Part 3

Background color
Font
Font size
Line height

Unicode

"သေချာရဲ့လား အသင်နတ်ဆိုး။"

"သေချာပါတယ် နတ်ဆိုးသခင်။ ကျွန်ုပ်ကို နှလုံးသားအမြုတေ ပေးပါ"

"အမြု​တေက ၃၁ရက်အတွင်း အသက်ဝင်မှရမယ်ဆိုတာ အသင်နတ်ဆိုး သိတယ်မဟုတ်လား..."

"သိပါတယ် နတ်ဆိုးသခင်။"

"အသက်မသွင်းနိုင်ခဲ့ရင် ကောင်လေးကဘဝဆုံးပြီ​နော်။ အမြု​တေက သူ့ဝိဉာဉ်ကို ဖမ်းဆီးပိတ်​လှောင် ပစ်လိမ့်မယ်။ လောင်းကြေးစားကြေးကကြီးတယ်ဆိုတာ အသင်နားလည်တယ်မဟုတ်လား....။ အကယ်၍ အသက်သွင်းနိုင်ခဲ့ရင်လည်း...."

"အကျိုးဆက်အကုန် သိပြီသားမို့ အမြုတေကိုသာ ပေးပါ နတ်ဆိုးသခင်"

************************************

ပိတ်မှောင်နေသည့်နေရာတစ်ခု...။ အခန်းတစ်ခုဟုဆိုရလေမည်လား။ ကြမ်းခင်းတစ်ခုလုံးကလည်း အေးစက်လွန်းနေသည်။ အခန်းထဲတွင် မည့်သည့်အရာကိုမျှ မမြင်ရသောကြောင့် မင်းခွန်မှိုင်းကြက်သီးများ ဖြန်းခနဲထမိသည်။

'ငါသေသွားပြီလား....။ ကားတိုက်ခံလိုက်ရလို့ သေသွားတာလား။ အခုရောက်နေတာ တမလွန်လား။ ဒါမှမဟုတ် Konosuba Animeထဲကလိုမျိုး မင်းသားက​ကားတိုက်ခံရလို့​သေသွားပြီး ကမ္ဘာသစ်ရောက်သွားတာလား။ Aquaလိုမျိုး ခပ်ဟော့ဟော့ပေမဲ့ သုံးစားမရတဲ့နတ်ဘုရားမ ပေါ်လာမှာလား။'

အတွေးပေါင်းစုံသူ့ခေါင်းထဲ ဝင်လာလေသည်။  တွေးရင်း ရင်တော့ခုန်လာသလိုပင်...။ အမှန်တကယ်တော့ Konosubaထဲမှမင်းသားသည် ကားနှင့်တိုက်ခံရခြင်းမဟုတ်။ ထော်လာဂျီနှင့်တိုက်မိမလိုဖြစ်ပြီး သူ့ဘာသာအလန့်လွန်ကာ သေသွားခြင်းပင်။

စိတ်ကူးတွေအယဉ်လွန်နေစဉ်မှာပင် မိမိအနားတွင် ဝဲလာသည့်အစိမ်းရောင် မီးလုံးများ...။ မှိတ်တုတ်မှိတ်တုတ်နှင့်မို့ မီးလုံးမဖြစ်နိုင်ဘဲ ပိုးစုန်းကြူးများဖြစ်မည်။ ထို့နောက် လမ်းလျှောက်လာနေသည့် ခြေသံတလျှပ်လျှပ်နှင့် လူရိပ်တစ်ရိပ်။ မင်းခွန်မှိုင်း ကြောက်စိတ်အနည်းငယ်ဝင်လာမိသည်။ ထိုအရိပ်မည်းက သေမင်းတမန်များဖြစ်နေမည်လား။ မင်းခွန်မှိုင်း၏ ရှေ့ခပ်လှမ်းလှမ်းအကွာလောက်တွင် ထိုအရိပ်သည်ရပ်သွားပြီး သူ့ဘက်သို့လှည့်လာသလို ခံစားမိလိုက်သည်။

"ဗုဒ္ဓေါ..."

ဆတ်ခနဲတွန့်ပြီး ဘုရားတမိသည်အထိ သူ့အားကြည့်လာသည့် အနီရောင်မျက်ဝန်းတစ်စုံ။ မင်းခွန်မှိုင်းလန့်ပြီး အနောက်သို့ ဖင်တရွတ်တိုက်ဆွဲကာ ဆုတ်လိုက်မိသည်။ ထိုအရိပ်မည်နှင့် မျက်ဝန်းနီကောင်ကြီးသည် သူ့ရှေ့တိုးမလာဘဲ မည်သည့်အချိန်ကတည်းကရှိ​နေမှန်းမသိသည့် ထိုင်ခုံတစ်ခုံတွင် ထိုင်လိုက်သည်။ မြင်ကွင်းသည် ခုနကကဲ့သို့အမှောင်မဟုတ်တော့ချေ။ ပိုးစုန်းကြူးများကြောင့် ခပ်ရေးရေးမြင်လာပြီ...။

"ခ...ခ..ခင်ဗျားက ဘယ်...သူလဲ"

သူ စကားတွေပင် ထစ်ကုန်၏။ ရှေ့တွင် ထိုင်နေသည်က ဘာကောင်ကြီးမှန်း သူမသိ။ လူနှင့်ပုံပန်းသဏ္ဍာန်တူပေမဲ့ မျက်ဝန်းနီတွေနှင့်ဖြစ်သောကြောင့် လူမဟုတ်တာ အထင်အရှား...။ အဘယ်ကြောင့် မိမိကိုစိုက်ကြည့်နေရပါသနည်း။

"ဘယ်သူလဲလို့ မေးနေတယ်လေ.."

ကြောက်ကြောက်ဖြင့် မေးရင်း နောက်ကိုဆုတ်ပြီးရင်းဆုတ်မိနေသော်လည်း သူနှင့်အကွာအဝေးသည် နည်းနည်းမျှ ပြောင်းလဲသွားခြင်းမရှိသလိုပင်။

"ဘယ်သူ..."

"ငါက မင်းကိုစောင့်ရှောက်ရတဲ့သူပဲ.."

