Part 4

Background color
Font
Font size
Line height

Unicode

စကားသံများ ၊ ရယ်သံမောသံများဖြင့်ပြည့်နေသည့် မင်းခွန်မှိုင်း၏လူနာခန်း။ ဖေကြီးနှင့်မေမေသည် နေ့ခင်းနေ့ဘက်နားရန် အိမ်ပြန်သွားကြသော်လည်း မပြန်နိုင်သေးသည့် သူငယ်ချင်းနှစ်ကောင်ရှိသေးသည်။ ကိုသာကတော့ အလိုက်မသိသည့် သကောင့်သားနှစ်ယောက်အတွက် နေ့လယ်စာထွက်ဝယ်နေလေသည်။

"ဒီရက်ပိုင်း အလုပ်တွေဆက်တိုက်အပ်နေကြတာ ခွန်မှိုင်းရာ။ မင်းအက်ဆီးဒင့်ဖြစ်လို့ ဆေးရုံတက်နေရတယ်ဆိုပြီး အကျိုးအကြောင်း​ကို ငါတို့Pageမှာတင်လိုက်တော့ မင်းကိုစိတ်ပူကြတာဆိုတာလေ ၊ မသိရင် မင်းကရုပ်ရှင်မင်းသားကျနေတာပဲ.."

ငစိုင်းသည် မကျေမနပ်ဖြင့် ထပြောလေသည်။ သည်အလုပ်ကို သုံးယောက်ပူးတွဲ စလုပ်ခဲ့သည်ဆိုသော်လည်း ကျော်ကြီးသည် စတူဒီယိုအတွက်ပစ္စည်းစုသမား၊ မိတ်ကပ်သမား၊ ငစိုင်းနှင့်သူသာ cosplayerလုပ်ကြသူများဖြစ်သည်။ ကျော်ကြီးကိုယ်တိုင်ကိုက Animeပစ္စည်းစုခြင်းနှင့် Cosplayမိတ်ကပ်ကိုသာ ဝါသနာပါသည်ဟုဆိုပြီး ထိုတာဝန်ကိုယူထားခြင်းဖြစ်သည်။ ကျန်သည့် ငစိုင်းနှင့်မင်းခွန်မှိုင်း cosplayerနှစ်ယောက်ထဲတွင်မှ မင်းခွန်မှိုင်းသည် ပို၍လူကြိုက်များ ရေပန်းစားလေသည်။ အမှန်တကယ်ဆိုလျှင် ငစိုင်းသည် ခွန်မှိုင်းထက်စကားပြောချိုသာသလို သဘောလည်းကောင်းသည်။ မင်းခွန်မှိုင်းကမူ မထင်လျှင်မထင်သလို ဘုနှင့်ဘောက်ပြောတတ်သူပင်။ သို့သော် ထိုအချက်ကပင် သူ၏ဆွဲဆောင်မှုဖြစ်နေခဲ့၏။

"ငါကချောတော့ကောင်မလေးတွေ စိုးရိမ်တာ ဆန်းသလားကွ။ အိမ်း....ရုပ်ချောနေရတာလည်း ခက်သား..."

မင်းခွန်မှိုင်းအပြောကြောင့် ငစိုင်းရောကျော်ကြီးပါမျက်နှာကြီး ရှုံ့မဲ့သွားပြီး ခပ်ဟဟရယ်လေသည်။

"မင်းဘယ်လောက်ချောချော ကိုသာ့ကိုမမီပါဘူး"

ငစိုင်းသည် နောက်ဆုံးတော့ ကိုသာ့ဘက်လှည့်လာချေပြီ။ သင်းကကိုသာ့အား ချိန်နေခြင်းဖြစ်သည်။​တက္ကသိုလ်တက်နေစဉ်ကတည်းက သူ​သည် ဂေးတစ်ယောက်ဖြစ်ကြောင်း သူတို့အားဖွင့်ဟခဲ့သည်။ ကိုသာ​ကတော့ ငစိုင်းသည် ဂေးတစ်ယောက်မှန်းမသိချေ။ ငစိုင်းသည် သူတို့အား သူဂေးဖြစ်ကြောင်း မဖွင့်ဟခင်ကတည်းကပင် ကိုသာ့အားမြင်ပြီး သဘောကျခဲ့ခြင်းဖြစ်သည်။ ယခုလည်း မင်းခွန်မှိုင်းအကြောင်းပြပြီး လူနာလာကြည့်တာလား ၊ ကိုသာ့ကို လာကြည့်တာလားမသဲကွဲပါလေ။

"ငါနဲ့ကိုသာကို ရုပ်ချင်းဆင်တယ်ဆိုပြီး အိမ်နီးချင်းတွေကတောင် ပြော​နေကြတာ မင်းမသိဘူးမလား..."

ငစိုင်းက လျှာတစ်လျစ်ထုတ်ပြီး နှာခေါင်းရှုံ့၏။

"ဘာမှမတူဘူး။ တစ်စက်လေးတောင်မတူဘူး။ ငါ့ကိုသာက မင်းထက်အရပ်ပိုရှည်တယ်။ အသာကလည်းဖွေးဥပြီး မျက်နှာလေးက Yuri On Iceထဲက Victorနဲ့တောင်တူသေး။ အာ....ငါပြောရင်းအသည်းတွေယားလာပြီ..."

ငါ့ကိုသာဟူသော အသုံးအနှုန်းမှာ အမြင်ကပ်ဖွယ်အတိ။ အမြင်ကပ်ကပ်ဖြင့် စောင်ထဲမှခြေထောက်ထွက်ကာ သင်းအားလှမ်းကန်လိုက်သည်။ အကြောင်းသိနေပြီဖြစ်သည့် ငစိုင်းကလည်းရှောင်လင်သုံးပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်လိုက်ရသည်။

"မင်း တခြားသူကြိုက်ချင်ကြိုက်ကွာ။ ငါ့အစ်ကိုကိုတော့ မထိနဲ့။ မဟုတ်ရင် ငါမင်းကိုသတ်မှာ။"

"ဟိတ်ကောင်....မင်းက ကပ်စေးနည်းလှချည်လား။"

"ကပ်စေးနည်းတာမဟုတ်ဘူး။ မင်းမို့လို့ကို မပေးချင်တာကွာ။ ရှင်းလား။ ကျော်ကြီး... မင်းကောင်မင်းထိန်းဦး..."

