မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် P13

Background color
Font
Font size
Line height

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် 🖤13

တောင်ပတ်လမ်းတွေကိုကျော်လွန်လာပြီးမှာကားကိုဂရုတစိုက်မောင်းလာခဲ့တဲ့၀မ်ရိပေါ်
ကလက်ကနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်တဲ့အခါည ၁၀ နာရီ ။ ခပ်လှမ်းလှမ်းမှာကားမီးရောင်နဲ့လှမ်းမြင်ရတဲ့နမ်ချိုင်မြို့ ဆိုတဲ့မှတ်တိုင်ကိုတွေ့ပြီးနောက်မှာတော့စိတ်တွေပိုလှုပ်ရှားလာရတယ် ။ ဟိုနေ့ရှောင်းအိမ်ကပြန်သွားပြီးမကြာခင်မှာပဲသူလည်းမြို့ကိုအရေးကြီးကစ္စနဲ့သွားရတယ် မသွားခင်မှာရောက်လာတဲ့မိန်းမကြောင့်စိတ်တွေပိုရှုပ်ရတယ် ဟိုရောက်ပြန်တော့ထင်ထားတဲ့ရက်ထက်ပိုကြာသွားတာကြောင့်ဒီနေ့မှပြီးတယ်
မပြန်ဖို့တားနေတဲ့မြို့တော်၀န်တို့ကိုလည်းအားမနာနိုင်ဘူး  သူအရမ်းကိုလွမ်းနေတာမို့နေ့လည်၂နာရီတည်းကမနားပဲမောင်းလာတာမို့ည၁၀နာရီမှရောက်တယ်  မြို့ထဲကိုခပ်မြန်မြန်မောင်း၀င်လာတဲ့ကားလေးကိုသူနေထိုင်ရာဘက်ပဲဦးတည်လိုက်တယ် သူတွေ့ချင်ပေမယ့်ညနက်နေပြီမို့
လမ်းသွယ်ထဲကိုရောက်လာတဲ့အခါလမ်းမထက်မှသူ့ကားသံပဲရှိနေတယ် အမှောင်ထုကြီးဆိုးနေတဲ့ညမှာကားမီးရောင်ကပိုလို့လင်းနေသယောင် ဆောင်း၀င်လာပြီမို့နမ်ချိုင်မှာအအေးဓာတ်ကကဲလာတယ် သူ၀တ်ထားတဲ့အင်္ကျီကထူလို့တော်သေးတယ်
သူ့အိမ်နားနီးလာတဲ့အခါ အရှေ့ကိုထိုးတဲ့ကားမီးရောင်နဲမြင်လိုက်ရတဲ့လူတစ်ယောက် သူ့ခြံတံခါးကိုမှီလို့ရပ်နေလေရဲ့

ရှောင်း...

ကားပေါ်ကခပ်မြန်မြန်ဆင်သွားလိုက်တယ်
လွမ်းနေသူကိုတွေ့ရပေမယ့်ခပ်ပါးပါးအင်္ကျီလေးနဲ့အရမ်းအေးနေမှာမို့မောင်ကစိတ်ပူတယ်

ရှောင်း...

၀မ်ရိပေါ် ပြန်လာပြီလား ငါစောင့်နေတာကြာလာပြီ

    ညနက်သခေါင်အေးစက်စက်ရာသီဥတုမှာမောင့်ကိုစောင့်နေတယ်တဲ့လား
ပျော်သွားပေမယ့် ရင်ထဲမှာဆစ်ခနဲပဲ

အခုမှပြန်လာတယ် ငါချမ်းနေပြီ

    အပေါ်က၀တ်ထားတဲ့အင်္ကျီကိုချွတ်လို့လွှားပေးပြီးမှကိုယ်လေးကိုဖက်လိုက်မိတယ် ရင်ခွင်ထဲအလိုက်သင့်လေးပါလာတဲ့ခန္ဓာကိုယ်လေးကအေးနေလေရဲ့

မောင်တို့အထဲ၀င်ရအောင်နော်

အင်း...

   ခြံတံခါးကိုဖွင့်လို့ကားကိုတော့အပြင်မှာပဲထားကပြန်ပိတ်လိုက်တယ်
အိမ်ထဲရောက်တော့ မီးဖွင့်ပြီးမှ ဧည့်ခန်းထဲကမီးလင်းဖိုကိုဖိုလို့ ရေနွေးကျိုလိုက်တယ်
မီးဖိုရှေ့မှာထိုင်နေတဲ့ရှောင်းအတွက်ကော်ဖီတစ်ခွက်ခပ်မြန်မြန်ဖျော်ပေးလိုက်တယ်

ကျေးဇူး

အင်း

၀မ်ရိပေါ် ငါချမ်းနေတုန်းပဲ

ကိုယ်မီးထပ်ထည့်လိုက်မယ်

ငတုံး

မောင်ကလား ဘာလို့လဲ

ချမ်းရင်ဖက်ထားပေးရတာမသိဘူးလား
မင်းပဲအရင်တုန်းကပြောတာနမ်ချိုင်ဆောင်းကအရမ်းအေးလို့ဖက်ထားပေးမယ်ဆို

ရှောင်း

ဘာလဲမေ့နေပြီမဟုတ်လား

ငါပြန်မယ်

မဟုတ်ဘူး မောင်....
ကျစ်   ရှောင်းတကယ်ပြောနေတာလား

အခုမှလာမဖက်နဲ့
မြို့သွားတာအဲ့လောက်ကြာစရာလား ဟင်
ဘာလို့မြန်မြန်ပြန်မလာတာလဲ ပြီးတော့ငါ့ကိုပစ်ထားတယ် မိန်းမယူဖို့ပြန်သွားတာမဟုတ်လား မရဘူးနော်

