Part 37

Background color
Font
Font size
Line height

Unicode

ထင်းစည်းတစ်စည်းကို ပခုံးပေါ်ထမ်းရင်း ပြန်လမ်းအတိုင်းသွားနေစဉ် မျက်စိရှေ့၌ ဖျတ်ခနဲပေါ်လာသောအရာကြောင့် စွန်ရဲလေးကြောင်အမ်းသွားမိသည်။ ထိုအရာ၏ သွားရာလမ်းကိုမှန်းဆ၍ ကြည့်လိုက်မိတော့ သစ်ပင်တစ်ပင်၏ပင်စည်တွင် သပ်ရပ်စွာစိုက်ဝင်နေသော မြားတစ်စင်းဖြစ်နေသည်မို့ ပိုအံ့အားသင့်မိသွားသည်။ ထို့အတူ တစ်ပြိုင်တည်းမှာပင် ပါးပြင်ပေါ်မှ စပ်ဖျင်းဖျင်းနာကျင်မှုနှင့်အတူ လျှောတိုက်စီးကျလာသော အရည်တို့ကို စွန်ရဲလေးလက်ဖြင့်အသာစမ်းလိုက်သည်။

နီရဲသောသွေးတို့...။

လက်တွင်ပေနေသောသွေးများကို ကြည့်ရင်းမှ မြားရှိရာသို့ပြန်ကြည့်မိလိုက်သည်။ ထိုမြားရှပ်ထိသွားသောကြောင့် ရသည့်ဒဏ်ရာဖြစ်မည်။ ထင်းစည်းကို ပခုံးထက်မှပစ်ချပြီး ပါးပြင်မှသွေးများကို အကြမ်းပတမ်းသုတ်ချလိုက်ပြီး မြားရှင်ကိုရှာမိသည်။ အနီးပတ်ဝန်းကျင်၌ တိရစ္ဆာန်တစ်ကောင်တစ်မြီးမျှ မတွေ့ရလေဘဲ အဘယ်ကြောင့် ဤမြားကို အဘယ်သူကပစ်ခွင်းလိုက်ပါသနည်း။ ရိုးမတွင်း အမဲလိုက်မုဆိုးတချို့ရှိသည်ကို သူသိသော်လည်း တစ်ခါမှယခုလိုမကြုံဖူးခဲ့။

"အမလေး...လူကလေးရယ်...ကံကြီးပေလို့ပေါ့"

စွန်ရဲလေးတစ်ယောက်မျက်စိဝေ့ရှာနေစဉ်မှာပင် ခပ်လှမ်းလှမ်းသစ်ပင်နောက်မှထွက်လာသော အသက်ခပ်ကြီးကြီးလူတစ်ဦး။ ဒူးလေးကိုကိုင်ဆွဲရင်း သူ့အနားခပ်သုတ်သုတ်ရောက်လာကာ ဇောချွေးများပြန်ရင်း ရေရွတ်လေသည်။

"ဘကြီး တောင်းပန်တယ်ကွယ်။ သမင်ပြေးလို့ ဒူးလေးနဲ့လိုက်ပစ်ရင်း ခလုတ်တိုက်မိတော့ လက်ကရမ်းသမ်းပစ်မိသွားတာ။ လူကလေးကို ထိမိသွားပြီမှတ်တာ။ ဘာမှမဖြစ်ဘူးမလား"

ဒူးလေးကိုလက်တစ်ဖက်ကကိုင်ထားရင်း ကျန်တစ်ဖက်ဖြင့် စွန်ရဲလေးလက်မောင်းကိုဆုပ်ကိုင်ကာ တစ်ကိုယ်လုံးကို စူးစမ်းကြည့်နေလေသည်။ စွန်ရဲလေးလည်း ဒဏ်ရာရသွားသောပါးတစ်ဖက်ကို လက်ဝါးဖြင့်အသာအုပ်လိုက်ပြီး...

