Part 6

Background color
Font
Font size
Line height

Unicode

အလုပ်ကအပြန် မင်းခွန်မှိုင်း Shopping Centreတစ်ခုသို့ဝင်ဖြစ်သည်။ ညဘက် ဇာတ်ကားကြည့်သည့်အချိန် မုန့်လေးနှင့်သောက်စရာလေးဘေးတွင်ရှိမှ ဇိမ်ပိုရှိမည်။ လက်တွန်းလှည်းလေးတွန်းရင်း မုန့်တန်းများဘက်သို့ ရောက်သွားကာ စားချင်သည်များအား ရွေးချယ်ကောက်ထည့်ပြီး နောက်တွင်ပါလာသည့် Kiteအားကြည့်မိချိန်တွင် မျက်လုံးပြူးရပြန်သည်။ အကြောင်းကား Potato Chipsဘူးများကို လက်အပြည့်အလျှံ ရင်ဝယ်ပိုက်လျက် သူ့ထံလျှောက်လာနေသောကြောင့်ဖြစ်သည်။

Kiteသည် မင်းခွန်မှိုင်းအား မျက်ခုံးပင့်ပြလိုက်ရင်း ယူလာသမျှ တွန်းလှည့်ထဲကောက်ထည့်လိုက်လေသည်။ စောစောကထိ အောက်ခြေပင်မပြည့်သေးသည့် တွန်းလှည်းသည် ယခုတော့ အပြည့်နီးပါးဖြစ်သွားလေသည်။

"ဒါတွေကဘာလုပ်ဖို့လဲ"

"စားမလို့လေ"

"စားတာကဟုတ်တယ်လေ။ မင်းပိုက်ဆံပေးမှာလား"

Kiteကပခုံးလေးတစ်ချက်တွန့်ပြသည်။

"မင်းပေးလိုက်လေ။ ငါ့မှာမှပိုက်ဆံမရှိတာ။"

မင်းခွန်မှိုင်း မျက်ခုံးတစ်ဖက်ပင့်၊ တစ်ဖက်ချလျက် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။ ဒါနှင့်များ သူအလုပ်မလုပ်အောင် ပိုက်ဆံရှာပေးဦးမည်တဲ့။ ကိုယ်တိုင်ပင် တောင်ပံရောင်းစားပစ်သည့်ကောင်ကများ။ ဘယ်လိုလူကများ ထိုတောင်ပံကိုဝယ်သေးသနည်း။ နတ်ဆိုးကလည်းပိန်းတိန်းတိန်း၊ ဝယ်သူကလည်း ပိန်းတိန်းတိန်းဖြစ်မည်။ သက်ပြင်းတစ်ချက်ချရင်း သူယူလာသည့် မုန့်တစ်ဝက်လောက်အား သူ့နေရာသူ ပြန်သွားထားလိုက်သည်။

"ငါအကုန်လုံးတော့ဝယ်မပေးနိုင်ဘူး။ တခြားဝယ်စရာရှိသေးတယ်"

Kiteသည် သူ့နေရာသူပြန်ရောက်သွားသည့် မုန့်ထုပ်များကို နှမြောတသဖြင့်ငေးနေလေသည်။ အတော်လေး သနားဖို့ကောင်းတာပင်။

"လာပါကွာ။ ဒီမှာလည်းအများကြီးပါတာပဲကို"

မင်းခွန်မှိုင်းဝယ်စရာရှိတာသွက်သွက်ဝယ်ပြီး Shopping Centreမှထွက်လာရတော့သည်။ မဟုတ်လျှင် နတ်ဆိုးငမွဲကောင်ကြောင့် လူပါပေါင်ရမည့်ကိန်းဆိုက်နိုင်သည်။ မင်းခွန်မှိုင်းမသိလိုက်ခင်လေးမှာပင် သူလိုချင်သမျှ တစ်ခုပြီးတစ်ခုလာလာထည့်တတ်သည်။ ပိုက်ဆံရှင်းမှ ပါလာမှန်းသိသည့်ပစ္စည်းများ ဆိုသည်မှာလည်း မနည်း။ ယခု အပြန်လမ်းစားရိတ်ပင် မကျန်တော့၍ အိမ်သို့လမ်းလျှောက်ပြန်ရတော့မည်။ မလျှောက်ချင်၍ ကိုသာအားမည်လားဟု ဖုန်းဆက်ကြည့်လိုက်သည်။

"ကိုသာ။ အလုပ်ပြီးပြီလား"
"......"

"ဟင်...ညစာစားပွဲရှိတာလား"
"....."

"ဒီမှာ ကျွန်တော်ဝယ်တာများပြီး ပိုက်ဆံပြတ်သွားလို့။ အိမ်ကိုလမ်းလျှောက်ပြန်ရတော့မယ်။ ကိုသာများလာကြိုပေးမလားလို့"

"......"

"တော်ပြီဗျာ။ မလာနဲ့တော့။ လမ်းလျှောက်ပြီးပဲပြန်တော့မယ်"

မင်းခွန်မှိုင်းဖုန်းချပြီး အထုပ်များဆွဲလျက် လမ်းပင် ဆက်လျှောက်လာလိုက်တော့သည်။ ကိုသာသည် အရေးကြီးညစာစားပွဲကြောင့် ထွက်လာ၍မဖြစ်ဟုဆိုသည်။ သို့သော် ခေတ္တစောင့်ပေးရန်ပြောပါသေးသည်။ သူစိတ်မရှည်သဖြင့် လမ်းလျှောက်ဖို့ပင် ဆုံးဖြတ်လိုက်သည်။ သူ့အားလမ်းလျှောက်ရအောင်လုပ်သည့် နတ်ဆိုးကောင်ကတော့ လက်ကလေးနောက်ပစ်လျက် အေးအေးဆေးဆေး လျှောက်နေလေသည်။

"Kite မင်းကြောင့်ငါပိုက်ဆံကုန်သွားပြီ။ ဘယ်လိုလုပ်မလဲ။ ငါ့ပိုက်ဆံတွေပြန်ပေးမှာလား"

"ငါ့မှာပိုက်ဆံမှမရှိတာ"

ပြောပုံလေးသည် ပြေးကန်ချင်စရာကောင်းလွန်း၏။ ဘယ်လိုများ နတ်ဆိုးဖြစ်လာသည်လဲမသိ။ တစ်သက်နှင့်တစ်ကိုယ် ထင်လာခဲ့သည့် နတ်ဆိုးဆိုသည်မှာ အမှန်တကယ် ခမ်းခမ်းနားနားနှင့် လန်ထွက်ပြီးပျံတက်နေတာမျိုးပင်။ သည်နတ်ဆိုးကတော့ မွဲပြာကျတာမှ ဖွတ်မင်းကအဖေခေါ်ရတော့မည်။

