Unicode
ဆေးရုံဆင်းပြီး နောက်တစ်ရက်ရောက်သည့်နှင့် မင်းခွန်မှိုင်းတို့ စတူဒီယိုသွားရန် တက်ကြွနေချေပြီ။ အလုပ်ရှိရှိ ၊ မရှိရှိ သဘောကျသည့်အရာများ၏အနားတွင် နေရခြင်းကိုပျော်သည်။ ထို့အပြင် နတ်ဆိုးကောင်သည် မနေ့ကရော၊ ယနေ့မနက်ထိ ပေါ်မလာသေးချေ။ သည်အတိုင်းအမြဲပေါ်မလာတော့လျှင် သိပ်ကောင်းမည်ဟု တွေးမိသည်။ မဟုတ်လျှင် ရုတ်တရက်ပေါ်ပေါ်လာတတ်၍ လန့်ရသည်။ အနားသို့ ကပ်ကပ်လာတတ်ပြန်သောကြောင့် ရှောင်လင်သိုင်းတွေ ကျင့်ရနှင့် ကြာလျှင်လူပင် ကွန်ဖူးတတ်သည့်နင်ဂျာဖြစ်တော့မည်။ ကွန်ဖူးတတ်သည့်နင်ဂျာဟူသော အတွေးကို သူ့ဘာသာသဘောကျမိသွားသည်။ တရုတ်နဲ့ဂျပန်ဖက်စပ်ပေပဲ။
"ငမှိုင်းရေ"
မနက်ခင်းစောစောစီးစီး သူများမိသားစုထမင်းစားချိန်၌ ရောက်လာသူမှာ ငစိုင်းဖြစ်သည်။
"မနက်စာစားတုန်းလား ငမှိုင်း။ ငါကမင်းကိုလာခေါ်တာ။ နေကောင်းတာမကြာသေးတာတောင် မင်းကအလုပ်ကိုလာချင်နေတော့ ငါကစိတ်မချလို့ လာခေါ်ပေးတာ"
သူ့ဘာသာ ကိုသာ့ကိုငမ်းချင်သဖြင့်လာသည်ကို မိမိအားစိတ်မချဟုဆိုကာ ခေါင်းစဉ်တပ်သေး၏။ တော်ပါပေသည်။
"ငါ့ညီ...မနက်စာမစားရသေးရင် တစ်ခါတည်းစားသွားလေ။ မေမေရဲ့ တရုတ်ထမင်းကြော်လက်ရာကရှယ်ပဲနော်"
ကိုသာသည် ဘုမသိဘမသိဖြင့် မြွေပွေးကိုခါးပိုက်ပိုက်ချင်နေပြီထင်သည်။ ငစိုင်းဆိုသည်မှာလည်း မျက်နှာကြီးဖြီးပြီး မျက်လုံးများက အရောင်တွေပင် တောက်နေတော့သည်။
"ကိုသာက တရုတ်ထမင်းကြော်ကြိုက်တာလား..."
ကိုသာက ခပ်ပြုံးပြုံးလေးခေါင်းညိတ်ပြသည်။ ထိုကဲ့သို့ ပြုံးပြနေသဖြင့်လည်း ဟိုကောင်ကြီး ကြွေပြီးရင်းကြွေနေခြင်းဖြစ်မည်။ များများသာဆက်ပြုံးပါလေ။ ထိုသတ္တဝါ ကိုသာ့အား အကြိုက်လွန်၍ ရူးသွားလည်းအေးတာပင်။
"ကိုသာစားစေချင်ရင် ကျွန်တော်စားမယ်လေ..."
မင်းခွန်မှိုင်းစားထားသည်များပင် ပြန်အန်ထွက်ချင်လာသည်။ ဘယ်လို ပတ်ချွဲနှပ်ချွဲနိုင်ခြင်းမျိုးပါလိမ့်။ မိခင်သည် ပန်းကန်အသစ်တစ်ချပ်ယူလျက် ငစိုင်းအတွက် ထမင်းကြော်ထည့်ပေးနေသည်။ ကိုသာသည် သူနှင့်မျက်စောင်းထိုးမှခုံအား ငစိုင်းထိုင်ရန် ပြင်ပေးနေစဉ် မင်းခွန်မှိုင်း မတ်တပ်ကောက်ရပ်လိုက်သည်။
"ဟိတ်ကောင် ငစိုင်း။ ဒိုးမယ်။"
"ဟင်.."
"မဟင်နဲ့။ စတူဒီယိုသွားရမှာနောက်ကျနေပြီ"
ငစိုင်းမျက်နှာသည် ဟင်းတုံးကြီး ပါးစပ်နားရောက်မှ ပုတ်ချခံလိုက်ရသည့်အရူးလို အင်တင်တင် ကြောင်တောင်တောင်ဖြစ်သွားသည်။ မင်းခွန်မှိုင်းလည်း အမြင်ကပ်၍ ယုတ်မာခြင်းဖြစ်သည်။ သူငယ်ချင်းအစ်ကိုအား သူငယ်ချင်းမိသားစုရှေ့ထားပြီး ကြောင်နေသည်ကို သည်းခံနိုင်ရိုးလား။
"သားငယ်...။ ဒီမှာသူငယ်ချင်းက မနက်စာစားဦးမှာလေ။ ခဏစောင့်လိုက်ဦး"
မေမေသည် ထမင်းကြော်ပန်းကန်ကို ငစိုင်းရှေ့ချပေးရင် ပြောလေသည်။
"အေးလေ..ညီမှိုင်းကလည်း။ ခဏစောင့်လိုက်ပါ..."
ကိုသာ့အား သူမျက်စောင်းထိုးလိုက်မိသည်။ သည်အရွယ်ရောက်နေပြီး ဘာမှမသိနားမလည်သလိုပင်။ အရည်အချင်းပေါင်းစုံပြည့်စုံနေပြီး ဤနေရာတွင်တော့ တုံးပါဘိခြင်း။ သူ ငစိုင်းကိုပင် မကြည်ကြည့်ဖြင့် စိုက်ကြည့်လိုက်တော့သည်။ ငစိုင်းကဖြင့် ယုန်သူငယ်မျက်နှာလို...။
"အဲ့တာဆိုလည်း ငါသွားနှင့်ပြီ။"
မင်းခွန်မှိုင်းကောက်ထွက်လာသော်လည်း ငစိုင်းလိုက်မသွားချေ။ ကိုသာ့ဘေးတွင် ပြုံးပြုံး ပြုံးပြုံးနှင့် မိုးမမြင်လေမမြင် ကျန်ခဲ့မိသည်။ ကိုသာ့အားတွေ့ချင်သဖြင့် မရမကအကြောင်းရှာပြီး လာခဲ့ရသည်ကို လွယ်လွယ်နှင့်ပြန်မည်မဟုတ်ကြောင်း မင်းခွန်မှိုင်းသိသင့်ပါ၏။
"ညီမှိုင်းကတော့..."
