စိတ်ပျက်လက်ပျက်ဖြင့် သျှား အထုပ်တွေကို မနိုင်
မနင်း မ ကာ အခန်းထဲ ဝင်လာလိုက်သည်.... မယ်တော်
ဂျပုမ က အခန်းထဲမှာ သူ့ပစ္စည်းတွေ နေရာတကျထားနေတာ တွေ့လိုက်သည်.။ အခန်းက တကယ်ကို သီးသန့်ခန်းဖြစ်သည် ။ရေချိုးခန်းနဲ့ အိမ်သာကတော့ အပြင်မှာ သီးသန့်ဖြစ်သည် ။ဆရာ ဆရာမတွေ အခန်းလို့ကြားမိသည်... အခန်းမလောက်
သောကြောင့်ဖြစ်မည်ထင်သည်.... အခန်းလေးက အဆင်ပြေပါတယ် ခုတင်လဲ နှစ်လုံးပါတယ်.... အဆင်မပြေတာတစ်ခုပဲ ဂျပုမနှင့် အတူနေရသည့်တစ်ခုထဲပင်ဖြစ်သည်.....
"ဟဲ့ စံသျှားတင် တစ်လထဲဆိုပေမယ့် အခန်းကို သန့်သန့်
ရှင်းရှင်းနေနော် ငါရှုပ်ပွနေရင် အရမ်းမုန်းတယ် "
"အမယ် ဘာဖြစ်လဲ ငါ့ဘက်ငါဖွချင် ဖွထားမယ် နင့်ဘက်
လာလုပ်တာမဟုတ်ဘူး "
"တောက်! !နင်ကလေ ညစ်ပတ်တယ်ဆိုတာ တကယ်ဟုတ်
လောက်တယ် စိတ်လေတယ် "
"ဘာဖြစ်လဲဟာ ငါစိတ်တိုနေတာနော် ကိုယ့်ဟာကိုနေ "
သွန်း ပြောမနေတော့ပဲ ရေချိုးဖို့ တဘက်နဲ့ အင်္ကျီတစ်စုံထုတ်ကာ ရေချိုးခန်းဘက်
ထွက်လာလိုက်သည်..... သွန်းက သန့်သန့်ရှင်းရှင်း
နေတာကို သဘောကျသည်... ရေတောင် မနက်တစ်ခါ
ညနေတစ်ခါ အမြဲချိုးဖြစ်သည်...ရေချိုးပြီး ပြန်အလာတွင် ခုတင်ပေါ်မှာ တစ်ယောက်အိပ်မွေ့ယာ
ပါးလေးခင်ပြီး အထုတ်တွေလဲ ပစ်ချထားကာ အိပ်ပျော်
နေသော စံသျှားတင်ကြောင့် ဒေါသထွက်ရပြန်လေသည်..
ယူလာတော့လဲ တစ်လထဲကို ပစ္စည်းတွေ အမျိုးစုံပင်...
ဂစ်တာတောင်ပါလိုက်သေးသည်.. ဂစ်တာတီးတတ်တယ်ပေါ့
သွန်း မဲ့လိုက်မိသည်..... မွေ့ယာတွေရော ဖက်လုံးရော အရုပ်တွေရော ပန်ကာ အသေးစားတွေရော တစ်လထဲမို့သာပင်..... ( အိမ်ပါပြောင်းတာ 😆)
ကိုယ်ယူလာတာလေးမှ ဖျာလေတစ်ချပ် ခေါင်းအုံး ခြင်ထောင် စာအုပ်တွေရယ် အင်္ကျီအိတ်ရယ် အကုန်ပဲဖြစ်သည်......
သွန်း စိတ်ပျက်ကာ ထမင်းစားဆောင်ဘက်ထွက်လာလိုက်
သည်..... ထုံးစံအတိုင်း စပါးလုံးရွေးရင်း စားရသည့် အဆောင်သို့ ချီတက်လိုက်သည်.. သူငယ်ချင်းတွေကို သတိရမိသည်.. အခုတော့ တစ်ယောက်တည်းဖြစ်နေသည်.