"ရပါတယ် ဘကြီး။ ကျွန်တော်ဘာမှမဖြစ်ပါဘူး"

"အေးပါကွယ်။ ဒါဆို ဘကြီးသွားတော့မယ်။ နေတအားမမြင့်ခင် သားကောင်ရအောင်ရှာဦးမယ်။ မဟုတ်ရင် ဟင်းစားရှိမှာမဟုတ်ဘူး"

အသက်ကြီးပြီဖြစ်သော်လည်း ကျောထောက်နောက်ခံမရှိခြင်းဖြစ်မည်။ သည်အရွယ်အထိ မုဆိုးအလုပ်ကို ဆက်လုပ်နေရသည်မှာ လွယ်သည်မဟုတ်လှ။ ပြောပြီးခပ်သုတ်သုတ်ထွက်သွားသော မုဆိုးအိုကြီး၏နောက်ကို စွန်ရဲလေးအမြန်ပြန်လိုက်သွားပြီး ယမန်နေ့က သူ့သခင်​လေးလက်မခံခဲ့သောငွေများကို လှူလိုက်လေသည်။

"ကျွန်တော်လှူတာပါ ဘကြီး"

"သာဓုကွယ် သာဓု သာဓု။ အခုလို လှူဒါန်းရတဲ့အကျိုးအားကြောင့် ဘေးအန္တရာယ်တွေကင်းရှင်းပါစေ။ ဪ ဒါနဲ့ လူကလေးကရော ဘယ်မှာနေသလဲ။ မိသားစုကရော.."

"ကျွန်တော့်မှာအစ်ကိုတစ်ယောက်ပဲရှိပါတယ် ဘကြီး။ ဟိုးက..မြိုင်စံအိမ်တော်မှာ နေပါတယ်"

သူ့စကားကြောင့် အဘိုးကြီးသည် အံ့သြသွားဟန်ဖြင့်...

"မြိုင်စံအိမ်က ညီအစ်ကိုတွေလား။ အေး...ဘကြီး မင်းတို့ကိုမမြင်ဖူးပေမဲ့ မင်းတို့အကြောင်းတော့ နားစွန်နားဖျားကြားဖူးပါတယ်။ ဒီလိုစေတနာကောင်းတဲ့ကလေးတွေကျမှ အခုလိုကံဆိုးမိုးမှောင်ကျရတယ်လို့..."

အဘိုးကြီးက ကရုဏာသက်စွာရေရွတ်လေသည်။

"ကျွန်တော့်ကိုခွင့်ပြုပါဦး ဘကြီး"

"အေးအေး လူကလေး...သွား သွား။ အိမ်ရောက်ရင်ဒဏ်ရာဆေးထည့်လိုက်ပါ။"

မျက်နှာမှဒဏ်ရာကို သတိထားမိသွားပုံရသည်။ စွန်ရဲလေးလည်းခေါင်းအသာညိတ်ပြီး ထင်းစည်းပြန်ထမ်းကာ အိမ်သို့တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။ သုံးရက်မြောက်ပြီဖြစ်သော်လည်း ဦးမင်းမော်အိမ်ပြန်ရောက်မလာသေးသည့်အတွက် သူဝမ်းသာသည်။ သည်လူကြီးပြန်ရောက်မလာလေ ကောင်းလေဖြစ်သည်။ မဟုတ်လျှင် သခင်လေးအား ပင်ပင်ပန်းပန်းအလုပ်များကို ခိုင်းစေပေဦးမည်။ သခင်လေးသည် တစ်ခါမျှပင် ညည်းညူခြင်းမပြုသော်လည်း နွမ်းဖတ်နေသောမျက်နှာလေးက ပင်ပန်းခြင်းကိုပြသနေသည်။ ထိုအခါ သူ့စိတ်နှလုံးများ ကွဲကြေရလေသည်...။

"သခင်လေး..."

အိမ်နောက်ဖေးတွင် ထင်းစည်းများကိုချပြီးသည်နှင့် အိမ်ထဲသို့ဆက်ဝင်လိုက်သည်။ မီးဖိုထောင့်တွင် ရေနွေးအိုးတည်နေသည့် မှိုင်းရဝေကိုတွေ့သောအခါ ဘေးနားတစ်ခါတည်းဝင်ထိုင်လိုက်သည်။ မှိုင်းရဝေလည်း သူ့ဘေးတွင်လာထိုင်သော စွန်ရဲလေးမျက်နှာကိုကြည့်လိုက်သောအခါ သွေးများစို့နေသော ဒဏ်ရာအစင်းကြောင်းကြီးကြောင့် အထိတ်တလန့်ဖြစ်သွားရသည်။