"တကယ်လို့ မင်းပိုက်ဆံလိုရင်တော့ ငါပေးနိုင်ပါတယ်"

လေသံကတော့ အခုထိမလျှော့သေးပေ။

"ဘာလဲ။ ငါ့ကိုရောင်းစားပြီး ပိုက်ဆံပြန်ပေးမှာလား"

ဟုတ်၏။ သူသည် တောင်ပံတွေပင်ရောင်းစားသူဖြစ်သည်။ မင်းခွန်မှိုင်းကိုလည်း ရောင်းမစားဟု မည်သူအာမခံသနည်း။ ယုံရသူမဟုတ်။ မင်းခွန်မှိုင်း ဆောင့်အောင့်လျက် ဆက်လျှောက်နေစဉ် Kiteသည် မင်းခွန်မှိုင်းလက်ထဲမှ အထုပ်များကိုဆွဲယူလိုက်ပြီး ပစ္စည်းလေးတစ်ခု လက်ထဲပြန်ထည့်ပေးသည်။ Kiteအထုပ်များအားဆွဲထားပေးစဉ် သူပေးသည့်ပစ္စည်းလေးအား မင်းခွန်မှိုင်းသေချာကြည့်မိသည်။ အနီရောင်လက်လက်ထနေသည့် အတောင်ပံပုံစံပစ္စည်းလေးတစ်ခု။ အနီရောင်လုံးလုံးရယ်​တော့မဟုတ်၊ မသိလျှင် မီး​တောက်​နေသလိုမျိုး၊ သို့မဟုတ် သံရည်ပူ​ကဲ့သို့အ​ရောင်။ ထို့အပြင် အတောင်ပံ​ပေါ်တွင် အနုစိတ်ကနုတ်လေးများ ထွင်းထားသည်မှာ လက်ရာမြောက်လွန်း၏။ ပစ္စည်းသည် လက်မတစ်ဆစ်စာလောက်သာရှိပေမဲ့ တန်ဖိုးကြီးမည့်ပုံပေါ်သည်။ နောက်ပြီး လက်ထဲ၌ကိုင်ထားရသည်မှာ အေးနေသလိုပင်။

"ဒါဘာလဲ Kite"

"နတ်ဆိုးရတနာလေ။"

Kiteသည် အေးအေးလူလူ လမ်းလျှောက်နေရင်းဖြေလေသည်။ မင်းခွန်မှိုင်းလည်း နတ်ဆိုးရတနာဟုဆိုသော ပစ္စည်းလေးကိုကြည့်ရင်း လိုက်လာမိသည်။

"နတ်ဆိုးရတနာဆိုတော့ နတ်ဆိုးတိုင်းမှာရှိတာလား"

"ဟုတ်တယ်။ နတ်ဆိုးတိုင်းပြည်ရဲ့ အထွဋ်အမြတ်မီးတောင်က ချော်ရည်​တွေကို ရေခဲနတ်သမီးက အေးခဲပစ်လိုက်​ချိန်မှာ ရလာတဲ့​ချော်ရည်ခဲ​တွေကို နတ်ဆိုးသခင် ထွင်းထုထားတာ။ ငါတို့နတ်ဆိုးတွေကမွေးဖွားလာပြီး ခုနစ်ရက်တာ ကြောင်နက်ဘဝနဲ့နေရတယ်။ ခုနစ်ရက်ပြီးတာနဲ့ နတ်ဆိုးတန်းဖြစ်တာပဲ။ နတ်ဆိုးဖြစ်တဲ့အထိမ်းအမှတ်အ​နေနဲ့ နတ်ဆိုးသခင်ပေးတဲ့လက်ဆောင်ပေါ့။ မင်းအဲ့တာကိုရောင်းလိုက်ရင် ပိုက်ဆံအများကြီး ရမှာပါ။ ရှားပါးရတနာမလို့လေ။"

Kiteသည် ထို့ကြောင့် ပိုက်ဆံလိုသလောက်ပေးမည်ဟု ပြောနိုင်ခြင်းဖြစ်မည်။ မင်းခွန်မှိုင်းရုပ်တည်ကြီးဖြင့် နတ်ဆိုးရတနာအား ဘောင်းဘီအိတ်ကပ်ထဲ ကောက်ထည့်လိုက်သည်။

"ဒါဆိုလည်း ငါယူထားလိုက်မယ်။ ရတယ်မလား"

Kiteသည်ခေါင်းအသာညိတ်သည်။ အတော်ရက်ရောသည့်ကောင်ပါလားဟု တွေးတုန်းရှိသေး အတွေးကိုရပ်စေမည့်စကားကို ပြောလေသည်။

"မင်းဖေကြီးပြောသလိုဆိုရင် လင်ပစ္စည်း မယားပိုင်တာပဲ။ မင်းစိတ်ကြိုက်သုံးပေါ့"

ထိုစကား​ကြောင့် မင်းခွန်မှိုင်းမှာ ကြက်သီးများဖြန်းခနဲထသွားမိသည်။ အိတ်ကပ်ထဲမှ နတ်ဆိုးရတနာအား Kiteလက်ထဲ ချက်ချင်းပြန်ထည့်ပေးလိုက်မိသည်။

"တော်ပါပြီ။ မင်းကလည်း ငါ့လင်မဟုတ်သလို ၊ ငါကလည်းမင်းမယားမလုပ်ပါရစေနဲ့။ ကိုယ့်ပစ္စည်းကိုယ် ပြန်ယူတော့"

Kiteသည်တုံ့ဆိုင်းမှုမရှိဘဲ ချက်ချင်းပင် ပစ္စည်းကိုပြန်ယူလေသည်။ သည်တော့မှပင် မင်းခွန်မှိုင်းလည်းသက်ပြင်းချနိုင်တော့သည်။ မဟုတ်လျှင် သင်းနှင့်ကလွယ်မည်မဟုတ်။ ပစ္စည်းပေးထားသည်ဆိုပြီး လူကိုအပိုင်သိမ်းမည့် ချစ်တီးနတ်ဆိုးသာဖြစ်နေလျှင် မင်းခွန်မှိုင်းတော့ ဘဝဆုံးရချည်ဦးမည်။

