿပီးဒီေလာက္ေကာင္းေနပါ့မလဲေနာ္။
စုခ်ီယြဲ႔လည္း ဟင္းပြဲခပ္သည့္တူျဖင့္ ပုဇြန္ႀကီးတစ္ေကာင္ကို ထန္ယဲ့ပါးစပ္ဆီ ခြံေကြၽးလိုက္၏။
"ခင္ဗ်ားအရင္စားေနာ္"
ထန္ယဲ့ ၿပံဳးလိုက္ၿပီး တစ္လုတ္တည္းမ်ိဳခ်လိုက္ရာ သူ႔အာဒမ္ပန္းသီးေတြလိွမ့္သြားတဲ့အတြက္ ဆက္ဆီက်လြန္းေနေလရဲ့။ စုခ်ီယြဲ႔ အလ်င္အျမန္ေခါင္းငံု႔လိုက္ရသည္။
အေခ်ာအလွကို ၾကည့္ပါမ်ားသြားရင္ ျပစ္မွားမိသြားလိမ့္မယ္...
ႏွစ္ေယာက္သား အခ်င္းခ်င္းေကြၽးေမြး(ဟင္းထည့္ေပး)ေနၾကရင္း စားေသာက္ၿပီးစီးသြားေလၿပီ။ စုခ်ီယြဲ႔ မတ္တပ္ထရပ္လိုက္သည္။ ထန္ယဲ့က ခ်က္ျပဳတ္ေပးတာေၾကာင့္ သူက ထန္ယဲ့ကို ပန္းကန္ေဆးခြင့္မျပဳႏိုင္ဘူးေလ။
ထန္ယဲ့က သိသိသာသာကို စုခ်ီယြဲ႔အား ဒါေတြမလုပ္ေစခ်င္ေသာ္ျငား စုခ်ီယြဲ႔က သူ႔လက္ကို ဆန႔္ထုတ္ကာ သူ႔ကိုတားလိုက္ၿပီး
"ခင္ဗ်ားက မင္းသားတစ္ေယာက္ေလ၊ ကိုယ့္ကိုယ္ကိုယ္သတိရိွဖို႔လိုတယ္ေနာ္။ ခင္ဗ်ားလက္ေတြက ပန္းကန္ေဆးရမယ့္လက္ေတြလား? မဟုတ္ဘူး! ကြၽန္ေတာ့္လက္ေတြကေတာ့ရတယ္"
ထန္ယဲ့ေရ႔ွမွာ လက္ဆယ္ေခ်ာင္းကို ဆန႔္ထုတ္ျပလာကာ ေဝ႔ွယမ္းျပေနၿပီးေနာက္ လွည့္၍ ပန္းကန္ေတြကို ျမန္ျမန္ေဆးေၾကာေနေတာ့သည္။
ထန္ယဲ့ ပတ္ပတ္လည္ၾကည့္လိုက္ၿပီး သူ မကူညီႏိုင္ေတာ့မွန္းသိလိုက္ေသာေၾကာင့္ သူ႔notebookကိုယူရန္ အေပၚထပ္သြားလိုက္ၿပီး ဆိုဖာေပၚမွာ လဲေလ်ာင္းေနရင္း ကိစၥတစ္ခ်ိဳ႕ကိုင္တြယ္ေနလိုက္သည္။
(notebook = laptop)
ထန္ယဲ့သည္ "Red Earth"တီဗီစီးရီးကို ရိုက္ကူးေနဆဲပင္။ ဤရသစံုရိႈး၏recordingကို အမီရိုက္ကူးႏိုင္ရန္အတြက္ ေနာက္ရက္အနည္းငယ္အတြင္း ရိုက္ကူးရမည့္ဇာတ္ဝင္ခန္းအားလံုးကိုေရႊ့ကာ ႏွစ္ညဆက္တိုက္ရိုက္ကူးခဲ့ရသည္။ သို႔ေသာ္ သူမထြက္ခြာခင္ ကုမၸဏီမွာ ျပႆနာတစ္ခုခုျဖစ္ခဲ့ေသာေၾကာင့္ ကုမၸဏီကိုျပန္ေျပးသြားခဲ့ရ၍ ေလယာဉ္ေပၚတက္ခ်ိန္မွာ သူ႔အဝတ္အစားလဲရန္ပင္ အခ်ိန္မရိွခဲ့။
စုခ်ီယြဲ႔ ရွင္းလင္းၿပီးေနာက္ မီးဖိုေခ်ာင္မွထြက္လာသည့္အခါ ဆိုဖာေပၚမွာ ထန္ယဲ့အိပ္ေပ်ာ္ေနသည္ကို ေတြ့လိုက္ရၿပီး ေကာ္ဖီစားပြဲေပၚရိွ ဖန္သားျပင္မွာလည္း ပြင့္ေနဆဲ။
စုခ်ီယြဲ႔ လမ္းေလ်ွာက္လာကာ ထန္ယဲ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနသည္ကို ေတြ့လိုက္ရ၏။ အလင္းေရာင္ေအာက္တြင္ ထန္ယဲ့မ်က္လံုးေအာက္မွာ အနည္းငယ္မည္းေနကာ အလြန္ပင္ပန္းေနပံုရသည္။
စုခ်ီယြဲ႔ အနည္းငယ္ စိတ္ဆင္းရဲသလိုခံစားလိုက္ရ၏။ သူ အလုပ္ႀကိဳးစားလြန္းလို႔ ပင္ပန္းေနတာပဲျဖစ္ရမယ္...