"စွန်ရဲလေး...မျက်နှာကဘာဖြစ်လာတာလဲ"

စွန်ရဲလေးလည်း ဒဏ်ရာကိုတစ်ချက်ကိုင်ကြည့်ပြီး ဘာမှမဖြစ်သလိုပုံစံဖြင့် ရယ်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး သခင်လေးရဲ့။ ဒီတိုင်းမတော်တဆ ဒဏ်ရာရလာတာပါ"

"မဟုတ်တာ ဒဏ်ရာကဒီလောက်သွေးတွေစို့နေတာကို...နေဦး ကိုကို ဆေးသွားယူလိုက်ဦးမယ်။ စွန်ရဲလေး ဧည့်ခန်းထဲကစောင့်၊ ဒီမှာထိုင်မနေနဲ့၊ အညှော်မိမယ်"

မှိုင်းရဝေ ဆတ်ခနဲချက်ချင်းထသွားပြီး ဖခင်အသုံးပြုခဲ့သောဆေးဝါးတချို့ကို အခန်းထဲမှထုတ်ကာ စွန်ရဲလေးထံယူလာလိုက်သည်။ ဦးကြီးလာသွားသည့်ကိစ္စကို စွန်ရဲလေးအား ချက်ချင်းမပြောသေးရန် ဆုံးဖြတ်ထားသည်။ သူကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်တစ်ခုကို သေချာမဆုံးဖြတ်နိုင်သေးဘဲရှိသေး၏။

"လာ ဒီနားတိုးထိုင်"

မှိုင်းရဝေသည် သူ့ဘေး၌ရှိသောခုံလေးကို အနားကိုတိုးဆွဲလိုက်ပြီး စွန်ရဲလေးအားထိုင်ခိုင်းစေသည်။ ထို့နောက် မျက်နှာကိုမေးစေ့မှကိုင်ကာ ဒဏ်ရာကိုသေချာကြည့်လျက် သက်ပြင်းလေးချပုံကို စွန်ရဲလေးအနီးကပ်မကြည့်နိုင်ဘဲ မျက်လုံးကိုတစ်နေရာသုိ့ လွှဲထားမိသည်။

"ဘယ်လိုဖြစ်လာတာလဲ ကိုကို့ကိုပြောဦး"

ဒဏ်ရာကမစပ်အောင် လေလေးအသာမှုတ်ကာ ဆေးထည့်ပေးရင်းမေးသည်။

"မုဆိုးတစ်ယောက်အမဲလိုက်ရင်း ချော်ပစ်မိတာပါ သခင်လေး။ သူကိုယ်တိုင်ကလည်း တောင်းပန်သွားပါတယ်"

မှိုင်းရဝေ၏ဆေးထည့်ပေးနေသောလက်သည် ခေတ္တမျှရပ်တန့်သွားလေသည်။ ဤကိစ္စသည်သွေးရိုးသားရိုးမှ ဖြစ်နိုင်ရဲ့လား။ ဦးမင်းမော်စီစဉ်ထားသည့်ကိစ္စများနှင့် ပြန်မလာသည်ကိုထောက်လျှင် ဖြစ်နိုင်သည်က စွန်ရဲလေးကို သူပြန်မရောက်ခင် လူငှါးပြီးရှင်းခိုင်းလိုက်ခြင်းဖြစ်နိုင်သည်။ ထိုလူသည် ယခု စွန်ရဲလေးအား မြားဖြင့်ပစ်လိုက်သူ၊ ကံကောင်း၍သာ လွတ်သွားခြင်းဖြစ်မည်။ စွန်ရဲလေးက သူ့ကိုမိသွားသည့်အခါမှ မုဆိုးဟုလိမ်လည်သွားနိုင်သည်။

ဦးမင်းမော်ကတော့ စွန်​ရဲလေးအားရှင်းပြီးကာမှ ဘာမှမသိသလိုနှင့် ပြန်ရောက်လာမည်။ ဒါမှလည်း စွန်ရဲလေးသေဆုံးခြင်းကိစ္စကို သူမသိသလိုနေနိုင်မည်။ အမှုမပတ်ဘဲရှိမည်။ သည်လိုဆိုမဖြစ်။ စွန်ရဲလေး ဤအိမ်၌ သူနှင့်အတူတူဆက်ရှိနေ၍ လုံးဝမဖြစ်တော့ချေ။