ဘေးနားတွင် ထိုင်ရယ်နေသည့်ကျော်ကြီး (ခေါ်) ကျော်ထွဋ်အား တာဝန်ပေးလိုက်သည်။

"ငါ့ကောင်လို့ လာမပြောနဲ့။ ငါက မင်းတို့လို မဟုတ်ဘူး။ ကောင်မလေးရှိတယ် Faကောင်တွေရဲ့...."

ဤတစ်ကြိမ်တော့ မင်းခွန်မှိုင်းရော ငစိုင်းပါ ပြောစရာစကားများ ဆွံ့အသွားလေသည်။ အရှိုက်တည့်တည့်ထိသွားသည် မဟုတ်ပါလား။ သင်းက ရည်းစားရှိသည်ဆိုပြီး မြောက်ကြွကြွနိုင်နေခြင်းဖြစ်သည်။ ရည်းစားအကြောင်းတွေးကာမှ ဟိုနတ်ဆိုးကောင်အား သွားသတိရမိသည်။ မနေ့ညက ခဏပေါ်လာပြီး ကိုသာ​ပြန်ရောက်လာ​သောအခါ ပြန်ပျောက်သွားပေမဲ့ 'သူ့ကိုချစ်ဖို့ကြိုးစား'ဆိုပြီး ပြောသွားသေး၏။ုထိုအကြောင်းကို ငစိုင်းတို့နှင့် တိုင်ပင်ကြည့်လျှင်ကောင်းမည်လား စဉ်းစားမိသည်။

"ငစိုင်းနဲ့​ကျော်ကြီး....ငါမေးစရာရှိလို့..."

ငစိုင်းက မေးဆတ်ပြလေသည်။ ကျော်ကြီးကတော့ ငြိမ်လျက်သားပင်။

"မင်းတို့တွေ နတ်ဆိုးတွေဘာတွေရှိတယ်ဆိုတာ ယုံလား။"

ငစိုင်းက မျက်မှောင်အနည်းငယ်ကြုတ်လျက် သူ့အားစိုက်ကြည့်လာသည်။

"မင်းကအဲ့တာတွေယုံလို့လား...."

"အင်း...ယုံတယ်လည်းမဟုတ်ပါဘူး။ မေးကြည့်တာပါ..."

မင်းခွန်မှိုင်းပြောဖို့အခွင့်မသာသေးပေ။ ယခုချိန်မှာသာ သူဖြစ်နေတာတွေကို ပြောပြလိုက်လျှင် ခေါင်းထိပြီး ပလပ်ကျွတ်သွားသည်ထင်ကာ စိတ်ကျန်းမာရေးဆေးရုံသို့ ကူးပြောင်းရပေလိမ့်မည်။ သူအတွေးများနေစဉ် ကျော်ကြီးက ဝင်ပြော၏။

"ငါ့မှာ ငါ့ထက်၅နှစ်လောက်ကြီးတဲ့ အစ်ကိုဝမ်းကွဲရှိတယ်။ သူကမန္တ​လေးမှာ​နေတာ။ သူလည်းအဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်ကွ။ သူကတကယ်ရှိတယ်လို့ကို တပ်အပ်ပြောဖူးတယ်။ မင်းစိတ်ဝင်စားရင် ငါမေးပေးမယ်လေ..."

"အေးကွာ...။ ငါနည်းနည်းစိတ်ဝင်စားမိလို့ပါ။ ဖြစ်နိုင်ရင် နည်းနည်းမေးကြည့်ကြည့်ပါလား..."

ကျော်ကြီးအစ်ကိုသာ သည်အကြောင်းများကို သိလောက်မည်ဆိုလျှင် သူ့အတွက်လမ်းစတစ်ခုလောက်တော့ တွေ့မည်ဟု ယူဆမိသည်။ ဟိုနတ်ဆိုးကောင်လက်ထဲမှ မရရသည့်နည်းဖြင့် လွတ်ဖို့ကြိုးစားရမည်။ ဘယ်နှယ့်...အသက်ရှင်ဖို့ သင်းအားချစ်ရမည်တဲ့။ ပေါက်ကရနိုင်လွန်းသည်။ ထိုနတ်ဆိုးမှာ ဂေးနှာဘူးနတ်ဆိုးဖြစ်မည်။ နတ်ဆိုးမလေးဆိုလျှင်တောင် ဖြစ်နိုင်ပါသေးသည်။ ယခုကျ သင်းကအထီးကြီးမဟုတ်လား။ သည်ကကောင်က အဖြောင့် ၊ ယောက်ျားချင်း နည်းနည်းမျှစိတ်ဝင်စားသည်မဟုတ်။ ထိုကဲ့သို့ကိစ္စများကို သူငယ်ချင်းကြောင့် လက်ခံပေးနိုင်ပေမဲ့ ကိုယ်တိုင်ကတော့နည်းနည်းမှ စိတ်မဝင်စားသလို ကြိုက်သည်မဟုတ်။

"ဟော...ကိုသာပြန်လာပြီ...."

ကိုသာပြန်ရောက်လာသည်ကို ဝမ်းသာအားရပြေးကြိုသူကား ငစိုင်းပေသာ။ တော်တော်ကဲသည့်အကောင်။ နေမကောင်းသေး၍သာ မင်းခွန်မှိုင်းထိုင်ကြည့်နေခြင်းဖြစ်သည်။ နေသာကောင်းလျှင် သင်းအားလှိမ့်ကန်ပစ်မိမည်မှာ သေချာသည်။ ယခုတော့ အတွေးဖြင့်သာ ကန်ထားသေး၏။

ကိုသာသည် သူဝယ်လာသည့်မုန့်များကို စားပွဲပေါ်တင်ရင်း သူ့အကျင့်အတိုင်း မင်းခွန်မှိုင်းဦး​ခေါင်း​လေးကို ခပ်ဖွဖွလာပုတ်သည်။

"ကိုသာ့ကို အလုပ်ကဖုန်းဆက်လို့ သွားလိုက်ဦးမယ်​နော် ညီမှိုင်း။ နေ့လယ်စာစားပြီး ဆေးသောက်ထားလိုက်။ ကိုသာ ညနေပြန်လာခဲ့မယ်။ မနက်ဖြန်ဆေးရုံကဆင်းမှာဆိုတော့ ပစ္စည်းတွေသိမ်းရမယ်။"

"ဟုတ် ကိုသာ။ အေးဆေးသွား။ ကျွန်တော့်ကိုစိတ်ချ"

ကိုသာသည် ခပ်ပြုံးပြုံးဖြင့် သူငယ်ချင်းကောင်းနှစ်ယောက်ဘက် လှည့်သွားလေသည်။

"ငါ့ညီတို့လည်း စားပြီးမှပြန်၊ ကိုသာအများကြီးဝယ်လာတာ။ အခုတော့ သွားလိုက်ဦးမယ်။"

ကိုသာထွက်သွားသည့်နောက် ငစိုင်းဆိုသည့်အကောင် ရွစိစိဖြင့်ကျန်နေခဲ့သည်။

"အား....ငါမနာလိုလိုက်တာကွာ။ ကိုသာ့ ညီဖြစ်တာ မင်းကံကောင်းလိုက်တာ...."

