မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်🖤12
ကျင်းအိမ်တော်ကပြန်ရောက်တည်းကအိမ်ထဲမှာပဲအောင်းနေတဲ့ရှောင်းကျန့်ကမိန်းမမယူရရေးကိုအကြံထုတ်တယ်
သူအပြင်မထွက်တာ၃ရက်လောက်ကြာပြီမို့အပြင်သွားဖို့ပြင်လိုက်တယ် အပြင်မထွက်ခင်မှန်ရှေ့မှာခါတိုင်းထက်ပြင်ဆင်လိုက်တယ် စိတ်ကျေနပ်တော့မှအခန်းထဲကထွက်ဖို့လုပ်တယ် မသွားခင်မှန်ရှေ့ကိုနောက်တစ်ခေါက်သွားရပ်ကြည့်လိုက်တယ် သူဒီနေ့ဝမ်ရိပေါ်နဲ့တွေ့ချင်တယ် အဲ့အချိန်ကျပိုပြီးကြည့်ကောင်းနေချင်လို့
အောက်ထပ်ကိုရောက်တော့ဧည့်ခန်းမှာရှိနေတဲ့ပါးကိုမသိချင်ယောင်ဆောင်လို့သွားလိုက်တယ်
တံခါးကနေ၀င်လာတဲ့လူနှစ်ယောက်ကိုမမြင်ခင်အထိ
ရှောင်မား:::သားဆင်းလာပြီလား
ဒီမှါသမီးလေးကသားနဲ့ခေါက်ဆွဲသွားစားဖို့တဲ့စေါင့်နေတာ
ကောကော
ကျွန်တော်မအားဘူး အခုအလုပ်သွားမှာ
"ရှောင်းကျန့် မင်းခေါ်သွားလိုက်လေ
သမီးကမင်းနိုးလာဖို့ကိုစောင့်နေတာ"
ကျစ်
ငါကလောင်းကစားရုံကိုသွားမှာ နင်ကမိန်းကလေးဘာကိစ္စလိုက်မှာလဲ
သူပြောလိုက်မှာရှက်တဲ့ပုံစံနဲ့ခေါင်းငုံ့သွားတဲ့ကျင်းယီယီ
သူကဘာကိစ္စအဲ့လိုဖြစ်နေရတာတုန်း
မားတို့ကလည်းပြုံးစိစိ
ကောကောကယီယီကိုသူများတွေကြည့်မှာမကြိုက်လို့စိတ်ပူပြီးသ၀န်တိုနေတာပဲ
ရုတ်တရက်ပြောလိုက်တဲ့စကားကြောင့်ရှောင်းကျန့်မှာဆွံ့အသွားရတယ်
ချီးပဲ သူ့ကိုဘယ်သူကသ၀န်တိုမှာလဲ သူ့ဖာသာရချင်တဲ့လူနဲ့ရ ငါနဲ့မရရင်ပြီးရော
"သားကသမီးလေးကိုအဲ့လောက်သ၀န်တိုနေရင်လည်းမားတို့မြန်မြန်လပ်ထက်ဖို့စီစဉ်ပေးမယ်"
မား ကျွန်တော်ကျင်းယီယီကိုသ၀န်မတိုဘူး
ပြီးတော့သူ့ကိုလည်းမယူနိုင်ဘူး
"ဟေ့ကောင်ရှောင်းကျန့်တော်တော့
ငါမင်းကိုလက်ပါမိလိမ့်မယ်"
ရှောင်ပါး ကောကောကိုမဆူပါနဲ့
ကျင်းယီယီ!!!!
မင်းဘယ်လိုမိန်းကလေးလဲဟမ်
ငါမင်းကိုမကြိုက်ဘူးလို့ပြောထားတာတောင်ဘာလို့အဲ့လောက်မျက်နှာပြောင်တိုက်နေရတာလဲ
အဟင့် ကောကိုချစ်လို့ပေါ့
ငါမင်းကိုမချစ်ဘူး
ခွပ်!
