Part 7

Background color
Font
Font size
Line height

Unicode

အချိန်က နေ့လယ်သုံးနာရီသာ ရှိသေးသော်ငြားလည်း မင်းခွန်မှိုင်းအိမ်ရှေ့၌ ငစိုင်းတို့ရောက်နှင့်နေချေပြီ။​ကျော်ကြီးသည် စတူဒီယိုပိတ်ပြီးမှ မင်းခွန်မှိုင်းအိမ်သို့ လိုက်လာမည်ဖြစ်သည်။ ယနေ့ ကိုသာ့အလုပ်နားရက်မှန်းလည်း သူသိသည်ကတစ်ကြောင်း၊ တွေ့ချင်သည်က တစ်ကြောင်းကြောင့် စောစောလာခဲ့ခြင်းဖြစ်သည်။ တစ်မိနစ်လောက်ပိုတွေ့လိုက်ရလည်း သူ့အတွက်မနည်းလှ။ ကိုယ့်အတွေးနှင့်ကိုယ်မြူးပြီး ခြံတံခါးမှ လူခေါ်ခေါင်းလောင်းကို ခပ်မြန်မြန်ပင်တီးလိုက်မိသည်။

လူခေါ်ခေါင်းလောင်းအသံ အဆုံးသတ်သွားချိန်မှာပင် ခြံထဲသို့ဆင်းလာသည့် ကိုသာ့အား လှမ်းမြင်မိတော့ နှလုံးသားသည် ရေနွေးထဲအစိမ်းလိုက်ထည့်ပြုတ်ခံရသော ဖားတစ်ကောင်လို ဖျပ်ဖျပ်လူးခုန်ပေါက်၏။ အိမ်နေရင်းမို့ တီရှပ်အဖြူနှင့် ဒူးဆစ်လောက်သာဖုံးသည့် ခပ်ပွပွဘောင်းဘီအသားရောင်ကို ဝတ်ဆင်ထားသည်။ ဆံပင်များကို အနောက်သို့ဖြီးသိမ်းထားပြီး မျက်နှာလေးကလည်း အပြုံးနုနုလေးကြောင့် ကြည်လင်နေပြန်သည်။

ဘယ်လိုများ ဆုတောင်းကောင်းခဲ့လေသလဲ ကိုသာရယ်။ ရိုးရိုးရှင်းရှင်းပုံစံလေးနှင့်ပင် ပြည့်စုံလွန်းအားကြီးလှပါရဲ့။

"ငါ့ညီ ရောက်လာတာ​စောသလားလို့"

ကိုသာသည် ပြောပြောဆိုဆိုဖြင့်ခြံတံခါးကို ဖွင့်ပေးလေသည်။

"ဧည့်သည်လည်းမဟုတ်ဘဲနဲ့၊ တန်းဝင်လာတာမဟုတ်ဘူး။"

တံခါးဖွင့်ပေးပြီး အိမ်ထဲပြန်လှည့်ဝင်သွားသည့် ကိုသာ့နောက်သို့ ငစိုင်းအယောင်ယောင်အမှားမှားဖြင့် လိုက်သွားပြီးကာမှ ခြံရှေ့၌ သည်တိုင်းရပ်ထားမိခဲ့သည့်ကားကို သတိရကာ ရှက်ကိုးရှက်ကန်းဖြင့် ခြံအပြင်ပြန်ထွက်ပြီး ကားကိုအိမ်ဝ၌ ထိုးလိုက်ရသည်။ မင်းခွန်မှိုင်းပစ္စည်းများ ကားထဲထည့်ရဦးမည်မဟုတ်လား။ ကားကို အိမ်ဝအထိထိုးမပေးလျှင် ခြံရှေ့ထိပစ္စည်းသယ်ရပါသည်ဆိုပြီး လူကိုဟောက်ဦးမည်အား ကြိုသိနေသည်။

ကိုသာတော့ အိမ်ထဲဝင်သွားနှင့်ပြီ။ သူအယောင်ယောင်အမှားမှားဖြင့် ကိုသာ့နောက်လိုက်သွားမိသည်ကို ကိုသာသတိမထားမိ၍ တော်ပါသေးသည်။ သက်ပြင်းလေးခပ်ယဲ့ယဲ့ချကာ အိမ်ထဲဝင်လာလိုက်သည်။ ကိုသာသည် ဧည့်ခန်းထဲ၌ထိုင်ပြီး ကွန်ပြူတာကိုင်နေသည်။ အလုပ်လုပ်နေခြင်းဖြစ်မည်။ ကိုသာ့အား မနှောက်ယှက်မိစေရန် သူ မင်းခွန်မှိုင်းအခန်းသို့ ချက်ချင်းတက်သွားရန်သာ ဆုံးဖြတ်လိုက်သည်။

"ငါ့ညီ ဒီကိုလာထိုင်လေ။ ညီမှိုင်းက ဆံပင်သွားဆက်တယ်။ မနက်ကတည်းက အခုထိပြန်မလာသေးဘူး"

မင်းခွန်မှိုင်းဆံပင်ဆက်ရန်သွားသည်ကို ငစိုင်းသိပါသည်။ သို့သော် ယခုအချိန်ထိပြန်မရောက်​သေးမှန်း မသိခဲ့ရိုးအမှန်။ အိမ်ထဲတွင် ကိုသာ့မိဘနှစ်ယောက်ကိုလည်းမတွေ့မိ။ သည်လိုဆိုလျှင် အိမ်ထဲ၌ ကိုသာနှင့်သူနှစ်ယောက်တည်းပေါ့။ ရင်တွေခုန်လာရပြန်ပါပြီ။

"ငါ့ညီ...လာထိုင်လေ။ အားနာမနေနဲ့။ လာနေကျပဲကို"

လာနေကျဆိုပေမဲ့ ယခုလို ကိုသာနှင့်နှစ်ယောက်တည်း ဘယ်တုန်းကမှရှိခဲ့ဖူးသည်မဟုတ်။ ရင်ခုန်ရုံမက ဒူးတွေပါတုန်လာသည်ဟု ခံစားနေရသည်။ တံတွေးကိုအတင်းမြိုချ စိတ်ကိုတင်းရင်း လိပ်ကဲ့သို့ တရွေ့ရွေ့ဖြင့် ကိုသာ့အနားကပ်သွားလိုက်ပြီး ကိုသာနှင့်မျက်စောင်းထိုးတွင်ရှိသောခုံ၌ ဝင်ထိုင်လိုက်သည်။ မည်သူမျှမရှိသည့်အချိန် ကိုသာနှင့် နီးနီးကပ်ကပ်မထိုင်ရဲပါလေ။ ရင်ခုန်သံတွေကို ကိုသာကြားသွားမည်စိုးပါ၏။