ငစိုင်းစကားကို မင်းခွန်မှိုင်းက ဂုဏ်ယူပုံဖြင့် ခပ်မြောက်မြောက်ထလုပ်လေသည်။ ကိုသာ့လိုအစ်ကိုရှိခြင်းသည် ကံကောင်းခြင်းမှန်း သည်ကကောင် အသိဆုံးဖြစ်ပါသည်လေ။ ထို့ကြောင့်လည်း မည့်သူ့မှမပေးချင်ခြင်းဖြစ်၏။

"လောလောဆယ် ဗိုက်ဆာနေပြီ။ စားကြရအောင်။"

ကိုသာဝယ်လာပေးသော ကြေးအိုးဆီချက်ကို သုံးယောက်သား အားပါးတရစားပြီးနောက် လိမ္မော်သီးစားကာ အချိုတည်းကြသည်။

"ကိုသာဝယ်လာလို့လားမသိဘူး။ လိမ္မော်သီးလေးက ချိုလိုက်တာကွာ...။ အခွံတွေ​တောင်စားပစ်ချင်တယ်"

အချိုးမပြေသည့် ငစိုင်းပါးစပ်ထဲသို့ ဘေးနား၌စုချထားသော လိမ္မော်သီးခွံများ ထိုးထည့်ပေးလိုက်သည်။

"စားစမ်း အဲ့မှာ... ကိုသာဝယ်လာတာ"

"ထွီ..."

ငစိုင်းသည် လိမ္မော်ခွံများကိုထွေးထုတ်ရင်း မချိုမချဉ်ဖြင့် သူ့အားကြည့်လာလေသည်။

"မင်းခွန်မှိုင်း...၊ မင်းကိုအဲ့တာကြောင့် ကိုသာနဲ့မတူဘူးပြောတာ။ ကိုသာက သဘောကောင်းသလောက် မင်းကအကျင့်ပုတ်။ ရုပ်ကလေးချောချင်ရက်နဲ့ အကျင့်ပုတ်တော့ ကြည့်ရဆိုးနေတာ..."

မင်းခွန်မှိုင်းသည် ဂရုမစိုက်ဘဲ လျှာသာထုတ်ပြပြီး ပြောင်လိုက်သည်။ စားသောက်၍ပြီးစီးသည့်နောက် နှစ်ကောင်သား စတူဒီယိုသို့ပြန်သွားကြလေသည်။ မင်းခွန်မှိုင်းတစ်ယောက်သာ အခန်းတွင်း၌ကျန်နေခဲ့တာကြောင့် အနည်းငယ်လန့်မိသလို ခံစားရသည်။ ဟိုနတ်ဆိုးကောင်သည် မည့်သည့်အချိန်၌ ပေါ်လာဦးမည်လဲမသိနိုင်။

"စဉ်းစားပြီးပြီလား.... "

"ဝက်သားဖတ်"

ကုတင်ဘေး၌ ခြေ​ထောက်တစ်ဖက်ချိတ်ထိုင်ကာ စာအုပ်တစ်အုပ်ကိုဖွင့်လျက်သား ကိုင်ထားရင်း ရုတ်တရက်ပေါ်လာ၍ စကားထပြောလိုက်သည့် နတ်ဆိုးကြောင့် မင်းခွန်မှိုင်း ယောင်ယမ်းဆဲမိ၏။ ထို့နောက် ကိုယ့်ရင်ဘတ်လေးကိုယ်ဖိလျက် လန့်အောင်လာလုပ်သည့် နတ်ဆိုးအား မျက်စောင်းခဲလိုက်သည်။

"အသံလေးဘာလေးပေးပြီးမှ ရောက်လာရင်သေမှာမို့လို့လား..."

နတ်ဆိုးသည် သူ့လက်ထဲမှစာအုပ်အမည်းလေးကို ကောက်ပိတ်လျက် ပေါင်ပေါ်တင်သည်။ ထို့နောက် စာအုပ်ပေါ် တံတောင်တင်၊ မေးထောက်ရင်း မင်းခွန်မှိုင်းအားကြည့်လာလေသည်။

"အခု​ရောအသံမ​ပေးလို့လား..."

"အဲ့လိုပြောတာမဟုတ်ဘူး။ ရုတ်တရက်ကြီး ပေါ်မလာဖို့ပြောတာ။"

မင်းခွန်မှိုင်းစိတ်မရှည်စွာဖြင့် ပြောလိုက်မိသည်။ စစတွေ့ချိန်ကခဏလောင်ပင် နတ်ဆိုးအားရှိန်ပြီးလန့်ပေမဲ့ ယခုတော့ အစကလောက်မလန့်တော့ချေ။ သူ့ပုံစံအား အနည်းငယ်အသားကျလာချေပြီ။ နတ်ဆိုးသည် ခေါင်းတစ်ချက်ညိတ်ရင်း ကုတင်ပေါ်ပြောင်းထိုင်လာလေသည်။ နတ်ဆိုးလက်ထဲမှ စာအုပ်လေးသည် ဘယ်ရောက်သွားမှန်း မင်းခွန်မှိုင်းမသိလိုက်။

"ငါ့ကိုချစ်နိုင်ပြီလား..."

သည်ကောင် အတည်ပေါက်ကြီးဖြစ်နေတာပင်။ မင်းခွန်မှိုင်း သက်ပြင်းခပ်ယဲ့ယဲ့ချမိလိုက်သည်။

"မင်းနဲ့ငါကယောက်ျားချင်းကြီး။ လုံးဝမဖြစ်နိုင်ဘူး။"

နတ်ဆိုးသည် မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း နှုတ်ခမ်းတစ်ချက်မဲ့သည်။

"ဖြစ်နိုင်ပါတယ်။ မင်းစိတ်ထားတတ်ဖို့ပဲလိုတာပါ..."

