Part 39

Background color
Font
Font size
Line height

Unicode

မှန်နံရံလေးကာရံထားသော ကော်ဖီဆိုင်အတွင်းမှ ငစိုင်း​အား ကိုသာမြင်လျှင်မြင်ချင်း ဝမ်းသာသွားသည်။ တစ်နေ့ညကမှ တွေ့ကရာ animeကာရိုက်တာတစ်ယောက်၏ပုံကိုရှာ၊ အကောင့်သစ်တစ်ခုဖောက်ပြီး ငစိုင်းတို့အလုပ်ပေ့ခ်ျကိုပို့ကာ ဒိတ်လုပ်ချင်ကြောင်း၊ စိုင်း​ဝေယံကိုသာငှါးချင်ကြောင်းစသဖြင့် ရှိသမျှအကြံထုတ်ကာ စိုင်းလေးအား နားချနိုင်ရန်တွေ့ဖို့ကြံစည်ရသည်။

စိုင်းအပေါ် သူခံစားချက်ရှိနေကြောင်း သေချာပြီဖြစ်သည်။ ထို့အပြင် အားငယ်တတ်သောထိုကောင်လေးကို သူဂရုစိုက်ပေးချင်သည်။ အနားတွင်အမြဲရှိနေပြီး ဖေးမပေးချင်သည်။ တစ်ယောက်တည်းကျိတ်ခံစားနေတတ်သည့် စိုင်းအား ကိုသာမကြည့်ရက်တော့ပါလေ။ ထို့ကြောင့် သူ့အား ငစိုင်းလက်ခံစေရန် နည်းအမျိုးမျိုးကိုသူသုံးမည်။ ဉာဏ်နီဉာဏ်နက်လို့ဆိုလည်းခံမည်။

ကိုသာဆိုင်ထဲဝင်လာသည်ကို ငစိုင်းမြင်သည်နှင့် မျက်နှာပျက်ချသွားပြီး မနေတတ်မထိုင်တတ်ဖြစ်သွားသည်။ သို့သော် ထိုအချိန်ထိတော့ သူနှင့်ချိန်းထားသူသည် ကိုသာဖြစ်ကြောင်းသူမသိသေး။ သည်အတိုင်းမျက်နှာတစ်ဖက်လွှဲရင်းသာ အင်္ကျီနတ်ခ်တိုင်ကို အနည်းငယ်လျှောချနေမိသည်။ Cosplayရသည်က Wolf Girl And Black Princeထဲမှ Kyouya Sataဖြစ်သောကြောင့် ကျောင်းဝတ်စုံဖြစ်သည်။ အင်္ကျီအဖြူ၊ ကုတ်အင်္ကျီ အပြာရင့်တစ်ထပ်ကိုမှ နတ်ခ်တိုင်အနီနှင့်အဖြူကြား ၊ ဆံပင်က ရွှေအိုမကျအညိုမကျ ခပ်ရင့်ရင့်အရောင် ၊ မျက်ကပ်မှန်ကလည်းနီညိုဖြစ်၍ ကိုသာမှတ်မိချင်မှ မှတ်မိပါလိမ့်မည်ဟုတွေးတော့ သူစိတ်သက်သာရာရသည်။ မည့်သို့ပင်ဖြစ်စေ မျက်နှာချင်းမဆိုင်မိအောင်တော့နေရမည်။

ကံတရားကမျက်နှာသာပေးချင်သည်လား ၊ မပေးချင်သည်လားမသိ။ ကိုသာသည် သူ့ရှေ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီးကားသော့လေးကို စားပွဲပေါ်ကောက်တင်လိုက်သောကြောင့် ငစိုင်းမျက်လုံးအပြူးသား ကြောင်ငေးသွားသည်။ ဤသည်ကို ကိုသာက အလှဆုံးသောအပြုံးလေးဖြင့် တုန့်ပြန်သည်။

"ဆောရီး...စိုင်းလေး။ ကိုသာ မင်းနဲ့ဒီအတိုင်းတွေ့ဖို့ပြောရင် လက်မခံမှာစိုးလို့ အခုလိုလုပ်လိုက်ရတယ်"

သည်စကားနှင့်ပင် ငစိုင်းအခြေအနေကို သဘောပေါက်လိုက်သည်။ ထို့ကြောင့် လေးထောင့်စားပွဲဖြူလေး၌တင်ထားသော ဖုန်းနှင့်ပိုက်ဆံအိတ်ကိုကောက်ယူပြီး ထဖို့ဟန်ပြင်တော့ ကိုသာက ရှေ့တည့်တည့်တွင်ပိတ်ရပ်သည်။ သူယခုချိန်ထိပင် ကိုသာနှင့်မျက်လုံးချင်းဆုံအောင် မကြည့်သေး။

သူ့အကြောင်းသူအသိဆုံးသာဖြစ်သည်။ ကိုသာ့ကိုကြည့်မိလျှင် သူစိတ်ပျော့သွားလိမ့်မည်။ ကိုသာထိခိုက်မည့်ကိစ္စများကိုလက်ခံဖို့ ဆုံးဖြတ်ချက်ချမိလိမ့်မည်။

"ကျွန်တော် အလုပ်ကိစ္စအတွက်လာတာ။ အလုပ်ကိစ္စမဟုတ်ရင် ပြန်မယ်"

လည်လိမ်မတတ်မျက်နှာလွှဲထားသော ငစိုင်းကိုကြည့်ရင်း ကိုသာသက်ပြင်းအလိုလိုချမိသွားသည်။

"ကိုသာအခုလိုလုပ်မိတာ တောင်းပန်ပါတယ်။ ဒါပေမဲ့ ကိုသာပြောတာလေးတော့ နားထောင်ပေးသွားပါ"

"ဘာတွေထပ်ပြောချင်သေးတာလဲ ကိုသာ။ ကျွန်တော် ကိုသာ့ကို ဟိုနေ့ကတည်းက အရှင်းဆုံးပြောခဲ့ပြီးပြီလေ။ ကိုသာ့ကို ကျွန်တော်ထပ်မကြိုက်တော့ဘူး။ ကိုသာ ဘာလို့ခေါင်းမာနေတာလဲ"