"အင်းးးးး "
သျှား ဟိုဘက်လိမ့် ဒီဘက်လိမ့် လုပ်ပြီး နာရီကြည့်တော့ ည၈နာရီကျော်ပြီဖြစ်သည်..... ဗိုက်က
တဂွီဂွီဖြင့် ဆန္ဒပြလာကြလေသည်...ဘေးကိုကြည့်လိုက်
တော့ ခုတင်ပေါ်တွင် စာအုပ်တစ်အုပ်ကို အသည်းအသန်ဖတ်နေသော ဂျပုမကို တွေ့လိုက်သည်..
သျှား ထထိုင်လိုက်ပြီး အထုပ်တွေထဲက ခေါက်ဆွဲဗူးကို
ထုတ်ကာ...
"ဟဲ့......"
စံသျှားတင်ခေါ်သောကြောင့် သွန်း စောင်းကြည့်
လိုက်ပြီး မေးငေါ့ပြလိုက်သည်...
"ဟို ဒီအချိန် ရေနွေးဘယ်ကရနိုင်လောက်လဲ "
"ဟိုဘက် အဆောင်ပေါ်မှာရှိမှာပေါ့ "
"အဲ့လိုဆို နင်လိုက်ခဲ့ပါလား "
"ကိုယ့်ဘာသာသွားတောင်းလေ လိုက်စရာလား "
"နင်ရောမစားဘူးလား ဗိုက်မဆာဘူးလား "
"မဆာဘူး ညနေက စပါးလုံးရွေးပြီးပြီ"( ထမင်းစားတာကို
ပြောခြင်းဖြစ်သည်)
"မဆာလဲ လိုက်ခဲ့ဟာ "
"မလိုက်ချင်ပါဘူး ဒီမှာစာအုပ်က ကောင်းခန်းရောက်နေပြီ"
"ဟို ငါ. ငါ. ငါကြောက်လို့ လိုက်ခဲ့ပါနော် "(ငှယ် 😆😆)
"ဟမ်....... နင်က ကြောက်လို့ ကြီးကောင်ကြီးမားနဲ့"
"အေးဟာ အေးဟာ မလိုက်လဲနေတော့ မသွားတော့ဘူး
အောက်ကျတယ် တကယ်ပဲ "
ခေါက်ဆွဲဘူးကို စားပွဲပေါ်ပစ်တင်လိုက်ပြီး
ဖုန်းဖွင့်ပြီး နားကြပ်နဲ့ သီချင်းနားထောင်နေလိုက်သည်.....
"ဂွီ...... "
သွန်း စာဖတ်နေရင် အသံကြားသောကြောင့် လှည့်
ကြည့်လိုက်တော့ ဗိုက်ကလေးပွတ်ရင်း ရှုပ်မဲ့ကာ သီချင်း
နားထောင်နေသော စံသျှားတင်ကိုကြည့်မိလိုက်သည်...
"မယ်စံ ဟဲ့ မယ်စံ "
ခေါ်မကြားသောကြောင့် နားကြပ်ကိုချွတ်ပြီး အော်
လိုက်သည်....
"လန့်လိုက်တာ ဘာ ဘာလဲ "
"လာ သွားမယ် ရေနွေးသွားတောင်းမယ် ထ "
"တကယ် တကယ်လိုက်မှာလား "
"ရှည်ပြန်ပြီ ထ "
သွန်းပဲ ခေါက်ဆွဲဗူးကိုယူပြီး အရှေ့ကနေ ထွက်လာ
လိုက်သည်....
