Part 42

Background color
Font
Font size
Line height

Unicode

မင်းခွန်မှိုင်းအိပ်ရာနိုးချိန်တွင် ဘေး၌Kiteရှိနေဆဲဖြစ်သည်။ တစ်ညလုံးမလှုပ်တမ်းလက်ကို ကိုင်ထားချင်သော်လည်း အိပ်ချိန်၌ပင် မျောက်ကျသောအမောင်မင်းခွန်မှိုင်းကြောင့် တစ်ညလုံးကိုင်ထားခွင့်မရလိုက်။ ဒဏ်ရာရထားသောမျက်နှာပေါ်သို့ပင် လက်တစ်ဖက်ကဖတ်ခနဲ၊ ဖတ်ခနဲလာတင်၍ မနိုးအောင်ဖယ်ချရသည်က အလုပ်တစ်ခုဖြစ်နေခဲ့သည်။

နောက်ဆုံး မျောက်လောင်းလေးအားကျောပေး၍ တစ်ဖက်သို့လှည့်ပြီးမှိန်းနေလိုက်တော့သည်။ တစ်ညလုံး တဆစ်ဆစ်ကိုက်နေသောဒဏ်ရာသည် မနက်ကျ ကောင်းကောင်းကျက်နေပြီဖြစ်သည်။ နေ့လယ်မရောက်ခင်မှာပင် အမာရွတ်ပင်မကျန်ဘဲ ပျောက်ကင်းသွားလိမ့်မည်။ Kiteတစ်ညလုံးလည်း အိမ်အတွင်းပုန်းကွယ်ကပ်ငြိနေသော ပယောဂတို့အား စုပ်ယူခဲ့ပြီးဖြစ်သည်။ နတ်ဆိုးတို့၏ ဒဏ်ရာများသည်က ပယောဂကောင်းကောင်းစုပ်ယူနိုင်လျှင်ကို အလွယ်တကူပျောက်နေချေသည်။ လူ့ဘဝတုန်းက ရခဲ့သည့်ဒဏ်ရာများကသာ အမာရွတ်အဖြစ် ကျန်တတ်ခြင်းဖြစ်သည်။

ထို့ကြောင့် Kiteလည်ပင်း၌လည်း ဓားဒဏ်ရာ အမာရွတ်တစ်ခု..။

မင်းခွန်မှိုင်းနိုးသည်နှင့် သူ့အားကျောပေး၍ အိပ်နေသောKiteကို တစ်ချက်လှမ်းကြည့်ပြီး ရေချိုးသန့်စင်ဖို့ ရေချိုးခန်းထဲသွားလိုက်တော့သည်။ Kiteမျက်နှာမှ ဒဏ်ရာကလည်း ကောင်းကောင်းသက်သာနေပြီဖြစ်၍ စိတ်လည်းအတော်အတန်ပေါ့သွားပြီဖြစ်သည်။ ဤသည်မှာ သူတစ်ညလုံးလက်ကိုင်ခွင့်ပြုပြီး ပယောဂစုပ်ခွင့်ပြုလိုက်သောကြောင့်ဖြစ်မည်ဟု ထင်နေခဲ့သည်။

အနည်းဆုံးတော့ Kiteအပေါ် သူ့ကျေးဇူးလေးတစ်ခု ကောင်းကောင်းတင်သွားပြီ။ မဟုတ်လျှင် အမြဲတမ်းသူ့ဘက်ကအယူချည်းဖြစ်ကာ အပေးမရှိတော့ စိတ်ထဲအားနာနေရသည်။ ယခုမှ နည်းနည်းပါးပါးနေသာထိုင်သာရှိတော့၏။ သို့ပေမဲ့ Kiteအပေါ် စိတ်ပြေသွားခြင်းမဟုတ်။

"ငါမင်းကို ပြောစရာရှိတယ် မင်းခွန်မှိုင်း"

ထီးလိမ္မော်ရောင်လေးတစ်လက်ဖြင့် ဘောက်ဆတ်ဆတ်လျှောက်နေသော မင်းခွန်မှိုင်းဘေးမှ Kiteသွက်သွက်လိုက်လျှောက်ရင်း လက်စွပ်ကိစ္စပြောရန် ကြိုးစားနေရသည်။

"မင်းကိုငါဘယ်တော့မှ မချစ်ဘူး...ဟုတ်ပြီလား၊ ဒါ ငါ့အဖြေပဲ၊ ဘာမှဆက်မကြိုးစားနဲ့တော့၊ ပြောလည်းမပြောနဲ့တော့၊ ငါ့ဘေးမှာဆက်လိုက်မှာဆိုရင် မင်းငြိမ်ငြိမ်လေးသာနေ၊ မဟုတ်ရင် ငါနဲ့ဝေးဝေးသာသွားတော့"

"အဲ့ကိစ္စမဟုတ်ပါဘူး မင်းခွန်မှိုင်းရယ်၊ ငါပြောတာ ခဏလေးနားထောင်ပေး၊ တကယ်အရေးကြီးလို့ပါ"

"မသိဘူးကွာ၊ ငါနားမထောင်ချင်ဘူး၊ လစ်လိုက်တော့ မင်း"

မင်းခွန်မှိုင်းစိတ်ထဲတွင် Kiteသည် သူ့အား နှလုံးသားအမြုတေအတွက် ထပ်တိုက်တွန်းမည်ဟုထင်ကာ အကြောက်အကန်ငြင်းနေမိသည်။ သူKiteအပေါ်ထားသည့်ခံစားချက်ကို ဘယ်သောအခါမှ ထုတ်ပြတော့မည်မဟုတ်ချေ။ သူ့ကြောင့် Kiteပျောက်ကွယ်သွားမည်ဆိုလျှင် သူကပျော်နိုင်မည်မဟုတ်။ Kiteကို သူပျောက်ကွယ်မသွားစေချင်။ အဲ့သည်အစား သူပင်သေဆုံးသွားချင်သည်။ သေဆုံးခြင်းက ကြောက်စရာကောင်းမှန်း မင်းခွန်မှိုင်းကောင်းကောင်းသိသည်။ သို့ပေမဲ့ Kiteကိုတော့ သူ့ရှေ့ကနေ ပျောက်ကွယ်မသွားစေချင်တော့ပေ။

"မင်းငါ့ကိုမချစ်လည်း ရတယ်ကွာ၊ အခု ငါ"

