ယနေ့သည် ကျောင်းဖွင့်ရက်ဖြစ်တာကြောင့် ဒေါ်သက်လျာကျော်သည် ကျောင်းသွားရန်အတွက် အဖြူအစိမ်းဝတ်စုံကို ဝတ်ဆင်ထားပြီး မှန်ရှေ့တွင် ဆံထုံးထုံးနေလေသည်။ အထက်တန်းအောင်စဥ်က စီးပွါးရေးတက္ကသိုလ်တက်ခိုင်းခဲ့သော မိဘနှစ်ပါးကို လွန်ဆန်ကာ မိမိနှစ်သက်ရာ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ခဲ့သည့်အတွကိ မိဘများက စိတ်ကွက်ခဲ့ကြသော်လည်း မိမိနှစ်သက်ရာကိုသာ ရွေးချယ်ခဲ့သည့်အတွက် ကျေနပ်မိပေသည်။ မိမိသဘောကျပညာရပ်ကို သင်ကြားခွင့်ရရှိရေးအတွက် အပတ်တကုတ်ကြိုးစားခဲ့ပြီးနောက်တွင် ယခုအထက်တန်းကျောင်း၌ အင်္ဂလိပ်စာပြ ဆရာမတစ်ဦးဖြစ်လာရသည်။
ဒေါ်သက်လျာကျော်သည် ဆံထုံးအား နောက်ဆုံးကလစ်တစ်ချောင်းထိုးပြီးချိန်၌ ကျေနပ်စွာ ပြုံးလိုက်သည်။
ဒေါက် ဒေါက်
"သမီးရေ အမေ အခန်းထဲကို ဝင်လာခဲ့ပြီနော်"
ဒေါ်သက်လျာကျော်သည် သူ့အမေက အခန်းထဲ ဝင်လာကြောင့် နှုတ်ခမ်းကို မသိမသာ ဆူထားလိုက်သည်။ သူသည် အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦးဖြစ်နေသော်လည်း သမီးမိန်းကလေးတစ်ဦးသာ ရှိသော အိမ်တွင် ကလေးသဖွယ် ဆက်ဆံခံနေရမြဲ ဖြစ်သည်။ အမြဲတစေ အရိပ်တကြည့်ကြည့်စောင့်ရှောက်ခံနေရဆဲပင် ဖြစ်သည်။ ဒေါ်ခေမာသည် ဆံထုံးကို ပန်းပန်နေသော သမီးကို ကူညီကာ ပန်ပေးလိုက်သည်။
"သမီး၊ သမီးလည်း အသက်မငယ်တော့ဘူး။ အိမ်ထောင်ရက်သားပြုဖို့ စဥ်းစားပါဦး။ အခုလည်း သမီးလုပ်ချင်တဲ့ ဆရာမအလုပ်ကို လုပ်ခွင့်ရနေပြီလေ။ သမီးအစ်ကိုကိုပဲ ကြည့်။မောင်သန့်ဇင်လေးတောင်မှ အထက်တန်းရောက်နေပြီ။ သမီးမိန်းကလေးဆိုတာ သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ရတယ်တဲ့။ မောင်မြတ်လင်းခန့်ကလည်း သမီးကို လူကြီးစုံရာနဲ့ လာရောက်တောင်းရမ်းချင်တယ်လို့ ပြောတယ်။ မောင်မြတ်လင်းခန့်က လူကောင်းလေးပါ။ သမီးရော ဘယ်လိုသဘောရလဲ "
"သမီးအိမ်ထောင်ရေးကို သမီးဘာသာ ဆုံးဖြတ်ပါရစေ။ သမီးလည်း အရွယ်တစ်ခုရောက်နေပါပြီ။ သမီးကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မေမေတို့ လေးစားပေးပါ "
ဒေါ်ခေမာသည် ခေါင်းမာလှသော သမီးဖြစ်သူကြောင့် သက်ပြင်းအသာချမိသည်။ ဘဝတစ်ခုတည်ထောင်ဖို့ ကိစ္စဖြစ်တာကြောင့် ဖြေးဖြေးနားသွင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
"ဒါဖြင့် အမြန်ပြင်ဆင်ပြီး ဆင်းခဲ့၊ မောင်မြတ်လင်းခန့် သမီးကို စောင့်နေတယ်၊ အကြာကြီးစောင့်နေရတာ အားနားစရာကောင်းတယ် "
ဒေါ်သက်လျာကျော်သည် စိတ်အလိုမကျဖြစ်သွားသော်လည်း လက်ဆွဲအိတ်ကိုင်လျက် အောက်ထပ်ဆင်းလာခဲ့ရသည်။
"တီလေး ဆင်းလာပြီ ၊ တီလေး မောနင်း " မနက်စာ,စားနေသော သန့်ဇင်မောင်သည် အန်တီလေးကို နှုတ်ဆက်လိုက်သည်။
"မောနင်း၊ အစ်ကိုကြီးကရော "
"ဖေဖေက မေမေ့ကို ဈေးလိုက်ပို့တယ် တီလေး"
"အော် " သက်လျာကျော်သည် ဧည့်ခန်းတွင် ထိုင်နေသော ကိုမြတ်လင်းခန့်ကို လျစ်လျူရှုကာ မနက်စာ စားနေလိုက်သည်။
"မောင်မြတ်လင်းခန့် မနက်စာ မစားခဲ့ရသေးရင် တစ်ခါထဲ ဝင်လာစားလေ၊ မနက်စောစော ထလာခဲ့ရတာ အားနာစရာကောင်းလိုက်တာ "
"ရပါတယ် အန်တီ ၊ကျွန်တော်လည်း လမ်းကြုံနေလို့ သက်ကို ကျောင်းလိုက်ပို့ပေးချင်လို့ပါ။ "
သက်သည် မေမေနှင့် ကိုမြတ်လင်းခန့်တို့ စကားပြောနေသည်ကို နားထောင်ရင်း မျက်စိမလှန်မိစေရန် အတော်လေးကြိုးစားနေရသည်။ ပြီးနောက် သက်သည် ငြင်းပယ်ရန် မဖြစ်တာကြောင့် ကိုမြတ်လင်းခန့်၏ကားနှင့် လိုက်လာခဲ့ရသည်။ တစ်လမ်းလုံးတွင် မည်သူကမှ စကားမဆိုတာကြောင့် ကားအတွင်း လေထုသည် တိတ်ဆိတ်နေသည်က စိတ်ညစ်ညူးဖွယ်ကောင်းလှသည်။ သန့်ဇင်မောင်သည် စိတ်ဖိစီးဖွယ်ရာ လေထုအခြေအနေမှ လွတ်မြောက်စေရန် ဂိမ်းဆော့ရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် အန်တီလေး ဆူတာကို ခံလိုက်ရသည်။
" မြတ် အခုလို အစိုးရကျောင်းမှာ မနက်စောစောသွားသင်နေရတာ မပင်ပန်းဘူးလား? သက် သင်ချင်တယ်ဆိုရင် ကိုယ် အသိကိုယ်ပိုင်ကျောင်းတွေကို စုံစမ်းပေးရမလား?"