ငစိုင်းဆိုသူသည် ကိုသာ့အားမည်မျှပင် သည်းသည်လှုပ်နေပါစေ၊ တကယ့်အချိန်ဆို ကတုံတယင်နှင့်ပင် အချိန်များကုန်သွားတတ်တာမျိုး။ မင်းခွန်မှိုင်းကလည်း သူ့အစ်ကိုကို အထိမခံ​သူမို့ တော်ရုံကပ်ရဖို့လည်း မလွယ်ပါလေ။

ကိုသာသည် သဘောကောင်းသူမှန်းသူသိသည်။ သို့သော် ကိုယ့်စိတ်ကိုယ် မလုံ၍လားမသိ​နေရခက်နေသည်။ တခြားသူ​များနှင့်ပါရှိ​နေချိန်တွင် မသိသာ​ပေမဲ့ နှစ်​ယောက်တည်းရှိချိန်တွင်တော့ သိသာလွန်းသည်။ ထို့အပြင် ကိုသာသည် တည်ကြည်သည် ၊ ဖြောင့်မတ်သည် ၊ ထူးချွန်သည်။ အရာရာပြည့်စုံလွန်းအားကြီးတော့ သည်လူက သဘောကျမိရုံနှင့်ပင် အားနာနေမိသည်။

အလုပ်ကိုအာရုံစူးစိုက်လုပ်နေသည့် ကိုသာ့အား မဝံ့မရဲခိုးကြည့်မိချိန် ကိုသာကလည်း သူ့အားပြန်ကြည့်ချိန်နှင့် သွားတိုးတာကြောင့် မသိမသာသွားဖြဲပြပြီး မျက်နှာလွှဲလိုက်ရသည်။

"ငါ့ညီ ဘာသောက်မလဲ။ ကိုသာ အလုပ်ထဲစိတ်​ရောက်သွား​တော့ မေးဖို့မေ့နေတာ"

"ရတယ် ကိုသာ။ ကျွန်တော်မသောက်တော့ပါဘူး။ ကိုသာ့အလုပ်သာလုပ်ပါ။ ကျွန်တော့်ကြောင့် အနှောက်အယှက်ဖြစ်နေမယ်"

ကိုသာက သွားညီညီလေးတွေပေါ်သည်အထိ ပြုံးသည်။ လှရက်လေခြင်း.....။

"ဘာအနှောက်အယှက်မှမဖြစ်ဘူး။ ညီမှိုင်းဆို ကိုသာအလုပ်ရှုပ်နေလည်း သူစားချင်တာရှိရင်အတင်းသွားဝယ်ခိုင်းတတ်တာ။ ညီမှိုင်းသူငယ်ချင်းဆိုတော့ ကိုသာ့ညီပဲပေါ့။ အားနာမနေနဲ့။ နေလည်းပူတော့ သံပုရာရည်အေးအေးလေးသောက်မလား။ ခေါင်းကြည်သွားတာပေါ့"

ငစိုင်းခေါင်းသာညိတ်ပြမိလိုက်တော့သည်။ ကိုသာသည် ချက်ချင်းထပြီး မီးဖိုခန်းထဲဝင်သွားလေသည်။ ငစိုင်းစိတ်ထဲလည်း တသိမ့်သိမ့် ကြည်နူးနေမိသည်။ မင်းခွန်မှိုင်းတို့များ သည်လိုအစ်ကိုပိုင်ရသည်မှာ ကံကောင်းလွန်းပါသည်။ အလုပ်လုပ်နေရင်းတောင် ညီဖြစ်သူကပူဆာသည်နှင့် တန်းထလုပ်ပေးသောကိုသာကဲ့သို့အစ်ကို မင်းခွန်မှိုင်းတွင်ရှိခြင်းအား မနာလိုဖြစ်မိသည်။ သည်လိုအရိုင်းတုံးတွင်မှ သည်လိုအစ်ကိုရှိခြင်း။

"ဟိတ်ကောင် ငစိုင်း။ ရောက်နေပြီလား"

အသက်ရှည်ပေဦးမည်။ သူ့အကြောင်းတွေးနေတုန်းမှာပင် မင်းခွန်မှိုင်းတို့က ရောက်ချလာလေသည်။ အသံနှင့်ပင် ကျက်သရေအဖြာဖြာတုံးလှသော်လည်း သူ့ပုံစံကိုလှည့်ကြည့်မိချိန်၌ နှုတ်ခမ်းများပင် အလိုလိုပွင့်ဟသွားမိသည်။ ဘောင်းဘီဒူးလောက်နှင့်အင်္ကျီအဖြူပေါ် အဝါရောင်အနွေးထည်အပါးလေး ထပ်ဝတ်ထားသည်။ ထိုမျှလောက်ထိက ယောက်ျားလေးဆိုတာမှန်သေး၏။ သို့သော် ဒူးဆစ်လောက်ထိဆက်လာသည့် ဆံပင်ရှည်ကြီးကြောင့် မသိလျှင် မိန်းမမှမိန်းမအစစ်။ ယောက်ျားလေးကဲ့သို့ဝတ်ဆင်ထားသည့် မိန်းကလေးဟုပင် ထင်ရလောက်သည်။​ခေါင်း​ကို ခပ်​မော့​မော့လုပ်ပြီး လူကိုကြည့်ပုံက မျက်နှာမာထန်ထန်နှင့်မာနကြီးသည့် မိန်းကလေးသဖွယ်...။

"ညီမှိုင်း...ပြန်လာပြီလား။ ကိုသာတောင် မနည်းကြည့်ယူလိုက်ရတယ်။ အင်္ကျီသာလဲလာရင် မှတ်မိမှာမဟုတ်ဘူး"

ကိုသာက သံပုရာရည်ခွက်လေးကိုယူလာရင်း သူ့ညီသူချီးမွမ်းခန်းဖွင့်သည်။ ကိုသာပြောသည်ကလည်း အပိုပြောသည်တော့မဟုတ်။ ဆံပင်ဆက်လိုက်ရုံနှင့် မျက်နှာပုံစံကအစ တော်တော်ပြောင်းလဲသွားသည်။

"မင်းခွန်မှိုင်း...မင်းပြောတော့ 'Zero Two' Cosplayမယ်ဆိုပြီး ဆံပင်ကိုဘာလို့အဲ့လောက်အရှည်ကြီး ဆက်လာတာလဲ"

