" တီလေး သားကို ခေါ်တယ်ဆို "
ဆရာမ နားနေခန်းထဲသို့ ဝင်လာသော သန့်ဇင်မောင်သည် ဒေါ်သက်လျာကျော်၏ ဘေး၌ ဝင်ထိုင်လျက် ပြောလိုက်၏။ သန့်ဇင်မောင်သည် ဒေါ်သက်လျာကျော်၏ တူလေးဖြစ်ကာ ဒီကျောင်းကို ၁၀ တန်းနှစ်မှ ပြောင်းလာခြင်း ဖြစ်သည်။
" အပြင်မှာ ညကျောင်းတက်ဖို့ ကိစ္စကို တီလေး စီစဥ်ပြီးပြီ၊ အဲတာကြောင့်အချိန်စာရင်းလာယူခိုင်းတာ၊ "
"မေမေကရော "
"အစ်မနဲ့ ပြောပြီးပြီ၊ အဲတာကြောင့် ငြင်းနေတာရပ်တော့၊ ဟုတ်ပြီလား၊ တက္ကသိုလ်ဝင်တန်းကို ပေါ့ပျက်ပျက်လုပ်မနေစမ်းနဲ့၊ တီလေး မကြိုက်ဘူး။ ဒီနေ့ နေ့လယ်ကျောင်းဆင်းရင် တီလေး ညကျောင်းကို လိုက်ပို့ပေးမယ်၊ ကျောင်းတံခါးဝမှာ စောင့်နေ "
"ဦးမြတ်လင်းခန့်က တီလေးကို လာခေါ်မှာလား?"
" မသိဘူး၊ တီလေးတို့ ညကျောင်းက ဆရာမတွေနဲ့ ပြောစရာရှိသေးလို့ Taxi နဲ့ပဲ သွားကြတာပေါ့ "
ဦးမြတ်လင်းခန့်သည် ဒေါ်သက်လျာကျော်အား အိမ်မှ မိဘသဘောတူထားသော သူဖြစ်ကာ ဦးမြတ်လင်းခန့်ကလည်း ဒေါ်သက်လျာကျော်အပေါ် ပိုးပန်းနေသူဖြစ်သည်။ သက်လျာအတွက်ကမူ အိမ်၏ သဘောထားကို ငြင်းပယ်မရတာကြောင့် စိတ်ရှည်သည်းခံနေရခြင်းနှင့် အလိုက်သင့်ပြန်လည်ဆက်ဆံပေးရုံသာ ရှိသည်။
သန့်ဇင်မောင်သည် အန်တီလေးထံမှ မုန့်များကို ဗိုက်ဝသည်အထိ စားသောက်ပြီးနောက် အတန်းပြန်လာခဲ့သည်။
အင်္ဂလိပ်စာအချိန်ပြီးသောအခါ နောက်တစ်ချိန်ကာယအချိန်ဖြစ်တာကြောင့် အတန်းထဲက ကျောင်းသား/သူများသည် ကျောင်းပန်းခြံနှင့် ဘောလုံးကွင်းအတွင်း သွားရောက်ဆော့ကစားနေသော်လည်း သနားစရာကောင်းလှသော ဟန်နွေရာသည် မျက်နှာငယ်လေးဖြင့် အတန်းထဲတွင် ထိုင်နေရသည်။ ရှေ့အပတ်က အင်္ဂလိပ်စာသဒ္ဒါလေ့ကျင့်ခန်းဖြေဆိုရာတွင် အမှတ် ၅၀ တွင် ၂၀ မှတ်သာ ရသောကြောင့် သူသည် ရှင်းလကျ်ာနှင့် မြတ်တို့က အတင်းဆွဲခေါ်မှုကြောင့် အတန်းတွင်းကျန်ခဲ့ရသည်။ ဒေါ်သက်လျာကျော်သည်လည်း အတန်းအားချိန်ဖြစ်တာကြောင့် ကာယအချိန်တွင် တန်းခွဲ A ၏ အရှေ့၌ ထိုင်နေတာကြောင့် ဟန်နွေရာသည် မျက်နှာငယ်လေးဖြင့် စာလုပ်နေရသည်။ သူ၏ စိတ်ကမူ ဘောလုံးကွင်းထဲသို့ ရောက်နေပြီ ဖြစ်သည်။
" Grammer ပုံစံတွေထဲမှာ နင်က Reported Speech ကို အတော်လေး မှားနေတာ တွေ့ရတယ်။ အဲတော့ တခြားပုံစံတွေအစား ဒီဟာကိုပဲ စာလုပ်ကြရအောင် " မြတ်သည် လေ့ကျင့်ရန် မေးခွန်းများကို ထုတ်ရင်း ပြောလိုက်သည်။