မြတ်လင်းခန့်သည် မီးပွိုင့်မိနေသည်ကို အခွင့်ကောင်းယူကာ စကားစလိုက်သည်။
"ကျွန်မတော့ ပင်ပန်းတယ်လို့ မခံစားရပါဘူး။ ဒါက ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ပဲလေ။ အစ်ကိုမြတ်လင်းခန့်ကသာ ဟိုတယ်အလုပ်နဲ့ ကိုယ်ပိုင်ကျောင်းကိစ္စကို ဆက်စပ်နေရလို့ ပင်ပန်းနေမှာကိုပဲ စိုးရတယ်"
သန့်ဇင်မောင်သည် အန်တီလေး၏ အရှိုက်ထိလှသော စကားကြောင့် ရယ်ချင်သွားသော်လည်း အလျင်အမြန်ပင် မျက်နှာပိုးသတ်လိုက်ရသည်။ ကျောင်းသို့ရောက်ပြီးနောက် ဒေါ်သက်လျာကျော်က ကျောင်းအုပ်ကြီး ရုံးခန်းသို့ ဝင်သွားပြီး သန့်ဇင်မောင်သည် နားနေခန်းအတွင်း၌ အန်တီလေး၏ အိတ်ကို သွားထားလိုက်သည်။ ပြန်ထွက်လာချိန်တွင် ရှင်းလကျ်ာကို တွေ့လိုက်ရတာကြောင့် နှုတ်ဆက်လိုက်သည်။
" မောနင်း ရှင်းလက်ျာ "
သို့သော်လည်း ရှင်းလက်ျာသည် သန့်ဇင်မောင် နှုတ်ဆက်သည်ကိုပင် မမြင်နိုင်အောင် အတွေးများနေခဲ့သည်။ သန့်ဇင်မောင်သည် သူ့ကို မမြင်ချင်ယောင်ဆောင်သွားသော ရှင်းလကျ်ာကြောင့် သူ၏ အသည်းနှလုံးလေး ညှိုးနွမ်းသွားသည်။
" ငါတို့က ညကျောင်းလည်း အတူတက်ကြတာပဲကို အဲလောက်ထိ စိမ်းကားစရာ လိုလို့လား? မိန်းကလေးတွေက တကယ်ထူးဆန်းတာပဲ" သူသည် အတန်းထဲသို့ လာစဥ်တစ်လျှောက်လုံး ဝမ်းနည်းနေခဲ့ပြီး အတန်းထဲရောက်သောအခါတွင် ဇီဝဗေဒဆရာမက စာမေးမည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ သူသည် ဖြေမဆည်နိုင်အောင် ဝမ်းနည်းသွားမိရပြန်သည်။
ရှင်းလက်ျာသည် စာကြည့်တိုက်မှ ပြန်လာသည့် တစ်လျှောက်လုံးတွင် စိတ်နှင့် ကိုယ်မကပ်ဘဲ စာရေးခုံပေါ် မှောက်အိပ်နေမိသည်။ယနေ့တွင် သူသည် စာကြည့်တိုက်တွင် စာအုပ်အသစ်များရောက်တာကြောင့် ကူညီပေးစဥ်တွင် ဟန်နွေရာကို တွေ့လိုက်တာကြောင့် ထွက်ခေါ်ရန် ပြင်လိုက်သော်လည်း ဟန်နွေရာသည် မြတ်၏ လက်ကို ဆွဲကာ လူမရှိသော စတိုခန်းထဲ ဝင်သွားသည်ကို သူတွေ့လိုက်ရသည်။ ဒီတိုင်း ပြန်သွားရန် ပြင်လိုက်သော်လည်း သူသည် မနေနိုင်ဘဲ စတိုခန်းတံခါးကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ ကြားလိုက်ရသော စကားကြောင့် သူ၏ သွေးကြောများ ရပ်တန့်ကုန်သည်ဟုပင် ထင်လိုက်ရသည်။
" မြတ် နင် တကယ်ကြီး သဘောကျတာလား?"
သူသည် အပြန်ပြန်အလှန်လှန် ပဲ့တင်ထပ်နေသော စကားစုကြောင့် သူ၏ နှလုံးအိမ်သည် နာကျင်လွန်းလှသည်။ ငယ်စဥ်ကတည်းက သူ့နောက်ကိုစာ တကောက်ကောက်လိုက်ခဲ့သော ကောင်မလေးသည် အထက်တန်းရောက်လာသောအခါတွင် ရှက်ရွံ့နေသောကြောင့် ရှောင်ဖယ်နေသည်ဟု ထင်ခဲ့သော်လည်း တစ်ခြားတစ်ယောက်ကို သဘောကျနေခဲ့တာကြောင့်ဟု သူမထင်ခဲ့ပေ။ ရှင်းလကျ်ာသည် စာရေးခုံပေါ် တစ်ချိန်လုံးမှောက်အိပ်နေခဲ့တာကြောင့် အတန်းတက်သွားသည်ကိုပင် မသိခဲ့ချေ။
စာကြည့်တိုက်တွင် ။
"မြတ် နင် တီချယ်သက်အပေါ် ခံစားချက်တွေ ရှိနေတာလား?"