"ဒါနဲ့ မင်းကအာလူးကြော်ကြိုက်တာလား။ ဘယ်တုန်းကတည်းကစားဖူးတာလဲ"

"မင်းအရင်တုန်းက ဝယ်လာတဲ့မုန့်တွေငါစားတာလေ"

"ဘာ....ငါက ငါ့မုန့်တွေကြွက်ကိုက်တယ်ထင်တာ တကယ်တော့မင်းလက်ချက်ပေါ့"

မင်းခွန်မှိုင်း သွေးမတက်ရုံတမယ်ပင်။ သူဝယ်ထားသည့်မုန့်များအား စားချင်တိုင်းယူစားနေခဲ့သည်မှာ ကြွက်နတ်ဆိုးဖြစ်နေသည်။ သူ့မှာတော့ ကြွက်ရှိသည်ထင်ကာ အိမ်၌ဆေးများဖြန်းရ၊ ကြွက်ထောင်ချောက်များထောင်ရနှင့် နေ့တိုင်းအလုပ်ရှုပ်ခဲ့သည်။ မင်းခွန်မှိုင်းသည် သူ့အားမကြည်ကြည့်ဖြင့်ကြည့်နေသောကြောင့် Kiteလည်း နတ်ဆိုးရတနာလေးအား ပြန်ထုတ်ပေးလိုက်သည်။

"အဲ့တာတွေပြန်ဝယ်ဖို့ပိုက်ဆံလိုရင် ဒါယူလို့ရတယ်လေ"

"အမလေး...ရပါတယ်။ မယူတော့ပါဘူး။ စိတ်ကြိုက်သာစား။ မင်းပေးတာတော့မယူရဲဘူး။"

အိမ်ပြန်ရောက်တော့ မင်းခွန်မှိုင်း ညောင်းလွန်း၍ ဇာတ်ကားလည်းမကြည့်နိုင်တော့ချေ။ အိပ်ရာပေါ်သာ ခြေပစ်လက်ပစ်လှဲချလိုက်သည်။ သို့သော် Kiteသည် ကုတင်ခြေရင်းတွင် ငုတ်တုတ်လေးထိုင်ကာ သူ့ကိုကြည့်လျက် မုန့်စားနေလေသည်။ ထိုအတိုင်းကြီးထိုင်ကြည့်ခံနေရသည်မှာ အတော်နေရခက်တာပင်။ ထို့ကြောင့် လှဲနေရာမှ Kiteနှင့်မျက်နှာချင်းဆိုင်ထထိုင်ပြီး သူ့လက်ထဲမှမုန့်ထုပ်ကိုသာ နှိုက်စားနေလိုက်တော့သည်။ Kiteသည် မည်သည့်စကားမှမပြောချေ။ မင်းခွန်မှိုင်းဘက်မှ စမပြောဘဲ သူ့ဘက်ကစပြောသည်ဆိုလို့ 'မင်းစဉ်းစားပြီးပြီလား'ဆိုသည့်စကားအပြင်မရှိ။ အခန်းထဲမှာ အဖော်ရှိပါလျက်နှင့် ပျင်းစရာကောင်းလွန်းသည်။

"Kite....ငါစဉ်းစားနေတာရှိတယ်။"

"ငါ့ကိုချစ်ဖို့ကိစ္စလား"

"ချီး...မဟုတ်ပါဘူး။ တစ်ခုသိချင်လို့ကွာ..ဒီလို...မင်းကိုငါပဲမြင်ရတာမလား။ ငါ​ပြောချင်တာက...စောစောက Shopping Centreမှာ မုန့်ထုပ်တွေယူတာ​တွေ ၊ လမ်းမှာအထုပ်သယ်ပေးတဲ့ကိစ္စတွေမှာကွာ..."

သူပြောနေသည်ကို သေချာနားထောင်နေရဲ့လား တစ်ချက်အကဲခတ်လိုက်သည်။ သေချာစိုက်ကြည့်ပြီး နားထောင်နေတာပင်။ မင်းခွန်မှိုင်းဆိုသူသည် သူများပြောလျှင် နားမထောင်တာတွေ၊ မကြားချင်ယောင်ဆောင်တာမျိုးတွေလုပ်သည်။ သူ့စကားနားမထောင်လျှင်ကျ နည်းနည်းမျှမကြိုက်။ ထို့ကြောင့်လည်း အမောင်စိတ်ပုတ်ဟု အမည်တွင်နေခြင်းဖြစ်သည်။

"မင်းကိုသူတို့ကမမြင်ရတော့ မုန့်ထုပ်တွေကလေပေါ်မှာ မြောက်နေသလိုတွေဖြစ်မနေဘူးလား။ CCTV ကင်မရာတွေသာရှိရင် သရဲခြောက်တာတွေဘာတွေထင်နိုင်တယ်လေ။"

"ကိစ္စမရှိပါဘူး။ အဲ့နေရာတွေမှာ နတ်ဆိုးညှို့စက်ကွင်းလွှတ်ထားလိုက်ရုံပဲ။ သူတို့တွေ ပစ္စည်းတွေကိုပါ မမြင်ရတော့ဘူး။ အရာအားလုံးကပုံမှန်အတိုင်းပဲ"

တော်တော်မိုက်သည့်အစွမ်းပဲဟု မင်းခွန်မှိုင်းတွေးလိုက်မိသည်။ မင်းခွန်မှိုင်းတွင်သာ ထိုကဲ့လိုစွမ်းအားမျိုးရှိလျှင် ညှို့စက်ကွင်းလွှတ်ပြီး Shopping Centreတစ်ခုလုံးတွင်ရှိသမျှ စားချင်သည်များအားလုံးကို အလကားလိုက်စားပစ်မိမည်။

"နေစမ်းပါဦး။ နတ်ဆိုးတွေက အစာစားဖို့ရောလိုလို့လား"

Kiteသည် အာလူးကြော်တစ်ချပ်အား ခံတွင်းဝသို့ပစ်သွင်းလိုက်ရင်း ကြေညက်အောင်ဝါးစားပြီးကာမှ မင်းခွန်မှိုင်းအမေးကိုဖြေသည်။

"မလိုဘူး။ အခုကစားချင်လို့စားတာ။ တကယ်​တော့ ငါကမင်းဆီကို​ရောက်လာတဲ့ မကောင်းတဲ့အရာတွေကို စုပ်ယူစားသုံးတာ။ ပြောရရင် ကံဆိုးမှုတွေပေါ့"

"ငါသိပ်မရှင်းဘူး"

"ဥပမာ...ဒီနေ့မှာ မင်းကားတိုက်ခံရမယ်ဆိုပါစို့။ အဲ့တာက မင်းကိုအဆိုးအညံ့တွေ ဖြစ်လာအောင်လုပ်တဲ့ ပရလောကသားတွေကြောင့်ဖြစ်တာ။ ပရလောကသားဆိုလို့ အကြီးကြီးတွေချည်းမဟုတ်ဘူး။ သေးသေးလေးတွေ​ရော အများကြီးဝိုင်းရံနေတာ။ ငါကအဲ့အရာတွေကို စုပ်ယူတာ။ အဲ့တော့ မင်းကားတိုက်မခံရတော့ဘူးပေါ့"

"ဒါပေမဲ့ ငါတိုက်ခံလိုက်ရတယ်လေ။ သေတောင်သေသွားတယ်။ မင်းအဲ့တုန်းကဘာတွေလုပ်နေလဲ..."