" ငါ အိမ်ကနေ လုပ်လာမယ်လေ၊ ငါ အခုအောက်ဆင်းချင်လို့ပါနော်၊ ကာယအချိန်က တစ်ခါမှ မကစားရဘူးလေ၊ အမြဲတမ်း စာချည်းပဲ သင်နေပြီး ဒီတစ်ကြိမ်လေးပဲ ဆော့ခိုင်းတာကို၊ သွားဆော့ရအောင်လေ၊ ရှင်းလကျ်ာ ငါနဲ့အတူ သွားဆော့ရအောင် "
" ဟန်ဟန် ဒီလေ့ကျင့်ခန်းကို ပြီးအောင်ရေးလိုက်နော် " ရှင်းလကျ်ာသည် မေးခွန်းစာရွက်ကို ဟန်နွေရာ၏ ရှေ့သို့ ချရင်း ပြောလိုက်သည်။ မြတ်သည်လည်း ဟန်နွေရာ၏ စကားကို အလေးအနက်ပင် မထားတာကြောင့် ဟန်နွေရာသည် မေးခွန်းကိုသာ ဖြေရန်ပြင်ရတော့သည်။
" Direct > Indirect ပုံစံက Tense တွေ ပြောင်းတာ၊ pronoun ပြောင်းတာနဲ့ သူပြောင်းရမယ့် စာလုံးတွေကို သေချာလေး မှတ်ထားရင် ရပြီ၊ ပထမဆုံးက verb ပြောင်းရမှာ။ အဲမှာ Simple present ဆိုရင် simple past၊ Present continuous ဆိုရင် Past continues..........."
မြတ်သည် ဟန်နွေရာအား Reported Statements အကြောင်းကို သေချာနားလည်စေရန် ကူညီရရှင်းပြပေးနေလိုက်သည်။
ဟန်နွေရာသည် စားပွဲခုံအောက်မှ ရှင်းလကျ်ာ၏ လက်ကို လှမ်းဆွဲလိုက်သည်။ ဟန်နွေရာ၏ ပုံစံသည် အလွန်အမင်းကို အကူအညီမဲ့နေပုံရပြီး သူ့အား ခွေးပေါက်လေးလို အကူအညီတောင်းနေသည်။
"အဟမ်း မြတ်၊ အရင်ဆုံး ဟန်ဟန်ကို ကျောင်းစာအုပ်ထဲက အလွယ်လေးတွေနဲ့ စသင်ခိုင်းရအောင် ၊ ဟန်ဟန် ဖတ်စာအုပ်ထဲက အပုဒ်လေးတွေ အရင်ရေးကြည့်နော် "
"ဟန်ဟန်က အဲလောက်ထိ ဉာဏ်မကောင်းဘူး၊ နင် စာလုပ်သလို သူ့ကို ပြောနေလို့မရဘူး၊ အလွယ်လေးတွေကနေ စလုပ်ပေးမှ ရမှာ" ရှင်းလကျ်ာသည် မြတ်ကို တိုးတိုးလေး ပြောလိုက်သည်။
မြတ်သည် စာရေးနေသော ဟန်နွေရာနှင့် အပြင်ဖက်က ဆရာမလေးကို ကြည့်ကာ ခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာသည်။
"ရှင်းလကျာ် ငါတို့ အင်္ဂလိပ်စာ Guide ခေါ်ရင် ကောင်းမလား? ဟန်နွေရာက အတော်လေးအားနည်းနေတာလေ၊ ဒီပုံစံအတိုင်းဆို သူ နောက်ဆုံးစာမေးပွဲမှာ ဖြေနိုင်မှာ မဟုတ်ဘူး။ နင်ကလည်း ကျောင်းနဲ့ ညကျောင်းပဲ တက်တာဆိုတော့လေ ငါတို့သုံးယောက်အတူ တက်ကြရင် ကောင်းမယ်ထင်တယ်။ ဒေါ်သက်လျာကျော်ကလည်း အသင်အပြကောင်းတယ်လေ။ ဘယ်လိုလဲ သဘောတူတယ်မလား?"
