Part 43
Background color
Font
Font size
Line height
Unicode
'ဒေါက် ဒေါက်'
"ညီမှိုင်း...ကိုသာဝင်ခဲ့မယ်နော်"
တံခါးခေါက်သံနှင့်အတူ ကိုသာ့အသံထွက်ပေါ်လာတော့ မင်းခွန်မှိုင်း အဝတ်အစားလဲရင်းတန်းလန်းဖြင့် ကိုသာဝင်လာရန်ပြောလိုက်သည်။ ကိုသာသည် တံခါးကိုငြင်သာစွာဖွင့်ကာ အခန်းတွင်းဝင်လာပြီး ခုတင်ပေါ်၌ ငြိမ့်ငြိမ့်လေးထိုင်လိုက်သည်။
"ကိုသာ ပြောစရာရှိလို့လား"
မင်းခွန်မှိုင်းကအလိုက်တသိမေးတော့ ကိုသာသည် နည်းနည်းအကြပ်ရိုက်နေဟန်ဖြင့် မေးစရာရှိသည်ကိုမမေးဘဲ မေးခွန်းလွှဲမေးလေသည်။
"ညီမှိုင်းသူငယ်ချင်း ဘယ်အချိန်ကပြန်သွားတာလဲ၊ မနက်ကမတွေ့လိုက်ရဘူး၊ ဒဏ်ရာတွေရော သက်သာရဲ့လား"
"ကျွန်တော်လည်း သူဘယ်အချိန်ပြန်သွားလဲ မသိလိုက်ဘူး"
Kiteကိုမျက်စိရှေ့တည့်တည့်ထားပြီး ထိုစကားပြောရသည်ကမလွယ်။ ကိုသာ့အား ပေါ်တင်ကြီးလိမ်နေရသည်မဟုတ်လား။
"သူ့ဒဏ်ရာတွေက ဘယ်လိုရလာတာလဲရော ညီမှိုင်းကို ပြောပြသွားသေးလား၊ ဒဏ်ရာက တော်တော်များတယ်နော်"
မင်းခွန်မှိုင်း ညအိပ်လိမ်းသောခရင်မ်ကို မျက်နှာ၌တို့ပြီး ကိုသာ့ဘေး၌သက်ပြင်းတိုတိုချရင်း ဆောင့်ထိုင်လိုက်သည်။
"ကိုသာ အဲ့ကိစ္စပြောဖို့လာတာ မဟုတ်ဘူးမလား၊ ပြောမယ့်ဟာကိုသာပြောစမ်းပါ"
Kiteအကြောင်းဆက်မပြောချင်သည်က တစ်ကြောင်း၊ ကိုသာ့ကို အားမရတာရယ်ကတစ်ကြောင်းကြောင့် တည့်တည့်ပင်မေးချလိုက်တော့သည်။
"စိုင်း ဒီနေ့အလုပ်လာလား၊ သူအဆင်ပြေရဲ့လား"
မင်းခွန်မှိုင်း မျက်နှာလိမ်းခရင်မ်များကို ခပ်ကြမ်းကြမ်းပွတ်လိမ်းလိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ သူ့အစ်ကိုသည် ငစိုင်းကိုတော့ တစ်ချိန်လုံးဂရုစိုက်​နေပြီး သူ့အားဂရုမစိုက်သလို ခံစားရသောကြောင့် မကျေမနပ်ဖြစ်သွားမိသည်။ မင်းခွန်မှိုင်းသည် မင်းခွန်မှိုင်းပေမို့ သည်စိတ်ကတော့ ဖျောက်၍ရဦးမည်မဟုတ်။
"ညီမှိုင်း...ဘာလို့မဖြေတာလဲ"
စူအောင့်အောင့်ဖြင့် မျက်နှာကြီးမဲ့နေသော မင်းခွန်မှိုင်းမျက်နှာကို ကိုသာသတိထားမိသွားပြီး ဆက်မမေးသေးဘဲရပ်လိုက်ရသည်။ မောင်အူတိုလေး ကောက်ချေပါပြီ။
"ညီမှိုင်းလိမ်းထားတာ မနှံ့သေးဘူးပဲ၊ ဒီဘက်လှည့်၊ ကိုသာနှံ့အောင် လုပ်ပေးဦးမယ်"
မိမိအားပခုံးမှဆွဲလှည့်သောကိုသာ့လက်ကို မင်းခွန်မှိုင်းဖယ်ချလိုက်ပြီး မကျေမနပ်ကြည့်ပစ်လိုက်သည်။
"သွား သွား...ငစိုင်းကိုပဲ သွားလိမ်းပေးလိုက်၊ ကျွန်တော့်ကို လာမလုပ်ပေးနဲ့၊ တွဲနေတာမဟုတ်ဘဲနဲ့တောင် ဒီလောက်ဖြစ်နေတာ၊ တွဲများတွဲဖြစ်လို့ကတော့ မင်းခွန်မှိုင်းကို ရှိတယ်တောင်ထင်မှာ မဟုတ်ဘူး"