မေးခွန်းမဆုံးခင်မှာတင် မျက်ဝန်းနီကောင်ဆီမ ခပ်အေးအေးအဖြေကို ကြားလိုက်ရသည်။ အသံသည် စူးခြင်း ၊ သြခြင်းတော့မရှိ။ လေသံကခပ်အေးအေးနှင့် မျက်ဝန်းနီကောင်။ သို့သော် ရုတ်တရက်ထဖြေလိုက်သည်မို့ မင်းခွန်မှိုင်းတွန့်ခနဲတော့ ဖြစ်မိ၏။

သူ့အားစောင့်ရှောက်ရသူတဲ့။ ဘာကိုဆိုလိုမှန်း မင်းခွန်မှိုင်းသဘောမပေါက်နိုင်...။ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေသည့် သတ္တိများကို အတင်းပြန်ခေါ်လိုက်ပြီး တံတွေးတစ်ချက်မျိုချရင်း ဆက်မေးလိုက်သည်။

"ကိုယ်စောင့်နတ်ကိုပြောတာလား..."

မေးခွန်းအဆုံးမှာတင် မျက်ဝန်းနီကောင်သည် ဆတ်ခနဲမတ်တပ်ရပ်လိုက်တာကြောင့် မင်းခွန်မှိုင်း လန့်ပြီးရင်းလန့်သွားရပြန်သည်။

"လူတိုင်းမှာ ကိုယ်စောင့်နတ်ရှိပေမယ့် မင်းမှာမရှိဘူး မင်းခွန်မှိုင်း။"

သူ့နာမည်ကိုပင်သိနေသောကြောင့် မင်းခွန်မှိုင်း ပါးစပ်အဟောင်းသား..။ ထို့အပြင် သူ့တွင်ကိုယ်စောင့်နတ်မရှိဟုဆိုသည်။ သည်လိုဆိုလျှင် ယခုကဘာကောင်ကြီးဖြစ်မည်လဲ။

"နတ်ဆိုး​စောင့်​ရှောက်ခံရတဲ့လူကို ကိုယ်​စောင့်​နတ်က​စောင့်​ရှောက်ခွင့်မရှိဘူး။ ငါက နတ်ဆိုးပဲ။ မင်းနဲ့အတူတူမွေးဖွားလာတဲ့ နတ်ဆိုး။ ဒါကြောင့် မင်းကိုငါ စောင့်ရှောက်နေရတာ။"

သူပြောနေသည်များကို မင်းခွန်မှိုင်း တစ်ခုမှနားမလည်။ ကြောင်အမ်းအမ်းသာဖြစ်နေမိသည်။ နတ်ဆိုးဆိုတာ တကယ်ရှိသည်လား။ ရှိလို့ပင် သူ့ရှေ့ရောက်နေပြီမဟုတ်ပြန်ဘူးလား။ 'မေမေကငါ့ကိုဘာလို့ဒီကောင်ကြီးနဲ့အတူ မွေးရတာလဲ'ဟု တွေးမိတော့ အော်ငိုပစ်ချင်စိတ်ပင် ပေါက်လာမိသည်။

"အခု...အခုက ဘယ်ရောက်နေတာလဲ"

တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးရပြန်သည်။ နတ်ဆိုးဆိုသောသူ မှောင်ရိပ်ထဲမှထွက်မလာတာပင် တော်​သေး၏။ မျက်လုံးနှင့်ပင် လူကအတော်လန့်နေချေပြီ။

"မင်းရောက်နေတာက တမလွန်နဲ့လူ့ဘုံကြားကနေရာတစ်ခုမှာပဲ။ ကားတိုက်မိလို့မင်းသေသွားပြီ။"

သူသေပြီဆိုသောစကား ကြားလိုက်ရချိန်တွင် မင်းခွန်မှိုင်း အရုပ်ကြိုးပြတ်သလို ပျော့တွဲတွဲထိုင်မိတော့သည်။ ဖေကြီး၊ မေမေနှင့်ကိုသာတို့ ယခုအချိန်ဆို ငိုနေလောက်ပြီ။ မိမိကရော သူတို့နှင့် တစ်သက်တာခွဲရတော့မည်။​နောက်ပြီး မိမိအသက်က ယခုမှ ၂၃နှစ်ပင်ရှိသေးသည်။ ဘဝဆိုတာ ဘာမှန်း ကောင်းကောင်းပင်သိသေးသည်မဟုတ်။ နှမြောမိသလိုခံစားရသည်။

"ဒါ..ဒါဆို ကျွန်တော်က..."

"နတ်ဆိုးတစ်ကောင်ရဲ့စောင့်ရှောက်ခြင်းကို ခံယူထားပြီးတော့ ဒီလိုအလွယ်တကူတော့ သေစရာအကြောင်းမရှိဘူး။ အဲ့​တော့ မင်းမှာရွေးချယ်စရာနှစ်ခုရှိတယ်။"

မင်းခွန်မှိုင်း တံတွေးတစ်ချက်မျိုချမိသွား၏။

"နောက်ဘဝကူးမလား ၊ အခုဘဝကိုပြန်မလား..."

"အခုဘဝပဲပြန်မှာပေါ့..."

တုံ့ဆိုင်းစဉ်းစားနေစရာမလိုဘဲ ချက်ချင်းအဖြေပေးလိုက်သည်။ နောက်ဘဝဆိုသည်မှာ မည်ကဲ့သို့ဖြစ်မည်မှန်း သူသိသည်မဟုတ်။ ယခုဘဝကတော့ သူအမြတ်နိုးရဆုံး မိသားစုရှိသည်။ သူ့သူငယ်ချင်းနှစ်ယောက်၊ သူ့အလုပ်၊ အကုန်မြတ်နိုးစရာချည်း။ မည့်သည့်အကြောင်းပြချက်နှင့်မှ နောက်ဘဝကူးစရာအကြောင်းမရှိ။

"အခုဘဝကိုပြန်မယ်ဆိုရင်​တော့ မင်းလုပ်ရမယ့်တာဝန်ရှိတယ် မင်းခွန်မှိုင်း။ အလွယ်တကူနဲ့​တော့ မရနိုင်ဘူး"

"ဘာဖြစ်ဖြစ်လုပ်မယ်ဗျာ။ ဖေကြီးတို့ကို​တော့ မထားခဲ့နိုင်ဘူး။"

သူ့အဖြေကိုကြားတော့ နတ်ဆိုးဆိုသူက ပြုံးသွားသလိုပင်။ ပိုးစုန်းကြူးလေးတစ်ကောင်သည် သူ့မျက်နှာရှေ့က ဖြတ်သွားချိန်နှင့် ကွက်တိတိုးတာကြောင့် သူပြုံးလိုက်သည်ကို မြင်လိုက်မိသည်။ စိတ်က ထင်ယောင်ထင်မှား ဖြစ်နေတာလည်းဖြစ်နိုင်သည်..။