ပေစောင်းစောင်းလုပ်ကာထွက်သွားသည့် မင်းခွန်မှိုင်းကိုလှမ်းကြည့်လျက် ကိုသာက ခပ်ပြုံးပြုံးဆိုသည်။ ညီဖြစ်သူ မည်မျှပင်ဆိုးဆိုး ၊ မည်မျှပင် အချိုးမပြေပြေ အပြစ်မြင်သူမဟုတ်ပါလေ။ ငစိုင်းလည်း ထမင်းကြော်စားရင်း ကိုသာ့အားခိုးခိုးကြည့်လေပြီး အကြည့်ချင်းဆုံသွားလျှင် မသိမသာသွားဖြဲပြီးသာ ရယ်ပြလိုက်သည်။
"စားနော် ငါ့ညီ။ အားမနာနဲ့။"
"ဟုတ်..ကိုသာ.."
ငါ့ညီဆိုသည့်အသံသည် ငစိုင်းကျောရိုးတစ်လျှောက်စိမ့်ခနဲ၊ ကျဉ်ခနဲဖြစ်သွားစေသည်။ ငါ့ဟူသော ပိုင်ဆိုင်ခြင်းပြစကားလုံးသည် သူ့အား အူအသည်းပင်လှိုက်ဖိုစေသည်။ ကိုသာ့အား သူစတွေ့ဖူးသည်မှာ တက္ကသိုလ်ပထမနှစ်ကပင်ဖြစ်သည်။ မင်းခွန်မှိုင်းအား တစ်ခါတရံ ကျောင်းလိုက်ပို့တတ်သည့်အခါ တွေ့မိခြင်းဖြစ်သည်။ အမြဲတမ်းအပြုံးချိုချိုနှင့် သဘောကောင်းသည့်ပုံစံလေးသည် ကိုသာ၏ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ နောက်တော့ မြင်တာကြာလာလေလေ ကိုသာ့အားပိုပိုသဘောကျလာလေလေ ဖြစ်လာခဲ့သည်။ သို့သော် ကိုသာ့ညီ ကပ်စေးနည်းအကျင့်ပုတ်ကြောင့် ကိုသာ့အနားပင် ကောင်းကောင်းကပ်ဖူးသည်မရှိပါလေ။ ထို မင်းခွန်မှိုင်းဆိုသည့်အကောင် တကယ်ချစ်သည့်သူနှင့်တွေ့လျှင် မည်သို့ရှိမည်ဆိုတာ သူစိတ်ဝင်စားမိတော့၏။
************************************
မင်းခွန်မှိုင်းလမ်းဘေး ပလပ်ဖောင်းပေါ်၌ တစ်ယောက်တည်းပွစိပွစိလုပ်ရင်း လျှောက်လာခဲ့သည်။ ငစိုင်း စတူဒီယိုရောက်လာလျှင် ပြေးကန်ပြီးကြိုရန်လည်း တွေးလာခဲ့သည်။
"အဟမ်း.."
ကိုယ့်အတွေးနှင့်ကိုယ် လမ်းလျှောက်နေစဉ် ဘေးနားမှအသံကြောင့် လူကတွန့်ခနဲဖြစ်သွားသည်။ ပေါ်မလာစေချင်သည့် နတ်ဆိုးကောင်ပေါ်လာပြန်သည်။ ယခင်လိုတော့ မယောင်ဖြစ်တော့ချေ။ အသံပေးရန်ပြောထားသည်ကို နားတော့ထောင်သားပင်။
"အခြေအနေလေး"
ပေါ်လာသည်နှင့် အက်ကြောင်းထပ်တော့မည့် ထိုကိစ္စကြီးပင်။ ထိုကိစ္စကြီးအား သူမည်သို့လုပ်ရပါ့မည်နည်း။
"ငါလည်းမသိတော့ဘူး။ ချစ်တယ်ဆိုတဲ့ကိစ္စကလွယ်တာမှ မဟုတ်တာ။ ပြီးတော့ကွာ...မင်းနားလည်အောင်ရှင်းရှင်းပြောရရင် ငါကမိန်းကလေးတွေပဲစိတ်ဝင်စားတာ။ Straight ကွာ။ သိလား။ ဒီရက်အတွင်း မင်းပြောသလိုဖြစ်မလာရင် ဒီပုလင်းဖမ်းစားတာခံရုံပေါ့။ ငါမှမတတ်နိုင်တာ။"
မင်းခွန်မှိုင်းသည် လက်ပတ်ကပုလင်းလေးကို တစ်ချက်မြှောက်ကာကြည့်ရင်း စိတ်ပျက်လက်ပျက်ဆိုမိသည်။ နတ်ဆိုးကတော့ လက်ကလေးနောက်ပစ်လျက် ခေါင်းတညိတ်ညိတ်လုပ်ရင်း မင်းခွန်မှိုင်းပြောသမျှကို နားထောင်နေလေသည်။
"တကယ်လို့ ငါမင်းကိုမချစ်နိုင်ခဲ့လို့ ငါ့ဘဝအဆုံးသတ်သွားမယ်ဆိုရင်တောင် ဒီကျန်တဲ့ရက်မှာ ငါချစ်ရတဲ့သူတွေနဲ့နေပြီး ငါချစ်တဲ့အလုပ်တွေလုပ်ရင်းပဲ ကုန်ဆုံးလိုက်တော့မယ်။ အနည်းဆုံးတော့ ငါနောင်တမရဘူးပေါ့"
"အင်းလေ...မင်းသဘောပါ။ ငါလည်းရက်မပြည့်မချင်း မင်းဘေးမှာရှိနေမှာပဲလေ။ အခြေအနေတွေပြောင်းသွားနိုင်ပါသေးတယ်"
မင်းခွန်မှိုင်း အနည်းငယ်တော့ စိတ်သက်သာရာရမိသည်။ နတ်ဆိုးမှ အတင်းအကျပ်မတောင်းဆိုတော့သည်ကို ကျေးဇူးတင်ရမည်။ ကျန်တာက ကံတရားကိုပဲပုံအပ်ရမည်လား၊ ငြိမ်သက်နေဆဲဖြစ်နေသည့် နှလုံးသားကိုပင် အားကိုးရမည်လား။ မဟုတ်လျှင်လည်း သေဖို့သာရှိသည်။