"အဲ့လိုမဟုတ်ပါဘူး ညီမှိုင်းရယ်၊ ကိုသာ ညီမှိုင်းကို ဘယ်တုန်းက ပစ်ထားဖူးလို့လဲ၊ မနေ့ကပဲ ဝက်သားတုတ်ထိုးလည်း ဝယ်ကျွေးထားတယ်လေ"
"အဲ့တာ မနေ့ကလေ၊ ဒီနေ့ကျ ဘာဖြစ်မှန်းမသိ၊ နှုတ်ဆက်ဖို့နေနေသာသာ မနက်စာတောင်မစားဘဲ မှုန်သုန်သုန်နဲ့ထွက်သွားတာ၊ အခုလည်း ကျွန်တော့်အခန်းထဲလာပြီး သူများအကြောင်းချည်းမေးနေတာ၊ တော်တော်လေး ရည်းစားပူမိနေတာပေါ့ ဟုတ်လား"
"ဪ...ခက်ပါပြီကော ညီမှိုင်းရယ်၊ ကဲကဲ ပြော၊ ညီမှိုင်း ဘာဖြစ်ချင်လဲ၊ ကိုသာလုပ်ပေးမယ်"
မင်းခွန်မှိုင်းမျက်နှာမဲ့တဲ့တဲ့ဖြစ်သွားပြန်သည်။ သူယခုဝန်တိုနေမိသောငစိုင်းသည် မကြာခင် သူတို့အားစွန့်ခွာသွားတော့မည်။ ငစိုင်းအား တားနိုင်မည့်သူတစ်ယောက်လောက် ရှိလျှင်ကောင်းမည်။ သူသည် မကြာခင်သေဆုံးရတော့မည်ကိုသိနေသော်လည်း ငစိုင်းအား သူတို့စတူဒီယိုနေရာလေးမှ ထွက်မသွားစေလို။ သူမရှိလည်း အရာအားလုံးကို ပုံမှန်အတိုင်းဆက်ရှိနေစေချင်သည်။ သူတို့တူတူတည်ထောင်ခဲ့သောနေရာလေးသည် မင်းခွန်မှိုင်းရော၊ ငစိုင်းပါမရှိတော့လျှင် ကျော်ကြီးလည်း ကြာကြာဆက်နေမည်မဟုတ်။ သူ့ဘဝတက်လမ်း၊ သူ့အလုပ်အကိုင်အတွက်သူရွေးချယ်သွားပေလိမ့်မည်။ သူတို့တတွေ တစ်သက်လုံးထာဝရ ဝေးကွာသွားကြရလိမ့်မည်။
"ငစိုင်းကို တားပေးပါ"
"ဟင်"
ကိုသာ မင်းခွန်မှိုင်းစကားကို နားမလည်ဖြစ်သွားသည်။ ညီဖြစ်သူက အဘယ်ကို တားစေချင်ပါသနည်း။ မင်းခွန်မှိုင်း ကိုသာ့အား တောင်းဆိုသောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
"ငစိုင်းက ဒီကထွက်သွားတော့မှာတဲ့ ကိုသာရဲ့၊ ဒီအကြောင်းကို ကိုသာ့ကိုမပြောဖို့ သူမှာတယ်၊ ဒါပေမဲ့ ပြောမှဖြစ်မယ်ကိုသာ"
မင်းခွန်မှိုင်း ဖြစ်ကြောင်းကုန်စင်အားလုံးကို ပြောပြလိုက်တော့သည်။ ငစိုင်းသည် သူ့အားလုံးလုံးစိတ်ပြတ်သွားပြီလားဟု မေးခွန်းထုတ်နေခဲ့မိသောကိုသာပင် ထိုကိစ္စကြောင့် ရင်ထဲတင်းကြပ်စို့နင့်သွားမိသည်။ ငစိုင်းသည် သူထင်သလိုမဟုတ်ဘဲ၊ သူ့အားသံယောဇဉ်ပြတ်သွားတာမဟုတ်ဘဲ သူ့အတွက် သည်မြို့ကနေထွက်သွားတော့မည်သာဖြစ်သည်။
"ကိုသာ ဘာလုပ်ရမလဲ ညီမှိုင်းရယ်၊ ကိုသာ စိုင်းအပေါ်မှာထားတဲ့ခံစားချက်က တကယ်စစ်မှန်ပါတယ်ကွာ"
"သူ့ကို ကိုသာကသနားလို့ချစ်ပေးတယ် ထင်နေတာ"
"ကိုသာ စိုင်းကိုကရုဏာသက်မိတာမှန်ပါတယ်၊ ဒါပေမဲ့ ဘယ်လိုလူကများ ကိုယ်မချစ်တဲ့လူတစ်ယောက်အပေါ် ကရုဏာတွေလျှံထွက်နေလို့လဲ၊ သနားချစ်ချစ်တာမဟုတ်ရပါဘူးကွာ၊ လူတစ်ယောက်ဟာလူတစ်ယောက်ကိုချစ်မိရင် ဒီလိုပဲ၊ သူ့ကိုကာကွယ်ပေးချင်တယ်၊ အရာရာမှာကိုယ့်ကိုအားကိုးစေချင်တယ်၊ သူ့အားနည်းချက်လေးတွေကိုဖေးမလက်ခံပေးချင်တယ်၊ ဒါကို စိုင်းက..."