ပါးပြင်ပေါ်ကိုကျရောက်လာတဲ့ခပ်ပြင်းပြင်းလက်သီးတစ်ချက် ဒေါသတွေထွက်နေတဲ့ပါးနဲ့မျက်စိမျက်နှာပျက်နေတဲ့မား ရယ်ရသားပဲသူတို့ဖြစ်ချင်တာမဖြစ်ရလို့
အဟက်
ပေါ့ပျက်လိုက်တာ မင်းကိုသဘောကျတဲ့သမီးလေးကိုတောင်အားနာဖို့ကောင်းတယ်
တော်စမ်းပါဘယ်သူကသူ့ကိုသဘောကျပေးဖို့ပြောနေလို့လည်း
အားနာဖို့ကောင်းတာကဘယ်သူတွေလည်းမလိုချင်တာကိုအတင်းယူခိုင်းနေတဲ့သူတွေမဟုတ်ဘူးလား
တော်စမ်းရှောင်းကျန့် မင်းကောင်းဖို့အတွက်ငါတို့စီစဉ်တာ ငါတို့ကမင်းမိဘတွေငါတို့အမိန့်ကိုနာခံရမယ်
မိဘဆိုတာနဲ့ချုပ်ကိုင်ချင်တာဆိုရင်တော့ကြိုပြီးတောင်းပန်ပါရစေကျွန်တော်ကလည်းမရ ရအောင်ဖျက်မှာမို့
ကောကော ကသိပ်သေချာနေရင်ယီယီကလည်းကျိန်းသေပြောမယ် ရှောင်းကျန့်ကောကကျင်းယီယီရဲ့ယောကျာ်းဖြစ်လာစေရမယ်လို့
ယုံကြည်ချက်တွေအဲ့လောက်မြင့်မားနေရင် ရှောင်းကျန့်ကဘယ်သူ့နာမည်နဲ့ဂုဏ်သိက္ခာကိုမှအာမခံပေးမထားဘူး
ဧည့်ခန်းထဲကထွက်လို့အိမ်တော်ရှေ့မှာအသင့်ရပ်ထားတဲ့ဂျစ်ကားပေါ်ကိုတက်ပြီးအရှိန်ခပ်ပြင်းပြင်းမောင်းထွက်လာခဲ့တယ်
လမ်းသွယ်ထဲကိုချိုးပြီးနောက်ပုံမှန်ပဲမောင်းလာခဲ့တဲ့ကားလေးကမြို့အုပ်မင်းရဲ့အိမ်တော်ရဲ့ရှေ့မှာရပ်တန့်သွားတယ် ကားပေါ်ကဆင်းလိုက်တော့သော့ခတ်ထားတဲ့ခြံတံခါးကသာစီးကြိုတယ် ခြံဝကခေါင်းလောင်းလေးကိုလှပ်ခတ်လိုက်ပေမယ့်တစ်ဦးတစ်ယောက်မှအချိန်ကြာသည်အထိထွက်လာခြင်းမရှိ
ဘေးဘီကိုဝေ့ကြည့်ပေမယ့်အိမ်ဆက်လှမ်းတဲ့နေရာဖြစ်တာကြောင့်လူရိပ်လူယောင်မမြင်ရ
တစ်စုံတစ်ခုကိုတွေးမိတဲ့အခါတုန်လှုပ်သွားတဲ့စိတ်တွေ
"စိတ်ချပာရှောင်းရဲ့ရှေ့ကိုမောင်ဘယ်တော့မှပေါ်မလာတော့ပါဘူး"
ကြားယောင်မိတဲ့အသံတချို့ကြောင့်မဟုတ်နိုင်ပါဘူးလို့တွေးပြီး ခေါင်းကိုခပ်သွက်သွက်ခါယမ်းလိုက်တယ်မသိစိတ်ရဲ့တခြားတစ်ဘက်ကတော့သိပ်ကိုစိတ်ပူနေခဲ့တယ်
ကားကိုပြန်မောင်းထွက်လို့လာခဲ့ပေမယ့်သူ့စိတ်တွေကမြို့အုပ်မင်းရဲ့ရုံးရှေ့ကိုမယောင်မလည်နဲ့ရောက်သွားခဲ့ပြန်တယ်
လမ်းတစ်ဘက်ခြမ်းကလက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့မြို့အုပ်မင်းရုံးကလူတချို့ကြောင့်ရှောင်းကျန့်ရဲ့မျက်ခုံးတွေကအလိုလိုတွန့်ချိုးကုန်တယ် ၀မ်ရိပေါ်ကသိပ်စည်းကမ်းကြီးတာကိုဘာလို့သူတို့ကအပြင်ထွက်နေိုင်ရတာလဲ
သူလက်ဖက်ရည်ဆိုင်ထဲဝင်ထိုင်လိုက်ချိန်မှာတော့ခုနကထိဆူညံနေတဲ့အသံတွေကရုတ်ချည်းတိတ်သွားတယ်
အိုးးးဆက်ပြောကြပါ
ဒီလက်ဖက်ရည်ဆိုင်ကအဖျော်ကောင်းတယ်ဆိုလို့လာသောက်ရုံပါပဲ
သူပြောပြီးနောက်မှာချက်ချင်းရောက်လာတဲ့ဆိုင်ရှင်
"မြို့လူဆိုးလေးကတနေ့တခြားခန့်လာတာပဲ ချီးကျူးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်"
မလိုပါဘူး ခင်ဗျားလက်ဖက်ရည်အရသာကတကယ်ကောင်းပါတယ်
အာ ကျေးဇူးပါ
မြို့လူဆိုးလေးအဆင်ပြေမယ်ဆိုနေ့တိုင်းလာသောက်လို့ရပါတယ်
အင်း ဒါထက် ဟိုလူတွေကမြို့အုပ်မင်းရုံးကလူတွေမဟုတ်လား
မြို့အုပ်အသစ်ကစည်းကမ်းကြီးလှဆို
"ဟုတ်ပါတယ် မြို့အုပ်မင်းကအခုမြို့ကိုအစည်းအဝေးသွားတက်သွားလို့ပါ"
သြော်...