"ငါ သဘောမတူဘူးနော်။ ငါ Guide လုံးဝ မတက်ဘူး" ဟန်နွေရာသည် မျက်ရည်ကျလုမတတ် နာကျင်စွာ ပြောလေသည်။
"ကောင်းပြီလေ၊ ငါ ဆရာမကို သွားပြောလိုက်မယ်။ နင်တို့အချိန်စာရင်းတွေ ငါသိနေတာပဲ ငါဆရာမနဲ့ ညှိလာမယ်"
မြတ်သည် အခန်းအပြင်က ဆရာမဆီ ထွက်သွားလေသည်။
" မြတ် ငါ သဘောတူတယ်လို့ မပြောရသေးဘူးလေ။ ရှင်းလကျ်ာ ငါတကယ် Guide မတက်ချင်ပါဘူးဆိုနေမှ "
ရှင်းလကျ်ာသည် ဟန်နွေရာ၏ ပခုံးကို ပုတ်ရင်း နှစ်သိမ်လိုက်သည်။
"ဒီတစ်နှစ်ထဲပါ၊ Fighting ! "
" ဒါပေမဲ့ အင်္ဂလိပ်စာ မရတာ ငါတစ်ယောက်ထဲလေ၊ နင်တို့က ဘာကိစ္စနဲ့ လိုက်တက်ရတာလဲ? နင်ကရော ဘာလို့ တက်မယ်ပြောတာလဲ"
"နင်တစ်ယောက်ထဲ ဖြစ်နေမှာစိုးလို့ "
"အယ်??"
မြတ်သည် သီချင်းတိုးတိုးလေး ညည်းလျက် ဒေါ်သက်လျာကျော်၏ ထိုင်ခုံဆီ လျှောက်သွားလေသည်။ အတန်း၏ အပြင်ဖက်တွင် ဗာဒံပင်များ စိမ်းစိုလျက်ရှိပြီး နေရောင်ခြည်က ထိုးဖောက်နေတာကြောင့် ဆရာမ၏ မျက်နှာလေးသည် ဝင်းပနေလျက်ရှိသည်။ ရှေ့ဆံမြိတ်လေးချထားပြီး မျက်မှန်လေးကို ပင့်တင်လိုက်သည်မှာ မြတ်ကို အရူးအမူးပင် ကျရှုံးသွားစေသည်။ မြတ်သည် ဆရာမလေးကို အတော်ကြာငေးမောနေမိပြီး ဆရာမသက်ပြန်ခေါ်မှ သတိဝင်လာခဲ့သည်။ သူငေးနေသည်ကို ဆရာမသက်မိသွားတာကြောင့် မြတ်သည် ရှက်သွေးဖြာလာမိသည်။
"မြတ် ဆရာမကို ပြောစရာရှိလို့လား?"
