Part 40

Background color
Font
Font size
Line height

Unicode

လူတို့၏ကံဆိုးခြင်းအား ဖြစ်စေသောနတ်ဆိုးတစ်ကောင်၏ သီးသန့်နေထိုင်ရာနေရာသည် အနက်ရောင်လွင်ပြင်ကဲ့သို့ အမှောင်အတိကျနေသည်မဟုတ်။ နန်းတော်ကြီးတည်ဆောက်ထားသည်လည်းမဟုတ်။ ဂူအကြီးကြီးတစ်လုံးသာဖြစ်သည်။ အလိုအလောက်တောက်နေသော မီးတိုင်ရှင်များကလည်း ဝေ့ယမ်းလျက် Kiteအားကြိုဆိုနေသယောင်ယောင်။

သူနတ်ဆိုးစဖြစ်လာကတည်းက လွင်ပြင်သခင်နှင့် နတ်ဆိုးသခင်တို့ထံသာခစားခဲ့ဖူးသည်။ နတ်ဆိုးတို့၌လည်း စည်းဆိုသည်ကရှိ၏။ ကိုယ့်အစေအပါးလက်အောက်ခံက တခြားနတ်ဆိုးထံခစားခွင့်မရှိ၊ နတ်ဆိုးသခင်ကတော့ အုပ်ချုပ်သူမို့ချွင်းချက်ဖြစ်သည်။

ရှည်လျားသောဂူလမ်းအတိုင်း လျှောက်လာပြီးမကြာမီ ကျယ်ဝန်းလုံးဝိုင်းသောပုံစံရှိသည့် ဂူအဆုံးသို့ရောက်သည်။ ထိုနေရာ၌ပင် ပလ္လင်ဖြူပေါ် အခန့်သားထိုင်ရင်း ဆေးတံရှူရှိုက်နေသော ကံကြမ္မာနတ်ဆိုးကို Kiteတွေ့လိုက်ရသည်။ ပခုံးထိရှည်သောဆံပင်တို့ကို နောက်ကိုအသာအယာလှန်သိမ်းရင်း Kiteကိုသူကလှမ်းကြည့်သည်။

သူ့အသွင်အပြင်သည် Kiteအားအနည်းငယ်ထိတ်လန့်စေသည်။ စိမ်းညို့ညို့မျက်လုံးများသည် စိုက်ကြည့်ခံရသူ့အဖို့ ခြေတစ်လှမ်းတော့ အသာဆုတ်မိစေသည်။ ဖြူဆွတ်​နေသောမျက်နှာရှည်ရှည်တွင် ဘယ်ဘက်နဖူးမှမေးရိုးအထိ အမာရွတ်ညိုညိုအစင်းကြောင်းက အထင်းသားရှိနေသေးသည်။ အပြုံးကင်းမဲ့နေသော ခြောက်ကပ်ကပ်နှုတ်ခမ်းသားဖြူဖြူတို့ကလည်း စိတ်ပျက်ဖွယ်အတိုဖြစ်သည်။

"အသင် ကျွန်ုပ်ကိုပဲ ကြည့်နေတော့မှာလား..."

သြဇာညောင်းသောလေသံသည် ဂူအတွင်းမို့ ပိုပြီးဟိန်းထွက်နေသည်။

"ကျွန်ုပ်က..."

Kiteသူ့ကိုယ်သူမမိတ်ဆက်ခင်မှာပင် ကံကြမ္မာနတ်ဆိုးက ကြားဖြတ်ဆိုသည်။

"အသင့်ကို ကျွန်ုပ်သိပါတယ်၊ ရှာမှရှားတဲ့ နတ်ဆိုးတွေထဲကတစ်ပါးပဲဟာ"

ခနဲ့တဲ့တဲ့ပြောပြီး ဆေးတံကိုထပ်ဖွာရှိုက်နေပြန်သည်။ Kiteလည်း ယခုမှမြင်ဖူးတွေ့ဖူးခြင်းဖြစ်သည့်အတွက် ဘယ်ကစပြောရမှန်းမသိဖြစ်နေသည်။ ထိုအခါ သူကပဲလမ်းဖောက်ပေးပြန်သည်။

"လာရင်းကို ဆိုပါဦး၊ အသင့်သခင် လွင်ပြင်သခင်လေးက လွှတ်လိုက်လို့လား၊ သူနဲ့ကျွန်ုပ်ပတ်သက်စရာတော့ မရှိဘူးထင်ပါရဲ့၊ နတ်ဆိုးဘဝရောက်လို့ လက်စားချေပြီးမှ နောင်တရတဲ့အပြင် သူ့နေရာအစားထိုးဖို့တောင်ရှာထားသေးတယ်၊ နတ်ဆိုးမပီသလိုက်တဲ့သတ္တဝါ"

ကံကြမ္မာနတ်ဆိုးသည် Kite၏အရင်သခင်ကို သိပ်ပြီးအမြင်ကြည်ပုံမရ။

"သူ့ဆီက ကျွန်ုပ်အပြီးထွက်လာတာပါ ကံကြမ္မာနတ်ဆိုးသခင်။ သခင့်ဆီက ကျွန်ုပ်အကူအညီတောင်းစရာရှိလို့ပါ"

သူ့စကားကို ကြမ္မာနတ်ဆိုးက ယခုမှစိတ်ဝင်စားသွားပုံရသည်။ ဆေးတံကို ဘေး၌ချလိုက်သည်။ တစ်ခြမ်းစောင်းလှဲလျောင်းနေသည့်အနေအထားမှ ထထိုင်ပြီးမေးတစ်ဖက်ထောက်လိုက်သည်။

"ကျွန်ုပ်အရှင်းဆုံးပဲပြောပါရစေ၊ အချိန်သိပ်မရှိလို့ပါ၊ သခင်က ကံကြမ္မာကိုပြောင်းလဲနိုင်တယ်လို့ ကျွန်ုပ်ကြားဖူးပါတယ်၊ ဒါကြောင့်...."

"မင်းလူသားရဲ့ကံကြမ္မာကို ပြောင်းလဲပေးရမယ်ပေါ့"

သူ့ထက်ရှင်းလင်းသောအဖြေကို ကြမ္မာနတ်ဆိုးကဆို၏။ အတော်ပြတ်သားသည့်နတ်ဆိုးဟု Kiteကောက်ချက်ချမိလိုက်သည်။

"ဟုတ်ပါတယ် သခင်"

Kiteစကားဆက်မပြောခင် ကြမ္မာနတ်ဆိုးအား ဒူးထောက်အရိုအသေပေးလိုက်သည်။ ပြီးမှ ဒူးထောက်လျက်သား ဆက်ပြောသည်။

"ကျွန်ုပ်ကို သူ့ကိုကယ်ဖို့နည်းက ဒါပဲရှိတော့လို့ပါ"

"မင်းရဲ့အမြုတေကျန်သေးတယ် မဟုတ်ဘူးလား"

ကံကြမ္မာနတ်ဆိုးသည် သူတို့အကြောင်းအကုန်သိနေသဖြင့် အံ့အားသင့်ရသည်။

"အဲ့တာကအသုံးဝင်တော့မယ်မထင်ဘူး သခင်၊ ကျွန်ုပ်အားကိုးစရာက သခင်ပဲရှိတော့လို့ပါ.."