မြတ်လက်ထဲ၌ ကိုင်ထားသော စာအုပ်များသည် မြေပြင်ပေါ် "ဘုတ် !" ခနဲ ပြုတ်ကျသွားလေသည်။ မြတ်သည် ဟန်နွေရာမှ သူ့အား လျင်မြန်စွာ သတိပြုမိသွားလိမ့်မည်ဟု မထင်ခဲ့ပေ။ တုံးအလှသော ထိုခေါင်းသေးသေးလေးသည် အဘယ်ကြောင့် ထိုမျှ ထက်မြတ်နေရပါသနည်း။
" ငါ အချိန်အကြာကြီး တွေးပြီးပြီ။ မဖြစ်နိုင်ဘူးလို့ ထင်နေပေမဲ့ ငါ တကယ်ကြီးအဲလို ထင်နေတာ။ လုံးဝကို နူးညံ့နေတဲ့အကြည့်တွေနဲ့ အပြုအမူတွေကလေ ငါ့ကို သတိမထားဘဲကို မနေနိုင်ဘူး။ ဟဲ့ မြတ် နင်အဲလိုကြီး ရပ်မနေနဲ့လေ ငါ့ကို တစ်ခုခုပြောပါဦး။ ငါ အဲတာကိုချည်း စိတ်ရောက်နေလို့ စာတောင် မလုပ်နိုင်ဘူး "
" အဲတာက..."
" နင် တကယ်ကြီး တီချယ်သက်ကို သဘောကျနေတာလား? "
"အင်း၊ ငါ စတွေ့ထဲက အဲလိုဖြစ်နေခဲ့တာ " မြတ်သည် သူ၏ တစ်ဦးထဲသော သူငယ်ချင်းလေးကို မဖုံးကွယ်ထားချင်တာကြောင့် ဝန်ခံလိုက်၏။ ဟန်နွေရာသည် နှုတ်ခမ်း'အို'ပုံစံလေးဖြစ်သည်အထိ အံသြသွားလေသည်။
" မြတ် နင်ဘာပြောနေတာလဲဆိုတာကိုတောင် သိရဲ့လား? နင်က တီချယ်သက်ကို သဘောကျတယ်။ နင် တကယ်ကြီး သဘောကျတာလား? ငါ့ကို မနောက်ပါနဲ့ဟာ "
" ငါ သေချာတွေးလေလေ ပိုသေချာလာလေလေပဲ။ ငါ တီချယ်နဲ့အတူ ရှိရတာကို ကြိုက်တယ်။ တီချယ်ပြုံးနေတာ မြင်ရရင် ငါပျော်တယ်။ တီချယ်ငါ့အပေါ်မှာ နည်းနည်းလေး ဂရုစိုက်ပေးရင်တောင် ငါ အရမ်းဝမ်းသာမိတာ "
ဟန်နွေရာသည် အလွန်နူးညံ့စွာ ပြောနေသော မြတ်ကြောင့် သူသည် အနည်းငယ် ယုံကြည်ချင်လာသည်။
"နင်က မိန်းကလေးတွေကို ကြိုက်တာ သေချာလို့လား? နင် စိတ်ထင်မှားနေတာရော မဖြစ်နိုင်ဘူးလား? "
" အဲတာဆို နင်ကရော မိန်းကလေးတွေ အကုန်လုံးကို ကြိုက်တာလား? "
"ငါ့ကို မေးခွန်းမေးပြီး ပြန်မဖြေနဲ့။ ပြီးတော့ ငါအဲတာကို မဖြေချင်ဘူး။ နင်ဖက်က သဘောကျတယ်ဆိုရင်တောင် အဲတာက မဖြစ်နိုင်သေးဘူး။ သူက ငါတို့ကို သင်နေတဲ့ တီချယ်ဖြစ်နေတာက ပိုတောင်ဆိုးသေးတယ်။ ငါတို့ တက္ကသိုလ်ဝင်ခွင့်ဖြေရဦး၊ အဲတာက နင့်အတွက် အနှောင့်အယှက် ဖြစ်လိမ့်မယ်။ ငါ နင့်ကို အားပေးနိုင်လား အားမပေးနိုင်လားဆိုတာ မသေချာသေးဘူး။ဒါပေမဲ့ ငါ ကန့်ကွက်တာတော့ မလုပ်ပါဘူး "
မြတ်သည် ဟန်နွေရာ၏ ခေါင်းကို သဘောတကျ လှမ်းပုတ်လိုက်သည်။
"နင်ရော ဖွင့်မပြောဘူးလား"
"အဲအကြောင်း လာမပြောနဲ့၊ ရှင်းလကျ်ာကသေချာပေါက် အဆင့်မြင့် တက္ကသိုလ်တက်ရမှာ၊ ငါက ဝင်ခွင့်အောင်မအောင်တောင် မသေချာတာ။ ငါဘယ်လို လုပ်ဖွင့်ပြောရမှာလဲ။ ဘာအကြောင်းတွေပြောနေရလဲ မသိဘူး။ ကျောင်းတက်သွားတော့မယ် သွားမယ် "
မြတ်သည် ကြမ်းပြင်ပေါ်ကျနေသော စာအုပ်များကို ကောက်ယူလျက် လှစ်ခနဲ ပြေးသွားသော ဟန်နွေရာနောက် ပြေးလိုက်လာခဲ့သည်။ ဟန်နွေရာသည် အတန်းထဲ ပြန်ရောက်သည်နှင့် မျက်နှာမကောင်းသော ရှင်းလက်ျာကို သတိထားမိသော်လည်း အတန်းပိုင်စာသင်နေတာကြောင့် ခုံတွင် ဝင်ထိုင်လိုက်သည်။
"မြတ် ရှင်းလက်ျာကို ကြည့်ရတာ နေမကောင်းဘူး ထင်တယ်။ မျက်နှာ ညှိုးနေတယ်"
"ရွှေမျက်နှာလေး ညှိုးရင်တောင် ရင်ထဲဝယ် နာကျင်လှတယ်။ " မြတ်သည် ကြားဖူးနားဝသီချင်းတစ်ပိုင်းတစ်စကို ဆိုပြလိုက်သည်။
" ငါက နေမကောင်းဘူးဆ်ိုရင် ကျောင်းဆေးခန်းသွားလို့ ပြောမလို့ဟာကို ဘာတွေလာပြောနေတာလဲ?"