"မဖြစ်နိုင်ပါဘူးဆိုကွာ။"

"ဒါဆိုလည်း နှလုံးသားအမြုတေဖမ်းစားတာကို ထိုင်စောင့်ရင်စောင့်၊ မစောင့်ရင်လည်း ပုလင်းကိုရိုက်ခွဲလိုက်တော့"

ထိုစကားများသည် သူ့စိတ်ဓာတ်အား အပိုင်းပိုင်းခုတ်ထစ်သွားသည်။ ထိုကိစ္စများသည် မေ့ထား၍မဖြစ်သည့် ကိစ္စများမဟုတ်ပေလား။ သို့ပေမဲ့ သကောင့်သားကို မည်သို့ချစ်ရမည်နည်း။ အကြံတွေပင်အိုက်လာသည်။

ရုတ်တရက် ခေါင်းပေါ်မှ Question Mark(?)လေးသည် မီးလုံးလေးအဖြစ်ပြောင်းလဲသွားလေသည်။ မင်းခွန်မှိုင်း လက်ဖျောက်တစ်ချက်တီးလိုက်ပြီး သိပ်တော်တဲ့ငါပါလားဟု မိမိဘာသာချီးကျူးရင်း ဂုဏ်ယူစွာပြုံးလိုက်မိသည်။ နတ်ဆိုးက​တော့ သူ့အား ဆက်ကြည့်လျက်သားရှိနေသည်။

"မင်းက နတ်ဆိုးဆိုတော့ အစွမ်းတွေဘာတွေရှိမှာပဲ မလား..."

"ပေးသလောက်တော့ရှိတာပေါ့.."

မင်းခွန်မှိုင်းအား ကျောပေး၊ လက်ပိုက်လျက် ဒူးချိတ်ထိုင်ရင်း ဖြေလေသည်။

"ဒါဆိုရင် မင်းအစွမ်းနဲ့Animeထဲက ငါကြိုက်တဲ့ကောင်မလေးပုံစံပြောင်းလိုက်။ အဲ့တာဆို ငါချစ်လို့ရပြီ"

"သေလိုက်..."

နတ်ဆိုးအ​ဖြေက မင်းခွန်မှိုင်းရင်ဝကို​ဆောင့်ကန်လိုက်သလို​အောင့်ခနဲပင်ဖြစ်သွားသည်။ ရိုင်းလိုက်သည့်နတ်ဆိုး။ မိဘတွေကဆုံးမမထားဘူးလားမသိ။ နတ်ဆိုးများတွင် မိဘရောရှိပါသည်လား။ သူတို့အားမည်သူမွေးသနည်း။ ကိုယ့်အတွေးနှင့်ကိုယ့် လုံးလည်ချာလည်ရိုက်နေမိပြန်သည်။ ထိုအချိန် နတ်ဆိုးသည် မင်းခွန်မှိုင်းအနားသို့ တိုးလာသဖြင့် အတွေးများကိုချက်ချင်းရပ်ပြီး ကုတင်ခေါင်းရင်းသို့ ပြေးကပ်လိုက်မိသည်။

"နှလုံးသားအမြုတေရဲ့ သဘောအရ မင်းကငါ့ကိုပဲချစ်ရမှာ။ နောက်ပြီး မင်းပြောသလိုအစွမ်းလည်း ငါ့မှာမရှိဘူး။ ရှိရင်လည်း လုပ်ပေးလို့မရဘူး။"

မင်းခွန်မှိုင်း၏စိတ်ဓာတ်များ အဝီစိအထိ ထိုးကျသွားလေသည်။ သည်နတ်ဆိုးကောင်ကို ချစ်ဖို့ကလွဲပြီး သူ့တွင်ရွေးချယ်စရာမရှိတော့ချေ။ စိတ်ညစ်သည်။ ညစ်သည်ထက်ကိုညစ်သည်။ အဲ့သည်ညစ်တာထက်ညစ်သည့်ဟာထက်ကိုပင် ပိုညစ်သေးသည်...။

"ငါမှချစ်လို့မရတာကွ။ စိတ်ညစ်လာပြီ..."

မင်းခွန်မှိုင်း ကိုယ့်မျက်နှာကိုလက်ဖြင့်အုပ်ပြီး ခေါင်းအောက်စိုက်ချရင်း ငိုပစ်ချင်စိတ်ပင် ပေါက်လာတော့သည်။ ထိုအချိန်တွင် တစ်ကြိမ်ရင်းနှီးဖူးသည့် လက်ချောင်းအေးအေးသည် သူ့မေးဖျားကို ထိ​တွေ့ကာ မျက်နှာအားမော့စေပြန်သည်။ နတ်ဆိုးနှင့်သူ အလွန်နီးကပ်နေပြီဖြစ်သည်။ နတ်ဆိုးသည် နှုတ်ခမ်းလေးတွန့်ရုံ တစ်ချက်ပြုံးလာသည်။

"ချစ်လို့ရပါတယ်။"

ထိုသို့ဆိုကာ သူ့မျက်နှာအနားသို့ ပိုတိုးကပ်လာသောကြောင့် ဆတ်ခနဲတွန့်သွားပြီး နတ်ဆိုးအားတွန်းထုတ်ပစ်လိုက်သည်။ ထို့နောက် ကုတင်ပေါ်တွင် စောင်ကြီးမကာ မတ်တပ်ရပ်ရင်း တံတွေးတစ်ချက် အတင်းမျိုချမိသည်။

"ငါ...ငါကဘယ်သူ့ကိုမှချစ်...ချစ်လို့မရဘူး"

"ဘာလို့လဲ..."

လေသံလျော့လျော့လေးဖြင့် ခေါင်းလေးစောင်းကာ မေးလာသည့် နတ်ဆိုးပုံစံက ကြောင်ပေါက်စနှယ်...။

"ငါ့မှာ...ငါ့မှာ HIVပိုးရှိလို့ကွာ။ Aကိုက်နေလို့ ..ဘယ်သူ့ကိုမှချစ်လို့မရဘူး"

နတ်ဆိုးသည် သူ့အားနားမလည်နိုင်စွာကြည့်နေသည်။ မင်းခွန်မှိုင်းကတော့ ကုတင်ပေါ်တွင် မတ်တပ်ကြီးကိုးယို့ကားယားဖြင့် သူ့ကိုယ်သူ အသေအလဲကာကွယ်နေလေသည်။ ပါးစပ်ထဲရှိရှိရာ အကုန်သာချပြောမိသည်အထိပင်။

"ဟုတ်တယ်။ ငါ့မှာ AIDSရော ၊ အီဗိုလာရော ၊ Aပိုး ၊ Bပိုး ၊ Cပိုး ၊ ပြီး​တော့...အစုံအစုံပဲကွာ...။ ငါမင်းကိုချစ်ရင် အဲ့တာတွေအကုန် မင်းဆီကူးမှာနော်။ ငါချစ်လိုက်တာနဲ့ အဲ့လူတွေဆီ အကုန်ကူးတာ..."