"ဒါနဲ့ မင်းမှာနာမည်မရှိဘူးလား။ ခေါ်စရာနာမည်မရှိတော့ စကားပြောရတာနည်းနည်းထောက်နေလို့"
နတ်ဆိုးကခေါင်းခါပြသည်။ နာမည်မရှိတာဖြစ်မည်။
"မင်းကိုငါနာမည်ပေးရင်ရော အဆင်ပြေမလား"
"အဆင်ပြေတဲ့နာမည်ပေးရင်တော့ အဆင်ပြေတာပေါ့။ အဆင်မပြေတဲ့နာမည်ပေးရင်တော့ အဆင်မပြေဘူးပေါ့"
"ရှင်းသွားတာပဲ။"
မင်းခွန်မှိုင်းရွဲ့တဲ့တဲ့သာ ပြန်ပြောလိုက်သည်။ ထို့နောက် သူ့ဘေး၌ယှဉ်လျှောက်နေသည့် နတ်ဆိုးကိုကြည့်ရင်း ခေါင်းထဲ၌မေးခွန်းတစ်ခုပေါ်လာပြန်သည်။
"မင်းက နတ်ဆိုးဆိုပြီး တောင်ပံလေးဘာလေးမရှိဘူးလား"
"တောင်ပံပါရအောင် ငါကငှက်လား"
ထိုနတ်ဆိုးဆိုသည့်ကောင်သည်လည်း သူ့သူငယ်ချင်းများကဲ့သို့ စကားကောင်း ပြော၍မရချေ။ အကောင်းမေးလျှင် ကန့်လန့်သာဖြေသည်။ သူစကားပြောပုံကို သေချာကြည့်လျှင်လည်း ကိုယ့်ကိုကိုယ် ပြန်မြင်ယောင်လာစေသည်။ ကိုယ်တိုင်ကလည်း စကားကို ဘုဘောက်ပဲပြောနေကျဖြစ်သဖြင့် ဘေးနားအမြဲရှိခဲ့သည့်ကောင်တွင် ထိုအကျင့်ရှိသည်မှာ အဆန်းတော့မဟုတ်။
"ငါကအကောင်းမေးတာပါ။ ငါကြည့်ဖူးတဲ့ဇာတ်ကားတွေထဲမှာဆို နတ်ဆိုးတွေက ဘယ်လိုပြောရမလဲ။ အလွင့်ကြီးတွေကွာ..။ အဆောင်အယောင်တွေတောက်ပြောင်တဲ့ပုံစံတွေ ၊ တချို့ဆို တောင်ပံကြီးတွေနဲ့ကွာ။ အဲ့တာကြောင့်မင်းမှာရောအဲ့လိုမျိုးတွေရှိလား မေးတာ"
နတ်ဆိုးသည် မင်းခွန်မှိုင်းအား ပေစောင်းစောင်းကြည့်လိုက်သည်။ တစ်နေ့တစ်နေ့ သူစကားပြောလျှင် ဇာတ်ကားတွေ ၊ Animeတွေထဲကကို မထွက်နိုင်။ ထိုအရာတွေထဲမှာပင် အမြဲအချိန်ကုန်နေသည်။
"အဆောင်အယောင်ကတော့ မင်းအိမ်ရှိတယ်။ တောင်ပံကတော့ အရင်ကရှိတယ်။ အခုမရှိတော့ဘူး..."
"ဟမ်...ဘာလို့မရှိတော့တာလဲ"
"အသုံးစရိတ်ပြတ်သွားလို့ ရောင်းစားလိုက်ပြီ"
နတ်ဆိုးစကားကြောင့် မင်းခွန်မှိုင်းမှာရယ်ရခက် ၊ ငိုရခက်။ နတ်ဆိုးတွေလည်း အသုံးစားရိတ်လိုသည်လား။ အဓိပ္ပါယ်မရှိ။ သည်ကောင် အညာဇယားလာခင်းနေခြင်းဖြစ်မည်။ ဟုတ်ချင်လည်းဟုတ်လိမ့်မည်။ သူမြင်ရသည်မှ မဟုတ်ပေပဲ။
"ငါမင်းနာမည်စဉ်းစားလို့ရပြီ"
နတ်ဆိုးသည် သူ့အား စိတ်ဝင်တစားကြည့်လာသောကြောင့် မင်းခွန်မှိုင်း ခေါင်းကိုခပ်မော့မော့လုပ်ကာ နတ်ဆိုးအား မျက်ခုံးနှစ်ဖက်လုံးသုံး၍ ဟန်ပါပါပင့်ပြလိုက်သည်။ နတ်ဆိုးကောင်ပင်သိချင်သွားပြီ မဟုတ်လား။
"မင်းက ငမွဲနတ်ဆိုးအတောင်ကျိုးဆိုပေမဲ့ ငါ့ကိုစောင့်ရှောက်သူဆိုတော့ မျက်နှာမငယ်ရအောင် နာမည်လှလှလေးပေးမှာပါ...ဟင်းဟင်း..."
"တော်ပြီ မပေးနဲ့တော့"
နတ်ဆိုးဆိုသည်မှာလည်း မာနကခပ်ကြီးကြီးရယ်ပင်။ ရလိုရငြား အနည်းငယ်စကြည့်မိသော်လည်း စိတ်ဆိုးသွားသည့်ပုံ။ ဘေးချင်းယှဉ်လျှောက်နေရာမှ လူကိုကျော်တက်ပြီးလျှောက်သွားသည်မှာ ကလေးစိတ်ကောက်သလို။
"Kite"
သူလှည့်မကြည့်...။ မင်းခွန်မှိုင်း နတ်ဆိုးနောက် ပြေးလိုက်သွားပြီး သူ့အားမသိချင်ယောင်ဆောင်နေသည့် နတ်ဆိုးမျက်နှာအား ခါးလေးကိုင်းလျက်လိုက်ကြည့်ရင်း ရယ်ချင်လာသည်။ နတ်ဆိုးများလည်း စိတ်ဆိုးတတ်ပါသည်လား။
"Kite....ငါမင်းကို ငမွဲလို့ပြောလို့စိတ်ဆိုးတာလား.."