"ဟူးးး ရှင်းနဲ့မှ စိုးရိမ်တတ်ခဲ့ပြီကွယ်" ဟန်နွေရာက ရှက်လာတာကြောင့် မြတ်ကို လှမ်းရိုက်လိုက်ပေမဲ့ မြတ်ကို လက်ကို လှမ်းဖမ်းလိုက်သည်။
ရှင်းလကျ်ာသည် သင်္ချာအိမ်စာ,စာအုပ်လိုက်သိမ်းရန် ထလိုက်စဥ် မြတ်က ဟန်နွေရာလက်ကို ဖမ်းဆုပ်ထားပြီး ဟန်နွေရာက ရှက်ပြုံးလေး ပြုံးနေသည်။ ရှင်းလက်ျာသည် အောက်နှုတ်ခမ်းကို ဖိကိုက်ထားလိုက်သည်။
ယနေ့၏ နေ့လယ်ပိုင်းသည် ကျန်းမာရေးဟောပြောပွဲတစ်ခုရှိနေတာကြောင့် စာမသင်ရချေ။ ကျောင်းသား/သူများသည် ပျော်ရွှင်စွာ စနောက်ကစားနေကြသည်။
" မြတ်နဲ့ ရှင်းလကျ်ာ နင့်တို့ကို အင်္ဂလိပ်ဆရာမက လာကူညီပေးပါတဲ့ " ကျောင်းကောင်စီခေါင်းဆောင်က တစ်ဆင့်စကားလာပြောသည်။
" ကျောင်းကောင်စီခေါင်းဆောင် မီကရော ဝှိုင်း? မီက ဘာလို့ မပါတာလဲ?" ဟန်နွေရာသည် ကျောင်းကောင်စီခေါင်းဆောင်ကို မျက်နှာငယ်လေးလုပ်ပြသည်။
" ဒီနေ့တော့ တန်းခွဲ A က တစ်ယောက်ယောက်ကရော့ အသည်းကွဲနေပြီဗျို့ " အတန်းခေါင်းဆောင်က လှမ်းစလိုက်တာကြောင့် ဟန်နွေရာသည် ကျောင်းကောင်စီခေါင်းဆောင်အစား အတန်းခေါင်းဆောင်ကို ပြသနာသွားရှာနေတော့သည်။
" နင် ဒီနေ့ နေကောင်းရဲ့လား? နင့်ကို ကြည့်ရတာ တစ်ခုခုဖြစ်နေတဲ့ ပုံပဲနော် " မြတ်သည် အင်္ဂလိပ်ဆရာမက သူ့ကို ခေါ်တာကြောင့် ပြုံးနေမိရင်း မေးလိုက်သည်။
"နင့်ကို ကြည့်ရတာ ပျော်နေပုံပဲနော် " ရှင်းလက်ျာသည် သူ့အား လှောင်ပြောင်နေသည်ဟု ခံစားရတာကြောင့် ခပ်သွက်သွက်လေး လျှောက်လာခဲ့သည်။
"ကလေးတို့ တီချယ်ကို အသိပေးကြေညာစာရွက်တွေကို နံရံမှာ ကပ်ကူပါဦးကွယ် " ဒေါ်သက်လျာကျော်သည် ဗီနိုင်းစာရွက်များကို ကမ်းပေးရင်း ဆိုသည်။
မြတ်သည် တီချယ်သက်နှင့်အတူ ဟောခန်းမထဲတွင် ဗီနိုင်းစာရွက်များကို ကပ်နေရတာကြောင့် အလွန်ပျော်ရွှင်နေတာကြောင့် ပြုံးနေသည်ကို မရပ်မိပေ။
"မြတ်ကို ကြည့်ရတာ ပျော်နေတဲ့ ပုံပဲနော် "
" မြတ်က တီချယ်ကို ကူညီရတဲ့အတွက် ပျော်နေမိတာပါ"
"စာသင်ချိန် လွတ်သွားတာကြောင့် မဟုတ်ဘူးလား? တီချယ် သိနေတယ်နော်၊ မြတ် စာရွက်ကို အောက်နည်းနည်းချဦး " မြတ်ကိုင်ထားသော စာရွက်သည် စောင်းနေတာကြောင့် ဒေါ်သက်လျာကျော်သည် မြတ်၏ လက်ကို အနည်းငယ်ဆွဲချလိုက်သည်။
မြတ်သည် တီချယ်သက်မှ ရုတ်တရက် သူ့လက်ကို ကိုင်လိုက်တာကြောင့် ရင်ခုန်သွားမိသည်။ ထို့ပြင် တီချယ်သက်က သူ့နောက်မှာ ရပ်နေတာကြောင့် တီချယ်ထံမှ လာဗင်ဒါရေမွှေးနံ့လေးက သူ့ကို အရူးအမူးဖြစ်အောင် လှုံ့ဆော်နေလေသည်။
" ကဲ ဗီနိုင်းကပ်တာ ပြီးပြီ။ ရှင်းလကျ်ာ တီချယ်ကို တန်းခွဲA ရဲ့ ဗီရိုထဲမှာ တိတ်နဲ့ ကတ်ကြေးသွားယူပေးပါဦး။ မြတ်က တီချယ်နဲ့ ပန်းအိုးထိုးကြမယ် "
ရှင်းလကျ်ာသည် ဟောခန်းထဲမှ လှေကားတစ်လျှောက် လေးပင်စွာ တက်လာခဲ့သည်။ တန်းခွဲ A ၏ ဝရံတာတွင် ဟန်နွေရာသည် သန့်ဇင်မောင်နှင့်အတူ အပြင်ဖက်ကို ကြည့်ရင်း စကားပြောနေလေသည်။
" လောကမှာ ဘဟ်အရာကမှ မတည်မြဲဘူး။ ကိုယ်ပိုင်ဆိုင်ပြီထင်ထားခဲ့ပေမဲ့ တစ်ခါတလေကျတော့လည်း ကိုယ်နဲ့တောင် မသက်ဆိုင်ဘူး။ ထင်ယောင်ထင်မှား ဖြစ်ရတာ တကယ်ကို ဆိုးရွားတာပဲ ငါ အရင်ကတော့ အချစ်စစ်တို့၊ မေတ္တာစစ်တို့ကို တကယ်ရှိမယ် ထင်ထားတာ"
