Unicode
မင်းခွန်မှိုင်းအနားတွင် မိန်းကလေးတစ်သိုက်သာမကယောက်ျားလေးတွေပါဝိုင်းပြီး ဓာတ်ပုံတွဲရိုက်နေကြသည်။ Bishar Cosplayရန်ရွေးချယ်လိုက်သည်မှာ မှန်သွားသည်ဆိုရမည်။ မနှစ်ကထက်ပင် လူကြည့်ခံနေရသည်။ မင်းခွန်မှိုင်း တစ်ယောက်ပြီးတစ်ယောက်နှင့် ဓာတ်ပုံတွဲရိုက်နေသည်ကို နောက်ကနေမတ်တပ်ကြီး လိုက်ကြည့်နေသူကတော့ Kiteပင်ဖြစ်သည်။ လူတွေသူ့ကိုမမြင်ရလို့သာပင်။ မဟုတ်လျှင် သက်တော်စောင့်တွေဘာတွေထင်နေကြဦးမည်။ သူ့ပုံစံအတိုင်း လက်ကလေးနောက်ပစ်ပြီး အေးအေးလူလူနှင့်လူကို လိုက်ကြည့်နေဆဲ။ စိတ်အနှောက်အယှက်အနည်းငယ်တော့ဖြစ်ပေမဲ့ မသိချင်ယောင်ဆောင်ကာ ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ရသည်။
နေ့ခင်း ဆယ့်နှစ်နာရီဆို ပွဲအဆုံးသတ်လိမ့်မည်။
ယခုပင် ဆယ့်တစ်နာရီရှိပြီမဟုတ်လား။ လူကတော့ ယခုချိန်အထိသူ့အနားတွင် မရှင်းသေး။ Animeပစ္စည်းအရောင်းဆိုင်လေးများသို့ သွားစပ်စုချင်ပါသည်ဆိုကာမှ လူကထိုနေရာကပင် မရွေ့နိုင်သေးချေ။ ငစိုင်းပင် ဆိုင်တန်းများတွင် မွှေနှောက်ဝယ်နေလေပြီ။
"ဟယ်လို ဘစ်ရှာ.."
ခန့်ညားသည့်အသံနှင့်အတူ အနားကိုရောက်ရှိလာသူသည် ပွဲစီစဉ်သူ ကိုဘုန်းကျော်စွာဖြစ်သည်။ မနှစ်ကလည်း ပွဲစီစဉ်သူသည် သူပေမို့ မမှတ်မိစရာအကြောင်းမရှိ။ နှစ်တိုင်း Cosplayပွဲများဖြစ်အောင် စီစဉ်နေသူလည်းဖြစ်သည်။ သည်လိုလူကို မင်းခွန်မှိုင်းမသိလျှင် တုံးလွန်းရာကျမည်။
"မင်္ဂလာပါ ကိုဘုန်းကျော်စွာ"
ကိုဘုန်းကျော်စွာသည် နှုတ်ခမ်းတစ်ဖက်ကော့တက်သွားအောင် ပြုံးသည်။ အပြုံးကတင် အရှိန်အဝါကိုခံစားရသည်။ လူကြီးလူကောင်းပုံစံပေါက်သည်။ သို့သော် မကောင်းသတင်းတချို့လည်းကြားပါသည်။ သူသည် ဂေးဖြစ်သည့်အပြင် သူနှင့်တွဲသည့်ကောင်လေးများကို Female Character ပုံစံအတင်းအကျပ်ဝတ်ဆင်ခိုင်းသည်ဆိုပြီးတော့ပေါ့။ သက်သက်နာမည်ဖျက်ချင်၍ သတင်းလွှင့်တာလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သတိထားရမည်မှာ မိမိတာဝန်ပေသာ။
ကိုဘုန်းကျော်စွာရောက်လာတော့ လူလုံးဝကျဲသွားသည်။ ပွဲစီစဉ်သူနှင့်Cosplayerစကားပြောမည်ကို အနှောက်အယှက်မဖြစ်စေရန်ဖြစ်မည်။
"မင်းခွန်မှိုင်း Cosplayလိုက်ရင် လုံးဝကို သြချလောက်ပါပေတယ်နော်။ လုံးဝကို တစ်ထပ်တည်းပဲ။ ဆံပင်အရောင်လေးမတူတာကလွဲလို့"
ထိုသို့ပြောရင်း ဆံနွယ်တချို့ကိုကိုင်ကြည့်လေသည်။ မင်းခွန်မှိုင်းလည်း သူ့လက်ထဲဆံနွယ်တွေကို မသိမသာပြန်ဖယ်ချလိုက်ပြီး အားနားပါးနာပြုံးလိုက်သည်။ သူ့နောက်တွင်ရပ်ကြည့်နေသည့် Kiteတစ်ယောက် မျက်လုံးများပြူးထွက်သွားသည်ကို သူမသိလိုက်။
"ကျွန်တော် ဆံပင်ဆိုးဖို့အချိန်မရလိုက်လို့ပါ။ ဒီဆံပင်တောင် အမြန်ဆက်လာရတာ။"
ကိုဘုန်းကျော်စွာက ခေါင်းတညိတ်ညိတ်လုပ်သည်။
"ဆောရီးကွာ။ ကိုယ်မင်းတို့ကို တစ်ပတ်လောက်ကြိုဖိတ်သင့်တာ။ ရက်နီးမှ ထဖိတ်သလိုဖြစ်သွားတယ်။ ဂျပန်ကို အလုပ်ကိစ္စနဲ့ကြားထဲမှာ ပြန်ပြေးလိုက်ရလို့လေ"
"အာ...ရပါတယ်"
မင်းခွန်မှိုင်း စိတ်မပါလက်မပါဖြင့် ဟန်ဆောင်ပြုံးတွေပန်ဆင်ရင်းဆိုလိုက်လေသည်။ စိတ်ထဲတွင် မသိုးမသန့်ကြီးနေရခက်လာသည်။ သည်လူကြီးသည် မိမိကိုခေါင်းအစခြေအဆုံး ခဏခဏအကဲခတ်နေသည်လေ။
"ဘာပဲဖြစ်ဖြစ် ဒီနေ့မင်းCosplayထားတာ အရမ်းလှပါတယ်။ ကိုယ်တောင် တကယ့်ဘစ်ရှာရောက်လာတယ် မှတ်တာ"
"အဟား..ကိုဘုန်းကျော်စွာကတော့ မြှောက်နေပါပြီ"
သူကမြှောက်ပြောတော့ လူကမြောက်မိပြန်သည်။ ကိုယ်ချစ်သည့်အလုပ်နှင့်ပတ်သက်ပြီး ချီးကျူးခံရခြင်းက ဂုဏ်မြောက်စရာကောင်းသည်မဟုတ်လား။ ဘုန်းကျော်စွာသည် မင်းခွန်မှိုင်းလက်မောင်းကို လာကိုင်ပြီး ထပ်မံချီးကျူးပြန်သည်။
"အတည်ပြောတာ။ မင်းတော်တော်လှတယ်"
မင်းခွန်မှိုင်း မျက်ခုံးတွေပင့်တက်သွားမိပြီး နေရခက်လာသည်။ အမှန်တကယ်ပင် သည်လူကြီးက ကြားခဲ့သလို နှာဘူးကြီးများလေလား။ ကျောဘက်ကလည်း မလုံသလိုဖြစ်လာသဖြင့် လှည့်ကြည့်မိတော့ Kiteသည် မျက်မှောင်ကြီးစုကုပ်လျက် ကိုဘုန်းကျော်စွာကိုကြည့်နေတာပင်။
"ကိုယ်တို့ပွဲပြီးရင် နေ့လယ်စာတူတူစားကြရအောင်။ ဟိုတယ်မှာကြိုမှာထားလိုက်မယ်"
"အားနာစရာကြီး"
"အားမနာပါနဲ့ကွာ..."