မင်းခွန်မှိုင်းခမျာ စိတ်လည်းတို၊ အံ့လည်းအံ့သြရသည်။ ကားတောင်အတိုက်မခံရတော့ဘူးဆိုပင်။ သည်ကကောင်သေလို့ပင် သင်းနဲ့တွေ့ခြင်းမဟုတ်ပေလား။ Kiteသည် သူမသိသည့်ပုံလေးဖြင့် အကြည့်ကိုလွှဲကာ မသိချင်ယောင်ဆောင်နေလေသည်။

"Kite....ငါမေးတာဖြေလေ။ မင်းငါသေအောင် သက်သက်လုပ်တာမဟုတ်လား"

သည်လိုပြောတော့ Kiteကခေါင်းခါသည်။

"မင်းကိုသေစေချင်ရင် အခုလိုမျိုး ငါနဲ့စကားပြောနေနိုင်မှာမဟုတ်ဘူး။ မင်းမသိတဲ့အရာတွေအများကြီးပါ။ ပြီးတော့ သေချိန်တန်လို့သေမယ့်သူက ဘယ်လိုဖြစ်ဖြစ် သေကိုသေတယ်။ မင်းကငါ့စောင့်ရှောက်မှုအောက်မှာ ရှိနေလို့ ဒီလိုအခွင့်အရေးရတာ။ ပြောရရင် ငါကိုယ်တိုင်ကအခွင့်အရေးပေးထားတာပါ မင်းခွန်မှိုင်း။ မင်းအခု နှလုံးသားအမြုတေကို အသက်သွင်းနိုင်ခဲ့ရင် ငါ့သက်တမ်းကိုမင်းကိုခွဲဝေပေးရမှာ။ မဟုတ်ရင် မင်းကမရဏလမ်းကို ကြွမြန်းရမှာ။ သဘောပေါက်"

"မင်းရဲ့သက်တမ်းဆိုတာ ဘယ်လောက်ထိရမှာလဲ"

'​ဒေါက် ဒေါက်'

"သားငယ်။ ဖေကြီးပါ"

Kiteဆီမှ အ​ဖြေစကားမကြားရ​သေးခင်မှာပင် အခန်းတံခါးလာခေါက်သည့် ဖေကြီးကြောင့် Kiteပျောက်သွားပြန်ပြီလား ကြည့်မိတော့ ကုတင်ပေါ်ထိုင်လျက်သား မုန့်နောက်တစ်ထုပ်ထပ်စားနေလေသည်။ မင်းခွန်မှိုင်းတံခါးထဖွင့်ပေးမှ ဖခင်သည် အခန်းထဲဝင်လာသည်။

"ဖေကြီး...သားကိုဘာပြောမို့လဲ"

"သားငယ်ကို လာကြည့်တာ"

"ဗျာ...သားကိုလာကြည့်တာ...။ ဘာဖြစ်လို့လဲဖေကြီး"

"မင်းမေမေ ဒေါ်မေမီသာက 'ရှင့်သားအခုတလော တစ်ယောက်တည်းစကားတွေပြောနေသလိုပဲ။ ဆေးခန်းပြသင့်ရင်ပြရအောင်'ဆိုလုိ့ အခြေအနေကောင်းရဲ့လား လာကြည့်တာပါကွာ"

မင်းခွန်မှိုင်းလည်း ဖခင်အား စပ်ဖြီးဖြီးသာရယ်ပြလိုက်သည်။

"သားသရုပ်ဆောင်ကျင့်နေတာပါဖေကြီးရဲ့။"

"အောင်မယ်။ မင်းကသရုပ်ဆောင်လေ့ကျင့်ရအောင် မင်းသားလား"

"မင်းသားတော့ဘယ်ဟုတ်မလဲဖေကြီးရာ။ ဒါပေမဲ့ သားက Cosplayerလုပ်နေတာဆိုတော့ သားCosplayလုပ်တဲ့ Characterတွေရဲ့အမူအကျင့်တွေဘာတွေ လေ့ကျင့်ရတာပေါ့။"

"အေးကွာ...​ဖေကြီးသားက အစကတည်းက အရူးဆိုတာ​ဖေကြီး​မေ့သွားတယ်။ ရူးမယ်ဆိုလည်း ထမင်းလွတ်ဟင်းလွတ်ရူး သားငယ်။ တစ်ယောက်ကျွေးရသက်သာ​လည်း နည်းလား"

ဦးဥက္ကာစိုးနှင့်မင်းခွန်မှိုင်းသည် သားအဖဟုမဆိုနိုင်အောင်ပင် ညီအစ်ကိုပေါင်း၊ သူငယ်ချင်းပေါင်းပေါင်းဖြစ်သည်။ ထို့ကြောင့် စကားပြောလည်း စစနောက်နောက်၊ ပွင့်ပွင့်လင်းလင်းရှိလှသည်။

"ဖေကြီးကတော့ စားပြီ...."

အခန်းထဲကထွက်တော့မည့် ဖေကြီးသည် သူ့အားလှည့်ကြည့်လာသည်။

"စားတာ ငါမဟုတ်ဘူး သားငယ်။ မင်းစားတာ..."

