အတန်းချိန် နှစ်ချိန်တက်ပြီး သျှားရယ် စုလဲ့ရယ်
ရတနာရယ် သုံးယောက်သား စကားတပြောပြောဖြင့်
ကန်တင်းဘက်ထဲကို ခြေဦးလှည့်ခဲ့သည်..... သျှားတို့
ထိုင်နေကြဆိုင်လေးထဲဝင်ကာ အစားအသောက်တွေမှာ
အပြီးတွင်..
" ကျွီ " သျှား ထိုင်နေတဲ့ ခုံကိုအနောက်နည်းနည်းဆုတ်ထိုင်လိုက်သည်.....
"ဟာ!!!!! တောက် "
"ဟဲ့ နင်တမင်လုပ်တာမဟုတ်လား ဒီမှာ ခြစ်မိသွားပြီ "
ဒီအသံကိုကြားလိုက်ကတည်းက သျှားအနောက်မှာ
သွန်းသံသာသန်းထွဋ် ဆိုတာ ဗေဒင်မမေးပဲသိလိုက်သည်....
"အဟက် ချစ်မိသွားတာလား sorry pr ငါတော့
စိတ်မဝင်စားဘူး " (အမယ် ချေတာတဲ့ 😂😂)
"$ရူး.....$ရူး ဒီမှာ စာအုပ်မှာ မှင်ခြစ်မိသွားတာကိုပြောတာ
$ရူးရဲ့ နင့်ကိုများ ချစ်စရာလား ဆုတောင်းလေ ငယ်တော့တဲ့
အရွယ်လဲမဟုတ်ဘူး "
" မသိနိုင်ဘူးလေ... တစ်ချို့တွေက မိန်းခလေးလဲမရှောင်
ငမ်းကြတာကို "
"သေလိုက် အဲ့မှာ "
သျှား ရီခြင်းဖြင့်သာ အဆုံးသတ်လိုက်သည်...ဘာလို့ဆို
မသိမသာ ဒီဘက်ရောက်နေသော ဖိနပ်တစ်ဖက်ကို
ပိတ်ကန်ထားခြင်းကြောင့် ဘာမှပြန်မပြောပဲ ရီပဲ ရီနေခြင်း
ဖြစ်သည်....
"ဟယ် ရတနာ မတွေ့တာတောင်ကြာပြီ နေကောင်းလား"
"aww... အလွင် တစ်ယောက်တည်းလား "
"အေး.... သူငယ်ချင်းတွေနဲ့ ဒီဆိုင်မှာ ချိန်းထားတာ "
"aww... ထိုင်လေ ငါတို့ဝိုင်းမှာပဲ သူငယ်ချင်းတွေလာမှ
သွားပေါ့ ရတယ် မဟုတ်လား သျှားတို့ "
"ရပါတယ် အေးဆေးပေါ့ "
"မိတ်ဆက်ပေးရဦးမယ် စုလွင်တဲ့ ငါတို့မြို့က
ငယ်သူငယ်ချင်းလေ "
"aww...... "
"အလွင် ဒါ ရတနာတဲ့ သူက သျှား "
"ဟုတ် သျှား တစ်လုံးထဲလား လှတယ်နော် နာမည်ရော လူရော "
"အယ်....ဟုတ်တယ် အဟဲ နာမည်ကသူများတွေလို အရစ်ရှည်အဖေနာမည်တွေဘာတွေမပါဘူးလေ တစ်လုံးထဲပဲ သျှားလဲကြိုက်တယ် ကိုယ့်နာမည်ကို "
သွန်း မုန့်စားနေရင်း ဒေါသအလုံးလိုက်ထွက်လာသည်.... ဒါ သွန်းကို သက်သက်
ရန်စတာ သွန်းသိတယ်... ဒင်းကို အမှုန့်ထည့်ကြိတ်ပစ်ချင်
သည်.....
"ဟဲ့ သွန်း ဘာဖြစ်တာလဲ ခေါက်ဆွဲတွေကို နင်းကန်ခြေ
နေတယ် မစားချင်တော့ရင်လဲ မဆော့နဲ့လေ "
" ဆော့နေတာမဟုတ်ဘူး လူသတ်ချင်နေတာ လူသတ်ချင်တာ.... လာဟာ အတန်းသွားတက်ကြမယ်
ဒီမှာနေရတာ ကျက်သရေမရှိဘူး "
သွားတော့မယ်ဆိုတော့ သျှား မသိမသာ နားစွင့်
ထားမိလေသည်.....
" ဟဲ့ ငါ့ဖိနပ်တစ်ဖက်ရော "
"ရော် ဘယ်သိမလဲ သေချာရှာကြည့်ပါဦး ခွေးလာတာလဲ
မတွေ့မိပါဘူး "
" ဒါ ခွေးလက်ချက်ထင်တာပဲ " သွန်း မျက်စောင်းထိုးပြရင်း
ပြောလိုက်သည်....