နတ်ဆိုးသည် သူ့အားမကြည့်။ ရှေ့တည့်တည့်သာ ရှုလျက်ဖြေသည်။
"စိတ်ဆိုးတာမဟုတ်ပါဘူး"
"စိတ်ဆိုးပါတယ်"
"မဆိုးပါဘူး"
"ဆိုးပါတယ်"
"မဆိုးပါဘူး"
"ဆိုး..."
"ထပ်ပြောရင် လမ်းမပေါ်တွန်းချလိုက်မှာနော်။ တစ်ခါတည်း ကားတိုက်ပြီးသေသွားအောင်လို့..."
"မင်းကတော်တော်စိတ်ပုတ်တာပဲ"
"မင်းနဲ့တူတာကိုး"
မင်းခွန်မှိုင်း နှာခေါင်းတစ်ချက်ရှုံ့ပြီး မည်သည့်စကားမျှဆက်မပြောတော့၍ နတ်ဆိုးမှ ပြန်၍စကားစရသည်။
"Kiteဆိုတာက စွန်ကိုပြောတာမဟုတ်လား"
"အင်း ဟုတ်တယ်လေ။ စွန်တွေဆိုတာက ကောင်းကင်မှာဘယ်လောက်ပဲပျံဝဲခဲ့ပါစေ ၊ အချိန်တန်ရင်မြေပေါ်ဆင်းသက်ရတာပဲလေ။ မင်းကတော့ ပျက်ကျသွားတဲ့စွန်ပေါ့။"
ကိုယ်တိုင်ပင်မသိလိုက်ဘဲ ကဗျာဆန်ဆန်တွေပြောနေမိတော့ မင်းခွန်မှိုင်း ကိုယ့်ကိုကိုယ် အတော်အထင်ကြီးသွားမိသည်။ တယ်တော်သည့် မိမိ။
"ဘယ်လိုလဲ ငါနာမည်ပေးတာလှတယ်မလား"
နတ်ဆိုးအား မျက်ခုံးထပ်ပင့်ပြရင်း မေးလိုက်သည်။
"အဲ့လောက်ကတော့ မူလတန်းကလေးလည်းပေးတတ်တယ်"
မင်းခွန်မှိုင်းအား သကောင့်သားသည် သက်သက်ရန်စနေသလိုပင်။ စကားအကောင်းပြော၍ လုံးဝမဖြစ်။ လူကိုရလျှင်ရသလိုဖဲ့နေသည်။
"နေစမ်းပါဦး။ မင်းက Kiteဆိုတာစွန်မှန်းဘယ်လိုသိလဲ"
တွေးကြည့်လျှင် အနည်းငယ်ထူးဆန်းသည်မဟုတ်လား။ ဟိုတစ်နေ့ကလည်း စာအုပ်တစ်အုပ်ဖတ်နေသလို ယခုလည်း မင်းခွန်မှိုင်းအင်္ဂလိပ်ဘာသာဖြင့် နာမည်ပေးလိုက်သည်ကို နားလည်နေသည်။
"ငါကမင်းအနားမှာအမြဲနေရတာလေ။ မင်းစာသင်ရင်လည်း ဘေးနားမှာရှိနေတာဆိုတော့ ငါတတ်သင့်သလောက်တတ်ပါတယ်။"
"ဒါဆိုရင် မင်း ဝက်သားဖတ်ကျတော့ ဘာလို့မသိတာလဲ"
"အဲ့တာစားတဲ့ဟာမဟုတ်ဘူးလား။ မင်းခဏခဏပြောတယ်ဆိုတော့ အဲ့ဝက်သားဖတ်ကို အရမ်းကြိုက်တယ်နဲ့တူတယ်။"
မင်းခွန်မှိုင်းရင်ထဲ အင့်ခနဲပင်အလုံးကြီးဆို့တက်သွားမိသည်။ ပြောစရာစကားစရှာမရတော့၍ မျက်နှာကြီးသာ ရှုံ့မဲ့နေမိသည်။ နတ်ဆိုးသည် မင်းခွန်မှိုင်းမျက်နှာအား အကဲခတ်ပြီးဆက်ပြောသည်။
"ငါပြောတာမဟုတ်ဘူးလား...။ မင်းမကြိုက်လို့လား။ ဒါဆိုလည်း ကြက်သားဖတ်တို့ ၊ ဆိတ်သားဖတ်တို့ပြောင်းပြောပေါ့"
"Kite...၊ မင်းကတော့လေ...ဟားဟား..."