လေသံကိုအတတ်နိုင်ဆုံးလျှော့ပြီး ပြောသည်။ သူနှင့်ကိုသာတို့ပြောနေသည့်အကြောင်းအရာများကို ဆိုင်ထဲကလူတွေကြားပြီး နှာခေါင်းရှုံ့ကြမည်ကို သူမလိုလား။ အထူးသဖြင့် ကိုသာ့ကို...။

"စိုင်းလေး ဘာလို့အဲ့လိုပြောလဲ ကိုသာသိတယ်။ ကိုသာ့အတွက်ပဲ စိုင်းလေးတွေးနေလို့ပဲ။ ဒါပေမဲ့ ကိုသာကလည်း စိုင်းလေးစိတ်ပူတဲ့အရာတွေကို တူတူရင်ဆိုင်မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ကိုသာ့ကိုလက်ခံပေး။ မင်းကိုသာ့ကို ချစ်သေးမှန်း ကိုသာသိတယ်"

"သိနေရင်လည်း ဝေးဝေးမှာနေပါလား ကိုသာ။ ကျွန်တော့်ကို ကိုသာမရွံဘူးလား။ ယောက်ျားလေးဖြစ်လျက်နဲ့ ကိုသာ့ကိုကျိတ်ချစ်ပြီး အနားကိုခဏခဏကပ်ခဲ့တာတွေ တွေးမိရင် မသတီတာမဖြစ်ဘူးလား ကိုသာ"

"မဖြစ်ဘူး စိုင်းလေး။ ကိုသာအံ့သြနေခဲ့တာပဲရှိတယ်။ စိုင်းလေးအပေါ် ဘယ်လိုငြိုငြင်စိတ်မှမဝင်ခဲ့မိဘူး။ စိုင်းလေး ကိုသာ့ကိုချစ်နေမှန်းမသိခင်ကတည်းက ကိုသာ စိုင်းလေးအပေါ် ဂရုစိုက်နေမိခဲ့တာတော့အမှန်ပဲ"

ဝမ်းနည်းစိတ်ကဝင်လာသည်။ ငစိုင်း ကိုယ့်နှုတ်ခမ်းကို ပြတ်ထွက်လုမတတ် ကိုက်ထားမိသည်။ ဖြစ်နိုင်လျှင် ဆိုင်အတွင်းမှာပင် ငိုချလိုက်ချင်သည်။ ကိုယ်ချစ်ရသူကလည်း ကိုယ့်ကိုချစ်နေပါလျက်နှင့် ကိုယ်ကိုယ်တိုင်ပြန်တားဆီးနေရသည့်ဘဝကို မည်သူကလိုချင်မည်နည်း။ အကယ်၍ သူသာမိန်းကလေးဘဝနှင့် မွေးဖွားလာခဲ့ပါမူ ကိုသာ့အား သူဝမ်းသာအားရလက်ခံမည်။ လက်ချင်းချိတ်ပြီး မြင်မြင်သမျှလူတိုင်းအား သူဟာကိုသာ့ချစ်သူပါလို့ အသိပေးလိုက်ချင်သည်။ ယခုတော့...။

ငစိုင်းလေး ခေါင်းကိုမော့ရင်း ကိုသာနှင့်မျက်နှာချင်းဆိုင်ပြီး စိတ်ကိုတင်းကာပြုံးလိုက်သည်။ အချစ်ရဆုံးသောကိုသာ့မျက်နှာလေးသည် သူ့ကြောင့်ညှိုးငယ်နေသည်။ သူငြင်းဆန်နေခြင်းကြောင့်...။ ကြည့်မိရုံလေးနှင့် စိတ်ယိုင်နေချေပြီ။ ကိုသာ နောင်တစ်သက်လုံးပြုံးနိုင်ရန် အခုချိန်သူရက်စက်ထားမှရမည်။

"ကျွန်တော့်နောက်လိုက်ခဲ့ ကိုသာ"

ကိုသာ့အားလက်ကမ်းပေးလိုက်သည်။ ကိုသာသည် ငစိုင်းမြတ်နိုးသော အရည်ကြည်မျက်လုံးလေးဖြင့် အံ့သြတကြီးကြည့်ရင်းပြုံးလာသည်။ သူ့အားငစိုင်းလက်ခံလိုက်ပြီဟု ထင်လိုက်ခြင်းဖြစ်သည်။ ငစိုင်းကမ်းပေးသောလက်အား ကိုသာ့လက်ချောင်းရှည်များဖြင့် ထွေးပွေကိုင်တွယ်လိုက်သည်။ ကိုသာ့ရင်ထဲတလှပ်လှပ်ရှိလှသည်။ ပျော်လည်းပျော်မိသည်။ သည်ကောင်လေးအား သူပိုင်ဆိုင်ခွင့်ရခဲ့ပြီ။ သူထာဝရလက်တွဲသွားရမည့် ကောင်လေးလက်ကို သူတွဲထားပြီးပြီ။ သူ့စိုင်းလေးခေါ်ရာနောက်သို့ ကိုသာ တုံ့ဆိုင်းမှုမရှိလိုက်သွားမိသည်။

ကော်ဖီဆိုင်နှင့်မလှမ်းမကမ်းမှ ရှော့ပင်းဆန်တာတစ်ခုဖြစ်သည်။ ငစိုင်းသည် စကားတစ်ခွန်းမှမပြောဘဲ ရှေ့ကနေဆန်တာထဲဝင်လိုက်သည်။ ပြီးမှ သူနှင့်ဘေးချင်းယှဉ်ရပ်ကာ လက်ကိုတိုး၍ဆုပ်ကိုင်သည်။ မျက်နှာကတော့ တည်တံ့လျက်။

"စိုင်းလေး..."