ဆေးထည့်ပေးပြီးသည်နှင့် ဘာမှဆက်မပြောဘဲ ပစ္စည်းများကောက်သိမ်းကာ ထထွက်သွားသော မှိုင်းရဝေအား စွန်ရဲလေးမျက်လုံးအပြူးသားဖြင့် ကြောင်ငေးနေမိသည်။ စကားပြောနေရင်းမှ ချက်ချင်းငိုင်သွားပြီး ရုတ်တရက်ထထွက်သွားသည်။ သူ့သခင်ကို သူစိတ်မကြည်အောင် လုပ်လိုက်မိလေသလော...။

ထိုအချိန်မှစ၍ မှိုင်းရဝေသည် စွန်ရဲလေးနှင့် မျက်လုံးချင်းမဆုံဘဲနေသည်။ သက်ပြင်းကိုခဏခဏချရင်း တစ်ခုခုကိုပြောချင်နေဟန်ရသည်။ စွန်ရဲလေးသည်လည်း သူဘာအမှားလုပ်မိလေမှန်းမသိသောကြောင့် သည်အတိုင်းသာ သူ့သခင်လုပ်သမျှ လိုက်ကြည့်နေမိသည်။ နေ့လယ်စာနှင့်ညစာစားချိန်မှလွဲ၍ မှိုင်းရဝေသည် သူ့အားအနားအကပ်မခံ။ ညဘက်အိပ်ကာမှ စကားစပြောသည်။

"စွန်ရဲလေး"

ခုတင်အပုလေးထက်မှ သခင့်ခေါ်သံကြောင့် သူငုတ်တုတ်ထိုင်လိုက်ရင်း သခင့်ဘက်သို့ မျက်နှာမူလိုက်သည်။ သူဘာမှတော့မပြောဖြစ်။ သခင့်စကားကိုသာ နားထောင်ဖို့အသင့်ရှိနေသည်။ တစ်နေကုန် သူ့အားရှောင်နေခြင်းအကြောင်းအရာအား သိချင်စိတ်ပြင်းပြနေသည်။ မှိုင်းရဝေသည် လှဲနေရာမှထထိုင်လိုက်ပြီး ခုတင်ဘေးတွင် ငုတ်တုတ်အသင့်ရှိနေသော စွန်ရဲလေးအားငဲ့ကြည့်လိုက်သည်။

သနားစရာ ကလေးပါပင်။

သူတစ်နေကုန်အကြောင်းပြချက်ရယ်မရှိ၊ ပစ်ထားမိခဲ့သောကြောင်ာ ညှိုးငယ်နေသောမျက်နှာလေးနှင့် ကလေးပေပ။ သည်ကလေးသည် သူ့ကြောင့်မိခင်နှင့်ဝေးခဲ့ရသော ကလေးပေပ။ မေတ္တာငတ်ခဲ့၍ အရွယ်နှင့်မလိုက်ရင့်ကျတ်နေသော ကလေးပေပ။

မနက်ဖြန်မှစပြီး ဤကလေးသည် သူငတ်မွတ်တောင့်တခဲ့သော မေတ္တာကိုရတော့မည်။ သူကဂရုစိုက်စရာမလိုဘဲ သူ့အားဂရုစိုက်မည့်သူနှင့်အတူ နေရတော့မည်။ အလုပ်ကြမ်းများ ထပ်လုပ်စရာမလိုတော့ဘဲ ထိုက်တန်ကောင်းမွန်သောဘဝ၌ နေနိုင်တော့မည်။ ထို့သို့သောအကြောင်းပြချက်များနှင့်ပင် သည်ကလေးအား မိခင်ထံပြန်ထည့်ပေးသင့်ပါပြီ။

သံယောဇဉ်ဟုအမည်တပ်ထားသော သူ့အတ္တအားလျှော့ချလိုက်သင့်ပါပြီ...။

"စွန်ရဲလေး၊ စွန်ရဲလေးရဲ့မိဘတွေနဲ့အတူ နေချင်စိတ်တစ်ခါတလေ မပေါ်လာဘူးလား"