"နေစမ်းပါဦး၊ ကျွန်ုပ်က ကံကြမ္မာကိုပြောင်းလဲနိုင်တယ်လို့ အသင့်ကိုဘယ်သူကများ ပြောလိုက်တာလဲ"

"မဟူရာချောက်ကမ်းပါးက သခင်လေးပြောလိုက်တာပါ၊ ဒါပေမဲ့ သခင်က နတ်ဆိုးတွေအတွက်ကံကြမ္မာလှည်းဘီးကို မလှည့်ပေးဘူးလို့လည်း ကြားခဲ့ပါတယ်"

စရောက်သည့်အချိန်မှစပြီး နည်းနည်းမှမပြုံးခဲ့သော ကြမ္မာနတ်ဆိုးသည် ပထမဆုံးအကြိမ်ပြုံးလေသည်။

"ဒါဆို သိသိရက်နဲ့ဘာလို့လာနေသေးလဲ"

"ကျွန်ုပ် သခင်လိုချင်တာဘာမဆိုပေးပါ့မယ်၊ ကျွန်ုပ်ကိုကူညီပါ"

Kiteအသနားခံမိသည်။ ရင်ထဲကလှိုက်လှိုက်လှဲလှဲပါကြောင်း၊ အမှန်တကယ်လိုအပ်နေကြောင်း၊ ရင်တွင်းစို့နင့်နေသော်လည်း မျှော်လင့်ချက်ရှိနေသေးကြောင်းတို့အား မျက်ရည်တို့ကိုယ်စားပြု စိမ်းပြာရောင်မျက်လုံးတို့က ပြသနေသည်။

ကြမ္မာနတ်ဆိုးသည် ခြေတစ်ဖက်ကို ဟန်ပါပါချိတ်ထိုင်လိုက်ပြီး သူ့ကိုပြုံးစိမ့်စိမ့်ကြည့်သည်။

"အချစ်ရူးနတ်ဆိုးတွေပဲ ကျုပ်ဆီလာတတ်ကြတာ၊ အသင့်ကို လမ်းညွှန်ပေးခဲ့တဲ့ နတ်ဆိုးကလည်း အသင်နဲ့အဖြစ်တူပဲ၊ ဒါပေမဲ့ သူပြောဖို့မေ့သွားတာ တစ်ခုရှိတယ်"

ဆက်မပြောဘဲ စကားဖြတ်လိုက်သောကြောင့် Kiteသိချင်စိတ် ပိုပြင်းပြသွားသည်။ ရင်တွင်း၌လည်း တလှပ်လှပ်နှင့် တစ်ခုခုကိုမျှော်လင့်စောင့်စားနေမိသည်။ ကြမ္မာနတ်ဆိုးသည် ဆေးတံကိုပြန်ကိုင်ပြန်သည်။ Kiteစိတ်မရှည်စွာဖြင့် ဆေးတံကိုင်ထားသောလက်ကို ကြည့်နေမှန်းသိတော့ သူကထပ်ပြုံးပြန်လေသည်။

"စိတ်ရှည်ပါဦး အသင်၊ လိုချင်တာရှိတဲ့သူက ပေးမယ့်လူကိုစောင့်ရတာ သဘာဝပဲလေ"

သူဆေးတံကိုရှူရှိုက်သည်။ အငွေ့တို့ကို ဖြည်းညှင်းစွာမှုတ်ထုတ်သည်။ အဖြူရောင်အငွေ့တို့ကြားမှ ဖျော့တော့ညှိုးငယ်နေသော Kiteမျက်နှာကို သူလှမ်းကြည့်သည်။ နတ်ဆိုးဟန်ပန်ပင်မရှိ။ လေလွင့်ဝိဉာဉ်များထက်ပင်ရို့ကျိုးပြီး သနားစဖွယ်အတိ။ ယခုအချိန်အထိ ပယောဂစွဲကပ်ပြီး နာကျင်နေဆဲဖြစ်သော အတောင်ကိုမြင်ရသည်ကလည်း စိတ်ချမ်းသာဖွယ်မရှိ။

နတ်ဆိုးပင်ဖြစ်မလာထိုက်သည့် သတ္တဝါ။

"တကယ်တော့..."

ကြမ္မာနတ်ဆိုးထံမှစကားသံစကြားသည်နှင့် Kiteချက်ချင်းတက်ကြွသွားပြန်သည်။ သည်အပြောင်းအလဲမြန်သည့်နတ်ဆိုးကို ကြည့်ပြီး သူမပြုံးဘဲမနေနိုင်။

"ကျွန်ုပ်တောင်းဆိုတာကို သူမပေးနိုင်တာက တစ်ကြောင်း၊ အချိန်လွန်သွားတာက တစ်ကြောင်းရယ်ကြောင့် ဆိုတာသူမပြောခဲ့ဘူးလား၊ နတ်ဆိုးတွေကြားထဲမှာ အလဲအထပ်ဆိုတာ အမြဲတမ်းရှိတယ်၊ အသင်နားလည်မှာပါ၊ လွင်ပြင်သခင်နဲ့တုန်းကလည်း မင်းလူသားကိုပြန်တွေ့ပြီး တစ်ဘဝစာစောက်ရှောက်လို့ပြီးတာနဲ့ သူ့နေရာဆက်ခံမယ်ဆိုတဲ့အလဲအထပ်လေ၊ တကယ်တော့ အဲ့လိုအလဲအထပ်မျိုးတွေက ချိုးဖျက်ရလွယ်လွန်းပါတယ်၊ အသင်ချိုးဖျက်ခဲ့သလိုပေါ့...ဟုတ်တယ်မလား"

ကြမ္မာနတ်ဆိုးသည် သူ့အားခနဲ့ဖို့ မွေးဖွားလာသလားမှတ်ရအောင်ခနဲ့နေသည်။

"ကျွန်ုပ်ကတော့ အဲ့လိုမသေချာတဲ့အလဲအထပ်တွေ မလုပ်ဘူး၊ ကျွန်ုပ် သင်တို့လိုနတ်ဆိုးမျိုးတွေဆီက လိုချင်တာ တစ်ခုပဲရှိတယ်"