ကိုသာ့တိုးတိုးသက်သာခေါ်သံလေးကို သူမကြားဟန်ပြုသည်။ ကိုသာ့အား သူသက်သေပြစရာရှိနေသည်။ ရှော့ပင်းဆန်တာ အောက်ထပ်တွင်ပထမဆုံး အတူတူတွဲလျှောက်ကြသည်။ လျှောက်သည်ကခပ်သွက်သွက်မဟုတ်ဘဲ အေးအေးဆေးဆေးနိုင်လှသည်။

"စိုင်းလေး ဘာလိုချင်လို့လဲ...ကိုသာ့ကိုပြောလေ"

"ကိုသာ ပြီးရင်သိပါလိမ့်မယ်"

ခပ်တိုးတိုးပင် သူဆိုလိုက်သည်။ ကို့သာလက်ကိုတွဲရင်း သူဆက်လျှောက်သည်။ လူထူသည့်နေရာဘက်ကို အဓိကထားလျှောက်သည်။ သည်လိုနှင့် သူဖြစ်စေချင်သည့်အတိုင်း ဖြစ်လာသည်။ ဈေးရောင်းဈေးဝယ်တချို့က သူ့တို့နှစ်ဦးအား စပြီးကြည့်ကွက်ကြည့်ကွက် လုပ်လာကြသည်။

"ဟယ်...ယောက်ျားချင်းကြီးတော့"ဟူသော နှုတ်ထွက်စကားကို ဒုတိယထပ်တွင်စပြီးကြားရသည်။ ကောင်မလေးတချို့ကလည်း တဟိဟိလုပ်သွားပြီး လှောင်သလိုလို ပြောင်သလိုလိုပြောကြသည်။ နာရီဝက်အတွင်း ကိုသာမျက်လွှာအကြိမ်ကြိမ်ချသည်။ ရှေ့တည့်တည့်ကိုလည်းမကြည့်တော့ချေ။ တွဲထားသောလက်ကို ခေတ္တမျှဖြေလျှော့တတ်သည်။ ပြီးမှ အားတင်းပြီးပြန်ဆုပ်ကိုင်သည်။

"ချောချောလေးတွေဟယ်။ ယောက်ျားချင်းကြိုက်နေတာလားမသိဘူး နှမြောဖို့ကောင်းချက်။"

အလိုက်ကန်းဆိုးမသိတတ်သော မိန်းမကြီးတစ်ယောက်မှ မတိုးမကျယ်ဖြင့် သူ့အဆွေအပေါင်းတို့ကို ပြောသွားပုံကြောင့် ကိုသာမျက်နှာတော်တော်ပျက်သွားသည်။ သည်လောက်ပင် နှိပ်စက်ရတော်ပါပြီဟုတွေးကာ တွဲလက်ကို ငစိုင်းဖြုတ်ပေးလိုက်သည်။ ထို့နောက် ကိုသာသည် ငစိုင်းလွှတ်လိုက်သောလက်ကို ပြန်ဆွဲဖို့ကြိုးစားသော်လည်း မအောင်မြင်လိုက်။

"အပြင်မှာ စကားအေးဆေးပြောရအောင် ကိုသာ"

ငစိုင်းရှေ့ဆုံးမှ ထွက်သွားလိုက်သည်။ ကိုသာလည်း ကျွတ်တစ်ချက်စုပ်သပ်၍ နောက်မှလိုက်သွားလိုက်သည်။ ငစိုင်း လိုချင်သောအရာကို ကိုသာသဘောပေါက်လိုက်သည်။ LGBTများ၏လက်တွေ့ဘဝကို သူချပြချင်မှန်း ကိုသာသိလိုက်သည်။ တကယ် LGBTပါဟုဝန်ခံထားသည့်သူတချို့ပင် လူကြားထဲတွဲသွားလျှင်၊ လျှောက်သွားလျှင် စိတ်ထဲအနည်းငယ်တော့ မသက်မသာဖြစ်တတ်ကြမည်ပင်။ ကိုသာသည် ယခုမှ ငစိုင်းကြောင့် ဂေးဘဝကိုလက်ခံလိုက်သူ။ ယခုမှ ပထမဆုံးအတွေ့အကြုံ။ ထို့ကြောင့် အသားမကျဘဲ နေရခက်မိမည်။ ဤသည်ကမဆန်း။ စိုင်းလေးကတော့ သည်အကွက်ကိုနင်းပြီး ကိုသာ့ဆီမှ ထွက်ပြေးဦးမည်။

မြင့်မားသောတိုက်နှစ်လုံး၏ကြားမှ လမ်းလေးအတွင်း ငစိုင်းဝင်သွားသည်။ ကိုသာလည်း နောက်ကဆက်လိုက်လာသည်။

"ဘယ်လိုလဲ ကိုသာ။ နာရီဝက်လောက် ဂေးတစ်ယောက်အဖြစ် နေကြည့်လိုက်ရတာ ဘယ်လိုနေလဲ။ အခုဖြစ်တာတွေက တကယ့်ပတ်ဝန်းကျင်နဲ့ယှဉ်ရင် ဘာမှမဟုတ်ဘူးနော် ကိုသာ။ သူတို့ပြောတာဆိုတာသာခံရရင် လူဖြစ်ရှုံးတဲ့သူတွေအထိ ဖြစ်သွားမယ်"

ကျောပေးထားသောငစိုင်းအား ကိုသာစိတ်မရှည်စွာ သူ့ဘက်ဆွဲလှည့်လိုက်ပြီး ငစိုင်းမျက်လုံးအား စိုက်ကြည့်သည်။ တိကျပြတ်သားနေပြီဖြစ်သည့် မျက်လုံးများဖြင့် ငစိုင်းတုန့်ပြန်လိုက်သည်။ ကိုသာနှင့်ပတ်သက်လာလျှင် ငစိုင်းဆိုသူက လူဆိုးလည်းအဖြစ်ခံမည့်လူစား။

"ကိုသာကြိုးစားပြီးနေမယ် စိုင်း။ ကိုသာရင်ဆိုင်နိုင်အောင် ကြိုးစားမယ်။ ပတ်ဝန်းကျင်က ဘယ်လိုပဲပုတ်ခတ်ပါစေကွာ။ ကိုသာ စိုင်းအတွက်..."