မင်းခွန်မှိုင်းသည် သက်ပြင်းလေးချရင်း ကိုသာ ငစိုင်းအတွက်ဖျော်လာပေးသည့် သံပုရာရည်ခွက်ကို ကောက်မော့ပစ်လိုက်သည်။ ငစိုင်းတော့ တားချိန်ပင်မရလိုက်၍ ပါးစပ်အဟောင်းသားပင် ကျန်ခဲ့ရ၏။ ထို့နောက် ဆံပင်များကို ရှေ့သို့သိမ်းယူကာချလိုက်ပြီး ဆိုဖာပေါ်၌ ဝင်လိုက်လေသည်။

" Zero Twoက Cosplayမယ့်သူများတယ်ကွ။ မနှစ်ကလည်း မင်းမြင်တဲ့အတိုင်းပဲလေ၊ နည်းနည်းနောနော Zero Two Cosplayerတွေလား။ ငါတို့က သီးသန့်ဖိတ်ခံရပြီး နည်းနည်းထူးခြားတာလေး လုပ်ဦးမှပေါ့။"

"ဒီတော့ မင်းက ဘာCosplayမှာလဲ"

"Bisharmon(ဘစ်ရှာမွန်)"

"Noragamiထဲက ဘစ်ရှာမွန်နတ်ဘုရားမ လား"

"ဒါပေါ့။ ဒါတောင်အချိန်သိပ်မရလို့ မနည်းထွက်လာရတာ။ ဆံပင်ဆက်ဖို့နည်းနည်းလိုသွားတယ်။ အချိန်မရလို့ အရောင်တောင်မဆိုးခဲ့ရဘူး။ ဆံပင်ရွှေရောင်မဟုတ်ဘဲ အနက်ရောင်ဆံပင်နဲ့ဘစ်ရှာမွန်ပေါ့ကွာ..."

မင်းခွန်မှိုင်းမျက်နှာထားနှင့် ဘစ်ရှာမွန် Cosplayမည်ဆိုကတည်းက လိုက်ဖက်မည်ဆိုတာ နှစ်ခါမေးစရာမလို။ ဘစ်ရှာမွန်ကလည်း မျက်နှာကြောတင်းသည့်အထဲ ပါသည်မဟုတ်လား။

"ဒါနဲ့ ဝတ်စုံကရော...ကျော်ကြီးကို ငါကအရင်အဝတ်အစားအတိုင်းပဲယူခိုင်းထားတာ"

"ငါ စတူဒီယိုဝင်ပြီးမှဒီကိုလာတာ။ အကုန်ယူလာပြီးလို့ မင်းကားထဲတောင် ထည့်ပြီးပြီ။ မင်းသာ ကိုယ့်ကားလူကပ်လို့ကပ်မှန်းမသိ။ သော့ဖြုတ်ရကောင်းမှန်းမသိ။ ခိုးသွားရင်တောင် သိမှာမဟုတ်ဘူး။ စိတ်တွေက ဘယ်ရောက်နေမှန်းမှမသိတာ"

မင်းခွန်မှိုင်းသည် ရွဲ့တဲ့တဲ့စကားများဖြင့် ငစိုင်းကို တိုက်ခိုက်လေသည်။

"ညီမှိုင်းရယ်...သူငယ်ချင်းကိုနည်းနည်းချိုချိုသာသာပြောပါဦး"

ကိုသာသည် အလုပ်လုပ်နေရင်းမှဝင်ပြောရှာသည်။

"ချိုချိုသာသာပြောပြီး နောက်ကွယ်မှာကြိတ်မုန်းနေတဲ့လူတွေထက် ပြောချင်သလိုပြောတတ်တဲ့ သူငယ်ချင်းတွေက ပိုစစ်မှန်တယ်ကိုသာရဲ့။ ပြီးတော့ ကျွန်တော် စကားပြောမချိုတာ ကိုသာသိသားနဲ့..."

"အေးပါကွာ။ သွားရတော့မှာမလား ကိုယ့်ပစ္စည်းတွေကိုယ်ပြန်စစ်ဦး။ ကားစီးရင်ခေါင်းမူးတတ်တယ်မလား။ ရှူဆေးဘူးတွေ သောက်ဆေးဘူးတွေ အိတ်ထဲထည့်ဖို့မမေ့နဲ့။"

"ထည့်ပြီးပါပြီဗျာ...။ ကိုသာသာ ဂရုစိုက်။ ဖေကြီးနဲ့မေမေတို့ကလည်း သဘက်ခါလောက်မှ အဘွားတို့အိမ်ကပြန်လာကြမှာ။ တစ်ယောက်တည်း ထားသာထားခဲ့ရမှာ ကိုသာ့ကိုစိတ်ချတာမဟုတ်ဘူး"

"ဟောဗျာ...ကိုသာ့ကိုပဲစိတ်မချရဘူးရှိသေးတယ်။ ကိုသာက လူကြီးဖြစ်နေပြီ။"

"လူကြီးဖြစ်​နေလို့​ပေါ့။ ကိုသာ့ကိုလိုချင်လို့ ကိုသာတစ်ယောက်တည်းဆိုပြီး အိမ်ကိုဝင်လာရင်ဘယ်လိုလုပ်မလဲ"

"ဒီကောင်လေးတော့...အစ်ကိုကို ပေါက်ကရ..."

ကိုသာ လှမ်းရိုက်မည်ပြုစဉ်မှာ မင်းခွန်မှိုင်းရှောင်လိုက်ပြီး အိမ်ပေါ်ထပ်သို့ပြေးတက်သွားသည်။ ညီအစ်ကိုနှစ်ယောက်ကလူကျီစယ်နေသည်ကိုကြည့်ပြီး ငစိုင်းကြည်နူးနေမိသည်။ အထူးသဖြင့် ကိုသာရယ်မောနေခြင်းကိုဖြစ်သည်။

************************************

ကားနောက်ခန်းထဲတွင် တစ်ယောက်တည်းဇိမ်ယူဖို့ အခွင့်အရေးကြီးရပါလျက်နှင့် မင်းခွန်မှိုင်းဘေးနားတွင်ထိုင်ပြီး မေးထောက်ကာ မျက်တောင်မခတ်တမ်း ရူးကြောင်ကြောင်အကြည့်ဖြင့် စိုက်ကြည့်နေသည့် Kiteကြောင့် မင်းခွန်မှိုင်း စိတ်ပျက်လက်ပျက်သာ ငုတ်တုတ်ထိုင်နေမိသည်။ အရှေ့တွင် ငစိုင်းနှင့်ကျော်ကြီးရှိသောကြောင့် Kiteကိုရန်လုပ်ချင်တာလည်း လုပ်၍မရ။ ထိုနှစ်ကောင်သာမရှိလို့ကတော့ သကောင့်သားကို မျက်လုံးကိုနှိုက်၊ ဒူးနှင့်တိုက်ပစ်မိမှာသေချာသည်။