" ငါတော့ မထင်ပါဘူး" သန့်ဇင်မောင်သည် ပဲနို့ဘူးကို စုပ်သောက်ရင်း ဖြေလိုက်သည်။
" အချစ်ဆိုတာ မပြောင်းလဲဘူး ထင်ခဲ့ပေမဲ့ အချိန်ကြာလာရင် အချစ်သစ်ဆီပါသွားတတ်တာပဲ။ ဘဝက အရှည်ပေမဲ့ တိုလည်း မတိုဘူး။ အချိန်တွေ အများကြီး စောင့်စားနေခဲ့ရပေမဲ့ နောက်ဆုံးတော့မှ အသုံးမဝင်မှန်း သိလာရတယ်။ အဲအခါကျတော့ အရမ်းနောက်ကျသွားပြီလေ။ အဲတာကြောင့် ကိုယ်က ဘယ်သူ့ကို ချစ်တယ်ဆိုတာ ဆိုတာထက် ကိုယ့်အချစ်က ဘယ်သူ့ဆီမှာ ရှိတယ်ဆိုတာက ပိုအရေးကြီးတယ်။ တစ်ယောက်ထဲလည်း ဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်တယ်။ "
ရှင်းလက်ျာသည် လှေကားဘေးနံရံကို မှီရင်း ဟန်နွေရာ ပြောသည်ကို တိတ်တဆိတ်နားထောင်ရင်း မျက်ဝန်းထောင့်တို့ စိုရွှဲလာခဲ့သည်။ သူသည် ဟန်နွေရာတို့ ကြည့်နေသော နေရာကို ကြည့်လိုက်သောအခါတွင် မြတ်နှင့် တီချယ်သက်တို့ ပန်းအိုးထိုးနေသည်ကို တွေ့လိုက်ရသည်။ သူသည် လှေကားတစ်လျှောက် အသက်မဲ့စွာ ဆင်းလာပြီးနောက် ကျောင်းဆေးခန်းတွင် ငိုကြွေးမိတော့သည်။
"နင်က ငါ့ကို ဘာလို့ အဲတာတွေ လာပြောနေတာလဲ"
" ဘာလို့ဆိုတော့ ငါညတိုင်းက စောင့်ကြည့်နေတဲ့ ကိုရီးယားဒရမ်မာ ဇာတ်သိမ်းသွားလို့လေ။ နင်သိလား ? မင်းသမီးက ဒီလေါက်ထိ ချစ်နေတာကို အဲ Asshole မင်းသားက တခြားသူကို ရွေးသွားတယ်လေ။ စိတ်တိုလိုက်တာနော် ၊ငါ့မင်းသမီးအလှလေးကို သူက ဘာလို့ မရွေးပါလိမ့်"
" ငါ ဘာလို့ ဒီမှါ ရပ်နားထောင်နေမိပါလိမ့်"
"ဟေး နင်မှာ သဘောကျရတဲ့ သူရှိလား? ရှိရင် ပြောပြလေ"
"နင့်အစ်ကို ..."
"ဘာ!! နင်က ငါ့အစ်ကိုကိုများ!"
ဖြန်းခနဲ ရိုက်သံနဲ့အတူ သန့်ဇင်မောင် နောက်ကျောပူထူသွားတော့သည်။
သန့်ဇင်မောင်သည် ငိုမဲ့မဲ့အသံဖြင့် ဆက်ပြောလေသည်။
"ငါ ပြောတာ ဆုံးအောင်နားထောင်ပါလားဟာ။ ငါက နင့်အစ်ကို ဒီနေ့ စက်ဘီးယူလာရင် ငါ့ကို ခဏငှါးလို့ ငါ လေ့ကျင့်ခန်းစာအုပ်သွားဝယ်ချင်လို့ပါ "
"အော် ရတယ်လေ။ ရိုက်မိတာ ဆောရီးနော် "ပြီးနောက် ဟန်နွေရာသည် ထိုနေရာကနေ တစ်ခါထဲ တန်းပြေးတော့သည်။
မြတ်သည် တီချယ်သက်နှင့်အတူ ပန်းအိုးထိုးနေသည်ကို ကူညီပေးပြီးနောက် သူတို့သည် ဟောပြောခန်းမထဲ ဝင်ရတော့သည်။ တစ်ဝက်ခန့်ရောက်သောအခါ မြတ်သည် ရေသောက်ချင်တာကြောင့် ထွက်လာစဥ် မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏ မျက်လုံးတို့ မှေးစင်းသွားရသည်။
Thanks for reading......
ယေန့သည္ ေက်ာင္းဖြင့္ရက္ျဖစ္တာေၾကာင့္ ေဒၚသက္လ်ာေက်ာ္သည္ ေက်ာင္းသြားရန္အတြက္ အျဖဴအစိမ္းဝတ္စံုကို ဝတ္ဆင္ထားၿပီး မွန္ေရ႔ွတြင္ ဆံထံုးထံုးေနေလသည္။ အထက္တန္းေအာင္စဥ္က စီးပြါးေရးတကၠသိုလ္တက္ခိုင္းခဲ့ေသာ မိဘႏွစ္ပါးကို လြန္ဆန္ကာ မိမိႏွစ္သက္ရာ ပညာေရးတကၠသိုလ္ကို ေရြးခ်ယ္ခဲ့သည့္အတြကိ မိဘမ်ားက စိတ္ကြက္ခဲ့ၾကေသာ္လည္း မိမိႏွစ္သက္ရာကိုသာ ေရြးခ်ယ္ခဲ့သၫ့္အတြက္ ေက်နပ္မိေပသည္။ မိမိသေဘာက်ပညာရပ္ကို သင္ၾကားခြင့္ရရိွေရးအတြက္ အပတ္တကုတ္ႀကိဳးစားခဲ့ၿပီးေနာက္တြင္ ယခုအထက္တန္းေက်ာင္း၌ အဂၤလိပ္စာျပ ဆရာမတစ္ၪီးျဖစ္လာရသည္။