ပြောင်းလဲသွားသော အခေါ်အဝေါ်လေးအပေါ် ငစိုင်းမပျော်ဝင်နိုင်သေး။

"ကျွန်တော့်အတွက်...၊ ဟုတ်လားကိုသာ"

လက်ကိုပိုက် မျက်ခုံးတစ်ချက်ပင့်ရင်း မထီမဲ့မြင်ပြန်ပြောလိုက်မိသည်။ ကိုသာ့အပေါ် သူရင့်ရင့်သီးသီးပြုမူနိုင်မှဖြစ်မည်လေ။

"ကျွန်တော့်အတွက်တော့ ဘယ်သူ့ကိုမှ ဒုက္ခမရောက်စေချင်ဘူး ကိုသာ။ ဘယ်သူမှလည်း ကျွန်တော့်အတွက် အနစ်နာခံ၊ လူမုန်းခံစရာမလိုဘူး။ အထူးသဖြင့် ခင်ဗျားပဲ ကိုသာ။"

ရုတ်တရက်ဝဲတက်သွားသောမျက်ရည်ကို ချက်ချင်းပြန်သိမ်းဆည်းလိုက်သည်။ သို့သော် သူ့ခံစားချက်များကိုတော့ သိမ်း၍မရတော့...။

"ကိုသာ့ကို သေးသေးလေးမှ မထိခိုက်စေချင်တာ ကျွန်တော့်ဆန္ဒပါ။ တကယ်ရှိခိုးဆိုလည်း ရှိခိုးပါ့မယ်။ ကျွန်တော့်ဘဝထဲမဝင်ချင်နဲ့ ကိုသာ။ မထိခိုက်စေချင်လို့ တစ်ချိန်လုံးအဝေးက ကြည့်နေတာ။ ကိုသာ့ကို ဒီအတိုင်းလေးမြင်နေရရင်ကို တော်ပြီ။ ဘာဆိုဘာမှထပ်မလိုချင်ဘူး။
ကျေးဇူးပြုပြီး ရှေ့ဆက်မတိုးပါနဲ့တော့လား။ ကျွန်တော် ကိုသာနဲ့အဝေးဆုံးကိုပြေးမိလိမ့်မယ်။ ကိုသာ့ကို ကျွန်တော်အဝေးကနေတောင် ကြည့်မနေနိုင်တဲ့အခြေအနေကို သွားရတော့မယ်"

"မင်းကို ဘယ်သူကသွားခိုင်းနေလို့လဲ။ ဘယ်သူကရော အဝေးကကြည့်ခိုင်းနေလို့လဲ။ ကိုသာ့အနားမှာ နေပါလို့ပြောနေတာ။ မင်းကို ကိုသာ ဒီလိုအမြဲစိတ်ပျက်အားငယ်နေတဲ့ပုံနဲ့ မမြင်ချင်ဘူး။ မင်းအားငယ်ရင်အားပေးပြီးအတူတူရှိနေချင်လို့ ကိုသာ့ကိုလက်ခံခိုင်းနေတာ"

ငစိုင်းလှောင်ပြုံးတစ်ချက်ထပြုံးလိုက်သည်။

"ကိုသာက ကျွန်တော့်ကို သနားတာပါ။ ချစ်တာမဟုတ်ဘူး။ ဒီအတိုင်း အဝေးကနေကြည့်ပြီး မပိုင်ဆိုင်နိုင်ကြောင်းတွေးမိတိုင်း ဝမ်းနည်းနေမယ့်ကောင်လေးကို သနားနေတာပါ။ ချစ်တာနဲ့သနားတာမှာ အလွှာခြားသေးတယ်ကိုသာ။ တချို့က ဒါကိုမကွဲကြဘူး။ ကိုယ်အမုန်းဆုံးလူကိုတောင်မှ သူဒုက္ခရောက်နေချိန်မှာ နည်းနည်းတော့ကရုဏာသက်မိကြသေးတာပဲ။ ဒီလို သနားစဖွယ်ကောင်လေးကို ကိုသာ့ကရုဏာတွေလျှံထွက်ကုန်လို့ ချစ်တယ်ထင်တာနေမှာပါ။"

"ကိုသာ အဲ့တာတွေမသိဘူး စိုင်း။ ကိုသာပြောဖူးတယ်။ အချစ်ကဘာလဲ ကိုသာမသိဘူး။ ဘယ်လိုလဲကိုသာ ကောင်းကောင်းမသိဘူး။ ဒါပေမဲ့ စိုင်းကို ကိုသာချစ်တာသေချာတယ်။ ဘယ်လိုမျိုးလဲမသိရပေမယ့် နှလုံးသားထဲကချစ်တယ်လို့ပြောရင် ချစ်တာပဲ"

"ကျွန်တော် တကယ်ထွက်သွားမိမယ် ကိုသာ"

ပခုံးနှစ်ဖက်အားဆွဲကိုင်ထားသော ကိုသာ့လက်အား သူဆောင့်ဖြုတ်ချလိုက်သည်။ မျက်နှာကိုလည်း အတင်းမာဆုံးအနေအထားတွင် ထားလိုက်သည်။ သနားစဖွယ်မျက်နှာလေးဖြင့် ကိုသာ့ဂရုစိုက်မှုကို လိုချင်နေလို့မှမဖြစ်တော့ပဲ။

"ကိုသာနဲ့ ကျွန်တော်တို့ တိုက်ဆိုင်မှုကလွဲပြီး ထပ်မတွေ့ကြရအောင်။ တွေ့ရင်လည်း မသိချင်ယောင်ဆောင်နေလိုက်ပါ။ ထပ်တွေ့ဖို့ကြိုးစားရင်တော့ ကျွန်တော်တကယ် ဒီကနေ အဝေးဆုံးကိုသွားမိမှာ"

"စိုင်း..."