ညသည်.... သာယာနေသည်....ပန်းရနံ့တွေ ဟိုတစ်မျိုး သည်တစ်မျိုးဖြင့် မွှေးပျံ့နေသည်. သွန်းတို့နေရ
သည့် အခန်းသည် အစွန်ကျသည်... သက်ရက်ပင်
ပိတောက်ပင် ဘန်ဒါပင် ခရေပင် အပင်ကြီးတွေွအုံ့အုံ့ဆိုင်းဆိုင်းအပြင် တောကြက်ရုံး(စံပယ်ပင်အမျိုးအစား)
ဇွန်ပန်းရုံ တခြားအမည်မသိသော အပင်တွေအများကြီး
ရှိလေသည်... သွန်းတို့အခန်းကနေ အဆောင်ကို လှမ်းမြင်
ရပေမယ့် နည်းနည်းတော့လမ်းလျှောက်ရလေသည်...
"ဘုတ်........ "
"အားးးးး အမေရေ "
အတူတူလမ်းလျှောက်နေရင်း သွန်းကို ဖက်ပြီး
မျက်စိ မှိတ်အော်နေသော မယ်စံကြောင့် ဟက်ဟက်ပက်ပက်
ဗိုက်နှိပ်ရယ်မိလေသည်.....
"ဘန်ဒါသီး ကြွေကျတာပါ မယ်စံရယ် နင့်ဟာကလဲ
ကြောက်တာလဲ လွန်ရော "
"ဘယ် ဘယ်မှာကြောက်လို့လဲ ရုတ်တရက်မို့"
"ဪ..... ဪ ရုတ်တရက် ဟဲ ဟဲ "
"ဘာ ဟဲ ဟဲ လဲ "
ရှက်ရမ်း ရမ်းကာ စိတ်ဆိုးပြီး ရှေ့ကထွက်သွားလေသည်.......
***********************************
သျှား ညနေက အိပ်ထားခြင်းကြောင့် တော်ရုံဖြင့်
အိပ်လို့မရသေးပင်.... ဖုန်းကနာရီကိုကြည့်တော့ ၁၂ နာရီ
ထိုးတော့မည်.... ဘေးခုတင်က သွန်းသံသာသန်းထွဋ်က
တော့ တရူးရူးတရှဲရှဲဖြင့် အိပ်ပျော်နေလေသည်......
သျှား ဟိုဘက်ဒီဘက်လိမ့်ရင်း လှုပ်လှုပ်ရှားရှားဖြစ်နေသည်..... အကြောင်းအရင်းကတော့
အိမ်သာတက်ချင်နေ၍ ဖြစ်သည်..... အောင့်ထားသေးသည် မရ.. ထပ်အောင့်သည် လုံးဝမရ
တော့ပေ...... ထ ထိုင်လိုက်ပြီး ဂျပုမကို ကြည့်လိုက်တော့လဲ အိပ်မောကျနေပြီဖြစ်သည်....
အိမ်သာက အပြင်မှာ သျှား သရဲ အရမ်းကြောက်တတ်သည်..
မအောင့်ထားနိုင်တော့....
" ဟို သွန်း..... သွန်း..... "
ဂျပုမကိုပဲ လှုပ်ကာ နှိုးလိုက်သည်....
"အင်းးးး ဘာ ဘာလဲဟာ"
"ဟို ဟိုလေ ငါနဲ့ အိမ်သာ ခဏလောက်လိုက်ခဲ့ပါလားနော်
ငါလေ အိမ်သာအရမ်းတက်ချင်တာ မအောင့်နိုင်တော့လို့ "
"အိမ်သာ တက်ချင်တာပဲ သွားတက်ပေါ့ဟာ "
"လိုက်ခဲ့ပေးပါဟာ မကြာဘူးလေ နော် နော် "
"ဒုက္ခပဲဟာ "
မလိုက်ရင်လဲ ပြီးမယ့်ပုံမပေါ်သောကြောင့်
မျက်လုံးအတင်းဖြဲရင်း လိုက်ခဲ့ရလေသည်.....