" ဟုတ်ကဲ့၊ ဟန်နွေရာနဲ့ ပတ်သက်ပြီး အကူအညီလေးတောင်းချင်လို့ပါ။ ဟန်နွေရာက အင်္ဂလိပ်စာ အတော်လေး အားနည်းတော့ သူ့အတွက် ဆရာမကို Guide လုပ်စေချင်လို့ပါ။ ပြီးတော့ မြတ်နဲ့ ရှင်းလကျ်ာကလည်း အင်္ဂလိပ်စာ Guide လိုနေလို့ ဆရာမများ သင်ကြားပေးရင် အတန်းနဲ့လည်း ကိုက်ညီပြီး အဆင်ပြေမယ်ထင်ပါတယ်။ "
"အင်းး၊ ဆရာမ စဥ်းစားကြည့်မယ်လေ၊ မြတ်ဖုန်းနံပါတ်လေး ပေးခဲ့ပေါ့။ ဆရာမ သင်မယ်ဆိုရင် ဆွေးနွေးဖို့ ဆက်သွယ်လိုက်မယ်လေ "
"ဟုတ်ကဲ့ " မြတ်သည် ဆရာမသက်လျာကျော်၏ ဖုန်းနံပါတ်လေးကို ကိုင်ကာ အတန်းထဲ ပြန်ဝင်လာသည်။ ပြီးနောက် စာရေးနေသော ဟန်နွေရာခေါင်းကို ပုတ်ရင်းပြောလိုက်သည်။
" ငါ နင်တို့နှစ်ယောက်ကို ကြက်ကြော်လိုက်ကျွေးမယ် "
" တကယ်ကြီး? မြတ်က အကောင်းဆုံးပဲ ရေးးး Chicken wing ,Chicken wing .Hot dog and baloney . Chicken and macaroni . Chillin with my homies " ခုနက စာရေးနေတုန်း ဆူပုတ်နေသော ဟန်နွေရာသည် ယခုတွင်မူ ပြုံးပျော်လျက် Chicken Wing သီချင်းကို ဆိုနေလေသည်။ ရှင်းလကျ်ာသည် သက်ပြင်းသေးသေးလေး ချလိုက်မိသည်။
သန့်ဇင်မောင်သည် ကျောင်းတံခါးဂိတ်တွင် ထီးကိုင်လျက် သူ၏ အန်တီလေးကို စောင့်နေသည်။ ယနေ့တွင် မိုးမရွာ၍ တော်သေးသည်။ မဟုတ်လျှင် ပထမဆုံး ညကျောင်းတက်ရမည့် နေ့၌ သူသည် မိုးရေစိုနေပေလိမ့်မည်။ ထိုစဥ် ဆံပင်ရှည်ရှည်၊ မျက်မှန်လေးဖြင့် ကောင်မလေးတစ်ဦးသည် သူ့ဘေးနားတွင် လာရပ်သည်။
ဟန်နွေရာသည် သူ့အစ်ကိုအား စောင့်နေစဥ် ကျောင်းသား/သူအတော်များများ ပြန်သွားသော်လည်း မပြန်သေးသော ထိုကျောင်းသားကြောင့် သူ စပ်စုချင်စိတ်ပေါက်လာသည်။
"ဟိတ် နင် ဘယ်သူ့ကို စောင့်နေတာလဲ?"
" ငါ့အန်တီလေးကိုစောင့်နေတာ၊ နင်ကရော မပြန်သေးဘူးလား?"
"ငါ့အစ်ကိုကို စောင့်နေတာ။ နင့်အန်တီက ဘယ်သူလဲ၊ ကျောင်းကပဲလား"
" ငါ့အန်တီက ဆရာမ ဒေါ်သက်လျာကျော်လေ"
"ဟယ် နင်က ငါတို့အင်္ဂလိပ်ဆရာမ တူပေါ့။ မထင်ထားဘူး။ နင်က နင့်အန်တီနဲ့လည်း မတူဘူးနော်။ နင့်အန်တီက အရမ်းချောပေမဲ့ နင်ကျ တမျိုးပဲ"
သန့်ဇင်မောင်သည် သူ့အား အသားလွတ်စော်ကားနေသော အမိငယ်အား လျစ်လျူရှုလိုက်သည်။
" နင့်ကို ငါ အရင်က မမြင်ဖူးပါဘူး။ နင် အသစ်ပြောင်းလာတာလား? ဘယ်တန်းကလဲ?"