"သားကဘာစားလို့လဲ"

ဖခင်သည် ကုတင်ပေါ်မှ တစ်ဝက်တပျက်မုန့်ထုပ်များကို လက်ညှိုးထိုးပြလေသည်။

"အဲ့တာမင်းစားထားတာမဟုတ်ဘူးလား။ ပြန်ရှင်း။ ပြီးမှ ကြွက်ကိုက်တယ်မလုပ်နဲ့"

ထိုသို့ပြောပြီး အောက်ဆင်းသွားလေတော့သည်။ မင်းခွန်မှိုင်းလည်း ကုတင်ပေါ်မှ မုန့်ထုပ်များကိုကောက်ရှင်းနေစဉ် ဖုန်းဝင်လာသည်။ ဟိုကောင်Kiteလည်း ပျောက်သွားပြန်သည်။
သူဖုန်းကိုသာကောက်ကိုင်လိုက်သည်။

"အေး ငစိုင်းပြော"

"မင်းကိုသတင်းကောင်းပြောမလို့..."

ငစိုင်းအသံမှာ တက်ကြွနေသည်။

"ငါတို့ကို Cosplayပွဲတော်ဖိတ်ထားတယ်။"

"ဟိတ်ကောင်...တကယ်လား"

"ဟုတ်တယ်။ ဒီတစ်ခေါက်က မန္တလေးမှာလုပ်မှာတဲ့။"

မင်းခွန်မှိုင်းအတွက် သည်လိုပွဲမျိုးသည် လက်လွတ်ခံ၍မဖြစ်သည့်ပွဲမျိုးဖြစ်သည်။ မနှစ်က ပြင်ဦးလွင်တွင်လုပ်ခဲ့သည့်ပွဲသို့ သွားပြီးနောက် သူတို့အတော်လေးလူသိခံလာခဲ့ရသည်။ သည်နှစ်ကတော့ ပွဲတက်ရန်အထူးတလည်ပင် အဖိတ်ခံရသည်ဆိုတော့ ရွှေအခွင့်အရေးဖြစ်သည်။

"ဘယ်နေ့တဲ့လဲ ငစိုင်း။ ငါတော့ ရင်ခုန်နေပြီကွာ.."

"ပွဲက သဘက်ခါတဲ့။ ငါတို့မနက်ဖြန်ညပဲ မန္တလေးကိုဆင်းရမှာ။"

မင်းခွန်မှိုင်းပျော်လွန်း၍ ကြက်သီးများပင်ထမိသည်။

"နေဦး ဒီတစ်ခေါက်ပွဲက မင်းကို Girl Cosplayဖို့ ကမ်းလှမ်းထားတာနော်။ အမြဲတမ်း Boy Cosplayနေရင်လည်း ငြီးငွေ့ကုန်ကြလိမ့်မယ်။ Cosplayerဆိုတာ ကျား ၊ မ မခွဲဘဲလုပ်နိုင်ရမှာပဲလေ။ အခုက တောင်းဆိုထားတာနော်။ မင်းလုပ်နိုင်ရင်တော့..မင်းခွန်မှိုင်းရေ...မင်းတော့နာမည်ကြီးသထက်ကြီးပြီပဲ"

"အေးဆေးပါ။ ငါလုပ်နိုင်တယ်။ မင်းသာ လုပ်နိုင်ဖို့ပြင်ထား။ ဟိုကောင်ကျော်ကြီးကိုလည်း ဖုန်းဆက်ဦး။ အဝတ်အစားက သူရှာထားမှ..."

"ငါဆက်ပြီးပြီ။ မင်းပဲကျန်တော့တာ"

"အေးပါကွာ။ ဒါဆို မနက်ဖြန်ဆုံမယ်။ ဒါပဲ"

"နေဦး နေဦး"

ဖုန်းမချစေရန် အမောင်ငစိုင်းမှ တားခြင်းဖြစ်သည်။

"အေး ပြော။ ဘာကျန်သေးလို့လဲ"

"အော်...မနက်ဖြန် ငါမင်းအိမ်လာကြိုမယ်လို့။ အိမ်ကပဲစောင့် ၊ အိုခေ"

ငစိုင်းတစ်ယောက် ကိုသာ့အားတွေ့နိုင်ရန်ကြံလေပြီ။

"မကြိုနဲ့။ ငါဘာသာလာခဲ့မယ်"

"ဟိတ်ကောင်...ခွန်မှိုင်းရာ....။ လုပ်စမ်းပါကွာ။ ငါမသွားခင်လေး ကိုသာ့ကိုနှုတ်ဆက်ချင်လို့ပါ....။ ငါအကူအညီတောင်းတာပါကွာ...ပလိစ့်....သူငယ်ချင်း..."

ငစိုင်း၏ချွဲညုညုအသံကြီးသည် စိတ်ပျက်စရာကောင်းလွန်းသဖြင့် အော်ကလီများပင်ဆန်ချင်လာသည်။

"အေး...လာကွာ။ အဲ့ရုံးပတီသီးကို ကော်ရည်သုတ်ထားတဲ့အသံကြီးကို ရပ်လိုက်တော့"

"ဟဲဟဲ...အဲ့တာကြောင့် ငါ့သူငယ်ချင်းကိုချစ်တာ"

"ချီး...."

မင်းခွန်မှိုင်း စိတ်ပျက်လက်ပျက်ရေရွတ်တုန်းမှာပင် ဖုန်းချသွား၍ သင်းကံကောင်းသည်။ မဟုတ်လျှင် ဆဲမိတော့မှာ သေချာသည်။ ဖုန်းကိုအိပ်ရာပေါ်ပစ်ချလိုက်ပြီး ရေချိုးဖို့သာပြင်တော့သည်။ လူလည်းနုံးချေပြီ။ သို့သော် အပျော်လုံးဆို့နေသောကြောင့် အိပ်၍မရသေး။ ရေမိုးချိုးပြီး Animeလေး တစ်ပိုင်း နှစ်ပိုင်း သုံးလေးပိုင်း ၊ ဆယ်ပိုင်း ဆယ့်နှစ်ပိုင်းလောက်ကြည့်ဦးမည်။ ကိုယ့်အကြောင်း ကိုယ်သိသည်မဟုတ်လား။ သည်နေ့ နှစ်ပိုင်းလောက်ကြည့်မည်ဟု ဆုံးဖြတ်ပြီးလျှင် Season နှစ်ခုလောက်အသာလေး ကြည့်မိတတ်သည်။

