မသိစိတ် ထဲမှာ

Background color
Font
Font size
Line height

            သျှား ဒီနေ့ အတန်းမတက်ပဲ အပြင်ကိုလျှောက်
သွားခဲ့သည် ။ စုလဲ့နဲ့ရတနာလဲ သျှားနဲ့အတူ ပါလာလေသည်... ရုပ်ရှင်ကြည့် မုန့်စားဖြင့် အချိန်ကိုကုန်
ဆုံးစေပြီး အပြန်တွင် ကိုရီးယားခေါက်ဆွဲထုတ်တွေဝယ်
မြန်မာဆေးဆိုင်တွင် ဝမ်းနှုတ်ဆေးတစ်ထုတ်ဝယ်ကာ
အဆောင်ကို ပြန်လာခဲ့သည်..... စုလဲ့နဲ့ရတနာလဲ
သျှားကို ခေါင်းတစ်ခါခါဖြင့် လက်မြှောက်ပြလေသည်.....
သျှား တစ်နေ့ကကိစ္စကိုအခဲမကြေပေ....
         သျှားပြုတ်ထားတဲ့ခေါက်ဆွဲပြုတ်တွေ ဗိုက်နာလာလို့
ခဏထားခဲ့တုန်း ဘယ်သူအလစ်သုတ်ပြီးစားသွားမှန်း
မသိပေ.... လက်သည်မပေါ်ပဲ ရှာမရဖြစ်နေသည်....
ထို့ကြောင့် ဒီနေ့ထပ်ဝယ်လာခြင်းဖြစ်သည်..... သျှား စိတ်
ထဲတစ်ယောက်ကိုတော့ မသင်္ကာဖြစ်မိလေသည်... ဒါပေမယ့် ဒီအတိုင်းသွားပြောလျှင် ဘူး ခံငြင်းနေမှာသိသည်.......

"တွေ့ကြသေးတာပေါ့..... ခေါက်ဆွဲပြုတ်သူခိုးရာ "

             သျှား အဆောင်ရောက်သည်နှင့်  အခန်းထဲဝင်ကာ
ဖုန်းတစ်လုံးဖြင့် အချိန်ကို စောင့်နေမိသည်.... ၉ နာရီကျော်
တွင် အခန်းထဲကထွက်ကာ ရေနွေးဓာတ်ဘူးထားတဲ့
စားပွဲဘေးနားသွားကာ ဘူးထဲရေနွေးထည့်ထားခဲ့ပြီး.......
အိမ်သာ သွားချင်ယောင်ဆောင်လိုက်သည်........

***********************************
" ဒုန်းးး ဒုန်းးးး အ ထွက်တော့မယ် မြန်မြန်ထွက်လာခဲ့"

            အိမ်သာရှေ့တွင် အဆောင်မှူးဆရာမသုံးယောက်
အိမ်သာကို အလုအယက် တဒုန်း ဒုန်း ထုကာ ဝင်မဆုံး
ဖြစ်နေကြလေသည်.....

"အ အမယ်လေး သေပါပြီ " (ဆရာမတွေ သနားပါတယ် 😆)

          ဆရာမတွေ သေလုမြောပါး အိမ်သာကို လုနေသည်
မှာ သျှားပယောဂ မကင်းဖြစ်နေသည့်အတွက် မနက်အစော
ကြီးထဲက အတန်းဘက်ကို  လစ်ထွက်လာခဲ့ခြင်းဖြစ်သည်..

**************************

" စံရှားတင် တဲ့ မော်ကွန်းထိန်းရုံးခန်းက ခေါ်ခိုင်းလိုက်တယ်"

           EC ရဲ့ အော်သံအဆုံး သျှား လန့်သွားမိသည်.....
ပြသာနာကို ရိပ်မိနေသည်....

"ဟဲ့ သျှား ဘာဖြစ်လို့လဲ နင်ဘာလုပ်ထားလို့လဲ "

         ရတနာနဲ့ စုလဲ့ အမေးကိုမဖြေနိုင်အား ရုံးခန်းကို
ထွက်လာခဲ့သည်.......