"ဟောဒီမှါ လည်ပင်းမှာ ဆွဲထားတဲ့ ကျောင်းသားကတ်၊ နင် မျက်လုံးပါရင် ဖတ်လေ"
" ရိုင်းလိုက်တာဟယ်၊ မထင်ထားဘူး။ ငါက စေတနာနဲ့ မေးတာကို နင် အဲလိုတုန့်ပြန်လိုက်တယ်။ မိန်းကလေးတွေကို ငဲ့ညှာရမယ်လေ "
"ဟန်ဟန် တခြားသူကို အနိုင်မကျင့်နေနဲ့လေ၊ နင့်အစ်ကို မလာသေးရင် ငါနဲ့သွားမယ် " ရှင်းလကျ်ာသည် နေ့လယ်စာဘူးကို ကိုင်လျက် ဟန်နွေရာဆီ လျှောက်လာရင်း ပြောလိုက်သည်။
"ငါက အဲလိုမဟုတ်...."
" ကျောင်းသားသစ်ထင်တယ်။ တန်းခွဲ A က ရှင်းလကျ်ာ၊ သူက တန်းခွဲ A ဟန်နွေရာ၊ အကူအညီလိုရင် ပြောနော်။ "
ရှင်းလကျ်ာသည် ထပ်ငြင်းရန် ပြင်နေသော ဟန်နွေရာပါးစပ်ထဲသို့ ဖောက်ထားသော Milo ဘူးပိုက်ကို တပ်ပေးလိုက်သည်။
" ငါက တန်းခွဲ C သန့်ဇင်မောင် "
ထိုစဥ် မြတ်နှင့် ဒေါ်သက်လျာကျော်သည် စကားပြောရင်း ကျောင်းထဲမှ ထွက်လာကြသည်။
" တီချယ်သက်က ငါတို့ညကျောင်းကို လိုက်ခဲ့မှာ၊ လမ်းလျှောက်သွားလည်း ရတာကြောင့် အတူသွားကြတာပေါ့ " မြတ်သည် သူတို့အား လျင်စွာ ပြောလိုက်သည်။
" ငါ့အစ်ကိုလာပြီ၊ နင်ကလည်း နောက်ကျလိုက်တာ " ဟန်နွေရာသည် စက်ဘီးပေါ်က သူ့အစ်ကိုကအား လှမ်းရိုက်ရင်း ပြောလိုက်သည်။ ဟန်စစ်သွေးသည် သူ့ညီမကို ပြန်ရိုက်ရန် ပြင်လိုက်သော်လည်း ဆရာမ ရှိနေတာကြောင့် ပြုံးရင်း နှုတ်ဆက်လိုက်သည်။ အိမ်ရောက်ခါမှ အတိုးနဲ့ နှစ်ဆပြန်ရိုက်ဦးမည်။
"ငါ့အစ်ကို စက်ဘီး ငါ့ကို ပေးပါလား? ငါ ရှင်းလကျ်ာနဲ့ စက်ဘီးစီးချင်လို့" ဟန်နွေရာသည် သူ့အစ်ကိုအား စက်ဘီးပေါ်က ဆွဲချပြီးနောက် စက်ဘီးပေါ် တက်လိုက်သည်။ ရှင်းလကျ်ာသည်လည်း စက္ကန့်မျှ မဆိုင်းဘဲ နောက်ထိုင်ခုံပေါ် တက်ထိုင်လိုက်ပြီး ဟန်နွေရာ၏ A4 စာရွက်ခါးလေးကို ဖက်လျက် လိုက်လာခဲ့သည်။
"အဲတော့ ငါက အိမ်ကို ဘာနဲ့ ပြန်ရဦးမှာလဲ?"