"သေချာတယ်နော်"

နောက်တစ်ကြိမ်ထပ်မေးပြန်သည်။

"သေချာပါတယ်ဆို။ ဘာလို့ခဏခဏမေးနေတာလဲ"

သည်တစ်ခေါက်တော့ စိတ်ပေါက်ပေါက်နှင့် ဖြေချပစ်လိုက်သည်။ မင်းခွန်မှိုင်းတို့ စိတ်​ပေါက်လာလျှင် နတ်ဆိုးတွေဘာတွေဂရုပြုမည်မဟုတ်။ ပြောချင်ရာပြောချတတ်သူပင်။

"ကောင်းပြီလေ။"

ထိုစကားနှင့်အတူ ပိုးစုန်းကြူးများရော နတ်ဆိုးပါပျောက်သွားပြီး အခန်းသည် အမှောင်ပြန်ကျသွားသည်။ ထို့နောက် သူ့အနားသို့ တစ်ယောက်ယောက်ကပ်လာသလို ခံစားမိသည်။ ခံစားမိသည်ကိုမဟုတ်၊ သေချာပေါက်ရှိနေသည်ဆိုတာ စိတ်ကအတိအကျသိနေသည်။ သိပ်မကြာခင်မှာပင် ပိုးစုန်းကြူးလေးတွေပြန်ရောက်လာပြီး နတ်ဆိုးဟာလည်း စောစောကအနေအထားအတိုင်း ပြန်ရှိနေသည်။

"မင်းအဘွား​ပေးထားတဲ့ လက်ပတ်ကိုကြည့်လိုက်..."

မင်းခွန်မှိုင်း ဘယ်ဘက်လက်ကို တန်းကြည့်လိုက်မိသည်။ ပိုးစုန်ကြူးများကလည်း ထိုလက်ပတ်နားတွင် တဝဲလည်လည်လုပ်နေကြသည်။ သူမွေးကတည်းကပင် အဘွားမှမချွတ်ရဟုဆိုကာ ပေးထားခဲ့သည့် ကတ္တီပါရွှေနီကြိုးလက်ပတ်လေးတွင် ကလေးလက်သန်းတစ်ဆစ်စာလောက်သာရှိသည့် ပုလင်း​သေး​သေး​လေးတစ်ခုချိတ်ထားသည်။ အဘွားအပြောကတော့ အန္တရာယ်ကင်းအောင်ဟုဆိုသည်။ ယခုတော့ နတ်ဆိုးက ပုလင်းချိတ်ဖို့ပင် သုံးသွား၏။ ပုလင်းအတွင်းပိုင်းကိုသေချာကြည့်မိတော့ အဖြူရောင်လိုလို ပန်းရောင်လိုလို အငွေ့လေးတွေက ဖြည်းဖြည်းချင်းလည်ပတ်နေသည်။

"ဒါဘာလဲ..."

"အဲ့တာ နှလုံးသားအမြုတေ။"

ဂြိုလ်သားစကားတွေလားဟု မင်းခွန်မှိုင်းတွေးမိသည်။ နှလုံးသားအမြုတေဆိုသည်ကို တစ်ခါမျှမကြားဖူးချေ။ သူသိသည်က တီဗွီမှလာသည့် အိန္ဒိယကားတွေထဲမှ မြွေအမြုတေကိုသာသိသည်။

"မင်းအတွက် အချိန်၃၁ရက်ရမယ်။ အဲ့၃၁ရက်အတွင်းမှာပဲ ငါ့ကိုအချစ်စစ်နဲ့ချစ်မိမယ်ဆိုရင် မင်းရဲ့ဘဝမှာဆက်ရှင်သန်ခွင့်ရမယ်။ ပြီးတော့..."

နတ်ဆိုးကသူ့အားချစ်ရမည်ဆိုသော စကားက မင်းခွန်မှိုင်းအား ခေတ္တမျှကြောင်အမ်းသွားစေသည်... ။

"ဝက်သားဖက်..."

မင်းခွန်မှိုင်း၏ဘာမှန်းမသိသည့်စကား​ကြောင့် နတ်ဆိုးသည် စကားပြောနေရင်းမှ တန့်ခနဲဖြစ်သွားလေသည်။

"ဘာလဲ ဝက်သားဖက်ဆိုတာက။ စားတဲ့ဟာလား..."

မင်းခွန်မှိုင်း ရယ်ချင်သွားမိလို့ ပါးစပ်ကိုထိန်းလိုက်ရသည်။ အမှန်တကယ်တော့ မိမိပြောချင်သည်က What The F**kဖြစ်သည်။ ရိုင်းမည်စိုးသောကြောင့် မြန်မာမှုပြုကာ ဝက်သားဖက်ဟုဆိုခြင်းကို သူက စာူးည့်ဟာလားဆိုတော့...၊ တော်​တော်ပိန်းသည့် နတ်ဆိုးပင်။ တွေးရင်း မထိန်းနိုင်တော့ဘဲ ရယ်ချင်လာတာ​ကြောင့် ကိုယ့်ပါးကိုယ်ဘယ်ပြန်ညာပြန် တစ်ချက်စီရိုက်ပေးလိုက်သည်။

"အဟမ်း...ဆက်ပြောပါ။"

နတ်ဆိုးလည်း ထိုအခါမှ သူ့စကားကိုဆက်ရသည်။

"၃၁ရက်ပြည့်လို့မှ ငါ့ကိုမချစ်နိုင်ဘူးဆိုရင် မင်းရဲ့ဝိဉာဉ်ကို နှလုံးသားအမြုတေက ဖမ်းစားလိမ့်မယ်။ မင်းနောက်ဘဝမကူးနိုင်တော့ဘူး။"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...။ မင်းကအထီးကြီးမဟုတ်ဘူးလား..."