"ဒါဆို မင်းမိသားစုတွေရော အဲ့ရောဂါကူးခံရတာပေါ့..."

သေစမ်း မင်းခွန်မှိုင်းရေဟုသာ အော်လိုက်ချင်သည်။ ကိုယ့်ရှူးကိုယ်ပက်လေပြီ။

"ဟုတ်တယ်။ ငါကသူတို့ကိုချစ်တော့ သူတို့အကုန်လုံးမှာအဲ့ရောဂါရှိတယ်။ သူတို့က ငါ့မိသားစုမို့ ဘာမှမဖြစ်တာ ၊ တခြားအပြင်လူဆိုရင် ကူးတာနဲ့ တန်းသေတာ​နော်။ မင်းမကြောက်ဘူးလား"

နတ်ဆိုးသည် သူ့အား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေသည်။ နတ်ဆိုးသာ တကယ်လန့်ပြီး ပြေးလို့ကတော့ မင်းခွန်မှိုင်းတို့ နတ်ဆိုးနိုင်သူအဖြစ် ရာဇဝင်တွင်ရချေဦးမည်။

"ငါတကယ်ပြောနေတာနော်..."

ထပ်ဖြဲခြောက်လိုက်တော့ နတ်ဆိုးသည် မတ်တပ်ကောက်ရပ်ပြီး ကုတင်ပေါ်မှ သူ့အားမော့ကြည့်လာသည်။ ပြီးနောက် သက်ပြင်းလေးပင် ချလိုက်သေးသည်။ သူလက်လျှော့တော့မည်လား...။

"ရောဂါတွေကုန်ပြီလား မင်းခွန်မှိုင်း။ မင်းမွေးကတည်းက ငါကဘေးနားမှာရှိလာတာ။ မုသားတွေသုံးပြီး ငါ့ကိုလာမလှည့်ဖျားနဲ့။ အကယ်၍ မင်းမှာအဲ့ရောဂါတွေရှိရင်တောင် ငါကလူမဟုတ်လို့ ငါ့အပေါ်မသက်ရောက်ဘူး။"

မင်းခွန်မှိုင်းတို့ ခဲလေသမျှသဲရေကျသွားပြီး ကုတင်ပေါ်သာ ပစ်ထိုင်ချလိုက်တော့သည်။ သူကဘေးမှာအမြဲရှိနေခဲ့သည်တဲ့။ ဘာတတ်နိုင်ဦးမည်နည်း။

"မင်းကတကယ်ပဲငါ့အနားမှာအမြဲရှိနေတာလား..."

"အင်း"

နတ်ဆိုးကဖြေရင်းခေါင်းညိတ်သည်။

"ငါထမင်းစားရင်ရော.."

"အင်း"

"အိပ်ရင်ရော..."

"အင်း"

"အပြင်သွားရင်​ရော..."

"အင်း..."

"အိမ်သာတက်ရင်ရော..."

"အင်း.."

"နှာဘူးကောင်။ ငါအိမ်သာတက်တဲ့အထိတော့ မင်းမရှိသင့်ဘူး.."

မင်းခွန်မှိုင်းရှက်လွန်း၍ မျက်နှာများပင် ရဲတက်လာမိသည်။

"ယောင်သွားလို့ပါ။ မင်းအိမ်သာတက်တဲ့နေရာအထိတော့ ငါမလိုက်ပါဘူး။ အနံ့အသက်မှမကောင်းတာ"

ပထမ 'အင်း'ထက် ယခုစကားက သူ့အား ပိုထိခိုက်စေသည်။ အနံ့အသက်မှမကောင်းတာတဲ့။ မည်သူကရော အိမ်သာတက်လျှင် အနံ့အသက်ကောင်းနေနိုင်ပါသေးလဲ...။

"ဒါဆို ငါကမင်းကိုမဖြစ်မနေကို ချစ်ရမယ်ပေါ့..."

"၂၉ရက်ကျန်ပါသေးတယ်။ မင်းမှာအချိန်တွေရှိသေးတာပဲ။ စဉ်းစားပေါ့။ မင်းရွေးမယ့်လမ်းကို။ ငါ့ချစ်ဖို့ကြိုးစားမလား ၊ ဘဝအဆုံးခံမလားဆိုတာ...."

'ဂျလောက်'

တံခါးဖွင့်သံနှင့်အတူ သူနာပြုဆရာမရောက်လာချိန်တွင် သူပျောက်ကွယ်သွားပြန်သည်။ မင်းခွန်မှိုင်းလည်း စဉ်းစားရကျပ်ရပြီ။ လူတစ်ယောက်အား ချစ်ဖို့အတွက်ပင်မလွယ်သည်ကို ယခုကလူမဟုတ်သည့်နတ်ဆိုးတစ်ကောင်။ ထို့အပြင် သူနှင့်မိမိက အထီးချင်း။

ချစ်ဖို့ဖြစ်နိုင်ပါ့မည်လား....။

Thanks for Reading

Note

ဆက်အားပေးပါဦးနော်။ ကျေးဇူးပါ။❤

Zawgyi

စကားသံမ်ား ၊ ရယ္သံေမာသံမ်ားျဖင့္ျပည့္ေနသည့္ မင္းခြန္မႈိင္း၏လူနာခန္း။ ေဖႀကီးနွင့္ေမေမသည္ ေန႔ခင္းေန႔ဘက္နားရန္ အိမ္ျပန္သြားၾကေသာ္လည္း မျပန္ႏုိင္ေသးသည့္ သူငယ္ခ်င္းႏွစ္ေကာင္႐ွိေသးသည္။ ကိုသာကေတာ့ အလိုက္မသိသည့္ သေကာင့္သားႏွစ္ေယာက္အတြက္ ေန႔လယ္စာထြက္ဝယ္ေနေလသည္။

"ဒီရက္ပုိင္း အလုပ္ေတြဆက္တုိက္အပ္ေနၾကတာ ခြန္မႈိင္းရာ။ မင္းအက္ဆီးဒင့္ျဖစ္လို႔ ေဆးရံုတက္ေနရတယ္ဆုိၿပီး အက်ဳိးအေၾကာင္း​ကုိ ငါတုိ႔Pageမွာတင္လိုက္ေတာ့ မင္းကုိစိတ္ပူၾကတာဆုိတာေလ ၊ မသိရင္ မင္းက႐ုပ္႐ွင္မင္းသားက်ေနတာပဲ.."

