ကျွန်မနာမည်ကတော့ သျှားပါ..... မိဘတွေပေးထားတာတော့ စံသျှားတင် တဲ့ အဘယ်မျှ မုန်းဖို့ကောင်းပါဘိ ။ သျှား ကြိုက်တာဆိုလို့ သျှားဆိုတဲ့
တစ်လုံးမှ တစ်လုံးထဲရယ်.... အဲ့ဒါကြောင့်ပဲ
ပထမနှစ်စတက်ကတည်း သူငယ်ချင်းတွေက သျှားဟု
တစ်လုံးထဲသာသိထားကြသည် ။ ကျောင်းသားကဒ် က
နာမည်ကအစ သျှား ကိုယ့်နည်းနဲ့ကိုယ် ဖျက်ထားခြင်းဖြစ်သည် ။
အယ် ပြောချင်တာက ဒီနေ့......... ဒီနေ့က
သျှား ငယ်ငယ်လေးထဲကပေါင်းလာတဲ့ ငယ်သူငယ်ချင်း
လေးယောက်ရှိတယ် ။ သျှားတို့ stage ကျောင်းဆယ်တန်း
ထိအတူတူတက်ခဲ့ကြတယ်..... Uni ရောက်တော့
ကျောင်းချင်းမတူကြဘူးလေ.... အဲ့ဒါကြောင့် တစ်လတစ်ခါ
သျှားတို့ဆုံနေကြ မုန့်ဆိုင်လေးမှာ တစ်လစာ အဖြစ်အပျက်လေးတွေ မေးကြ ပြောကြတဲ့အချိန်လေးပေါ့....
သျှားမှာ ပြောစရာတွေတော့ သိပ်မရှိပါဘူး အဲ့တော့
သျှားအကြောင်းလေးပြောပြီးပြီဆိုတော့ သူငယ်ချင်းတွေနဲ့
စကားပြောလိုက်ဦးမယ်နော်........
" ဟဲ့ သျှား အမယ်လေး ခေါ်လိုက်ရတာ ကဲ ဆိုစမ်းပါဦး
ရှင့် အလှည့် "
" အဟဲ ငါ့မှာ ဘာမှပြောစရာ မရှိဘူးဟ အခု မင်းခန့် ဆိုတဲ့
ချာတိတ်လေးနဲ့တွဲနေတယ်ကွာ အယ် နည်းနည်းတော့ဆက်
ပြောမယ် သူ့က ငါ့ကိုသိပ်ချစ်တာဟ မမ မမ ဆိုတာချည်းပဲ
အမယ်လေး ဘယ်လောက်ထိလဲဆို ငါဆိုးချင်တဲ့အချိန်
ဆိုးလို့ရအောင် မိတ်ကပ်ပြင်ချင်တဲ့အချိန်ပြင်လို့ရအောင်
သူ့လွယ်အိတ်ထဲမှာ နှုတ်ခမ်းနီ မှန် ဘီး Two way က အစပါတာနော် ငါ့အတွက်တဲ့ ကဲ ဘယ်လောက်အလိုက်သိ
လဲ ငါ့မှာတော့ Two way မပြောနဲ့ နှုတ်ခမ်းနီလေးတောင်
မပါဘူး အဲ့လောက် ဂရုစိုက်တယ် အရမ်းလဲ ချစ်ဖို့ကောင်း
တယ်ရော အရမ်းလဲသန့်တယ် ခြေသည်းလက်သည်းတွေဆို
ငါ့ထက်တောင် ဖြူပြီးသန့်နေရော ကောင်မလေးတွေကိုဆို
ယောင်လို့တောင် မျက်စမပစ်ဘူး သဘောပေါက် ငါမှ ငါပဲ"
သျှား ပြောသမျှ သူငယ်ချင်းတွေ အားကျနေသောမျက်စိ
ဖြင့်ကြည့်ကာ နားထောင်နေသည်ကို သဘောကျလေသည် ..