မင်းခွန်မှိုင်းအသံကား ငိုသံပါကြီးဖြင့် စိတ်ပျက်လက်ပျက်။

"အကယ်၍ မင်းလက်လျှော့ချင်လည်းရတယ်။ ၃၁ရက်ပြည့်ကာနီးအထိ လုံးဝမဖြစ်နိုင်ဘူးဆိုရင် အဲ့ဒီအမြုတေပုလင်းကို ရိုက်ခွဲလိုက်။ မင်းနောက်ဘဝချက်ချင်းကူးသွားလိမ့်မယ်။ ဒါပေမယ့် မအောင်မြင်ခဲ့တဲ့အတွက် မင်းပြန်ပေးဆပ်ရမယ့်အရာက မင်းနောက်ဘဝမှာ လူမဖြစ်နိုင်​တော့ဘူး။"

တော်တော်ကြီးမားသည့် လောင်းကြေးစားကြေးပင်။ အစကတည်းက နောက်ဘဝကူးလိုက်တာမှ ကောင်းဦးမည်ဟု နောင်တရချင်လာသည်။ နောက်ဆုတ်ဖို့လည်းမဖြစ်နိုင်မှန်း ရိပ်မိသောကြောင့် ကြိုးစားကြည့်ရုံမှအပ အခြားမရှိတော့ချေ။

"ကောင်းပါပြီ"

ခေါင်းညိတ်အတည်ပြုပြီးနောက်တွင် မင်းခွန်မှိုင်းမျက်လုံးများ လေးလံလာသည်။ ခေါင်းတွေလည်းမူးဝေပြီး အော့အန်ချင်လာသလို ဖြစ်လာသည်...။ ပုံရိပ်များကလည်း ဝေဝါးလာပြီး သူပစ်လဲသွား​တော့လေသည်....။

***********************************

"ညီမှိုင်း...သတိရလာပြီလား..."

မျက်လုံးကိုအားယူဖွင့်လိုက်စဉ် စတင်မြင်လိုက်ရသည့် ကိုသာ့မျက်နှာ​ကြောင့် ကြောက်စိတ်များပျောက်ပြီး အားကိုးရှိသွားသလို ခံစားလိုက်ရသည်။

"ကိုသာ..."

လေသံခပ်ဖျော့ဖျော့ဖြင့်ခေါ်ရင်း ကိုသာ့ပခုံးကိုကုပ်ဖက်တွယ်ကပ်ကာ ငိုမိ​တော့သည်။ ကိုသာတို့နှင့်ခွဲရပြီဟု သူ့တွင်အထင်ရှိခဲ့သည် မဟုတ်ပါလား။

"ကိုသာ....."

ကိုသာသည် သူ့ကျောကုန်းကိုအသာဖွ၍ ပုတ်ပေးလျက် နှစ်သိမ့်ပေးနေသည်။

"မငိုနဲ့လေ ညီမှိုင်းရဲ့။ အရမ်းလန့်နေခဲ့တာမဟုတ်လား။ အဲ့ကားက လမ်းပြင်နေတာမသိဘဲ မောင်းဝင်လာတော့ ညီမှိုင်းလန့်သွားမှာပဲ။ ဘာမှမဖြစ်တော့ဘူး ...ကိုသာရှိတယ် မငိုနဲ့။"

မင်းခွန်မှိုင်းငိုခြင်းသည်က ကားတိုက်ခြင်းကိုလန့်၍မဟုတ်။ မိမိအိပ်မက်ထဲတွင် ဖြစ်ခဲ့သည့်ကိစ္စကြောင့် ကိုသာတို့နှင့်ခွဲရတော့မည်အထင်ရှိခဲ့ပေမဲ့ ယခု မျက်စိရှေ့တွင်တွေ့လိုက်ရသဖြင့် ဝမ်းသာလွန်း၍ဖြစ်သည်။ ကိုသာ့ကိုဖက်ထားရာမှလွှတ်ရင်း မျက်ရည်များကို ပိုက်တန်းလန်းတပ်ထားသည့်လက်ဖြင့် ဖိသုတ်လိုက်သည်။ ကိုသာက သူ့အားကုတင်ပေါ် အသာအယာပြန်လှဲစေသည်။

"ညီမှိုင်း သတိလစ်နေတာ တစ်ပတ်လောက်ရှိပြီ။ ကိုသာတို့အရမ်းစိတ်ပူနေတာ။ ကားတိုက်မိပြီး ညီမှိုင်းခေါင်းထိသွားလို့ ငါးချက်တောင်ချုပ်လိုက်ရတယ်"

ကိုသာပြောမှ ကိုယ့်ခေါင်းကိုယ်ပြန်ကိုင်ကြည့်မိသည်။ ပတ်တီးစည်းထားသည်ကိုပင် သတိမထားမိသည်အထိ ထူပူနေခဲ့တာပင်။ အိပ်မက်အကြောင်း ကိုသာ့ကိုပြောပြလိုက်လျှင် ကောင်းမည်လား...။

"ကိုသာ ဆရာဝန်ကြီးကိုသွားပြောလိုက်ဦးမယ်နော် ညီမှိုင်း။ မေမေနဲ့ဖေကြီးကိုလည်း ညီမှိုင်းသတိရကြောင်း လှမ်းပြောလိုက်ဦးမယ်။ သူတို့တအားစိတ်ပူနေကြတာ။ ကိုသာမနည်းအိမ်ပြန်လွှတ်ပြီး နားခိုင်းထားရတာ။"

ကိုသာသည် စားပွဲပေါ်မှ လက်ကိုင်ဖုန်းကိုကောက်ယူလျက် မင်းခွန်မှိုင်း၏ဦးခေါင်းလေးကို ညင်သာစွာပုတ်ပေးပြီး အပြင်ထွက်သွားလေသည်။ မင်းခွန်မှိုင်းတော့ အိပ်မက်အကြောင်းတွေးရင်းသာ ကျန်နေခဲ့သည်။ အိပ်မက်ဖြစ်နေခဲ့၍ တော်ပါသေးသည်။ မဟုတ်လျှင် ဒုက္ခအလီလီနှင့် ခွေးဖြစ်တော့မှာသေချာပါသည်။

ဦး​ခေါင်းမှ ပတ်တီးကိုကိုင်ကြည့်ရင်း ဟူးခနဲ သက်ပြင်းရှည်ကိုချစဉ် မျက်စိထဲကိုတန်းခနဲဝင်လာသော ဘယ်ဘက်လက်မှအဆောင်လက်ပတ်တွင် တွဲလျောင်းချိတ်ဆွဲထားသည့်ပုလင်း....။ ထိုပုလင်း၊ ထိုပုလင်းက...နှလုံးသားအမြုတေပုလင်း။ သည်လိုဆို။ မင်းခွန်မှိုင်းလန့်ပြီး လက်ပတ်ကိုဆွဲချွတ်ဟန်ပြုလိုက်စဉ် ကုတင်ခြေရင်းအဖျား၌ သူ့အားငုတ်တုတ်ထိုင်လျက် ကြည့်နေသော မျက်ဝန်းနီဖြင့် လူတစ်ယောက်ကို လျှပ်တပျက် မြင်လိုက်ရသည်....။

"အား....."