"အစ်ကိုစစ်သွေး၊ သန့်ဇင်မောင်ကို ခေါ်ခဲ့ပေးပါနော်၊ တီချယ်သက် မြတ်တို့ သွားရအောင် " မြတ်သည် တီချယ်သက်အတွက် ထီးမိုးပေးရင်း ညကျောင်းသို့ လာခဲ့သည်။ ညကျောင်းသည် လမ်းကူးရပြီး ကျောင်းဆင်းချိန်ဖြစ်တာကြောင့် ကားရှုပ်နေသည်။ မြတ်သည် တိုးကြပ်နေသော ကားများကို ကြည့်ကာ စိတ်ရှုပ်မိသည်။ သူသည် ရွေးချယ်စရာ မရှိတော့ဘဲ တီချယ်သက်ကို မေးလိုက်သည်။
" တီချယ် မြတ်လက်ကို ကိုင်ထားပေးပါ။ အခုအချိန်က ဒီနားမှာ ကားရှုပ်ပြီး ယာဥ်တွေကလည်း စည်းကမ်းမရှိဘူး"
"အင်း၊ ကိုင်ထားမယ်လေ"
ဒေါ်သက်လျာကျော်သည် မြတ်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ငုံ့ကြည့်လိုက်သည်။ သူ၏ လက်ဖဝါးသည် မြတ်၏ လက်အတွင်း၌ သေးသေးလေး ဖြစ်နေသည်။
* အခုခေတ်ကလေးတွေက အတော်ကို ကြီးထွားမြန်ကြတာပဲ*
မြတ်သည် တီချယ်သက်၏ လက်ဖဝါးနွေးနွေးလေးက သု့လက်အတွင်းမှာ ရောက်နေတာကြောင့် ကျေနပ်စွာ ပြုံးလိုက်သည်။
* မြတ် တီချယ်လက်လေးကို အမြဲဆုပ်ကိုင်ထားချင်လိုက်တာ*
ပျော်ရွှင်နေသော မြတ်သည် လမ်းကူးပြီးသည်အထိ လက်ကို လွှတ်ဖို့ မေ့နေတာကြောင့် ဒေါ်သက်လျာကျော်ပြောမှ သူလွှတ်လိုက်ရသည်။ လက်ဖဝါးပေါ်၌ ကျန်နေခဲ့သော အနွေးဓာတ်လေးကြောင့် မြတ်၏ ရင်အတွင်း၌ ရင်ခုန်သံတို့ ကျယ်လောင်နေလေသည် ။ တီချယ်သက်သည် သူ့အား ညကျောင်းနှင့် ပတ်သက်၍ မေးမြန်းနေသည်ကို သူ သတိမဝင်နိုင်တော့သည့်ထိ သူပျော်ရွှင်နေခဲ့သည်။
ဟန်နွေရာက ရှင်းလကျ်ာနှင့် သွားလိုက်ပြီး မြတ်ကလည်း ဆရာမနဲ့ ထွက်သွားတာကြောင့် ဟန်စစ်သွေးနဲ့ သန့်ဇင်မောင်သာ ကျန်ခဲ့သည်။ သန့်ဇင်မောင်သည် ရုတ်တရက် သူ့ရှေ့၌ လက်ဖြန့်လိုက်တာကြောင့် ဟန်စစ်သွေး လန့်သွားမိသည်။
"ဘာလဲဟ"
"အစ်ကိုရော ကျွန်တော့်လက်ကိုင်မလား?"
" ဘာလဲကွ? ငါက မင်းလက်ကိုင်စရာလား၊ နောက်မကျခင် သွားမယ် မြန်မြန်လိုက်ခဲ့ " ဟန်စစ်သွေးသည် လန့်သွားတာကြောင့် သူ့အား ကြောင်တောင်တောင်ကြည့်နေသော ထိုကျောင်းသားကို အော်ငေါက်မိသွားသည်။ ထိုကောင်လေးက မျက်နှာညှိုးသွားတာကြောင့် သူသည် လွယ်အိတ်ကြိုးကို ဆွဲလျက် ထွက်လာခဲ့သည်။
"အစ်ကို "
"ဘာလဲ!!!!!"
" ညကျောင်းက အဲဖက်မဟုတ်ဘူး၊ ဒီဖက်ကို သွားရမှာ"
"ငါ သိတယ်!!!! "
သန့်ဇင်မောင်သည် သူ့ရှေ့ကနေ ဒေါသတကြီးသွားနေသော အစ်ကိုအသေးလေးနောက်ကနေ အပြေးလိုက်ခဲ့ရလေသည်။
Thanks for reading...