ရေခပ်သွက်သွက်ချိုးပြီး သဘတ်လေးခေါင်းပေါ်တင်ကာ ကုတင်ပေါ် တင်ပျဉ်ခွေထိုင်ရင်း ယမန်နေ့ညကကြည့်လက်စ ကားဖြစ်သည့် Bungou Stray Dogsကိုဖွင့်လိုက်သည်။ ခေါင်းကိုရေသုတ်ရင်း ကြည့်နေစဉ် ပေါင်ပေါ်ခေါင်းတင်ပြီး လာအိပ်နေသည် Kiteကြောင့် အနည်းငယ်လန့်သွားသည်။ အသံပေးဖို့ပြောထားသည်ကို အသံမပေးဘာမပေးဖြင့် ရောက်လာပြန်ပြီ။ Kiteသည် မင်းခွန်မှိုင်း ပေါင်ပေါ်တွင်အိပ်လျက်သား သူ့အားမော့ကြည့်လာသည်။ မင်းခွန်မှိုင်းလည်း Kiteအားငုံ့ကြည့်ပြီး မချိပြုံးတစ်ချက် ပြုံးပြလိုက်သည်။ ထို့နောက် Kiteသည် သူ့မျက်နှာအားထိကိုင်ဖို့ လက်လှမ်းလာသည်။ မင်းခွန်မှိုင်းခပ်ပြုံးပြုံးဆက်ကြည့်နေလိုက်ပြီး လက်သည် သူ့မျက်နှာနားကပ်လာ​တော့မှ ကုန်းကိုက်ပစ်လိုက်သည်။

"အ့..."

Kiteသည် သူ၏အေးစက်နေသည့်လက်ကို ပြန်ရုတ်လိုက်ပြီး နှုတ်ခမ်းခပ်ရွဲ့ရွဲ့၊ ခပ်စူးစူးမျက်ဝန်းများဖြင့် သူ့အားစိုက်ကြည့်လာသောကြောင့် မင်းခွန်မှိုင်း လျှာလေးတစ်လျစ်ထုတ်ကာ ပြောင်ပြလိုက်သည်။

"အဲ့လောက်နဲ့ မင်းခွန်မှိုင်းကို ကွေးအောင်လုပ်လို့မရဘူး ကောင်လေး။ ကြိုးစားလိုက်ဦး...."

မင်းခွန်မှိုင်းသည် ညစ်ကျယ်ကျယ်ပြုံးပြတော့ Kiteသည် မျက်လုံးလေးမှိတ်လျက်သား အိပ်ချင်ယောင်ဆောင်သည်...။

Thanks For Reading

Zawgyi

အလုပ္ကအျပန္ မင္းခြန္မႈိင္း Shopping Centreတစ္ခုသုိ႔ဝင္ျဖစ္သည္။ ညဘက္ ဇာတ္ကားၾကည့္သည့္အခ်ိန္ မုန္႔ေလးနွင့္ေသာက္စရာေလးေဘးတြင္ရွိမွ ဇိမ္ပုိရွိမည္။ လက္တြန္းလွည္းေလးတြန္းရင္း မုန္႔တန္းမ်ားဘက္သုိ႔ ေရာက္သြားကာ စားခ်င္သည္မ်ားအား ေ႐ြးခ်ယ္ေကာက္ထည့္ၿပီး ေနာက္တြင္ပါလာသည့္ Kiteအားၾကည့္မိခ်ိန္တြင္ မ်က္လံုးျပဴးရျပန္သည္။ အေၾကာင္းကား Potato Chipsဘူးမ်ားကုိ လက္အျပည့္အလ်ွံ ရင္ဝယ္ပုိက္လ်က္ သူ႔ထံေလ်ွာက္လာေနေသာေၾကာင့္ျဖစ္သည္။

Kiteသည္ မင္းခြန္မႈိင္းအား မ်က္ခံုးပင့္ျပလိုက္ရင္း ယူလာသမ်ွ တြန္းလွည့္ထဲေကာက္ထည့္လိုက္ေလသည္။ ေစာေစာကထိ ေအာက္ေျခပင္မျပည့္ေသးသည့္ တြန္းလွည္းသည္ ယခုေတာ့ အျပည့္နီးပါးျဖစ္သြားေလသည္။

"ဒါေတြကဘာလုပ္ဖုိ႔လဲ"

"စားမလို႔ေလ"

"စားတာကဟုတ္တယ္ေလ။ မင္းပိုက္ဆံေပးမွာလား"

Kiteကပခံုးေလးတစ္ခ်က္တြန္႔ျပသည္။

"မင္းေပးလိုက္ေလ။ ငါ့မွာမွပိုက္ဆံမ႐ွိတာ။"

မင္းခြန္မႈိင္း မ်က္ခံုးတစ္ဖက္ပင့္၊ တစ္ဖက္ခ်လ်က္ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။ ဒါနွင့္မ်ား သူအလုပ္မလုပ္ေအာင္ ပိုက္ဆံ႐ွာေပးဦးမည္တဲ့။ ကုိယ္တုိင္ပင္ ေတာင္ပံေရာင္းစားပစ္သည့္ေကာင္ကမ်ား။ ဘယ္လိုလူကမ်ား ထုိေတာင္ပံကုိဝယ္ေသးသနည္း။ နတ္ဆုိးကလည္းပိန္းတိန္းတိန္း၊ ဝယ္သူကလည္း ပိန္းတိန္းတိန္းျဖစ္မည္။ သက္ျပင္းတစ္ခ်က္ခ်ရင္း သူယူလာသည့္ မုန္႔တစ္ဝက္ေလာက္အား သူ႔ေနရာသူ ျပန္သြားထားလိုက္သည္။

"ငါအကုန္လံုးေတာ့ဝယ္မေပးႏုိင္ဘူး။ တျခားဝယ္စရာ႐ွိေသးတယ္"

Kiteသည္ သူ႔ေနရာသူျပန္ေရာက္သြားသည့္ မုန္႔ထုပ္မ်ားကုိ ႏွေျမာတသျဖင့္ေငးေနေလသည္။ အေတာ္ေလး သနားဖုိ႔ေကာင္းတာပင္။

"လာပါကြာ။ ဒီမွာလည္းအမ်ားႀကီးပါတာပဲကို"

မင္းခြန္မႈိင္းလည္း ဝယ္စရာ႐ွိသည္ကုိ သြက္သြက္ဝယ္ၿပီး Shopping Centreမွထြက္လာရေတာ့သည္။ မဟုတ္လ်ွင္ နတ္ဆိုးငမြဲေကာင္ေၾကာင့္ လူပါေပါင္ရမည့္ကိန္းဆုိက္ႏုိင္သည္။ မင္းခြန္မႈိင္းမသိလိုက္ခင္ေလးမွာပင္ သူလိုခ်င္သမ်ွ တစ္ခုၿပီးတစ္ခုလာလာထည့္တတ္ေသးသည္။ ပိုက္ဆံ႐ွင္းမွ ပါလာမွန္းသိသည့္ပစၥည္းမ်ား ဆုိသည္မွာလည္း မနည္း။ ယခု အျပန္လမ္းစားရိတ္ပင္ မက်န္ေတာ့၍ အိမ္သုိ႔လမ္းေလ်ွာက္ျပန္ရေတာ့မည္။ မေလ်ွာက္ခ်င္၍ ကုိသာအားမည္လားဟု ဖုန္းဆက္ၾကည့္လိုက္သည္။

"ကုိသာ။ အလုပ္ၿပီးၿပီလား"
"......"