" သျှား ကြည့်လဲလုပ်ဦးနော် နင့်ဟာကလဲ Gay များလား
ဟယ် "
" ဖွ လွဲပါစေ ဖယ်ပါစေ ဒေါ်သီရိ မဟုတ်မဟက် ငါ့ကို ဒီလောက်ချစ်ပြီး ဂရုစိုက်တဲ့ဟာ Gay ဖြစ်မလားဟဲ့
မနာလိုမဖြစ်စမ်းပါနဲ့ဟယ် ငါ့ကုသိုလ်ကံနဲ့ငါပဲ ဒီချာတိတ်
လေးကို ငါအတည်တွဲတော့မှာ "
" ဟုတ်မှလဲ လုပ်ပါ မိသျှားရယ် ဟို ပထမတစ်ယောက်လေ
ဘာတဲ့ ကျော်ဇင် ဆိုလား အဲ့တစ်ယောက်တုန်းကလဲ အဲ့လိုပဲ
နင့်ကိုချစ်လှပါချည် ကြိုက်လှပါချည်ရဲ့ဆို ဖိနပ်လေးကအစ
စီးပေးတာပါဆို ဟော နောက်လကြတော့ မိန်းမယူသွားလို့ နင်မျက်ရည်နဲ့မျက်ခွက်လေ အင်းးး ပြီးတော့ ရှိပါသေး
တယ် လင်းမောင်တဲ့ နင့်ကို ညတိုင်း ဖုန်းထဲကနေ သီချင်း
ဆိုပြ ပုံပြင်ပြောပြသိပ်ပါတယ်ဆို အရမ်းကိုချစ်တတ်တာပါဆို
နောက်ကြတော့လဲ နင့်ကိုထားခဲ့တာပဲ.. ဟော ကျန်ပါသေးတယ် အောင်နိုင် မဟုတ်လား ညသန်းခေါင်
ကျော်တောင် နင့်ဆီ အပြေးလာတွေ့တာနဲ့ ဘာစားချင်တယ်ဆိုချက်ချင်း ဟိုဟာဆိုလဲ ချက်ချင်း
နိုင်ငံခြားထွက်သွားပြီး အဆက်အသွယ်ဖြတ် ဟိုမှာ နောက်တစ်ယောက်တွဲနေတယ် သတင်းရတယ်မဟုတ်လား"
သီရိပြောသမျှ အမှန်တွေပဲမို့ သျှား အဲ့တော့ ဘာဖြစ်လဲ
မေးဆတ်ပြလိုက်သည်.....
" အခုလဲ လာပြန်ပြီ အတည်ဟုတ်လား သူကသိပ်ချစ်တယ်
ပေါ့ "
"အမယ် ဒီတစ်ယောက်ကတော့ တကယ် ငါသိတယ်
ငါ့ကို အရမ်းချစ်တယ် ကြည့်ထား ငွေရတု ရွှေရတုတွေပါ လုပ်ဖြစ်ဦးမှာ "
သျှား အပြောကြီးပြီး သူငယ်ချင်းတွေကို မောင့်အကြောင်းကြွားကာ ကော့ပဲ့ ကော့ပဲ့ဖြင့် ကျောင်းက
အဆောင်ကို ပြန်လာခဲ့လေသည်.....
ဟုတ်သား သျှားရဲ့ကျောင်းနဲ့ အဆောင်နေဖြစ်ပုံပြောရ
ဦးမှာပဲ အဟဲ တစ်ခုတော့သတိရ သျှားက သောကြာသမီး
လေးမို့ စကားကြောတော့ ရှည်တယ်...... သျှား အခု
ဒုတိယနှစ်မြန်မာစာမေဂျာကို ဒဂုံကျောင်းမှာ တက်ရောက်
နေတယ်လေ.....သျှားကတော့ပွင့်လင်းတယ် ကျောင်းစာ
ကလွဲရင် ကျန်တာအကုန် စိတ်ဝင်စားတယ် ဟိ ဟိ....
အယ် အဆောင်နေဖြစ်တာကတော့ သျှားက ရန်ကုန်ကပဲ
ဖေကြီးနဲ့မေကြီးတို့က တောင်ကြီးက ဘွားဘွား နေမကောင်း
လို့ တစ်လလောက်သွားနေပေးရင်းနဲ့ အလုပ်အကိုင်အဆင်
ပြေလို့ဆိုပြီး အဲ့မှာ နေ နေလေရဲ့ ချစ်လှစွာသော သမီးလေး
သျှားကို အဆောင်မှာထားခဲ့လေရဲ့ သျှားကိုခေါ်တာ မလိုက်နိုင်ပေါင် ဟုတ်တယ် သျှား သူငယ်ချင်းတွေနဲ့ မခွဲနိုင်ဘူးလေ.........