မောင့်ကိုလွမ်းနေတာလား သ၀န်တိုနေတိုနေတာလား

မစနဲ့ မင်းနည်းနည်းလေးနောက်ကျရင်ငါမင်းနဲ့ယူလိုမရတော့ဘူး သူများယောကျာ်းဖြစ်သွားတော့မှာ အဲ့တာမင်းသိလားလို့

    ရှောင်းပြောတာမောင်နားမလည်ဘူး
ဘာဖြစ်လို့ရှောင်းကသူများယောကျာ်းဖြစ်မှာလဲ

ငါ့ကိုကျင်းယီယီနဲ့သဘက်ခါကျပေးစားတော့မှာလေ ငါသူ့ကိုမယူချင်ဘူး မင်းကိုလိုက်ရှာတော့လည်းမရှိဘူး ရူးသွားတော့မလို့အဲ့တာသိရဲ့လား

ဟုတ်ပြီ မောင်မှားတာနော် ကျင်းယီယီကိုမယူချင်ဘူးလား

အင်း

မောင့်ကိုရှာတာကရော

ခိုးပြေးမလို့

ဘာ  ဘယ်သူ့ကိုခိုးပြေးမှာလဲ

မအော်ပါနဲ့
မင်းကိုခိုးပြေးမှာပေါ့

အမ် မောင့်ကို

ဟုတ်တယ် ၀မ်ရိပေါ်ကြီးကို ငါ့နောက်လိုက်မယ်မဟုတ်လားဟင်

ရှောင်း

မလိုက်လဲရပါတယ် အခုမင်းအိမ်မှာဘယ်သူရှိလဲ ဟိုကောင်လေးရော

ဟိုရက်ကတည်းကခွင့်ယူပြီးသူ့ရွာပြန်သွားတယ်

ဒါဆိုဘယ်မှမရှိဘူးပေါ့

အင်း

အဲ့ဒါဆိုငါ့ကိုအခုခိုးပြေးလေနော်

တကယ်ပြောနေတာလားရှောင်း

အင်းတကယ်

အဲ့ဒါဆိုလာ

ဘယ်ကိုလဲ

အခန်းထဲလေ

*****
သေချာပြီလားရှောင်း

အင်း

မောင်စိတ်မကောင်းဘူး

ဘာလို့လဲ

ရှောင်းကမိန်းမမယူချင်လို့မောင့်ကိုယူလိုက်တာမဟုတ်လား
မောင်အဆင်ပြေပါတယ်​ေရှာင်းစိတ်ချမ်းသာရင်

မဟုတ်ဘူး အဲ့လိုမဟုတ်ဘူးနော်
ငါ...

ရပါတယ်မောင်ကရှောင်းကိုသိပ်ချစ်တာမို့နားလည်ပေးပါ့မယ်
အိပ်တော့နော် မောင်တခြားအခန်းသွားအိပ် လိုက်မယ်

ဟင့်အင်း၀မ်ရိပေါ် ငါ....မိန်းမမယူချင်လို့မင်းကိုယူတာမဟုတ်ပါဘူး

ငါ...ငါကမင်းကိုပဲယူချင်တာ

ဟင်

အင်း ရိပေါ်
ငါချစ်တယ်

ရှောင်း.....
မောင့်ကိုတကယ်ပြောတာလား

မဟုတ်ဘူး
စနေတာ ၀မ်ရိပေါ်ကိုချစ်တယ်လို့
မယုံရင်လည်းသွားတခြားခန်းသွားအိပ် ငါအိပ်တော့မယ်

အဟင်း မောင်ကဘာလို့တခြားသွားအိပ်ရမှာလဲ

သွား

ချစ်တယ်လို့ပြော

မပြောချင်ဘူး
ချစ်တယ်၀မ်ရိပေါ်ကိုလို့

အားးး
ရှောင်း ရာမောင်တော့သေတော့မှာပဲ

၀မ်ရိပေါ်

မောင် လို့ခေါ်

မခေါ်ချင်သေးဘူး

ဟုတ်ပါပြီခေါ်ချင်တဲ့အချိန်မှခေါ်နော်အခုတော့မောင့်ရင်ခွင်ထဲလာပါဦး အရမ်းလွမ်းနေခဲ့တာ

တော်ပါ အကြာကြီးပြန်သွားပြီးတော့

မောင်ကအရေးကြီးကစ္စနဲ့မို့ပြန်တာပါ

ထားပါ ဘိလပ်သူလေးတွေကလှလား

အဟွန်း သ၀န်တိုနေတာလား

မတိုဘူး ကျင်းယီယီလောက်လှလားလို့ပဲသိချင်တာ

မောင်းကိုဘေးမှာထားပြီးတခြားမိန်းကလေးလှမလှသိချင်တယ်ပေါ့

အင်း

မောင်ဘယ်လောက်ယောကျာ်းပီသကြောင်းရောမသိချင်ဘူးလား

၀မ်ရိပေါ်

အဟွန်း

လူယုတ်မာအပြုံးကြီးနဲ့

လူယုတ်မာကဘယ်လိုလဲဆိုတာမောင်ပြရမလားရှောင်း

တော်ပြီငါအိပ်ချင်တယ်ဖက်ထားပေးတော့နော်

လာမောင့်ရင်ခွင်ထဲကို

အင်း
၀မ်ရိပေါ်

အင်း

ငါတို့ဒီတိုင်းပဲအိပ်ကြမှာမဟုတ်လားဟင်

B Bhone



You are reading the story above: TeenFic.Net

#yizhan