စကားပြောရင်း ရပ်သွားပြန်သည်။ ဆေးတံတော့မရှိုက်တော့ပေ။ Kiteမျက်လုံးကို တည့်တည့်ကြည့်ပြီး နှုတ်ခမ်းတစ်ဖက်ကို ရွဲ့တဲ့တဲ့လုပ်သည်။

"ဟိုနတ်ဆိုးကလည်း ကျွန်ုပ်တောင်းတာမပေးနိုင်လို့ အခုလိုတစ်ကိုယ်တည်းဆွေးတဲ့ နတ်ဆိုးလေးဖြစ်နေတာလေ၊ နောက်ပြီး သူ့ချစ်သူကအဲ့အချိန်မှာ ဘဝပြီးဆုံးသွားပြီဆိုတော့ ပေးနိုင်ရင်တောင် မရတော့ပါဘူး"

ပထမစစတုန်းက Kiteပြတ်သားသည်ဟုထင်ခဲ့သော သည်နတ်ဆိုးသည် Kiteအထင်မှားကြောင်း ပြသနေသည်။ သက်သက်မဲ့ Kiteကိုအချိန်ဆွဲပြီး ပြောနေသည်။ အဓိကအကြောင်းအရာကို ယခုထိမပြောသေး။ Kiteမှာသိချင်လွန်း၍ မနေတတ်မထိုင်တတ် လှုပ်ရှားနေမိသည်။

"ကျွန်ုပ်လိုချင်တာက...."

နောက်ဆုံးတော့လာချေပြီ။

"သံယောဇဉ်ကြိုး"

"ဘယ်လို..."

Kiteကိုယ်တိုင်မသိလိုက်ဘဲ ရေရွတ်မိသည်။ သံယောဇဉ်ကြိုး။ လက်ဆုပ်လက်ကိုင်မရှိသောအရာကို သူဘယ်လိုယူပါမည်နည်း။

"အသင်တို့ကြားက သံယောဇဉ်ကို အစအဆုံးဖြတ်တောက်ပစ်မယ်၊ ဆိုလိုတာက ရှေးဘဝရေစက်ကစလို့အခုအထိ"

"ဒီလိုဆိုရင် ကျွန်ုပ်တို့က ဘာဖြစ်သွားမှာလဲ"

ယခုအချိန်ထိ Kiteနားမလည်နိုင်သေး...။

"အရှင်းဆုံးပြောမယ်၊ သင်တို့နှစ်ယောက်ဘဝကို ခွဲထုတ်ပစ်မှာ၊ အသင်စစွဲလမ်းခဲ့တဲ့ဘဝကတည်းက အသင်တို့နှစ်ယောက်ကို ဆုံဆည်းခွင့်မရှိအောင် ခွဲထုတ်လိုက်မှာ၊ ဒီလိုဆိုရင် အသင်တို့ဘဝတွေ ပိုပြီးကွဲပြားသွားမယ်၊ ဖြစ်ခဲ့တာတွေလည်းရမရှိတော့တဲ့အတွက် အချင်းချင်းမှတ်မိစရာအကြောင်းအရင်းလည်း မရှိတော့ဘူး"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သခင်လေးမရှိတဲ့ဘဝမှာ ကျွန်ုပ်ဘယ်လိုနေရမှာလဲ"

"သင့်သခင်လေးက သင့်ကြောင့်သေတယ်ဆိုတာ အသင့်မသိဘူးလား၊ အကယ်၍ အသင်တို့သာမဆုံတွေ့ဖြစ်ခဲ့ရင် သူအသင့်ကိုကာကွယ်ပြီး အသေခံစရာမလိုတော့ဘူး၊ သင့်ကြောင့် သူဟာအဲ့အိမ်ကိုစွဲနေခဲ့တာ၊ ဒါ့အပြင် သင်သာသူနဲ့တူတူထပ်မမွေးဖွားလာခဲ့ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေကိန်းဆိုက်မှာမဟုတ်ဘူး"

Kite သူ့အပြစ်သူမြင်သော်လည်း ခေါင်းဆက်တိုက်ယမ်းပြီး ငြင်းနေမိသည်။ သူဟာမင်းခွန်မှိုင်းကို ကယ်နိုင်ရန်မွေးဖွားလာခြင်း မဟုတ်လား။

"ကပ်ဆိုးနက္ခတ်နဲ့ယှဉ်မွေးလာတဲ့လူသားတွေဟာ အသက်ရှည်ရှည်နေရလေ့မရှိဘူး၊ သူ့အနားကပ်တွယ်နေတဲ့နတ်ဆိုးရနံ့ကြောင့် ပရလောကသားတွေက ပိုကပ်တွယ်တတ်တယ်၊ သင့်သခင်မှာလည်း ကပ်တွယ်မှုလိုတာထက်ပိုများတာ သင်သိပါတယ်"

ဟုတ်၏။ ဤစကားကို Kiteမငြင်းနိုင်။ မင်းခွန်မှိုင်းတွင် မကောင်းဆိုးဝါးတွယ်ကပ်မှုက ပုံမှန်လူတွေထက် ပိုများနေခဲ့သည်။ ဒါကြောင့်လည်း သူလိုတာထက်ပိုပြီး စုပ်ယူစားသုံးခဲ့ရသေး၏။

"တကယ်တော့ အသင်နတ်ဆိုးကြောင့်ပဲ ပယောဂတွေက သူ့ဆီမှာပိုရောက်သွားတာ၊ အသင်သိမှာပါ၊ ပရလောကသားတွေဟာ ဘယ်လောက်ကူကယ်ရာမဲ့နေလဲဆိုတာ၊ ဒီတော့ သူတို့က နတ်ဆိုးတွေဆီချည်းကပ်ပြီး နေထိုင်စရာလေးရဖို့ ကြိုးပမ်းကြမယ်၊ လွတ်ကျွတ်ဖို့တောင်းဆိုကြမယ်၊ သင်ကဂရုမပြုတော့ အသင့်လူသားဆီကပ်ကြတာပေါ့၊ ဒါကြောင့်လည်း အဆုံးမှာသင်မထိန်းချုပ်နိုင်တော့ဘဲ သူသေကံဆိုက်ခဲ့ရတာပဲ"