ရှူးရှူးရှားရှား ဖြစ်သွားသည်မှာ တရားခံ သျှား
ဖြစ်သည်..... ခွေးလုံး လုံး ဖြစ်နေပြီကို.... မသိချင်ယောင်
ပဲဆောင်နေလိုက်သည်.... ထ ပြောလျှင် ကိုယ်ခွေးဖစ်တော့
မည်လေ..... တောက်!!! တစ်ချက်ခေါက်ကာ ထော့နဲ့
ထော့နဲ့ ဖြင့် ထွက်သွားကြလေသည်... (သနားပါတယ် ခလိန်းလေး 🙄🙄)
သူတို့ ထွက်သွားသည်နှင့် ဘေးက ခြောက်သွေ့နေ
ပြီဖြစ်သောမြောင်းထဲကို ကြည့်လိုက်မိသည်..... အစောက
သျှား ကန်ချလိုက်တာအဲ့ထဲကိုပါ ဘယ်လိုဖြစ်လို့ မတွေ့
တော့တာလဲ အူကြောင်ကြောင်ဖြင့် ဖိနပ်တစ်ဖက် မပါပဲ
ထွက်သွားတော့ သွန်းကို တကယ်ကို ပထမဦးဆုံး အကြိမ်
သနားမိခြင်းဖြစ်လေသည်.... ကိုယ် စတာများလွန်သွား
လား...... အိုးးး မလွန်ပါဘူးလေ ကိုယ့်တုန်းကလဲ
အရှက်ကို ဗြန်း ဗြန်းကွဲလို့ ကိုယ် ' ရှ ' သွားတာ တစ်ကျောင်း
လုံးနီးပါး သိသွားခဲ့သည်ပဲလေ.....
********************************
ညနေပိုင်း သျှားတို့အဆောင်က ဧည့်ခန်းရှေ့မှာ
တတိယနှစ်က မမစံပယ် သုတ်ကျွေးသော
လက်ဖက်ကို အားရပါးရဝိုင်းစားကြရင်း.......
" ပါဆယ်ထုပ်တွေ ပါလာတယ် ကိုယ့်ပါဆယ်ထုပ်ကို
လာယူကြပါ "
သွန်း သယ်လာတဲ့ ပါဆယ်ထုပ်တွေပေါ်က နာမည်တွေအော်ဖတ်ပြီး လိုက်ပေးလိုက်သည်....
" စံသျှားတင်..... အယ် စံသျှားတင် ရှိလို့လား အဆောင်များ
မှားတာလား ဟိ ဟိ နာမည်ကလဲ စံသျှားတင်တဲ့
ပေးစရာရှားလို့ 😂😂😂 မသိတော့ဘူး မနက်မှ
ရုံးခန်းကို ပြန်သွားပေးလိုက်တော့မယ် "
စံသျှားတင် ဆိုသည့် နာမည်ကြားလိုက်သည်တွင်
လက်ဖက်စားနေရင်း သီးတောင်သီးသွားလေသည်.... ရတနာနဲ့ စုလဲ့က လက်ကိုကုတ်လေသည်......
အိန္ဒြေမပျက်နေရင်း မသိချင်ယောင်ဆောင်ကာ အရှေ့က
နေ အတည်ပေါက်ဖြင့် ဖြတ်လျှောက်လာလိုက်လေသည်..
"မေကြီး တို့ကတော့ လုပ်ချလိုက်ပြီ မပြောမဆိုနဲ့
ဘာတွေပို့လိုက်ပြန်ပြီလဲမသိဘူး ပို့လိုက်ရင်လဲ ဖုန်းလေးဆက်ပေါ့ ကျစ် ဘယ်လိုလုပ်ရင်ကောင်းမလဲ "
"ဟဲ့ တစ်ယောက်တည်း ပွစိ ပွစိ နဲ့ဘာတွေပြောနေတာလဲ "
ရတနာ အခန်းထဲဖုန်းလာယူရင်း တစ်ယောက်တည်း
စကားပြောနေတဲ့ သျှားကို မေးလိုက်သည်..
" စာကျက်နေတာဟဲ့ "
"မြတ်စွာဘုရား နေတော့ အနောက်ရပ်ကထွက်တော့မှာပဲ
ဘယ်မလဲ စာအုပ် "
" ရပြီးသား ပြန်နွေးတာဟာ " စိတ်ရှုပ်ရတဲ့ကြားထဲ သူ့ကတစ်မှောင့်.......