ငစိုင်း ကိုသာ့အားထပ်မံကျောခိုင်းခဲ့မိပြန်ပါသည်။ သည်တစ်ခေါက်တော့ သူမငိုတော့။ သူမျက်ရည်ခိုင်နေပြီ။ ရင်ဘတ်ထဲကတော့ အရင်ကထက် နှစ်ဆနာသည်။

ငစိုင်းပြောသွားသည့်စကားများကြောင့် ကိုသာရွေးချယ်ရန် ဖြစ်လာသည်။ သူရှေ့ဆက်တိုးလျှင်လည်း သည်ကလေးအဝေးကိုထွက်သွားလိမ့်မည်။ ရှေ့ဆက်မတိုးရင်လည်း ယခင်ကိုဆက်ဆံရေးပြန်မရနိုင်တော့ပေ။

"စိုင်း..၊ စိုင်း၊ မင်းတကယ်ခေါင်းမာတယ်"

ကိုသာရေရွတ်ရင်း ခေါင်းယမ်းမိသည်။ သည်ကောင်လေးကို သူမဖြစ်မနေ ရရမည်တော့မဟုတ်။ မကြာခဏတွေ့ရပြီး ဂရုစိုက်ချစ်ပေးနိုင်ရုံလောက်ဆိုလည်း ကိုသာကျေနပ်ပါသည်။ ယခုတော့ စည်းလုံးဝခြားသွားချေပြီ။

အပြန်လမ်းတွင် ဤကိစ္စအတွက် အချိန်တစ်ခုလိုမည်ဟု ကိုသာတွေးမိသည်။ ကျောက်ဆောင်များပင် ရေလှိုင်းတိုက်စားလျှင် ပြိုရသေးသည်။ လိုအပ်သည်ကအချိန်နှင့် ကြိုးစားမှု။ ငစိုင်းပင် ကိုသာ့အား နှစ်ချီပြီးအဝေးကကြည့်လာနိုင်သေးလျှင် ကိုသာကရော အဘယ်ကြောင့်ကြည့်မနေနိုင်ရမည်နည်း။ ပြီးမှ တစ်လှမ်းချင်းစီတိုးရမည်။ ထို့နောက် အနီးဆုံးကိုရောက်မည်။

************************************

မဟူရာတံခါးချပ်ကြီး အဆုံးထိပွင့်သွားသည်အထိပင်မစောင့်နိုင်ဘဲ တစ်ကိုယ်ဝင်စာရသည်နှင့် နန်းတော်တွင်းချက်ချင်းဝင်ရောက်လိုက်ပြီး လွင်ပြင်သခင်လေး၏ ရှေ့မှောက်သို့သူလျှောက်သွားလိုက်သည်။ သို့သော် သူဒူးထောက်မခစားခဲ့။ သူ့လူသားနှင့်သူ့အားဝေးအောင်လုပ်နေသောသူကို သူအဘယ်နည်းနှင့်မျှ မခစားနိုင်။

လွင်ပြင်သခင်သည် Kiteရောက်လာမည်ကို ကြိုသိထားဟန်ရသည်။ လှောင်ပြုံးလေးပြုံးရင်း သူ့ရှေ့မှောက်မှ Kiteကိုလှမ်းကြည့်သည်။ Kiteကလည်း သူ့ကိုရဲရဲတင်းတင်းပင် ပြန်ကြည့်လိုက်သည်။

"ခင်ဗျား ဘာလို့အခုလိုလုပ်ရတာလဲ။ ခင်ဗျား မင်းခွန်မှိုင်းကို အမှန်အတိုင်းပြောပြလိုက်တာနဲ့ပဲ ကျုပ်ကရှုံးနိမ့်သွားမယ် ထင်နေတာလား။ ခင်ဗျားဒီဘဝက ကျွတ်ဖို့ ကျုပ်ကိုကောင်းကောင်းကြီး ကိုင်တွယ်နိုင်ပါပေတယ်"

"အသင်နတ်ဆိုးကို ကျွန်ုပ်ပြောဖူးပါတယ်။ ကိုယ့်အဆင့်ကိုယ် သိဖို့..."

Kiteသည် လွင်ပြင်သခင်အားစက်ဆုပ်စွာကြည့်ပြီး မျက်နှာကိုတစ်ဖက်လွှဲပစ်လိုက်သည်။ လွင်ပြင်သခင်သည် သက်ပြင်းလေးခပ်သာသာချပြီး Kiteကိုဖျောင်းဖျဖို့ကြိုးစားရသည်။

"ကျွန်ုပ်က အသင်တို့ကြားမှာ ဖျက်ဆီးချင်စိတ်နဲ့ပြောပြခဲ့တာ မဟုတ်ဘူး။ ကျွန်ုပ်ကိုဆင့်ခေါ်ပြီး မေးခဲ့လို့ပြောပြခဲ့တာ။ နောက်ပြီး အသင်စဉ်းစားပါဦး။ အသင့်လူသားကို အသင်အခုကယ်လိုက်နိုင်ပြီပဲထား၊ သူကထာဝရအသက်ရှင်သွားမှာလား။ လူဆိုတာဖြစ်လာရင် တစ်ချိန်သေဦးမှာပဲ။ ပြီးရင် ဘဝကတစ်ကြိမ်ပြန်လည်ပတ်နေမှာပဲ"

"ကျုပ်မှားတယ်လို့ ခင်ဗျားဆိုလိုတာလား..."

Kiteအသံသည် လိုအပ်သည်ထက်ပိုကျယ်သွားသည်။ လွင်ပြင်သခင်ကတော့ အေးအေးလူလူပင် ပြန်ဖြေသည်။

"ဟုတ်တယ် အသင်နတ်ဆိုး၊ အသင်သိပ်မှားတယ်။ ရှေ့နောက်ဆင်ခြင် စဉ်းစားမှုမရှိဘဲ သင်လုပ်ချင်ရာကို တဇွတ်ထိုးလုပ်ခဲ့တယ်။ ဒီဘဝပြီးရင် သူနောက်ဘဝကို သွားဦးမှာပဲ။ အဲ့ဒီအချိန်ကျရင် အသင်သူ့ဘေးမှာထပ်ရှိနေလို့ရတာပဲ။ ဘဝတွေဆက်တိုက်ကူးသွားလည်း အသင်ကဘေးမှာဆက်ရှိနေနိုင်တယ်။ အခုတော့ အသင့်ရဲ့မဆင်မခြင်လုပ်မှုကြောင့် နှစ်ယောက်ထဲက တစ်ယောက်က လုံးဝပျောက်ကွယ်သွားရတော့မယ်"

"ဒါဆို ကျွန်ုပ်က ကျွန်ုပ်ချစ်တဲ့သူအသက်ဆုံးရှုံးတာကို ဒီအတိုင်းကြည့်နေလိုက်သင့်တယ်ပေါ့..."