"မင်းဘာတွေထပ်ညာဦးမှာလဲ Kite ၊ မင်းကိုငါမယုံတော့ဘူး သိလား၊ မင်းပါးစပ်ကို ပိတ်နေလိုက်တော့"

Kiteစိတ်ပျက်ပျက်ဖြင့် ညည်းတွားနိုင်ရုံပင် တတ်နိုင်တော့သည်။ အရေးကြီးသည့်အကြောင်းအရာမို့ မင်းခွန်မှိုင်း နားလည်အောင် သူသေချာပြောချင်သည်။ မင်းခွန်မှိုင်းသည် သူ့အားမချစ်နိုင်သည်မို့ သည်နည်းကိုသာမသုံးလျှင် မင်းခွန်မှိုင်း သူ့အမှားကြောင့်ပျောက်ကွယ်သွားရလိမ့်မည်။ သူစိတ်ရှည်ရမည်။ သည့်ထက် နည်းနည်းလေးစိတ်ရှည်ရမည်။ အရင်ဆုံး မင်းခွန်မှိုင်းနှင့်ပြန်အဆင်ပြေအောင် ကြိုးစားရမည်။ ပြီးမှ လက်စွပ်ကိစ္စကို အေးဆေးပြောရမည်။

Kiteခန္ဓာကိုယ်သည် မိုးမစိုနိုင်မှန်းသိသိနှင့် မင်းခွန်မှိုင်း ထီးကိုKiteဘက်တိုးဆောင်းပေးလိုက်မိသည်။ အကယ်၍ စိုသွားနိုင်လျှင်ဆိုသည့် စိုးရိမ်စိတ်ကလေးက အုပ်စိုးသွားသည်မို့...။

တစ်မိုးအောက်က မင်းခွန်မှိုင်း၏မျက်နှာပုပ်လေးအား Kite စောင်းကြည့်လိုက်ပြီး ထီးကိုအမိုးအဖျားမှကိုင်ကာ မင်းခွန်မှိုင်းဘက်ပြန်တိုးပေးလိုက်သည်။ သူ့လူသားငယ်လေး ဖျားနာသွားမည် စိုးသောကြောင့်....။

************************************

"ငစိုင်း...မင်း စတူဒီယိုအစောကြီးရောက်နေတာလား"

"အေး...စောထွက်လာမိလို့"

ခပ်အေးအေးဖြေပြီး တစ်နေ့ကရောက်သော ပိုစတာအသစ်များအားကပ်နေသည့် ငစိုင်းအား ကျော်ကြီးဘေးမှ မျက်နှာကိုအမိအရကြည့်လိုက်သည်။ ငစိုင်း၏ ဖြူစုတ်နေသည့်မျက်နှာကိုမြင်လေတော့ သူလန့်သွားမိသေးသည်။

"ဟေ့ကောင်...မင်းနေမကောင်းဘူးလား၊ ဖြူဖတ်ဖြူရော်နဲ့"

ငစိုင်း ပခုံးတစ်ဖက်ကိုဆတ်ခနဲဆွဲပြီး ပြောလိုက်သောကြောင့် လွတ်ကျသွားသော တိပ်အားငစိုင်းပြန်ကောက်ရင်း ဘာမှမဖြစ်သလို ခေါင်းခါပြလိုက်သည်။

"မိုးနည်းနည်းစိုလာလို့ကွာ"

"မင်းကားနဲ့လာတာ မဟုတ်ဘူးလား"

စတူဒီယိုရှေ့မှ ငစိုင်းကားကို တစ်ချက်လှမ်းကြည့်ပြီးပြောတော့ ကျော်ကြီးအား ငစိုင်းမကြည်မသာစိုက်ကြည့်လိုက်သည်။

"တော်တော်စပ်စုတဲ့ကောင်ကွာ၊ ငါမနက်က မေမေ့ဖို့ ရှမ်းခေါက်ဆွဲသွားဝယ်ရင်း မိုးမိသေးတယ်၊ အဲ့တာကြောင့် အခုဖြူစုတ်စုတ်ဖြစ်နေတာ"

"မင်းလာ..."

အတင်းအားပြုကာရယ်ပြီး ပိုစတာဆက်ကပ်နေသောငစိုင်းအား ကျော်ကြီးအတင်းဆွဲခေါ်ပြီး ဆိုဖာ၌ထိုင်ခိုင်းစေလိုက်သည်။

"ဘာတုန်းကွာ၊ မင်းလုပ်တာ ပိုစတာပြဲတော့မယ်"

"နေစမ်းပါ ငစိုင်းရာ၊ မင်းငါ့ကိုညာနေတာ ငါမသိတာကျလို့၊ မင်းကလိမ်တတ်တဲ့ကောင်မှမဟုတ်တာ၊ ပြော...ဘာဖြစ်လာတာလဲ၊ ကိုသာ့ကို သွားချောင်းပြီး ခံစားလာရပြန်ပြီမလား"

ငစိုင်းခေါင်းငိုက်စိုက်ကျသွားကတည်းက ကျော်ကြီးအထင်မှန်နေကြောင်း ကောင်းကောင်းသိလိုက်သည်။

"မင်းကလေ အရူးလိုပဲ သိလား၊ ကိုသာက မင်းကိုချစ်ပါတယ်ပြောနေတာတောင် ထွက်ပြေးလာပြီး ပြီးမှသွားချောင်းနေတယ်၊ ကိုသာ့ကိုလက်ခံလိုက်ရင် မင်းရော ကိုသာပါပျော်ရမယ့်ကိစ္စကို ဘာတွေအတွေးလွန်နေတာလဲ"

ငစိုင်း မဲ့တဲ့တဲ့လုပ်ရင်းပြုံးလိုက်သည်။ ကိုသာ့ကို လက်ခံလိုက်ရင် သူရော၊ ကိုသာပါပျော်ရမည်တဲ့လား။

"ဘယ်အချိန်ထိ ပျော်နိုင်မှာလဲ ကျော်ကြီး"

ငစိုင်းအမေးကြောင့် ကျော်ကြီးမျက်မှောင်ကြုတ်သွားသည်။

"ကိုသာ့ကိုလက်ခံလိုက်လို့ ပျော်ရလည်း ခဏပါ ကျော်ကြီးရယ်၊ နောက်ပိုင်း ပတ်ဝန်းကျင်က ရိုက်ပုတ်လာတဲ့အခါကျရင် ကိုသာက ငါ့လက်ကိုတွဲမိလို့ နောင်တရလာလိမ့်မယ်၊ ကိုသာ့ဘဝအတွက် အဆင်​ပြေတဲ့သူတွေ့လာတဲ့အခါ ငါရှိနေလို့ ကိုသာလက်လွှတ်ရလိမ့်မယ်၊ ဒါတွေကြောင့် ငါကိုသာ့ကို တစ်သက်လုံးအားနာနေရလိမ့်မယ်၊ အကယ်၍ ကိုသာငါ့ကိုလွှတ်ချသွားရင်လည်း ငါရူးသွားမှာ၊ ဒါကြောင့်မို့လို့ အစကတည်းက လက်မတွဲတာမကောင်းဘူးလား"