"ဟင္...ညစာစားပြဲ႐ွိတာလား"
"....."

"ဒီမွာ ကြၽန္ေတာ္ဝယ္တာမ်ားၿပီး ပိုက္ဆံျပတ္သြားလို႔။ အိမ္ကိုလမ္းေလ်ွာက္ျပန္ရေတာ့မယ္။ ကုိသာမ်ားလာႀကိဳေပးမလားလို႔"
"......"

"ေတာ္ၿပီဗ်ာ။ မလာနဲ႔ေတာ့။ လမ္းေလ်ွာက္ၿပီးပဲျပန္ေတာ့မယ္"

မင္းခြန္မႈိင္းဖုန္းခ်ၿပီး အထုပ္မ်ားဆြဲလ်က္ လမ္းပင္ ဆက္ေလ်ွာက္လာလိုက္ေတာ့သည္။ ကုိသာသည္ အေရးႀကီးညစာစားပြဲေၾကာင့္ ထြက္လာ၍မျဖစ္ဟုဆုိသည္။ သုိ႔ေသာ္ ေခတၲေစာင့္ေပးရန္ေျပာပါေသးသည္။ သူစိတ္မရွည္သျဖင့္ လမ္းေလ်ွာက္ဖုိ႔ပင္ ဆံုးျဖတ္လိုက္သည္။ သူ႔အားလမ္းေလ်ွာက္ရေအာင္လုပ္သည့္ နတ္ဆုိးေကာင္ကေတာ့ လက္ကေလးေနာက္ပစ္လ်က္ ေအးေအးေဆးေဆး ေလ်ွာက္ေနေလသည္။

"Kite မင္းေၾကာင့္ငါပုိက္ဆံကုန္သြားၿပီ။ ဘယ္လိုလုပ္မလဲ။ ငါ့ပိုက္ဆံေတြျပန္ေပးမွာလား"

"ငါ့မွာပိုက္ဆံမွမ႐ွိတာ"

ေျပာပံုေလးသည္ ေျပးကန္ခ်င္စရာေကာင္းလြန္း၏။ ဘယ္လိုမ်ား နတ္ဆုိးျဖစ္လာသည္လဲမသိ။ တစ္သက္နွင့္တစ္ကုိယ္ ထင္လာခဲ့သည့္ နတ္ဆုိးဆုိသည္မွာ အမွန္တကယ္ ခမ္းခမ္းနားနားနွင့္ လန္ထြက္ၿပီးပ်ံတက္ေနတာမ်ဳိးပင္။ သည္နတ္ဆုိးကေတာ့ မြဲျပာက်တာမွ ဖြတ္မင္းကအေဖေခၚရေတာ့မည္။

"တကယ္လို႔ မင္းပုိက္ဆံလိုရင္ေတာ့ ငါေပးႏုိင္ပါတယ္"

ေလသံကေတာ့ အခုထိမေလ်ွာ႔ေသးေပ။

"ဘာလဲ။ ငါ့ကုိေရာင္းစားၿပီး ပိုက္ဆံျပန္ေပးမွာလား"

ဟုတ္၏။ သူသည္ ေတာင္ပံေတြပင္ေရာင္းစားသူျဖစ္သည္။ မင္းခြန္မႈိင္းကုိလည္း ေရာင္းမစားဟု မည္သူအာမခံသနည္း။ ယံုရသူမဟုတ္။ မင္းခြန္မႈိင္း ေဆာင့္ေအာင့္လ်က္ ဆက္ေလ်ွာက္ေနစဥ္ Kiteသည္ မင္းခြန္မႈိင္းလက္ထဲမွ အထုပ္မ်ားကုိဆြဲယူလိုက္ၿပီး ပစၥည္းေလးတစ္ခု လက္ထဲျပန္ထည့္ေပးသည္။ Kiteအထုပ္မ်ားအားဆြဲထားေပးစဥ္ သူေပးသည့္ပစၥည္းေလးအား မင္းခြန္မႈိင္းေသခ်ာၾကည့္မိသည္။ အနီေရာင္လက္လက္ထေနသည့္ အေတာင္ပံပံုစံပစၥည္းေလးတစ္ခု။ အနီေရာင္လံုးလံုးရယ္​ေတာ့မဟုတ္၊ မသိလ်ွင္ မီး​ေတာက္​ေနသလိုမ်ဳိး၊ သုိ႔မဟုတ္ သံရည္ပူ​ကဲ့သုိ႔အ​ေရာင္။ ထုိ႔အျပင္ အေတာင္ပံ​ေပၚတြင္ အႏုစိတ္ကႏုတ္ေလးမ်ား ထြင္းထားသည္မွာ လက္ရာေျမာက္လြန္း၏။ ပစၥည္းသည္ လက္မတစ္ဆစ္စာေလာက္သာ႐ွိေပမဲ့ တန္ဖုိးႀကီးမည့္ပံုေပၚသည္။ ေနာက္ၿပီး လက္ထဲ၌ကိုင္ထားရသည္မွာ ေအးေနသလိုပင္။

"ဒါဘာလဲ Kite"

"နတ္ဆုိးရတနာေလ။"

Kiteသည္ ေအးေအးလူလူ လမ္းေလ်ွာက္ေနရင္းေျဖေလသည္။ မင္းခြန္မႈိင္းလည္း နတ္ဆုိးရတနာဟုဆုိေသာ ပစၥည္းေလးကိုၾကည့္ရင္း လိုက္လာမိသည္။

"နတ္ဆိုးရတနာဆုိေတာ့ နတ္ဆုိးတုိင္းမွာ႐ွိတာလား"