မန္တ​လေးမြန်မြန်ရောက်မှဖြစ်တော့မည်။

"ကျော်ကြီး... မန္တလေးမှာနေတဲ့မင်းအစ်ကိုဝမ်းကွဲ​ကို မေးခိုင်းထားတဲ့ကိစ္စ အခြေအနေဘယ်လိုလဲ"

ကျော်ကြီးအား မေးခိုင်းထားသည့်ကိစ္စကို ရုတ်တရက်သတိရမိသွား၍ဖြစ်သည်။ နှလုံးသားအမြုတေကိစ္စအား ဖြေရှင်းနိုင်ဖို့တခြားနည်းလမ်းရှိကိုရှိမည်။ ထိုသို့မှမဟုတ်လျှင်လည်း အမြုတေဖမ်းမစားခင် ဘေးနားကကောင်ကြောင့် စိတ်တိုရလွန်းပြီး သွေး​ဆောင့်တက်ကာ သေတော့မည်ထင်သည်။ ဘာမှလည်းမပြောဘဲ သည်အတိုင်းကြီးလိုက်ကြည့်နေသည်မှာ အာရုံနောက်စရာကောင်းလွန်းသည်။ ကျော်ကြီးသည် နောက်သို့လှည့်ကြည့်လာပြီး အမေးကိုဖြေတော့မှ သူလည်းနည်းနည်းစိတ်အိုက်သက်သာသည်။

"ငါလည်းသူပြောတာတွေ သိပ်နားမလည်တော့ မင်းနဲ့တိုက်ရိုက်တွေ့ပေးဖို့ ပြောထားတာ။ ဒါပေမဲ့ ငါ့အစ်ကိုက အလုပ်ကိစ္စနဲ့ခရီးထွက်သွားတယ်ကွ။ အခုမန္တလေးမှာမရှိဘူး။ မင်းနဲ့တွေ့ဖို့လွဲသွားတာပေါ့။ ငါနောက်တစ်ခေါက်တော့ တွေ့နိုင်အောင်လုပ်ပေးပါ့မယ်"

"အေး...ရပါတယ်ကွာ။ အဆင်မှမပြေတာ နောက်မှပေါ့"

စိတ်ညစ်ညစ်နှင့် ကားကူရှင်ကို ကျောမှီဆောင့်ချလိုက်ရင်း Kiteအားခေါင်းစောင်းကာ ကြည့်လိုက်သည်။ Kiteသည် စောစောကအနေအထားအတိုင်း သူ့ကိုကြည့်ဆဲ။ ပြန်ပြော၍လည်းမဖြစ်သေးသည်မို့ အံကြိတ်ပြပြီး မျက်လုံးမှိတ်၍အနားယူဖို့ ကြိုးစားလိုက်သည်။

"မင်းတော်တော်လှတာပဲ"

အိပ်ပျော်ကာနီးမှ Kiteဆီကထွက်လာသည့် အသံတိုးတိုးကြောင့် ကူရှင်ကိုမှီအိပ်​နေရာက​နေ ငေါက်ခနဲပင် ထထိုင်လိုက်မိသည်။ ထို့နောက် Kiteအားစိုက်ကြည့်တော့ သူကမျက်နှာတည်ဖြင့် မင်းခွန်မှိုင်းဆက်ထားသည့် ဆံနွယ်တချို့ကိုဆွဲယူကာ လက်ဖဝါးပေါ်တင်ရင်း မင်းခွန်မှိုင်းအားမော့ကြည့်လာပြန်သည်။

"တကယ်ဆံပင်ရှည်ထားပါလား။ မင်းကအရမ်းလှတယ်။ မင်းမျက်နှာလေးက ဆံပင်ရှည်လေးနဲ့အရမ်းလိုက်တယ်"

Kiteစကားတွေကြောင့် မင်းခွန်မှိုင်းသက်ပြင်းတွေ ဟင်းခနဲ ၊ ဟင်းခနဲအကြိမ်ကြိမ်ချနေမိသည်။ ပေါက်ကရတွေလာပြောနေသည့် သင်းကိုကားပေါ်ကနေ ကန်ချပစ်ချင်နေသည်။ Kiteသည် လက်ဖဝါးပေါ်က ဆံနွယ်တွေကို ညင်သာစွာဖယ်ချလိုက်ပြီး မင်းခွန်မှိုင်းမျက်နှာကို တွေ့ထိဖို့ လက်လှမ်းလာလေသည်။ မင်းခွန်မှိုင်း နောက်ကိုဆုတ်သော်လည်း Kiteကပိုတိုးလာသည်။ မင်းခွန်မှိုင်း၏သည်းခံနိုင်စွမ်းလည်း ထိုနေရာတွင်ပင် ကုန်ဆုံးသွားသည်။ သို့သော် Kiteကိုပြောဆိုပစ်ဖို့မဖြစ်နိုင်သောကြောင့်...။

"အား.............."

ကိုယ့်နားကိုယ်အုပ်ကာ အသားကုန်အော်ချပစ်လိုက်သည်။ အော်သံကြောင့် သွားနေသည့်ကားကလည်း ထိုးရပ်သွားသည်။ ငစိုင်းနှင့်ကျော်ကြီးတို့ မင်းခွန်မှိုင်းအားလှည့်ကြည့်လာကြသည်။

"ခွန်မှိုင်း...ဘာဖြစ်တာလဲ။"

ငစိုင်းမေးသည်ကိုမဖြေဘဲ မင်းခွန်မှိုင်း အသက်ကိုခပ်ပြင်းပြင်းရှူကာ ထပ်အော်သည်...။

"အား........."

"ခွန်မှိုင်း...ဟိတ်ကောင်။ ဘာဖြစ်တာလဲလို့..."

