မိုးရာသီ၏ သီတင်းပတ်နောက်ဆုံးရက်သည် သည်းထန်စွာရွာသွန်းနေသော မိုးရေကြောင့် နှစ်သက်ဖွယ်ရာတော့ ရှိမနေချေ။ စနေနေ့မနက်ခင်းတွင် ကောင်းကင်သည် မည်းမည်းမှောင်နေတာကြောင့် ယနေ့တွင် တစ်နေကုန်မိုးရွာမည်က မြေကြီးလက်ခတ်မလွဲပေ။ အင်္ဂလိပ်စာ Guide သင်ချိန်ကို အတည်တကျသတ်မှတ်ပြီးသွားတဲ့နောက် သူတို့သည် သွားလာရလွယ်ကူသော မြတ်၏ အိမ်ကိုသာ စုပေါင်းစာလုပ်ရန် ရွေးချယ်လိုက်သည်။ ဟန်နွေရာသည် မိုးရွာနေစဥ် သူသည် စက်ဘီးယူလာမိတာကြောင့် မိုးရေများ စိုရွှဲနေလျက် မြတ်၏ အိမ်ကို ရောက်လာသည်။ စာသင်ချိန်က ကိုးနာရီမှ ဖြစ်တာကြောင့် ရှစ်နာရီခွဲအချိန်သည် စောနေသေးသည်။
မြတ်သည် စာသင်ရန် ခုံကို သေချာစွာ ပြင်ထားပြီး သူ့ကိုယ်သူလည်း သပ်သပ်ရပ်ရပ်ပြင်ဆင်ထားသည်။ တီရှပ်အဖြူနှင့် အားကစားဘောင်းဘီရှည်ကို ဝတ်ဆင်ထားတာကြောင့် သွယ်လျသော ခန္ဓာကိုယ်လေးက ထင်သာနေသည်။ တီချယ်သက်နှင့် ပထမဆုံးစာသင်ရမည် ဖြစ်၍ မြတ် စိတ်လှုပ်ရှားနေမိသည်။ အိမ်ရှေ့ပြတင်းပေါက်က အပြင်ဖက်သို့ ခဏခဏ ကြည့်နေမိသည်အထိ စိတ်လှုပ်ရှားနေမိသည်။ ကျောင်းဝတ်စုံဖြင့်သာ မြင်ဖူးသော တီချယ်သက်၏ အပြင်ပုံစံလေးကို မြင်ရရန် သူသည် အလွန်ကို စိတ်အားထက်သန်နေလေသည်။
" မြတ်ရေ မြတ်၊ နင့်ခွေးကို လာခေါ်ပေးပါဦး"
စူးရှသော ဟန်နွေရာ၏ အော်သံကြောင့် တစ်ကိုယ်တည်းပီတိဖြာနေသော မြတ်၏ အတွေးတို့သည် လွင့်ပျောက်သွားရသည်။ ထိုကောင်မလေးသည် အမြဲတစေ အထိတ်တလန့် လုပ်တတ်သည်။ မြတ်အပြင်ထွက်လာသောအခါတွင် ဟန်နွေရာသည် ချစ်စရာကောင်းလှသော Golden Retriever (ရွှေရောင်အမွှေးထူထူရှိသည့် ခွေးလိမ္မာ) လေးက သူ့ကို လျှာနဲ့လျက်နေတာကြောင့် အသည်းအသန်အော်နေလေသည်။
"Deebo အထဲဝင်နေ"
ခွေးလေးသည် သူ့သခင်၏ စကားကြောင့် အိမ်ထဲသို့ အမြီးတလှုပ်လှုပ်ဖြင့် ဝင်သွားလေသည်။ မြတ်သည် တစ်ကိုယ်လုံး ရေစိုနေသော ဟန်နွေရာ၏ လွယ်အိတ်ကို ယူလိုက်ပြီးနောက် တစ်လက်ထဲ ဟန်နွေရာ၏ စက်ဘီးကို ဂိုထောင်ထဲ ထည့်ပေးလိုက်သည်။
"စနေ့နေ့ကြီး မနက်ပိုင်း စာသင်ရဦးမယ်။ ညနေကျရင်လည်း ညကျောင်းသွားရဦးမှာကို မိုးက အရမ်းကို ရွာနေတာပဲ"
"ဟန်နွေရာ ရာသီဥတုကို အပြစ်မတင်ခင် စိုရွှဲနေတာကို အရင်နွေးထွေးအောင် လုပ်ဦး၊ အပေါ်တက်သွားရင် ညာဖက် ဒုတိယမြောက်က ငါ့အခန်း "
" အင်း ငါသိပြီ၊ တီချယ်ရောက်နေပြီလား?"