အသံကုန်ဟစ်ကာအော်လိုက်သော်လည်း အသံထွက်မလာခဲ့။ ထွက်​ပြေးဖို့ ကုတင်​ပေါ်ကဆင်းမည်ပြု​တော့​လှုပ်၍ပင်မရ။ မင်းခွန်မှိုင်းအလန့်လွန်ပြီး ကုတင်းခေါင်းရင်းသို့ တိုးကာဒူးနှစ်ဖက်ကို လက်ဖြင့်ပွေ့သိမ်းလျက် မျက်ဝန်းနီကောင်အား တုန်တုန်ရီရီဖြင့် ကြည့်လိုက်မိသည်။ ခြေသည်းလက်သည်းတွေကလည်း အမည်းရောင်တွေဖြစ်သည်။ အဝတ်အစားပုံစံက Death Noteထဲက Lလိုမျိုး ပွတတ​လျော့​ရဲရဲကိုမှ အမဲ​ရောင်​တွေချည်းပင်။ အသားအရည်က ပုံမှန်လူသားတစ်ယောက်ထက် ဖြူစုတ်သည့်အထဲတွင်ပါ၏။ ပိန်သည်မှာ လည်ပင်းရိုးများပင် ထိုးထောင်ပြီး အရပ်ကရှည်လမျောဟုဆိုရပေမည်။ ခန္ဓာကိုယ်ပိုင်းကို အကဲခတ်ပြီးနောက် မျက်နှာကိုဆက်အကဲခတ်ရန် မင်းခွန်မှိုင်း အနည်းငယ်တွန့်ဆုတ်မိသည်။ သူသည် အိပ်မက်ထဲမှမျက်ဝန်းနီကောင်ဆိုသည်မှာ သေချာသည်။ ကြောက်စရာမျက်နှာကြီးများ ရှိနေလေမလား။ ဖြည်းဖြည်းချင်း ကြည့်မိတော့ လူမျက်နှာကဲ့သိုပင်။ မေးရိုးထင်းထင်း ၊ နှုတ်ခမ်းပါးပါး ၊ နှာတံသွယ်သွယ်ဖြင့်သာ...။ သို့သော် သူ့မျက်ဝန်းများက အနီရောင်။ မျက်ဝန်းဆိုသည်ထက် မျက်ဆံကအနီရောင်ဖြစ်နေသောကြောင့် ကြက်သီးထဖွယ်။ ဆံပင်တွေက ခပ်တွန့်တွန့်ပုံစံဖြင့် အဖြူအမဲရောစပ်နေသေးသည်။

"မင်း...မင်းဘယ်သူလဲ..."

ယခုကျ​တော့ အသံထွက်လာသည်....။ ထစ်ထစ်အအဖြင့် မေးကြည့်ကာ အိပ်မက်ထဲမှ မျက်ဝန်းနီဖြင့်လူ ဟုတ်မဟုတ် အတည်ပြုကြည့်လိုက်သည်။ ထိုမျက်ဝန်းနီဖြင့်လူသည် နှုတ်ခမ်းတစ်ဖက် တွန့်ခနဲပြုံးလိုက်ပုံက ခန္ဓာကိုယ်ရှိမွေးညင်းအားလုံးကို ထောင်သွားစေသလို ခန္ဓာကိုယ်ကိုပါ ဖြန်းခနဲအေးခဲသွားစေသည်။ မျက်ဝန်းနီနှင့်လူသည် မေးသည်ကို မဖြေဘဲ မင်းခွန်မှိုင်းရှိရာ ကုတင်ခေါင်းရင်းသို့ ငုတ်တုတ်ပုံစံဖြင့် ခြေလှမ်းကျဲကျဲလှမ်းကာ ရောက်လာသည်။ မင်းခွန်မှိုင်းလည်း ထိတ်လန့်မိသဖြင့် တဆတ်ဆတ်တုန်ရီနေမိသည်။ ဘာကောင်မှန်းမသိသည့်အကောင်ကြီး မိမိကုတင်ပေါ်ရောက်နေသည်ကို မည်သူကမကြောက်ဘဲရှိမည်လဲ။။

ကြောက်စိတ်ကြောင့် မျက်လုံးကိုအတင်းဖိမှိတ်ပြီး ခေါင်းကိုငိုက်စိုက်ချလိုက်စဉ် မေးဖျားကိုထိကိုင်လာသည့် လက်ချောင်းအေးအေးတစ်ချောင်း။ ထိုလက်ချောင်းသည် သူ့အားမော့စမ်းဟု စေခိုင်းနေသလိုဖြစ်တာကြောင့် မဝံ့မရဲဖြင့် လက်ချောင်းစေရာပါသွားမိသော်လည်း မျက်လုံးများကို မဖွင့်ရဲ။ မိမိအားတစ်ခုခုလုပ်လိုက်မည်ကို စိုးရိမ်သည်။

"မင်းက တစ်ပုံစံတည်းပဲ...."

ခပ်အေးအေးလေသံကြောင့် မျက်လုံးကိုဖွင့်ကြည့်မိတော့ သူ့မျက်နှာနှင့်ထိလုနီးပါးကပ်နေသည့် မျက်ဝန်းနီကောင်။ သူမျက်လုံးပြန်မမှိတ်မိတော့ဘဲ ကြောင်အမ်းလျက် ဆက်ကြည့်နေမိပြန်သည်။

"မကြောက်ပါနဲ့။ ငါတို့ဆုံဖူးကြတာပဲ။ ငါကမင်းနဲ့အတူမွေးဖွားလာတဲ့ နတ်ဆိုးပါ...."

"ဒါ...ဒါဆို...အိပ်မက်မဟုတ်ခဲ့ဘူးပေါ့....။ မင်း...မင်းက..တ..တကယ့်အစစ်ပေါ့..."

မျက်ဝန်းနီကောင်က ခေါင်းညိတ်ပြသည်နှင့် မင်းခွန်မှိုင်း ငိုမဲ့မဲ့မျက်နှာဖြစ်သွားသည်။ သူ သည်နတ်ဆိုးထီးကို ကြိုက်ရတော့မည်။

"​မေမေ​ရေ......သားဘဝကြီး​တော့ သွားပါပြီ....."

Thanks For Reading

Zawgyi

"ေသခ်ာရဲ႕လား အသင္နတ္ဆိုး။"

"ေသခ်ာပါတယ္ နတ္ဆုိးသခင္။ ကြၽႏု္ပ္ကုိ ႏွလံုးသားအျမဳေတ ေပးပါ"

"အျမဳ​ေတက ၃၁ရက္အတြင္း အသက္ဝင္မွရမယ္ဆုိတာ အသင္နတ္ဆုိး သိတယ္မဟုတ္လား..."