"ဟို...ကျွန်တော့သူငယ်ချင်းတွေပါရင်တော့..."
ငစိုင်းနှင့်ကျော်ကြီးတို့အား လှမ်းကြည့်ရင်းဆိုလိုက်သည်။
"မင်းသူငယ်ချင်းတွေအတွက် သီးသန့်တစ်ဝိုင်းမှာပေးမယ်လေ။ ကိုယ်ကမင်းနဲ့အတူစကားပြောရင်း နေ့လယ်စာစားချင်လို့ပါ။ မင်းကဒီလောကမှာ နာမည်ကြီးပဲကို။ လုပ်စမ်းပါကွာ...ကိုယ်လည်း မင်းခွန်မှိုင်းနဲ့အတူနှစ်ယောက်တည်း နေ့လယ်စာစားဖူးတယ်ဆိုပြီး ဂုဏ်ယူချင်လို့"
မင်းခွန်မှိုင်းလေထဲမြောက်သွားပြန်သည်။ မဖြစ်ဟုကိုယ့်စိတ်ကိုယ် ပြန်ချိုးနှိမ်သည်။ အသွားမတော်တစ်လှမ်း၊ အစားမတော်တစ်လုပ်တဲ့။ ကံကောင်းထောက်မစွာ ငစိုင်းသည် မိမိထံသို့ရောက်လာလေသည်။
"ခွန်မှိုင်း...မင်းလိုချင်တဲ့....
ငစိုင်းသည် စကားတစ်ဝက်တပြက်ဖြင့် ကိုဘုန်းကျော်စွာကို နှုတ်ဆက်နေလေသည်။
"ဒီမှာ မင်းခွန်မှိုင်းကိုနေ့လယ်စာအတူစားဖို့ ခေါ်နေတာကို ငြင်းနေတယ်။ ကူပြောပါဦး"
ငစိုင်းသည် မျက်လုံးအနည်းငယ်ပြူးသွားကာ မင်းခွန်မှိုင်းကိုခပ်ဝေးဝေးဆွဲခေါ်ထုတ်လာသည်။
"မင်းလိုက်သွားသင့်တယ်နော်။ သူနဲ့သာရင်းနှီးသွားရင် သူလုပ်သမျှပွဲတိုင်း ငါတို့တက်ရမှာ။ နာမည်ပိုရမှာ။"
"အဲ့လောက်ဖြစ်နေ မင်းလိုက်သွားလေ..."
"ငါသိပါတယ် ခွန်မှိုင်းရာ။ ကြားထားတဲ့သတင်းတွေကြောင့် မင်းမလိုက်ချင်မှာငါသိတယ်။ ဒါပေမဲ့ မင်းသတိထားရင်ရတာပဲကွာ။ ထမင်းလေးတူတူစားပေးရုံပဲကို။"
"ကျစ်..."
အကြံအိုက်လွန်းလို့ ကျွတ်သာစုပ်သပ်နိုင်သည်။ အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း စဉ်းစားမိသည်။ နေ့လယ်စာလေးတူတူစားပေးရုံပဲမဟုတ်လား။ စိုးရိမ်စရာမရှိနိုင်ပါလေ။
"အေးကွာ...ငါလိုက်သွားမယ်"
ငစိုင်းက ကျေနပ်စွာပြုံးရင်း မင်းခွန်မှိုင်းကျောကိုပုတ်လိုက်သည်။
"မင်းဆုံးဖြတ်တာမှန်တယ်။ ဒါပေမဲ့ အဲ့လူကြီး မင်းကိုမဟုတ်တာလုပ်ရင်တော့ ဆွဲသာထိုးခဲ့။ သည်းမခံနဲ့။ ငါတို့အတွက်လည်းကြည့်စရာမလိုဘူး။ ပေါက်တယ်နော်"
မင်းခွန်မှိုင်းခပ်ရွဲ့ရွဲ့ပြုံးရင်း ငစိုင်းကိုမျက်လုံးတစ်ဖက်မှိတ်ပြခဲ့လိုက်သည်။ သို့ပေမဲ့ အဖွဲ့အတွက် တတ်နိုင်သလောက်တော့ သည်းခံခဲ့မှာပင်။ အတိုင်းအတာကျော်သွားလျှင်တော့ မင်းခွန်မှိုင်းဘာကောင်လဲဆိုတာ သိအောင်ပြခဲ့ရုံ။ ရုပ်ကလေးချောတာနှင့်အညီ လက်သီးလေးကလည်း ပြင်းသည်ဆိုတာကို မြည်းစမ်းဖူးသူသိပါလိမ့်မည်....။
ကိုဘုန်းကျော်စွာနှင့်အတူ ထမင်းတူတူစားသည်အထိ အရာအားလုံးအဆင်ပြေနေသေးသည်။ ထမင်းစားပြီး၍ အချိုတည်းမည့်အချိန်မှ ပြဿနာကစသည်။
"ကိုယ်တို့တူတူလက်တွဲလုပ်မယ်ဆို နိုင်ငံတကာထိ မင်းကနာမည်ကြီးနိုင်တယ်"