ငစိုင်းသည် မင်းခွန်မှိုင်းပခုံးကိုပါ ကိုင်လှုပ်ပြီးမေးလာလေသည်။ ကျော်ကြီးခမျာလည်း မျက်လုံးလေးကလယ်ကလယ်နှင့် လန့်နေရှာသည်။ မင်းခွန်မှိုင်း အရင်တစ်ခါခေါင်းထိထား၍ ကြောင်သွားခြင်းဟု တွေးနေကြခြင်းဖြစ်မည်။

"အဆင်ပြေရဲ့လား ခွန်မှိုင်း။ မင်းဘာဖြစ်သွားတာလဲ"

မင်းခွန်မှိုင်းကို သူတို့ဝိုင်းမေးနေကြပေမဲ့ မင်းခွန်မှိုင်းပြန်မဖြေနိုင်။ လူကိုမသိမသာလာလာမြှူဆွယ်နေသည့် နတ်ဆိုးကောင်ကို တစ်စစီလုပ်ပစ်ချင်တာပဲသိသည်။ စိတ်တိုတိုနှင့် ဘေးနားမှာသူ့ကိုကြည့်နေသည့် Kiteကိုစိုက်ကြည့်ကာ ထပ်အော်လိုက်သည်။

"အား...."

သူ့ကိုကြည့်ပြီးအော်တော့ Kiteကရယ်သည်။ စိတ်တိုနေတာသိသိနှင့်ရယ်နေပြန်သည်။

"မင်းခွန်မှိုင်း..."

ငစိုင်းက ပခုံးကိုအတင်းကိုင်လှုပ်လိုက်တော့မှ သူတို့ကိုကြည့်လိုက်သည်။

"ငါဘာမှမဖြစ်ဘူး"

"ဘာမှမဖြစ်ရင် ဘာလို့ထအော်တာလဲ"

"ပျင်းလို့..."

"ခွေးကောင်"

ငစိုင်းကထိုသို့ပြောကာ ခေါင်းကိုပိတ်ရိုက်သွားသည်။ ကျော်ကြီးကလည်း နားရင်းတစ်ချက်အုပ်သွားလေသည်။ အဲ့တာ သင်းကြောင့်....၊ Kiteဆိုသည့် ငနဲကောင်ကြောင့်ပင်။ စိတ်တိုတိုနှင့် မျက်စောင်းခဲလိုက်တော့ သူကခြေထောက်ချိတ်ထိုင်ပြီး သူ့ပေါင်တစ်ဖက်ကိုပုတ်ပြသည်။

"အိပ်ချင်ရင် ကိုယ့်ပေါ်အိပ်လို့ရတယ်နော် မိန်းမလှလေး..."

မင်းခွန်မှိုင်း စိတ်ကိုဟိုးအဆုံးအဝီစိထိ လျှော့ချလိုက်ပြီး ပြုံးပြုံးကြီးဖြင့် Kiteအားပြန်ကြည့်လိုက်သည်။ ထို့နောက် သွယ်လျသည့်လက်ခလယ်လေးအား ထောင်ပြ၍သာ စကားလက်ဆောင်ပါးလိုက်တော့သည်...။

************************************

"ဟဲ့...အဲ့တာ Hotaruအဖွဲ့မဟုတ်လား"

"အေး ဟုတ်တယ်ဟ။ သူတို့မန်နေဂျာသာပါမလာရင် မှတ်မိမှာတောင်မဟုတ်ဘူး။ ကိုစိုင်း Cosplayထားတာ Kaneki-sanမဟုတ်လား။ တူလိုက်တာဟယ်....။ ရား....ခွန်မှိုင်းကိုကြည့်လိုက်စမ်း"

"Bisharmon Cosplayလာတာလား။ လှလိုက်တာ....။ ကယ်ကြပါဦး... ငါပြေးဖက်မိတော့မယ်"

"လှလိုက်တာဟယ်။ ကြည့်ဦး...အရပ်ကမှမြင့်ပါတယ်ဆို Long Coatအမဲကြီးနဲ့ ဒေါက်ဖိနပ်အမြင့်စီးထားတာ မိုက်လိုက်တာ။"

"ဘစ်ရှာက ဆံပင်ရွှေရောင်ပါ"

"ဘစ်ရှာကဆံပင်​ရွှေ​ရောင်ဆို​ပေမဲ့ ခွန်မှိုင်းကအနက်ရောင်နဲ့ Cosတော့ ဆွဲဆောင်မှုတစ်မျိုးပေါ့။ မျက်ကပ်မှန်ခရမ်းလေးနဲ့ အရမ်းလိုက်တာပဲ.."

"ဟဲ့...ခွန်မှိုင်းနဲ့ငါမျက်လုံးချင်းဆုံမိသွားတယ်။ အား...ငါရင်တွေခုန်လာပြီ"

ပွဲလာသည့်မိန်းကလေးတစ်သိုက် Hotaruအဖွဲ့ဝင်လာသည်ကိုမြင်တော့ ပြောဆိုနေကြသံများဖြစ်သည်။ Hotaruသည် မြန်မာနိုင်ငံအနေနှင့် ထိပ်တန်းCosplayerအဖွဲ့ဟု ဆိုလည်းဖြစ်နိုင်သည်။ နောက်ပြီး Dateပါလိုက်လုပ်ပေးသည့်အတွက် အားလုံးထဲထူးထူးခြားခြားဖြင့် နာမည်ကြီးပြီးရင်းကြီးဖြစ်သည်။ အထူးသဖြင့် မင်းခွန်မှိုင်းက ပိုနာမည်ကြီးသည်။ သည်လောကထဲ၌ မင်းခွန်မှိုင်းကို 'Hotaruရဲ့ အလင်းမှိန်မသွားတဲ့ပိုးစုန်းကြူး'ဟုပင် သမုတ်ကြသည်။ Cosplayerလောကထဲကို ခြေစုံပစ်ဝင်လာတာမကြာသေးပေမဲ့ Cosplayအတတ်မှာထူးချွန်ကြသောကြောင့် 'Hotaru'ကနာမည်ကြီးပင်။ နောက်ပြီး မြန်မာနိုင်ငံတွင် ဤသို့Cosplayလုပ်ကြသည်မှာ ရှားသေးသည်မဟုတ်လား။ 'Hotaru'ရှေ့တွင် နာမည်ကြီးခဲ့သည့်အဖွဲ့ဆိုသည်မှာလည်း နှစ်ဖွဲ့​လောက်ပင်ရှိသည်။ Cosplayအလုပ်ကလည်း ယခုမှ ဤနိုင်ငံတွင် တွင်ကျယ်သည်ဟုပင် မဆိုနိုင်သေးဘဲ ခြေလှမ်းအစဖြစ်နေသည်။

"ဟဲ့ ဟိုလူက ပွဲစီစဉ်သူမဟုတ်လား"

ကားထဲမှ ဟန်ပါပါဖြင့်ဆင်းလာသည့် လူတစ်ယောက်အား လက်ညှိုးထိုးပြ၍ မေးလိုက်ခြင်းဖြစ်သည်။

"အေးဟုတ်တယ်လေ။ သူ့အသက်က ၃၂ပဲရှိသေးတယ်။ ဒါပေမဲ့ အဲ့လူကြီးက နှာဘူးကြီးတဲ့"

"ဘယ်လို ဘယ်လို"

"အဲ့လူကြီးက ယောက်ျားလေးတွေ Girl Cosplayရင် အရမ်းသဘောကျတာတဲ့။ သူနဲ့တွဲတဲ့ကောင်လေးတွေကို Female Characterပုံစံတွေအတင်းဝတ်ခိုင်းတာလို့ ငါကြားဖူးတယ်"

"ဘာ....ဒါဆို ငါတို့ခွန်မှိုင်းလေးကို မြင်သွားရင်..."