********************************
တစ်လခန့်ကြာသော် 😆😆😆😆
" သျှား ရယ် ငိုမနေပါနဲ့တော့ဟာ ဟဲ့ ဪ နှပ်တွေလဲ ထွက်ကုန်ပြီ လူတွေကြည့်နေတာ မရှက်ဘူးလားဟဲ့ ဘာဖြစ်လာတာလဲ"
သျှား ဝမ်းနည်းလွန်းသည်...... ဝမ်းမနည်းရိုးနေနိုင်လား ဆက်ပြီးဖတ်ပေးကြည့်ပါဗျာ
( စောင်အရစ်ရှည် မိသျှား 😁)
"ငါမလှလို့လားဟယ် ငါMyanmar fresher welcome တုန်းက queen ရခဲ့တဲ့ သူပါ...နင်တို့ပဲ စဉ်းစားကြည့် ဒင်းလုပ်ပုံ ငါနဲ့အပြင်သွားရင် ငါကမိန်းခလေးလား သူကမိန်းခလေးလား ခွဲမရဘူး ဝတ်လိုက်ရင်လဲ အင်္ကျီကိုယ်ကျပ်အရောင်တွေကလဲအနု နှုတ်ခမ်းနီ ပါးပါးလေးကလဲဆိုးထားသေး ပထမတော့ ငါလဲ နဂိုနှုတ်ခမ်းရောင်လေး စိုနေတယ်
ထင်လို့ (😂😂 $ကျိုးနည်း) နောက်တော့ ကိုယ်တော်ချော
က မိတ်ကပ်တောင်လိမ်းလာသေးတယ်ထင်တယ်
ငါမေးတော့ အသစ်သုံးတဲ့ cream တစ်မျိုးက အဲ့လိုဖြစ်
နေတယ်တဲ့လေ...... အိမ်နေရင်းလာတွေ့တာတဲ့ သနပ်ခါးတွေကိုဖုံလို့ တစ်နေ့က ငါပျင်းပျင်းနဲ့ မြေနီကုန်း
ဘက်ကိုလာရင်း ဒင်းကိုကွာ ကောင်လေးတစ်ယောက်နဲ့
သာယာနေတာကို ငါမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တယ်
ငါ ငါ့ မျက်လုံးတွေတောင်မယုံနိုင်လို့ ဒင်းကိုဖုန်းခေါ်တော့
မြေနီကုန်းမှာ သူငယ်ချင်းနဲ့မုန့်စားနေတယ်တဲ့ အမယ်လေး
မပြောချင်ဘူး ပေါ်တင်ကိုလိမ်တာနော် မုန့်ခွံ့ကျွေးလိုက်
မေးလေးကိုင်လိုက် အကြည်စိုက်နေတာ သူငယ်ချင်းတဲ့လား
( 😂😂အဟိ သူငယ် သူငယ် သျှားအစားလာပြောပြတာ)
စောက်ကောင်စုတ် သူ သူငယ်ထားချင်တိုင်း ငါ့ကို cover
လုပ်တာတဲ့ ဒင်းသတ္တိမသေးဘူး ငါလေ ဝမ်းနည်းလွန်းလို့ပါ
အဟင့် ဗြဲ ဗြဲ "
" သျှားရယ် ဖြစ်ရလေ မငိုပါနဲ့တော့ တိတ် တိတ်
ဟိုမှာ နောက်ထပ်မှာထားတာ လာပြီ စားလိုက်ဦး မငိုနဲ့တော့"
အသည်းကွဲနေလို့သာပါပဲ သူ့လက်ချည်းပဲ စားလိုက်
ပြောလိုက် ငိုလိုက်ဖြင့်......
" ဟဲ့ သျှား နင်ဒီလောက်ထိ ယောက်ျားလေးတွေနဲ့ အဆင်မပြေတာ မိန်းခလေးပြောင်းကြိုက်ကြည့်ပါလား "
"ဟဲ့ မဟုတ်ကဟုတ်က ငါက လုံး၀ straight တစ်ယောက် သျှားတဲ့ တစ်လုံးထဲရှိတယ် ဒါမျိုးတော့ရမလား
နောက်တစ်ယောက်ရှာမယ် "
" သုံးလုံးများ စံသျှားတင်လေ "
"ဟဲ့ ကမ မုန်းဖို့ကောင်းလိုက်တာ ဘယ်လိုကြီးခေါ်လိုက်တာ
လဲ သျှား ဆိုသျှားလိုက်ပေါ့ တော်ပြီ ငါပြန်မယ် "
"ဟဲ့ ဒါနဲ့ နင် ရှသွားတာပေါ့နော် မိသျှား"
"တော်စမ်း ငါ့ဒေါသတွေ နင့်တို့ဆီရောက်သွားမယ်နော်
ငါအကြီးကြီးတင်းနေတယ် "
သျှား ရှ ပြီးနောက်ပိုင်း (အယ်မှားလို့ ဟိ 😁)
သူ့ချာတိတ်လေး ကောင်လေးတစ်ယောက်နောက်ပါ
သွားပြီးကတည်းက ခြေနည်းနည်းငြိမ်နေသည်.... အသည်း
ကွဲ၍မဆုံးနိုင်သေးပါ...... (ကျွတ် ကျွတ် 😆)
သျှား ဒီနေ့ ဘယ်မှ မသွားပဲ အဆောင်ထဲမှာ သူငယ်ချင်းတွေနဲ့ အယ် သူငယ်ချင်းဆိုလို့ Uni မှာ
သူငယ်ချင်းနှစ်ယောက်ရှိတယ်လေ များများစားစားသိပ်
မပေါင်းဖြစ်ဘူး အဆောင်ကတစ်ခန်း သုံးယောက်ဆိုတော့
သျှားတို့သုံးယောက် အဆင်ပြေသည်.....