ကိုဘုန်းကျော်စွာသည် အတော်မြှောက်ပြောတတ်သည်ဆိုတာ မင်းခွန်မှိုင်း သဘောပေါက်လာတာမို့ သိပ်မမြောက်မိတော့ချေ။ လူကသတိနှင့်စား ၊ သတိနှင့်နေရသည်မဟုတ်လား။
"အဲ့လောက်လည်းမဟုတ်ပါဘူး။ ကျွန်တော်က သာမန်ပါပဲ။ Cosplayကောင်းကောင်းလုပ်နိုင်တဲ့သူတွေ ပေါလာချိန်ကျရင် ကျွန်တော်ဆိုတာဘာမှမဟုတ်တော့ပါဘူး"
မချိပြုံးလေးပြုံးရင်း သံပုရာရည်ကိုတစ်ငုံသောက်လိုက်သည်။ ကိုဘုန်းကျော်စွာက ခေါင်းယမ်းရင်းသက်ပြင်းချသည်။ ထို့နောက် စားပွဲပေါ်တင်ထားမိသည့် မင်းခွန်မှိုင်းရဲ့လက်ကို လက်ကောက်ဝတ်မှဆွဲကိုင်လေသည်။ ရုတ်တရက်မို့ မျက်ခုံးများပင့်တက်သွားမိပြန်သည်။ဘေးခုံမှာထိုင်နေသည့် Kiteကတော့ မျက်နှာသေကြီးဖြင့် ဆုပ်ကိုင်ခံထားရသည့် မိမိလက်ကိုစိုက်ကြည့်နေလေသည်။ ကိုဘုန်းကျော်စွာကတော့ အလိုက်မသိစွာလက်ကိုကိုင်ထားရင်း ဆက်ပြောသည်။
"ကိုယ်တကယ်ပြောတာ။ မင်းကသိပ်ပါရမီပါတယ်။ ပြီးတော့ မင်းမျက်နှာလေးနဲ့ဆိုရင် အရမ်းလိုက်မယ့် Characterတွေအများကြီးပဲ။ မင်းသာ ကိုယ်နဲ့လက်တွဲလုပ်မယ်ဆိုရင် မင်းCosplayထားတဲ့ပုံတွေကို ကိုယ့်official pageမှာတင်ပေးမယ်။ အဲ့ကျရင် နိုင်ငံတကာကလူတွေပါမြင်သွားပြီး မင်းကိုsupportကြမှာ"
"ကျ...ကျွန်တော်သူငယ်ချင်းတွေနဲ့ တိုင်ပင်ရဦးမယ်"
မင်းခွန်မှိုင်းလက်ကိုလျှောချပြီး လွတ်ရန်ကြိုးစားသော်လည်း အချည်းနှီးသာ။ ထိုလူကြီးက လက်ကိုထပ်ဆွဲထားပြန်သည်။ စိတ်လည်းနည်းနည်းတော့ အချဉ်ပေါက်လာသည်။
"ကိုယ်ကမင်းနဲ့ပဲအလုပ်တွဲလုပ်မှာလေ။ ဘာလို့ သူတို့နဲ့တိုင်ပင်မှာလဲ။ မင်းပဲဆုံးဖြတ်ရမှာ။ မင်း ကိုယ့်လူဖြစ်သွားရင် ဘယ်သူ့ကိုမှအားကိုးစရာမလိုတော့ဘူး။ ငဲ့ကြည့်စရာမလိုဘူး။ ခွဲဝေစရာမလိုတော့ဘူး။ မင်းကဘုရင်ပဲ"
မင်းခွန်မှိုင်း ထိုစကားတို့ကို သိပ်သဘောမတွေ့လှ။
"ကျွန်တော် ဒီအလုပ်ကို ကျွန်တော့်သူငယ်ချင်းတွေကြောင့်ပဲ အကောင်အထည်ဖော်နိုင်ခဲ့တာ။ သူတို့ကို စွန့်ပစ်တာက ကျွန်တော့်အလုပ်ကိုစွန့်ပစ်တာနဲ့အတူတူပဲ"
မင်းခွန်မှိုင်းစိတ်ပျက်စွာပြောတော့ ဘုန်းကျော်စွာကပြုံးသည်။ အဓိပ္ပါယ်ကိုတော့နားမလည်။
"မင်းကသစ္စာရှိတာပဲ။ ကိုယ်အဲ့စိတ်ကိုသဘောကျတယ်..."
မင်းခွန်မှိုင်းစိတ်ကိုတင်း၍သာ ပြုံးပြနိုင်သည်။ စိတ်ရှုပ်သည်မို့ မျက်နှာဘေးကိုလွှဲမိတော့ သူ့အားစိုက်ကြည့်နေသည့် Kiteနှင့်အကြည့်ချင်းဆုံလေသည်။ Kiteအကြည့်တွေက တကယ့်ကိုအသေကောင်မျက်လုံးတွေပင်။ ဘာကြောင့် သည်လိုကြီးကြည့်နေမှန်းမသိ။ ရှေ့ကတစ်ယောက်ကတစ်မျိုး၊ ဘေးကတစ်ယောက်ကတစ်မျိုးနှင့်...။
"သူဒီလိုလုပ်နေတာ မင်းကြိုက်လား"
Kiteထံမှကြားလိုက်ရသည့်စကားပေသာ။ နားမလည်စွာ ကြည့်မိတော့ သူကမျက်နှာသေဖြင့် ထပ်မေးသည်။
"ငါသူ့ကိုတစ်ခုခုလုပ်လိုက်လို့ရလား..."