"မသိဘူးဗျာ၊ အခု ငစိုင်းကမကြာခင်ထွက်သွားတော့မှာ၊ ကိုသာ တားပေး၊ မရရအောင်တားပေး"
မင်းခွန်မှိုင်း၏ဂျီတိုက်မှုကြောင့်မဟုတ်ဘဲ ကိုသာအမှန်တကယ်ပင် စိတ်ထဲလေးလံသွားရသည်။ သံယောဇဉ်ကြိုးဆိုသည်က ဝေးဝေးကိုဆွဲလိုက်ရုံနှင့် ပြတ်ထွက်မသွားနိုင်။ ကြိုးကိုင်သည့်လူက ဖြတ်တောက်မှရသည့်အမျိုးဖြစ်သည်။ စိုင်းကကြိုးဖြတ်သူမဟုတ်ဘဲ သည်အတိုင်း ခပ်ဝေးဝေးဆွဲပြေးနေခြင်းသာဖြစ်သည်။ သို့ပေမဲ့ ပြေးခွင့်ပေးလိုက်လျှင် အချိန်ဆေးဆရာကုစားမှုနှင့် ကြိုးကိုသူလွှတ်ချသွားနိုင်လိမ့်မည်။ ကိုသာ ဤသည်ကိုလုံးဝခွင့်မပြုနိုင်။ စိုင်းအား သူ့အနား၌ပင် ရှိစေလိုပါသည်။ မျက်ဝန်းငယ်လေးအား ကြင်နာစွာငေးစိုက်လိုပါသေးသည်။
"မင်းသူငယ်ချင်းထွက်သွားမှာ ဒီလောက်ကြောက်လား၊ ငါ့ကိုတော့ မင်းကဆက်တိုက်ပဲ နှင်ထုတ်နေခဲ့တာနော်"
ကိုသာထွက်သွားပြီးနောက် မင်းခွန်မှိုင်းထိုင်ငိုင်နေစဉ် Kiteထံမှထွက်လာသောစကားဖြစ်၏။ မင်းခွန်မှိုင်း Kiteအားဆတ်ခနဲလှည့်ကြည့်လိုက်သည်။ Kiteအားစိတ်ဆိုးနေသည်ဆိုကာမှ သူကစကားနာလာထိုးတော့ ပိုပြီးစိတ်တိုမိသွားသည်။
"သူကငါ့သူငယ်ချင်းလေ၊ မင်းနဲ့ငါကဘာမို့လို့လဲ၊ မဖြစ်မနေပတ်သက်နေရတဲ့ ဆက်နွယ်မှုတစ်ခုပဲ မဟုတ်ဘူးလား"
Kiteမျက်ဝန်းတွင် စိမ်းပြာရောင်တစ်ချက်လဲ့သွားသည်။ ဤမျက်ဝန်းအဓိပ္ပါယ်အား မင်းခွန်မှိုင်းသိနေခဲ့ပြီဖြစ်သည်။ ဝမ်းနည်းခြင်းနှင့်မျက်ရည်တို့အား စိမ်းပြာရောင်ဖြင့် ကိုယ်စားပြုသည်။ နတ်ဆိုးတို့တွင် ခံစားချက်ကိုဖော်ပြနိုင်သောမျက်ရည်ဟူ၍မရှိခဲ့။ ဝမ်းနည်းစိတ်ညစ်၍အော်ဟစ်ငိုကြွေးပြီး စိတ်လက်ပေါ့ပါးစေသောအရာသည် နတ်ဆိုးတို့နှင့်မသက်ဆိုင်။ စွဲလမ်းမှုကြောင့်ဖြစ်တည်လာသောနတ်ဆိုးတို့အား စိတ်ဖြေဖျောက်ရာမျက်ရည်တို့ကို ပေးသနားခဲ့သူမရှိခဲ့။ မျက်ရည်တို့ကိုယ်စား စိမ်းပြာရောင်မျက်ဝန်းလေးကိုသာ သနားသဖြင့်ရရှိခဲ့ကြသည်။
"မင်းနဲ့ငါမတူတဲ့ကံကြမ္မာကို လျှောက်ရမယ်ဆိုရင် မင်းကျေနပ်မလား"
မင်းခွန်မှိုင်းငြိမ်သက်နေသည်။ Kiteမျက်တောင်ကို အလေးပင်ဆုံးခတ်သည်။ နာနာကျင်ကျင်တစ်ချက်ပြုံးသည်။ တချို့သော ကံကြမ္မာများသည် မဆုံစည်းခဲ့လျှင်အကောင်းဆုံးဖြစ်သည်။ သူ့စိတ်ပြတ်သားသွားချိန်တွင် လက်မှလက်စွပ်ကလေးရှိ ကံကြမ္မာလှည်းဘီးပုံလေးသည် ပိုမိုပေါ်လွင်ထင်ရှားသွားသည်။
"ငါ့ကိုခဏလောက်ပဲဖြစ်ဖြစ် မင်းဘေးမှာပေးနေပါ၊ သုံးဆယ့်တစ်ရက်ပြည့်ဖို့ ရက်အနည်းငယ်ပဲလိုတော့တာလေ၊ သုံးဆယ်တစ်ရက်နေ့မြောက်တဲ့မနက်ခင်းမှာ ငါမင်းကိုအရေးကြီးကိစ္စတစ်ခုပြောမယ်၊ အဲ့အချိန်ကျရင်တော့ မင်းငါပြောတာကို နား​ထောင်​ပေးပါ။ ယုံကြည်ပေးပါ၊ အဲ့နေ့မရောက်ခင်ထိ ငါနှုတ်ဆိတ်နေပါ့မယ်၊ ငါ့စကားကို တစ်ရက်ပဲနားထောင်ပေးပါ"
Kiteမျက်ဝန်းစိမ်းပြာပြာတို့အား မင်းခွန်မှိုင်းရင်မဆိုင်ဝံ့တော့ချေ။ သူခေါင်းကိုသာငုံ့ထားသည်။ နောက်ပြီး ငိုချင်သည်။ သူ့အတွက် Kiteကဘယ်လိုအနစ်နာခံမှုတွေ ထပ်လုပ်လာပြန်ပြီလဲဟု တွေးပူမထသည်။