"ဟုတ်တယ် အသင်။ တစ်ဘဝစာနဲ့ ထာဝရစာ... ၊ အသင်ဘာကိုရွေးမှာလဲ"

"ဒါတွေ ကျွန်ုပ်မသိဘူး၊ ကျွန်ုပ်က ကျွန်ုပ်လူသားကို ကယ်တင်ချင်တာ၊ သူ့ပျော်ရွှင်နေတဲ့ဘဝလေးမှာ အသက်ရှည်ရှည်နေစေချင်တာ၊ နောက်ဘဝဆိုတာ မသေချာလို့ ကျွန်ုပ်ယုံကြည်မှုမရှိဘူး၊ သူ့ကိုပြန်တွေ့ချင်လို့ နှစ်ပေါင်းများစွာစောင့်ခဲ့ပြီးပြီ၊ အခုတွေ့ပြီးပြီ၊ သူ့ကိုအသက်ဘေးကနေလည်း ကယ်တင်လိုက်နိုင်ပြီ၊ ကျွန်ုပ်အတွက်လုံလောက်ပြီ"

Kiteကို သူမည်သို့မျှ နားချ၍မရနိုင်မှန်း ဆံဖြူနတ်ဆိုးတစ်ဖြစ်လည်း လွင်ပြင်သခင်နားလည်လိုက်သည်။ Kiteသူ့ထံ ဝိဉာဉ်ဘဝနှင့်စရောက်လာပြီးကတည်းကနေ နတ်ဆိုးဘဝရောက်ဖို့ပင် နှစ်ပေါင်း၇၀နီးပါးစောင့်လိုက်ရသည်။ နတ်ဆိုးများသည် နှစ်တစ်ရာမှတစ်ကြိမ် မွေးဖွားနိုင်သည်မဟုတ်ပါလား။ Kiteရောက်လာချိန်တွင် နှစ်တစ်ရာပြည့်ဖို့ နှစ်၇၀လိုသေးသည့်အတွက် သူ့အစေအပါးနတ်ဆိုးခွေးတစ်ကောင်အဖြစ် နှစ်၇၀နေခဲ့ရသည်။

"ကျွန်ုပ်ဘဝပြီးဆုံးချင်ပြီးဆုံးသွားပါစေ ၊ ပျက်စီးချင်လည်းပျက်စီးသွားပါစေ ၊ ဒီလူသားအတွက်ပဲရှင်သန်နေခဲ့တာမလို့ ဒီလူသားအတွက်ပဲ ပေးဆပ်သွားပါရစေ"

"သင်ကရှင်သန်နေတာမဟုတ်တော့ဘူး။ သင်ကသေဆုံးပြီးပြီ။ သင့်ဘဝကပြီးဆုံးပြီးပြီ။ အသင်က မကျွတ်မလွတ်တဲ့နတ်ဆိုးတစ်ကောင်ထက် မပိုဘူး။ ဒီဘဝကိုပါ သင်ကထပ်ပေးချင်သေးတာလား။ ဒါဆို သင့်ဘဝကဘယ်မှာလဲ။ အသင့်အတွက်ဆိုတာ ဘယ်မှာလဲ"

"ကျွန်ုပ်ကိုခွင့်ပြုပါဦး"

သူသည့်ထက် ပို၍နားလည်အောင်မပြောတတ်တော့ချေ။ ထို့ကြောင့် Kiteလှည့်ထွက်ခြင်းဖြင့်သာ အဆုံးသတ်လိုက်သည်။

"အသင်ဘယ်ကိုသွားဖို့စိတ်ကူးထားလဲ။ အသင့်လူသားကလည်း အသင့်ကိုထပ်စွန့်လွှတ်လိုက်ပြန်ပြီ မဟုတ်ဘူးလား..."

ဟုတ်၏။ မင်းခွန်မှိုင်းသည် သူ့အားစွန့်လွှတ်လိုက်ပြီ။ သူ့ကိုထပ်မမြင်ချင်တော့ဟုဆိုသည်။ သည်လိုမျိုးဆိုလျှင် ၃၁ရက်ပြည့်သည်နှင့် မင်းခွန်မှိုင်း၏ဘဝအဆုံးသတ်သွားလိမ့်မည်။ သည်လိုမျိုး သူအဖြစ်မခံနိုင်။ ကံကြမ္မာကို ပြောင်းလဲနိုင်ဖို့ သူကြိုးစားရမည်။ ခြေလှမ်းကိုရှေ့ဆက်သည်။ လွင်ပြင်သခင်လေးအား ကျောခိုင်းလိုက်ပြီ။ သခင်အသစ်ကိုရှာဖွေရမည်။ ကံကြမ္မာနတ်ဆိုးထံသို့....။

************************************

"ညီမှိုင်းလေး...ဘယ်တုန်း။ စောစောလေးတင် ပြန်လာတာကို"

အလုပ်မှပြန်လာပြီးမကြာသေးခင်မှာပင် အဝတ်အစားလဲပြီး ပြန်ထွက်သွားဖို့ပြင်နေသော မင်းခွန်မှိုင်းအား ကိုသာလှမ်းမေးမိသည်။ ယခုရက်ပိုင်း ညီဖြစ်သူအနည်းငယ်ထူးဆန်းနေမှန်းလည်း ကိုသာရိပ်မိသည်။ ယခင်လို လန်းဆန်းတက်ကြွမှုလည်းမရှိ၊ မိုးလင်းသည်နှင့် စိတ်မပါလက်မပါဖြင့် တစ်နေ့တာကိုစတင်သည်။ ကိုသာနှင့်လည်းအရင်လို စကားကောင်းကောင်းမပြောဖြစ်ဘဲ အခန်းထဲတွင်သာတီဗွီကြည့်ရင်း အချိန်ကုန်ဆုံးနေတတ်တော့သည်။

"လမ်းထိပ်..."