"မရောက်သေးဘူး"
"တီချယ်က ဒီရပ်ကွက်ထဲကို ရောက်ဖူးတာ မဟုတ်ဘူး။ နင် သွားကြိုသင့်တယ်။ ငါ အပေါ်ထပ် တက်ပြီနော် "
ဟန်နွေရာသည် သူပြောချင်ရာကို စွတ်ပြောပြီးနောက် အိမ်ပေါ် ပြေးတက်သွားလေသည်။
မြတ်သည် တီချယ်သက်ဆီ ဖုန်းဆက်လိုက်သည်။ ပထမအကြိမ်ဖုန်းခေါ်ဆိုမှုသည် ပြန်လည်ဖြေကြားမည့်သူ မရှိခဲ့ချေ။ ဒုတိယအကြိမ်ခေါ်ဆိုသောအခါ၌ ချိုသာသော တီချယ်အသံထွက်လာသည်။
"ဟဲလို မြတ်ရေ တီချယ် ဘတ်စ်ပေါ်မှာပဲ ရှိသေးတယ်။ ဒီနေ့မှ လမ်းက ပိတ်နေလို့၊ တီချယ်အချိန်မီ လာခဲ့ပါ့မယ်"
"ဟုတ်တီချယ်။ မြတ် တီချယ်ကို ကားမှတ်တိုင် လာခေါ်ပါ့မယ်။ "
" ကောင်းပါပြီ"
မြတ်သည် ကားမှတ်တိုင်ကို ထွက်လာစဥ် ရှင်းလကျ်ာသည် မိုးကာအင်္ကျီနှင့် ထီးကို လုံခြုံစွာ ဆောင်း၍ လာနေသည်။
"ဟန်နွေရာ ရောက်နေတယ်။ ကူညီပေးလိုက်ဦး "
ရှင်းလကျ်ာသည် ခေါင်းညိမ့်ပြပြီးနောက် ကျော်ဖြတ်သွားသည်။ မြတ်သည်လည်း စိတ်ထဲ မထားဘဲ ကားမှတ်တိုင်သို့ ထွက်လာခဲ့သည် ။ ဆယ့်ငါးမိနစ်ခန့်ကြာသောအခါတွင် ဘတ်စ်ပေါ်မှ မြန်မာဝတ်စုံကို ဝတ်ဆင်ထားသော ဣနြေရှိလှသော အမျိုးသမီးတစ်ဦး ဆင်းလာခဲ့သည်။ ထိုအမျိုးသမီးသည် ကားမှတ်တိုင်ကို ဝေ့ကြည့်လိုက်ပြီးနောက် ရှာဖွေနေသော သူကို တွေ့သွားလေသည်။
"တီချယ်! မြတ် ဒီမှါ "
" တီချယ်တို့ မြန်မြန်လေး သွားကြရအောင်၊ မိုးက ဒီထက် သည်းချင်သည်းလာမှာ"
"ဟုတ် တီချယ်။ မြတ်နောက်က လိုက်ခဲ့ပေးပါနော်"
မြတ်တို့သည် တိတ်ဆိတ်သော လမ်းတစ်လျှောက် စကားစမြည်ပြောလာကြသည်။ ရှေ့တည့်တည့်ကိုသာ ကြည့်၍ သွားနေသော မြတ်သည် ရွှံဗွက်အိုင်တစ်ခုကို နင်းမိတော့မည် ဖြစ်၍ ဒေါ်သက်လျာကျော်သည် မြတ်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"မြတ် သတိထားနော်"
"ဟုတ် တီချယ် " တီချယ်သက်က ရုတ်တရက် သူ့လက်မောင်းကို ထိလာတာကြောင့် မြတ်သည် ရှက်သွေးဖြာလာသည်။ သူသည် အလွယ်တကူ ရှက်တတ်သူမဟုတ်သော်လည်း သူနှစ်သက်သဘောကျနေသူထံမှ မတော်တဆထိတွေ့မှု သေးသေးလေးကပင် သူ့အား အလွန်အမင်း ကြည်နူးစေမိသည်။ လမ်းလျှောက်နေတာကြောင့် လက်ချင်း မတော်တဆထိတွေ့မိကြသောအခါ မြတ်သည် မပြုံးဘဲ မနေနိုင်တော့ပေ။
နောက်ဆုံး၌ မြတ်တို့သည် မိုးထပ်ရွာခင် ကပ်သီအချိန်လေး၌အိမ်သို့ရောက်လာသဖြင့် မြတ်တို့အိမ်ထဲဝင်သည်နှင့် မိုးသည်းထန်စွာ စတင်ရွာလာသည်။ မြတ်နှင့် ဒေါ်သက်လျာကျော်သည် မတိုင်ပင်ဘဲ ရယ်လိုက်မိသည်။ မြတ်သည် သွားတန်းဖြူဖြူလေးတွေ ပေါ်လာသည်အထိ သဘောတကျရယ်နေသော တီချယ်လေးကို ထပ်မငေးဘဲ မနေနိုင်တော့ချေ။ ထိုစဥ် Deebo လေးသည် အိမ်ထဲမှ ထွက်လာပြီး တီချယ်သက်ကို မြင်သောအခါ တိုးဝှေ့နေတော့သည်။
ဒေါ်သက်လျာကျော်သည် ခွေးလေး၏ လည်ပင်းက နာမည်ကတ်ပြားလေးကို ယူကြည့်လိုက်သည်။
"နာမည်က Deebo ပေါ့နော်။ Deebo လေး တီချယ်က စာသင်ဖို့လာတာပါ၊ အဲတာကြောင့် ချစ်ဖို့ကောင်းတဲ့ Deebo လေးက တီချယ်ကို ကူညီပေးပါဦးနော် " ဒေါ်သက်လျာကျော်သည် ချစ်ဖွယ်ကောင်းလှသော ခွေးလေးကို ပွတ်သပ်နေခြင်းမှ သူ့ကိုယ်သူ မရပ်တန့်နိုင်တော့ချေ။
"Deebo တီချယ်ကို အိမ်ထဲ ခေါ်သွားပေးပါဦး"
တီချယ်သက်နှင့် Deebo တို့ အိမ်ထဲ ဝင်သွားသောအခါတွင် မြတ်သည် တီချယ်သက်အတွက် နှင်းဆီပန်းခူးရန် ကတ်ကြေးကို ယူလိုက်ကာ ပန်းပင်များဆီသို့ ထွက်လာခဲ့သည်။
ဟန်နွေရာသည် တစ်ကိုယ်လုံး ရေစိုနေတာကြောင့် ကြမ်းပြင်ကို ရေမစိုစေရန် အဝတ်အကုန်ချွတ်လိုက်သည်။ ဆံပင်ရှည်ကလည်း စိုနေပြီ ဖြစ်တာကြောင့် အဝတ်မလဲခင် ခေါင်းသုတ်ရန် တဘတ်ကို ယူလိုက်သည်။ ထိုစဥ် မှန်တင်ခုံပေါ်က မြတ်၏ ဖုန်းက တုန်ခါလာတာကြောင် ဟန်သည် သွားယူကြည့်လိုက်သည်။ ဖုန်းကိုင်ရန် ပြင်လိုက်သော်လည်း ကျသွားတာကြောင့် ဖုန်းContact ကိုသာ ကြည့်လိုက်သည်။
"သူ့အမေဆီက ဆက်တာပဲ "
ဟန်နွေရာသည် ဖုန်းကို ပြန်ချရန် ပြင်လိုက်သော်လည်း မြတ်က ဖုန်းကို Gallery ထဲက ပုံတွေကို ကြည့်နေရင်း ပိတ်ထားခဲ့ဟန် တူသည်။ သူသည် အမှတ်တမဲ့နှင့် ပုံတွေကို ဆွဲချကြည့်မိသွားသည်။
" ဒါက ဘာတွေလဲ????"