Kiteခေါင်းငိုက်စိုက်ကျသွားသည်။ မင်းခွန်မှိုင်းမှာဖြစ်ပျက်ခဲ့သမျှ မကောင်းမှုအားလုံးက သူသယ်ဆောင်လာခဲ့တာချည်း...။ သူတစ်ချက်မေ့သွားသည်က သူယခုတွေ့ဆုံနေရသူသည် ကံကြမ္မာနတ်ဆိုးဖြစ်သည်ကိုပင်။ ကံကြမ္မာလှည်းဘီးကိုင်သော နတ်နှစ်ပါးရှိသည်။ တစ်ပါးကနတ်ဆိုးတိုင်းပြည်၊ တစ်ပါးကကောင်းကင်ဘုံ၌ဖြစ်သည်။ သို့သော် တစ်ယောက်နှင့်တစ်ယောက် ဝင်ရောက်စွက်ဖက်ခွင့်မရှိဘဲ လူအများ၏ဖြစ်တည်မှုအပေါ်မူတည်ပြီး ကံကြမ္မာစီရင်ကြသည်။ ကံကြမ္မာနတ်ဆိုး၏ လှည်းဘီးတစ်ပတ်လည်တိုင်း ကံဆိုးမှုက အလိုလိုရောက်လာဖြစ်တည်လာသည်။ ဘယ်လိုမျိုးဖြစ်ပါစေရယ်လို့တော့ သူဖန်တီး၍မရ။ လူတစ်ယောက်၏အပြုအမူနှင့်လုပ်ရပ်များအပေါ်သာ မူတည်ပြီး ကံဆိုးမှုဖြစ်ပေါ်သည်။

"ဘယ်လိုလဲ အသင်နတ်ဆိုး၊ ကျွန်ုပ်နဲ့အလဲအထပ်လုပ်မယ်မလား"

Kiteမဖြေနိုင်သေးချေ။ သူ့ကြောင့် မင်းခွန်မှိုင်းကြုံဆုံခဲ့ရသည့် ကံဆိုးမှုတိုင်းကို ပြန်တွေးမိပြီး ရင်နာလျက်ရှိသည်။

"အချိန်သိပ်မရှိဘူး အသင်၊ ကျွန်ုပ်က အသင့်ကိုနောက်ထပ်တစ်ကြိမ်ထပ်တွေ့ခွင့်လည်းပေးမှာ မဟုတ်ဘူး၊ ဒီတစ်ကြိမ်ပဲဆုံးဖြတ်ခွင့်ရှိတယ်၊ အလဲအထပ်လုပ်မလား မလုပ်ဘူးလား"

"လုပ်လိုက်ရင် ကျွန်ုပ်တို့က..."

"နောက်ဆက်တွဲကိုသိချင်တာလား၊ ကျွန်ုပ်က သင်တို့နှစ်ယောက်စာ လက်စွပ်တစ်စုံပေးလိုက်မှာပါ၊ သင်ကအခုပဲ လက်ခံပြီးစွပ်သွားမှရမယ်၊ ပြီးရင် သူ့ကိုလက်စွပ်စွပ်ဖို့တိုက်တွန်းပါ၊ သူကစိတ်လိုလက်ရလက်ခံမှ သင်ကိုယ်တိုင်လက်စွပ်ကိုဝတ်ပေးလိုက်ပါ၊ ဒီလိုဆို ကံကြမ္မာလှည်းဘီးနောက်ပြန်လည်ပါလိမ့်မယ်၊ သင်တို့ကြားဆက်နွယ်မှုဟာ ပြတ်တောက်ပြီး ကံကြမ္မာအသစ်ပေါ်လာပါလိမ့်မယ်၊ အချိန်ကတော့ လက်ရှိဘဝရဲ့သင်တို့မတွေ့ဆုံခင်အချိန်ကနေ စပါလိမ့်မယ်"

"ကျွန်ုပ်..."

Kiteတွေဝေနေပြန်သည်။ မင်းခွန်မှိုင်းနှင့်သူ့ကြားက သံယောဇဉ်ကြိုး ပြတ်တောက်သွားမည်တဲ့လား။ မင်းခွန်မှိုင်းမပါသော သူ့ကံကြမ္မာကို သူဖြတ်သန်းရမည်တဲ့လား။ တစ်ဦးတည်းသောချစ်ရသူမပါဘဲနှင့်...။

"မလုပ်နိုင်ရင် ပြန်ပါတော့အသင်၊ အသင့်နှလုံးသားအမြုတေကိုသာ အားကိုးလိုက်ပါ၊ ကျွန်ုပ်လှည်းဘီးက အမြုတေထက်သေချာတာကို မေ့လိုက်ပါ"

"ကျွန်ုပ်လုပ်ပါ့မယ်"

နောက်တစ်ကြိမ်မရနိုင်တော့သော အခွင့်အရေးဖြစ်သည့်အတွက် သူလက်ခံလိုက်ရတော့သည်။ အနည်းဆုံးတော့ သူ့တွင်ဖြစ်နိုင်ချေတစ်ခုတိုးလာသည်။ အမြုတေနှင့် လှည်းဘီးလည်စေမည့်လက်စွပ်။ ကံကြမ္မာနတ်ဆိုးသည် Kiteကိုကြည့်ပြီး အကျေနပ်ဆုံးပြုံးလိုက်သည်။ ကံကြမ္မာအလှည့်အပြောင်းကို သဘောကျသူဖြစ်သည့်အပြင် အစွဲအလမ်းကြီးသောနတ်ဆိုးတစ်ကောင်၏ သံယောဇဉ်ကြိုးပြတ်တောက်သွားခြင်းကို သူလှလှပပကြီးကြည့်ရှုချင်သည်။ အပြစ်တော့မတင်လေနှင့်၊ သူသည် နတ်ဆိုးတစ်ကောင်ပင်ဖြစ်သည်။

ကံကြမ္မာလှည်းဘီး၏ပုံစံတူကို ထွင်းထားသောကျောက်ဖြူလက်စွပ်အား Kiteကိုဝတ်ပေးလိုက်သည်။ ထိုလက်စွပ်သည် လက်ကိုလိုက်၍ အရွယ်အစားပြောင်းလဲပေးသွားသည်။ ထို့နောက် Kiteလက်ထဲသို့ နောက်တစ်ကွင်းကို လက်ဆုပ်လက်ကိုင်ထည့်ပေးပြီး တုန်လှုပ်နေသော သနားစဖွယ်နတ်ဆိုး၏ မျက်နှာအား ပြည့်ပြည့်ဝဝခံစားလိုက်သည်။

"သွားတော့ အသင်၊ အသင့်လူသား အန္တရာယ်တွင်းထဲရောက်တော့မယ်"

Kiteအံ့အားသင့်သွားသည်။ ကြမ္မာနတ်ဆိုးသည် Kiteကိုဆွဲထူပြီး ကျောမှအသာထပ်တွန်းလွှတ်ပြန်သည်။

"အသင့်လူသားဆီပြန်တော့၊ အချိန်သိပ်မရတော့ဘူး"