"အခုလည်း မင်းရူးနေပြီပဲလေ"

ငစိုင်း ကျေကျေနပ်နပ်ကြီးပြုံးလိုက်သည်။

"အနည်းဆုံးတော့ ကိုသာနောင်တရမယ့်အလုပ် ငါမလုပ်ခဲ့မိဘူး၊ ကိုသာ့ကို ငါမထိခိုက်စေခဲ့မိဘူး"

ကျော်ကြီးလက်လျှော့လိုက်သည်။ လွယ်အိတ်ကို ခုံပေါ်ပစ်ချလိုက်ပြီး ငစိုင်းလက်ထဲက တိပ်ကိုဆွဲယူလိုက်သည်။ ငစိုင်းက မသိနားမလည်သည့်ပုံဖြင့်ပြန်ကြည့်တော့...

"ငါ့မှာကောင်မလေးသာမရှိရင် မင်းကိုအတင်းလိုက်ကြိုက်မှာသိလား"

"ဟေ..."

ကျော်ကြီးအပြောကြောင့် ငစိုင်းမှာ ကျောပါချမ်းသွားရသည်။ ဘယ်နှယ့်ကြောင့် အတွင်းသိအဆင်းသိ ပုဂ္ဂိုလ်ကြီးက သည်လိုစကားကို ပြောရပါသနည်း။ ငစိုင်းဖြစ်သွားသည့်မျက်နှာကိုကြည့်ကာ ကျော်ကြီး အားရပါးရရယ်ချလိုက်သည်။

"အချစ်ခံရလို့ဟေ့၊ အချစ်ခံရလို့၊ မင်းလိုချစ်တတ်တဲ့သူမျိုးနဲ့သာဆိုရင် ကိုသာမပြောနဲ့ ကျော်ကြီးတောင် ဂေးမှာပဲ"

"တော်ပါတော့ ကျော်ကြီးရယ်၊ ငါ့ကိုကျောချမ်းအောင် မလုပ်ပါနဲ့"

ငစိုင်းလည်း အခုမှပင် စိတ်လိုလက်ရလိုက်ရယ်မိတော့သည်။

"အေး...အဲ့လိုနေစမ်းပါ မောင်မောင်စိုင်းရယ်၊ သူငယ်ချင်းလေးနှစ်ယောက်ရှိပါတယ်၊ နှစ်ကောင်လုံးက လဒကြီးလို နေ့တိုင်းမှိုင်နေတော့ ငါ့မှာနေစရာမရှိဘူး"

"ငါ့အကြောင်းပြောနေတာလား"

မလိုမကျသည့်အသံဖြင့် ရောက်လာသူသည် မင်းခွန်မှိုင်းသာဖြစ်သည်။ ဆဌမအာရုံတွေများရနေ၍လားမသိ၊ သူ့အကြောင်းပြောသည်နှင့် ရောက်တတ်သည်။

"မဟုတ်ပါဘူးကွာ...လဒကြီးနှစ်ကောင် အမှိုင်လွန်ပြီး သစ်ကိုင်းပေါ်ကပြုတ်ကျ သေသွားတဲ့ပုံပြင်ပြောပြနေတာ"

"ခွေးလေး...ငါ့ကိုများ"

မင်းခွန်မှိုင်းသည် သူ့အတင်းတုပ်မှန်းသိသည်နှင့် အဆဲတစ်ဖက်စွဲကိုင်ရင်း ကျော်ကြီးကျောပြင်သို့ ဗြောတင်ပေးလိုက်ပါသည်။ ကျော်ကြီးမှာ ကျောကုန်းကို မမှီမကမ်းပွတ်ရင်း စပ်ဖြဲဖြဲလုပ်လေသည်။

"ငခွန်မှိုင်းတို့က ဒီနေ့စိတ်ကြည်သွားပြီနဲ့တူတယ်၊ လူကိုဗျင်းတာမှ စိန်ဗေဒါ့မြေးလားမှတ်ရတယ်"

"အေး..စိန်ဗေဒါ့မြေးမဟုတ်လို့ ဒီလောက်ပဲခံရတယ် မှတ်"

ကျော်ကြီး ခပ်မဲ့မဲ့လုပ်ရင်းသာ ပိုစတာသွားကပ်နေတော့သည်။ မင်းခွန်မှိုင်းလည်း အီးမေးလ်စစ်သည့်အလုပ်ကိုစတင်သည်။ ငစိုင်းကတော့ မနေ့ကရောက်သောပစ္စည်းများကို စာရင်းနှင့်ပြန်တိုက်နေသည်။ Kiteဆိုသည့် နတ်ဆိုးလေးကတော့ အခန်းထောင့်ကသူ့ခုံလေး၌ ထိုင်လျက်သားရှိနေ၏။

"ငစိုင်း...မင်း ကိုသာ့ကိုအပြတ်ငြင်းချလိုက်တယ်ဆို"

ငစိုင်းပစ္စည်းစစ်နေရင်းမှ သက်ပြင်းချရပြန်ပါသည်။ မင်းခွန်မှိုင်းဆိုသည့်သတ္တဝါသည် သူများအဆင်ပြေလား၊ မပြေလားကြည့်ပြီး အလိုက်ကန်းဆိုးသိသည်မဟုတ်။

"ဟုတ်တယ်"

ငစိုင်းအဖြေကိုနားထောင်ပြီး ခေါင်းတညိတ်ညိတ်နှင့် ပြန်လှည့်သွားပြီးကာမှ ကိုသာ့အကြောင်းထပ်ပြောပြန်သည်။

"ကိုသာစိတ်ညစ်နေတယ်နော်"

"ခဏပါကွာ၊ ကိုသာအဆင်ပြေသွားပါလိမ့်မယ်၊ ငါဘာကြောင့်ငြင်းလဲ မင်းသိတာပဲ"

"ကိုသာ မနက်စာတောင်စားမသွားဘူးနော်"

