မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် P14

Background color
Font
Font size
Line height

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်  🖤14

တင်းတင်းဆွဲပိတ်ထားတဲ့ကန့်လန့်ကာတွေကြောင့်အခန်းထဲမှာအလင်းကမှိန်ပျပျပဲရှိနေတယ် နူးညံ့တဲ့အိပ်ယာထက်မှာနွေးနွေးထွေးထွေးအိပ်နေတဲ့လူနှစ်ယောက်ရှိနေတယ်
ရှောင်းကျန့်က၀မ်ရိပေါ်ရဲ့လက်မောင်းကိုခေါင်းအုံးထားတယ် နီးကပ်လွန်းတာကြောင့်တစ်ဘက်သူရဲ့နှလုံးခုန်သံကိုပါရှင်းရှင်းလင်းလင်းကြားရတယ် ခါးပေါ်မှာရစ်သိုင်းထားတဲ့လက်တွေကရုန်းမထွက်နိုင်လောက်အောင်တင်းတင်းကျပ်ကျပ် ယောကျာ်းပီသတဲ့ကိုယ်သင်းနံ့နီးကပ်နေတဲ့က၀မ်ရိပေါ်ရဲ့ခန္ဓာကိုယ်ကနေရတယ်
မှိတ်ထားတဲ့မျက်လုံးတွေပွင့်လာတော့မြင်လိိုက်ရတာတောင့်တင်းတဲ့ရင်အုပ်နဲ့ကျယ်ပြန့်တဲ့ပုခုံးတွေသူမှီတွယ်ထားတဲ့ဒီလူသားကအခုဆိုသူ့ရဲ့ပူပူနွေးနွေးချစ်သူကောင်လေး
မျက်နှာချောချောကိုမော့ကြည့်မိတော့သူကဒီကောင်လေးဆီမှာကျရှုံးခဲ့တာကိုသတိရမိတယ် အိပ်နေတာတောင်ခန့်ညားလွန်းတဲ့ဒီအမျိုးသားကမြို့အုပ်မင်းဖြစ်ထိုက်တယ်တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေကစကားလုံးတွေနဲ့သူ့ကိုချွေယူခဲ့တယ်
မောင်ကစတွေ့ထဲကငါ့ကိုချစ်ခဲ့တာတဲ့
အခုနေမောင်လို့ခေါ်မိရင်ဖြစ်သွားမယ့်၀မ်ရိပေါ်ရဲ့ပံကိုမြင်ချင်တယ် ဒါပေမယ့်သူရှက်နေသေးတယ်

ငြိမ်ငြိမ်မနေနိုင်တဲ့လက်တွေကပါးပြင်ကိုပွတ်သပ်မိပြန်တယ်
တော်သေးတယ်ညကသူအုပ်ခံရတော့မလို့
ကံသီပေလို့ပေါ့ရှောင်းကျန့်ရယ်

ငြိမ်ငြိမ်နေကွာမောင်အိပ်ချင်သေးတယ်

အင်းပြန်အိပ်နော် ငါလည်းထပ်အိပ်ဦးမယ်

အင်းချစ်တယ်နော်

ငါလည်းချစ်တယ်

မောင်ကပိုချစ်တယ်

ဟုတ်ပြီအိပ်မလို့ဆို အိပ်တော့

  ခနအတွင်းမှာအသက်ရှုသံမှန်မှန်နဲ့ပြန်အိပ်ပျော်သွားတဲ့၀မ်ရိပေါ်
သူအခုရောက်နေတာမြို့အုပ်မင်းအိမ်တော်က မြို့အုပ်မင်းရဲ့ကုတင်ပေါ်မှာ
ဒါ့အပြင့်ရင်ခွင်ထဲမှာဆိုတာတွေးမိတော့အသံထွက်သည်အထိရယ်လိုက်မိတယ်

ရှောင်ပါးက၀မ်ရိပေါ်ကိုသမက်တော်ချင်နေတာတော်ရပါတယ် သားပေးပြီးတော့ပေါ့
ရှောင်းကျန့်ကလိမ္မာပါတယ် ပါးတို့လိုချင်တဲ့သမက်ကိုရအောင်ယူပေးနိုင်တယ်
ချွေးမမရတာကတော့စိတ်မကောင်းပါဘူး....