မင်းခွန်မှိုင်းမျက်မှောင်ကြုတ်လိုက်မိသည်။
"ကိုဘုန်းကျော်စွာ...စိတ်မရှိပါနဲ့။ ကျွန်တော် Toiletလေးသွားချင်လို့"
ကိုဘုန်းကျော်စွာထံခွင့်တောင်းပြီး Toiletသို့ဦးတည်လိုက်သည်။ Kiteလည်းလိုက်လာလေသည်။ ထိုသို့သွားမှ Kiteနှင့်စကားပြောလို့ရမည်မဟုတ်လား။ Toiletတစ်လုံးထဲကောက်ဝင်လိုက်ကာ စိတ်ပျက်လက်ပျက်ထိုင်ချလိုက်တော့ Kiteသည် တံခါးကိုမှီရင်း သူ့အားကြည့်လာသည်။
"မင်းသာယာနေတာလား"
စိတ်ရှုပ်ရှုပ်နှင့်ဆံပင်တွေကြားထဲလက်ချောင်းထိုးသွင်းကာ အနည်းငယ်ဖွပြီး Kiteအားမော့ကြည့်လိုက်သည်။ သူ့မျက်နှာသည် ခါတိုင်းထက်ပင် တင်းမာနေသည်။ အရင်ကတည်းကခပ်တည်တည် မျက်နှာသေဆိုပေမဲ့ အခုကမျက်နှာမှာ တစ်ခုခုကိုမကျေမနပ်ဖြစ်နေကြောင်း မြင်နေရသည်။
"ငါကဘာကိုသာယာရမှာလဲ"
"ဟိုကောင်မင်းကိုလက်ကိုင်လိုက် ၊ အသားယူလိုက်လုပ်နေတာကိုလေ။"
"ငါလည်းဘယ်ခံချင်ပါ့မလဲ။ ဒါပေမဲ့ အလုပ်ကိစ္စအတွက်ဆိုတော့ သည်းခံရမှာပဲလေ။ သူ့ကိုတစ်ခုခုလုပ်လိုက်မိလို့ ငါ့ကိုမကျေနပ်ရင် နာမည်ဖျက်ဖို့ဆိုတာ သူ့အတွက်အလွယ်လေးကွ။ မင်းကဘာသိတာကျလို့"
Kiteသည် ရုတ်တရက်ဆိုသလို သူ့လက်ကောက်ဝတ်ကိုဆွဲကိုင်လိုက်သောကြောင့် ဖယ်ချပစ်လိုက်မိသည်။ Kiteက ခပ်မာမာပြုံးသည်။
"တွေ့လား...။ ငါမင်းကိုထိတာကျ နည်းနည်းလေးတောင် မကြိုက်ဘူး။ ဟိုကောင်ကျတော့ မင်းငြိမ်နေတယ်"
"အလုပ်အတွက်ပါဆို Kiteရာ။ အာရုံမစားစမ်းပါနဲ့။ ငါလည်းသည်းခံချင်လွန်းလို့မှမဟုတ်တာ"
"ဒါဆို မင်းမကြိုက်ဘူးပေါ့"
"အင်း"
ခပ်တိုတိုဖြေ၍ Toiletထဲကအထွက် ကိုဘုန်းကျော်စွာနှင့် တိုးလေသည်။
"ကိုယ်က မင်းကြာနေလို့လိုက်လာတာ။ ကိုယ့်ကိုကြောက်လို့ ထွက်များပြေးပြီလားလို့ ဟားဟား..."
"မပြေးပါဘူးဗျာ...။"
မင်းခွန်မှိုင်းဖြေတဲ့ပုံလေးကို ဘုန်းကျော်စွာကသဘောကျစွာရယ်လေသည်။
"ကိုယ်လည်း Toiletခဏဝင်လိုက်ဦးမယ်။ မင်းက ဝိုင်းမှာစောင့်နှင့်...။ ထွက်မပြေးနဲ့နော်..."
"မပြေးပါဘူးဆိုဗျာ.."
ကိုဘုန်းကျော်စွာသည် ရေအိမ်ထဲမဝင်ခင် မင်းခွန်မှိုင်းပခုံးကိုပုတ်သွားသည်။ သက်ပြင်းကိုအရှည်ဆုံးချပြီး ထိုင်လက်စဝိုင်းကိုသာ ဆက်လျှောက်သွားလိုက်သည်။ ဝိုင်းကိုရောက်တော့မှ နောက်တွင် Kiteပါမလာသည်ကို သတိထားမိသည်။ ကြည့်ရတာ ပျောက်သွားပြန်ပြီထင်ပါရဲ့။ အမြဲတမ်း သူကပေါ်လိုက်ပျောက်လိုက်ဖြင့် ပိုးစုန်းကြူးလို...။
သုံးမိနစ်လောက်ကြာတော့ Kiteသု့ရှေ့ရောက်လာသည်။ ဘေးနားမှာလာရပ်ပြီး လက်ကိုဆွဲသည်။
"သွားမယ် ထ..."
ဘေးဘီကိုတစ်ချက်အကဲခတ်လိုက်ပြီး ဖုန်းကိုနားနားကပ်ကာ ဖုန်းပြောချင်ဟန်ဆောင်၍ Kiteကိုပြန်ပြောလိုက်သည်။
"ဘယ်ကိုသွားရမှာလဲ။ ကိုဘုန်းကျော်စွာ မလာသေးဘူးလေ"
Kiteက သက်ပြင်းချပြီး သူ့အားစောင်းကြည့်လာသည်။
"သူလာနိုင်မှာမဟုတ်ဘူး။ သွားမယ် ထ"
"ဘာလို့မလာနိုင်ရမှာလဲ"
Kiteကနှုတ်ခမ်းလေးတစ်ချက်ရွဲ့သည်။
"အိမ်သာခွက်ထဲခေါင်းနှစ်ပြီး အပြင်ကနေ တံခါးချက်ချခဲ့တယ်။ တော်တော်နဲ့ထွက်နိုင်ဦးမှာ မဟုတ်ဘူး။ သွားမယ်..."
"ဘာ..."
မင်းခွန်မှိုင်း မျက်လုံးပြူး၍အံ့အားသင့်နေချိန်မှာပင် Kiteဆွဲခေါ်ရာသို့ ပါသွားလေသည်....။ မည်သို့ပါသွားလဲဆိုတာ မင်းခွန်မှိုင်းမသိ။ ခြေလှမ်းများသည် သူ့အလိုလိုရွေ့ပြီးပါသွားခြင်းဖြစ်သည်။ ရပ်လို့လည်းမရသလို Kiteကိုလည်းဘာမှလည်းပြောလို့မရခဲ့။
ဟိုတယ်မှ ကိုယ့်အခန်းထဲကိုယ်ရောက်တော့မှ Kiteသည် သူ့အားဆွဲထားသည့်လက်ကိုလွှတ်ပေးလေသည်။ သည်တော့မှ မင်းခွန်မှိုင်းလည်း အသက်ရှူလို့ရတော့သလိုလိုပင်။
"မင်းဘယ်လိုလုပ်လိုက်တာလဲ..."