ေဒၚသက္လ်ာေက်ာ္သည္ ဆံထံုးအား ေနာက္ဆံုးကလစ္တစ္ေခ်ာင္းထိုးၿပီးခ်ိန္၌ ေက်နပ္စြာ ၿပံဳးလိုက္သည္။
ေဒါက္ ေဒါက္
"သမီးေရ အေမ အခန္းထဲကို ဝင္လာခဲ့ၿပီေနာ္"
ေဒၚသက္လ်ာေက်ာ္သည္ သူ႔အေမက အခန္းထဲ ဝင္လာေၾကာင့္ ႏႈတ္ခမ္းကို မသိမသာ ဆူထားလိုက္သည္။ သူသည္ အသက္သံုးဆယ္ေက်ာ္ အမ်ိဳးသမီးတစ္ၪီးျဖစ္ေနေသာ္လည္း သမီးမိန္းကေလးတစ္ၪီးသာ ရိွေသာ အိမ္တြင္ ကေလးသဖြယ္ ဆက္ဆံခံေနရၿမဲ ျဖစ္သည္။ အၿမဲတေစ အရိပ္တၾကည့္ၾကည့္ေစာင့္ေရွာက္ခံေနရဆဲပင္ ျဖစ္သည္။ ေဒၚေခမာသည္ ဆံထံုးကို ပန္းပန္ေနေသာ သမီးကို ကူညီကာ ပန္ေပးလိုက္သည္။
"သမီး၊ သမီးလည္း အသက္မငယ္ေတာ့ဘူး။ အိမ္ေထာင္ရက္သားျပဳဖို႔ စဥ္းစားပါၪီး။ အခုလည္း သမီးလုပ္ခ်င္တဲ့ ဆရာမအလုပ္ကို လုပ္ခြင့္ရေနၿပီေလ။ သမီးအစ္ကိုကိုပဲ ၾကည့္။ေမာင္သန္႔ဇင္ေလးေတာင္မွ အထက္တန္းေရာက္ေနၿပီ။ သမီးမိန္းကေလးဆိုတာ သီးခ်ိန္တန္သီး၊ ပြင့္ခ်ိန္တန္ ပြင့္ရတယ္တဲ့။ ေမာင္ျမတ္လင္းခန္႔ကလည္း သမီးကို လူႀကီးစံုရာနဲ႔ လာေရာက္ေတာင္းရမ္းခ်င္တယ္လို႔ ေျပာတယ္။ ေမာင္ျမတ္လင္းခန္႔က လူေကာင္းေလးပါ။ သမီးေရာ ဘယ္လိုသေဘာရလဲ "
"သမီးအိမ္ေထာင္ေရးကို သမီးဘာသာ ဆံုးျဖတ္ပါရေစ။ သမီးလည္း အရြယ္တစ္ခုေရာက္ေနပါၿပီ။ သမီးကိုယ္ပိုင္ဆံုးျဖတ္ခ်က္ကို ေမေမတို႔ ေလးစားေပးပါ "
ေဒၚေခမာသည္ ေခါင္းမာလွေသာ သမီးျဖစ္သူေၾကာင့္ သက္ျပင္းအသာခ်မိသည္။ ဘဝတစ္ခုတည္ေထာင္ဖို႔ ကိစၥျဖစ္တာေၾကာင့္ ေျဖးေျဖးနားသြင္းမည္ဟု ဆံုးျဖတ္လိုက္သည္။
"ဒါျဖင့္ အျမန္ျပင္ဆင္ၿပီး ဆင္းခဲ့၊ ေမာင္ျမတ္လင္းခန္႔ သမီးကို ေစာင့္ေနတယ္၊ အၾကာႀကီးေစာင့္ေနရတာ အားနားစရာေကာင္းတယ္ "
ေဒၚသက္လ်ာေက်ာ္သည္ စိတ္အလိုမက်ျဖစ္သြားေသာ္လည္း လက္ဆြဲအိတ္ကိုင္လ်က္ ေအာက္ထပ္ဆင္းလာခဲ့ရသည္။
"တီေလး ဆင္းလာၿပီ ၊ တီေလး ေမာနင္း " မနက္စာ,စားေနေသာ သန္႔ဇင္ေမာင္သည္ အန္တီေလးကို ႏႈတ္ဆက္လိုက္သည္။
"ေမာနင္း၊ အစ္ကိုႀကီးကေရာ "
"ေဖေဖက ေမေမ့ကို ေဈးလိုက္ပို႔တယ္ တီေလး"
"ေအာ္ " သက္လ်ာေက်ာ္သည္ ဧည့္ခန္းတြင္ ထိုင္ေနေသာ ကိုျမတ္လင္းခန္႔ကို လ်စ္လ်ူရႈကာ မနက္စာ စားေနလိုက္သည္။
"ေမာင္ျမတ္လင္းခန္႔ မနက္စာ မစားခဲ့ရေသးရင္ တစ္ခါထဲ ဝင္လာစားေလ၊ မနက္ေစာေစာ ထလာခဲ့ရတာ အားနာစရာေကာင္းလိုက္တာ "
"ရပါတယ္ အန္တီ ၊ကြၽန္ေတာ္လည္း လမ္းႀကံဳေနလို႔ သက္ကို ေက်ာင္းလိုက္ပို႔ေပးခ်င္လို႔ပါ။ "
သက္သည္ ေမေမႏွင့္ ကိုျမတ္လင္းခန္႔တို႔ စကားေျပာေနသည္ကို နားေထာင္ရင္း မ်က္စိမလွန္မိေစရန္ အေတာ္ေလးႀကိဳးစားေနရသည္။ ၿပီးေနာက္ သက္သည္ ျငင္းပယ္ရန္ မျဖစ္တာေၾကာင့္ ကိုျမတ္လင္းခန္႔၏ကားႏွင့္ လိုက္လာခဲ့ရသည္။ တစ္လမ္းလံုးတြင္ မည္သူကမွ စကားမဆိုတာေၾကာင့္ ကားအတြင္း ေလထုသည္ တိတ္ဆိတ္ေနသည္က စိတ္ညစ္ၫူးဖြယ္ေကာင္းလွသည္။ သန္႔ဇင္ေမာင္သည္ စိတ္ဖိစီးဖြယ္ရာ ေလထုအေျခအေနမွ လြတ္ေျမာက္ေစရန္ ဂိမ္းေဆာ့ရန္ ႀကိဳးစားေသာ္လည္း ေနာက္ဆံုးတြင္ အန္တီေလး ဆူတာကို ခံလိုက္ရသည္။
" ျမတ္ အခုလို အစိုးရေက်ာင္းမွာ မနက္ေစာေစာသြားသင္ေနရတာ မပင္ပန္းဘူးလား? သက္ သင္ခ်င္တယ္ဆိုရင္ ကိုယ္ အသိကိုယ္ပိုင္ေက်ာင္းေတြကို စံုစမ္းေပးရမလား?"