"မြင်သွားရင်လုပ်မနေနဲ့။ Hotaruအဖွဲ့ကိုသီးသန့်ကို ဖိတ်ထားတာ။ ပြီးတော့ ငါတိကျတဲ့ရပ်ကွက်က​နေ သတင်းတစ်ခုရထားတာလည်းရှိတယ်..."

"ဘာတဲ့လဲ...ပြောစမ်းပါ။ ငါ ခွန်မှိုင်းလေးအတွက် ရင်တွေတုန်နေပြီ"

"အေး...ရင်ကတော့တုန်ချင်စရာပဲဟေ့။
Hotaruထဲမှာ ကိုစိုင်းကိုကျ ကြိုက်ရာCosplayခွင့်​ပေးထားပြီး ခွန်မှိုင်း​လေးကိုကျ Girl Cosplayဖို့တောင်းဆိုပြီး ဖိတ်ထားတာတဲ့နော်"

"ဒါဆို...."

Thanks For Reading

Note

Bisharပုံကိုအောက်မှာပြထားပေးတယ်နော်။ ဘစ်ရှာမွန်နတ်ဘုရားဆိုတာက အမှန်စင်စစ်တော့ indiaကနတ်ဘုရားပါတဲ့။ ပြီးတော့ လက်တွေ့မှာ Bisharmonဟာ ယောက်ျားတစ်ယောက်ပါ။ Animeထဲမှာတော့ နတ်ဘုရားမပေါ့😁😁

Zawgyi

အခ်ိန္က ေန႔လယ္သံုးနာရီသာ ႐ွိေသးေသာ္ျငားလည္း မင္းခြန္မႈိင္းအိမ္ေ႐ွ႕၌ ငစုိင္းတုိ႔ေရာက္ႏွင့္ေနေခ်ၿပီ။ ​ေက်ာ္ႀကီးသည္ စတူဒီယုိပိတ္ၿပီးမွ မင္းခြန္မႈိင္းအိမ္သုိ႔ လိုက္လာမည္ျဖစ္သည္။ ယေန႔ ကုိသာ့အလုပ္နားရက္မွန္းလည္း သူသိသည္ကတစ္ေၾကာင္း၊ ေတြ႕ခ်င္သည္က တစ္ေၾကာင္းေၾကာင့္ ေစာေစာလာခဲ့ျခင္းျဖစ္သည္။ တစ္မိနစ္ေလာက္ပုိေတြ႔လိုက္ရလည္း သူ႔အတြက္မနည္းလွ။ ကိုယ့္အေတြးႏွင့္ကုိယ္ျမဴးၿပီး ျခံတံခါးမွ လူေခၚေခါင္းေလာင္းကို ခပ္ျမန္ျမန္ပင္တီးလိုက္မိသည္။

လူေခၚေခါင္းေလာင္းအသံ အဆံုးသတ္သြားခ်ိန္မွာပင္ ျခံထဲသုိ႔ဆင္းလာသည့္ ကိုသာ့အား လွမ္းျမင္မိေတာ့ ႏွလံုးသားသည္ ေရေႏြးထဲအစိမ္းလိုက္ထည့္ျပဳတ္ခံရေသာ ဖားတစ္ေကာင္လို ဖ်ပ္ဖ်ပ္လူးခုန္ေပါက္၏။ ကုိသာသည္ အိမ္ေနရင္းမို႔ တီ႐ွပ္အျဖဴနွင့္ ဒူးဆစ္ေလာက္သာဖံုးသည့္ ခပ္ပြပြေဘာင္းဘီအသားေရာင္ကုိ ဝတ္ဆင္ထားသည္။ ဆံပင္မ်ားကုိ အေနာက္သုိ႔ၿဖီးသိမ္းထားၿပီး မ်က္ႏွာေလးကလည္း အျပံဳးႏုႏုေလးေၾကာင့္ ၾကည္လင္ေနျပန္သည္။

ဘယ္လိုမ်ား ဆုေတာင္းေကာင္းခဲ့ေလသလဲ ကိုသာ။ ႐ိုး႐ိုး႐ွင္း႐ွင္းပံုစံေလးနွင့္ပင္ ျပည့္စံုလြန္းအားႀကီးလွပါရဲ႕။

"ငါ့ညီ ေရာက္လာတာ​ေစာသလားလို႔"

ကုိသာသည္ ေျပာေျပာဆုိဆုိျဖင့္ျခံတံခါးကုိ ဖြင့္ေပးေလသည္။

"ဧည့္သည္လည္းမဟုတ္ဘဲနဲ႔၊ တန္းဝင္လာတာမဟုတ္ဘူး။"

တံခါးဖြင့္ေပးၿပီး အိမ္ထဲျပန္လွည့္ဝင္သြားသည့္ ကုိသာ့ေနာက္သုိ႔ ငစုိင္းအေယာင္ေယာင္အမွားမွားျဖင့္ လိုက္သြားၿပီးကာမွ ျခံေ႐ွ႕၌ သည္တုိင္းရပ္ထားမိခဲ့သည့္ကားကုိ သတိရကာ ႐ွက္ကိုး႐ွက္ကန္းျဖင့္ ျခံအျပင္ျပန္ထြက္ၿပီး ကားကုိအိမ္ဝ၌ ထုိးလိုက္ရသည္။ မင္းခြန္မႈိင္းပစၥည္းမ်ား ကားထဲထည့္ရဦးမည္မဟုတ္လား။ ကားကို အိမ္ဝအထိထုိးမေပးလ်ွင္ ျခံေ႐ွ႕ထိပစၥည္းသယ္ရပါသည္ဆုိၿပီး လူကုိေဟာက္ဦးမည္အား ႀကိဳသိေနသည္။