"ဟင်..... "

       ရုံးခန်းထဲတွင် ဂျပုမမိသွန်းကို တွေ့ခြင်းကြောင့်ဖြစ်
သည်။

"စံသျှားတင်... မနေ့ညက ခေါက်ဆွဲပြုတ်လား "

"အယ် ဟို ဟုတ် ဘူးထဲရေနွေးထည့်ပြီးတော့ စားပွဲခုံပေါ်
ဒီတိုင်း တင်ခဲ့ပြီး အိမ်သာတော့သွားလိုက်သေးပါတယ် "

"အဲ့ဒီထဲမှာ ဘာထည့်ထားလဲ မှန်မှန်ဖြေ "

"ဘာ ဘာမှမထည့်ထားပါဘူး ဘာဖြစ်လို့လဲ ဆရာမကြီး"
(ပေါ်တင်ကို လိမ်တာနော် 😆)

"မနက်က မင်းတို့ရဲ့အဆောင်မှူးဆရာမတွေ ဝမ်းလျှောတယ်
ဆရာမတွေကတိုင်တယ် သွန်းသံသာသန်းထွဋ် ခေါက်ဆွဲပြုတ်လာကျွေးတယ်တဲ့ စားမိတာဆိုလို့ ဒါပဲရှိတယ်
ပြောတယ်..... သွန်းသံသာသန်းထွဋ်က အဲ့ဒီခေါက်ဆွဲပြုတ်က မင်းဟာတဲ့ "

"ဟုတ်တော့ ဟုတ်ပါတယ် ဒါပေမယ့် မဟုတ်လဲ မဟုတ်ပါဘူး သျှားခေါက်ဆွဲပြုတ်ဆိုတာတော့ဟုတ်တယ်
ဒါပေမယ့် သူကဘာလို့သွားပေးတာလဲ ဆရာမတွေကို "

          ဒင်း လက်ချက်ဆိုတာ သိနေသည်..... ဒါပေမယ့်
ဆရာမတွေကို သွားကျွေးမယ်လို့ မထင်မိပေ...

" သွန်းက ဆရာမတွေကို စားစေချင်လို့ သွားကျွေးလိုက်တာ
ဘယ်သူ့ဘူးလဲ လိုက်မေးပါသေးတယ် အကုန်လုံးက သူတို့
ဟာမဟုတ်ဘူးဖြေလို့ပါ အဲ့ဒါနဲ့ ဆရာမတွေအစောက ဗိုက်ဆာ
တယ်ဆိုတဲ့ အသံကြားမိလို့ သွားကျွေးမိတာပါ "

"ဟဲ့ ငါ့ကိုမမေးဘူးလေ "

"နင်က ဘယ်ထဲကျနေလဲမှ မသိတာ " (ခလေးကို 😆)

"မိုက်ရိုင်းလိုက်တာ နင်... ထားပါတော့ အဲ့ဒါဆို ငါ့ခေါက်ဆွဲပြုတ်ပါလို့ နင်ဘယ်လိုသိလဲ "

" ဒီမနက်မှ စဉ်းစားကြည့်တော့ အကုန်လုံးရဲ့ဟာ မဟုတ်ဘူး
လေ အဲ့ဒါကြောင့် နင့်ဟာဖြစ်မယ်ထင်တယ်လို့ပဲ ဆရာမကြီး. ကိုပြောမိတာ "

"တော်ပြီ  ဒီကိစ္စရှိစေတော့ ဒါနောက်ဆုံးဖြစ်ပါစေ သွား
သွားတော့ "

          ရုံးခန်းထဲကထွက်လာသည်နှင့် ပုတုတုဖြင့်.....
လျှာထုတ်ပြောင်ကာ ပြေးထွက်သွားသော ဂျပုမအား
ဒေါသထွက်သည်.... ဒင်းကို ဖြစ်စေချင်တာ ဒင်းကြောင့်
ဆရာမတွေဖြစ်သွားရတာဖြစ်သည်....

********************************
        ဘောလုံးလေ့ကျင့်ကွင်းတွင် ညနေခြောက်နာရီကျော်
ထိ ပြစ်ဒဏ်ပေးခံနေရသော ကျောင်းသူနှစ်ယောက်ကို
စိတ်ပျက်လက်ပျက်ဖြင့် နည်းပြလှမ်းခေါ်လိုက်သည်.....