************************************

မင်းခွန်မှိုင်းအနား၌ဝိုင်းရံပြီး မကောင်းဆိုးဝါးအား မာန်ဖီလွှတ်နေသည့် နတ်ဆိုးခွေးသုံးကောင်။ မင်းခွန်မှိုင်းတွင်ကား ကိုယ်စောင့်နတ်ရှိသည်မဟုတ်။ ထို့အပြင် သူ့အားစောင့်ရှောက်ရသည့် Kiteကလည်း နတ်ဆိုးတိုင်းပြည်သို့ထွက်သွားသောကြောင့် သူ့အစေအပါးခွေးသုံးကောင်ကိုသာ မင်းခွန်မှိုင်းမသိမမြင်စေဘဲ အစောင့်အရှောက်ထားခဲ့ရသည်။ သည်အခွင့်ကောင်းကိုစောင့်နေသည့် မကောင်းဆိုးဝါး ပရလောကသားတို့က အချင်းချင်းတိုက်ခိုက်ကြရင်းမှ နောက်ဆုံး၌ကျန်ခဲ့သော နှစ်ချို့မကောင်းဆိုးဝါးကြီးတစ်ကောင်။ ပရလောကသက်တမ်းရှည်ကြာလာသည့်အခါ ဝိဉာဉ်ကနေအဆင့်ဆင့်ပြောင်းလဲလာပြီး မကောင်းဆိုးဝါးအဆင့်ရောက်သွားတတ်ကြသည်။

ငုတ်တုတ်ကြီးထိုင်၊ လက်နှစ်ဖက်ကိုမြေ၌ထောက်ပြီး တစ်ကိုယ်လုံးအမွေးအမျှင်များဖြင့် ဖုံးအုပ်ထားသောသတ္တဝါကြီးသည် မင်းခွန်မှိုင်းခန္ဓာကိုယ်ကိုရယူဖို့ရာ လက်ပတ်အပြုတ်ကိုစောင့်ရင်း အနားကိုတဖြည်းဖြည်းကပ်လာသည်။ ထို့ကြောင့် နတ်ဆိုးခွေးတို့ကလည်း မာန်ဖီနေကြသည်။

"ကိုသာက အခုထိမလာသေးဘူး၊ ကြာလိုက်တာ"

လမ်းထိပ်ရောက်ကာမှ ဆိုင်တွင် မင်းခွန်မှိုင်း၏ပိုက်ဆံအိတ်မေ့ကျန်ခဲ့သဖြင့် ပြန်သွားယူပေးရှာသောကိုသာ့အား သူငြူစူနေပြန်သည်။ ဆိုင်ရှင်ဦးကြီးတို့ကလည်း လူနည်းနည်းကျလာသည်မို့ သူကျန်ခဲ့သည်ကို မသိခြင်းဖြစ်မည်။ မဟုတ်လျှင် နောက်ကနေမီအောင်လိုက်ပေးမည့်လူများဖြစ်သည်။ စိတ်မရှည်လက်မရှည်ဖြင့် ကိုသာ့အိတ်ထဲမှနှိုက်ပြီး ဝယ်သောက်ထားသော Yoshi(ယိုရှီ) စတော်ဘယ်ရီနို့အား ထိပ်ကအပိတ်ကိုပါခွာပြီး မော့သောက်ပစ်လိုက်သည်။

သူ့အနားတွင်တော့ နတ်ဆိုးခွေးတစ်ကောင် ဒဏ်ရာရပြီး လဲကျသွားပြီဆိုတာမသိရှာ။ နောက်ထပ်ခွေးနှစ်ကောင်မှာလည်း လဲကျသွားသောတစ်ကောင်ကိုကြည့်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြပြီ။ သည်လောက်သန်မာသော သတ္တဝါကြီးကို သုံးကောင်ပေါင်းပြီးကိုက်လျှင်တောင် နိုင်ဖွယ်မရှိ။

မင်းခွန်မှိုင်းသည် လမ်းတစ်ဖက်ကနေ ကျန်တစ်ဖက်တွင်ရှိနေသောအမှိုက်ပုံးထဲသို့ ဘူးအခွံအားလှမ်းပစ်ထည့်လိုက်သည်။ တစ်ပြိုင်တည်းမှာပင် လျော့ရဲနေသော လက်ပတ်သည် ဘူးနှင့်အတူ လေထဲလွင့်ပါသွားသော်လည်း ကျသည့်နေရာကိုသူမသိလိုက်။

ထိုစဉ် မကောင်းဆိုးဝါသတ္တဝါကြီးကလည်း ကျန်သည့်ခွေးနှစ်ကောင်ကို လက်သည်းဖြင့်ကုတ်ပြီးအရုပ်ကလေးသဖွယ် ကိုင်ပေါက်လိုက်ချေပြီ။ လက်ပတ်မရှိတော့သောကြောင့် ပရလောကနယ်ပယ်ထဲ ခြေတစ်ဖက်ကျွံသွားသည့် မင်းခွန်မှိုင်းမှာလည်း သူ့ကိုယ်နှစ်ဆမကသော မကောင်းဆိုးဝါးကြီးကိုမြင်ပြီး ကြက်သေသေသွားရှာသည်။ ကြောက်မက်ဖွယ်ကောင်းလွန်း၍ နှုတ်ခမ်းများပင် တဆတ်ဆတ်တုန်နေသော်လည်း ခြေကတစ်စင်တီမီတာပင် မရွေ့တော့ချေ။ မကောင်းဆိုးဝါးကြီးကလည်း အခြေအနေကိုရိပ်စားမိလိုက်ပြီဖြစ်၍ ကြီးမားသောသူ့လက်သည်းများဖြင့် မင်းခွန်မှိုင်းအားကုတ်ဖို့ဟန်ပြင်လိုက်သည်။ ဒါမှ သတိလစ်သွားစေကာ ခန္ဓာကိုယ်ကိုရယူနိုင်မည်ဖြစ်သည်။

မင်းခွန်မှိုင်းကြောက်လွန်းအားကြီးပြီး မျက်လုံးကိုအသေဖိမှိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လေအေးတစ်ချက်သူ့မျက်နှာပေါ် ကျရောက်လာသည်။ ဤသည်မှာ မကောင်းဆိုးဝါးကြီး၏ လက်မကျရောက်ခင်အရှိန်ကြောင့်ဖြစ်မည်။ သူသေရတော့မည်။ Kiteနှင့်ပြန်မတွေ့ရသေးဘဲ သည်လိုပြီးဆုံးရတော့မည်။ Kiteကိုသူနောက်ဆုံးတွေ့ခဲ့သည့်အချိန်က ရက်ရက်စက်စက်မောင်းထုတ်ပစ်သည့် အချိန်ဖြစ်နေခဲ့သည်။ ပါးပြင်ပေါ်မျက်ရည်စီးကျလာသည်။

အုန်းခနဲအသံတစ်ချက်ကို သူကြားလိုက်ရသည်။ တစ်ခုခုလွင့်ထွက်သွားပြီး မြေကြီးတွေပါ တုန်သွားတာကို သူသိလိုက်သည်။ သူ့ခန္ဓာကိုယ်များလား။ သူတကယ်သေသွားပြီလား။ နာကျင်မှုကရော....။

နာကျင်မှုအစား မျက်ရည်စတို့ကို ဖယ်ရှားပေးနေသော အေးစက်စက်လက်ချောင်းများ။ လက်ကောက်ဝတ်ပေါ်ပြန်ရောက်ရှိလာသည့် လက်ပတ်ကြိုးလေး။ သူသိလိုက်သည်။ ဤသည်က...