ကုိသာေတာ့ အိမ္ထဲဝင္သြားနွင့္ၿပီ။ သူအေယာင္ေယာင္အမွားမွားျဖင့္ ကုိသာ့ေနာက္လိုက္သြားမိသည္ကုိ ကုိသာသတိမထားမိ၍ ေတာ္ပါေသးသည္။ သက္ျပင္းေလးခပ္ယဲ့ယဲ့ခ်ကာ အိမ္ထဲဝင္လာလိုက္သည္။ ကုိသာသည္ ဧည့္ခန္းထဲ၌ထုိင္ၿပီး ကြန္ျပဴတာကိုင္ေနသည္။ အလုပ္လုပ္ေနျခင္းျဖစ္မည္။ ကုိသာ့အား မေႏွာက္ယွက္မိေစရန္ သူ မင္းခြန္မႈိင္းအခန္းသုိ႔ ခ်က္ခ်င္းတက္သြားရန္သာ ဆံုးျဖတ္လိုက္သည္။

"ငါ့ညီ ဒီကုိလာထုိင္ေလ။ ညီမႈိင္းက ဆံပင္သြားဆက္တယ္။ မနက္ကတည္းက အခုထိျပန္မလာေသးဘူး"

မင္းခြန္မႈိင္းဆံပင္ဆက္ရန္သြားသည္ကို ငစုိင္းသိပါသည္။ သုိ႔ေသာ္ ယခုအခ်ိန္ထိျပန္မေရာက္​ေသးမွန္း မသိခဲ့႐ိုးအမွန္။ အိမ္ထဲတြင္ ကိုသာ့မိဘနွစ္ေယာက္ကိုလည္းမေတြ႔မိ။ သည္လိုဆုိလ်ွင္ အိမ္ထဲ၌ ကိုသာနွင့္သူႏွစ္ေယာက္တည္းေပါ့။ ရင္ေတြခုန္လာရျပန္ပါၿပီ။

"ငါ့ညီ...လာထိုင္ေလ။ အားနာမေနနဲ႔။ လာေနက်ပဲကို"

လာေနက်ဆုိေပမဲ့ ယခုလို ကိုသာနွင့္ႏွစ္ေယာက္တည္း ဘယ္တုန္းကမွ႐ွိခဲ့ဖူးသည္မဟုတ္။ ရင္ခုန္ရံုမက ဒူးေတြပါတုန္လာသည္ဟု ခံစားေနရသည္။ တံေတြးကိုအတင္းၿမိဳခ် စိတ္ကိုတင္းရင္း လိပ္ကဲ့သုိ႔ တေရြ႔ေရြ႔ျဖင့္ ကုိသာ့အနားကပ္သြားလိုက္ၿပီး ကုိသာႏွင့္မ်က္ေစာင္းထုိးတြင္ရွိေသာခံု၌ ဝင္ထိုင္လိုက္သည္။ မည္သူမ်ွမရွိသည့္အခ်ိန္ ကုိသာနွင့္ နီးနီးကပ္ကပ္မထုိင္ရဲပါေလ။ ရင္ခုန္သံေတြကို ကုိသာၾကားသြားမည္စုိးပါ၏။

ငစိုင္းဆုိသူသည္ ကိုသာ့အားမည္မ်ွပင္ သည္းသည္လႈပ္ေနပါေစ၊ တကယ့္အခ်ိန္ဆုိ ကတံုတယင္ႏွင့္ပင္ အခ်ိန္မ်ားကုန္သြားတတ္တာမ်ဳိး။ မင္းခြန္မႈိင္းကလည္း သူ႔အစ္ကိုကုိ အထိမခံ​သူမုိ႔ ေတာ္ရံုကပ္ရဖုိ႔လည္း မလြယ္ပါေလ။

ကုိသာသည္ သေဘာေကာင္းသူမွန္းသူသိသည္။ သို႔ေသာ္ ကုိယ့္စိတ္ကုိယ္ မလံု၍လားမသိ ​ေနရခက္ေနသည္။ တျခားသူ​မ်ားနွင့္ပါ႐ွိ​ေနခ​်ိန္တြင္ မသိသာ​ေပမဲ့ ႏွစ္​ေယာက္တည္း႐ွိခ်ိန္တြင္ေတာ့ သိသာလြန္းသည္။ ထုိ႔အျပင္ ကုိသာသည္ တည္ၾကည္သည္ ၊ ေျဖာင့္မတ္သည္ ၊ ထူးခြၽန္သည္။ အရာရာျပည့္စံုလြန္းအားႀကီးေတာ့ သည္လူက သေဘာက်မိရံုနွင့္ပင္ အားနာေနမိသည္။

အလုပ္ကုိအာရံုစူးစုိက္လုပ္ေနသည့္ ကုိသာ့အား မဝ့ံမရဲခိုးၾကည့္မိခ်ိန္ ကုိသာကလည္း သူ႔အားျပန္ၾကည့္ခ်ိန္နွင့္ သြားတုိးတာေၾကာင့္ မသိမသာသြားျဖဲျပၿပီး မ်က္ႏွာလႊဲလိုက္ရသည္။

"ငါ့ညီ ဘာေသာက္မလဲ။ ကုိသာ အလုပ္ထဲစိတ္​ေရာက္သြား​ေတာ့ ေမးဖုိ႔ေမ့ေနတာ"

"ရတယ္ ကိုသာ။ ကြၽန္ေတာ္မေသာက္ေတာ့ပါဘူး။ ကုိသာ့အလုပ္သာလုပ္ပါ။ ကြၽန္ေတာ့္ေၾကာင့္ အေႏွာက္အယွက္ျဖစ္ေနမယ္"

ကုိသာက သြားညီညီေလးေတြေပၚသည္အထိ ျပံဳးသည္။ လွရက္ေလျခင္း.....။

"ဘာအေႏွာက္အယွက္မွမျဖစ္ဘူး။ ညီမႈိင္းဆုိ ကုိသာအလုပ္႐ႈပ္ေနလည္း သူစားခ်င္တာ႐ွိရင္အတင္းသြားဝယ္ခိုင္းတတ္တာ။ ညီမႈိင္းသူငယ္ခ်င္းဆုိေတာ့ ကုိသာ့ညီပဲေပါ့။ အားနာမေနနဲ႔။ ေနလည္းပူေတာ့ သံပုရာရည္ေအးေအးေလးေသာက္မလား။ ေခါင္းၾကည္သြားတာေပါ့"