ငစိုင်း သက်ပြင်းချလိုက်မိသည်။ ပုံမှန်အတိုင်းသာဆိုလျှင် ပျာယာခတ်နေမိလိမ့်မည်။ ယခုတော့ သူတည်ငြိမ်နေသည်။ ကိုသာမကြာခင် အဆင်ပြေသွားမည်ဟု ယုံကြည်နေသောကြောင့်ဖြစ်သည်။ နောင်အနာဂတ်အတွက် ကိုသာခဏတော့ စိတ်ညစ်ရလိမ့်မည်။

"မစားချင်လို့ နေမှာပါကွာ"

"ကိုသာ့အကြိုက် နန်းကြီးသုပ်ကိုလေ"

မင်းခွန်မှိုင်းသည် သူ့အားရွဲ့နေသလားမှတ်ရအောင် ကိုသာ့အကြောင်း ဆက်တိုက်ပြောနေသည်။ ငစိုင်းနှင့်ကိုသာတို့ကြားတွင် မင်းခွန်မှိုင်းလည်း အမှန်တကယ်ဝင်မပါချင်။ သို့သော် နှစ်ဖက်လုံးက ချစ်နေလျက်နှင့် ဝေးနေသည်ကိုအားမရဖြစ်ကာ လိုက်ကလိမိနေသလိုဖြစ်နေခြင်းဖြစ်သည်။ "ကိုသာ့ကိုလက်ခံလိုက်စမ်းပါ"ဟူ၍လည်း မပြောချင်၊ ယခင်ကသဘောမတူခဲ့သည့် မာနလေးကခံနေသေးသည်။

"ငါ ကိုဘုန်းကျော်စွာနဲ့အလုပ်တွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ"

"ဘာ..."

မင်းခွန်မှိုင်း တအံ့တသြဖြစ်သွားသောကြောင့် အသံကျယ်သွားသည်။ ကျော်ကြီးလည်း သည်ကိစ္စကိုသိပုံမရသေးဘဲ ကြောင်အမ်းအမ်းဖြစ်နေသည်။

"မင်း ဘယ်လိုဖြစ်လို့..."

ငစိုင်း လေတိုးသံသာသာပင် သက်ပြင်းချသည်။

"ဒီရက်ပိုင်း ကိုဘုန်းကျော်စွာတို့ ပေ့ခ်ျကတင်တာတွေ မင်းတို့မြင်တယ်မလား၊ သူတို့စတူဒီယိုအတွက် ပင်တိုင်cosplayerလိုလို့ စိတ်ဝင်စားတဲ့သူ လျှောက်ထားနိုင်တယ်ဆိုတာလေ"

မင်းခွန်မှိုင်းမြင်မိသလိုလိုရှိပေမဲ့ သိပ်ဂရုမစိုက်သည်မို့ ကောင်းကောင်းမသိလိုက်။

"ငါဒီမနက်ပဲ အွန်လိုင်းကနေ ဖောင်တင်ပြီးလျှောက်ထားလိုက်တယ်၊ ကိုဘုန်းကျော်စွာကလည်း ချက်ချင်းပြန်ဆက်သွယ်တယ်၊ ငါ့ကိုမနက်ဖြန်လာတွေ့ပြီး ဆွေးနွေးစရာရှိတာ ဆွေးနွေးမယ်တဲ့"

မင်းခွန်မှိုင်းထိုင်နေရာမှထပြီး ငစိုင်းရှေ့သွားရပ်လိုက်သည်။ ငစိုင်းလုပ်ရပ်ကို သူနည်းနည်းမှမယုံနိုင်။ သူတို့တူတူတည်ထောင်ခဲ့သည့် သည်နေရာကိုထားခဲ့ပြီး ကိုဘုန်းကျော်စွာနှင့်ဆက်လုပ်ရန် သူဘယ်လိုစိတ်မျိုးနှင့် ဆုံးဖြတ်နိုင်ပါသနည်း။

"ကိုဘုန်းကျော်စွာကဘယ်လိုလူလဲ မင်းသိသားပဲ ငစိုင်း၊ သူ့စတူဒီယိုမှာ လူဘာကြောင့်မမြဲလည်းဆိုတာလည်း မင်းသိနေတာပဲ၊ ဒါကို ဘာလို့..."

"သူနဲ့ငါ့ကြားမှာ စီးပွားရေးအရ ဆက်ဆံမှုပဲရှိမှာပါ၊ ငါက သူသဘောကျတဲ့ပုံစံမဟုတ်ဘူး၊ သူက မင်းလိုပုံစံကိုပဲ သဘောကျတာလေ၊ လူတိုင်းကလည်း မင်းကိုပဲပိုသဘောကျကြတာပါ၊ ငါဆိုတာ အမြဲနောက်ကလူပါ၊ မင်းဖယ်ပေးမှ နေရာရတဲ့လူလေ၊ အခု ငါ့တက်လမ်းငါရှာပြီး တက်ဖို့ဆုံးဖြတ်လိုက်တာ..."

ငစိုင်းစကားကြောင့် မင်းခွန်မှိုင်းဒေါပွသွားသည်မှန်သော်လည်း ငစိုင်းစိတ်ထဲတွင် အမှန်တကယ် ယခုလိုမတွေးမှန်း သူသိသည်။ သူတို့သူငယ်ချင်းကြားတွင် နေရာတွေ၊ အဆင့်တွေမရှိမှန်း သူကောင်းကောင်းသိသည်။

"မင်း ကိုသာ့အဝေးကိုပြေးဖို့ အခုလိုလုပ်တာ မဟုတ်လား"

မင်းခွန်မှိုင်းအသံကျယ်သွားသည်။ ကျော်ကြီးသာ် အခြေအနေကို ထိန်းရကောင်း မထိန်းရကောင်း စောင့်ကြည့်နေမိသည်။

"မဆိုင်ပါဘူး၊ ငါ့တက်လမ်းငါရှာတာလို့ ပြောပြီးပြီပဲ၊ ငါ့တစ်ဘဝလုံး ဒီစတူဒီယိုထဲနေလို့ မတိုးတက်သွားဘူးလေ၊ ဒီစတူဒီယိုလေးနဲ့ ငါတို့ဘယ်နေရာထိ ရောက်နိုင်မှာလဲ၊ ကိုဘုန်းကျော်စွာလိုလူနဲ့လက်တွဲမှ ငါတို့ထိပ်ရောက်မှာလေ"