မြတ်၏ ဖုန်းထဲက များမြောင်လှသော တီချယ်သက်၏ ပုံများကြောင့် ဟန်နွေရာ အနည်းငယ် ထူးဆန်းသွားသည်။ များသောအားဖြင့် တိတ်တဆိတ်ရိုက်ယူထားပုံရပြီး ဖိုင်များဖြင့် သေသပ်စွာ ခွဲထားသည်။ ဖုန်း Gallery တစ်ခုလုံး တီချယ်သက်၏ လှုပ်ရှားမှုတို့ကို မှတ်တမ်းတင်ထားသည်များသာ ရှိသည်။ ဟန်နွေရာ၏ စိတ်အတွင်း၌ မသေချာ မရေရာသော သံသယစိတ်များ ဖြတ်ပြေးသွားသည်။ ထို့ကြောင့် သူသည် ခုံပေါ်က စာအုပ်များကို လှန်ကြည့်မိတော့သည်။
" တီချယ် ဒေါ်သက်လျာကျော်
မွေးနေ့ - 21 .7.1982 ၊
ကြိုက်နှစ်သက်သော ပန်း- အနီရင့်ရင့် နှင်းဆီပန်း၊ အကြိုက်ဆုံး idol- Fifth Harmony၊
သီချင်း- Bebe rexha ရဲ့ Meant to be............. and etc"
ဟန်နွေရာသည် ထိုကလေးဆန်လှသော မှတ်စုများကြောင့် ခေါင်းထဲ၌ ရှုပ်ထွေးနေလေသည်။ မြတ်က အဘယ်ကြောင့် ဒေါ်သက်လျာကျော်၏ အကြောင်းများကို စုံစမ်းနေရပါသနည်း? ဟန်နွေရာသည် ဒိုင်ယာရီစာအုပ်ကို ဆွဲထုတ်လိုက်စဥ် မျက်ဝန်းထောင့်မှ အရိပ်တစ်ခုကို တွေ့လိုက်တာကြောင့် သူသည် အလန့်တကြားအော်လိုက်မိသည်။
"အားးးးးး အမေရေ သရဲ သရဲ!! "
ရှင်းလကျ်ာသည် သူသည်လည်း မိုးရေထဲက လာတာကြောင့် ညစ်ပေနေသော ခြေထောက်ကို သန့်စင်ရန် မြတ်၏ အခန်းသို့ လာခဲ့သည်။ သို့သော်လည်း တံခါးဖွင့်လိုက်သည်နှင့် တဘတ်ကို ကပိုကရိုလေး ပတ်ထားသော ဟန်နွေရာ၏ နောက်ကျောလေးကို သူသည် အကြည့်မလွှဲနိုင်တော့ဘဲ ငေးကြည့်နေမိသည်။ အလယ်တန်းတုန်းက ပါးဖောင်းဖောင်းလေးနှင့် ကလေးမလေးသည် မည်သည့်အချိန်ကပင် သွယ်လျလှပကာ ဆွဲဆောင်မှု ရှိသော မိန်းကလေးအဖြစ်ပြောင်းသွားသည်ကို သူမသိချေ။ အလယ်တန်းတုန်းက သူ့နောက်ကို တကောက်ကောက်လိုက်ကာ "ရှင်းလကျ်ာကို ငါအချစ်ဆုံး" ဟု လိုက်ပြောနေတတ်သော ကောင်မလေးသည် အထက်တန်းရောက်သောအခါ သူ့အား ယခင်ကလို ကပ်တွယ်ခြင်း မရှိတော့တာကြောင့် ဝမ်းနည်းမိသေးသည် ။
ရှင်းလကျ်ာသည် ဟန်နွေရာကို ငေးနေစဥ် ဟန်နွေရာ၏ အလန့်တကြားအော်သံကြောင့် သူသည်လည်း သတိဝင်လာခဲ့သည်။
"ဟန်ဟန် ငါပါ၊ သရဲ မဟုတ်ပါဘူး။ "
" နင်က ဘာလို့အဲမှာ ရပ်နေတာလဲ? သရဲထင်လို့ တကယ်လန့်သွားတာပဲ" ဟန်နွေရာသည် ရင်ဘတ်ကို ဖိလျက် ပြောသည်။
"အေးနေတာကို လုံလုံခြုံခြုံနေစမ်းပါ" ရှင်းလကျ်ာသည် အင်္ကျီကို ဟန်နွေရာဆီ ပစ်ပေးရင်း ပြောလိုက်သည်။
ဟန်နွေရာသည် တိုးတိုးလေးနှင့် ပွစိပွစိပြောနေရင်း အဝတ်ဝတ်လိုက်သည်။ သူ,,မသိသည်က Hoodie ခေါင်းစွပ်၏ အောက်က ရှင်းလကျ်ာ၏ နားရွက်ဖျားများ ရဲနေသည်ကိုပင် ဖြစ်သည်။ ဟန်နွေရာသည် အဝတ်လဲပြီးနောက် သူမသည် မြတ်၏ ဖုန်းနှင့် စာအုပ်ထဲက အကြောင်းအရာများကိုသာ စိတ်ရောက်နေတာကြောင့် ရှင်းလကျ်ာကို သတိမထားမိခဲ့ပေ ။ ဟန်နွေရာတို့ ပြန်ဆင်းလာသောအခါတွင် ဧည့်ခန်းထဲက မြင်ကွင်းကြောင့် သူ၏ စိတ်အစဥ်သည် မေးခွန်းများဖြင့် ပြည့်နှက်သွားရပြန်ပါသည်။
မြတ်သည် တီချယ်သက်၏ ဆံထုံးပေါ် အနီရဲရဲနှင်းဆီပန်းကို ပန်ဆင်ပေးနေပြီး မျက်ဝန်းများသည် အလွန်အမင်းနူးညံ့သွားသည်။ ဟန်နွေရာသည် ရုတ်တရက် သတိမထားမိဘဲ ရှင်းလကျ်ာကို ကိုင်ထားသော လက်ကို တင်းကြပ်သွားမိသည်။