" ဟိုနှစ်ယောက် လာတော့ "

"မနက်ဖြန်ပွဲက အရေးကြီးမှန်းသိကြရဲ့လားဟင် နင်တို့
ဒီလိုရှေ့ဆက် ရန်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ မနက်ဖြန်
နိုင်တဲ့အသင်းထဲကမှ လက်ရွေးစင်အသင်းထဲ ပါခွင့်ရမှာနော်
သိတယ်မဟုတ်လား "

"ဟုတ်.... "

"အေး အဲ့ဒါဆိုရင် ရန်မဖြစ်ကြနဲ့တော့ ရင့်ကျက်ကြစမ်း
ပြီးတော့ လက်ရွေးစင်ဖြစ်သွားရင် နည်းပြကအသစ်ဖြစ်
သွားပြီ နင်တို့ ဒီလိုရန်ဖြစ်နေပုံနဲ့ ဘယ်လိုလုပ်မလဲ...
ကဲ ကဲ နားကြတော့ ဒီညစောစောအိပ်ကြ မနက်ဖြန်ရလဒ်
ကောင်းလိုချင်တယ် ကြားလား "

"ဟုတ်.... "

         တဟုတ်ဟုတ်ဖြင့် ထွက်သွားကြသော ကျောင်းသူ
နှစ်ယောက်လုံး တော်ကြပါသည်... သို့သော် သူတို့နှစ်ယောက်မတည့်သည့်အမှုကတော်တော်လေးကြီး
သည်... ပထမပွဲမှာလဲ ဘောလုံးလုရင်း ရန်ဖြစ်ကြလေသည်... ကိုယ့်အသင်းသားအချင်းချင်း
ရန်ဖြစ်ကြသောကြောင့် ဒိုင်က အဝါကဒ်ပြလိုက်လေသည်..

*********************************
       ဒီနေ့ပွဲ အရေးကြီးသောကြောင့်ထင် လာကြည့်သည့်
ပရိတ်သတ်လဲ များလေသည်.....

"ဟဲ့ ဂျပုမ ဒီနေ့ ရန်မဖြစ်ချင်ဘူးနော် ငါ လက်ရွေးစင်ထဲပါ
မှဖြစ်မယ် "

"အမယ်လေးဟဲ့ ဖြစ်ရလေခြင်း ငါကပိုတောင်
ပါချင်သေးတယ်.... "

"ပါချင် အိမ်သာသွားလေ "

"မသာမ တွေ့လား စလာပြန်ပြီ "

"ဟဲ့ မဆဲနဲ့ ယဉ်ကျေးစမ်းပါ "

          " ရွှီး " 

           ဘောလုံးပွဲစတင်သည်နှင့် အကြိတ်အနယ်ဖြစ်
သည်......မိုက်ဖြင့်အော်နေကြသော် ကျောင်းသားကြီး
တွေရဲ့အသံသည် တကွင်းလုံးတဆာဆာဖြစ်နေသည်...

" သွန်းသံသာသန်းထွဋ် ဘောလုံးကိုဆွဲနေပါတယ်
လိမ့်တယ် လိမ့်တယ် ခင်ခင်အေးကိုပေးလိုက်ပါတယ်
ဆွဲတယ် ဆွဲတယ် ဟော.... တစ်ဖက် chemistry
အသင်းသားထဲရောက်သွားပါပြီ ဆွဲလာတယ် ကန်တယ်
ကန်ပြီ ဟာာာာာ တိုင်ကန်ထွက်လာပါတယ်.....
အမေစံသျှားတင်ဆီရောက်သွားပါပြီ "

          ကျောင်းသားကြီးတွေ အော်သံကြောင့် ဝေါခနဲ
ရယ်သံတွေဆူညံသွားလေသည်.....

"အခုဆို နှစ်ဖက်လုံးက ထိုးစစ်ကောင်းကောင်းဆင်နေကြ
ပါပြီ ဟုတ်ပြီ ဟုတ်ပြီ အမေစံသျှားတင်ကွ ဘောလုံးကခြေ
ထဲမှာမြဲနေတုန်းပါ ဟော ဂိုးနားနီးလာပြီ နီးလာပြီ
ညာတောင်ပံကနေ ကန်တင်ပေးလိုက်ပါပြီ......
လူပုသော်လည်း နာမည်ရှည်သည့် သွန်းသံသာသန်းထွဋ်
ခြေနဲ့လှမ်းဖမ်းပြီး ကန်လိုက်ပါပြီ ကန်ပြီ ဂိုးးးး"

"ဝေးးးးးး " 

        ပရိတ်သတ်အော်သံတွေဖြင့် ဆူညံသွားလေသည်...
သျှားလဲ မေ့ပြီး သွန်းကို ပြေးဖက်မိသည်...
ယောင်အမ်းအမ်းဖြင့် သွန်းလဲပြန်ဖက်ကာ ဂိုးသွင်းနိုင်
သွား၍ ပျော်မိလေသည်.......(အမယ် အမယ် 😆😆)

          ဘောလုံးပွဲ ပြီးသည်အထိ ၁-၀ ဖြင့် ထိန်းထား
နိုင်သည့် သျှားတို့  လက်ရွေးစင်အသင်း Training
ထဲပါခွင့် ရသွားပြီဖြစ်လေသည်....