ညဘက် အကုန်လုံးအိပ်နေသည့်အချိန်တွင်
ခြေဖော့ကာ တိတ်တိတ်လေး အခန်းပြင်ကို ထွက်လိုက်သည်.... ခိုးကြောင်ခိုးဝှက် လုပ်ရသည့်အရာ
အင်မတန် စိတ်လှုပ်ရှားဖို့ကောင်းသည်..... ညနေက
အထုပ်ကို တိတ်တိတ်လေး သွားယူဖို့ သျှား ကြိုးစား
နေခြင်းပေ......
သွန်း ညနေက ရှောက်သီးသုတ်တွေ နင်းကန်
စွတ်စားတာ အိမ်သာနဲ့ ဝမ်းဆက်ဖြစ်နေသည်.....
"ဂျွတ်.... ဂျွတ် "
"ဟင် "
အသံလာရာကို ကြောက်ကြောက်ဖြင့် ဖုန်းဓာတ်မီး
လေးကို ထိုးကြည့်လိုက်သည်.......
"အမယ်လေး........ အမေရေ ဝူးးး ဝူးး ဝါး ဝါးး "
အသံပြဲကြီးဖြင့် ထအော်နေသော် သွန်းကို ပါးစပ်
အတင်းလိုက်ပိတ်မိသည်....
"ချောက်...... "
သွားပြီ အာပြဲမ ဂျပုမကြောင့် အဆောင်မှူး နိုးသွားပြီး
မီးခလုတ် လာဖွင့်ခြင်းဖြစ်သည်.....အဆောင်ကသူတွေ
အားလုံးလဲနိုးကာ အခန်းဝမှာ ခေါင်းလေးတွေပြူထွက်လာ
သည်......
" ဟဲ့ အဲ့ဒါ ဘာဖြစ်နေကြတာလဲ သူများတွေအိပ်နေကြပြီလေ "
သျှားနဲ့သွန်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
ရင်း ကြောင်နေမိသည်...
" ဟင် တစ်လုံးစိန်"
"ဘာ! ! ! ! "
"ဟုတ်တယ်လေ နာမည်တစ်လုံးထဲလေ "
"နေကြပါဦး နင်တို့ကဘာလုပ်နေကြတာလဲ "
ချွေးစီးတွေပြန်ကာ ပိုက်ထားမိသော အထုပ်ကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်...
"သွန်းက အိမ်သာ ထသွားတာ အသံကြားလို့ ကြည့်မိတာ
ဟဲ့ ဒါ ဒါ ညနေက ပါဆယ်ထုပ်မဟုတ်လား ဘာတဲ့
စံသျှားတင်ရဲ့အထုပ် အယ် အယ် မဟုတ်မှလွဲရော နင်က
စံရှားတင်လား "
သျှား ဒေါသတွေထွက်လာလေသည် စောင်ဂျပုမ
လုပ်လို့ အကုန်သိကုန်ကြပြီ.......
"ဟုတ်တယ် ဟုတ်တယ် ဘာဖြစ်လဲ စောက်ဂျပုမ "
"ဘာ! ! ! ဟားးးး စံသျှားတင်တဲ့ ဟားး အဲ့ဒါကိုများ
သူ့ကိုသူ သျှားတစ်လုံးထဲတဲ့ "
"သေမလို့ အဲ့လောက်ရီနေတာလား " 😂😂😂
ရီလို့မပြီးနိုင်ပဲ မျက်ရည်ပါသုတ်နေသော အနှီဂျပုမ
ကို ဆွဲဆွဲပြီး ကိုင်ဆောင့်လိုက်ချင်လေသည်.....
အခန်းထဲရီပြီး ကိုယ်စီဝင်သွားကြသည်အထိ ဂျပုမ ရီလို့
မပြီးသေးသ၍ ခေါင်းကိုခေါက်ခဲ့ပြီး အခန်းထဲပြေးဝင်မိသည်......
"ဒေါက်.... "
"အ...... မသာမ"
ဆဲခံရလဲကျေနပ်တယ် ခေါက်ခဲ့ရလေသည်....
ပြန်တွေးတိုင်း တနုတ်နုတ်ဖြင့် ဒေါသထွက်ပြီး အိပ်မပျော်ချေ။
ဘေးနားခုတင်မှာ တခွီခွီ ရီနေသော ရတနာကို ထဟောက်
လိုက်မှ ငြိမ်သွားကာ ခဏနေ သူတို့အိပ်ပျော်သွားကြသော်
လည်း သျှား မအိပ်နိုင်သေးပေ......... ဒေါသထွက်သည်
လဲတစ်ကြောင်း..... မှောင်မှောင်မဲမဲထဲတွင် ပါးစပ်ကိုလှမ်း
ပိတ်တာ ပါးစပ်မဟုတ်ပဲ သွန်း ရင်ဘတ်ကို လှမ်းကိုင်မိ
လိုက်သည်.....(Omo 😆)ကိုင်မိသည်မှာလဲ ကြည့်ဦးလေ ဖုန်းမီးကမျက်လုံးတည့်တည့်ထိုး ထားတာ မမြင်မစမ်းနှင့် ကိုင်မိလိုက်သည်ပေါ့.....