"ဟဲ့ သွန်း ရှိနေရဲ့လား "
"ရှိတယ် ရှိတယ် မြန်မြန်သာလုပ် ခြင်ကိုက်တယ်"
"ဟိုလေ အဲ့ဒါဆို သီချင်းလေးဆိုနေပါလားဟာ နော် "
"ဟ ငါချီးမှပဲ စောက်ကြောက်ရာ "
ခြင်တဖက်ဖက်ရိုက်ရင်း အိပ်ချင်မူးတူးအသံဖြင့်
ဝိုင်းစုခိုင်သိန်းရဲ့ ချစ်တာအမှား သီချင်းကို ဆိုနေရ
သေးသည်.....
ကိစ္စဝစ္စ ပြီးသွားတော့ အခန်းထဲရောက်သည်နှင့်
သွန်း ခုတင်ပေါ်တက် ခြင်ထောင်ထဲဝင်ခါနီးတွင်...
"ဟဲ့ ဟို ဟိုလေ "
ခေါင်းအုံးကို ဖက်ပြီး သနားစရာမျက်နှာဘေးဖြင့်
စကားမဆက်နိုင်သောကြောင့် စိတ်မရှည်ဖြစ်လာရသည်..
"ပြောလေ ဘာဖြစ်နေတာလဲ "
"ငါ နင်နဲ့လာအိပ်လို့ရမလားလို့ "
"ဘာ! ! ! ! "
"လုပ်ပါဟာ ငါကြောက်လို့ အိပ်လို့မရဘူးဖြစ်နေတယ် "
"ဟ စောက်ကျိုးနည်း မယ်စံရာ လာဟာ လာ လာ အိပ်ချင်
ရတဲ့ ကြားထဲ "
ခေါ်လိုက်သည်နှင့် ကလေးတစ်ယောက်လို ပျော်ရွှင်
သွားပြီး ခေါင်းအုံးနဲ့ အရုပ်တစ်ရုပ်ကိုင်ပြီး လာလေသည်..
"ဟဲ့ အရုပ်ထားခဲ့ ကြပ်တယ် "
"ငါ တစ်ခုခုဖက်မအိပ်ရရင် မအိပ်တတ်လို့ "
"သေလိုက်တော့ မယ်စံ သေလိုက်တော့ "
"အဲ့လိုဆို ငါနင့်ကိုဖက်အိပ်လို့ရတယ်ဆို အရုပ်ထားခဲ့လိုက်
မယ်လေ "
"နင့်မေဂျီးတော်...... အဲ့အရုပ်ပဲယူခဲ့တော့ "
သွန်းဘေးနား လာအိပ်ပြီး ခဏနေတော့ သူက
အရုပ်ဖက်ပြီးအိပ်ပျော်သွားလေသည်... သွန်းသာ မျက်လုံး
ကျယ်ပြီး ကျန်ခဲ့လေသည်..... ရန်တွေ့တုန်းကတော့
သူ့အပြင်မရှိပေ..... အခုကျတော့လဲ ယုန်လေးတစ်ကောင်
လိုပင်...... တွေးရင်း.... တွေးရင်း... သွန်းလဲအိပ်ပျော်
သွားလေသည်.....
***********************************
မနက် ငါးခွဲအလန်းထမည်လာသောကြောင့်
သွန်းပြန်ပိတ်ပြီး တစ်ဖက်လှည့်ကာ ပြန်အိပ်ဖို့ ပြင်လိုက်လေသည်... ပြီးမှ သတိရကာ ဘေးတွင်အိပ်နေသော မယ်စံကိုနှိုးကာ.....