သူထိုအရာများကို ထပ်မလိုချင်တော့ချေ။ Kiteထိခိုက်ပြီးမှရလာမည့်အရာများကို သူလက်မခံနိုင်တော့ပါလေ။
"မင်းဘာလို့ ငါ့ကိုဒီလောက်ထိလုပ်ပေးနေရတာလဲ"
ရင်နာနာဖြင့်မေးမိသည်။ 'မင်းကိုချစ်လို့'ဆိုသည့် အဖြေစကားကို သူမျှော်လင့်သည်။ Kiteသူ့ကိုဘယ်လောက်ချစ်ကြောင်း လွင်ပြင်နတ်ဆိုးပြောမှသိခဲ့ရသည်။ Kiteနှုတ်ကတော့ တည်တည်တံ့တံ့တစ်ခါမှ မဖွင့်ဟခဲ့။ သူ သည်စကားကိုကြားချင်သည်။ ဘာကြောင့်ကြားချင်လဲဟုမေးလျှင်လည်း ဖြေစရာမရှိ။ အနည်းဆုံးတော့ Kiteပြောသည်ကို ကြားချင်သည်။
Kiteလုံးဝနှုတ်ဆိတ်သွားသည်။ သူ့ကိုသာ အရောင်ဖျော့မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသည်။ မင်းခွန်မှိုင်း တစ်ချိန်လုံးစိတ်တိုနေခဲ့သည့်အရာကို သူ့ဘာသာမြင်လာသည်။ Kite၏အနွံတာခံပေးဆပ်မှုတို့အပြင် ဤသို့သောနှုတ်ဆိတ်မှုကြောင့်လည်းပါသည်။ အကယ်၍ Kiteဘက်ကသာ ဖွင့်ပြောခဲ့ပါမူ၊ သူတို့၌သာ အတိတ်ဆိုးတွေမရှိဘဲ Kiteပြောခဲ့သလိုမျိုးလေးပဲ အရာရာဟာရှိနေခဲ့ပါမူ၊ သူ့အဖြေသည်....။
"ငါမင်းကို အဲ့လိုတွေကြောင့် မုန်းတာ"
Kiteပခုံးကိုဆောင့်တွန်းပစ်လိုက်မိသည်။ နောက်ပြီး အောက်ထပ်သို့ဆင်းကာ အခန်းပိုလေးထဲမှ ဖုန်ထနေသောအိပ်ရာတွင် မျက်နှာအပ်လျက်အော်ထုတ်ရင်း မွေ့ရာကိုလက်သီးဖြင့် ထိုးကာသူ့စိတ်တို့ကိုဖြေလျှော့ပစ်လိုက်သည်။ သို့သော်လည်း စိတ်ဖြေ၍မရနိုင်ခဲ့။ သူတို့နှစ်ယောက်မှာမှ အဘယ်ကြောင့်သည်လိုမျိုး ကြုံရပါသနည်း။ အခြားပုံစံဖြင့်တွေ့ခဲ့လျှင် သိပ်ကောင်းမည်။
ဆိုးရွားလွန်းသော ကံကြမ္မာအပေါ်အပြစ်တင်ရမည်လား၊ မဖိတ်ခေါ်ဘဲရောက်လာခဲ့သည့် Kiteကိုပင် အပြစ်တင်ရတော့မည်လား။
"မင်းငါ့ဘဝထဲကို ရောက်မလာခဲ့သင့်ဘူး"
အခန်းတံခါးကိုမှီရင်း မင်းခွန်မှိုင်းရေရွတ်ခဲ့သည်။
"ငါမင်းဘဝထဲကို ရောက်မလာခဲ့သင့်ဘူး"
ကျန်တံခါးဘက်ခြမ်းမှလည်း Kite၏တိုးတိတ်သောရေရွတ်သံ။
************************************
"ဒါဆို သဘက်ခါပဲ အလုပ်ကစမှာပေါ့"
"ဟုတ်တယ်၊ ဒီတစ်ပတ်အတွင်းပဲ မင်းနဲ့ဓာတ်ပုံအပြီးရိုက်ပြီး ဂျပန်ကိုခရီးဆက်ရမှာ၊ မင်းလည်းလိုက်ရမှာ၊ cosplayပွဲကြီးတစ်ခုကို မင်းတက်ရမှာ"
ငစိုင်းတစ်ချိန်လုံးတောင့်တလာခဲ့သည့်အရာသည် သူ့ရှေ့ရောက်လာခဲ့ပေမဲ့ သူပျော်ရွှင်မနေပါလေ။ နည်းနည်းလေးပင်မပြုံးနိုင်ပါလေ။ သူ့ဘေးတွင် သူ့သူငယ်ချင်းများမရှိတော့သလို ကိုသာ့အဝေးသို့ သူသွားရတော့မည်။
"မင်းခွန်မှိုင်းသာပါရင် ပိုကောင်းမှာကွာ၊ သူကကိုယ်နဲ့အလုပ်တွဲမလုပ်ချင်လို့သာရယ်"
ငစိုင်း အင်အားချည့်နဲ့စွာပြုံးလိုက်သည်။ မင်းခွန်မှိုင်းက အဲ့သည်လိုပြတ်သားသည့်လူစား။
"စိတ်မရှိပါနဲ့"
ရင်းနှီးသောအသံဖြင့် ငစိုင်းနှင့်ကိုဘုန်းကျော်စွာတို့ဆီ ရောက်လာသူကကိုသာပင်။
"ကိုသာ..."
ငစိုင်းအံ့အားသင့်စွာရေရွတ်နေစဉ် ကိုသာသညာ ကိုဘုန်းကျော်စွာထံ၌ သူ့အားခဏခေါ်သွားခွင့်ပြုရန် ခွင့်တောင်းနေသည်။
"ကျွန်တော်တို့ကိစ္စလည်း ပြောပြီးပြီဆိုတော့ ခေါ်သွားနိုင်ပါတယ်"
ကိုဘုန်းကျော်စွာ့ထံမှခွင့်ပြုချက်ရသည်နှင့် ကိုသာကသူ့ဘက်လှည့်လာပြီး....