Kiteက သူ့ဘေးတွင်ခြေတစ်ဖက်ချိတ်ကာ လာထိုင်သည်။
"ဘာကိုပြောတာလဲ"
"ငါဘာဖြစ်သွားတာလဲမေးတာ"
Kiteသည် နှုတ်ခမ်းတစ်ချက်မဲ့လေသည်။ ထို့နောက် သူ့အားကြည့်လာသည်။ မျက်နှာကတင်းမာမနေတော့ချေ။ စောစောက Toiletထဲတွင် Kiteမျက်နှာတင်းမာနေတုန်းက နေရခက်မိသလောက် ယခုတော့စိတ်သက်သာသလိုပင်။ Kiteကအမေးကိုဖြေသည်။
"ညှို့စက်ကွင်းကြောင့်ဖြစ်သွားတာပါ။ မင်းကိုဆွဲခေါ်လာပေမဲ့ တခြားသူတွေက မင်းဘာသာထထွက်သွားတယ်ထင်အောင် နတ်ဆိုးညှို့စက်ကွင်းလွှတ်လိုက်တာ။ မင်းကတော့ ငါ့ထိထားတော့ ထိန်းချုပ်မှုအောက်ရောက်သွားတာ"
ရှုပ်ရှက်ခတ်သည့်အဖြေတွေလာပြန်ပါသည်။ ထိန်းချုပ်မှုအောက်တောင် ရောက်သွားသေးသည်ဆိုပင်။
"ဒါနဲ့ မင်းဘာလို့ ကိုဘုန်းကျော်စွာကို အဲ့လိုလုပ်ခဲ့ရတာလဲ"
Kiteကမျက်ခုံးလေးတစ်ချက်ပင့်သည်။
"မင်းမကြိုက်ဘူးဆို။ မင်းမကြိုက်တာကိုလုပ်နေတဲ့သူကို ငါခွင့်မလွှတ်လို့ပေါ့"
အမှန်တကယ်တော့ Kiteကိုယ်တိုင်ကမကြိုက်ခြင်းဖြစ်သည်။ မင်းခွန်မှိုင်းလည်းစိတ်မဆိုးမိ။ စိတ်ထဲ၌ ကျေနပ်နေသလိုလိုဖြစ်သည်။ မင်းခွန်မှိုင်းကိုယ်တိုင်ကလည်း ထိုလူကြီးကို အရေခွံနွှာပစ်ချင်ခဲ့သည်မဟုတ်လား။ Kiteမှ ယခုလိုလုပ်ခဲ့တော့ ဝမ်းသာမိသည်။ အလုပ်ကိစ္စကိုလည်း ခေါင်းထဲထုတ်လိုက်တော့သည်။
"ငါရေချိုးတော့မယ်။ ပင်ပန်းနေပြီ။ ပြီးမှ ဈေးထွက်ဝယ်ပြီး မင်းကြိုက်တဲ့အာလူးကြော်ဝယ်ကျွေးမယ် ဟုတ်ပြီလား"
"အာလူးကြော်အစားတခြားဟာရော ပေးလို့မရဘူးလား"
သင်းဆိုသည်မှာ အခွင့်အရေးကိုရလျှင် ရသလောက်ကိုလိုချင်သူပင်။
"မင်းကဘာလိုချင်တာလဲ"
"ငါ့ကိုနေ့တိုင်းနမ်းလေ။ ဒါဆို အာလူးကြော်တွေ ဝယ်မကျွေးခိုင်းတော့ဘူး"
"ဝက်သားဖတ်ပဲရမယ် ဟေ့ရောင်"
ဆဲဆိုပြီးသာ ရေချိုးခန်းတံခါးကို ဆောင့်ပိတ်လိုက်တော့သည်။ Kiteကတော့ သူ့ထုံးစံအတိုင်းပြုံးလျက်ကျန်ပြန်သည်...။
Thanks for Reading
Zawgyi
မင္းခြန္မႈိင္းအနားတြင္ မိန္းကေလးတစ္သုိက္သာမက ေယာက္်ားေလးမ်ားပါဝုိင္းၿပီး ဓာတ္ပံုတြဲ႐ုိက္ေနၾကသည္။ Bishar Cosplayရန္ေ႐ြးခ်ယ္လိုက္သည္မွာ မွန္သြားသည္ဆုိရမည္။ မႏွစ္ကထက္ပင္ လူၾကည့္ခံေနရသည္။ မင္းခြန္မႈိင္း တစ္ေယာက္ၿပီးတစ္ေယာက္ႏွင့္ ဓာတ္ပံုတြဲ႐ုိက္ေနသည္ကုိ ေနာက္ကေနမတ္တပ္ႀကီး လိုက္ၾကည့္ေနသူကေတာ့ Kiteပင္ျဖစ္သည္။ လူေတြသူ႔ကုိမျမင္ရလို႔သာပင္။ မဟုတ္လ်ွင္ သက္ေတာ္ေစာင့္ေတြဘာေတြထင္ေနၾကဦးမည္။ သူ႔ပံုစံအတုိင္း လက္ကေလးေနာက္ပစ္ၿပီး ေအးေအးလူလူနွင့္လူကုိ လုိက္ၾကည့္ေနဆဲ။ စိတ္အေႏွာက္အယွက္အနည္းငယ္ေတာ့ျဖစ္ေပမဲ့ မသိခ်င္ေယာင္ေဆာင္ကာ ကုိယ့္အလုပ္ကုိယ္ဆက္လုပ္ရသည္။
ေန႔ခင္း ဆယ့္နွစ္နာရီဆုိ ပြဲအဆံုးသတ္လိမ့္မည္။
ယခုပင္ ဆယ့္တစ္နာရီ႐ွိၿပီမဟုတ္လား။ လူကေတာ့ ယခုခ်ိန္အထိသူ႔အနားတြင္ မ႐ွင္းေသး။ Animeပစၥည္းအေရာင္းဆုိင္ေလးမ်ားသုိ႔ သြားစပ္စုခ်င္ပါသည္ဆုိကာမွ လူကထုိေနရာကပင္ မေရြ႔ႏုိင္ေသးေခ်။ ငစုိင္းပင္ ဆုိင္တန္းမ်ားတြင္ ေမႊေနွာက္ဝယ္ေနေလၿပီ။
"ဟယ္လို ဘစ္႐ွာ.."