"ကလေးတို့ ကိုးနာရီထိုးပြီဆိုတော့ စာစသင်ကြရအောင် "
"ဟုတ်ကဲ့ တီချယ်" ဟန်နွေရာသည် ခုံတွင် ဝင်ထိုင်ရင်း သူသည် ထိုတစ်လျှောက်လုံး မြတ်ကို အကဲခတ်နေမိသည်။
ရှင်းလကျ်ာသည် သူ့၏ လက်က နီရဲနေသော လက်ချောင်းရာများကြောင့် ဝမ်းနည်းမိသည်။ ထို့ပြင် ဟန်နွေရာက တစ်ချိန်လုံး မြတ်ကိုသာ ကြည့်နေတာကြောင့် သူသည် မနာလိုစိတ်သေးသေးလေးဖြစ်လာရသည်။
ဟန်နွေရာသည် ထိုနေ့မှ စ၍ မြတ်ကို တောက်လျှောက် အကဲခတ်နေမိသည်။ မြတ်သည် မနက်တိုင်း တီချယ်သက်ကို ပန်းပေးလေ့ရှိပြီး နေ့လယ်ပိုင်းတွင် မုန့်များပေးတတ်သည်။ အတန်းထဲတွင်လည်း တစ်ခါတစ်ရံ၌ ဓာတ်ပုံရိုက်ယူလေ့ရှိပြီး များသောအားဖြင့် နူးညံ့သော အကြည့်များရှိနေတတ်သည်။ ဟန်နွေရာသည် ဆရာမနှင့် ကျောင်းသားကြားက ကိစ္စမို့ မဖြစ်နိုင်ဘဲ အထင်မှားနေသည်ဟု ကိုယ့်ကိုယ်ကို သတိပေးနေသော်လည်း လိုက်မကြည်လည်း မနေနိုင်ခဲ့ချေ။
မြတ်သည် မနက်တိုင်းကျောင်းသွားလျှင် တီချယ်သက်အတွက် နှင်းဆီပန်းယူသွားပေးပြီး နေ့လယ်စာစားချိန်တိုင်း တီချယ်ကြိုက်တတ်သော မုန့်များကို နားနေခန်းသို့ ပို့ပေးလေ့ရှိသည်။ ဒေါ်သက်လျာကျော်သည် ကလေးငယ်ထံက မုန့်များလာပေးတာကြောင့် အစပိုင်းတွင် အားနာမိသော်လည်း သူနှစ်သက်သော မုန့်များကိုချည်း လာပို့ပေးနေသောအခါတွင် သူသည်လည်း မငြင်းတော့ချေ။
ဟန်နွေရာသည် နားနေခန်းထဲမှ ပြန်ထွက်လာခဲ့သော မြတ်ကို ကြည့်ကာ သူသည် စိတ်ကို မချုပ်တည်းနိုင်ချေ။ ထို့ကြောင့် သူသည် စာကြည့်တိုက်ရှေ့၌ ရပ်နေကာ အထဲသို့ ဝင်သွားသော မြတ်ကို စောင့်နေသည်။ စာအုပ်များငှါးကာ ပြန်ထွက်လာသော မြတ်သည် ဟန်နွေရာကို တွေ့လိုက်ရသည်။
"မြတ် ငါနဲ့ ခဏလိုက်ခဲ့ " ပြီးနောက် ဟန်နွေရာသည် မြတ်၏ လက်ကို ဆွဲလျက် စာကြည့်တိုက်ဘေးမှ ပစ္စည်းစတိုခန်းထဲသို့ ခေါ်သွားကာ တံခါးပိတ်ထားလိုက်သည်။ မြတ်သည် အမူအရာ အလွန်လေးနက်နေကာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေသော ဟန်နွေရာကြောင့် တိတ်တိတ်လေး ရပ်စောင့်နေလေသည် ။ ဟန်နွေရာသည် မြတ်၏ မျက်နှာအနားကို ရုတ်တရက် တိုးကပ်ကာ ဆိုလိုက်သည်။
"မြတ် နင် တီချယ်သက်အပေါ် ခံစားချက်တွေ ရှိနေတာလား?"
မြတ်လက်ထဲ၌ ကိုင်ထားသော စာအုပ်များသည် မြေပြင်ပေါ် "ဘုတ် !" ခနဲ ပြုတ်ကျသွားလေသည်။
Thanks for reading.
Zucchinin - မနေ့က တော်တော်များများက တီချယ်သက်ဆိုတဲ့ အခေါ်အဝေါ်လေးကို ပိုနှစ်သက်တယ်ဆိုလို့ နောက်ပိုင်းတွေကျရင် တီချယ်သက်လို့ပဲ သုံးပါတော့မယ်။ ဖြေကြားပေးတဲ့ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။ 💙
Golden Retriever dog