ငစုိင္းသည္ မေက်မနပ္ျဖင့္ ထေျပာေလသည္။ သည္အလုပ္ကို သံုးေယာက္ပူးတြဲ စလုပ္ခဲ့သည္ဆုိေသာ္လည္း ေက်ာ္ႀကီးသည္ စတူဒီယုိအတြက္ပစၥည္းစုသမား၊ မိတ္ကပ္သမား၊ ငစုိင္းႏွင့္သူသာ cosplayerလုပ္ၾကသူမ်ားျဖစ္သည္။ ေက်ာ္ႀကီးကုိယ္တုိင္ကုိက Animeပစၥည္းစုျခင္းနွင့္ Cosplayမိတ္ကပ္ကုိသာ ဝါသနာပါသည္ဟုဆုိၿပီး ထုိတာဝန္ကုိယူထားျခင္းျဖစ္သည္။ က်န္သည့္ ငစုိင္းနွင့္မင္းခြန္မႈိင္း cosplayerႏွစ္ေယာက္ထဲတြင္မွ မင္းခြန္မႈိင္းသည္ ပုိ၍လူႀကိဳက္မ်ား ေရပန္းစားေလသည္။ အမွန္တကယ္ဆုိလ်ွင္ ငစိုင္းသည္ ခြန္မႈိင္းထက္စကားေျပာခ်ဳိသာသလို သေဘာလည္းေကာင္းသည္။ မင္းခြန္မႈိင္းကမူ မထင္လ်ွင္မထင္သလို ဘုနွင့္ေဘာက္ေျပာတတ္သူပင္။ သုိ႔ေသာ္ ထုိအခ်က္ကပင္ သူ၏ဆြဲေဆာင္မႈျဖစ္ေနခဲ့၏။

"ငါကေခ်ာေတာ့ေကာင္မေလးေတြ စုိးရိမ္တာ ဆန္းသလားကြ။ အိမ္း....႐ုပ္ေခ်ာေနရတာလည္း ခက္သား..."

မင္းခြန္မႈိင္းအေျပာေၾကာင့္ ငစုိင္းေရာေက်ာ္ႀကီးပါမ်က္ႏွာႀကီး ႐ႈံ႕မဲ့သြားၿပီး ခပ္ဟဟရယ္ေလသည္။

"မင္းဘယ္ေလာက္ေခ်ာေခ်ာ ကုိသာ့ကုိမမီပါဘူး"

ငစိုင္းသည္ ေနာက္ဆံုးေတာ့ ကုိသာ့ဘက္လွည့္လာေခ်ၿပီ။ သင္းကကိုသာ့အား ခ်ိန္ေနျခင္းျဖစ္သည္။ ​တကၠသုိလ္တက္ေနစဥ္ကတည္းက သူ​သည္ ေဂးတစ္ေယာက္ျဖစ္ေၾကာင္း သူတုိ႔အားဖြင့္ဟခဲ့သည္။ ကိုသာ​ကေတာ့ ငစုိင္းသည္ ေဂးတစ္ေယာက္မွန္းမသိေခ်။ ငစုိင္းသည္ သူတုိ႔အား သူေဂးျဖစ္ေၾကာင္း မဖြင့္ဟခင္ကတည္းကပင္ ကုိသာ့အားျမင္ၿပီး သေဘာက်ခဲ့ျခင္းျဖစ္သည္။ ယခုလည္း မင္းခြန္မႈိင္းအေၾကာင္းျပၿပီး လူနာလာၾကည့္တာလား ၊ ကုိသာ့ကုိ လာၾကည့္တာလားမသဲကြဲပါေလ။

"ငါနဲ႔ကိုသာကုိ ႐ုပ္ခ်င္းဆင္တယ္ဆုိၿပီး အိမ္နီးခ်င္းေတြကေတာင္ ေျပာ​ေနၾကတာ မင္းမသိဘူးမလား..."

ငစိုင္းက လ်ွာတစ္လ်စ္ထုတ္ၿပီး ႏွာေခါင္း႐ႈံ႕၏။

"ဘာမွမတူဘူး။ တစ္စက္ေလးေတာင္မတူဘူး။ ငါ့ကိုသာက မင္းထက္အရပ္ပိုရွည္တယ္။ အသားကလည္းေဖြးဥၿပီး မ်က္ႏွာေလးက Yuri On Iceထဲက Victorနဲ႔ေတာင္တူေသး။ အာ....ငါေျပာရင္းအသည္းေတြယားလာၿပီ..."

ငါ့ကိုသာဟူေသာ အသံုးအနႈန္းမွာ အျမင္ကပ္ဖြယ္အတိ။ အျမင္ကပ္ကပ္ျဖင့္ ေစာင္ထဲမွေျခေထာက္ထြက္ကာ သင္းအားလွမ္းကန္လိုက္သည္။ အေၾကာင္းသိေနၿပီျဖစ္သည့္ ငစုိင္းကလည္းေ႐ွာင္လင္သံုးၿပီး ကုိယ့္ကုိယ္ကုိယ္ကာကြယ္လိုက္ရသည္။

"မင္း တျခားသူႀကိဳက္ခ်င္ႀကိဳက္ကြာ။ ငါ့အစ္ကိုကုိေတာ့ မထိနဲ႔။ မဟုတ္ရင္ ငါမင္းကုိသတ္မွာ။"

"ဟိတ္ေကာင္....မင္းက ကပ္ေစးနည္းလွခ်ည္လား။"

"ကပ္ေစးနည္းတာမဟုတ္ဘူး။ မင္းမုိ႔လို႔ကို မေပးခ်င္တာကြာ။ ႐ွင္းလား။ ေက်ာ္ႀကီး... မင္းေကာင္မင္းထိန္းဦး..."

ေဘးနားတြင္ ထုိင္ရယ္ေနသည့္ေက်ာ္ႀကီး (ေခၚ) ေက်ာ္ထြဋ္အ​ား တာဝန္ေပးလိုက္သည္။

"ငါ့ေကာင္လို႔ လာမေျပာနဲ႔။ ငါက မင္းတုိ႔လို မဟုတ္ဘူး။ ေကာင္မေလး႐ွိတယ္ Faေကာင္ေတြရဲ႕...."

