မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ် P11

Background color
Font
Font size
Line height

မြို့အုပ်မင်းကမြို့လူဆိုးလေးကိုအုပ်လိုက်တယ်🖤11

ရှောင်းကျန့်အိမ်တော်နားမရောက်ခင်မှာကားရပ်ခိုင်းပြီးလမ်းလျှောက်လာခဲ့တယ်
သူအိမ်တော်ထဲရောက်သည်ထိအာရုံတွေကိုမစုစည်းနိုင်သေးဘူး
ဧည့်ခန်းထဲမှာရှိမနေတဲ့မားကခြံထဲမှာဖြစ်မယ်
သူ့အမကဒီအချိန်ဆိုဆိုင်ရောက်နေမှာပေါ့
အပေါ်ကအခန်းထဲရောက်တော့ကုတင်ပေါ်ကိုကန့်လန့်ဖြတ်လှဲချလိုက်တယ်
နက်ဆွေးဆွေးအရောင်တွေကလည်းသူ့စိတ်တွေရဲ့တင်းကျပ်မှုကိုမဖြေလျော့နိုင်ဘူး
သူအမကိုမနက်စောစော၀မ်ရိပေါ်နဲ့တွေ့လိုက်ရတော့တကယ်ကိုအဆင်မပြေဘူး
ဒီကြားထဲ၀မ်ရိပေါ်ကသူ့အနဲ့အရမ်းကိုအဆင်ပြေနေလေရဲ့

ဒါတွေကို၀မ်ရိပေါ်မသိဘူး
သူလည်းပြေမပြချင်ဘူး
တကယ်ဆိုသူထိုးလိုက်တဲ့လက်ဆကိုသူသိတယ်ရှောင်မယ်လို့ထင်ထားတာ ထိုးမိသွားတဲ့အချိန်တကယ်ကိုငိုချင်တယ်
မပြောရက်ပေမယ့်နှုတ်ကထွက်လာတာကြမ်းတမ်းတဲ့စကားတွေ
ခါတိုင်းလိုအနိုင်မရအောင် စကားလုံးတွေနဲ့ချွေပါဦးလား အခုတော့တစ်ခွန်းမှမပြောပဲအနားကထွက်သွားပေးမယ်တဲ့လား ဘယမတုန်းကနာခံတတ်သွားတာလဲ အရင်တုန်းကဉာဏ်များတဲ့မြို့အုပ်၀မ်ရိပေါ်ကခုတေု့နာခံတတ်တဲ့ပုံစံချက်ချင်းပြောင်းသွားတာလဲ
စိတ်ကုန်သွားတာလားလို့တွေးမိတော့ ချစ်ကြောင်းကြိုက်ကြောင်းပြောခဲ့တာတွေကိုယုံနေတုန်း မုန်းသွးမယ်ဆိုရင်တောင်ဘယ်သူကအဲ့လိုအဖြစ်ခံနိုင်မှာလဲ

မှုတ်ထုတ်လိုက်တဲ့လေပူတွေနဲ့တင်းတင်းမှိတ်လိုက်တဲ့မျက်၀န်းတွေ အာရုံမှာပေါ်လာတာကကိုယ့်ကြောင့်ရသွားတဲ့ဒဏ်ရါ တွေးမိပြန်တော့ရင်ဘတ်ကနာလာတယ်
သူ့ကြောင့်လို့တွေးမိတဲ့ခနစိုစွတ်လာတဲ့ပါးပြင်ပေါ်ကမျက်ရည်တွေလို့၀န်မခံချင်ဘူး
ရေချိုးခန်းထဲကရေပန်းကိုဖွင့်လို့အောက်ကို၀င်ထိုင်လိုက်တယ် ဒီရေစီးနဲ့ခံစားမှုတွေမျောပါသွားရင်ကောင်းမယ်


You are reading the story above: TeenFic.Net

#yizhan