*******ရှောင်းအိမ်တော်

ရှောင်ပါး:::မင်းရဲ့သားအခုချိန်ထိမနိုးသေးဘူးလား

ရှောင်မား:::သမီးမောင်ကိုသွားနိုးလိုက်

ဟုတ်မား

ရှောင်ပါး:::ဘယ်လိုကောင်လဲမနက်ပဲစေ့စပ်တော့မယ်အခုချိန်ထိအိပ်ယာမထသေးဘူး

ပါး...ရှောင်းကျန့်သူ့အခန်းထဲမှာမရှိဘူး

ရှောင်မား:::မနက်အစောကြီးဘယ်သွားတာတွေ့လိုက်သေးလဲ

မတွေ့ဘူးမား

"ဟို...သခင်မကြီး ညတည်းကရှောင်းသခင်လေးပြန်မလာပါဘူး"

ဘာ...ပြန်မလာဘူးဟုတ်လား

"ဟုတ်...ဟုတ်ပါတယ်"

မင်းသားဘယ်လိုအချိုးချိုးတာလဲ မနက်ကိုစေ့စပ်ရမယ်ဆိုတာမသိဘူးလား

ဘာကိစ္စနဲ့ညကပြန်မလာတာလဲ
တောက်!!
ဘယ်လိုကောင်လဲ

ပါး...သူကဒီစေ့စပ်ပွဲကိုမလုပ်ချင်လို့ထွက်ပြေးသွားတာများလား

ရှောင်မား:::အဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲ

ရှောင်ပါး::;ဘယ်လိုလုပ်ရမလဲလိုက်ရှာရမှာပေါ့  ငါသူ့သူငယ်ချင်းတွေဆီသွားမယ်
တွေ့လို့ရတော့မနက်စေ့စပ်ပြီးတာနဲ့ ဒီတစ်ပတ်အတွင်းလက်ထပ်ပွဲလုပ်ပေးပြစ်မယ်

*****ချဲ့ရှင်းလောင်းကစားရုံ

"မင်းတို့ဆရာရှောင်းကျန့်ရှိလား"

မရှိပါဘူးသခင်ကြီး

"သူ့သူငယ်ချင်းနှစ်ယောက်ရှိလား"

ဟုတ်ရှိပါတယ် အပေါ်မှာပါ

     ကျန်းချန်   ဟွိုက်စန်း သားတို့သူငယ်ချင်းရှောင်းကျန့်ရော

ကျန်း:::အာ...ရှောင်မား သူညတည်းကပြန်သွားတာလေ

မင်းတို့မလိမ်နဲ့နော်

စန်း:::ရှောင်ပါးကျွန်တော်တို့မလိမ်ပါဘူး

ကျန်း:::ဘာဖြစ်လို့လဲ

ညကသားတို့သူငယ်ချင်းပြန်မလာဘူး
မနက်ကိုပဲစေ့စပ်ရတော့မယ်
သူဘယ်သွားလဲသားတို့သိလား

စန်း:::မသိဘူးရှောင်မားရဲ့ ညကသူပြန်သွားတာစောတယ် ကားတော့ယူမသွားဘူးထားခဲ့မယ် လမ်းလျှောက်ချင်လို့ပြောသွားတာ

မင်းတို့မသိတာသေချာလား လိမ်နေတာမဟုတ်လား

ကျန်း:::အာ...ရှောင်ပါးကျွန်တော်တို့မလိမ်ပါဘူး

သားတို့သူငယ်ချင်းကိုလိုက်၀ိုင်းရှာပေးပါဦး

စန်း::;စိတ်ချပာကျွန်တော်တို့နှစ်ယောက်လိုက်ရှာပြီးတွေ့တာနဲ့ပြန်လိုက်ပို့လိုက်ပါ့မယ်

ဒါဆိုသွားတော့မယ်နော်သားတို့

ဟုတ်ကဲ့ပါ

  ထွက်သွားတဲ့ရှောင်မားနဲ့ရှောင်ပါးကိုကြည့်လို့သူတို့သက်ပြင်းချလိုက်တယ်
ပြီးမှခုံပေါ်ကိုနှစ်ယောက်လုံးခြေပစ်လက်ပစ်ထိုင်ချလိုက်တယ်

မတိုင်ပင်ပဲနဲ့လိမ်လိုက်မိတဲ့သူတ်ု့နှစ်​ေယာက်တစ်ယောက်ကိုတစ်ယောက်အဓိပ္ပါယ်ပါပါကြည့်လိုက်တယ်
သူတို့ထင်တာမမှားဘူးဆိုရင်
မြို့အုပ်မင်း