"စကားခဏပြောရအောင် စိုင်း"
ငစိုင်း ကိုသာ့နောက်လိုက်မသွားချင်သော်ငြားလည်း ငြင်းလိုက်လျှင့် ကိုသာ့သိက္ခာကျသွားမည်စိုးသောကြောင့် အသာတကြည်လိုက်သွားလိုက်သည်။ နှစ်ယောက်သား လူရှင်းသောနေရာရောက်ကာမှ အတူတူရပ်လိုက်ကြသည်။
"ကိုသာက ပေးပြီးသားပစ္စည်းပြန်မယူဘူး"
ငစိုင်းလက်ထဲသို့ ပြန်လည်ရောက်ရှိလာသောပဝါလေးကို ငစိုင်းညင်သာစွာထွေးဆုပ်လိုက်မိသည်။
"ဒါပေးဖို့လာတာလား၊ အခုပေးပြီးပြီဆိုတော့ ကျွန်တော်သွားတော့မယ်"
ငစိုင်းလှည့်ထွက်လိုက်သော်လည်း ကိုသာကရှေ့၌ပိတ်ရပ်သဖြင့် မျက်တောင်ဆက်တိုက်ခတ်ပြီးသာ ခေါင်းငုံ့လိုက်မိသည်။
"စိုင်း ထွက်သွားစရာမလိုဘူး"
ငစိုင်းခေါင်းသည် ဆတ်ခနဲမော့လာသည်။ မင်းခွန်မှိုင်းပြောလိုက်လေပြီလား။
"အဲ့တာ ကိုသာနဲ့မဆိုင်...."
"မညာနဲ့ စိုင်း၊ မင်းမညာတတ်ဘူး"
"ကိုသာ"
"မပြောနဲ့၊ ဒီနေ့ ကိုသာပြောတာပဲ မင်းနားထောင်"
ငစိုင်းတစ်ယောက် ကိုသာ့အမိန့်အောက် ဆေးတို့ခံရသလို ငြိမ်ကျသွားသည်။
"မင်းကို ကိုသာကသနားချစ်ချစ်တယ်ပေါ့ ဟုတ်လား"
ငစိုင်းမျက်လွှာချလိုက်မိသည်။ ဤစကားက သူ့ကိုသိမ်ငယ်စေသည်။
"မင်းကလေ ကိုသာ့ကိုချစ်တယ်ဆိုပြီး ကိုသာ့စိတ်ကိုမမြင်ဘူး"
"မြင်တော့ရော ဘာထူးလဲကိုသာ၊ ကိုသာဘယ်လိုပဲချစ်ချစ် ၊ ကျွန်တော့်ဘက်ကတော့ ကိုသာ့ကိုလက်ခံမှာမဟုတ်ဘူး"
ကိုသာ နောက်ဆုံးနည်းထုတ်သုံးမှဖြစ်တော့မည်ကို နားလည်လိုက်သည်။ ချက်ချင်းပင် ငစိုင်းရှေ့မှောက်ဒူးထောက်ချလိုက်သည်။
"ကိုသာ ဘာလုပ်တာလဲ"
ငစိုင်းပျာယာခတ်သွားပြီး ကိုသာ့ကိုဆွဲထူဖို့ ကြိုးစားသော်လည်း မရ။ ကိုသာသည် သူ့လက်ကိုဖယ်ထုတ်ပစ်သည်။
"ကိုသာပြောတာနားထောင်ပေးပါ"
"ကိုသာ..ထပါဗျာ၊ အဲ့လိုမလုပ်ပါနဲ့၊ ကျွန်တော့်ကို အသေသာသတ်လိုက်ပါတော့"
ငစိုင်းဆွဲထူလည်း ကိုသာကထပ်မံဖယ်ထုတ်ပြန်သည်။ လမ်းသွားလမ်းလာအချို့ကလည်း ကိုသာ့ကိုဝိုင်းကြည့်ကုန်တာမို့ ငစိုင်းကြံရာမရပဲ သူပါငုတ်တုတ်ထိုင်ချလိုက်ရသည်။
"ကျွန်တော့်ကိုသာသတ်လိုက်ပါ ကိုသာရယ်၊ ဒီလိုမလုပ်ပါနဲ့"
"စိုင်း.."