မိုးရာသီ၏ သီတင္းပတ္ေနာက္ဆံုးရက္သည္ သည္းထန္စြာရြာသြန္းေနေသာ မိုးေရေၾကာင့္ ႏွစ္သက္ဖြယ္ရာေတာ့ ရိွမေနေခ်။ စေနေန့မနက္ခင္းတြင္ ေကာင္းကင္သည္ မည္းမည္းေမွာင္ေနတာေၾကာင့္ ယေန့တြင္ တစ္ေနကုန္မိုးရြာမည္က ေျမၾကီးလက္ခတ္မလြဲေပ။ အဂၤလိပ္စာ Guide သင္ခ်ိန္ကို အတည္တက်သတ္မွတ္ၿပီးသြားတဲ့ေနာက္ သူတို႔သည္ သြားလာရလြယ္ကူေသာ ျမတ္၏ အိမ္ကိုသာ စုေပါင္းစာလုပ္ရန္ ေရြးခ်ယ္လိုက္သည္။ ဟန္ေနြရာသည္ မိုးရြာေနစဥ္ သူသည္ စက္ဘီးယူလာမိတာေၾကာင့္ မိုးေရမ်ား စိုရႊဲေနလ်က္ ျမတ္၏ အိမ္ကို ေရာက္လာသည္။ စာသင္ခ်ိန္က ကိုးနာရီမွ ျဖစ္တာေၾကာင့္ ရွစ္နာရီခြဲအခ်ိန္သည္ ေစာေနေသးသည္။
ျမတ္သည္ စာသင္ရန္ ခံုကို ေသခ်ာစြာ ျပင္ထားၿပီး သူ႔ကိုယ္သူလည္း သပ္သပ္ရပ္ရပ္ျပင္ဆင္ထားသည္။ တီရွပ္အျဖဴႏွင့္ အားကစားေဘာင္းဘီရွည္ကို ဝတ္ဆင္ထားတာေၾကာင့္ သြယ္လ်ေသာ ခႏၶာကိုယ္ေလးက ထင္သာေနသည္။ တီခ်ယ္သက္ႏွင့္ ပထမဆံုးစာသင္ရမည္ ျဖစ္၍ ျမတ္ စိတ္လႈပ္ရွားေနမိသည္။ အိမ္ေရ႔ျွပတင္းေပါက္က အျပင္ဖက္သို႔ ခဏခဏ ၾကည့္ေနမိသည္အထိ စိတ္လႈပ္ရွားေနမိသည္။ ေက်ာင္းဝတ္စံုျဖင့္သာ ျမင္ဖူးေသာ တီခ်ယ္သက္၏ အျပင္ပံုစံေလးကို ျမင္ရရန္ သူသည္ အလြန္ကို စိတ္အားထက္သန္ေနေလသည္။
" ျမတ္ေရ ျမတ္၊ နင့္ေခြးကို လာေခၚေပးပါၪီး"
စူးရွေသာ ဟန္ေနြရာ၏ ေအာ္သံေၾကာင့္ တစ္ကိုယ္တည္းပီတိျဖာေနေသာ ျမတ္၏ အေတြးတို႔သည္ လြင့္ေပ်ာက္သြားရသည္။ ထိုေကာင္မေလးသည္ အၿမဲတေစ အထိတ္တလန္႔ လုပ္တတ္သည္။ ျမတ္အျပင္ထြက္လာေသာအခါတြင္ ဟန္ေနြရာသည္ ခ်စ္စရာေကာင္းလွေသာ Golden Retriever (ေရႊေရာင္အေမႊးထူထူရိွသၫ့္ ေခြးလိမၼာ) ေလးက သူ႔ကို လ်ွာနဲ႔လ်က္ေနတာေၾကာင့္ အသည္းအသန္ေအာ္ေနေလသည္။
"Deebo အထဲဝင္ေန"
ေခြးေလးသည္ သူ႔သခင္၏ စကားေၾကာင့္ အိမ္ထဲသို႔ အၿမီးတလႈပ္လႈပ္ျဖင့္ ဝင္သြားေလသည္။ ျမတ္သည္ တစ္ကိုယ္လံုး ေရစိုေနေသာ ဟန္ေနြရာ၏ လြယ္အိတ္ကို ယူလိုက္ၿပီးေနာက္ တစ္လက္ထဲ ဟန္ေနြရာ၏ စက္ဘီးကို ဂိုေထာင္ထဲ ထည့္ေပးလိုက္သည္။
"စေန့ေန့ႀကီး မနက္ပိုင္း စာသင္ရၪီးမယ္။ ညေနက်ရင္လည္း ညေက်ာင္းသြားရၪီးမွာကို မိုးက အရမ္းကို ရြာေနတာပဲ"
"ဟန္ေနြရာ ရာသီဥတုကို အျပစ္မတင္ခင္ စိုရႊဲေနတာကို အရင္ေနြးေထြးေအာင္ လုပ္ၪီး၊ အေပၚတက္သြားရင္ ညာဖက္ ဒုတိယေျမာက္က ငါ့အခန္း "
" အင္း ငါသိၿပီ၊ တီခ်ယ္ေရာက္ေနၿပီလား?"
"မေရာက္ေသးဘူး"
"တီခ်ယ္က ဒီရပ္ကြက္ထဲကို ေရာက္ဖူးတာ မဟုတ္ဘူး။ နင္ သြားႀကိဳသင့္တယ္။ ငါ အေပၚထပ္ တက္ၿပီေနာ္ "
ဟန္ေနြရာသည္ သူေျပာခ်င္ရာကို စြတ္ေျပာၿပီးေနာက္ အိမ္ေပၚ ေျပးတက္သြားေလသည္။
ျမတ္သည္ တီခ်ယ္သက္ဆီ ဖုန္းဆက္လိုက္သည္။ ပထမအႀကိမ္ဖုန္းေခၚဆိုမႈသည္ ျပန္လည္ေျဖၾကားမည့္သူ မရိွခဲ့ေခ်။ ဒုတိယအႀကိမ္ေခၚဆိုေသာအခါ၌ ခ်ိဳသာေသာ တီခ်ယ္အသံထြက္လာသည္။
"ဟဲလို ျမတ္ေရ တီခ်ယ္ ဘတ္စ္ေပၚမွာပဲ ရိွေသးတယ္။ ဒီေန့မွ လမ္းက ပိတ္ေနလို႔၊ တီခ်ယ္အခ်ိန္မီ လာခဲ့ပါ့မယ္"
"ဟုတ္တီခ်ယ္။ ျမတ္ တီခ်ယ္ကို ကားမွတ္တိုင္ လာေခၚပါ့မယ္။ "
" ေကာင္းပါၿပီ"
ျမတ္သည္ ကားမွတ္တိုင္ကို ထြက္လာစဥ္ ရွင္းလက်္ာသည္ မိုးကာအက်ႌႏွင့္ ထီးကို လံုၿခံဳစြာ ေဆာင္း၍ လာေနသည္။
"ဟန္ေနြရာ ေရာက္ေနတယ္။ ကူညီေပးလိုက္ၪီး "