"Kite"

ပထမဆုံးအကြိမ်အဖြစ် Kiteရင်ခွင်ထဲသူတိုးဝင်လိုက်သည်။ နောက်ပြီး ရှိုက်ကြီးတငင်ငိုမိသည်။ Kiteသည် သူ့ဦးခေါင်းလေးအား ခပ်ဖွဖွပုတ်ပြီး သက်ပြင်းလေးချသည်။

"မင်းခွန်မှိုင်း"

နောက်ထပ်သက်ပြင်းချပြီး သူ့အားတိုးကာဖက်သည်။

ထို့နောက် "မင်းကတော့ကွာ..." ဟူသော ရေရွတ်သံက မင်းခွန်မှိုင်းစိတ်ကိုအေးစေခဲ့သည်။

Thanks For Reading

Zawgyi

လူတုိ႔၏ကံဆိုးျခင္းအား ျဖစ္ေစေသာနတ္ဆုိးတစ္ေကာင္၏ သီးသန္႔ေနထုိင္ရာေနရာသည္ အနက္ေရာင္လြင္ျပင္ကဲ့သုိ႔ အေမွာင္အတိက်ေနသည္မဟုတ္။ နန္းေတာ္ႀကီးတည္ေဆာက္ထားသည္လည္းမဟုတ္။ ဂူအႀကီးႀကီးတစ္လံုးသာျဖစ္သည္။ အလိုအေလာက္ေတာက္ေနေသာ မီးတုိင္႐ွင္မ်ားကလည္း ေဝ့ယမ္းလ်က္ Kiteအားႀကိဳဆုိေနသေယာင္ေယာင္။

သူနတ္ဆုိးစျဖစ္လာကတည္းက လြင္ျပင္သခင္ႏွင့္ နတ္ဆုိးသခင္တုိ႔ထံသာခစားခဲ့ဖူးသည္။ နတ္ဆုိးတုိ႔၌လည္း စည္းဆုိသည္က႐ွိ၏။ ကုိယ့္အေစအပါးလက္ေအာက္ခံက တျခားနတ္ဆုိးထံခစားခြင့္မ႐ွိ၊ နတ္ဆုိးသခင္ကေတာ့ အုပ္ခ်ဳပ္သူမို႔ခြၽင္းခ်က္ျဖစ္သည္။

႐ွည္လ်ားေသာဂူလမ္းအတုိင္း ေလ်ွာက္လာၿပီးမၾကာမီ က်ယ္ဝန္းလံုးဝုိင္းေသာပံုစံ႐ွိသည့္ ဂူအဆံုးသုိ႔ေရာက္သည္။ ထုိေနရာ၌ပင္ ပလႅင္ျဖဴေပၚ အခန္႔သားထုိင္ရင္း ေဆးတံ႐ွဴ႐ိႈက္ေနေသာ ကံၾကမၼာနတ္ဆုိးကုိ Kiteေတြ႔လိုက္ရသည္။ ပခံုးထိ႐ွည္ေသာဆံပင္တုိ႔ကုိ ေနာက္ကိုအသာအယာလွန္သိမ္းရင္း Kiteကုိသူကလွမ္းၾကည့္သည္။

သူ့အသြင္အျပင္သည္ Kiteအားအနည္းငယ္ထိတ္လန္႔ေစသည္။ စိမ္းညိဳ႕ညိဳ႕မ်က္လံုးမ်ားသည္ စုိက္ၾကည့္ခံရသူ႔အဖုိ႔ ေျခတစ္လွမ္းေတာ့ အသာဆုတ္မိေစသည္။ ျဖဴဆြတ္​ေနေသာမ်က္ႏွာ႐ွည္႐ွည္တြင္ ဘယ္ဘက္နဖူးမွေမး႐ုိးအထိ အမာရြတ္ညိဳညိဳအစင္းေၾကာင္းက အထင္းသား႐ွိေနေသးသည္။ အျပံဳးကင္းမဲ့ေနေသာ ေျခာက္ကပ္ကပ္ႏႈတ္ခမ္းသားျဖဴျဖဴတုိ႔ကလည္း စိတ္ပ်က္ဖြယ္အတိျဖစ္သည္။

"အသင္ ကြၽႏု္ပ္ကုိပဲ ၾကည့္ေနေတာ့မွာလား..."

ၾသဇာေညာင္းေသာေလသံသည္ ဂူအတြင္းမုိ႔ ပုိၿပီးဟိန္းထြက္ေနသည္။

"ကြၽႏု္ပ္က..."

Kiteသူ႔ကုိယ္သူမမိတ္ဆက္ခင္မွာပင္ ကံၾကမၼာနတ္ဆုိးက ၾကားျဖတ္ဆုိသည္။

"အသင့္ကို ကြၽႏု္ပ္သိပါတယ္၊ ႐ွာမွ႐ွားတဲ့ နတ္ဆုိးေတြထဲကတစ္ပါးပဲဟာ"

ခနဲ႔တဲ့တဲ့ေျပာၿပီး ေဆးတံကုိထပ္ဖြာ႐ႈိက္ေနျပန္သည္။ Kiteလည္း ယခုမွျမင္ဖူးေတြ႔ဖူးျခင္းျဖစ္သည့္အတြက္ ဘယ္ကစေျပာရမွန္းမသိျဖစ္ေနသည္။ ထုိအခါ သူကပဲလမ္းေဖာက္ေပးျပန္သည္။

"လာရင္းကို ဆုိပါဦး၊ အသင့္သခင္ လြင္ျပင္သခင္ေလးက လႊတ္လိုက္လို႔လား၊ သူနဲ႔ကြၽႏု္ပ္ပတ္သက္စရာေတာ့ မ႐ွိဘူးထင္ပါရဲ႕၊ နတ္ဆုိးဘဝေရာက္လို႔ လက္စားေခ်ၿပီးမွ ေနာင္တရတဲ့အျပင္ သူ႔ေနရာအစားထုိးဖုိ႔ေတာင္႐ွာထားေသးတယ္၊ နတ္ဆုိးမပီသလိုက္တဲ့သတၱဝါ"