ယခုလည်း စိတ်မပါသည့်လေသံဖြင့် တိုပြတ်ပြတ်ဖြေကာ ထွက်သွားပြန်သည်။ ကိုသာလည်း ငစိုင်းကိစ္စကြောင့် ကိုယ့်အပူနှင့်ကိုယ်ရှိသော်လည်း ညီဖြစ်သူကို ဂရုမစိုက်ဘဲနေ၍မဖြစ်။ သည်ရက်ပိုင်း ပစ်ထားမိ၍ စိတ်ကောက်နေခြင်းပေလား...။

"ညီမှိုင်း နေဦး။ ကိုသာလိုက်ခဲ့မယ်"

မင်းခွန်မှိုင်းခြံဝမှပင် ကိုသာ့အော်သံကြောင့် လှည့်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ့ထံတွင် စဉ်းစားစရာတွေအလွန်များနေသည်။ စိတ်လည်းညစ်နေသည်။ ကျော်ကြီးအစ်ကို ကိုသက်ပိုင်နှင့်တွေ့လိုက်ခြင်းက မှန်သွားသည်ဟုတော့ဆိုရမည်။ Kiteနှင့်ပတ်သက်သမျှအကုန်သိလာရသည်။ အထူးသဖြင့် ဟိုဆံဖြူနတ်ဆိုးအကူအညီကြောင့်ဟုလည်း ဆိုနိုင်သည်။

"သွားမယ် ညီမှိုင်း"

ကိုသာနှင့်အတူ လမ်းထိပ်ဆက်ထွက်လာခဲ့သည်။ သို့ပေမဲ့ ကိုသာရှိမှန်းမေ့သွားပြီး Kiteအကြောင်းတွေးမိပြန်သည်။ ယခင်ဘဝကို သူကိုယ်တိုင်မမှတ်မိ၊ မမြင်နိုင်တော့ပြီ။ သို့သော် ယခုဘဝအထိ အဘယ်ကြောင့် သူ့အတွက်ဒုက္ခခံနေသေးပါသနည်း။ နတ်ဆိုးများ၏အထွဋ်အမြတ် အတောင်တစ်စုံလုံးကို သူကားတိုက်ခံရစဉ် အသက်အန္တရာယ်ကာကွယ်ပေးဖို့အတွက် ပယောဂတွေမတန်တဆစုပ်ယူခဲ့သည်။ ထို့ကြောင့်လည့်း ယောဂသင့်ကာ ပျက်စီးခြင်းကိုခံခဲ့ရသည်။ အတောင်ပျက်စီးသွားသော်လည်း မကယ်နိုင်ခဲ့သောကြောင့် နှလုံးသားအမြုတေကို သူထုတ်သုံးခဲ့ပြန်သည်။

အဓိကပြဿနာသည် ထိုနှလုံးသားအမြုတေဖြစ်သည်။ Kiteသည် မင်းခွန်မှိုင်းဘက်မှသူ့ကိုမချစ်လျှင် ခံစားရမည့်ဆိုးကျိုးကိုသာ ပြောပြခဲ့သည်။ မင်းခွန်မှိုင်းက သူ့ကိုချစ်မိသွားလျှင် သူပြန်ခံစားရမည့်အကျိုးဟာလည်း ထပ်တူဖြစ်သည်ဆိုတာကိုတော့ သူလျှို့ဝှက်ထားခဲ့သည်။ တစ်ကိုယ်ကောင်းဆန်လိုက်သည့် Kite....။ သူက သည်လိုပေးဆပ်သွားရမည့်ကိစ္စကို မင်းခွန်မှိုင်းက မိမိအသက်ဆက်ရှင်နိုင်ဖို့တစ်ခုတည်းနှင့် တစ်ကိုယ်ကောင်းဆန်စွာ လက်ခံရမည်တဲ့လား။ သူလက်မခံနိုင်ပါလေ။ အကြောင်းကား....။

"ဟိုဘက်လမ်းထဲမှာ တုတ်ထိုးဆိုင်အသစ်ဖွင့်ထားတယ်တဲ့"

"ဗျာ..."

ကိုသာပြောလိုက်သည်ကို မကြားတကြားမို့ ပြန်မေးရသည်။ ကိုသာက သူ့ခေါင်းကိုလက်ဆစ်ဖြင့် အသာလေးခေါက်သည်။

"ဒီကောင်လေး စိတ်နဲ့ကိုယ်မကပ်ဘူးနဲ့တူတယ်။ တုတ်ထိုးဆိုင်အသစ်ဖွင့်တယ်လို့ ပြောတာ။ ဟ်ိုဘက်လမ်းထဲမှာ။ စားချင်ရင်လိုက်ကျွေးမလို့...."

မင်းခွန်မှိုင်း စဉ်းစားသွားရသည်။ Kiteကိစ္စကြောင့် အစားသိပ်စားချင်စိတ်မရှိ။ သို့ပေသိ Kiteကြောင့်ခံစားနေရခြင်းနှင့် ဝက်သားတုတ်ထိုးကိုတော့ ရောထွေးမပစ်ခြင်းကကောင်းမည်။ စားမည်။ မသေခင် ဝအောင်စားသွားမည်။

"ကိုသာ ဝယ်ကျွေးမှာလား..."