ခန္႔ညားသည့္အသံႏွင့္အတူ အနားကုိေရာက္႐ွိလာသူသည္ ပြဲစီစဥ္သူ ကုိဘုန္းေက်ာ္စြာျဖစ္သည္။ မႏွစ္ကလည္း ပြဲစီစဥ္သူသည္ သူေပမုိ႔ မမွတ္မိစရာအေၾကာင္းမ႐ွိ။ ႏွစ္တိုင္း Cosplayပြဲမ်ားျဖစ္ေအာင္ စီစဥ္ေနသူလည္းျဖစ္သည္။ သည္လိုလူကုိ မင္းခြန္မႈိင္းမသိလ်ွင္ တံုးလြန္းရာက်မည္။
"မဂၤလာပါ ကုိဘုန္းေက်ာ္စြာ"
ကုိဘုန္းေက်ာ္စြာသည္ ႏႈတ္ခမ္းတစ္ဖက္ေကာ့တက္သြားေအာင္ ျပံဳးသည္။ အျပံဳးကတင္ အ႐ွိန္အဝါကုိခံစားရသည္။ လူႀကီးလူေကာင္းပံုစံေပါက္သည္။ သုိ႔ေသာ္ မေကာင္းသတင္းတခ်ဳိ့လည္းၾကားပါသည္။ သူသည္ ေဂးျဖစ္သည့္အျပင္ သူနွင့္တြဲသည့္ေကာင္ေလးမ်ားကုိ Female Character ပံုစံအတင္းအက်ပ္ဝတ္ဆင္ခိုင္းသည္ဆုိၿပီးေတာ့ေပါ့။ သက္သက္နာမည္ဖ်က္ခ်င္၍ သတင္းလႊင့္တာလည္း ျဖစ္ႏုိင္သည္။ မည္သုိ႔ပင္ျဖစ္ေစ သတိထားရမည္မွာ မိမိတာဝန္ေပသာ။
ကုိဘုန္းေက်ာ္စြာေရာက္လာေတာ့ လူလံုးဝက်ဲသြားသည္။ ပြဲစီစဥ္သူနွင့္Cosplayerစကားေျပာမည္ကုိ အေႏွာက္အယွက္မျဖစ္ေစရန္ျဖစ္မည္။
"မင္းခြန္မႈိင္း Cosplayလိုက္ရင္ လံုးဝကုိ ၾသခ်ေလာက္ပါေပတယ္ေနာ္။ လံုးဝကုိ တစ္ထပ္တည္းပဲ။ ဆံပင္အေရာင္ေလးမတူတာကလြဲလို႔"
ထုိသုိ႔ေျပာရင္း ဆံႏြယ္တခ်ဳိ့ကုိကုိင္ၾကည့္ေလသည္။ မင္းခြန္မႈိင္းလည္း သူ႔လက္ထဲဆံႏြယ္ေတြကုိ မသိမသာျပန္ဖယ္ခ်လိုက္ၿပီး အားနားပါးနာျပံဳးလိုက္သည္။ သူ႔ေနာက္တြင္ရပ္ၾကည့္ေနသည့္ Kiteတစ္ေယာက္ မ်က္လံုးမ်ားျပဴးထြက္သြားသည္ကုိေတာ့ သူမသိလိုက္။
"ကြၽန္ေတာ္ ဆံပင္ဆုိးဖုိ႔အခ်ိန္မရလိုက္လို႔ပါ။ ဒီဆံပင္ေတာင္ အျမန္ဆက္လာရတာ။"
ကိုဘုန္းေက်ာ္စြာက ေခါင္းတညိတ္ညိတ္လုပ္သည္။
"ေဆာရီးကြာ။ ကုိယ္မင္းတုိ႔ကို တစ္ပတ္ေလာက္ႀကိဳဖိတ္သင့္တာ။ ရက္နီးမွ ထဖိတ္သလိုျဖစ္သြားတယ္။ ဂ်ပန္ကုိ အလုပ္ကိစၥနဲ႔ၾကားထဲမွာ ျပန္ေျပးလိုက္ရလို႔ေလ"
"အာ...ရပါတယ္"
မင္းခြန္မႈိင္း စိတ္မပါလက္မပါျဖင့္ ဟန္ေဆာင္ျပံဳးေတြပန္ဆင္ရင္းဆုိလိုက္ေလသည္။ စိတ္ထဲတြင္ မသုိးမသန္႔ႀကီးေနရခက္လာသည္။ သည္လူႀကီးသည္ မိမိကုိေခါင္းအစေျခအဆံုး ခဏခဏအကဲခတ္ေနသည္ေလ။
"ဘာပဲျဖစ္ျဖစ္ ဒီေန႔မင္းCosplayထားတာ အရမ္းလွပါတယ္။ ကုိယ္ေတာင္ တကယ့္ဘစ္႐ွာေရာက္လာတယ္ မွတ္တာ"
"အဟား..ကုိဘုန္းေက်ာ္စြာကေတာ့ ေျမႇာက္ေနပါၿပီ"
သူကေျမႇာက္ေျပာေတာ့ လူကေျမာက္မိျပန္သည္။ ကုိယ္ခ်စ္သည့္အလုပ္နွင့္ပတ္သက္ၿပီး ခ်ီးက်ဴးခံရျခင္းက ဂုဏ္ေျမာက္စရာေကာင္းသည္မဟုတ္လား။ ဘုန္းေက်ာ္စြာသည္ မင္းခြန္မႈိင္းလက္ေမာင္းကုိ လာကိုင္ၿပီး ထပ္မံခ်ီးက်ဴးျပန္သည္။
"အတည္ေျပာတာ။ မင္းေတာ္ေတာ္လွတယ္"
မင္းခြန္မႈိင္း မ်က္ခံုးေတြပင့္တက္သြားမိၿပီး ေနရခက္လာသည္။ အမွန္တကယ္ပင္ သည္လူႀကီးက ၾကားခဲ့သလို ႏွာဘူးႀကီးမ်ားေလလား။ ေက်ာဘက္ကလည္း မလံုသလိုျဖစ္လာသျဖင့္ လွည့္ၾကည့္မိေတာ့ Kiteသည္ မ်က္ေမွာင္ႀကီးစုကုပ္လ်က္ ကိုဘုန္းေက်ာ္စြာကုိၾကည့္ေနတာပင္။
"ကုိယ္တုိ႔ပြဲၿပီးရင္ ေန႔လယ္စာတူတူစားၾကရေအာင္။ ဟုိတယ္မွာႀကိဳမွာထားလိုက္မယ္"
"အားနာစရာႀကီး"
"အားမနာပါနဲ႔ကြာ..."
"ဟုိ...ကြၽန္ေတာ့သူငယ္ခ်င္းေတြပါရင္ေတာ့..."