"သိပါတယ္ နတ္ဆုိးသခင္။"

"အသက္မသြင္းႏုိင္ခဲ့ရင္ ေကာင္ေလးကဘဝဆံုးၿပီ​ေနာ္။ အျမဳ​ေတက သူ႔ဝိဉာဥ္ကုိ ဖမ္းဆီးပိတ္​ေလွာင္ ပစ္လိမ့္မယ္။ ေလာင္းေၾကးစားေၾကးကႀကီးတယ္ဆုိတာ အသင္နားလည္တယ္မဟုတ္လား....။ အကယ္၍ အသက္သြင္းႏုိင္ခဲ့ရင္လည္း...."

"အက်ဳိးဆက္အကုန္ သိၿပီသားမုိ႔ အျမဳေတကုိသာ ေပးပါ နတ္ဆုိးသခင္"

************************************

ပိတ္ေမွာင္ေနသည့္ေနရာတစ္ခု...။ အခန္းတစ္ခုဟုဆုိရေလမည္လား။ ၾကမ္းခင္းတစ္ခုလံုးကလည္း ေအးစက္လြန္းေနသည္။ အခန္းထဲတြင္ မည့္သည့္အရာကိုမ်ွ မျမင္ရေသာေၾကာင့္ မင္းခြန္မႈိင္းၾကက္သီးမ်ား ျဖန္းခနဲထမိသည္။

'ငါေသသြားၿပီလား....။ ကားတုိက္ခံလိုက္ရလို႔ ေသသြားတာလား။ အခုေရာက္ေနတာ တမလြန္လား။ ဒါမွမဟုတ္ Konosuba Animeထဲကလိုမ်ဳိး မင္းသားက ​ကားတုိက္ခံရလို႔ ​ေသသြားၿပီး ကမၻာသစ္ေရာက္သြားတာလား။ Aquaလိုမ်ဳိး ခပ္ေဟာ့ေဟာ့ေပမဲ့ သံုးစားမရတဲ့နတ္ဘုရားမ ေပၚလာမွာလား။'

အေတြးေပါင္းစံုသူ႔ေခါင္းထဲ ဝင္လာေလသည္။  ေတြးရင္း ရင္ေတာ့ခုန္လာသလိုပင္...။ အမွန္တကယ္ေတာ့ Konosubaထဲမွမင္းသားသည္ ကားနွင့္တုိက္ခံရျခင္းမဟုတ္။ ေထာ္လာဂ်ီနွင့္တုိက္မိမလိုျဖစ္ၿပီး သူ႔ဘာသာအလန္႔လြန္ကာ ေသသြားျခင္းပင္။

စိတ္ကူးေတြအယဥ္လြန္ေနစဥ္မွာပင္ မိမိအနားတြင္ ဝဲလာသည့္အစိမ္းေရာင္ မီးလံုးမ်ား...။ မွိတ္တုတ္မွိတ္တုတ္နွင့္မုိ႔ မီးလံုးမျဖစ္ႏုိင္ဘဲ ပုိးစုန္းၾကဴးမ်ားျဖစ္မည္။ ထုိ႔ေနာက္ လမ္းေလ်ွာက္လာေနသည့္ ေျခသံတလ်ွပ္လ်ွပ္ႏွင့္ လူရိပ္တစ္ရိပ္။ မင္းခြန္မႈိင္း ေၾကာက္စိတ္အနည္းငယ္ဝင္လာမိသည္။ ထုိအရိပ္မည္းက ေသမင္းတမန္မ်ားျဖစ္ေနမည္လား။ မင္းခြန္မႈိင္း၏ ေ႐ွ႕ခပ္လွမ္းလွမ္းအကြာေလာက္တြင္ ထုိအရိပ္သည္ရပ္သြားၿပီး သူ႔ဘက္သုိ႔လွည့္လာသလို ခံစားမိလိုက္သည္။

"ဗုေဒၶါ..."

ဆတ္ခနဲတြန္႔ၿပီး ဘုရားတမိသည္အထိ သူ႔အားၾကည့္လာသည့္ အနီေရာင္မ်က္ဝန္းတစ္စံု။ မင္းခြန္မႈိင္းလန္႔ၿပီး အေနာက္သုိ႔ ဖင္တရြတ္တုိက္ဆြဲကာ ဆုတ္လိုက္မိသည္။ ထုိအရိပ္မည္းနွင့္ မ်က္ဝန္းနီေကာင္ႀကီးသည္ သူ႔ေ႐ွ႕တုိးမလာဘဲ မည္သည့္အခ်ိန္ကတည္းက႐ွိ​ေနမွန္းမသိသည့္ ထုိင္ခံုတစ္ခံုတြင္ ထုိင္လိုက္သည္။ ျမင္ကြင္းသည္ ခုနကကဲ့သုိ႔အေမွာင္မဟုတ္ေတာ့ေခ်။ ပိုးစုန္းၾကဴးမ်ားေၾကာင့္ ခပ္ေရးေရးျမင္လာၿပီ...။

"ခ...ခ..ခင္ဗ်ားက ဘယ္...သူလဲ"

သူ စကားေတြပင္ ထစ္ကုန္၏။ ေ႐ွ႕တြင္ ထုိင္ေနသည္က ဘာေကာင္ႀကီးမွန္း သူမသိ။ လူနွင့္ပံုပန္းသ႑ာန္တူေပမဲ့ မ်က္ဝန္းနီေတြနွင့္ျဖစ္ေသာေၾကာင့္ လူမဟုတ္တာ အထင္အ႐ွား...။ အဘယ္ေၾကာင့္ မိမိကုိစုိက္ၾကည့္ေနရပါသနည္း။

"ဘယ္သူလဲလို႔ ေမးေနတယ္ေလ.."

ေၾကာက္ေၾကာက္ျဖင့္ ေမးရင္း ေနာက္ကုိဆုတ္ၿပီးရင္းဆုတ္မိေနေသာ္လည္း သူနွင့္အကြာအေဝးသည္ နည္းနည္းမ်ွ ေျပာင္းလဲသြားျခင္းမ႐ွိသလိုပင္။

"ဘယ္သူ..."

"ငါက မင္းကိုေစာင့္ေ႐ွာက္ရတဲ့သူပဲ.."