"ဟုတ္တယ္။ နတ္ဆုိးတုိင္းျပည္ရဲ႕ အထြဋ္အျမတ္မီးေတာင္က ေခ်ာ္ရည္​ေတြကုိ ေရခဲနတ္သမီးက ေအးခဲပစ္လိုက္​ခ်ိန္မွာ ရလာတဲ့​ေခ်ာ္ရည္ခဲ​​ေတြကို နတ္ဆုိးသခင္ ထြင္းထုထားတာ။ ငါတုိ႔နတ္ဆုိးေတြကေမြးဖြားလာၿပီး ခုနစ္ရက္တာ ေၾကာင္နက္ဘဝနဲ႔ေနရတယ္။ ခုနစ္ရက္ၿပီးတာနဲ႔ နတ္ဆုိးတန္းျဖစ္တာပဲ။ နတ္ဆုိးျဖစ္တဲ့အထိမ္းအမွတ္အ​ေနနဲ႔ နတ္ဆုိးသခင္ေပးတဲ့လက္ေဆာင္ေပါ့။ မင္းအဲ့တာကိုေရာင္းလိုက္ရင္ ပိုက္ဆံအမ်ားႀကီး ရမွာပါ။ ႐ွားပါးရတနာမလို႔ေလ။"

Kiteသည္ ထုိ႔ေၾကာင့္ ပုိက္ဆံလိုသေလာက္ေပးမည္ဟု ေျပာႏုိင္ျခင္းျဖစ္မည္။ မင္းခြန္မႈိင္း႐ုပ္တည္ႀကီးျဖင့္ နတ္ဆုိးရတနာအား ေဘာင္းဘီအိတ္ကပ္ထဲ ေကာက္ထည့္လိုက္သည္။

"ဒါဆုိလည္း ငါယူထားလိုက္မယ္။ ရတယ္မလား"

Kiteသည္ေခါင္းအသာညိတ္သည္။ အေတာ္ရက္ေရာသည့္ေကာင္ပါလားဟု ေတြးတုန္း႐ွိေသး အေတြးကုိရပ္ေစမည့္စကားကုိ ေျပာေလသည္။

"မင္းေဖႀကီးေျပာသလိုဆုိရင္ လင္ပစၥည္း မယားပုိင္တာပဲ။ မင္းစိတ္ႀကိဳက္သံုးေပါ့"

ထုိစကား​ေၾကာင့္ မင္းခြန္မႈိင္းမွာ ၾကက္သီးမ်ားျဖန္းခနဲထသြားမိသည္။ အိတ္ကပ္ထဲမွ နတ္ဆိုးရတနာအား Kiteလက္ထဲ ခ်က္ခ်င္းျပန္ထည့္ေပးလိုက္မိသည္။

"ေတာ္ပါၿပီ။ မင္းကလည္း ငါ့လင္မဟုတ္သလို ၊ ငါကလည္းမင္းမယားမလုပ္ပါရေစနဲ႔။ ကုိယ့္ပစၥည္းကိုယ္ ျပန္ယူေတာ့"

Kiteသည္တံု႔ဆုိင္းမႈမ႐ွိဘဲ ခ်က္ခ်င္းပင္ ပစၥည္းကိုျပန္ယူေလသည္။ သည္ေတာ့မွပင္ မင္းခြန္မိႈင္းလည္းသက္ျပင္းခ်ႏုိင္ေတာ့သည္။ မဟုတ္လ်ွင္ သင္းနွင့္ကလြယ္မည္မဟုတ္။ ပစၥည္းေပးထားသည္ဆုိၿပီး လူကုိအပုိင္သိမ္းမည့္ ခ်စ္တီးနတ္ဆုိးသာျဖစ္ေနလ်ွင္ မင္းခြန္မႈိင္းေတာ့ ဘဝဆံုးရခ်ည္ဦးမည္။

"ဒါနဲ႔ မင္းကအာလူးေၾကာ္ႀကိဳက္တာလား။ ဘယ္တုန္းကတည္းကစားဖူးတာလဲ"

"မင္းအရင္တုန္းက ဝယ္လာတဲ့မုန္႔ေတြငါစားတာေလ"

"ဘာ....ငါက ငါ့မုန္႔ေတြႂကြက္ကိုက္တယ္ထင္တာ တကယ္ေတာ့မင္းလက္ခ်က္ေပါ့"

မင္းခြန္မႈိင္း ေသြးမတက္ရံုတမယ္ပင္။ သူဝယ္ထားသည့္မုန္႔မ်ားအား စားခ်င္တုိင္းယူစားေနခဲ့သည္မွာ ႂကြက္နတ္ဆုိးျဖစ္ေနသည္။ သူ႔မွာေတာ့ ႂကြက္႐ွိသည္ထင္ကာ အိမ္၌ေဆးမ်ားျဖန္းရ၊ ႂကြက္ေထာင္ေခ်ာက္မ်ားေထာင္ရနွင့္ ေန႔တုိင္းအလုပ္႐ႈပ္ခဲ့သည္။ မင္းခြန္မႈိင္းသည္ သူ႔အားမၾကည္ၾကည့္ျဖင့္ၾကည့္ေနေသာေၾကာင့္ Kiteလည္း နတ္ဆုိးရတနာေလးအား ျပန္ထုတ္ေပးလိုက္သည္။

"အဲ့တာေတြျပန္ဝယ္ဖုိ႔ပုိက္ဆံလိုရင္ ဒါယူလို႔ရတယ္ေလ"

"အမေလး...ရပါတယ္။ မယူေတာ့ပါဘူး။ စိတ္ႀကိဳက္သာစား။ မင္းေပးတာေတာ့မယူရဲဘူး။"

အိမ္ျပန္ေရာက္ေတာ့ မင္းခြန္မႈိင္း ေညာင္းလြန္း၍ ဇာတ္ကားလည္းမၾကည့္ႏုိင္ေတာ့ေခ်။ အိပ္ရာေပၚသာ ေျခပစ္လက္ပစ္လွဲခ်လိုက္သည္။ သုိ႔ေသာ္ Kiteသည္ ကုတင္ေျခရင္းတြင္ ငုတ္တုတ္ေလးထုိင္ကာ သူ႔ကုိၾကည့္လ်က္ မုန္႔စားေနေလသည္။ ထုိအတုိင္းႀကီးထုိင္ၾကည့္ခံေနရသည္မွာ အေတာ္ေနရခက္တာပင္။ ထုိ႔ေၾကာင့္ လွဲေနရာမွ Kiteနွင့္မ်က္ႏွာခ်င္းဆုိင္ထထုိင္ၿပီး သူ႔လက္ထဲမွမုန္႔ထုပ္ကုိသာ ႏႈိက္စားေနလိုက္ေတာ့သည္။

You are reading the story above: TeenFic.Net