"မင်း တကယ်ပဲအဲ့လိုတွေးတာလား ငစိုင်း၊ မင်းသေချာလား၊ မင်း ဒီကနေထွက်သွားရင် တကယ်ပျော်မှာမို့လို့လား၊ ကိုသာနဲ့ဝေးဝေးပြေးလိုက်တာနဲ့ မေ့နိုင်သွားမယ် ထင်တာလား"

"ကိုသာနဲ့မဆိုင်ဘူးလို့ ငါဘယ်နှကြိမ်ပြောရမလဲ"

ငစိုင်း လက်ထဲမှစာရင်းစာအုပ်ကို အသံထွက်သည်အထိပစ်ချလိုက်ပြီး ပေါက်ကွဲမိသည်။ အမှန်တကယ် သူစိတ်တိုလောက်သည့်ကိစ္စမဟုတ်။ အဘယ်ကြောင့် သူအရမ်းစိတ်ဆတ်သွားမှန်းလည်း သူမသိ။ စိတ်ထဲတွင် တင်းကြပ်နေသည့်အရာတစ်ခုကြောင့် သည်ကိစ္စအပေါ် ပုံချမိလိုက်သည်ဟုထင်သည်။

"အေး...လုပ်လုပ်၊ စိတ်ကြိုက်လုပ်၊ ငါ့အစ်ကိုပစ်ထားပြီး ဒဏ်ရာတွေနဲ့ထားခဲ့၊ မင်းထွက်သွားတာ ကိုသာ့ကြောင့်ဆိုတာသာ ကိုသာသိရင် သူဘယ်လောက်စိတ်မကောင်းဖြစ်မလဲ"

"ခွန်မှိုင်းရာ...ကိုသာ့ကြောင့်မဟုတ်ဘူးလို့ ငစိုင်းပြောနေတာပဲကွာ"

ကျော်ကြီး ငစိုင်းစိတ်ကိုသိသိလျက်နှင့် ကြားထဲကဝင်ဖြန်ဖြေမိသည်။

"ငါဘာကြောင့်ပဲ ထွက်သွား ထွက်သွား မင်းတို့နဲ့မှမဆိုင်တာ"

မင်းခွန်မှိုင်း၏သည်းခံမှုအတိုင်းအတာ ကုန်ဆုံးသွားသည်။ ထိုင်နေသည့်ငစိုင်းအား အင်္ကျီရင်ဘတ်ကနေ ဆောင့်ဆွဲလိုက်သည်။

"ငါတို့က သူငယ်ချင်းတွေဆိုတဲ့စကားကို မင်းပဲအကြိမ်ကြိမ်ပြောခဲ့တာ၊ အခုကျ မင်းကပဲ"

"သူငယ်ချင်းဆိုတာနဲ့ပဲ တစ်ယောက်ဘဝကိုတစ်ယောက်က ဝင်စွက်ဖက်ခွင့်မှ မရှိတာ၊ အခုက ငါကမကောင်းတာလုပ်နေတာ မဟုတ်ဘူး၊ ငါ့အကျိုးအတွက်ငါလုပ်တာ၊ မင်းတို့က အားတောင်ပေးသင့်သေးတာ..."

"ဘာကိုအားပေးရမှာလဲ၊ အခုက မင်းစိတ်နဲ့မင်းမဟုတ်လို့ ငါဒေါသပိုထွက်တာ၊ ကိုသာ့အဝေးကိုရှောင်ပြေးဖို့ ငါတို့နဲ့ပါခွဲသွားဖို့ ဆုံးဖြတ်တဲ့မင်းရဲ့မိုက်မဲမှုကို ဒေါသထွက်တာ၊ ဘာတွေဖြစ်လာဖြစ်လာ ငါတို့ကအဆုံးထိ အတူရှိရမှာလေ၊ ဆိုးအတူကောင်းအတူသူငယ်ချင်းတွေလို့ မင်းပဲပြောခဲ့ဖူးတာလေ"

ငစိုင်း လည်မျိုတစ်လျှောက် ဝမ်းနည်းမှုစို့တက်လာသောကြောင့် အသက်ကိုခပ်ပြင်းပြင်းရှူကာ စိတ်ကိုလျှော့ချပစ်လိုက်တော့သည်။

"အခုတော့ ငါ့ကိုသွားခွင့်ပြုပါ ခွန်မှိုင်းရာ၊ ကျော်ကြီး...မင်းကိုလည်း ငါတောင်းဆိုပါတယ်၊ ငါတကယ် ဒီမှာဆက်မနေနိုင်တော့လို့ပါ၊ ငါ့စိတ်တည်ငြိမ်သွားတဲ့အချိန် မင်းတို့ဆီ အရပြန်လာမှာပါ၊ အခုတော့ ငါ...ငါ..."

မင်းခွန်မှိုင်း စိတ်ရူးပေါက်ပြီး ငစိုင်းအားထိုးပစ်ချင်ပေမဲ့ မထိုးရက်ခဲ့။ ငစိုင်းရင်ထဲမှခံစားချက်ကို သူအတိုင်းသား မြင်နေရသည်မဟုတ်ပါလား။

"မင်းကိုသာ့လက်ခံလိုက်ရုံနဲ့ ငါကစိတ်ဆိုးစရာလား အရူးကောင်ရာ"

"မင်းစိတ်ဆိုးရင်ရော ငါကဂရုစိုက်မတဲ့လား ဂေါက်တောက်တောက်ရဲ့"

သူငယ်ချင်းနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးလိုက်ကြသည်။ သည်အပြုံးက သူတို့အချင်းချင်းနားလည်မှုကိုဖော်ပြနေသည်။ ကျော်ကြီးလည်း သူတို့နှစ်ယောက်အားကြည့်ရင်း မျက်ရည်ကျလာမိသောကြောင့်ခိုးသုတ်စဉ် နှစ်ယောက်သားကမိဖြစ်အောင်မိသွားကာ သူ့အားဝိုင်းဖက်ကြလေသည်။

"မငိုပါနဲ့ ကလေးလေးရယ်...တိတ်တိတ်"

မင်းခွန်မှိုင်းကစမိတော့ ကျော်ကြီးခမျာ ငိုတစ်ဝက်ရယ်တစ်ဝက်ဖြစ်ရသည်။

"ငါ့ကိုမင်းတို့နားလည်ပေးကြနော်"