ကပ်စီးနည်းအဆောင် ဧည့်ခန်းမှာ TV လေး
တစ်လုံးပဲရှိသည်.... ထို TV ကိုပဲ လုယက်ပြီး ကြည့်နေရတာပါပဲ....... အခုလဲ ဟိုနှစ်ယောက်ကြည့်
ချင်တယ်ဆိုလို့သာ MRTV-4 ကနေလာတဲ့
အမုန်းမှသည် ဇာတ်လမ်းတွဲကို ထိုင်ကြည့်ဖစ်ခြင်းဖြစ်သည်..
" မောင်...... နင် နင်က တကယ်ပဲ Gay လား တောက်
နင်မို့ ငါ့ကိုလုပ်ရက်တယ် နင်အကြီးကြီးနောင်တရပါစေ"
"ဒီမှာ ငါချစ်တာ ကိုကိုတစ်ယောက်တည်း နင့်ကိုက cover တာ သိပြီလား "
သျှား နားထဲမှာ ကယောင်ကတမ်း
ဟိုလဒကောင်နဲ့ပြောခဲ့တာတွေ ပြန်ကြားနေသလား
ထင်မိလေသည်...... သို့ပေမယ့် မဟုတ်..... သျှား မသင်္ကာလို့ အနောက်လှည့်ကြည့်တော့မှ......
"ဟင် "
ကောင်မလေးသုံးယောက် နှစ်ယောက်ကလက်ကိုချိတ်
လို့ တစ်ယောက်က လက်ညိုးငေါ့ငေါ့ထိုးပြီး ပြောနေကြခြင်း
ဖြစ်လေသည်.....
"တောက်! ! ! ! "
"ဟဲ့ ကမတွေ ပြောချင်ရင်လဲ ဒဲ့ပြော နင့်တို့အပူပါလား
ဒါ ငါ့ကိုသက်သက်ရန်စတာ ဘယ်သူ့ လက်ချက်လဲ သေဖို့သာပြင်"
"အမယ်လေး ကြောက်ရမှာတဲ့လား ဒေါ်သျှားရယ်
ငါ့ လက်ချက် ဘာဖြစ်လဲ ဟိုနေ့က နင်ငါ့ခေါက်ဆွဲပြုတ်ထဲ
ဆားတွေတစ်ပုံတစ်ပင် လာထည့်သွားတာကို မကျေနပ်
လို့ဘာဖြစ်လဲ အဟက် ဟက် အစစ်မလေးတစ်ယောက်တော့
နေဝင်သွားရှာပြီ "
"တောက်! ! ! သွန်းသံသာသန်းထွဋ် နင် နင် "
" ဟဲ့ ဘာဖြစ်နေကြပြန်ပြီလဲ နင်တို့ ကိုယ့်အခန်းကိုသွား
TV ပိတ် အား အားရှိ ရန်ဖြစ်လို့ မဝဘူးလား
သျှားနဲ့ သွန်းသံသာသန်းထွဋ် အမယ်လေ ငါလေဖြတ်မယ်
နင်တို့နှစ်ယောက် မော်ကွန်းထိန်းရုံးခန်းမသွားချင်ဘူးဆို ဒီမှာတင်ရပ် သွား သွားကြ အခန်းထဲဝင် "
အဆောင်မှူး ဆရာမ လာဆူလို့ ကိုယ့်အခန်းကို
ပြန်ကာ ရန်ပွဲပြီးခဲ့ခြင်းဖြစ်ပေမယ့် သျှားစိတ်ထဲမှာ တေး
ထားလိုက်လေသည်......