ေမးခြန္းမဆံုးခင္မွာတင္ မ်က္ဝန္းနီေကာင္ဆီမွ ခပ္ေအးေအးအေျဖကို ၾကားလိုက္ရသည္။ အသံသည္ စူးျခင္း ၊ ၾသျခင္းေတာ့မ႐ွိ။ ေလသံကခပ္ေအးေအးနွင့္ မ်က္ဝန္းနီေကာင္။ သုိ႔ေသာ္ ႐ုတ္တရက္ထေျဖလိုက္သည္မုိ႔ မင္းခြန္မႈိင္းတြန္႔ခနဲေတာ့ ျဖစ္မိ၏။

သူ႔အားေစာင့္ေ႐ွာက္ရသူတဲ့။ ဘာကုိဆုိလိုမွန္း မင္းခြန္မႈိင္းသေဘာမေပါက္ႏုိင္...။ ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ေနသည့္ သတၱိမ်ားကုိ အတင္းျပန္ေခၚလိုက္ၿပီး တံေတြးတစ္ခ်က္မ်ိဳခ်ရင္း ဆက္ေမးလိုက္သည္။

"ကုိယ္ေစာင့္နတ္ကိုေျပာတာလား..."

ေမးခြန္းအဆံုးမွာတင္ မ်က္ဝန္းနီေကာင္သည္ ဆတ္ခနဲမတ္တပ္ရပ္လိုက္တာေၾကာင့္ မင္းခြန္မႈိင္း လန္႔ၿပီးရင္းလန္႔သြားရျပန္သည္။

"လူတုိင္းမွာ ကုိယ္ေစာင့္နတ္႐ွိေပမယ့္ မင္းမွာမ႐ွိဘူး မင္းခြန္မႈိင္း။"

သူ႔နာမည္ကိုပင္သိေနေသာေၾကာင့္ မင္းခြန္မႈိင္း ပါးစပ္အေဟာင္းသား..။ ထုိ႔အျပင္ သူ႔တြင္ကုိယ္ေစာင့္နတ္မ႐ွိဟုဆုိသည္။ သည္လိုဆုိလ်ွင္ ယခုကဘာေကာင္ႀကီးျဖစ္မည္လဲ။

"နတ္ဆုိး​ေစာင့္​ေ႐ွာက္ခံရတဲ့လူကို ကုိယ္​ေစာင့္​နတ္က ​ေစာင့္​ေ႐ွာက္ခြင့္မ႐ွိဘူး။ ငါက နတ္ဆုိးပဲ။ မင္းနဲ႔အတူတူေမြးဖြားလာတဲ့ နတ္ဆုိး။ ဒါေၾကာင့္ မင္းကိုငါ ေစာင့္ေ႐ွာက္ေနရတာ။"

သူေျပာေနသည္မ်ားကုိ မင္းခြန္မႈိင္း တစ္ခုမွနားမလည္။ ေၾကာင္အမ္းအမ္းသာျဖစ္ေနမိသည္။ နတ္ဆုိးဆုိတာ တကယ္႐ွိသည္လား။ ႐ွိလို႔ပင္ သူ႔ေ႐ွ႕ေရာက္ေနၿပီမဟုတ္ျပန္ဘူးလား။ 'ေမေမကငါ့ကုိဘာလို႔ဒီေကာင္ႀကီးနဲ႔အတူ ေမြးရတာလဲ'ဟု ေတြးမိေတာ့ ေအာ္ငုိပစ္ခ်င္စိတ္ပင္ ေပါက္လာမိသည္။

"အခု...အခုက ဘယ္ေရာက္ေနတာလဲ"

တြန္႔ဆုတ္တြန္႔ဆုတ္ျဖင့္ ေမးရျပန္သည္။ နတ္ဆုိးဆုိေသာသူ ေမွာင္ရိပ္ထဲမွထြက္မလာတာပင္ ေတာ္​ေသး၏။ မ်က္လံုးနွင့္ပင္ လူကအေတာ္လန္႔ေနေခ်ၿပီ။

"မင္းေရာက္ေနတာက တမလြန္နဲ႔လူ႔ဘံုၾကားကေနရာတစ္ခုမွာပဲ။ ကားတုိက္မိလို႔မင္းေသသြားၿပီ။"

သူေသၿပီဆုိေသာစကား ၾကားလိုက္ရခ်ိန္တြင္ မင္းခြန္မႈိင္း အ႐ုပ္ႀကိဳးျပတ္သလို ေပ်ာ့တြဲတြဲထုိင္မိေတာ့သည္။ ေဖႀကီး၊ ေမေမနွင့္ကိုသာတုိ႔ ယခုအခ်ိန္ဆုိ ငိုေနေလာက္ၿပီ။ မိမိကေရာ သူတုိ႔နွင့္ တစ္သက္တာခြဲရေတာ့မည္။ ​ေနာက္ၿပီး မိမိအသက္က ယခုမွ ၂၃ႏွစ္ပင္႐ွိေသးသည္။ ဘဝဆုိတာ ဘာမွန္း ေကာင္းေကာင္းပင္သိေသးသည္မဟုတ္။ နွေျမာမိသလိုခံစားရသည္။

"ဒါ..ဒါဆုိ ကြၽန္ေတာ္က..."

"နတ္ဆုိးတစ္ေကာင္ရဲ႕ေစာင့္ေ႐ွာက္ျခင္းကုိ ခံယူထားၿပီးေတာ့ ဒီလိုအလြယ္တကူေတာ့ ေသစရာအေၾကာင္းမရွိဘူး။ အဲ့​ဒီေတာ့ မင္းမွာေရြးခ်ယ္စရာႏွစ္ခု႐ွိတယ္။"

မင္းခြန္မႈိင္း တံေတြးတစ္ခ်က္မ်ဳိခ်မိသြား၏။

"ေနာက္ဘဝကူးမလား ၊ အခုဘဝကိုျပန္မလား..."

"အခုဘဝပဲျပန္မွာေပါ့..."