စုခ်ီယြဲ႔ အေပၚထပ္မွာ ေစာင္ထူထူတစ္ထည္ သြားယူလိုက္သည္။ သူ႔ကို ဆိုဖာေပၚမွာဆိုလည္း အတတ္ႏိုင္ဆံုး သက္ေတာင့္သက္သာလွဲခိုင္းရမယ္ေလ။ ထို႔ေနာက္ ထန္ယဲ့ လုပ္လက္စမ်ားကို saveႏိွပ္လိုက္ၿပီး notebookကိုပိတ္ကာ ေဘးမွာထားလိုက္၏။
ညေနာက္က်မွ ပရိုဂရမ္အဖြဲ႔က အပန္းေျဖစခန္းတြင္ မီးပံုပြဲရိွေၾကာင္း ရုတ္တရက္ေျပာလာၿပီး လူတိုင္း သြားမလား၊ မသြားဘူးလားဆိုတာ မိမိသေဘာပင္ျဖစ္သည္။
စုခ်ီယြဲ႔ ဤရိႈးကိုလာစဥ္က မည္သည့္ဇာတ္ၫႊန္းမွမရခဲ့ေပ။ ဒါရိုက္တာအဖြဲ႔ကလည္း မူလက သူတိူ႔ေပ်ာ္သလိုေနလို႔ရေၾကာင္း ေျပာထားသျဖင့္ သြား၏၊ မသြား၏က ျပႆနာမရိွပါေခ်။
စုခ်ီယြဲ႔ သူ႔တက္ဘလက္ကိုယူကာ တစ္ဖက္ကဆိုဖာကို မွီလိုက္ရင္း ပံုစဆြဲေတာ့သည္။
ဒီေန့ေတာ့ သူ ယခင္က ေက်ာင္းတြင္းကာတြန္းစီးရီးကို ဆက္မဆြဲေတာ့ဘဲ ထန္ယဲ့၏ Q ဗားရွင္းကို ဆြဲခဲ့သည္။
ထန္ယဲ့၏ Q ဗားရွင္းမွာ ယေန့ သူဝတ္ထားသၫ့္ပံုစံအတိုင္း အနက္ေရာင္ေဘာင္းဘီရွည္ႏွင့္ အနက္ေရာင္ရွပ္အက်ႌႏွင့္ျဖစ္ၿပီး ဆိုဖာေပၚမွာ ပ်င္းရိစြာ လဲေလ်ာင္းေနေသာျမင္ကြင္းျဖစ္ေနေလရဲ့။
@စုဇီယဲ့ : ဒီေန့ရဲ့ ထန္ေလာင္ရွီး [picture.jpg]
[ေကာေကာ အရမ္းပင္ပန္းေနပံုရတယ္ေနာ္၊ ငါစိတ္မေကာင္းလိုက္တာ...]
[သူ ဇာတ္ကားရိုက္ကူးေရးလုပ္ေနရင္းတန္းလန္း ဒီကိုအျမန္လာတာပဲျဖစ္ရမယ္]
[စုေရွာင္ေကာေကာေရ ေက်းဇူးျပဳျပီး ငါ့ေကာေကာကို ေကာင္းေကာင္းဂရုစိုက္ေပးပါေနာ္။ သူက အရမ္းအလုပ္ႀကိဳးစားေနတာ]
[စုခ်ီယြဲ႔ ဘာလုပ္ေနတာလဲ? ဂိမ္းကစားေနတာလား?]
barrageတြင္ ထန္ယဲ့ကို သနားေနၾကေသာ Fanမ်ားျဖင့္ျပည့္ႏွက္ေနလ်က္၊ တစ္ဖက္တြင္လည္း စုခ်ီယြဲ႔တင္ေပးလိုက္သည့္ ထန္ယဲ့၏ Q ဗားရွင္းမွာ ကြန္မန္႔အမ်ားအျပားရရိွေန၏။
[လတ္စသတ္ေတာ့ ပန္းခ်ီဆရာ*တာ့တာ့ျဖစ္ေနတာကိုး၊ မင္းရဲ့ပန္းခ်ီေတြကအရမ္းမိုက္]
(*တာ့တာ = ဆရာႀကီး)
[လာပါ၊ မ်ားမ်ားဆြဲေပးပါၪီး၊ အလုပ္ႀကိဳးစားတဲ့ တာ့တာ့ျဖစ္ပါေစေနာ္! ]
[တာ့တာ့ကိုေမးပါရေစ၊ ေကာေကာကို ေခၚသြားလို႔ရမလားဟင္? ]
xxx
You are reading the story above: TeenFic.Net