ဤတစ္ႀကိမ္ေတာ့ မင္းခြန္မႈိင္းေရာ ငစုိင္းပါ ေျပာစရာစကားမ်ား ဆြံ႔အသြားေလသည္။ အ႐ႈိက္တည့္တည့္ထိသြားသည္ မဟုတ္ပါလား။ သင္းက ရည္းစား႐ွိသည္ဆုိၿပီး ေျမာက္ႂကြႂကြႏုိင္ေနျခင္းျဖစ္သည္။ ရည္းစားအေၾကာင္းေတြးကာမွ ဟုိနတ္ဆုိးေကာင္အား သြားသတိရမိသည္။ မေန႔ညက ခဏေပၚလာၿပီး ကုိသာ​ျပန္ေရာက္လာ​ေသာအခါ ျပန္ေပ်ာက္သြားေပမဲ့ 'သူ႔ကိုခ်စ္ဖုိ႔ႀကိဳးစား'ဆုိၿပီး ေျပာသြားေသး၏။ ုထုိအေၾကာင္းကို ငစိုင္းတုိ႔ႏွင့္ တုိင္ပင္ၾကည့္လ်ွင္ေကာင္းမည္လား စဥ္းစားမိသည္။

"ငစုိင္းနဲ​့​ေက်ာ္ႀကီး....ငါေမးစရာ႐ွိလို႔..."

ငစုိင္းက ေမးဆတ္ျပေလသည္။ ေက်ာ္ႀကီးကေတာ့ ၿငိမ္လ်က္သားပင္။

"မင္းတုိ႔ေတြ နတ္ဆုိးေတြဘာေတြ႐ွိတယ္ဆုိတာ ယံုလား။"

ငစုိင္းက မ်က္ေမွာင္အနည္းငယ္ၾကဳတ္လ်က္ သူ႔အားစုိက္ၾကည့္လာသည္။

"မင္းကအဲ့တာေတြယံုလို႔လား...."

"အင္း...ယံုတယ္လည္းမဟုတ္ပါဘူး။ ေမးၾကည့္တာပါ..."

မင္းခြန္မႈိင္းေျပာဖုိ႔အခြင့္မသာေသးေပ။ ယခုခ်ိန္မွာသာ သူျဖစ္ေနတာေတြကုိ ေျပာျပလိုက္လ်ွင္ ေခါင္းထိၿပီး ပလပ္ကြၽတ္သြားသည္ထင္ကာ စိတ္က်န္းမာေရးေဆးရံုသုိ႔ ကူးေျပာင္းရေပလိမ့္မည္။ သူအေတြးမ်ားေနစဥ္ ေက်ာ္ႀကီးက ဝင္ေျပာလာသည္။

"ငါ့မွာ ငါ့ထက္၅ႏွစ္ေလာက္ႀကီးတဲ့ အစ္ကုိဝမ္းကြဲ႐ွိတယ္။ သူကမႏၱ​ေလးမွာ​ေနတာ။ သူလည္းအဲ့ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားတယ္ကြ။ သူကတကယ္႐ွိတယ္လို႔ကို တပ္အပ္ေျပာဖူးတယ္။ မင္းစိတ္ဝင္စားရင္ ငါေမးေပးမယ္ေလ..."

"ေအးကြာ...။ ငါနည္းနည္းစိတ္ဝင္စားမိလို႔ပါ။ ျဖစ္ႏုိင္ရင္ နည္းနည္းေမးၾကည့္ၾကည့္ပါလား..."

ေက်ာ္ႀကီးအစ္ကုိသာ သည္အေၾကာင္းမ်ားကုိ သိေလာက္မည္ဆုိလ်ွင္ သူ႔အတြက္လမ္းစတစ္ခုေလာက္ေတာ့ ေတြ႔မည္ဟု ယူဆမိသည္။ ဟုိနတ္ဆုိးေကာင္လက္ထဲမွ မရရသည့္နည္းျဖင့္ လြတ္ဖုိ႔ႀကိဳးစားရမည္။ ဘယ္ႏွယ့္...အသက္႐ွင္ဖုိ႔ သင္းအားခ်စ္ရမည္တဲ့။ ေပါက္ကရႏုိင္လြန္းသည္။ ထုိနတ္ဆုိးမွာ ေဂးနွာဘူးနတ္ဆုိးျဖစ္မည္။ နတ္ဆုိးမေလးဆုိလ်ွင္ေတာင္ ျဖစ္ႏုိင္ပါေသးသည္။ ယခုက် သင္းကအထီးႀကီးမဟုတ္လား။ သည္ကေကာင္က အေျဖာင့္ ၊ ေယာက္်ားခ်င္း နည္းနည္းမ်ွစိတ္ဝင္စားသည္မဟုတ္။ ထုိကဲ့သုိ႔ကိစၥမ်ားကို သူငယ္ခ်င္းေၾကာင့္ လက္ခံေပးႏုိင္ေပမဲ့ ကုိယ္တုိင္ကေတာ့နည္းနည္းမွ စိတ္မဝင္စားသလို ႀကိဳက္သည္မဟုတ္။

"ေဟာ...ကိုသာျပန္လာၿပီ...."

ကုိသာျပန္ေရာက္လာသည္ကုိ ဝမ္းသာအားရေျပးႀကိဳသူကား ငစုိင္းေပသာ။ ေတာ္ေတာ္ကဲသည့္အေကာင္။ ေနမေကာင္းေသး၍သာ မင္းခြန္မႈိင္းထုိင္ၾကည့္ေနျခင္းျဖစ္သည္။ ေနသာေကာင္းလ်ွင္ သင္းအားလွိမ့္ကန္ပစ္မိမည္မွာ ေသခ်ာသည္။ ယခုေတာ့ အေတြးျဖင့္သာ ကန္ထားေသး၏။

ကုိသာသည္ သူဝယ္လာသည့္မုန္႔မ်ားကုိ စားပြဲေပၚတင္ရင္း သူ႔အက်င့္အတုိင္း မင္းခြန္မႈိင္းဦး​ေခါင္း​ေလးကုိ ခပ္ဖြဖြလာပုတ္သည္။