ကံၾကမၼာနတ္ဆုိးသည္ Kite၏အရင္သခင္ကုိ သိပ္ၿပီးအျမင္ၾကည္ပံုမရ။

"သူ႔ဆီက ကြၽႏု္ပ္အၿပီးထြက္လာတာပါ ကံၾကမၼာနတ္ဆိုးသခင္။ သခင့္ဆီက ကြၽႏု္ပ္အကူအညီေတာင္းစရာ႐ွိလို႔ပါ"

သူ႔စကားကုိ ၾကမၼာနတ္ဆုိးက ယခုမွစိတ္ဝင္စားသြားပံုရသည္။ ေဆးတံကုိ ေဘး၌ခ်လိုက္သည္။ တစ္ျခမ္းေစာင္းလွဲေလ်ာင္းေနသည့္အေနအထားမွ ထထုိင္ၿပီးေမးတစ္ဖက္ေထာက္လုိက္သည္။

"ကြၽႏ္ုပ္အ႐ွင္းဆံုးပဲေျပာပါရေစ၊ အခ်ိန္သိပ္မ႐ွိလို႔ပါ၊ သခင္က ကံၾကမၼာကိုေျပာင္းလဲႏုိင္တယ္လို႔ ကြၽႏု္ပ္ၾကားဖူးပါတယ္၊ ဒါေၾကာင့္...."

"မင္းလူသားရဲ႕ကံၾကမၼာကုိ ေျပာင္းလဲေပးရမယ္ေပါ့"

သူ႔ထက္႐ွင္းလင္းေသာအေျဖကုိ ၾကမၼာနတ္ဆုိးကဆုိ၏။ အေတာ္ျပတ္သားသည့္နတ္ဆုိးဟု Kiteေကာက္ခ်က္ခ်မိလိုက္သည္။

"ဟုတ္ပါတယ္ သခင္"

Kiteစကားဆက္မေျပာခင္ ၾကမၼာနတ္ဆုိးအား ဒူးေထာက္အ႐ုိအေသေပးလိုက္သည္။ ၿပီးမွ ဒူးေထာက္လ်က္သား ဆက္ေျပာသည္။

"ကြၽႏု္ပ္ကုိ သူ႔ကိုကယ္ဖုိ႔နည္းက ဒါပဲ႐ွိေတာ့လို႔ပါ"

"မင္းရဲ႕အျမဳေတက်န္ေသးတယ္ မဟုတ္ဘူးလား"

ကံၾကမၼာနတ္ဆုိးသည္ သူတုိ႔အေၾကာင္းအကုန္သိေနသျဖင့္ အံ့အားသင့္ရသည္။

"အဲ့တာကအသံုးဝင္ေတာ့မယ္မထင္ဘူး သခင္၊ ကြၽႏု္ပ္အားကုိးစရာက သခင္ပဲ႐ွိေတာ့လုိ႔ပါ.."

"ေနစမ္းပါဦး၊ ကြၽႏု္ပ္က ကံၾကမၼာကိုေျပာင္းလဲႏုိင္တယ္လို႔ အသင့္ကိုဘယ္သူကမ်ား ေျပာလိုက္တာလဲ"

"မဟူရာေခ်ာက္ကမ္းပါးက သခင္ေလးေျပာလိုက္တာပါ၊ ဒါေပမဲ့ သခင္က နတ္ဆုိးေတြအတြက္ကံၾကမၼာလွည္းဘီးကို မလွည့္ေပးဘူးလို႔လည္း ၾကားခဲ့ပါတယ္"

စေရာက္သည့္အခ်ိန္မွစၿပီး နည္းနည္းမွမျပံဳးခဲ့ေသာ ၾကမၼာနတ္ဆုိးသည္ ပထမဆံုးအႀကိမ္ျပံဳးေလသည္။

"ဒါဆုိ သိသိရက္နဲ႔ဘာလို႔လာေနေသးလဲ"

"ကြၽႏု္ပ္ သခင္လိုခ်င္တာဘာမဆုိေပးပါ့မယ္၊ ကြၽႏ္ုပ္ကုိကူညီပါ"

Kiteအသနားခံမိသည္။ ရင္ထဲကလႈိက္လႈိက္လွဲလွဲပါေၾကာင္း၊ အမွန္တကယ္လိုအပ္ေနေၾကာင္း၊ ရင္တြင္းစုိ႔နင့္ေနေသာ္လည္း ေမ်ွာ္လင့္ခ်က္႐ွိေနေသးေၾကာင္းတုိ႔အား မ်က္ရည္တုိ႔ကုိယ္စားျပဳ စိမ္းျပာေရာင္မ်က္လံုးတုိ႔က ျပသေနသည္။

ၾကမၼာနတ္ဆုိးသည္ ေျခတစ္ဖက္ကုိ ဟန္ပါပါခ်ိတ္ထိုင္လိုက္ၿပီး သူ႔ကုိျပံဳးစိမ့္စိမ့္ၾကည့္သည္။

"အခ်စ္႐ူးနတ္ဆုိးေတြပဲ က်ဳပ္ဆီလာတတ္ၾကတာ၊ အသင့္ကို လမ္းၫႊန္ေပးခဲ့တဲ့ နတ္ဆိုးကလည္း အသင္နဲ႔အျဖစ္တူပဲ၊ ဒါေပမဲ့ သူေျပာဖုိ႔ေမ့သြားတာ တစ္ခု႐ွိတယ္"

ဆက္မေျပာဘဲ စကားျဖတ္လိုက္ေသာေၾကာင့္ Kiteသိခ်င္စိတ္ ပုိျပင္းျပသြားသည္။ ရင္တြင္း၌လည္း တလွပ္လွပ္ႏွင့္ တစ္ခုခုကိုေမ်ွာ္လင့္ေစာင့္စားေနမိသည္။ ၾကမၼာနတ္ဆုိးသည္ ေဆးတံကုိျပန္ကိုင္ျပန္သည္။ Kiteစိတ္မ႐ွည္စြာျဖင့္ ေဆးတံကုိင္ထားေသာလက္ကုိ ၾကည့္ေနမွန္းသိေတာ့ သူကထပ္ျပံဳးျပန္ေလသည္။

"စိတ္႐ွည္ပါဦး အသင္၊ လိုခ်င္တာ႐ွိတဲ့သူက ေပးမယ့္လူကုိေစာင့္ရတာ သဘာဝပဲေလ"