ရွင္းလက်္ာသည္ ေခါင္းညိမ့္ျပၿပီးေနာက္ ေက်ာ္ျဖတ္သြားသည္။ ျမတ္သည္လည္း စိတ္ထဲ မထားဘဲ ကားမွတ္တိုင္သို႔ ထြက္လာခဲ့သည္ ။ ဆယ့္ငါးမိနစ္ခန္႔ၾကာေသာအခါတြင္ ဘတ္စ္ေပၚမွ ျမန္မာဝတ္စံုကို ဝတ္ဆင္ထားေသာ ဣေျႏရိွလွေသာ အမ်ိဳးသမီးတစ္ၪီး ဆင္းလာခဲ့သည္။ ထိုအမ်ိဳးသမီးသည္ ကားမွတ္တိုင္ကို ေဝ့ၾကည့္လိုက္ၿပီးေနာက္ ရွာေဖြေနေသာ သူကို ေတြ့သြားေလသည္။
"တီခ်ယ္! ျမတ္ ဒီမွါ "
" တီခ်ယ္တို႔ ျမန္ျမန္ေလး သြားၾကရေအာင္၊ မိုးက ဒီထက္ သည္းခ်င္သည္းလာမွာ"
"ဟုတ္ တီခ်ယ္။ ျမတ္ေနာက္က လိုက္ခဲ့ေပးပါေနာ္"
ျမတ္တို႔သည္ တိတ္ဆိတ္ေသာ လမ္းတစ္ေလ်ွာက္ စကားစျမည္ေျပာလာၾကသည္။ ေရ႔ွတည့္တည့္ကိုသာ ၾကည့္၍ သြားေနေသာ ျမတ္သည္ ရႊံဗြက္အိုင္တစ္ခုကို နင္းမိေတာ့မည္ ျဖစ္၍ ေဒၚသက္လ်ာေက်ာ္သည္ ျမတ္၏ လက္ေမာင္းကို လွမ္းဆြဲလိုက္သည္။
"ျမတ္ သတိထားေနာ္"
"ဟုတ္ တီခ်ယ္ " တီခ်ယ္သက္က ရုတ္တရက္ သူ႔လက္ေမာင္းကို ထိလာတာေၾကာင့္ ျမတ္သည္ ရွက္ေသြးျဖာလာသည္။ သူသည္ အလြယ္တကူ ရွက္တတ္သူမဟုတ္ေသာ္လည္း သူႏွစ္သက္သေဘာက်ေနသူထံမွ မေတာ္တဆထိေတြ့မႈ ေသးေသးေလးကပင္ သူ႔အား အလြန္အမင္း ၾကည္ႏူးေစမိသည္။ လမ္းေလ်ွာက္ေနတာေၾကာင့္ လက္ခ်င္း မေတာ္တဆထိေတြ့မိၾကေသာအခါ ျမတ္သည္ မၿပံဳးဘဲ မေနႏိုင္ေတာ့ေပ။
ေနာက္ဆံုး၌ ျမတ္တို႔သည္ မိုးထပ္ရြာခင္ ကပ္သီအခ်ိန္ေလး၌အိမ္သို႔ေရာက္လာသျဖင့္ ျမတ္တို႔အိမ္ထဲဝင္သည္ႏွင့္ မိုးသည္းထန္စြာ စတင္ရြာလာသည္။ ျမတ္ႏွင့္ ေဒၚသက္လ်ာေက်ာ္သည္ မတိုင္ပင္ဘဲ ရယ္လိုက္မိသည္။ ျမတ္သည္ သြားတန္းျဖဴျဖဴေလးေတြ ေပၚလာသည္အထိ သေဘာတက်ရယ္ေနေသာ တီခ်ယ္ေလးကို ထပ္မေငးဘဲ မေနႏိုင္ေတာ့ေခ်။ ထိုစဥ္ Deebo ေလးသည္ အိမ္ထဲမွ ထြက္လာၿပီး တီခ်ယ္သက္ကို ျမင္ေသာအခါ တိုးေဝ႔ွေနေတာ့သည္။
ေဒၚသက္လ်ာေက်ာ္သည္ ေခြးေလး၏ လည္ပင္းက နာမည္ကတ္ျပားေလးကို ယူၾကည့္လိုက္သည္။
"နာမည္က Deebo ေပါ့ေနာ္။ Deebo ေလး တီခ်ယ္က စာသင္ဖို႔လာတာပါ၊ အဲတာေၾကာင့္ ခ်စ္ဖို႔ေကာင္းတဲ့ Deebo ေလးက တီခ်ယ္ကို ကူညီေပးပါၪီးေနာ္ " ေဒၚသက္လ်ာေက်ာ္သည္ ခ်စ္ဖြယ္ေကာင္းလွေသာ ေခြးေလးကို ပြတ္သပ္ေနျခင္းမွ သူ႔ကိုယ္သူ မရပ္တန္႔ႏိုင္ေတာ့ေခ်။
"Deebo တီခ်ယ္ကို အိမ္ထဲ ေခၚသြားေပးပါၪီး"
တီခ်ယ္သက္ႏွင့္ Deebo တို႔ အိမ္ထဲ ဝင္သြားေသာအခါတြင္ ျမတ္သည္ တီခ်ယ္သက္အတြက္ ႏွင္းဆီပန္းခူးရန္ ကတ္ေၾကးကို ယူလိုက္ကာ ပန္းပင္မ်ားဆီသို႔ ထြက္လာခဲ့သည္။
ဟန္ေနြရာသည္ တစ္ကိုယ္လံုး ေရစိုေနတာေၾကာင့္ ၾကမ္းျပင္ကို ေရမစိုေစရန္ အဝတ္အကုန္ခြၽတ္လိုက္သည္။ ဆံပင္ရွည္ကလည္း စိုေနၿပီ ျဖစ္တာေၾကာင့္ အဝတ္မလဲခင္ ေခါင္းသုတ္ရန္ တဘတ္ကို ယူလိုက္သည္။ ထိုစဥ္ မွန္တင္ခံုေပၚက ျမတ္၏ ဖုန္းက တုန္ခါလာတာေၾကာင္ ဟန္သည္ သြားယူၾကည့္လိုက္သည္။ ဖုန္းကိုင္ရန္ ျပင္လိုက္ေသာ္လည္း က်သြားတာေၾကာင့္ ဖုန္းContact ကိုသာ ၾကည့္လိုက္သည္။
"သူ႔အေမဆီက ဆက္တာပဲ "
ဟန္ေနြရာသည္ ဖုန္းကို ျပန္ခ်ရန္ ျပင္လိုက္ေသာ္လည္း ျမတ္က ဖုန္းကို Gallery ထဲက ပံုေတြကို ၾကည့္ေနရင္း ပိတ္ထားခဲ့ဟန္ တူသည္။ သူသည္ အမွတ္တမဲ့ႏွင့္ ပံုေတြကို ဆြဲခ်ၾကည့္မိသြားသည္။
" ဒါက ဘာေတြလဲ????"