ျမတ္လင္းခန္႔သည္ မီးပြိုင့္မိေနသည္ကို အခြင့္ေကာင္းယူကာ စကားစလိုက္သည္။
"ကြၽန္မေတာ့ ပင္ပန္းတယ္လို႔ မခံစားရပါဘူး။ ဒါက ကြၽန္မရဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္ပဲေလ။ အစ္ကိုျမတ္လင္းခန္႔ကသာ ဟိုတယ္အလုပ္နဲ႔ ကိုယ္ပိုင္ေက်ာင္းကိစၥကို ဆက္စပ္ေနရလို႔ ပင္ပန္းေနမွာကိုပဲ စိုးရတယ္"
သန္႔ဇင္ေမာင္သည္ အန္တီေလး၏ အရိႈက္ထိလွေသာ စကားေၾကာင့္ ရယ္ခ်င္သြားေသာ္လည္း အလ်င္အျမန္ပင္ မ်က္ႏွာပိုးသတ္လိုက္ရသည္။ ေက်ာင္းသို႔ေရာက္ၿပီးေနာက္ ေဒၚသက္လ်ာေက်ာ္က ေက်ာင္းအုပ္ႀကီး ရံုးခန္းသို႔ ဝင္သြားၿပီး သန္႔ဇင္ေမာင္သည္ နားေနခန္းအတြင္း၌ အန္တီေလး၏ အိတ္ကို သြားထားလိုက္သည္။ ျပန္ထြက္လာခ်ိန္တြင္ ရွင္းလက်္ာကို ေတြ့လိုက္ရတာေၾကာင့္ ႏႈတ္ဆက္လိုက္သည္။
" ေမာနင္း ရွင္းလက္်ာ "
သို႔ေသာ္လည္း ရွင္းလက္်ာသည္ သန္႔ဇင္ေမာင္ ႏႈတ္ဆက္သည္ကိုပင္ မျမင္ႏိုင္ေအာင္ အေတြးမ်ားေနခဲ့သည္။ သန္႔ဇင္ေမာင္သည္ သူ႔ကို မျမင္ခ်င္ေယာင္ေဆာင္သြားေသာ ရွင္းလက်္ာေၾကာင့္ သူ၏ အသည္းႏွလံုးေလး ၫွိုးႏြမ္းသြားသည္။
" ငါတို႔က ညေက်ာင္းလည္း အတူတက္ၾကတာပဲကို အဲေလာက္ထိ စိမ္းကားစရာ လိုလို႔လား? မိန္းကေလးေတြက တကယ္ထူးဆန္းတာပဲ" သူသည္ အတန္းထဲသို႔ လာစဥ္တစ္ေလ်ွာက္လံုး ဝမ္းနည္းေနခဲ့ၿပီး အတန္းထဲေရာက္ေသာအခါတြင္ ဇီဝေဗဒဆရာမက စာေမးမည္ဟု ေျပာလိုက္သည္ကို ၾကားလိုက္ရေသာအခါ သူသည္ ေျဖမဆည္ႏိုင္ေအာင္ ဝမ္းနည္းသြားမိရျပန္သည္။
ရွင္းလက္်ာသည္ စာၾကည့္တိုက္မွ ျပန္လာသည့္ တစ္ေလ်ွာက္လံုးတြင္ စိတ္ႏွင့္ ကိုယ္မကပ္ဘဲ စာေရးခံုေပၚ ေမွာက္အိပ္ေနမိသည္။ယေန့တြင္ သူသည္ စာၾကည့္တိုက္တြင္ စာအုပ္အသစ္မ်ားေရာက္တာေၾကာင့္ ကူညီေပးစဥ္တြင္ ဟန္ေနြရာကို ေတြ့လိုက္တာေၾကာင့္ ထြက္ေခၚရန္ ျပင္လိုက္ေသာ္လည္း ဟန္ေနြရာသည္ ျမတ္၏ လက္ကို ဆြဲကာ လူမရိွေသာ စတိုခန္းထဲ ဝင္သြားသည္ကို သူေတြ့လိုက္ရသည္။ ဒီတိုင္း ျပန္သြားရန္ ျပင္လိုက္ေသာ္လည္း သူသည္ မေနႏိုင္ဘဲ စတိုခန္းတံခါးကို အနည္းငယ္ ဖြင့္ၾကည့္လိုက္ရာ ၾကားလိုက္ရေသာ စကားေၾကာင့္ သူ၏ ေသြးေၾကာမ်ား ရပ္တန္႔ကုန္သည္ဟုပင္ ထင္လိုက္ရသည္။
" ျမတ္ နင္ တကယ္ႀကီး သေဘာက်တာလား?"
သူသည္ အျပန္ျပန္အလွန္လွန္ ပဲ့တင္ထပ္ေနေသာ စကားစုေၾကာင့္ သူ၏ ႏွလံုးအိမ္သည္ နာက်င္လြန္းလွသည္။ ငယ္စဥ္ကတည္းက သူ႔ေနာက္ကိုစာ တေကာက္ေကာက္လိုက္ခဲ့ေသာ ေကာင္မေလးသည္ အထက္တန္းေရာက္လာေသာအခါတြင္ ရွက္ရြံ႔ေနေသာေၾကာင့္ ေရွာင္ဖယ္ေနသည္ဟု ထင္ခဲ့ေသာ္လည္း တစ္ျခားတစ္ေယာက္ကို သေဘာက်ေနခဲ့တာေၾကာင့္ဟု သူမထင္ခဲ့ေပ။ ရွင္းလက်္ာသည္ စာေရးခံုေပၚ တစ္ခ်ိန္လံုးေမွာက္အိပ္ေနခဲ့တာေၾကာင့္ အတန္းတက္သြားသည္ကိုပင္ မသိခဲ့ေခ်။
စာၾကည့္တိုက္တြင္ ။
"ျမတ္ နင္ တီခ်ယ္သက္အေပၚ ခံစားခ်က္ေတြ ရိွေနတာလား?"