"နေနှင့်ဦးပေါ့ သွန်းသံသာသန်းထွဋ်ရာ စောက်ဂျပုမ လူပုသလောက် နာမည်ကိုက ရှည်တယ် တောက်! ! ! "
သွန်းသံသာသန်းထွဋ် ဘယ်ဘဝကရေစက်လဲ
မသိပါပေ.... First year ထဲက သျှားနဲ့လုံးဝမတည့်ပေ
ကြည့်လို့လဲ တစ်စက်ကလေးမှမရချေ ။ ပထမဆုံး ကျောင်း
စတက်သည့်နေ့က သျှားတို့ မြန်မာစာဌာနမှာ စာအုပ်တွေ
တန်းစီထုတ်ရတယ်လေ..... ဒင်းက နောက်မှလဲရောက်သေး
သျှားရဲ့ အရှေ့က တစ်ယောက်မြောက်ရှေ့ကိုဝင်တာတဲ့
ဘယ်ရမလဲ သျှားတဲ့ တစ်လုံးထဲ..... (၃လုံးပါကွာ 😆😆)
" ဟဲ့ ဟဲ့ ကြားဖြတ်မဝင်နဲ့လေ လူလိုနားမလည်ဘူးလား
အနောက်ကနေတန်းစီ ငါ တိုင်ပြောမှာနော် အဝင်ခံတဲ့သူရော
ဝင်တဲ့သူရောကို"
" ဘာဖြစ်လဲ ငါ့ဘာသာ ငါ့သူငယ်ချင်းအရှေ့ဝင်တာ "
"ဆရာမရေ ဒီမှာ ကြားဖြတ်ဝင်နေတယ်ဗျို့"
"ဟဲ့ ကြားဖြတ်မဝင်ကြနဲ့လေ သွား သွား အနောက်ကနေတန်းစီ စည်းကမ်းရှိကြစမ်း "
စူပုတ်ပုတ်ဖြင့် ထွက်သွားသောကောင်မလေးကို
သျှား လျှာထုတ်ပြောင်လိုက်လေသည်.....
စာအုပ်ထုတ်ပြီး ပြန်အထွက်တွင် အစောကပုတုတုနှင့်
ဖြူစုတ်စုတ်ကောင်မလေးကိုထပ်တွေ့လိုက်သည်.....
" ဟဲ့......ဟဲ့ ဟဲ့ ဪ ချော်လဲတော့မှာပဲ ရရဲ့လား"
သျှားမှောက်လျားထိုးလဲတော့မလိုဖြစ်သွားသည်..
တော်ပါသေး ကောင်မလေးတစ်ယောက်အဆွဲမြန်လို့ပေါ့
အနောက်ကနေ ဖိနပ်ကိုတပ်နင်းခံလိုက်ရ၍ဖြစ်သည်.....
သျှား သိလိုက်သည်......ဟို စောက်ဂျပုမ လက်ချက်ဆိုတာ
ကိုသိနေပေမယ့် လက်ပူးလက်ကြပ်မမိလိုက်ပေ...
ထိုကတည်းက မတည့်သည့် ရန်စက နှစ်ဆုံးထိ
မော်ကွန်းထိန်းဆီရောက်ပေါင်းလဲမနည်းလှပေ.... လက်မှတ်
ဆိုတာလဲ ပလူပြန်အောင်ထိုးရသည်.... ဒင်းနဲ့သတ်သည့်
ကိစ္စသာဖြစ်သည်.....
ဒုတိယနှစ်စတက်တော့ သျှားအဆောင်မှာ ပြောင်း
နေရသည်လေ..... ဒင်းနဲ့ရေစက်ကိုမကုန်နိုင်ပါ....
အဆောင်ချင်းတူသည့်အပြင် အခန်းချင်းတောင်ကပ်ရပ််လာကျသေးသည်......... မနက်ဆို အနှီဂျပုနဲ့ အိမ်သာလုရသည်မှာ မနက်ခင်းတိုင်း
လိုဖြစ်သည်...... ထမင်းစားတော့လဲ ဒင်းမျက်နှာတွေ့နေ
ရလေသည်...... တစ်မျိုးမဟုတ်တစ်မျိုး ဤဂျပုကို
အနိုင်ရဖို့အတွေးက နေ့ညမပြတ် တွေးနေရလေသည်......
*****************************
😁😁😁 ဟာသဇာတ်အမြူးလေးပေါ့
ဘယ်လိုလဲ အကြံပေးကြပါဦး 😀😀😀
You are reading the story above: TeenFic.Net