********************************
စောင်ဂျပုမကြောင့် သျှားနာမည်ကို သျှားလို့မခေါ်
တော့ပဲ သျှားနဲ့သိတဲ့သူအကုန်လုံးက ' မယ်စံ ' ဟု ပြောင်းခေါ်ကြလေသည်.....
သျှား ငယ်ထဲက ဘောလုံးကန်ရတာ ဝါသနာပါလေသည်..... အဲ့ဒါကြောင့် ကျောင်းက ပြုလုပ်
သည့် မိန်းခလေး ဘောလုံးအသင်းထဲ ဝင်ပါလိုက်သည်....
Training ပထမဆုံးလုပ်ရမည်မို့ အတန်းထဲကနေ
တစ်ယောက်ထဲ ထွက်လာသည်..... လမ်းတွင် ဟိုအနှီ
ဂျပုမနှင့် ဆုံလေသည်..... သူဘယ်သွားလဲမသိပေမယ့်
သူ့ထက်အရင်ရောက်အောင် ခြေလှမ်းကျဲဖြင့် အပြေးတစ်ပိုင်း
သွားမိသည်...... သူလဲ အဲ့လိုပင်.....
ဟာ စောက်ကျိုးနည်း ဂျပုမက ဘောလုံးကွင်းကိုပဲ
လာခြင်းဖြစ်သည်.......နည်းပြဆီသူ့ထက်ငါအရင်ရောက်ဖို့ရာ ပြေးသွားကြသည်....
"ဘုတ်....... "
"ဟ ဘယ်လိုဖြစ်လာကြတာလဲ ဖြည်း ဖြည်း လုပ်ပါဟ"
နည်းပြဆရာမ ဆူလိုက်သောကြောင့် နှစ်ယောက်လုံး လွယ်အိတ်တွေ ကိုယ်စီချကာ အများနည်းတူ
တန်းစီရပ်လိုက်သည်.... နည်းပြ ဘာတွေပြောသွား
မှန်းမသိ.... ဟောဟဲဆိုက်လာသောကြောင့် ကဲ စလေ့ကျင့်
မယ် တစ်လုံးပဲကြားလိုက်လေသည်....
" ရွှီး..... ရွှီး "
" ဘောလုံးကခြေထောက်နဲ့လုရတာ လက်နဲ့လုရတာမဟုတ်ဘူး နင်တို့နှစ်ယောက် ရောက်လာ ကတည်းက ရန်ဖြစ်နေကြတာ ဘာဖြစ်နေကြတာလဲ သွား ဟိုဘက်နားမှာ နှစ်ယောက်တည်း အပေးအယူသွားလုပ်နေ သွား "
ဘောလုံးကိုလုနေသော သျှားနဲ့သွန်း မျက်စောင်း
ကိုယ်စီထိုးရင်း ဘောလုံးကွင်းစပ်မှာ အပြစ်ပေးခံရလေသည်..........
"ဟဲ့...... ဂျပုမ "
"ဖေဖေ မေမေ ပေးထားတဲ့ နာမည်လှလှလေးရှိတဲ့ဟဲ့
မယ်စံသျှားတင်ရဲ့ "
"ဘာ! ! ! ဦးသန်းထွဋ်သမီး စောက်သွန်းသံသာသန်းထွဋ်
ဂျပုမ သေမလို့လား "
" ဟဲ့ လက်မပါနဲ့ မြန်မာစာကျောင်းသူမဟုတ်ဘူးလား
စကားနဲ့ပဲယှဉ်လေ "
" ဟို နှစ်ယောက် ဒီနေ့ ရန်ဖြစ်လို့ပြီးမှာလား ဆက်ဖြစ်
နေဦးမယ်ဆိုရင် ကျောင်းဆင်းတဲ့အထိ အဲ့လိုပုံပဲရှိနေရမယ်
ဆိုတာ မှတ်ထား "
နည်းပြ လှမ်းဟောက်သောကြောင့် ငြိမ်လိုက်ရ
ပေမယ့် တစ်စက်ကလေးမှ အမြင်မကြည့်ပေ........
တနေ့ညကတည်းက အသေသတ်ချင်နေမိတာဖြစ်သည်...
*********************************
ဘယ်လိုနေလဲတော့မသိဘူး.....
ရေးနေရင်း ကိုယ်တခွီခွီရယ်မိတယ် 😂😂😂😂
You are reading the story above: TeenFic.Net