တံု႔ဆုိင္းစဥ္းစားေနစရာမလိုဘဲ ခ်က္ခ်င္းအေျဖေပးလိုက္သည္။ ေနာက္ဘဝဆုိသည္မွာ မည္ကဲ့သုိ႔ျဖစ္မည္မွန္း သူသိသည္မဟုတ္။ ယခုဘဝကေတာ့ သူအျမတ္ႏုိးရဆံုး မိသားစုရွိသည္။ သူ႔သူငယ္ခ်င္းနွစ္ေယာက္၊ သူ႔အလုပ္၊ အကုန္ျမတ္ႏုိးစရာခ်ည္း။ မည့္သည့္အေၾကာင္းျပခ်က္နွင့္မွ ေနာက္ဘဝကူးစရာအေၾကာင္းမရွိ။

"အခုဘဝကုိျပန္မယ္ဆုိရင္​ေတာ့ မင္းလုပ္ရမယ့္တာဝန္႐ွိတယ္ မင္းခြန္မႈိင္း။ အလြယ္တကူနဲ႔​ေတာ့ မရႏုိင္ဘူး"

"ဘာျဖစ္ျဖစ္လုပ္မယ္ဗ်ာ။ ေဖႀကီးတုိ႔ကို​ေတာ့ မထားခဲ့ႏုိင္ဘူး။"

သူ႔အေျဖကုိၾကားၿပီးေနာက္ နတ္ဆုိးဆုိသူက ျပံဳးသြားသလိုပင္။ ပုိးစုန္းၾကဴးေလးတစ္ေကာင္သည္ သူ႔မ်က္ႏွာေ႐ွ႕က ျဖတ္သြားခ်ိန္နွင့္ ကြက္တိတုိးေသာေၾကာင့္ သူျပံဳးလိုက္သည္ကုိ ျမင္လိုက္မိသည္။ စိတ္က ထင္ေယာင္ထင္မွား ျဖစ္ေနတာလည္းျဖစ္ႏုိင္သည္..။

"ေသခ်ာတယ္ေနာ္"

ေနာက္တစ္ႀကိမ္ထပ္ေမးျပန္သည္။

"ေသခ်ာပါတယ္ဆုိ။ ဘာလို႔ခဏခဏေမးေနတာလဲ"

သည္တစ္ေခါက္ေတာ့ စိတ္ေပါက္ေပါက္ႏွင့္ ေျဖခ်ပစ္လိုက္သည္။ မင္းခြန္မႈိင္းတုိ႔ စိတ္​ေပါက္လာလ်ွင္ နတ္ဆုိးေတြဘာေတြဂရုျပဳမည္မဟုတ္။ ေျပာခ်င္ရာေျပာခ်တတ္သူပင္။

"ေကာင္းၿပီေလ။"

ထုိစကားႏွင့္အတူ ပုိးစုန္းၾကဴးမ်ားေရာ နတ္ဆုိးပါေပ်ာက္သြားၿပီး အခန္းသည္ အေမွာင္ျပန္က်သြားသည္။ ထုိ႔ေနာက္ သူ႔အနားသုိ႔ တစ္ေယာက္ေယာက္ကပ္လာသလို ခံစားမိသည္။ ခံစားမိသည္ကုိမဟုတ္၊ ေသခ်ာေပါက္႐ွိေနသည္ဆုိတာ စိတ္ကအတိအက်သိေနသည္။ သိပ္မၾကာခင္မွာပင္ ပုိးစုန္းၾကဴးေလးေတြျပန္ေရာက္လာၿပီး နတ္ဆုိးဟာလည္း ေစာေစာကအေနအထားအတုိင္း ျပန္ရွိေနသည္။

"မင္းအဘြာ​း​ေပးထားတဲ့ လက္ပတ္ကိုၾကည့္လိုက္..."

မင္းခြန္မႈိင္း ဘယ္ဘက္လက္ကုိ တန္းၾကည့္လိုက္မိသည္။ ပုိးစုန္ၾကဴးမ်ားကလည္း ထုိလက္ပတ္နားတြင္ တဝဲလည္လည္လုပ္ေနၾကသည္။ သူေမြးကတည္းကပင္ အဘြားမွမခြၽတ္ရဟုဆုိကာ ေပးထားခဲ့သည့္ ကတၱီပါေရႊနီႀကိဳးလက္ပတ္ေလးတြင္ ကေလးလက္သန္းတစ္ဆစ္စာေလာက္သာ႐ွိသည့္ ပုလင္း​ေသး​ေသး​ေလးတစ္ခုခ်ိတ္ထားသည္။ အဘြားအေျပာကေတာ့ အႏၱရာယ္ကင္းေအာင္ဟုဆုိသည္။ ယခုေတာ့ နတ္ဆုိးက ပုလင္းခ်ိတ္ဖုိ႔ပင္ သံုးသြား၏။ ပုလင္းအတြင္းပိုင္းကိုေသခ်ာၾကည့္မိေတာ့ အျဖဴေရာင္လိုလို ပန္းေရာင္လိုလို အေငြ႔ေလးေတြက ျဖည္းျဖည္းခ်င္းလည္ပတ္ေနသည္။

"ဒါဘာလဲ..."

"အဲ့တာ ႏွလံုးသားအျမဳေတ။"

ၿဂိဳလ္သားစကားေတြလားဟု မင္းခြန္မႈိင္းေတြးမိသည္။ ႏွလံုးသားအျမဳေတဆုိသည္ကုိ တစ္ခါမွ်မၾကားဖူးေခ်။ သူသိသည္က တီဗြီမွလာသည့္ အိႏၵိယကားေတြထဲမွ ေႁမြအျမဳေတကုိသာသိသည္။

"မင္းအတြက္ အခ်ိန္၃၁ရက္ရမယ္။ အဲ့၃၁ရက္အတြင္းမွာပဲ ငါ့ကိုအခ်စ္စစ္နဲ႔ခ်စ္မိမယ္ဆုိရင္ မင္းရဲ႕ဘဝမွာဆက္႐ွင္သန္ခြင့္ရမယ္။ ၿပီးေတာ့..."

နတ္ဆုိးကသူ႔အားခ်စ္ရမည္ဆုိေသာ စကားက မင္းခြန္မႈိင္းအား ေခတၱမ်ွေၾကာင္အမ္းသြားေစသည္... ။

"ဝက္သားဖက္..."

မင္းခြန္မႈိင္း၏ဘာမွန္းမသိသည့္စကား​ေၾကာင့္ နတ္ဆုိးသည္ စကားေျပာေနရင္းမွ တန္႔ခနဲျဖစ္သြားေလသည္။

"ဘာလဲ ဝက္သားဖက္ဆုိတာက။ စားတဲ့ဟာလား..."

မင္းခြန္မႈိင္း ရယ္ခ်င္သြားမိလို႔ ပါးစပ္ကုိထိန္းလိုက္ရသည္။ အမွန္တကယ္ေတာ့ မိမိေျပာခ်င္သည္က What The F**kျဖစ္သည္။ ႐ိုင္းမည္စုိးေသာေၾကာင့္ ျမန္မာမႈျပဳကာ ဝက္သားဖက္ဟုဆုိျခင္းကုိ သူက

You are reading the story above: TeenFic.Net