ခေါ်သံတစ်ချက်နှင့်ပင် သူ့မှာငြိမ်ကျသွားရပြန်သည်။
"မင်း ကိုသာ့ကိုလက်မခံချင်နေပါ၊ ဒါပေမဲ့ ဒီကနေတော့ ထွက်မသွားပါနဲ့၊ ကိုသာတောင်းပန်ပါတယ်"
ကိုသာ့မျက်လုံးထောင့်၌ ဝေ့နေသောအရည်ကြည်များကြောင့် ငစိုင်းမှာရင်ကွဲရပြန်သည်။
ရွေးချယ်ရခက်အောင် အဘယ်ကြောင့်ပြုရပါသလဲ ကိုသာ။
"ထပါ ကိုသာ၊ ကျွန်တော့်ကိုရင်ကွဲနာကျတဲ့အထိ ဖြစ်စေချင်တာလား၊ ကိုသာ ဒီလိုလုပ်ရင် ကျွန်တော့်ကိုယ်ကျွန်တော်ပိုပြီး မုန်းမိလိမ့်မယ်"
"ဒါဆို အဝေးကိုထွက်မသွားပါနဲ့ စိုင်း၊ ဒီမှာတစ်ယောက်တည်းကျန်ခဲ့မယ့် မင်းမေမေကို မင်းပြန်ကြည့်ပါဦး၊ သူ့ကျန်းမာရေးကို မင်းကြည့်ပါဦး၊ နောက်ပြီး မင်းသူငယ်ချင်းတွေကို ပြန်ကြည့်ပါ၊ ကိုသာ့ဘက်ကိုမကြည့်ရင်နေပါ စိုင်း၊ သူတို့တွေကို ငဲ့ပါဦး"
ကိုသာ့အား မကြည့်ဘဲမည်သို့နေရက်ပါမည်နည်း။ ဘယ်လောက်မြတ်နိုးရသည့်လူသားလဲဆိုတာ ကိုသာမသိလေသလော။
"ကျွန်တော့်ကို အကျပ်မကိုင်ပါနဲ့ ကိုသာရယ်၊ ကျွန်တော့်ကိုလည်း ငဲ့ပါဦး၊ ဒီလိုမလုပ်ပါနဲ့"
မျက်ရည်များဖြင့်ဆွဲထူသောအခါ ကိုသာမငြင်းဆန်နိုင်တော့ချေ။
"ကျစ်.....ရေ မငိုနဲ့လေကွာ"
ရုတ်တရက် ကိုသာ့အင်္ကျီဖြူဖြူကာရံထားသည့်ရင်ခွင်တွင်း သူခိုနားခွင့်ရလိုက်သည်။ ကိုသာ၏ထွေးပွေ့မှု။
ပထမဆုံးအကြိမ်အဖြစ် ကိုသာ့ထွေးပွေ့မှု။ နက်ရှိုင်းသောသမုဒ္ဒရာထဲပြုတ်ကျသွားသလို ငစိုင်းမရုန်းထွက်နိုင်တော့ချေ။ သည်အတိုင်းလေး နစ်မြုပ်ပျောက်ကွယ်သွားလျှင် ဘယ်လောက်ကောင်းလိုက်မည်နည်း။
"ကျွန်တော် ပြန်တော့မယ် ကိုသာ"
ကိုသာ့အငွေ့အသက်အားလုံးကို သူစွဲနေအောင်မှတ်သားပြီးနောက် ကိုသာ့နှင့်ကိုယ်ချင်းခွာလိုက်တော့သည်။
"ကိုသာ လိုက်ပို့မယ်"
ငစိုင်းခေါင်းပင်ညိတ်လိုက်တော့သည်။ ကိုသာနှင့်ငစိုင်းတို့ တိတ်တဆိတ်ပင် အိမ်ရောက်သည်အထိနေခဲ့ကြသည်။ ခြံရှေ့တွင် ကိုသာကားရပ်လိုက်သည်။ ကားထဲကထွက်ဖို့ဟန်ပြင်သည့် ငစိုင်းလက်ကိုဆွဲထားလိုက်သည်။
"စိုင်းထွက်မသွားဘူးမလား"
ငစိုင်း ကိုသာ့မျက်ဝန်းများကိုပင် စိုက်ကြည့်နေခဲ့သည်။
"ကိုသာ့ကိုလက်ခံဖို့ စိုင်းကိုထပ်မတိုက်တွန်းတော့ပါဘူး၊ ဒါကြောင့် အရင်လို ရှိမြဲအတိုင်းပဲနေပေးလို့ရမလား၊ ကိုသာ့စကားကို နောက်ဆုံးအနေနဲ့ဖြစ်ဖြစ် နားထောင်ပေးလို့မရဘူးလား"
ငစိုင်းခေါင်းညိတ်ခဲ့လိုက်သည်။ ကိုသာပြုံးသွားသည်။ နောက်ပြီး သူ့ဆံပင်တွေကို ခပ်သာသာဖွသည်။
"ကျေးဇူးပါနော် စိုင်း"
ငစိုင်းကားထဲမှထွက်လာခဲ့သည်။ ကိုသာ့ကိုလှည့်မကြည့်တော့သလို ထွက်သွားသည့်ကားငယ်လေးကိုလည်း အိမ်အပေါ်ထပ်မှ မချောင်းဖြစ်တော့ပေ။
နောက်တစ်နေ့မနက်တွင် မန္တလေးသို့သွားမည့်ခရီးသည်ယာဉ်ပေါ်၌ ငစိုင်းရောက်နှင့်နေပြီဖြစ်သည်။ မှန်ပြတင်းလေးကိုခေါင်းတင်ရင်း တဖွဲဖွဲကျနေသောမိုးစက်တို့ကို အဓိပ္ပါယ်မဲ့စွာရေတွက်နေမိသည်။ ပဝါလေးတစ်စကိုလည်း လက်၌အနူးညံ့ဆုံး ကိုင်ထားပြန်သည်။
သည်လိုမှထွက်မသွားလျှင် ခဏလေးနှင့်ပင် ကိုသာ့အားသူလက်ခံသွားမိလိမ့်မည်။ သူ့စိတ်သူခိုင်မာအောင်၊ အရင်ထက်ပိုရင့်ကျတ်အောင် ကြိုးစားဖို့လိုသည်။ ဒါကြောင့်လည်း ကိုသာ့ကွယ်ရာအရပ်တွင် နေမှဖြစ်မည်။ သူကိုယ်တိုင်လည်း ကိုသာ့ကိုမမြင်နိုင်သလို ကိုသာလည်း သူ့ကိုမမြင်နိုင်မှဖြစ်မည်။