ဤစကားကိုအစပျိုးရန် သူတစ်နေကုန်ကြိုးစားခဲ့ရကြောင်း သူသည်သာအသိ။

"ဟင့်အင်း၊ ကျွန်တော်တစ်ခါမှ အဲ့လိုမတွေးခဲ့မိဘူး။ ဘာလို့မေးတာလဲ"

စွန်ရဲလေးအဖြေကြောင့် သူအံ့အားသင့်ရပြန်ပါသည်။

"မဟုတ်သေးဘူးလေ။ စွန်ရဲလေး ငယ်ငယ်ကတည်းက ဒီအိမ်ရဲ့သားအရင်း မဟုတ်ဘူးဆိုတာ သိခဲ့တယ်မလား။ ဒီတော့ 'ငါ့မိဘတွေ ဘယ်မှာရှိနေသလဲ၊ ဘယ်လိုပုံစံလဲ' ဒီလိုမျိုးတွေမတွေးမိဘူးလား"

စွန်ရဲလေးက သဘောကျစွာပြုံးသည်။

"မတွေးဘဲနေမိတဲ့သူတော့ ရှိမလားသခင်လေးရယ်။ ဒါပေမဲ့ ကျွန်တော်မလိုအပ်ပါဘူး။ သူတို့ကို ရှိစေချင်လိုက်တာလို့လည်း တစ်ခါမှမတွေးဖူးဘူး။"

'သခင်လေးကို အနားမှာရှိနေစေချင်လိုက်တာ၊ တွေ့ချင်လိုက်တာ'ဟုသာ တွေးခဲ့မိသူရယ်ပင်။

"ခုချိန် စွန်ရဲလေးမိဘတွေကို ပြန်တွေ့ရရင် ဘာလုပ်မလဲဟင်"

ယခင်ကတစ်ခါမှမမေးဘဲ ယခုမှထမေးနေသော သခင်လေးကြောင့် သူရယ်ချင်မိသည်။ သူပင်ဂရုမစိုက်သောအရာများကို သူ့သခင်လည်းဂရုမစိုက်သည်က အကောင်းဆုံးဖြစ်မည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့တွင်ဘယ်လိုစိတ်မှမရှိ။

"ဘာမှမလုပ်ဘူးလေ။ နေမြဲအတိုင်းနေပေါ့။ သူတို့က ကျွန်တော့်ကိုတွေ့ချင်သပဆိုလည်း ဒီမှာလာတွေ့လို့ရတာပဲ မဟုတ်လား"

ရယ်ခြင်းအဆုံးသတ်ဖြင့်ပြောသောစကားကို မှိုင်းရဝေမကျေမနပ် စုတ်သပ်လိုက်သည်။

"စွန်ရဲလေးကို မိဘတွေက လာခေါ်တယ်ဆိုရင်ရောကွာ"

ဤတစ်ကြိမ်တွင် စွန်ရဲလေးသက်ပြင်းချချေပြီ။ ထို့နောက် သခင့်မျက်နှာအား စေ့စေ့စိုက်ကြည့်လိုက်ပြီး...

"သခင်လေးမရှိတဲ့အရပ်မှာ ကျွန်တော်မနေဘူး" ဟုဆို၏။

************************************

"ကျွန်တော်မေမေလည်းမလိုချင်ဘူး၊ ဖေဖေလည်းမလိုချင်ဘူး။ ကျွန်တော်ဒီမှာပဲနေပါရစေ။"

"မနေရဘူး...မင်းလိုက်သွားရမယ်"

သူ့ရှေ့တွင် ဒူးထောက်လျက် တောင်းပန်နေသောကလေးအား မျက်နှာလွှဲလျက် မာမာထန်ထန်ဆိုလိုက်သည်။ စွန်ရဲလေးစကားဖြင့်အဆုံးသတ်ခဲ့သော မနေ့ညကတည်းက အိပ်မပျော်ခဲ့သည့်အတွက် သူ့အားအင်မှာယုတ်လျော့နေသည်။ စိတ်ထောင်းကိုယ်ကျေဖြစ်နေသည့်ကြားမှ သည်ကလေးအား သူရက်ရက်စက်စက် နှင်ထုတ်နေရပါတကား။