ငစုိင္းနွင့္ေက်ာ္ႀကီးတုိ႔အား လွမ္းၾကည့္ရင္းဆုိလုိက္သည္။
"မင္းသူငယ္ခ်င္းေတြအတြက္ သီးသန္႔တစ္ဝုိင္းမွာေပးမယ္ေလ။ ကုိယ္ကမင္းနဲ႔အတူစကားေျပာရင္း ေန႔လယ္စာစားခ်င္လို႔ပါ။ မင္းကဒီေလာကမွာ နာမည္ႀကီးပဲကုိ။ လုပ္စမ္းပါကြာ...ကုိယ္လည္း မင္းခြန္မႈိင္းနဲ႔အတူႏွစ္ေယာက္တည္း ေန႔လယ္စာစားဖူးတယ္ဆုိၿပီး ဂုဏ္ယူခ်င္လို႔"
မင္းခြန္မႈိင္းေလထဲေျမာက္သြားျပန္သည္။ မျဖစ္ဟုကုိယ့္စိတ္ကုိယ္ ျပန္ခ်ဳိးနွိမ္သည္။ အသြားမေတာ္တစ္လွမ္း၊ အစားမေတာ္တစ္လုပ္တဲ့။ ကံေကာင္းေထာက္မစြာ ငစုိင္းသည္ မိမိထံသုိ႔ေရာက္လာေလသည္။
"ခြန္မႈိင္း...မင္းလိုခ်င္တဲ့....
ဪ...အစ္ကုိ"
ငစုိင္းသည္ စကားတစ္ဝက္တျပက္ျဖင့္ ကုိဘုန္းေက်ာ္စြာကုိ ႏႈတ္ဆက္ေနေလသည္။
"ဒီမွာ မင္းခြန္မႈိင္းကိုေန႔လယ္စာအတူစားဖုိ႔ ေခၚေနတာကို ျငင္းေနတယ္။ ကူေျပာပါဦး"
ငစုိင္းသည္ မ်က္လံုးအနည္းငယ္ျပဴးသြားကာ မင္းခြန္မႈိင္းကုိခပ္ေဝးေဝးဆြဲေခၚထုတ္လာသည္။
"မင္းလိုက္သြားသင့္တယ္ေနာ္။ သူနဲ႔သာရင္းႏွီးသြားရင္ သူလုပ္သမ်ွပြဲတုိင္း ငါတုိ႔တက္ရမွာ။ နာမည္ပိုရမွာ။"
"အဲ့ေလာက္ျဖစ္ေန မင္းလိုက္သြားေလ..."
"ငါသိပါတယ္ ခြန္မႈိင္းရာ။ ၾကားထားတဲ့သတင္းေတြေၾကာင့္ မင္းမလိုက္ခ်င္မွာငါသိတယ္။ ဒါေပမဲ့ မင္းသတိထားရင္ရတာပဲကြာ။ ထမင္းေလးတူတူစားေပးရံုပဲကို။"
"က်စ္..."
အၾကံအုိက္လြန္းလို႔ ကြၽတ္သာစုပ္သပ္ႏုိင္သည္။ ေအာက္ႏႈတ္ခမ္းကုိဖိကုိက္ရင္း စဥ္းစားမိသည္။ ေန႔လယ္စာေလးတူတူစားေပးရံုပဲမဟုတ္လား။ စုိးရိမ္စရာမရွိႏုိင္ပါေလ။
"ေအးကြာ...ငါလိုက္သြားမယ္"
ငစုိင္းက ေက်နပ္စြာျပံဳးရင္း မင္းခြန္မႈိင္းေက်ာကုိပုတ္လိုက္သည္။
"မင္းဆံုးျဖတ္တာမွန္တယ္။ ဒါေပမဲ့ အဲ့လူႀကီး မင္းကိုမဟုတ္တာလုပ္ရင္ေတာ့ ဆြဲသာထုိးခဲ့။ သည္းမခံနဲ႔။ ငါတုိ႔အတြက္လည္းၾကည့္စရာမလိုဘူး။ ေပါက္တယ္ေနာ္"
မင္းခြန္မႈိင္းခပ္ရြဲ႔ရြဲ႔ျပံဳးရင္း ငစုိင္းကုိမ်က္လံုးတစ္ဖက္မွိတ္ျပခဲ့လိုက္သည္။ သုိ႔ေပမဲ့ အဖြဲ႔အတြက္ တတ္ႏုိင္သေလာက္ေတာ့ သည္းခံခဲ့မွာပင္။ အတုိင္းအတာေက်ာ္သြားလ်ွင္ေတာ့ မင္းခြန္မႈိင္းဘာေကာင္လဲဆုိတာ သိေအာင္ျပခဲ့ရံု။ ႐ုပ္ကေလးေခ်ာတာနွင့္အညီ လက္သီးေလးကလည္း ျပင္းသည္ဆုိတာကုိ ျမည္းစမ္းဖူးသူသိပါလိမ့္မည္....။
ကုိဘုန္းေက်ာ္စြာနွင့္အတူ ထမင္းတူတူစားသည္အထိ အရာအားလံုးအဆင္ေျပေနေသးသည္။ ထမင္းစားၿပီး၍ အခ်ိဳတည္းမည့္အခ်ိန္မွ ျပႆနာကစသည္။
"ကုိယ္တုိ႔တူတူလက္တြဲလုပ္မယ္ဆုိ ႏုိင္ငံတကာထိ မင္းကနာမည္ႀကီးႏုိင္တယ္"
ကုိဘုန္းေက်ာ္စြာသည္ အေတာ္ေျမႇာက္ေျပာတတ္သည္ဆိုတာ မင္းခြန္မႈိင္း သေဘာေပါက္လာတာမုိ႔ သိပ္မေျမာက္မိေတာ့ေခ်။ လူကသတိႏွင့္စား ၊ သတိႏွင့္ေနရသည္မဟုတ္လား။
"အဲ့ဒီေလာက္လည္းမဟုတ္ပါဘူး။ ကြၽန္ေတာ္က သာမန္ပါပဲ။ Cosplayေကာင္းေကာင္းလုပ္ႏုိင္တဲ့သူေတြ ေပါလာခ်ိန္က်ရင္ ကြၽန္ေတာ္ဆုိတာဘာမွမဟုတ္ေတာ့ပါဘူး"