A\N ! ညကျောင်းဆိုတာ ကျူရှင်ကို ပြောတာပါနော်။ ကျူရှင်ဆိုတဲ့ စကားလုံးက ပြသနာနည်းနည်းရှိလို့ ညကျောင်းလို့ ရေးထားတာပါ။
Q - တစ်ခုလောက် မေးချင်လို့ပါ။ တီချယ်သက်နဲ့ ဆရာမသက် အဲတာနှစ်ခုထဲက ဘယ်လိုအခေါ်အဝေါ်လေးကို ပိုနှစ်သက်ကြလဲ။ ဘယ်ဟာသုံးရမလဲ ဝေခွဲမရဖြစ်နေလို့ပါ။
"မေမေကရော "
"ဉီးမြတ်လင်းခန့်က တီလေးကို လာခေါ်မှာလား?"
" ငါ အိမ်ကနေ လုပ်လာမယ်လေ၊ ငါ အခုအောက်ဆင်းချင်လို့ပါနော်၊ ကာယအချိန်က တစ်ခါမှ မကစားရဘူးလေ၊ အမြဲတမ်း စာချည်းပဲ သင်နေပြီး ဒီတစ်ကြိမ်လေးပဲ ဆော့ခိုင်းတာကို၊ သွားဆော့ရအောင်လေ၊ ရှင်းလက်ျာ ငါနဲ့အတူ သွားဆော့ရအောင် "
"ဟန်ဟန်က အဲလောက်ထိ ဉာဏ်မကောင်းဘူး၊ နင် စာလုပ်သလို သူ့ကို ပြောနေလို့မရဘူး၊ အလွယ်လေးတွေကနေ စလုပ်ပေးမှ ရမှာ" ရှင်းလက်ျာသည် မြတ်ကို တိုးတိုးလေး ပြောလိုက်သည်။
ရှင်းလက်ျာသည် ဟန်နွေရာ၏ ပခုံးကို ပုတ်ရင်း နှစ်သိမ်လိုက်သည်။
"အယ်??"
"ဟန်ဟန် တခြားသူကို အနိုင်မကျင့်နေနဲ့လေ၊ နင့်အစ်ကို မလာသေးရင် ငါနဲ့သွားမယ် " ရှင်းလက်ျာသည် နေ့လယ်စာဘူးကို ကိုင်လျက် ဟန်နွေရာဆီ လျှောက်လာရင်း ပြောလိုက်သည်။
"ငါက အဲလိုမဟုတ်...."
" ကျောင်းသားသစ်ထင်တယ်။ တန်းခွဲ A က ရှင်းလက်ျာ၊ သူက တန်းခွဲ A ဟန်နွေရာ၊ အကူအညီလိုရင် ပြောနော်။ "
ရှင်းလက်ျာသည် ထပ်ငြင်းရန် ပြင်နေသော ဟန်နွေရာပါးစပ်ထဲသို့ ဖောက်ထားသော Milo ဘူးပိုက်ကို တပ်ပေးလိုက်သည်။
"ငါ့အစ်ကို စက်ဘီး ငါ့ကို ပေးပါလား? ငါ ရှင်းလက်ျာနဲ့ စက်ဘီးစီးချင်လို့" ဟန်နွေရာသည် သူ့အစ်ကိုအား စက်ဘီးပေါ်က ဆွဲချပြီးနောက် စက်ဘီးပေါ် တက်လိုက်သည်။ ရှင်းလက်ျာသည်လည်း စက္ကန့်မျှ မဆိုင်းဘဲ နောက်ထိုင်ခုံပေါ် တက်ထိုင်လိုက်ပြီး ဟန်နွေရာ၏ A4 စာရွက်ခါးလေးကို ဖက်လျက် လိုက်လာခဲ့သည်။
"အဲတော့ ငါက အိမ်ကို ဘာနဲ့ ပြန်ရဉီးမှာလဲ?"
"အင်း၊ ကိုင်ထားမယ်လေ"
"ဘာလဲဟ"
"အစ်ကို "
"ဘာလဲ!!!!!"
"ငါ သိတယ်!!!! "
You are reading the story above: TeenFic.Net