"ဟဲ့ ဟဲ့ မယ်စံ ထ ထ ဆရာ ခြောက်နာရီ ခေါ်ထားတာလေ
ထ ငါးခွဲပြီ ပြင်ဆင်ရဦးမယ် "
"အင့် ဟင့် အိပ်ချင်သေးတယ် ၅မိနစ် ၅မိနစ်ပဲ "
"ဟ မရဘူး ထ ၅မိနစ်လဲမရဘူး တစ်မိနစ်လဲမရဘူး ငါ မျက်နှာသွားသစ်ပြီ နောက်ကလိုက်လာခဲ့ "
"အာာာာ လိုက်မယ် လိုက်မယ် တစ်ယောက်တည်း
မထားခဲ့နဲ့ "
"စောက်အရေးထဲ မိုးလင်းနေပြီ မသာရဲ့ "
သျှား ဆဲဆိုလဲ ခံရတော့မည် အခန်းထဲ တစ်ယောက်
တည်းမနေခဲ့ရဲ့ပေ.....မတတ်နိုင် ထရတော့မည်
"ဟဲ့ မြန်မြန်လုပ်လေ ငါသွားတော့မှာနော် "
"လာပါပြီဟ နင်ကလဲ "
မျက်နှာသစ်ပြီး အိမ်သာကို အလုအယက်တက်
ပြင်ဆင်ပြီး ဘောလုံးကွင်းကို အပြေးသွားရလေသည်...
ကွင်းထဲရောက်တော့ လူစုံလို့ ဆရာတောင်ရောက်နေပြီ
ဖြစ်သည်....
"ဟိုနှစ်ယောက် နောက်ကျတယ်နော် ကဲ အကုန်
ဘောလုံးကွင်းကို ဆယ်ပတ်ပြေးမယ် နောက်ကျတဲ့နှစ်ယောက် ငါးပတ်ပိုပြေးရမယ် "
"ဟမ်....... "
ဘောလုံးကွင်းကို ဆယ်ငါးပတ်ပြေးပြီး အမောဖြေ
နေရင်း ဆရာက အအေးဗူးလာတိုက်လေသည်...ခဏနား
လေ့ကျင့်ခန်းတွေဘာတွေလုပ်ပြီးတော့ အနားရလေသည်..
ညနေ ၃ နာရီမှ ပြန်လေ့ကျင့်ရမည်ဖြစ်သည်....
သျှား အခန်းထဲက ထွက်ပြီး စာသင်ဆောင်ဘက်ကို
ထွက်လာလိုက်သည်..... သူငယ်ချင်းတွေကိုရှာကာ
ကိုယ့် အဖြစ်အပျက်ကို ပြောပြချင်လွန်း၍ ဖြစ်သည်...
************************************
"ဟယ် မိသျှားရယ် ဖြစ်မှဖြစ်ရလေ 😂😂 ငါတို့တော့
တစ်လ ဝဠ်ကျွတ်သွားတာပေါ့ ရှူးလိုက်တည်
အီးလိုက်တည် ဘဝကနေ"
"စောက်ကျင့်ပုတ်မ ဒီဝိုင်း ကိုယ့်ဘာသာ ရှင်းကြတော့ "
"အယ် ချစ်ကလဲ စတာကိုလို့ "
"ဟွန့်..... ငါ စိတ်ညစ်နေတာနော် သေမယ် "
****************************
ညနေ ၂ နာရီခွဲ သွန်း အခန်းထဲကိုရောက်တော့
ဘယ်သူမှရှိမနေပေ....ခုတင်နှစ်လုံးလဲ နံရံ တစ်ဖက်တွင် ကပ်နေသည်...မယ်စံ လက်ချက်ပေါ့... ဘာမှပြောမနေတော့ပဲ ဝယ်လာတဲ့ စာအုပ်
ကိုချကာ အင်္ကျီလဲဖို့လုပ်လိုက်သည်.... ထိုအချိန်
"ကျွီ...... "
"အယ် sorry sorry "
သျှား သူငယ်ချင်းတွေဆီကပြန်လာပြီး အခန်း
တံခါးကို အဖွင့်တွင် သွန်း အင်္ကျီလဲနေတာနဲ့တိုးသောကြောင့်
sorry ပြောပြီး တစ်ဖက်ကိုလှည့်ပေးလိုက်လေသည်...