*********************************
         ဘောလုံးပွဲ ပြီးကတည်းက လွတ်လပ်ရေး ရနေသည်... သွန်း ကန်တင်းဘက်ကို ချောစုနှင့်အတူ
လိုက်လာဖြစ်သည်....

"ဟင်.....ဟဲ့ ချော ဟိုမှာကြည့်စမ်း ဟိုဖိနပ်က ငါဟိုတစ်ခါ
ကန်တင်းမှာ ပျောက်သွားတဲ့ဖိနပ်နဲ့မတူဘူးလား "

"ဟေ အေး နင့်ဟာလေ သွန်းရဲ့ ခွေးကိုက်ထားတာထင်တယ်
စုတ်ပြတ်သတ်နေပြီ"

"အေးဟ တကယ်ခွေးချီသွားတာကို ငါက ဟိုဟာမ စံသျှားတင် လုပ်တယ်ထင်နေတာ "

"စံသျှားတင်က အဲ့လောက်လဲမဆိုးပါဘူးဟယ် သူကချော
တယ်နော်  ငါသာယောက်ျားလေးဆို သူ့ကိုကြိုက်မိမှာ
ငါကြွေတာ တစ်ဖက်ထဲပါတဲ့ ပါးချိုင့်ကို ရယ်လိုက်ရင်
ရမ်းချစ်ဖို့ကောင်းတယ် "

"အမယ်လေးဟယ် နင်ကသူ့ရှေ့နေလား အဲ့လောက်လဲ
မဟုတ်ပါဘူး အရပ်ကလဲ ကလန်ကလားနဲ့ နာမည်ကြီးက
စံသျှားတင်တဲ့  စောက်ကျင့်ကလဲပုတ်သေး "

             သူများအတင်းတုတ်ရင်း ကန်တင်းထဲအဝင်
ဒင်းကိုအရင်တွေ့လိုက်လေသည်......

"ပြောရင်းဆိုရင်းပဲ သွန်းရေ နင့်အချစ်တော်ကြီး ဟိုမှာ "

"သေမယ်နော် ဘာအချစ်တော်လဲ အမုန်းတော် အမုန်းတော်
ကြည့်လို့ကိုမရဘူး "

            သွန်း ဒီနေ့မှ သေချာကြည့်မိသည်.... ချောတာတော့ အတော်ချောသည့် စံသျှားတင်ဖြစ်သည်....
သို့သော် ဘယ်ဘဝကရေစက်ကြောင့် သူ့ကိုကြည့်မရ
ဖြစ်နေမိသည်မသိပေ.... စတွေ့ကတည်းက တစ်စက်
လေးမှ ကြည့်မရ..... သူ့ကိုကြည့်ရသည်မှာ ရှုပ်မည့်ပုံပင်
တစ်လောကပင် သူ့ကောင်လေးထားခဲ့တာ သွန်း မျက်မြင်
ကိုယ်တွေ့ဖြစ်သည်.... အဲ့ဒီတုန်းကတော့ ဟိုအကောင်ကို
ပါးမရိုက်လိုက်သောကြောင့် သွန်းမကျေနပ်မိပေမယ့်
ဒင်းက ကိုယ့်အပေါ်ကောင်းမှမကောင်းပဲ ကိုယ်လဲ
ကောင်းစရာမလိုဟုတွေးကာ သူငယ်ချင်းတွေကိုပြောပြပြီး
သူတို့ပုံစံလုပ်ခိုင်းခြင်းဖြစ်သည်... ဒါပေမယ့် စိတ်ထဲတွင်
တော့ အဲ့လောက်ထိ နာမည်ပျက်သွားပါစေဆိုသည့်
စိတ်မရှိပေ.... စိတ်မကောင်းဖြစ်မိခဲ့ပေမယ့် တစ်ခဏမှ
တစ်ခဏပင်....