"စိတ်ကြိုက်စားကွာ"

ယခုမှ ကိုယ်တော်ချောလေးက အနည်းငယ်ပြုံးလာပုံရပြီး တုတ်ထိုးဆိုင်ကို တန်းနေအောင်သွားတော့သည်။ မသိလျှင် ဆိုင်ကိုသူကသိနေသလိုလိုနှင့်...။

"ငါ့တူလေးတို့ ဘာစားမလဲ"

ဆိုင်ဝင်ထိုင်သည်နှင့် ရောင်းသည့်ဦးလေးကြီးနှင့်အဒေါ်ကြီးက ပျူငှါစွာကြိုဆိုကြသည်။ အဒေါ်ကြီးရော ဦးလေးကြီးရောက ဝဝတုတ်တုတ်ဖြင့် ချစ်စရာကောင်းသည်ဟုသူမြင်သည်။ ဝက်သားတုတ်ထိုးရှေ့တွင်မို့ အရာရာကိုအကောင်းမြင်နေသည်လားတော့ သူမပြောတတ်။

"အကုန်သာလှီး ဦးလေး။ ကျွန်တော်က ဝက်ဆိုတစ်ကောင်လုံး နေရာမချန်အကုန်စားတယ်"

"ဟား...တကယ့် ဝက်ခရေဇီပါလား။ ငါ့တူစိတ်ကြိုက်ဖြစ်စေရမယ်ကွာ"

ဦးလေးကြီးက ဖော်ရွေလွန်းလှသည်။ ကိုသာက ဦးလေးကြီးနှင့် မင်းခွန်မှိုင်းစကားပြောပုံကိုကြည့်ပြီး သဘောကျနေသည်။ တုတ်ထိုးပြင်နေတုန်း အဒေါ်ကြီးက ဟင်းရည်နှစ်ပန်းကန်ချပေးသည်။

"ကိုသာတို့အခြေအနေ ဘယ်လိုရှိလဲ"

ဟင်းရည်ပန်းကန်ကိုမွှေနေစဉ် မင်းခွန်မှိုင်း ကိုသာနှင့်ငစိုင်းကိစ္စကို သတိရသွားပြီး မေးမိသည်။ ကိုသာက နှုတ်ခမ်းကိုပြုံးသလိုလို မဲ့သလိုလိုလုပ်ပြီး ခေါင်းယမ်းသည်။

"မပြေဘူး ညီမှိုင်းရဲ့။ သူက ငြင်းနေတုန်းပဲ။ ကိုသာ့ကို မထိခိုက်စေချင်ဘူးတဲ့။ ရှေ့ဆက်တိုးရင် အဝေးကိုထွက်သွားမယ်လို့လည်း ပြောတယ်၊ လောလောဆယ်တော့ ကိုသာဘာလုပ်ရမယ်မှန်းမသိဘူး"

"တစ်ခါနှစ်ခါလောက်ငြင်းတာနဲ့ လက်မလျှော့လိုက်နဲ့ ငါ့တူရေ။ ဦးလေးမိန်းမဆို ဦးလေးနဲ့မရခင်က ငြင်းတာမှ တုတ်ထိုးတစ်ဗန်းစာမကဘူး။ အခုကျတော့ ဈေးရောင်းတာတောင် နောက်ကလိုက်လာတာပဲ ကြည့်"

"အမလေး...ရှင့်တစ်ယောက်တည်းလွှတ်ရင် ကုလားသိုက်ကျားဝင်ကိုင်တာထက် ဆိုးသွားမှာစိုးလို့ တော်ရေ"

ချစ်စရာကောင်းသော ဦးလေးကြီးတို့လင်မယားကြောင့် ဆိုင်အတွင်းပွဲကျသွားရသည်။

"ညီမှိုင်းလည်း အခုတလောတစ်ခုခုဖြစ်နေသလိုပဲ။ စိတ်ညစ်စရာရှိရင် ကိုသာ့ကိုပြောလေ"

"ဒီတိုင်းပါပဲ ကိုသာရယ်။ Animeကြည့်ရင်းလောင်တာများပြီး လွတ်နေတာပါ"

Kiteနှင့်ပတ်သက်ပြီး ပြောပြ၍မဖြစ်သောကြောင့် Animeအပေါ်လွှဲချလိုက်ရသည်။ ကိုသာကလည်း မင်းခွန်မှိုင်းဖြစ်တတ်နေကျမို့လို့ လက်ခံသွားပုံရပြီး အေးအေးဆေးဆေးတုတ်ထိုးကို ဆက်စားနေသည်။ မင်းခွန်မှိုင်းလည်း အမျိုးစုံအောင်စားနေရင်းမှ အသည်းအလှည့်ရောက်လာတော့ စိတ်ထဲကျိတ်မနိုင်ခဲမရဖြစ်ပြီး မြည်တွန်တောက်တီးမိသည်။

"ဝက်တောင်အသည်းနှလုံးရှိတယ်။ ဒင်းမှာမရှိဘူးလား မသိဘူး။ အလကား တစ်ကိုယ်ကောင်းကောင်"

ကိုသာ မျက်လုံးပြူးဖြင့် မင်းခွန်မှိုင်းအား ကြည့်လိုက်မိသည်။ မင်းခွန်မှိုင်းလည်း လက်လွတ်စပယ်ပြောလိုက်မိမှန်း သတိထားမိသည်နှင့် ကျော်ကြီးအပေါ်လွှဲချလိုက်ရသည်။

"ဟိုကောင်...ဟိုကောင် ကျော်ကြီးနဲ့ နည်းနည်းစကားများလာလို့..."

"ဪ...ညီမှိုင်းရယ်။ သူငယ်ချင်းတွေနဲ့အဆင်ပြေအောင် ပေါင်းမှပေါ့။ တစ်ခါတလေရန်ဖြစ်တာရှိမှာပေါ့လေ။ ဒါပေမဲ့ ပြန်အဆင်ပြေသွားမှာပါ။ ညီမှိုင်းတို့ပေါင်းလာတာ နှစ်မှမနည်းတော့တာ"

မင်းခွန်မှိုင်းအလိုက်သင့်ခေါင်းညိတ်လိုက်သည်။ ညီအစ်ကိုနှစ်ယောက် တုတ်ထိုးဆက်စားကြသည်။ သူတို့နှင့်မလှမ်းမကမ်းသစ်ပင်ပေါ်၌ မင်းခွန်မှိုင်းအား လာရောက်ချောင်းမြောင်းသူရှိနေသည်။ ထို့အပြင် လျော့တိလျော့ရဲချည်ထားသောကြောင့် ပြုတ်ကျလုဆဲဆဲ လက်ပတ်လေးတစ်ခုလည်း ရှိသေးသည်...။

Thanks For Reading

Zawgyi




You are reading the story above: TeenFic.Net