သူငယ်ချင်းနှစ်ယောက်လုံး၏မျက်နှာကို သေချာကြည့်ကာ ငစိုင်းတောင်းဆိုမိသည်။ နှစ်ယောက်လုံးက သူ့ပခုံးတစ်ဖက်စီကို လက်သီးဖြင့်အသာအယာထိုးကြသည်။

"ကိုဘုန်းကျော်စွာနဲ့အရမ်းပျော်ပြီး ပြန်မလာတော့ရင် ငါတို့နှစ်ယောက်လုံးက မင်းကိုလိုက်သတ်မှာနော်"

ကျော်ကြီးအပြောကြောင့် မင်းခွန်မှိုင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းသာ မျက်နှာလွှဲလိုက်သည်ကို Kiteသတိထားလိုက်မိသည်။

နောက်ထပ်ရက်အနည်းငယ်အတွင်းမှာပင် မင်းခွန်မှိုင်းသည် လူ့လောကမှသာမက သံသရာစက်ဝန်းကပါ ပျောက်ကွယ်သွားရတော့မည် မဟုတ်လား။ ထို့ကြောင့် သူ့သူငယ်ချင်းများကို သူထပ်မတွေ့နိုင်တော့ပါလေ။ ပြန်မဆုံနိုင်တော့ပါလေ။

"ဒီနေ့တစ်နေကုန် ငါတို့လျှောက်လည်ကြရအောင်၊ ဘာအလုပ်မှလည်း မလုပ်တော့ဘူး"

"အေးကွာ...ငါတို့နေ့တိုင်းတွေ့နေပေမဲ့ တူတူလျှောက်မလည်ရတာကြာပြီပဲ"

မင်းခွန်မှိုင်းခေါင်းဆောင်မှုကို ကျော်ကြီးထောက်ခံလိုက်သည်။ ငစိုင်းကမူ ခပ်ယဲ့ယဲ့လေးရယ်သည်။ အလုပ်ကလစ်ဖို့နှင့်ပျော်ဖို့ဆိုလျှင် ထိပ်ဆုံးကတက်ကြွသောမင်းခွန်မှိုင်းကို သူစလံမြှောက်ရုံသာ။

"ကြွ ကြွ"

အိတ်ကိုယ်စီလွယ်ရင်း သူငယ်ချင်းသုံးယောက်သား စတူဒီယိုမှထွက်သွားကြသည်။ Kiteကတော့ မောင်တက်ကြွလေးမင်းခွန်မှိုင်းနောက်မှ ခပ်အေးအေးဆက်လိုက်ရုံသာရှိတော့သည်။

မင်းခွန်မှိုင်းကတော့ Kiteအားနည်းနည်းမှ ဂရုမစိုက်။ မသိချင်ယောင်ဆောင်ပြီးသာ နေနေသည်။ မနေ့ညက မကောင်းဆိုးဝါးတွေ့စဉ်က အချိုးကတစ်မျိုးနှင့် အပြောင်းအလဲမြန်သောသတ္တဝါလေး။ တကယ့်ငဂျစ်ကလေး။

************************************

"ကိုသာ နေ့လယ်စာသွားစားမယ်လေ၊ အလုပ်သမားတွေဆို စားလို့တောင်ပြီးတော့မယ်"

"မလိုက်တော့ဘူး ရွက်ဝါ၊ ကိုသာရင်နည်းနည်းပြည့်နေလို့"

ရွက်ဝါသည် ထမင်းဘူးလေးကိုသူ့ပေါင်ပေါ်သူတင်ရင်း ကိုသာ့ဘေးဝင်ထိုင်လိုက်သည်။

"နေမကောင်းဘူးလား ကိုသာ"

"မဟုတ်ပါဘူး ရွက်ဝါရယ်၊ မနက်က နန်းကြီးသုပ်ကြောင့်ပါ၊ ရွက်ဝါသာသွားစားလိုက်တော့၊ ကိုသာလည်း စစ်စရာရှိတာလေးတွေ လိုက်စစ်လိုက်ဦးမယ်"

လက်ထဲတွင်ခေါက်လျက်သား ဆုပ်ကိုင်ထားသောလက်ကိုင်ပဝါလေးကို ဘောင်းဘီအိတ်ကပ်ထဲအသာထည့်၍ မေရွက်ဝါအနားက ထွက်လာလိုက်တော့သည်။

စိုင်းနှင့်ပတ်သက်ပြီး သူဘယ်လိုလုပ်ရပါ့။ စိုင်းဘက်ကပြတ်သားသွားလျှင်တောင် ကိုသာ့ဘက်က မပြတ်သားနိုင်ပါလေ။ အဖြူရောင်သံယောဇဉ်ကြိုးလေးက အရောင်ပြောင်းသွားပြီမို့ ပိုမိုငြိတွယ်နေမိပြီဖြစ်သည်။

အားငယ်တတ်သော သူ့မျက်ဝန်းလေးများကို လွမ်းသည်။

Thanks For Reading

Note

နောက်ထပ်နှစ်ပိုင်းလောက်ဆိုရင် နတ်ဆိုးတို့ပြီးတော့မှာပါ။ ကြိုအသိပေးထားတဲ့သဘောပါ။ ရုတ်တရက်ကြီး ဇာတ်သိမ်းဆို ရင်ထဲတစ်မျိုးဖြစ်မှာစိုးလို့ ကြိုပြောတာပါ။ အခုထိဖတ်ပေးနေတဲ့သူလေးတွေကိုလည်း နိုရာက ကျေးဇူးတင်ပါတယ်နော်။

Zawgyi

မင္းခြန္မႈိင္းအိပ္ရာႏုိးခ်ိန္တြင္ ေဘး၌Kite႐ွိေနဆဲျဖစ္သည္။ တစ္ညလံုးမလႈပ္တမ္းလက္ကုိ ကိုင္ထားခ်င္ေသာ္လည္း အိပ္ခ်ိန္၌ပင္ ေမ်ာက္က်ေသာအေမာင္မင္းခြန္မႈိင္းေၾကာင့္ တစ္ညလံုးကုိင္ထားခြင့္မရလိုက္။ ဒဏ္ရာရထားေသာမ်က္ႏွာေပၚသုိ႔ပင္ လက္တစ္ဖက္ကဖတ္ခနဲ၊ ဖတ္ခနဲလာတင္၍ မႏုိးေအာင္ဖယ္ခ်ရသည္က အလုပ္တစ္ခုျဖစ္ေနခဲ့သည္။