ျမတ္လက္ထဲ၌ ကိုင္ထားေသာ စာအုပ္မ်ားသည္ ေျမျပင္ေပၚ "ဘုတ္ !" ခနဲ ျပဳတ္က်သြားေလသည္။ ျမတ္သည္ ဟန္ေနြရာမွ သူ႔အား လ်င္ျမန္စြာ သတိျပဳမိသြားလိမ့္မည္ဟု မထင္ခဲ့ေပ။ တံုးအလွေသာ ထိုေခါင္းေသးေသးေလးသည္ အဘယ္ေၾကာင့္ ထိုမ်ွ ထက္ျမတ္ေနရပါသနည္း။
" ငါ အခ်ိန္အၾကာႀကီး ေတြးၿပီးၿပီ။ မျဖစ္ႏိုင္ဘူးလို႔ ထင္ေနေပမဲ့ ငါ တကယ္ႀကီးအဲလို ထင္ေနတာ။ လံုးဝကို ႏူးညံ့ေနတဲ့အၾကည့္ေတြနဲ႔ အျပဳအမူေတြကေလ ငါ့ကို သတိမထားဘဲကို မေနႏိုင္ဘူး။ ဟဲ့ ျမတ္ နင္အဲလိုႀကီး ရပ္မေနနဲ႔ေလ ငါ့ကို တစ္ခုခုေျပာပါၪီး။ ငါ အဲတာကိုခ်ည္း စိတ္ေရာက္ေနလို႔ စာေတာင္ မလုပ္ႏိုင္ဘူး "
" အဲတာက..."
" နင္ တကယ္ႀကီး တီခ်ယ္သက္ကို သေဘာက်ေနတာလား? "
"အင္း၊ ငါ စေတြ့ထဲက အဲလိုျဖစ္ေနခဲ့တာ " ျမတ္သည္ သူ၏ တစ္ၪီးထဲေသာ သူငယ္ခ်င္းေလးကို မဖံုးကြယ္ထားခ်င္တာေၾကာင့္ ဝန္ခံလိုက္၏။ ဟန္ေနြရာသည္ ႏႈတ္ခမ္း'အို'ပံုစံေလးျဖစ္သည္အထိ အံၾသသြားေလသည္။
" ျမတ္ နင္ဘာေျပာေနတာလဲဆိုတာကိုေတာင္ သိရဲ့လား? နင္က တီခ်ယ္သက္ကို သေဘာက်တယ္။ နင္ တကယ္ႀကီး သေဘာက်တာလား? ငါ့ကို မေနာက္ပါနဲ႔ဟာ "
" ငါ ေသခ်ာေတြးေလေလ ပိုေသခ်ာလာေလေလပဲ။ ငါ တီခ်ယ္နဲ႔အတူ ရိွရတာကို ႀကိဳက္တယ္။ တီခ်ယ္ၿပံဳးေနတာ ျမင္ရရင္ ငါေပ်ာ္တယ္။ တီခ်ယ္ငါ့အေပၚမွာ နည္းနည္းေလး ဂရုစိုက္ေပးရင္ေတာင္ ငါ အရမ္းဝမ္းသာမိတာ "
ဟန္ေနြရာသည္ အလြန္ႏူးညံ့စြာ ေျပာေနေသာ ျမတ္ေၾကာင့္ သူသည္ အနည္းငယ္ ယံုၾကည္ခ်င္လာသည္။
"နင္က မိန္းကေလးေတြကို ႀကိဳက္တာ ေသခ်ာလို႔လား? နင္ စိတ္ထင္မွားေနတာေရာ မျဖစ္ႏိုင္ဘူးလား? "
" အဲတာဆို နင္ကေရာ မိန္းကေလးေတြ အကုန္လံုးကို ႀကိဳက္တာလား? "
"ငါ့ကို ေမးခြန္းေမးၿပီး ျပန္မေျဖနဲ႔။ ၿပီးေတာ့ ငါအဲတာကို မေျဖခ်င္ဘူး။ နင္ဖက္က သေဘာက်တယ္ဆိုရင္ေတာင္ အဲတာက မျဖစ္ႏိုင္ေသးဘူး။ သူက ငါတို႔ကို သင္ေနတဲ့ တီခ်ယ္ျဖစ္ေနတာက ပိုေတာင္ဆိုးေသးတယ္။ ငါတို႔ တကၠသိုလ္ဝင္ခြင့္ေျဖရၪီး၊ အဲတာက နင့္အတြက္ အေနွာင့္အယွက္ ျဖစ္လိမ့္မယ္။ ငါ နင့္ကို အားေပးႏိုင္လား အားမေပးႏိုင္လားဆိုတာ မေသခ်ာေသးဘူး။ဒါေပမဲ့ ငါ ကန္႔ကြက္တာေတာ့ မလုပ္ပါဘူး "
ျမတ္သည္ ဟန္ေနြရာ၏ ေခါင္းကို သေဘာတက် လွမ္းပုတ္လိုက္သည္။
"နင္ေရာ ဖြင့္မေျပာဘူးလား"
"အဲအေၾကာင္း လာမေျပာနဲ႔၊ ရွင္းလက်္ာကေသခ်ာေပါက္ အဆင့္ျမင့္ တကၠသိုလ္တက္ရမွာ၊ ငါက ဝင္ခြင့္ေအာင္မေအာင္ေတာင္ မေသခ်ာတာ။ ငါဘယ္လို လုပ္ဖြင့္ေျပာရမွာလဲ။ ဘာအေၾကာင္းေတြေျပာေနရလဲ မသိဘူး။ ေက်ာင္းတက္သြားေတာ့မယ္ သြားမယ္ "
ျမတ္သည္ ၾကမ္းျပင္ေပၚက်ေနေသာ စာအုပ္မ်ားကို ေကာက္ယူလ်က္ လွစ္ခနဲ ေျပးသြားေသာ ဟန္ေနြရာေနာက္ ေျပးလိုက္လာခဲ့သည္။ ဟန္ေနြရာသည္ အတန္းထဲ ျပန္ေရာက္သည္ႏွင့္ မ်က္ႏွာမေကာင္းေသာ ရွင္းလက္်ာကို သတိထားမိေသာ္လည္း အတန္းပိုင္စာသင္ေနတာေၾကာင့္ ခံုတြင္ ဝင္ထိုင္လိုက္သည္။
"ျမတ္ ရွင္းလက္်ာကို ၾကည့္ရတာ ေနမေကာင္းဘူး ထင္တယ္။ မ်က္ႏွာ ၫွိုးေနတယ္"
"ေရႊမ်က္ႏွာေလး ၫွိုးရင္ေတာင္ ရင္ထဲဝယ္ နာက်င္လွတယ္။ " ျမတ္သည္ ၾကားဖူးနားဝသီခ်င္းတစ္ပိုင္းတစ္စကို ဆိုျပလိုက္သည္။
" ငါက
You are reading the story above: TeenFic.Net