ျမတ္၏ ဖုန္းထဲက မ်ားေျမာင္လွေသာ တီခ်ယ္သက္၏ ပံုမ်ားေၾကာင့္ ဟန္ေနြရာ အနည္းငယ္ ထူးဆန္းသြားသည္။ မ်ားေသာအားျဖင့္ တိတ္တဆိတ္ရိုက္ယူထားပံုရၿပီး ဖိုင္မ်ားျဖင့္ ေသသပ္စြာ ခြဲထားသည္။ ဖုန္း Gallery တစ္ခုလံုး တီခ်ယ္သက္၏ လႈပ္ရွားမႈတို႔ကို မွတ္တမ္းတင္ထားသည္မ်ားသာ ရိွသည္။ ဟန္ေနြရာ၏ စိတ္အတြင္း၌ မေသခ်ာ မေရရာေသာ သံသယစိတ္မ်ား ျဖတ္ေျပးသြားသည္။ ထို႔ေၾကာင့္ သူသည္ ခံုေပၚက စာအုပ္မ်ားကို လွန္ၾကည့္မိေတာ့သည္။
" တီခ်ယ္ ေဒၚသက္လ်ာေက်ာ္
ေမြးေန့ - 21.7.1982 ၊
ႀကိဳက္ႏွစ္သက္ေသာ ပန္း- အနီရင့္ရင့္ ႏွင္းဆီပန္း၊ အႀကိဳက္ဆံုး idol- Fifth Harmony၊
သီခ်င္း- Bebe rexha ရဲ့ Meant to be............. and etc"
ဟန္ေနြရာသည္ ထိုကေလးဆန္လွေသာ မွတ္စုမ်ားေၾကာင့္ ေခါင္းထဲ၌ ရႈပ္ေထြးေနေလသည္။ ျမတ္က အဘယ္ေၾကာင့္ ေဒၚသက္လ်ာေက်ာ္၏ အေၾကာင္းမ်ားကို စံုစမ္းေနရပါသနည္း? ဟန္ေနြရာသည္ ဒိုင္ယာရီစာအုပ္ကို ဆြဲထုတ္လိုက္စဥ္ မ်က္ဝန္းေထာင့္မွ အရိပ္တစ္ခုကို ေတြ့လိုက္တာေၾကာင့္ သူသည္ အလန္႔တၾကားေအာ္လိုက္မိသည္။
"အားးးးးး အေမေရ သရဲ သရဲ!! "
ရွင္းလက်္ာသည္ သူသည္လည္း မိုးေရထဲက လာတာေၾကာင့္ ညစ္ေပေနေသာ ေျခေထာက္ကို သန္႔စင္ရန္ ျမတ္၏ အခန္းသို႔ လာခဲ့သည္။ သို႔ေသာ္လည္း တံခါးဖြင့္လိုက္သည္ႏွင့္ တဘတ္ကို ကပိုကရိုေလး ပတ္ထားေသာ ဟန္ေနြရာ၏ ေနာက္ေက်ာေလးကို သူသည္ အၾကည့္မလႊဲႏိုင္ေတာ့ဘဲ ေငးၾကည့္ေနမိသည္။ အလယ္တန္းတုန္းက ပါးေဖာင္းေဖာင္းေလးႏွင့္ ကေလးမေလးသည္ မည္သည့္အခ်ိန္ကပင္ သြယ္လ်လွပကာ ဆြဲေဆာင္မႈ ရိွေသာ မိန္းကေလးအျဖစ္ေျပာင္းသြားသည္ကို သူမသိေခ်။ အလယ္တန္းတုန္းက သူ႔ေနာက္ကို တေကာက္ေကာက္လိုက္ကာ "ရွင္းလက်္ာကို ငါအခ်စ္ဆံုး" ဟု လိုက္ေျပာေနတတ္ေသာ ေကာင္မေလးသည္ အထက္တန္းေရာက္ေသာအခါ သူ႔အား ယခင္ကလို ကပ္တြယ္ျခင္း မရိွေတာ့တာေၾကာင့္ ဝမ္းနည္းမိေသးသည္ ။
ရွင္းလက်္ာသည္ ဟန္ေနြရာကို ေငးေနစဥ္ ဟန္ေနြရာ၏ အလန္႔တၾကားေအာ္သံေၾကာင့္ သူသည္လည္း သတိဝင္လာခဲ့သည္။
"ဟန္ဟန္ ငါပါ၊ သရဲ မဟုတ္ပါဘူး။ "
" နင္က ဘာလို႔အဲမွာ ရပ္ေနတာလဲ? သရဲထင္လို႔ တကယ္လန္႔သြားတာပဲ" ဟန္ေနြရာသည္ ရင္ဘတ္ကို ဖိလ်က္ ေျပာသည္။
"ေအးေနတာကို လံုလံုၿခံဳၿခံဳေနစမ္းပါ" ရွင္းလက်္ာသည္ အက်ႌကို ဟန္ေနြရာဆီ ပစ္ေပးရင္း ေျပာလိုက္သည္။
ဟန္ေနြရာသည္ တိုးတိုးေလးႏွင့္ ပြစိပြစိေျပာေနရင္း အဝတ္ဝတ္လိုက္သည္။ သူ,,မသိသည္က Hoodie ေခါင္းစြပ္၏ ေအာက္က ရွင္းလက်္ာ၏ နားရြက္ဖ်ားမ်ား ရဲေနသည္ကိုပင္ ျဖစ္သည္။ ဟန္ေနြရာသည္ အဝတ္လဲၿပီးေနာက္ သူမသည္ ျမတ္၏ ဖုန္းႏွင့္ စာအုပ္ထဲက အေၾကာင္းအရာမ်ားကိုသာ စိတ္ေရာက္ေနတာေၾကာင့္ ရွင္းလက်္ာကို သတိမထားမိခဲ့ေပ ။ ဟန္ေနြရာတို႔ ျပန္ဆင္းလာေသာအခါတြင္ ဧည့္ခန္းထဲက ျမင္ကြင္းေၾကာင့္ သူ၏ စိတ္အစဥ္သည္ ေမးခြန္းမ်ားျဖင့္ ျပည့္ႏွက္သြားရျပန္ပါသည္။