ေနာက္ဆံုး ေမ်ာက္ေလာင္းေလးအားေက်ာေပး၍ တစ္ဖက္သုိ႔လွည့္ၿပီးမွိန္းေနလိုက္ေတာ့သည္။ တစ္ညလံုး တဆစ္ဆစ္ကိုက္ေနေသာဒဏ္ရာသည္ မနက္က် ေကာင္းေကာင္းက်က္ေနၿပီျဖစ္သည္။ ေန႔လယ္မေရာက္ခင္မွာပင္ အမာရြတ္ပင္မက်န္ဘဲ ေပ်ာက္ကင္းသြားလိမ့္မည္။ Kiteတစ္ညလံုးလည္း အိမ္အတြင္းပုန္းကြယ္ကပ္ၿငိေနေသာ ပေယာဂတုိ႔အား စုပ္ယူခဲ့ၿပီးျဖစ္သည္။ နတ္ဆုိးတုိ႔၏ ဒဏ္ရာမ်ားသည္က ပေယာဂေကာင္းေကာင္းစုပ္ယူႏုိင္လ်ွင္ကုိ အလြယ္တကူေပ်ာက္ေနေခ်သည္။ လူ႔ဘဝတုန္းက ရခဲ့သည့္ဒဏ္ရာမ်ားကသာ အမာရြတ္အျဖစ္ က်န္တတ္ျခင္းျဖစ္သည္။

ထုိ႔ေၾကာင့္ Kiteလည္ပင္း၌လည္း ဓားဒဏ္ရာ အမာရြတ္တစ္ခု..။

မင္းခြန္မႈိင္းႏုိးသည္ႏွင့္ သူ႔အားေက်ာေပး၍ အိပ္ေနေသာKiteကုိ တစ္ခ်က္လွမ္းၾကည့္ၿပီး ေရခ်ဳိးသန္႔စင္ဖုိ႔ ေရခ်ဳိးခန္းထဲသြားလိုက္ေတာ့သည္။ Kiteမ်က္ႏွာမွ ဒဏ္ရာကလည္း ေကာင္းေကာင္းသက္သာေနၿပီျဖစ္၍ စိတ္လည္းအေတာ္အတန္ေပါ့သြားၿပီျဖစ္သည္။ ဤသည္မွာ သူတစ္ညလံုးလက္ကုိင္ခြင့္ျပဳၿပီး ပေယာဂစုပ္ခြင့္ျပဳလိုက္ေသာေၾကာင့္ျဖစ္မည္ဟု ထင္ေနခဲ့သည္။

အနည္းဆံုးေတာ့ Kiteအေပၚ သူ႔ေက်းဇူးေလးတစ္ခု ေကာင္းေကာင္းတင္သြားၿပီ။ မဟုတ္လ်ွင္ အျမဲတမ္းသူ႔ဘက္ကအယူခ်ည္းျဖစ္ကာ အေပးမ႐ွိေတာ့ စိတ္ထဲအားနာေနရသည္။ ယခုမွ နည္းနည္းပါးပါးေနသာထုိင္သာ႐ွိေတာ့၏။ သုိ႔ေပမဲ့ Kiteအေပၚ စိတ္ေျပသြားျခင္းမဟုတ္။

"ငါမင္းကုိ ေျပာစရာ႐ွိတယ္ မင္းခြန္မႈိင္း"

ထီးလိေမၼာ္ေရာင္ေလးတစ္လက္ျဖင့္ ေဘာက္ဆတ္ဆတ္ေလ်ွာက္ေနေသာ မင္းခြန္မႈိင္းေဘးမွ Kiteသြက္သြက္လိုက္ေလ်ွာက္ရင္း လက္စြပ္ကိစၥေျပာရန္ ႀကိဳးစားေနရသည္။

"မင္းကုိငါဘယ္ေတာ့မွ မခ်စ္ဘူး...ဟုတ္ၿပီလား၊ ဒါ ငါ့အေျဖပဲ၊ ဘာမွဆက္မႀကိဳးစားနဲ႔ေတာ့၊ ေျပာလည္းမေျပာနဲ႔ေတာ့၊ ငါ့ေဘးမွာဆက္လိုက္မွာဆုိရင္ မင္းၿငိမ္ၿငိမ္ေလးသာေန၊ မဟုတ္ရင္ ငါနဲ႔ေဝးေဝးသာသြားေတာ့"

"အဲ့ဒီကိစၥမဟုတ္ပါဘူး မင္းခြန္မႈိင္းရယ္၊ ငါေျပာတာ ခဏေလးနားေထာင္ေပး၊ တကယ္အေရးႀကီးလို႔ပါ"

"မသိဘူးကြာ၊ ငါနားမေထာင္ခ်င္ဘူး၊ လစ္လိုက္ေတာ့ မင္း"

မင္းခြန္မႈိင္းစိတ္ထဲတြင္ Kiteသည္ သူ႔အား ႏွလံုးသားအျမဳေတအတြက္ ထပ္တုိက္တြန္းမည္ဟုထင္ကာ အေၾကာက္အကန္ျငင္းေနမိသည္။ သူKiteအေပၚထားသည့္ခံစားခ်က္ကုိ ဘယ္ေသာအခါမွ ထုတ္ျပေတာ့မည္မဟုတ္ေခ်။ သူ႔ေၾကာင့္ Kiteေပ်ာက္ကြယ္သြားမည္ဆုိလ်ွင္ သူကေပ်ာ္ႏုိင္မည္မဟုတ္။ Kiteကုိ သူေပ်ာက္ကြယ္မသြားေစခ်င္။ အဲ့သည္အစား သူပင္ေသဆံုးသြားခ်င္သည္။ ေသဆံုးျခင္းက ေၾကာက္စရာေကာင္းမွန္း မင္းခြန္မႈိင္းေကာင္းေကာင္းသိသည္။ သုိ႔ေပမဲ့ Kiteကုိေတာ့ သူ႔ေ႐ွ႕ကေန ေပ်ာက္ကြယ္မသြားေစခ်င္ေတာ့ေပ။

"မင္းငါ့ကိုမခ်စ္လည္း ရတယ္ကြာ၊ အခု ငါ"

"မင္းဘာေတြထပ္ညာဦးမွာလဲ Kite ၊ မင္းကိုငါမယံုေတာ့ဘူး သိလား၊ မင္းပါးစပ္ကုိ ပိတ္ေနလိုက္ေတာ့"