မင်းခွန်မှိုင်း ကိုယ့်ဗိုက်ကိုယ်ပြန်နှိပ်ရင်း လမ်းဘေးထိုင်ချလျက် ရယ်မိတော့သည်။ သူမို့လို့ ပေါက်ပေါက်ရှာရှာတွေးတတ်ပါပေသည်။ ရယ်ရလွန်း၍ အူတွေပင်နာလာသော်လည်း တွေးရင်းအရယ်ကိုမရပ်နိုင်။ သူရယ်နေသည်ကို ဘေးနားတွင်ရပ်ပြီး မသိမသာပြုံး၍ ကြည့်နေသူရှိသည်ကိုပင် သတိမထားမိသည်အထိ....။
"ဟေး...တော်ပြီ။ လမ်းမကြီးမှာ မင်းတစ်ယောက်တည်းရယ်နေတယ်ဆိုပြီး အရူးထင်ကုန်ဦးမယ်။ ငါ့ကိုတခြားသူတွေမြင်ရတာမဟုတ်ဘူး"
"ငါမရတော့ဘူး"
ပြောရင်း တဟီးဟီးဖြင့် ရယ်ပြန်သည်။ ပြီးမှ ကိုယ့်စိတ်ကိုထိန်းကာ ပါးနှစ်ဖက်ကိုခပ်စပ်စပ်ရိုက်လိုက်ရင်း ထိန်းလိုက်သည်။ သို့သော် ရယ်ချင်ဆဲ...။ ကြက်သားဖတ်တို့ ၊ ဆိတ်သားဖတ်တို့တောင် ပြောင်းပြောရမည်ဆိုပင်...။
စတူဒီယိုရောက်သည်နှင့် အလုပ်များက စောင့်မျှော်နေချေပြီ။ Kiteသည် စတူဒီယိုထောင့်နားတွင်ကပ်ထားသည့် ခုံအပိုလေး၌ ကားလျားခွထိုင်လျက် မင်းခွန်မှိုင်းလုပ်သမျှကို လိုက်ကြည့်နေသည်။ ယခင်တုန်းကလည်း အမြဲသည်လိုပင်ရှိခဲ့သည်ထင်၏။ ဘာမှမလုပ်ဘဲ လူတစ်ယောက်ကို သည်အတိုင်းလိုက်ကြည့်နေရခြင်းသည် မင်းခွန်မှိုင်းအတွက် တွေးရုံနှင့်ပင် ပျင်းစရာကောင်းလွန်း၏။ သူ့နေရာ၌ မင်းခွန်မှိုင်းသာဆိုလျှင် ပျင်းလွန်း၍နေနိုင်မည်မထင်။ သွားချင်ရာသွားပြီး ပစ်ထားလိုက်မိမှာ တစ်ရာရာခိုင်နှုန်းအသေအချာပင်။
"ခွန်မှိုင်း...အင်္ကျီရပြီ"
ကျော်ကြီးသည် အလုပ်အတွက်ဝတ်ရမည့်အင်္ကျီလေးကို ကော့နေအောင်မီးပူတိုက်ပြီး အိတ်ထဲထည့်ကာ လာပေးလေသည်။ ကျော်ကြီးသည် ဒါမျိုးဆိုအရမ်းအားကိုးရသည်။ အလုပ်အတွက်လိုသည့်အဝတ်အစားတိုင်းကို သူပဲမှာပေးယူပေးလုပ်သလို၊ ဝတ်ရမည့်ရက်ဆိုလျှင်လည်း သေချာလျှော်ဖွပ်ပြီး မီးပူပါတိုက်ပေးတတ်သေးသည်။ သူ အဝတ်အစားအိတ်ကိုလှမ်းယူပြီး ကွန်ပြူတာထိုင်ကလိနေသည့် ငစိုင်းခေါင်းကို နာနာလှမ်းထုလိုက်သည်။
"မှတ်ထား။ ကိုသာ့ကို ငမ်းချင်ဦး"
ငစိုင်းကို လုပ်ပြီးသည်နှင့် အပြင်သို့ ချက်ချင်းပြေးထွက်လိုက်တော့သည်။ မဟုတ်လျှင် သူပြန်လုပ်ခံရလိမ့်မည်။ မင်းခွန်မှိုင်းသည် လူလည်မဟုတ်လား။
ချိန်းထားသည့်ဆိုင်သို့ရောက်တော့ ထုံးစံအတိုင်း Toiletသို့ဝင်သည်။ မိတ်ကပ်ပြန်ဖို့သည်။ Kiteသည် ဘေးမှအကြည့်သမားဖြစ်သည်။ သည်နေ့ Cosplayရသည်က Noragamiထဲမှ Yatoဖြစ်သောကြောင့် မျက်ကပ်မှန်အပြာလေးကို ထုတ်တပ်လိုက်သည်။ အားလုံးပြီးပြီဆိုမှ နာရီတစ်ချက်ကောက်ကြည့်လိုက်သည်။ ဧည့်သည်နှင့်တွေ့ရန် ငါးမိနစ်သာလိုတော့သည်။ ဆိုင်ထဲပြန်ဝင်ရန် ပစ္စည်းများကောက်သိမ်းနေစဉ် Kiteသည် ဘေစင်ပေါ်တက်ထိုင်လျက် သူ့အားစိုက်ကြည့်လာသည်။
"ငါ့ကိုချစ်ရမယ့်သူက တခြားသူတွေနဲ့လိုက်ချိန်းတွေ့နေတာတော့ မဟုတ်သေးဘူးနော်"
ဇာတ်လမ်းကစလာပြန်သည်။ မနက်ကပင် သည်ကိစ္စပြတ်ပြီထင်ခဲ့မိသည်။ သူစိတ်မလျှော့နိုင်သေးဘူးထင်၏။
"သူတို့နဲ့ချိန်းတွေ့မှပိုက်ဆံရမှာလေ။ မင်းကငါ့ကိုဘယ်နှပြားပေးနိုင်လို့လဲ"
"မင်းလိုချင်သလောက်ပိုက်ဆံငါရှာပေးရင် ဒီအလုပ်ကိုရပ်မလား..."
သူ့စကားကအထူးအဆန်းပေမို့ မင်းခွန်မှိုင်း၏မျက်ခုံးများပင် မြင့်တက်သွားမိသည်။
"မရပ်ပါဘူး။ ငါကပိုက်ဆံထက် ဒီအလုပ်ကိုချစ်လို့လုပ်နေတာ။နောက်ပြီး Anime Loverလေးတွေ သူတို့ချစ်တဲ့ ကာရိုက်တာလေးတွေနဲ့တွေ့ပြီးပျော်နေတဲ့ မျက်နှာကို မြင်ရတာငါကြည်နူးတယ်။ အဲ့တော့ငွေပုံပေးတောင် မစွန့်လွှတ်နိုင်ဘူး"
Kiteသည် ခေါင်းဆတ်ဆတ်ညိတ်လေသည်။ ထို့နောက် မင်းခွန်မှိုင်း၏အင်္ကျီအား ကျကျနနဆွဲချပေးလိုက်ပြီး လည်ပင်းမှ မာဖလာလေးကိုသပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးသည်။
"မင်းသဘောပါပဲ။ ပျော်နေရင်ရပြီ"
Kiteစကားသည် မင်းခွန်မှိုင်းရင်ထဲနွေးခနဲ ခံစားရစေသည်။ ထွေထွေထူးထူးပြောလိုက်တာမဟုတ်ပေမဲ့ စိတ်ထဲ၌တစ်မျိုးဖြစ်မိသည်။ ထိုခံစားချက်နှင့်အတူ Kiteကိုမေးချင်တာတစ်ခုပေါ်လာပြန်သည်။
"Kite....နှလုံးသားအမြုတေက ထူးဆန်းတယ်မဟုတ်ဘူးလား..."
"ဘာလို့"
သူ့တန်ပြန်မေးခွန်းကတော့ ပြတ်တောင်းတောင်းပင်။
"မင်းတို့နတ်ဆိုးတွေအကုန်လုံးက သူတို့စောင့်ရှောက်ရတဲ့သူသေရင် အဲ့နည်းပဲသုံးကြတာလား။ ပြီးတော့ ငါတို့ဘက်ကပဲ မင်းတို့ကိုချစ်ရုံပဲလား..."