"ရပြီ.... "
"အင်း.... ကွင်းထဲသွားတော့မလို့လား "
"ဟုတ်တယ် "
"ခဏလေး ငါလဲ လိုက်မယ် "
အင်္ကျီအမြန်လဲပြီး ဂျပုမနောက် လိုက်လာခဲ့သည်....
လေ့ကျင့်တာ ညနေခြောက်နာရီကျော်မှ ပြန်ရလေသည်...
တစ်ကိုယ်လုံးကိုက်ခဲနေပြီ..... သွန်း ခဏအမောဖြေပြီး
ရေချိုးဖို့ ယူစရာရှိတာယူပြီး ထွက်ဖို့အပြင်....
"ရေချိုးဖို့လား ငါ့ကိုခဏစောင့် ငါလဲချိုးမယ် "
"ဟမ် ငါပြီးမှ ချိုးလေ "
"အာာာာ မရဘူး မှောင်နေပြီ လိုက်ခဲ့မယ် "
"ဟယ် မယ်စံ နင့်ဟာကလဲ လွန်တယ်ဟယ် "
"မသိဘူးဟာ..... လိုက်မှာပဲ "
ပြောလို့လဲမရ ဆိုလို့လဲ မရဖြင့် လိုက်ခဲ့လေသည်...
ရေချိုးခန်းက ၃ ၄ ယောက်ချိုးလို့ရသည်.. အလယ်တွင်
အုတ်ကန်ကြီး ရှိလေသည်... ထဘီရင်ရှားဖြင့်......
ရေချိုးနေသော မယ်စံကိုကြည့်ပြီး သွန်းစိတ်တွေ မလုံမလဲ
ဖြစ်နေမိသည်........ ဘာဖြစ်နေမှန်းတော့ တပ်အပ်မသိပေ... (ကျလိ.... ကျလိ 😆)
ရေမိုးချိုး ထမင်းသွားစားပြီး အပြန်တွင်.......
သွန်း စာဖတ်နေသောကြောင့် ဖုန်းလဲမသုံးချင်ပဲ သျှား
ပျင်းပျင်းဖြင့် ဂစ်တာကို ယူကာ လက်စမ်းလိုက်သည်
ပြီးတော့ သီချင်းတီးချင်စိတ်ဖြစ်ကာ.... သီချင်းပါ
ခပ်တိုး တိုး ဆိုနေမိသည်........
🎶🎵 ကျန်နေသေးတဲ့ ဘဝခရီးတွေ.....
ကိုယ်တစ်ယောက်တည်းတော့ မသွားတော့ပါ
မင်းလိုက်နိုင်မလားကွာ.......
............................
...........................
မှားလား အချစ်များ
အကုန်လုံး မင်းအတွက်
ငါလဲ ရူးတော့မယ်အချစ်ရာ
.................................
...................................
................
ဒီဘဝက မှားနေလား..... 🎼🎸
စာအုပ်ဖတ်နေရင်း သီချင်းဆိုသံ တိုးတိုးလေးနဲ့
ဂစ်တာသံထဲတွင်မျှောသွားကာ သျှားကို တိတ်တဆိတ်
ကြည့်နေမိသည့် သွန်း ရင်ထဲမှာ. ...........
အမည်ဖော်မပြနိုင်တဲ့ ခံစားမှုလေးတစ်ခု တိုးဝင်လာခဲ့သည်.
* * * * * * * * * * * * * * * * * * * * * * *
အများကြီးပဲ ရေးလိုက်ပြီ........ ဇာတ်လမ်းကတော့
အခုမှ စတာ 😆😆😆😆
You are reading the story above: TeenFic.Net