မခ်ိျပံဳးေလးျပံဳးရင္း သံပုရာရည္ကုိတစ္ငံုေသာက္လိုက္သည္။ ကိုဘုန္းေက်ာ္စြာက ေခါင္းယမ္းရင္းသက္ျပင္းခ်သည္။ ထုိ႔ေနာက္ စားပြဲေပၚတင္ထားမိသည့္ မင္းခြန္မႈိင္းရဲ႕လက္ကုိ လက္ေကာက္ဝတ္မွဆြဲကုိင္ေလသည္။ ႐ုတ္တရက္မို႔ မ်က္ခံုးမ်ားပင့္တက္သြားမိျပန္သည္။ ေဘးခံုမွာထုိင္ေနသည့္ Kiteကေတာ့ မ်က္ႏွာေသႀကီးျဖင့္ ဆုပ္ကိုင္ခံထားရသည့္ မိမိလက္ကုိစုိက္ၾကည့္ေနေလသည္။ ကုိဘုန္းေက်ာ္စြာကေတာ့ အလိုက္မသိစြာလက္ကုိကုိင္ထားရင္း ဆက္ေျပာသည္။
"ကုိယ္တကယ္ေျပာတာ။ မင္းကသိပ္ပါရမီပါတယ္။ ၿပီးေတာ့ မင္းမ်က္ႏွာေလးနဲ႔ဆုိရင္ အရမ္းလိုက္မယ့္ Characterေတြအမ်ားႀကီးပဲ။ မင္းသာ ကုိယ္နဲ႔လက္တြဲလုပ္မယ္ဆုိရင္ မင္းCosplayထားတဲ့ပံုေတြကုိ ကုိယ့္official pageမွာတင္ေပးမယ္။ အဲ့က်ရင္ ႏုိင္ငံတကာကလူေတြပါျမင္သြားၿပီး မင္းကိုsupportၾကမွာ"
"က်...ကြၽန္ေတာ္သူငယ္ခ်င္းေတြနဲ႔ တိုင္ပင္ရဦးမယ္"
မင္းခြန္မႈိင္းလက္ကုိေလ်ွာခ်ၿပီး လြတ္ရန္ႀကိဳးစားေသာ္လည္း အခ်ည္းႏွီးသာ။ ထုိလူႀကီးက လက္ကုိထပ္ဆြဲထားျပန္သည္။ စိတ္လည္းနည္းနည္းေတာ့ အခ်ဥ္ေပါက္လာသည္။
"ကုိယ္ကမင္းနဲ႔ပဲအလုပ္တြဲလုပ္မွာေလ။ ဘာလို႔ သူတုိ႔နဲ႔တုိင္ပင္မွာလဲ။ မင္းပဲဆံုးျဖတ္ရမွာ။ မင္း ကုိယ့္လူျဖစ္သြားရင္ ဘယ္သူ႔ကိုမွအားကုိးစရာမလိုေတာ့ဘူး။ ငဲ့ၾကည့္စရာမလိုဘူး။ ခြဲေဝစရာမလိုေတာ့ဘူး။ မင္းကဘုရင္ပဲ"
မင္းခြန္မႈိင္း ထုိစကားတုိ႔ကုိ သိပ္သေဘာမေတြ႕လွ။
"ကြၽန္ေတာ္ ဒီအလုပ္ကုိ ကြၽန္ေတာ့္သူငယ္ခ်င္းေတြေၾကာင့္ပဲ အေကာင္အထည္ေဖာ္ႏုိင္ခဲ့တာ။ သူတုိ႔ကုိ စြန္႔ပစ္တာက ကြၽန္ေတာ့္အလုပ္ကုိစြန္႔ပစ္တာနဲ႔အတူတူပဲ"
မင္းခြန္မႈိင္းစိတ္ပ်က္စြာေျပာေတာ့ ဘုန္းေက်ာ္စြာကျပံဳးသည္။ အဓိပၸါယ္ကိုေတာ့နားမလည္။
"မင္းကသစၥာ႐ွိတာပဲ။ ကုိယ္အဲ့ဒီစိတ္ကုိေတာ့ သေဘာက်တယ္..."
မင္းခြန္မႈိင္းစိတ္ကိုတင္း၍သာ ျပံဳးျပႏုိင္သည္။ စိတ္႐ႈပ္သည္မုိ႔ မ်က္ႏွာကုိေဘးသုိ႔လႊဲမိေတာ့ သူ႔အားစုိက္ၾကည့္ေနသည့္ Kiteႏွင့္အၾကည့္ခ်င္းဆံုေလသည္။ Kiteအၾကည့္ေတြက တကယ့္ကုိအေသေကာင္မ်က္လံုးေတြပင္။ ဘာေၾကာင့္ သည္လိုႀကီးၾကည့္ေနမွန္းမသိ။ ေ႐ွ႕ကတစ္ေယာက္ကတစ္မ်ဳိး၊ ေဘးကတစ္ေယာက္ကတစ္မ်ဳိးနွင့္...။
"သူဒီလိုလုပ္ေနတာ မင္းႀကိဳက္လား"
Kiteထံမွၾကားလိုက္ရသည့္စကားေပသာ။ နားမလည္စြာ ၾကည့္မိေတာ့ သူကမ်က္ႏွာေသျဖင့္ ထပ္ေမးသည္။
"ငါသူ႔ကိုတစ္ခုခုလုပ္လိုက္လုိ႔ရလား..."
မင္းခြန္မႈိင္းမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
"ကုိဘုန္းေက်ာ္စြာ...စိတ္မ႐ွိပါနဲ႔။ ကြၽန္ေတာ္ Toiletေလးသြားခ်င္လို႔"
ကုိဘုန္းေက်ာ္စြာထံခြင့္ေတာင္းၿပီး Toiletသုိ႔ဦးတည္လိုက္သည္။ Kiteလည္းလိုက္လာေလသည္။ ထုိသုိ႔သြားမွ Kiteနွင့္စကားေျပာလို႔ရမည္မဟုတ္လား။ Toiletတစ္လံုးထဲေကာက္ဝင္လိုက္ကာ စိတ္ပ်က္လက္ပ်က္ထုိင္ခ်လိုက္ေတာ့ Kiteသည္ တံခါးကုိမွီရင္း သူ႔အားၾကည့္လာသည္။
"မင္းသာယာေနတာလား"
စိတ္႐ႈပ္႐ႈပ္ႏွင့္ဆံပင္ေတြၾကားထဲလက္ေခ်ာင္းထုိးသြင္းကာ အနည္းငယ္ဖြၿပီး Kiteအားေမာ့ၾကည့္လိုက္သည္။ သူ႔မ်က္ႏွာသည္ ခါတုိင္းထက္ပင္ တင္းမာေနသည္။ အရင္ကတည္းကခပ္တည္တည္
You are reading the story above: TeenFic.Net