Kiteသည် ခေါင်းအသာယမ်း၏။
"နတ်ဆိုးတွေကမွေးဖွားပုံချင်းမတူဘူး။မွေးဖွားလာတဲ့ အကြောင်းအရာချင်းလည်းမတူတာကြောင့် အသုံးပြုရတဲ့အရာတွေကလည်းမတူဘူး။ နောက်ပြီး တာဝန်တွေ ၊ ဆန္ဒတွေကလည်းမတူဘူး"
Kiteစကားကို မင်းခွန်မှိုင်းကောင်းကောင်းနားမလည်နိုင်ချေ။ မတူဘူးဆိုသည့် အရာတွေချည်းပင်။
"တစ်နေ့ကျရင် မင်းသဘောပေါက်မှာပါ။"
Kiteအဖြေကို မင်းခွန်မှိုင်းမကျေနပ်သော်လည်း အလုပ်ရှိသေးသည်မို့ နောက်မှဆက်မေးမည်ဟု ဆုံးဖြတ်လိုက်သည်။
"ငါသွားတော့မယ်။ မင်းလိုက်ဦးမှာလား"
"မလိုက်ဘူး။ ငါအရူးတွေနဲ့မတွေ့ချင်ဘူး..."
တံခါးပေါက်ဝရောက်ပြီးကာမှ Kiteအားပြေးကန်ချင်စိတ်ပေါက်သွားသည်။
"မင်းနော်...အေး...ပြီးမှငါနဲ့တွေ့မယ်"
ကြိမ်းဝါးပြီးသည်နှင့် အပြင်ထွက်မည်ရှိသေး Kiteကသူ့အားလှမ်းခေါ်ပြန်သည်။
"မင်းခွန်မှိုင်း"
သူလှည့်ကြည့်လိုက်ပြီး မေးဆတ်ပြလိုက်သည်။
"နှုတ်ဆက်အနမ်းလေးဘာလေး ပေးမသွားဘူးလား"
ထိုစကားများအား အဘယ်ကများတတ်လာသည်လဲမသိ။ မသိလျှင် ကိုရီးယားကားထဲ ရောက်နေသလိုလိုပင်။ မင်းခွန်မှိုင်းလည်း ကိုရီးယားကားမကြည့်မိ။ ကြည့်ရတာ မေမေကြည့်သည့်ကားများကို သူလိုက်ကြည့်ခြင်းဖြစ်မည်။ ထို့ကြောင့် အရမ်းရိုဆန်ချင်နေသည်။
"ဂေါက်တောက်တောက်တွေလာမလုပ်နဲ့။ နှုတ်ဆက်အနမ်းတော့မရဘူး။ ဒါပဲရမယ်"
တံခါးဖွင့်ကာ အပြင်ထွက်ရင်း Kiteအား သွယ်လျသည့်လယ်ခလယ်လှလှလေးကို ထောင်ပြခဲ့လိုက်သည်။ ဤသည်ကို Kiteကတော့ ဘယ်ညာသွားစွယ်လေးတွေပေါ်လာသည်အထိပြုံး၏...။
Thanks For Reading
Zawgyi
ေဆးရံုဆင္းၿပီး ေနာက္တစ္ရက္ေရာက္သည့္ႏွင့္ မင္းခြန္မႈိင္းတုိ႔ စတူဒီယုိသြားရန္ တက္ႂကြေနေခ်ၿပီ။ အလုပ္႐ွိ႐ွိ ၊ မ႐ွိ႐ွိ သေဘာက်သည့္အရာမ်ား၏အနားတြင္ ေနရျခင္းကိုေပ်ာ္သည္။ ထုိ႔အျပင္ နတ္ဆုိးေကာင္သည္ မေန႔ကေရာ၊ ယေန႔မနက္ထိ ေပၚမလာေသးေခ်။ သည္အတုိင္းအျမဲေပၚမလာေတာ့လ်ွင္ သိပ္ေကာင္းမည္ဟု ေတြးမိသည္။ မဟုတ္လ်ွင္ ႐ုတ္တရက္ေပၚေပၚလာတတ္၍ လန္႔ရသည္။ အနားသုိ႔ ကပ္ကပ္လာတတ္ျပန္ေသာေၾကာင့္ ေ႐ွာင္လင္သုိင္းေတြ က်င့္ရနွင့္ ၾကာလ်ွင္လူပင္ ကြန္ဖူးတတ္သည့္နင္ဂ်ာျဖစ္ေတာ့မည္။ ကြန္ဖူးတတ္သည့္နင္ဂ်ာဟူေသာ အေတြးကုိ သူ႔ဘာသာသေဘာက်မိသြားသည္။ တ႐ုတ္နဲ႔ဂ်ပန္ဖက္စပ္ေပပဲ။
"ငမႈိင္းေရ"
မနက္ခင္းေစာေစာစီးစီး သူမ်ားမိသားစုထမင္းစားခ်ိန္၌ ေရာက္လာသူမွာ ငစိုင္းျဖစ္သည္။
"မနက္စာစားတုန္းလား ငမႈိင္း။ ငါကမင္းကုိလာေခၚတာ။ ေနေကာင္းတာမၾကာေသးတာေတာင္ မင္းကအလုပ္ကုိလာခ်င္ေနေတာ့ ငါကစိတ္မခ်လို႔ လာေခၚေပးတာ"
သူ႔ဘာသာ ကုိသာ့ကိုငမ္းခ်င္သျဖင့္လာသည္ကို မိမိအားစိတ္မခ်ဟုဆုိကာ ေခါင္းစဥ္တပ္ေသး၏။ ေတာ္ပါေပသည္။
"ငါ့ညီ...မနက္စာမစားရေသးရင္ တစ္ခါတည္းစားသြားေလ။ ေမေမရဲ႕ တ႐ုတ္ထမင္းေၾကာ္လက္ရာက႐ွယ္ပဲေနာ္"
ကုိသာသည္ ဘုမသိဘမသိျဖင့္ ေႁမြေပြးကိုခါးပုိက္ပုိက္ခ်င္ေနၿပီထင္သည္။ ငစုိင္းဆုိသည္မွာလည္း မ်က္ႏွာႀကီးၿဖီးၿပီး မ်က္လံုးမ်ားက အေရာင္ေတြပင္ ေတာက္ေနေတာ့သည္။
"ကိုသာက တ႐ုတ္ထမင္းေၾကာ္ႀကိဳက္တာလား..."