******
လောင်းကစားရုံကနေပြန်ထွက်လာတဲ့ရှောင်းလင်မယားက ရှောင်းကျန့်ရှာပုံတော်ဖွင့်ရတယ် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မှာစိုးတာကြောင့်ရှောင်းသခင်ကြီးမှာသူ့လူယုံတွေကိုလွှတ်ပြီးတိတ်တိတ်လေးစုံစမ်းတယ်
အချိန်တွေသာကုန်သွားတယ် ရှောင်းကျန့်သတင်းဘာမှမကြားရဘူး ငိုနေတဲ့ရှောင်မားက သူ့သားကိုဘယ်မိန်းကလေးကမြူဆွယ်ပြီးခိုးသွားသလဲဆိုပြီးဒေါသထွက်နေတယ် ကျင်းယီယီကလွဲရင်ဘယ်မှချွေးမမတော်နိုင်ကြောင်းကိုအထပ်ထပ်ပြောနေတယ် ခြေရာဖျောက်ကောင်းလွန်းတဲ့သူ့သားကြောင့်ရှောင်းသခင်ကြီးမှာဆရာ၀န်ပင့်ရတဲ့အထိပဲ

******
ကြည်နူးစရာညနေခင်းမြို့အုပ်မင်းအိမ်တော် ရဲ့လေထုကနွေးထွေးနေတယ်

ညစာချက်နေတဲ့မြို့အုပ်မင်းကိုစားပွဲကနေထိုင်ကြည့်နေတဲ့ရှောင်းကျန့်ကအလိုလိုနေရင်းရင်တွေခုန်နေတယ်

၀မ်....

ရှောင်းကျန့်ရဲ့ခေါ်သံကြောင့်လှည့်ကြည့်လာတဲ့၀မ်ရိပေါ် မနက်နိုးလာခဲ့တည်းကသူကဟအဲ့လိုခေါ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်

မောင့်ကိုခေါ်ပြီးဘာပြောမလို့လဲ
ဗိုက်ဆာနေပြီလား

မဆာသေးဘူး ငါတွေးနေတာ

ပြောပါဦးဘာတွေတွေးနေသလဲ
အနားကိုရောက်လာတဲ့၀မ်ရိပေါ်ကရှောင်းကျန့်ကိုသိုင်းဖက်လိုက်ပြီးလည်တိုင်ကိုခပ်ဖွဖွနမ်းလိုက်တယ်

အာ့ ၀မ်
လျှောက်ကိုက်နေတော့တာပဲ ခွေးကောင်လေး

မောင်အသည်းယားလို့လေ

ငါကမင်းကိုပြန်ကိုက်ဖို့သွားယားလာပြီ

အာ့
မှတ်ပြီလား

အဟွန်း ကျေနပ်သွားပြီလား

အင်း

ပြောပါဦး မောင့်ရဲ့ရှောင်းကဘာတွေတွေးနေသလဲဆိုတာ

၀မ်ရိပေါ်ကအိမ်ထောင်မှုနိုင်နင်းတဲ့ဇနီးကောင်းလေးနဲ့သိပ်တူတာပဲလို့

ဘာ!!!

မောင်ကဇနီးကောင်းဟုတ်လား

ဟီး...ဟုတ်တယ်

ဇနီးကောင်းဟုတ်မဟုတ်မောင်ကသက်သေပြမယ်

အား...၀မ်ရိပေါ် ချပေး အခုချပေးလို့

ချပေးမယ်နော်ကုတင်ပေါ်ရောက်ရင်

မဟုတ်ဘူးခွေးကောင်ရဲ့အောက်ကိုချခိုင်းတာလို့

မောင်ကလည်းအောက်ကိုပဲချပေးမှာ

ဘောပဲခွေးကောင်၀မ်ရိပေါ်

မောင့်ကိုပဲဆဲနေတော့တာပဲ အပေါ်ရောက်မှအဲ့ဟာနဲ့အပြစ်ပေးမယ်

၀မ်ရိပေါ်.....
ချီးပဲခွေးကောင်အပေါ်ရောက်ရင်မင်းကိုငါမထနိုင်အောင်အုပ်ပစ်မယ်

B Bhone🖤









You are reading the story above: TeenFic.Net

#yizhan