တချို့သော ကံကြမ္မာများသည် အစကတည်းက မပေါင်းစည်းခဲ့သင့်ပါလေ။ တစ်ယောက်နှင့်တစ်ယောက်ချစ်ရုံနှင့် ဘဝကမပြည့်စုံ။ အခက်အခဲများကို တူတူရင်ဆိုင်နိုင်မှသာဖြစ်နိုင်မည်။ ကိုသာက ရင်ဆိုင်နိုင်ပါသည်တဲ့။ သို့ပေမဲ့ သူက ရင်မဆိုင်စေချင်။ နာကျင်စရာ၊ ရင်နင့်စရာများနှင့် သည်းခံနေရမှုများ စသည့်ဆိုးဝါးသောအရာများကို ကိုသာ့အားမခံစားစေလိုပါလေ။ သူ့ရင်သာ ကွဲချင်ကွဲပါစေ ၊ ခွဲပေးလိုက်မည်။ ကိုသာ့ဆန္ဒတွေကိုတော့ မဖြည့်ဆည်းပေးနိုင်။
ဤမျှလောက်ပဲ ကိုသာ့ကို စိုင်းက ချစ်နိုင်ပါသည်လေ။
************************************
"မင်းဒီလိုပဲနေနေတော့မှာလား Kite ၊ ငါ့ကိုဘာမှမပြောတော့ဘူးလား"
သုံးဆက်တစ်ရက်ပြည့်ဖို့ နှစ်ရက်အလိုတွင် မင်းခွန်မှိုင်းဘက်မှ မနေနိုင်တော့သောကြောင့် စတင်ဆိုလာသောစကားဖြစ်သည်။ Kiteနှင့်သူ့ကြားမှ တင်းမာနေသောကြိုးကို သူဖြေလျှော့လိုက်ချင်ပြီဖြစ်သည်။ ယခင်လို နှစ်ယောက်သား ရယ်ရယ်မောမောနေချင်သည်။ ပျော်ပျော်ရွှင်ရွှင်ပင် ကျန်သည့်အချိန်များကို ဖြတ်သန်းသွားချင်တော့သည်။
"မင်းဘယ်လိုများ နေနိုင်ရတာလဲ"
Kiteက ခပ်ယဲ့ယဲ့လေးပြုံးသည်။ ဘာကိုမှတော့မပြော။
"မင်းဒီလိုလုပ်နေတာ ငါစိတ်ညစ်လာပြီ၊ ငါ့ကိုစကားပြန်ပြောကွာ"
မင်းခွန်မှိုင်းကိုစိတ်မကွက်စေချင်သောကြောင့် ပြောသင့်သလောက် ပြန်ပြောဖို့ဆုံးဖြတ်လိုက်သည်။
"အိပ်ပါတော့ မင်းခွန်မှိုင်းရယ်"
"မင်းကငါ့ကိုစိတ်မဆိုးတော့ဘူးမလား"
"အင်း...မဆိုးတော့ဘူး"
မင်းခွန်မှိုင်းကျေနပ်သွားပုံရသည်။
"မင်းစိတ်ဆိုးနေတာနဲ့ ငါတို့အချိန်တွေအများကြီး ပုပ်ကုန်ပြီ၊ နောက်ဆုံးရက်မတိုင်ခင်ထိ ငါတို့နှစ်ယောက် အရင်လိုပဲနေရအောင်၊ ငါဒီအတိုင်းကြီး အချိန်တွေဆက်မကုန်စေချင်တော့ဘူး"
သူစိတ်ပြေကာမှလာခေါ်ပြီး ကိုယ်ကအမှားလုပ်သလို ဆိုနေပြန်ပါသည်။ ဒါကြောင့်လည်း မင်းခွန်မှိုင်းဖြစ်နေသည်မဟုတ်ပါလား။
"မင်းသဘော၊ မင်းစိတ်ကြိုက်လုပ်"
"မင်းကအဲ့လိုမပြောနဲ့လေ၊ ငါတစ်ကိုယ်ကောင်းဆန်သလို ခံစားရတယ်"
"ဒါဆို နှစ်ယောက်လုံးသဘော..ကျေနပ်ပြီလား"
ယခုပင် မနက်၁နာရီခွဲပြီဖြစ်သောကြောင့် ထပ်အရစ်မတက်အောင် ပြောပေးလိုက်ရသည်။
"ငါပျောက်ကွယ်သွားရင် မင်းကငါ့ကိုမှတ်မိနေဦးမှာလား"
သည်ရက်ပိုင်း မင်းခွန်မှိုင်း ထိုအကြောင်းကိုစဉ်းစားနေခဲ့ပုံရသည်။
"လူတစ်ယောက်ပျောက်ကွယ်သွားတယ်ဆိုတာ ကံကြမ္မာအသစ်တစ်ခု ဖြစ်လာတာပါပဲ၊ သူနဲ့ပတ်သက်တဲ့အရာအားလုံးက လူ့ဘုံကနေပျောက်ကွယ်သွားမှာဆိုတော့ ကံကြမ္မာအသစ်ပေါ့၊ မင်းမရှိခဲ့တဲ့ကံကြမ္မာဟာဖြစ်တည်လာမယ်၊ ဒါပေမဲ့ လက်ရှိဘဝကိုပဲ သက်ရောက်စေတာဆိုတော့ ငါကတော့ မှတ်မိနေရမှာပေါ့၊ ငါကနတ်ဆိုးဘုံကလေ၊ နောက်ပြီး မင်းကငါ့စွဲလမ်းမှုကိုး"
မင်းခွန်မှိုင်းသိချင်တာမှန်သမျှကို သူပြောပြချိန်တန်ပြီဖြစ်သောကြောင့် မေးသမျှဖြေပေးလိုက်သည်။
"တကယ်လို့ မင်းပျောက်ကွယ်သွားရင်ရော"