ကုိသာက ခပ္ျပံဳးျပံဳးေလးေခါင္းညိတ္ျပသည္။ ထုိကဲ့သုိ႔ ျပံဳးျပေနသျဖင့္လည္း ဟုိေကာင္ႀကီး ေႂကြၿပီးရင္းေႂကြေနျခင္းျဖစ္မည္။ မ်ားမ်ားသာဆက္ၿပံဳးပါေလ။ ထုိသတၱဝါ ကုိသာ့အား အႀကိဳက္လြန္၍ ႐ူးသြားလည္းေအးတာပင္။
"ကုိသာစားေစခ်င္ရင္ ကြၽန္ေတာ္စားမယ္ေလ..."
မင္းခြန္မႈိင္းစားထားသည္မ်ားပင္ ျပန္အန္ထြက္ခ်င္လာသည္။ ဘယ္လို ပတ္ခြၽဲနွပ္ခြၽဲႏုိင္ျခင္းမ်ဳိးပါလိမ့္။ မိခင္သည္ ပန္းကန္အသစ္တစ္ခ်ပ္ယူလ်က္ ငစုိင္းအတြက္ ထမင္းေၾကာ္ထည့္ေပးေနသည္။ ကုိသာသည္ သူနွင့္မ်က္ေစာင္းထုိးမွခံုအား ငစုိင္းထုိင္ရန္ ျပင္ေပးေနစဥ္ မင္းခြန္မႈိင္း မတ္တပ္ေကာက္ရပ္လိုက္သည္။
"ဟိတ္ေကာင္ ငစုိင္း။ ဒုိးမယ္။"
"ဟင္.."
"မဟင္နဲ႔။ စတူဒီယုိသြားရမွာေနာက္က်ေနၿပီ"
ငစိုင္းမ်က္ႏွာသည္ ဟင္းတံုးႀကီး ပါးစပ္နားေရာက္မွ ပုတ္ခ်ခံလိုက္ရသည့္အရူးလို အင္တင္တင္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။ မင္းခြန္မႈိင္းလည္း အျမင္ကပ္၍ ယုတ္မာျခင္းျဖစ္သည္။ သူငယ္ခ်င္းအစ္ကိုအား သူငယ္ခ်င္းမိသားစုေ႐ွ႕ထားၿပီး ေၾကာင္ေနသည္ကုိ သည္းခံႏုိင္႐ိုးလား။
"သားငယ္...။ ဒီမွာသူငယ္ခ်င္းက မနက္စာစားဦးမွာေလ။ ခဏေစာင့္လိုက္ဦး"
ေမေမသည္ ထမင္းေၾကာ္ပန္းကန္ကို ငစိုင္းေ႐ွ႕ခ်ေပးရင္ ေျပာေလသည္။
"ေအးေလ..ညီမႈိင္းကလည္း။ ခဏေစာင့္လိုက္ပါ..."
ကုိသာ့အား သူမ်က္ေစာင္းထုိးလိုက္မိသည္။ သည္အ႐ြယ္ေရာက္ေနၿပီး ဘာမွမသိနားမလည္သလိုပင္။ အရည္အခ်င္းေပါင္းစံုျပည့္စံုေနၿပီး ဤေနရာတြင္ေတာ့ တံုးပါဘိျခင္း။ သူ ငစုိင္းကိုပင္ မၾကည္ၾကည့္ျဖင့္ စုိက္ၾကည့္လိုက္ေတာ့သည္။ ငစုိင္းကျဖင့္ ယုန္သူငယ္မ်က္နွာလို...။
"အဲ့တာဆုိလည္း ငါသြားႏွင့္ၿပီ။"
မင္းခြန္မႈိင္းေကာက္ထြက္လာေသာ္လည္း ငစုိင္းလိုက္မသြားေခ်။ ကိုသာ့ေဘးတြင္ ျပံဳးျပံဳး ျပံဳးျပံဳးႏွင့္ မုိးမျမင္ေလမျမင္ က်န္ခဲ့မိသည္။ ကုိသာ့အားေတြ႔ခ်င္သျဖင့္ မရမကအေၾကာင္း႐ွာၿပီး လာခဲ့ရသည္ကို လြယ္လြယ္နွင့္ျပန္မည္မဟုတ္ေၾကာင္း မင္းခြန္မႈိင္းသိသင့္ပါ၏။
"ညီမႈိင္းကေတာ့..."
ေပေစာင္းေစာင္းလုပ္ကာထြက္သြားသည့္ မင္းခြန္မႈိင္းကုိလွမ္းၾကည့္လ်က္ ကုိသာက ခပ္ျပံဳးျပံဳးဆုိသည္။ ညီျဖစ္သူ မည္မ်ွပင္ဆုိးဆုိး ၊ မည္မ်ွပင္ အခ်ဳိးမေျပေျပ အျပစ္ျမင္သူမဟုတ္ပါေလ။ ငစုိင္းလည္း ထမင္းေၾကာ္စားရင္း ကုိသာ့အားခုိးခိုးၾကည့္ေလၿပီး အၾကည့္ခ်င္းဆံုသြားလ်ွင္ မသိမသာသြားျဖဲၿပီးသာ ရယ္ျပလိုက္သည္။
"စားေနာ္ ငါ့ညီ။ အားမနာနဲ႔။"
"ဟုတ္..ကုိသာ.."