ငစုိင္းေခါင္းသာညိတ္ျပမိလုိက္ေတာ့သည္။ ကုိသာသည္ ခ်က္ခ်င္းထၿပီး မီးဖုိခန္းထဲဝင္သြားေလသည္။ ငစုိင္းစိတ္ထဲလည္း တသိမ့္သိမ့္ ၾကည္ႏူးေနမိသည္။ မင္းခြန္မႈိင္းတုိ႔မ်ား သည္လိုအစ္ကိုပုိင္ရသည္မွာ ကံေကာင္းလြန္းပါသည္။ အလုပ္လုပ္ေနရင္းေတာင္ ညီျဖစ္သူကပူဆာသည္နွင့္ တန္းထလုပ္ေပးေသာကုိသာကဲ့သုိ႔အစ္ကုိ မင္းခြန္မႈိင္းတြင္ရွိျခင္းအား မနာလိုျဖစ္မိသည္။ သည္လိုအရုိင္းတံုးတြင္မွ သည္လိုအစ္ကုိရွိျခင္း။

"ဟိတ္ေကာင္ ငစိုင္း။ ေရာက္ေနၿပီလား"

အသက္႐ွည္ေပဦးမည္။ သူ႔အေၾကာင္းေတြးေနတုန္းမွာပင္ မင္းခြန္မႈိင္းတုိ႔က ေရာက္ခ်လာေလသည္။ အသံနွင့္ပင္ က်က္သေရအျဖာျဖာတံုးလွေသာ္လည္း သူ႔ပံုစံကုိလွည့္ၾကည့္မိခ်ိန္၌ ႏႈတ္ခမ္းမ်ားပင္ အလိုလိုပြင့္ဟသြားမိသည္။ ေဘာင္းဘီဒူးေလာက္ႏွင့္အက်ႌအျဖဴေပၚ အဝါေရာင္အေႏြးထည္အပါးေလး ထပ္ဝတ္ထားသည္။ ထုိမ်ွေလာက္ထိက ေယာက္်ားေလးဆုိတာမွန္ေသး၏။ သို႔ေသာ္ ဒူးဆစ္ေလာက္ထိဆက္လာသည့္ ဆံပင္႐ွည္ႀကီးေၾကာင့္ မသိလ်ွင္ မိန္းမမွမိန္းမအစစ္။ ေယာက္်ားေလးကဲ့သုိ႔ဝတ္ဆင္ထားသည့္ မိန္းကေလးဟုပင္ ထင္ရေလာက္သည္။ ​ေခါင္း​ကို ခပ္​ေမာ့​ေမာ့လုပ္ၿပီး လူကုိၾကည့္ပံုက မ်က္ႏွာမာထန္ထန္ႏွင့္မာနႀကီးသည့္ မိန္းကေလးသဖြယ္...။

"ညီမႈိင္း...ျပန္လာၿပီလား။ ကုိသာေတာင္ မနည္းၾကည့္ယူလိုက္ရတယ္။ အက်ႌသာလဲလာရင္ မွတ္မိမွာမဟုတ္ဘူး"

ကုိသာက သံပုရာရည္ခြက္ေလးကိုယူလာရင္း သူ႔ညီသူခ်ီးမြမ္းခန္းဖြင့္သည္။ ကုိသာေျပာသည္ကလည္း အပိုေျပာသည္ေတာ့မဟုတ္။ ဆံပင္ဆက္လိုက္ရံုနွင့္ မ်က္ႏွာပံုစံကအစ ေတာ္ေတာ္ေျပာင္းလဲသြားသည္။

"မင္းခြန္မႈိင္း...မင္းေျပာေတာ့ 'Zero Two' Cosplayမယ္ဆုိၿပီး ဆံပင္ကုိဘာလို႔အဲ့ေလာက္အ႐ွည္ႀကီး ဆက္လာတာလဲ"

မင္းခြန္မႈိင္းသည္ သက္ျပင္းေလးခ်ရင္း ကုိသာ ငစုိင္းအတြက္ေဖ်ာ္လာေပးသည့္ သံပုရာရည္ခြက္ကို ေကာက္ေမာ့ပစ္လိုက္သည္။ ငစုိင္းေတာ့ တားခ်ိန္ပင္မရလိုက္၍ ပါးစပ္အေဟာင္းသားပင္ က်န္ခဲ့ရ၏။ ထုိ႔ေနာက္ မင္းခြန္မႈိင္းသည္ သူ၏ဆံပင္မ်ားကုိ ေ႐ွ႕သုိ႔သိမ္းယူကာခ်လိုက္ၿပီး ဆိုဖာေပၚ၌ ဝင္လိုက္ေလသည္။

" Zero Twoက Cosplayမယ့္သူမ်ားတယ္ကြ။ မႏွစ္ကလည္း မင္းျမင္တဲ့အတုိင္းပဲေလ၊ နည္းနည္းေနာေနာ Zero Two Cosplayerေတြလား။ ငါတုိ႔က သီးသန္႔ဖိတ္ခံရၿပီး နည္းနည္းထူးျခားတာေလး လုပ္ဦးမွေပါ့။"

"ဒီေတာ့ မင္းက ဘာCosplayမွာလဲ"

"Bisharmon(ဘစ္႐ွာမြန္)"

"Noragamiထဲက ဘစ္႐ွာမြန္နတ္ဘုရားမ လား"

"ဒါေပါ့။ ဒါေတာင္အခ်ိန္သိပ္မရလို႔ မနည္းထြက္လာရတာ။ ဆံပင္ဆက္ဖုိ႔နည္းနည္းလိုသြားတယ္။ အခ်ိန္မရလို႔ အေရာင္ေတာင္မဆုိးခဲ့ရဘူး။ ဆံပင္ေရႊေရာင္မဟုတ္ဘဲ အနက္ေရာင္ဆံပင္နဲ႔ဘစ္႐ွာမြန္ေပါ့ကြာ..."

မင္းခြန္မႈိင္းမ်က္ႏွာထားႏွင့္ ဘစ္႐ွာမြန္ Cosplayမည္ဆုိကတည္းက လိုက္ဖက္မည္ဆုိတာ ႏွစ္ခါေမးစရာမလို။ ဘစ္႐ွာမြန္ကလည္း မ်က္ႏွာေၾကာတင္းသည့္အထဲ ပါသည္မဟုတ္လား။

"ဒါနဲ႔ ဝတ္စံုကေရာ...ေက်ာ္ႀကီးကုိ

You are reading the story above: TeenFic.Net