"ငါမသိဘူး၊ နှလုံးသားအမြုတေကို အောင်မြင်ခဲ့တဲ့ နတ်ဆိုးမရှိသေးဘူး၊ ဒီတော့ နတ်ဆိုးတစ်ကောင်ပျောက်ကွယ်သွားရင် ဘာဖြစ်မလဲ မသိနိုင်ဘူး"
မင်းခွန်မှိုင်းအိပ်ရာ၌လှဲလျက် မျက်နှာကျက်ကိုစိုက်ကြည့်နေခဲ့သည်။ အကယ်၍ Kiteသာပျောက်ကွယ်သွားခဲ့လျှင်၊ Kiteမရှိခဲ့သော သူ့ကံကြမ္မာက မည်သို့ရှိမည်နည်း။ Kiteအကြောင်းတွေကိုရော သူမှတ်မိပါဦးမည်လား။
"ငါတို့မတွေ့ခဲ့ရင်ကောင်းမယ်ထင်တယ်နော် Kite"
Kiteငြိမ်သက်နေမိသည်။
"ငါတို့သာတူတူမွေးဖွားလာတာ မဟုတ်ခဲ့ရင် ဒီလိုမျိုး မင်းရောငါပါ စိတ်ညစ်ရတော့မှာ မဟုတ်ဘူး"
"မင်းတကယ်အဲ့လိုတွေးတာလား"
"ဟုတ်တယ်၊ အစကတည်းကသာ ငါတို့တူတူမဆုံဖြစ်ခဲ့ရင် ငါတို့နှစ်ယောက်ထဲက တစ်ယောက်လည်း ပျောက်ကွယ်သွားစရာမလိုတော့ဘူး၊ မင်းလည်းဖြစ်တည်နေသလို၊ ငါလည်းဖြစ်တည်နေမယ်၊ မင်းဘဝလေးနဲ့မင်း အဆင်ပြေနေရင် ပိုကောင်းမယ်လို့ ငါထင်တယ်၊ အင်း...ဒါပေမဲ့ အခုလည်း ငါအများကြီးပျော်ခဲ့ရပါတယ်၊ မင်းကြောင့် သုံးဆယ့်တစ်ရက်ပိုနေခဲ့ရတယ်လေ၊ မသေချာတဲ့ဘဝတစ်ခုကို တွေးပူရမှာထက် ပျောက်ကွယ်သွားမယ်ဆိုရင် မကောင်းဘူးလား"
Kiteမရှိခဲ့လျှင် သူ့အသက်သည် သည့်ထက်ပိုရှည်မည်ဆိုသည်ကို မင်းခွန်မှိုင်းမသိသောကြောင့် ယခုလိုဆိုခြင်းဖြစ်မည်။ Kiteယခုအချိန် လက်စွပ်ကိုထုတ်ပေးလိုက်လျှင်ပင် မင်းခွန်မှိုင်းလက်ခံနိုင်မည့် အနေအထားရှိနေသည်။ Kiteဝမ်းသာမိသည်။ သို့သော် သူ့အနားတွင် တစ်ရက်လောက်ပဲဖြစ်ဖြစ် ပိုနေချင်သေးသည်။ နောက်ဆုံးရက်မတိုင်ခင်လေးအထိ..... ။
"ကံကြမ္မာအသစ်တစ်ခုမှာ ငါတို့ဆုံခဲ့ရင် အကောင်းဆုံးဖြစ်မယ် ထင်တယ်"
သက်ပြင်းလေးချရင်း ပြောရှာသောမင်းခွန်မှိုင်းပါလေ။
"မဆုံရင်ရော..."
Kiteလှဲနေသည့်ဘက်သို့ မင်းခွန်မှိုင်းကြည့်လိုက်မိသည်။
မဆုံရင်ရော...တဲ့။
"မင်းအဆင်ပြေနေရင် ပိုကောင်းမယ်လို့ ငါပြောပြီးသားပဲ"
"ဒါပေမဲ့ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက်တော့ မသိကြတော့ဘူးပေါ့"
Kiteစကားသည် တိုးတိုးသက်သာရယ်ပေမဲ့ မင်းခွန်မှိုင်းနှလုံးသားကို တုန်လှုပ်စေသည်။
အတွေးသပ်သပ်ရယ်​ပေမယ့် သူနာကျင်နေသည်။
ဘယ်လိုပင်ဖြစ်ဖြစ်...ဝေးကြရမှာပါပင်။
Thanks For Reading
Song Name-လက်ခံပြီးသား(ဝိုင်းလေး)
Zawgyi
'ဒေါက် ဒေါက်'
မင်းခွန်မှိုင်းကအလိုက်တသိမေးတော့ ကိုသာသည် နည်းနည်းအကျပ်ရိုက်နေဟန်ဖြင့် မေးစရာရှိသည်ကိုမမေးဘဲ မေးခွန်းလွှဲမေးလေသည်။
"သူ့ဒဏ်ရာတွေက ဘယ်လိုရလာတာလဲဆိုတာရော ညီမှိုင်းကို ပြောပြသွားသေးလား၊ ဒဏ်ရာက တော်တော်များတယ်နော်"
"ကိုသာ အဲ့ကိစ္စပြောဖို့လာတာ မဟုတ်ဘူးမလား၊ ပြောမယ့်ဟာကိုသာပြောပါ"
Kiteအကြောင်းဆက်မပြောချင်သည်က တစ်ကြောင်း၊ ကိုသာ့ကို အားမရသည်ရယ်ကတစ်ကြောင်းကြောင့် တည့်တည့်ပင်မေးချလိုက်တော့သည်။
"အဲ့ဒီလိုမဟုတ်ပါဘူး ညီမှိုင်းရယ်၊ ကိုသာ ညီမှိုင်းကို ဘယ်တုန်းက ပစ်ထားဖူးလို့လဲ၊ မနေ့ကပဲ ဝက်သားတုတ်ထိုးလည်း ဝယ်ကျွေးထားတယ်လေ"
"အဲ့တာ မနေ့ကလေ၊ ဒီနေ့ကျ
You are reading the story above: TeenFic.Net