ျမတ္သည္ တီခ်ယ္သက္၏ ဆံထံုးေပၚ အနီရဲရဲႏွင္းဆီပန္းကို ပန္ဆင္ေပးေနၿပီး မ်က္ဝန္းမ်ားသည္ အလြန္အမင္းႏူးညံ့သြားသည္။ ဟန္ေနြရာသည္ ရုတ္တရက္ သတိမထားမိဘဲ ရွင္းလက်္ာကို ကိုင္ထားေသာ လက္ကို တင္းၾကပ္သြားမိသည္။
"ကေလးတို႔ ကိုးနာရီထိုးၿပီဆိုေတာ့ စာစသင္ၾကရေအာင္ "
"ဟုတ္ကဲ့ တီခ်ယ္" ဟန္ေနြရာသည္ ခံုတြင္ ဝင္ထိုင္ရင္း သူသည္ ထိုတစ္ေလ်ွာက္လံုး ျမတ္ကို အကဲခတ္ေနမိသည္။
ရွင္းလက်္ာသည္ သူ႔၏ လက္က နီရဲေနေသာ လက္ေခ်ာင္းရာမ်ားေၾကာင့္ ဝမ္းနည္းမိသည္။ ထို႔ျပင္ ဟန္ေနြရာက တစ္ခ်ိန္လံုး ျမတ္ကိုသာ ၾကည့္ေနတာေၾကာင့္ သူသည္ မနာလိုစိတ္ေသးေသးေလးျဖစ္လာရသည္။
ဟန္ေနြရာသည္ ထိုေန့မွ စ၍ ျမတ္ကို ေတာက္ေလ်ွာက္ အကဲခတ္ေနမိသည္။ ျမတ္သည္ မနက္တိုင္း တီခ်ယ္သက္ကို ပန္းေပးေလ့ရိွၿပီး ေန့လယ္ပိုင္းတြင္ မုန္႔မ်ားေပးတတ္သည္။ အတန္းထဲတြင္လည္း တစ္ခါတစ္ရံ၌ ဓာတ္ပံုရိုက္ယူေလ့ရိွၿပီး မ်ားေသာအားျဖင့္ ႏူးညံ့ေသာ အၾကည့္မ်ားရိွေနတတ္သည္။ ဟန္ေနြရာသည္ ဆရာမႏွင့္ ေက်ာင္းသားၾကားက ကိစၥမို႔ မျဖစ္ႏိုင္ဘဲ အထင္မွားေနသည္ဟု ကိုယ့္ကိုယ္ကို သတိေပးေနေသာ္လည္း လိုက္မၾကည္လည္း မေနႏိုင္ခဲ့ေခ်။
ျမတ္သည္ မနက္တိုင္းေက်ာင္းသြားလ်ွင္ တီခ်ယ္သက္အတြက္ ႏွင္းဆီပန္းယူသြားေပးၿပီး ေန့လယ္စာစားခ်ိန္တိုင္း တီခ်ယ္ႀကိဳက္တတ္ေသာ မုန္႔မ်ားကို နားေနခန္းသို႔ ပို႔ေပးေလ့ရိွသည္။ ေဒၚသက္လ်ာေက်ာ္သည္ ကေလးငယ္ထံက မုန္႔မ်ားလာေပးတာေၾကာင့္ အစပိုင္းတြင္ အားနာမိေသာ္လည္း သူႏွစ္သက္ေသာ မုန္႔မ်ားကိုခ်ည္း လာပို႔ေပးေနေသာအခါတြင္ သူသည္လည္း မျငင္းေတာ့ေခ်။
ဟန္ေနြရာသည္ နားေနခန္းထဲမွ ျပန္ထြက္လာခဲ့ေသာ ျမတ္ကို ၾကည့္ကာ သူသည္ စိတ္ကို မခ်ဳပ္တည္းႏိုင္ေခ်။ ထို႔ေၾကာင့္ သူသည္ စာၾကည့္တိုက္ေရ႔ွ၌ ရပ္ေနကာ အထဲသို႔ ဝင္သြားေသာ ျမတ္ကို ေစာင့္ေနသည္။ စာအုပ္မ်ားငွါးကာ ျပန္ထြက္လာေသာ ျမတ္သည္ ဟန္ေနြရာကို ေတြ့လိုက္ရသည္။
"ျမတ္ ငါနဲ႔ ခဏလိုက္ခဲ့ " ၿပီးေနာက္ ဟန္ေနြရာသည္ ျမတ္၏ လက္ကို ဆြဲလ်က္ စာၾကည့္တိုက္ေဘးမွ ပစၥည္းစတိုခန္းထဲသို႔ ေခၚသြားကာ တံခါးပိတ္ထားလိုက္သည္။ ျမတ္သည္ အမူအရာ အလြန္ေလးနက္ေနကာ ေခါက္တုန္႔ေခါက္ျပန္လမ္းေလ်ွာက္ေနေသာ ဟန္ေနြရာေၾကာင့္ တိတ္တိတ္ေလး ရပ္ေစာင့္ေနေလသည္ ။ ဟန္ေနြရာသည္ ျမတ္၏ မ်က္ႏွာအနားကို ရုတ္တရက္ တိုးကပ္ကာ ဆိုလိုက္သည္။
"ျမတ္ နင္ တီခ်ယ္သက္အေပၚ ခံစားခ်က္ေတြ ရိွေနတာလား?"
ျမတ္လက္ထဲ၌ ကိုင္ထားေသာ စာအုပ္မ်ားသည္ ေျမျပင္ေပၚ "ဘုတ္ !" ခနဲ ျပဳတ္က်သြားေလသည္။
Thanks for reading.
Zucchinin - မေန့က ေတာ္ေတာ္မ်ားမ်ားက တီခ်ယ္သက္ဆိုတဲ့ အေခၚအေဝၚေလးကို ပိုႏွစ္သက္တယ္ဆိုလို႔ ေနာက္ပိုင္းေတြက်ရင္ တီခ်ယ္သက္လို႔ပဲ သံုးပါေတာ့မယ္။ ေျဖၾကားေပးတဲ့ တစ္ၪီးခ်င္းစီကို ေက်းဇူးတင္ပါတယ္။ 💙
You are reading the story above: TeenFic.Net