သူေဆးတံကုိ႐ွဴ႐ႈိက္သည္။ အေငြ႔တုိ႔ကုိ ျဖည္းညႇင္းစြာမႈတ္ထုတ္သည္။ အျဖဴေရာင္အေငြ႔တုိ႔ၾကားမွ ေဖ်ာ့ေတာ့ညႇိဳးငယ္ေနေသာ Kiteမ်က္ႏွာကို သူလွမ္းၾကည့္သည္။ နတ္ဆုိးဟန္ပန္ပင္မ႐ွိ။ ေလလြင့္ဝိဉာဥ္မ်ားထက္ပင္႐ို႔က်ဳိးၿပီး သနားစဖြယ္အတိ။ ယခုအခ်ိန္အထိ ပေယာဂစြဲကပ္ျပီး နာက်င္ေနဆဲျဖစ္ေသာ အေတာင္ကုိျမင္ရသည္ကလည္း စိတ္ခ်မ္းသာဖြယ္မ႐ွိ။

နတ္ဆုိးပင္ျဖစ္မလာထုိက္သည့္ သတၱဝါ။

"တကယ္ေတာ့..."

ၾကမၼာနတ္ဆုိးထံမွစကားသံစၾကားသည္ႏွင့္ Kiteခ်က္ခ်င္းတက္ႂကြသြားျပန္သည္။ သည္အေျပာင္းအလဲျမန္သည့္နတ္ဆုိးကုိ ၾကည့္ၿပီး သူမျပံဳးဘဲမေနႏုိင္။

"ကြၽႏု္ပ္ေတာင္းဆုိတာကုိ သူမေပးႏုိင္တာက တစ္ေၾကာင္း၊ အခ်ိန္လြန္သြားတာက တစ္ေၾကာင္းရယ္ေၾကာင့္ ဆုိတာသူမေျပာခဲ့ဘူးလား၊ နတ္ဆုိးေတြၾကားထဲမွာ အလဲအထပ္ဆုိတာ အျမဲတမ္း႐ွိတယ္၊ အသင္နားလည္မွာပါ၊ လြင္ျပင္သခင္နဲ႔တုန္းကလည္း မင္းလူသားကုိျပန္ေတြ႔ၿပီး တစ္ဘဝစာေစာက္ေ႐ွာက္လို႔ၿပီးတာနဲ႔ သူ႔ေနရာဆက္ခံမယ္ဆုိတဲ့အလဲအထပ္ေလ၊ တကယ္ေတာ့ အဲ့ဒီလိုအလဲအထပ္မ်ဳိးေတြက ခ်ဳိးဖ်က္ရလြယ္လြန္းပါတယ္၊ အသင္ခ်ဳိးဖ်က္ခဲ့သလိုေပါ့...ဟုတ္တယ္မလား"

ၾကမၼာနတ္ဆုိးသည္ သူ႔အားခနဲ႔ဖုိ႔ ေမြးဖြားလာသလားမွတ္ရေအာင္ခနဲ႔ေနသည္။

"ကြၽႏု္ပ္ကေတာ့ အဲ့ဒီလိုမေသခ်ာတဲ့အလဲအထပ္ေတြ မလုပ္ဘူး၊ ကြၽႏု္ပ္ သင္တုိ႔လိုနတ္ဆုိးမ်ဳိးေတြဆီက လိုခ်င္တာ တစ္ခုပဲ႐ွိတယ္"

စကားေျပာရင္း ရပ္သြားျပန္သည္။ ေဆးတံေတာ့မ႐ႈိက္ေတာ့ေပ။ Kiteမ်က္လံုးကုိ တည့္တည့္ၾကည့္ၿပီး ႏႈတ္ခမ္းတစ္ဖက္ကုိ ရြဲ႔တဲ့တဲ့လုပ္သည္။

"ဟုိနတ္ဆုိးကလည္း ကြၽႏု္ပ္ေတာင္းတာမေပးႏုိင္လို႔ အခုလိုတစ္ကိုယ္တည္းေဆြးတဲ့ နတ္ဆုိးေလးျဖစ္ေနတာေလ၊ ေနာက္ၿပီး သူ႔ခ်စ္သူကအဲ့အခ်ိန္မွာ ဘဝၿပီးဆံုးသြားၿပီဆိုေတာ့ ေပးႏုိင္ရင္ေတာင္ မရေတာ့ပါဘူး"

ပထမစစတုန္းက Kiteျပတ္သားသည္ဟုထင္ခဲ့ေသာ သည္နတ္ဆုိးသည္ Kiteအထင္မွားေၾကာင္း ျပသေနသည္။ သက္သက္မဲ့ Kiteကုိအခ်ိန္ဆြဲၿပီး ေျပာေနသည္။ အဓိကအေၾကာင္းအရာကို ယခုထိမေျပာေသး။ Kiteမွာသိခ်င္လြန္း၍ မေနတတ္မထုိင္တတ္ လႈပ္႐ွားေနမိသည္။

"ကြၽႏု္ပ္လိုခ်င္တာက...."

ေနာက္ဆံုးေတာ့လာေခ်ၿပီ။

"သံေယာဇဥ္ႀကိဳး"

"ဘယ္လို..."

Kiteကုိယ္တုိင္မသိလိုက္ဘဲ ေရရြတ္မိသည္။ သံေယာဇဥ္ႀကိဳး။ လက္ဆုပ္လက္ကုိင္မ႐ွိေသာအရာကုိ သူဘယ္လိုယူပါမည္နည္း။

"အသင္တုိ႔ၾကားက သံေယာဇဥ္ကုိ အစအဆံုးျဖတ္ေတာက္ပစ္မယ္၊ ဆုိလိုတာက ေ႐ွးဘဝေရစက္ကစလို႔အခုအထိ"

"ဒီလိုဆုိရင္ ကြၽႏု္ပ္တုိ႔က ဘာျဖစ္သြားမွာလဲ"

ယခုအခ်ိန္ထိ Kiteနားမလည္ႏုိင္ေသး...။

"အ႐ွင္းဆံုးေျပာမယ္၊ သင္တုိ႔ႏွစ္ေယာက္ဘဝကုိ ခြဲထုတ္ပစ္မွာ၊ အသင္စစြဲလမ္းခဲ့တဲ့ဘဝကတည္းက အသင္တုိ႔ႏွစ္ေယာက္ကို ဆံုဆည္းခြင့္မ႐ွိေအာင္ ခြဲထုတ္လိုက္မွာ၊ ဒီလိုဆုိရင္ အသင္တုိ႔ဘဝေတြ ပိုၿပီးကြဲျပားသြားမယ္၊ ျဖစ္ခဲ့တာေတြလည္းရမ႐ွိေတာ့တဲ့အတြက္

You are reading the story above: TeenFic.Net