"သတင်းမှန်လားတော့မသိဘူး မြို့အုပ်မင်းကဒီအစည်းအဝေးကပြန်ရင် မြို့ကိုပြန်ပြောင်းတော့မယ်လို့ကြားတယ်"
ဘာ!!!
"မြို့...မြို့လူဆိုးလေး"
ခုနကခင်ဗျားပြောတာတကယ်လား
"ဟုတ်...ကျွန်...ကျွန်တော်လည်းကြားတာပါ"
ပြီးတော့ကော
"ပြီးတော့ မြို့အုပ်မင်းသွားမယ့်နေ့ကဘိလပ်သူလှလှလေးလိုက်လာတယ်
တောက်!!!
တောက်ခေါက်လို့ထထွက်သွားတဲ့မြို့လူဆိုးလေးကြောင့်ဆိုင်ရှင်နဲ့ဆိုင်ထဲကလူတွေအသက်ပင်မရှုရဲကြ
ဒီလေါက်စိတ်တိုသွားပုံထောက်ရင် မြို့အုပ်မင်းကရှောင်းမေကျီနဲ့ကြိုက်နေတာကိုရည်းစားဟောင်းပြန်ပေါ်လာလို့ မြို့လူဆိုးလေးကသူ့အမအတွက်ယောက်ဖလောင်းကိုဒေါသထွက်သွားတာ ဆိုပြီးတွေးလိုက်မိတဲ့ဆိုင်ရှင်က သူ့ဆိုင်အတွက်သတင်းတစ်ပုဒ်ရသွားလို့ဝမ်းသာနေလေရဲ့
******
ကားကိုမြို့စွန်ကပန်းရိုင်းတွေအများဆုံးပွင့်တဲ့နေရာအထိမောင်းလာပြီးမှာကားကိုရပ်လို့အောက်ကိုဆင်းလိုက်တယ်
သူဆင်းတဲ့နေရာမီာရှိနေတဲ့ခဲလုံးကလည်းကန့်ကန့်လန့်နဲ့မို့ကန်ထုတ်လိုက်တယ်
ဘောပဲ ခွေးကောင်ဝမ်ရိပေါ်
ငါ့ကိုချစ်လှပါချည်ရဲ့ဆိုပြီးဒင်းကအခုတော့မြို့ကိုပြန်ပြောင်းဖို့တောင်လုပ်နေသေးတယ်
ချီးပဲဟေ့ ဒင်းကဘိုမချောချောလေးနဲ့တောင်အဆက်ရှိတယ်ဆိုပဲ
လှေနံသုံးဖက်နင်းချင်တဲ့ မျက်နှာရူး နှာဘူး
မင်းကိုငါဒီညသတ်ကမှကျေနပ်မယ်....
******
ကျန်းချန်
လာပါပြီ သတို့သားလောင်းကြီး
ဘောကိုသတို့သားလောင်းတာလား
ကျန်း:::မဟုတ်လို့လား
ချီးကိုဟုတ်ရမှာလား
ပေးဦးသေရည်
စန်း:::တော်..တော် ဟိုနေ့ကမိုးလင်းမှမင်းကိုမတွေ့လို့ရှာလိုက်ရတာ ငါတို့မထိန်းနိုင်ဘူးမသောက်နဲ့
အဲ့ဒါဆိုငါကဘာသောက်ရမှာတုန်း
ကျန်း:::ရော့ ဒီမှါနွားနို့သောက်နေ
မင်းပဲသောက်
ကျန်း:::ငါတို့ကမသောက်ရဘူး မင်းကမကြာခင်မိန်းမရမယ့်သူဆိုတော့အားရှိအောင်သောက်
ချီးပဲ အားရှိအောင်သောက်
စန်း:::မင်းတို့စေ့စပ်ပွဲကသန်ဘက်ခါနော်
တော်စမ်းအာရုံရှုပ်လွန်းလို့
ကျန်း:::မင်းမကြိုက်တာမငြင်းဘူးလား
စေ့စပ်ပွဲဆိုတော့ငါတို့တောင်အံ့သြနေတာ
ငြင်းသားပဲ မရလို့ ခနလွှတ်ပေးထားတာ
စန်း:::ခနလွှတ်ပေးထားတာကရောက်ပဲရောက်တော့မယ်
တော်ကြာတစ်ခါတည်းလက်ထပ်ပွဲပါဖြစ်သွားမယ်
လက်ထပ်ပွဲပါဖြစ်သွားတော့လည်းကောင်းသားပဲ
ကျန်း::;မင်းပဲပြောတော့ကျင်းယီယီကိုမယူချင်ဘူးဆို
ငါလည်းကျင်းယီယီကိုယူမယ်လို့မပြောမိပါဘူး
စန်း:::ဒါဆိုမင်းယူချင်တာကဘယ်သူလဲ
မြို့အုပ်မင်းကို....
ဘာ!!!
B Bhone🖤
You are reading the story above: TeenFic.Net