"ကုိသာ့ကုိ အလုပ္ကဖုန္းဆက္လို႔ သြားလိုက္ဦးမယ္​ေနာ္ ညီမႈိင္း။ ေန႔လယ္စာစားၿပီး ေဆးေသာက္ထားလိုက္။ ကုိသာ ညေနျပန္လာခဲ့မယ္။ မနက္ျဖန္ေဆးရံုကဆင္းမွာဆုိေတာ့ ပစၥည္းေတြသိမ္းရမယ္။"

"ဟုတ္ ကုိသာ။ ေအးေဆးသြား။ ကြၽန္ေတာ့္ကိုစိတ္ခ်"

ကုိသာသည္ ခပ္ျပံဳးျပံဳးျဖင့္ သူငယ္ခ်င္းေကာင္းႏွစ္ေယာက္ဘက္ လွည့္သြားေလသည္။

"ငါ့ညီတုိ႔လည္း စားၿပီးမွျပန္၊ ကုိသာအမ်ားႀကီးဝယ္လာတာ။ အခုေတာ့ သြားလိုက္ဦးမယ္။"

ကုိသာထြက္သြားသည့္ေနာက္ ငစုိင္းဆုိသည့္အေကာင္ ရြစိစိျဖင့္က်န္ေနခဲ့သည္။

"အား....ငါမနာလိုလိုက္တာကြာ။ ကုိသာ့ ညီျဖစ္တာ မင္းကံေကာင္းလိုက္တာ...."

ငစုိင္းစကားကုိ မင္းခြန္မႈိင္းက ဂုဏ္ယူပံုျဖင့္ ခပ္ေျမာက္ေျမာက္ထလုပ္ေလသည္။ ကုိသာ့လိုအစ္ကို႐ွိျခင္းသည္ ကံေကာင္းျခင္းမွန္း သည္ကေကာင္ အသိဆံုးျဖစ္ပါသည္ေလ။ ထုိ႔ေၾကာင့္လည္း မည့္သူ႔မွမေပးခ်င္ျခင္းျဖစ္၏။

"ေလာေလာဆယ္ ဗုိက္ဆာေနၿပီ။ စားၾကရေအာင္။"

ကုိသာဝယ္လာေပးေသာ ေၾကးအုိးဆီခ်က္ကို သံုးေယာက္သား အားပါးတရစားၿပီးေနာက္ လိေမၼာ္သီးစားကာ အခ်ဳိတည္းၾကသည္။

"ကုိသာဝယ္လာလို႔လားမသိဘူး။ လိေမၼာ္သီးေလးက ခ်ဳိလိုက္တာကြာ...။ အခြံေတြ​ေတာင္စားပစ္ခ်င္တယ္"

အခ်ဳိးမေျပသည့္ ငစုိင္းပါးစပ္ထဲသုိ႔ ေဘးနား၌စုခ်ထားေသာ လိေမၼာ္သီးခြံမ်ား ထုိးထည့္ေပးလိုက္သည္။

"စားစမ္း အဲ့မွာ... ကုိသာဝယ္လာတာ"

"ထြီ..."

ငစုိင္းသည္ လိေမၼာ္ခြံမ်ားကုိေထြးထုတ္ရင္း မခ်ဳိမခ်ဥ္ျဖင့္ သူ႔အားၾကည့္လာေလသည္။

"မင္းခြန္မႈိင္း...၊ မင္းကုိအဲ့တာေၾကာင့္ ကုိသာနဲ႔မတူဘူးေျပာတာ။ ကုိသာက သေဘာေကာင္းသေလာက္ မင္းကအက်င့္ပုတ္။ ႐ုပ္ကေလးေခ်ာခ်င္ရက္နဲ႔ အက်င့္ပုတ္ေတာ့ ၾကည့္ရဆုိးေနတာ..."

မင္းခြန္မႈိင္းသည္ ဂ႐ုမစုိက္ဘဲ လ်ွာသာထုတ္ျပၿပီး ေျပာင္လိုက္သည္။ စားေသာက္၍ၿပီးစီးသည့္ေနာက္ ႏွစ္ေကာင္သား စတူဒီယုိသုိ႔ျပန္သြားၾကေလသည္။ မင္းခြန္မိႈင္းတစ္ေယာက္သာ အခန္းတြင္း၌က်န္ေနခဲ့တာေၾကာင့္ အနည္းငယ္လန္႔မိသလို ခံစားရသည္။ ဟုိနတ္ဆုိးေကာင္သည္ မည့္သည့္အခ်ိန္၌ ေပၚလာဦးမည္လဲမသိႏုိင္။

"စဥ္းစားၿပီးၿပီလား.... "

"ဝက္သားဖတ္"

ကုတင္ေဘး၌ ေျခ​ေထာက္တစ္ဖက္ခ်ိတ္ထုိင္ကာ စာအုပ္တစ္အုပ္ကုိဖြင့္လ်က္သား ကုိင္ထားရင္း ႐ုတ္တရက္ေပၚလာ၍ စကားထေျပာလိုက္သည့္ နတ္ဆုိးေၾကာင့္ မင္းခြန္မႈိင္း ေယာင္ယမ္းဆဲမိ၏။ ထုိ႔ေနာက္ ကုိယ့္ရင္ဘတ္ေလးကုိယ္ဖိလ်က္ လန္႔ေအာင္လာလုပ္သည့္ နတ္ဆုိးအား မ်က္ေစာင္းခဲလိုက္သည္။

"အသံေလးဘာေလးေပးၿပီးမွ ေရာက္လာရင္ေသမွာမုိ႔လို႔လား..."

နတ္ဆုိးသည္ သူ႔လက္ထဲမွစာအုပ္အမည္းေလးကုိ ေကာက္ပိတ္လ်က္ ေပါင္ေပၚတင္သည္။ ထုိ႔ေနာက္ စာအုပ္ေပၚ တံေတာင္တင္၊ ေမးေထာက္ရင္း မင္းခြန္မႈိင္းအားၾကည့္လာေလသည္။

"အခု​ေရာအသံမ​ေပးလို႔လား..."

"အဲ့လိုေျပာတာမဟုတ္ဘူး။ ႐ုတ္တရက္ႀကီး ေပၚမလာဖုိ႔ေျပာတာ။"

မင္းခြန္မႈိင္းစိတ္မ႐ွည္စြာျဖင့္ ေျပာလိုက္မိသည္။ စစေတြ႔ခ်ိန္ကခဏေလာက္ပင္ နတ္ဆုိးအားရွိန္ၿပီးလန္႔ေပမဲ့ ယခုေတာ့

You are reading the story above: TeenFic.Net