**********************************
        ဒီနေ့ လက်ရွေးစင်အသင်းသားတွေ တစ်လ ကန့်
ဝင်ကာ လေ့ကျင့်ရမည် ဖြစ်သောကြောင့် အဆောင်သီးသန့်
နေရမည်ဖြစ်သည်.....ထို့ကြောင့် အထုပ်အပိုး ကိုယ်စီဖြင့်
နည်းပြစုခိုင်းထားသည်နေရာတွင် စုဝေးကာရောက်ရှိ
နေကြလေသည်....နည်းပြဝင်အလာတွင် ပြုံးဖီးပြီး
သျှားငမ်းမိသည်....... ကျူတာဆရာအသစ်လေးလို့
ကြားပေမယ့် တော်တော်လေးချောသည် ခန့်သည် အသံသြဇာရှိသည်..... တည်ကြည်သည်.....

"ဘုတ်..... "

"အင့်... ဟဲ့ လူမမြင်ဘူးလား ဂျပုမ "

          နည်းပြကို ငမ်းနေသော သျှားကို အမြင်ကပ်သော
ကြောင့် အထုပ်ဖြင့် ဝင်တိုက်လိုက်လေသည်....

" အထုပ်မှာ မျက်စိမှ မပါတာ ပါတဲ့နင်ကရှောင်ပေါ့ မယ်စံ
အရှည်မရဲ့ "

"ဟိတ် ဟိုနှစ်ယောက် ရန်မဖြစ်ကြနဲ့ "

            နည်းပြအဆူခံလိုက်ရသောကြောင့် သျှား
တင်းသွားလေသည်... ဒင်းကြောင့် ဆရာ မျက်စိစပါးမွှေး
စူးတော့မှာ ကျိန်းသေနေသောကြောင့် ဖြစ်သည်....

" ကဲ အခု ဆရာ အခန်းခွဲပေးမယ် ဆရာက နည်းပြပဲလုပ်ပေး
မှာ မင်းတို့နဲ့အတူ အဆောင်မှူးဆရာမထားပေးမယ် "

             နည်းပြဘာတွေပြောနေမှန်းမသိ ဂျပုမ ခြေထောက်
ကို မသိမသာ တပ်နင်းလိုက်လေသည်...

"အ မမြင်ဘူးလား ခြေထောက်တစ်ခုလုံးတောင်"

"ဖိနပ်မှာ မျက်စိမပါဘူးလေ ပါတဲ့နင်ကရှောင်ပေါ့ "

"တောက် ဒါနင်သက်သက်လုပ်တာ "

"နင်ကျတော့ရော "

"ဟိုနှစ်ယောက် ဟုတ်ပြီ ငါ့ကို စမ်းတာဟုတ်လား 
ရန်အဲ့လောက်ဖြစ်ချင်နေကြတာ အဆောင်ဘေးမှာ သီးသန့်
အခန်းတစ်ခုရှိတယ် အဲ့ဒီမှာ နင်တို့နှစ်ယောက်နေရမယ်
ဒါပဲ "

"ဟာ ဆရာ မလုပ်ပါနဲ့ သူနဲ့နှစ်ယောက်တည်း မနေချင်ဘူး "

"အမယ် ငါကရော နင်နဲ့နေချင်တယ်များထင်နေလား "

"တော်ကြတော့ ကဲ အခန်းခွဲပေးပြီးပြီဆိုတော့ ဒီနေ့ နားလိုက်
မနက်ဖြန် မနက်၆နာရီ ဘောလုံးကွင်းကိုအရောက်လာခဲ့ကြ"

"ဆရာ...... ဆရာ "

             ဆရာ စိတ်ဆိုးပြီး ထွက်သွားပြီဖြစ်သည်.........
ဟူးးးးးး ဒင်းနှင့် နှစ်ယောက်တည်းဘယ်လို ခရီးဆက်
ရပါ့မလဲ...... ။

* * * * * * * * * * * * * * * * * * * * * * *

ဘယ်လိုတွေ ခရီးဆက်မလဲ ပေါ့နော် 😁😁😁😁
Uni မှာ ကန့် ထားပြီး လေ့ကျင့်တာတွေ ဘာတွေ မရှိမှန်း
သိပါတယ် ဟိ ဒါပေမယ့် ထည့်ချင်လို့ အဟဲ 😁😁😁😁

You are reading the story above: TeenFic.Net

#pyae