ငါ့ညီဆုိသည့္အသံသည္ ငစိုင္းေက်ာ႐ိုးတစ္ေလ်ွာက္စိမ့္ခနဲ၊ က်ဥ္ခနဲျဖစ္သြားေစသည္။ ငါ့ဟူေသာ ပုိင္ဆုိင္ျခင္းျပစကားလံုးသည္ သူ႔အား အူအသည္းပင္လႈိက္ဖုိေစသည္။ ကုိသာ့အား သူစေတြ႕ဖူးသည္မွာ တကၠသုိလ္ပထမႏွစ္ကပင္ျဖစ္သည္။ မင္းခြန္မႈိင္းအား တစ္ခါတရံ ေက်ာင္းလိုက္ပုိ႔တတ္သည့္အခါ ေတြ႔မိျခင္းျဖစ္သည္။ အျမဲတမ္းအျပံဳးခ်ဳိခ်ဳိႏွင့္ သေဘာေကာင္းသည့္ပံုစံေလးသည္ ကုိသာ၏ဆြဲေဆာင္မႈတစ္ခုျဖစ္သည္။ ေနာက္ေတာ့ ျမင္တာၾကာလာေလေလ ကုိသာ့အားပုိပုိသေဘာက်လာေလေလ ျဖစ္လာခဲ့သည္။ သုိ႔ေသာ္ ကုိသာ့ညီ ကပ္ေစးနည္းအက်င့္ပုတ္ေၾကာင့္ ကုိသာ့အနားပင္ ေကာင္းေကာင္းကပ္ဖူးသည္မရွိပါေလ။ ထုိ မင္းခြန္မႈိင္းဆုိသည့္အေကာင္ တကယ္ခ်စ္သည့္သူနွင့္ေတြ႕လ်ွင္ မည္သုိ႔ရွိမည္ဆုိတာကုိေတာ့ သူစိတ္ဝင္စားမိသည္။
************************************
မင္းခြန္မႈိင္းလမ္းေဘး ပလပ္ေဖာင္းေပၚ၌ တစ္ေယာက္တည္းပြစိပြစိလုပ္ရင္း ေလ်ွာက္လာခဲ့သည္။ ငစုိင္း စတူဒီယုိေရာက္လာလ်ွင္ ေျပးကန္ၿပီးႀကိဳရန္လည္း ေတြးလာခဲ့သည္။
"အဟမ္း.."
ကုိယ့္အေတြးနွင့္ကုိယ္ လမ္းေလ်ွာက္ေနစဥ္ ေဘးနားမွအသံေၾကာင့္ လူကတြန္႔ခနဲျဖစ္သြားသည္။ ေပၚမလာေစခ်င္သည့္ နတ္ဆုိးေကာင္ေပၚလာျပန္သည္။ ယခင္လိုေတာ့ မေယာင္ျဖစ္ေတာ့ေခ်။ အသံေပးရန္ေျပာထားသည္ကုိ နားေတာ့ေထာင္သားပင္။
"အေျခအေနေလး"
ေပၚလာသည္နွင့္ အက္ေၾကာင္းထပ္ေတာ့မည့္ ထုိကိစၥႀကီးပင္။ ထုိကိစၥႀကီးအား သူမည္သုိ႔လုပ္ရပါ့မည္နည္း။
"ငါလည္းမသိေတာ့ဘူး။ ခ်စ္တယ္ဆုိတဲ့ကိစၥကလြယ္တာမွ မဟုတ္တာ။ ၿပီးေတာ့ကြာ...မင္းနားလည္ေအာင္႐ွင္း႐ွင္းေျပာရရင္ ငါကမိန္းကေလးေတြပဲစိတ္ဝင္စားတာ။ Straight ကြာ။ သိလား။ ဒီရက္အတြင္း မင္းေျပာသလိုျဖစ္မလာရင္ ဒီပုလင္းဖမ္းစားတာခံရံုေပါ့။ ငါမွမတတ္ႏုိင္တာ။"
မင္းခြန္မႈိင္းသည္ လက္ပတ္ကပုလင္းေလးကို တစ္ခ်က္ေျမႇာက္ကာၾကည့္ရင္း စိတ္ပ်က္လက္ပ်က္ဆုိမိသည္။ နတ္ဆုိးကေတာ့ လက္ကေလးေနာက္ပစ္လ်က္ ေခါင္းတညိတ္ညိတ္လုပ္ရင္း မင္းခြန္မႈိင္းေျပာသမ်ွကုိ နားေထာင္ေနေလသည္။
"တကယ္လို႔ ငါမင္းကိုမခ်စ္ႏုိင္ခဲ့လို႔ ငါ့ဘဝအဆံုးသတ္သြားမယ္ဆုိရင္ေတာင္ ဒီက်န္တဲ့ရက္မွာ ငါခ်စ္ရတဲ့သူေတြနဲ႔ေနၿပီး ငါခ်စ္တဲ့အလုပ္ေတြလုပ္ရင္းပဲ ကုန္ဆံုးလိုက္ေတာ့မယ္။ အနည္းဆံုးေတာ့ ငါေနာင္တမရဘူးေပါ့"
"အင္းေလ...မင္းသေဘာပါ။ ငါလည္းရက္မျပည့္မခ်င္း မင္းေဘးမွာ႐ွိေနမွာပဲေလ။ အေျခအေနေတြေျပာင္းသြားႏုိင္ပါေသးတယ္"
မင္းခြန္မႈိင္း အနည္းငယ္ေတာ့ စိတ္သက္သာရာရမိသည္။ နတ္ဆုိးမွ အတင္းအက်ပ္မေတာင္းဆုိေတာ့သည္ကုိ ေက်းဇူးတင္ရမည္။ က်န္တာက ကံတရားကိုပဲပံုအပ္ရမည္လား၊ ၿငိမ္သက္ေနဆဲျဖစ္ေနသည့္ ႏွလံုးသားကိုပင္ အားကိုးရမည္လား။ မဟုတ္လ်ွင္လည္း ေသဖုိ႔သာရွိသည္။
"ဒါနဲ႔ မင္းမွာနာမည္မ႐ွိဘူးလား။ ေခၚစရာနာမည္မ႐ွိေတာ့ စကားေျပာရတာနည္းနည္းေထာက္ေနလို႔"
နတ္ဆုိးကေခါင္းခါျပသည္။ နာမည္မ႐ွိတာျဖစ္မည္။
"မင္းကုိငါနာမည္ေပးရင္ေရာ အဆင္ေျပမလား"
"အဆင္ေျပတဲ့နာမည္ေပးရင္ေတာ့ အဆင္ေျပတာေပါ့။ အဆင္မေျပတဲ့နာမည္ေပးရင္ေတာ့ အဆင္မေျပဘူးေပါ့"
"႐ွင္းသြားတာပဲ။"
မင္းခြန္မိႈင္းရြဲ႔တဲ့တဲ့သာ ျပန္ေျပာလိုက္သည္။ ထုိ႔ေနာက္ သူ႔ေဘး၌ယွဥ္ေလ်ွာက္ေနသည့္ နတ္ဆုိးကုိၾကည့္ရင္း ေခါင္းထဲ၌ေမးခြန္းတစ္ခုေပၚလာျပန္သည္။
"မင္းက နတ္ဆုိးဆုိၿပီး ေတာင္ပံေလးဘာေလးမ႐ွိဘူးလား"
"ေတာင္ပံပါရေအာင္
You are reading the story above: TeenFic.Net