Kiteစိတ္ပ်က္ပ်က္ျဖင့္ ညည္းတြားႏုိင္ရံုပင္ တတ္ႏုိင္ေတာ့သည္။ အေရးႀကီးသည့္အေၾကာင္းအရာမုိ႔ မင္းခြန္မႈိင္း နားလည္ေအာင္ သူေသခ်ာေျပာခ်င္သည္။ မင္းခြန္မႈိင္းသည္ သူ႔အားမခ်စ္ႏုိင္သည္မုိ႔ သည္နည္းကိုသာမသံုးလ်ွင္ မင္းခြန္မႈိင္း သူ႔အမွားေၾကာင့္ေပ်ာက္ကြယ္သြားရလိမ့္မည္။ သူစိတ္႐ွည္ရမည္။ သည့္ထက္ နည္းနည္းေလးစိတ္႐ွည္ရမည္။ အရင္ဆံုး မင္းခြန္မႈိင္းႏွင့္ျပန္အဆင္ေျပေအာင္ ႀကိဳးစားရမည္။ ၿပီးမွ လက္စြပ္ကိစၥကို ေအးေဆးေျပာရမည္။

Kiteခႏၶာကုိယ္သည္ မုိးမစုိႏုိင္မွန္းသိသိႏွင့္ မင္းခြန္မႈိင္း ထီးကုိKiteဘက္တုိးေဆာင္းေပးလိုက္မိသည္။ အကယ္၍ စုိသြားႏုိင္လ်ွင္ဆုိသည့္ စုိးရိမ္စိတ္ကေလးက အုပ္စုိးသြားသည္မုိ႔...။

တစ္မုိးေအာက္က မင္းခြန္မႈိင္း၏မ်က္ႏွာပုပ္ေလးအား Kite ေစာင္းၾကည့္လိုက္ၿပီး ထီးကုိအမုိးအဖ်ားမွကုိင္ကာ မင္းခြန္မႈိင္းဘက္ျပန္တုိးေပးလိုက္သည္။ သူ႔လူသားငယ္ေလး ဖ်ားနာသြားမည္ စုိးေသာေၾကာင့္....။

************************************

"ငစုိင္း...မင္း စတူဒီယုိအေစာႀကီးေရာက္ေနတာလား"

"ေအး...ေစာထြက္လာမိလို႔"

ခပ္ေအးေအးေျဖၿပီး တစ္ေန႔ကေရာက္ေသာ ပုိစတာအသစ္မ်ားအားကပ္ေနသည့္ ငစုိင္းအား ေက်ာ္ႀကီးေဘးမွေန၍ မ်က္ႏွာကိုအမိအရၾကည့္လိုက္သည္။ ငစုိင္း၏ ျဖဴစုတ္ေနသည့္မ်က္ႏွာကုိျမင္ေလေတာ့ သူလန္႔သြားမိေသးသည္။

"ေဟ့ေကာင္...မင္းေနမေကာင္းဘူးလား၊ ျဖဴဖတ္ျဖဴေရာ္နဲ႔"

ငစုိင္း ပခံုးတစ္ဖက္ကုိဆတ္ခနဲဆြဲၿပီး ေျပာလုိက္ေသာေၾကာင့္ လြတ္က်သြားေသာ တိပ္အားငစုိင္းျပန္ေကာက္ရင္း ဘာမွမျဖစ္သလို ေခါင္းခါျပလိုက္သည္။

"မုိးနည္းနည္းစုိလာလို႔ကြာ"

"မင္းကားနဲ႔လာတာ မဟုတ္ဘူးလား"

စတူဒီယုိေ႐ွ႕မွ ငစုိင္းကားကုိ တစ္ခ်က္လွမ္းၾကည့္ၿပီးေျပာေတာ့ ေက်ာ္ႀကီးအား ငစုိင္းမၾကည္မသာစုိက္ၾကည့္လိုက္သည္။

"ေတာ္ေတာ္စပ္စုတဲ့ေကာင္ကြာ၊ ငါမနက္က ေမေမ့ဖုိ႔ ႐ွမ္းေခါက္ဆြဲသြားဝယ္ရင္း မုိးမိေသးတယ္၊ အဲ့တာေၾကာင့္ အခုျဖဴစုတ္စုတ္ျဖစ္ေနတာ"

"မင္းလာ..."

အတင္းအားျပဳကာရယ္ၿပီး ပုိစတာဆက္ကပ္ေနေသာငစုိင္းအား ေက်ာ္ႀကီးအတင္းဆြဲေခၚၿပီး ဆုိဖာ၌ထုိင္ခိုင္းေစလိုက္သည္။

"ဘာတုန္းကြာ၊ မင္းလုပ္တာ ပုိစတာျပဲေတာ့မယ္"

"ေနစမ္းပါ ငစုိင္းရာ၊ မင္းငါ့ကုိညာေနတာ ငါမသိတာက်လို႔၊ မင္းကလိမ္တတ္တဲ့ေကာင္မွမဟုတ္တာ၊ ေျပာ...ဘာျဖစ္လာတာလဲ၊ ကုိသာ့ကုိ သြားေခ်ာင္းၿပီး ခံစားလာရျပန္ၿပီမလား"

ငစုိင္းေခါင္းငုိက္စုိက္က်သြားကတည္းက ေက်ာ္ႀကီးအထင္မွန္ေနေၾကာင္း ေကာင္းေကာင္းသိလိုက္သည္။

"မင္းကေလ အ႐ူးလိုပဲ သိလား၊ ကိုသာက မင္းကုိခ်စ္ပါတယ္ေျပာေနတာေတာင္ ထြက္ေျပးလာၿပီး၊ ၿပီးမွသြားေခ်ာင္းေနတယ္၊ ကုိသာ့ကိုလက္ခံလိုက္ရင္ မင္းေရာ ကုိသာပါေပ်ာ္ရမယ့္ကိစၥကုိ ဘာေတြအေတြးလြန္ေနတာလဲ"

ငစုိင္း မဲ့တဲ့တဲ့လုပ္ရင္းျပံဳးလိုက္သည္။ ကုိသာ့ကုိ လက္ခံလိုက္လ်ွင္ သူေရာ၊ ကုိသာပါေပ်ာ္ရမည္တဲ့လား။

"ဘယ္အခ်ိန္အထိ ေပ်ာ္ႏုိင္မွာလဲ ေက်ာ္ႀကီး"

ငစုိင္းအေမးေၾကာင့္ ေက်ာ္ႀကီးမ်က္ေမွာင္ၾကဳတ္သြားသည္။

"ကုိသာ့ကုိလက္ခံလိုက္လို႔

You are reading the story above: TeenFic.Net