"မေမေနဲ့လိုက်ခဲ့ပါ သားလေးရယ်"

မျက်ရည်လည်ရွဲဖြင့် သားဖြစ်သူအားချော့မော့ခေါ်နေရှာသည့် စွန်ရဲလေး၏မိခင်သည် သူ့အားတောင်းဆိုသောမျက်လုံးများဖြင့် ကြည့်လာသည်။

"သားလေးက ဟောဒီက သူ့အစ်ကိုပါရင် လိုက်လောက်မှာ။ ဒေါ်ဒေါ်တို့နဲ့ သားလေးရောလိုက်ခဲ့ပါလားကွယ်"

"ဘယ်ဖြစ်မလဲ။ ဒါ ကျွန်တော့်အိမ်၊ ရှင်းရှင်းပြောရရင် ဖေဖေခေါင်းချခဲ့တဲ့အိမ်။ မတရားသိမ်းခံထားရလို့ ဒီမှာကျွန်ဖြစ်နေတာ။ ဒီအိမ်ကို ပြန်မရမချင်း တစ်ဖဝါးမှခွာထွက်သွားမှာ မဟုတ်ဘူး"

မှိုင်းရဝေ၏ရင့်သီးလွန်းသောစကားများနောက်ကွယ်တွင် ကြေကွဲနေသောနှလုံးသားတစ်စုံရှိနေသည်။

"ကျွန်တော်တောင်းပန်ပါတယ် သခင်လေးရယ်။ ကျွန်တော်လိုက်လည်းမသွားပါရစေနဲ့။ သခင်လေးနဲ့ပဲနေပါရစေ။"

"မင်းတော်တော်ပြောရခက်ပါလား။ ပြောတော့ငါစကားဆို အကုန်နားထောင်မယ်ဆို။"

"ကျွန်တော့်ကို ဒီတစ်ခုကလွဲရင် ကျန်တာအားလုံးပြောပါ။ ကျွန်တော်လုပ်ပေးမယ်။ ကျွန်တော့်အသက်ကိုပေးဆိုရင်တောင်ပေးမယ်။ သခင်လေးလို့ခေါ်တာမကြိုက်ရင်လည်း မခေါ်ဘဲနေပါ့မယ်။ ကျွန်တော့်ကိုနှင်မထုတ်ပါနဲ့"

မြေသားမာမာကြီးကို လက်သီးဖြင့်အကြိမ်ကြိမ်ထိုးနှက်ရင်း တောင်းပန်နေရှာသောစွန်ရဲလေးကြောင့် ကျတော့မည့်မျက်ရည်များကို မနည်းသိမ်းဆည်းနေရသည်။

"ထွက်သွားစမ်းပါ ငါ့ဘဝထဲက..."

အသံများပြာသွားသည့်နှယ် အော်လိုက်မိသည့် အခိုက်အတန့်၊ 'ငါ'ဟူသော နာမ်စားကိုသုံးလိုက်မိသည့် အခိုက်အတန့်။

ဤအခိုက်အတန့်များသည် စွန်ရဲလေးအသက်အန္တရာယ်ကင်းဖို့နှင့် ဘဝတစ်ခုစာအတွက်ဆိုတာ တစ်နေ့တော့သိလာပါလိမ့်မည်။ ချော့ပြော၍မရသောကလေးအား ခြောက်ပြောရမည်။ မုန်းချင်မုန်းပါစေတော့ သူရှေ့ဆက်တိုးရမည်။

မျက်ရည်အပြည့်မျက်ဝန်းများဖြင့် သူ့အားမော့ကြည့်နေသော မျက်နှာငယ်လေးအား လက်ညှိုးငေါက်ငေါက်ထိုးပစ်လိုက်သည်။

"မင်းကို ငါမုန်းတယ်"

ပြူးကျယ်ဝိုင်းစက်ပြီး တုန်လှုပ်သွားသော မျက်လုံးအစုံ။

"မင်းကြောင့် မင်းကိုကောက်မွေးစားမိခဲ့လို့ ငါအမြဲနောင်တရနေခဲ့တာ မင်းသိလား။ မင်းကြောင့် ဖေဖေက ငါ့အပေါ်အချစ်တွေကို မင်းဆီခွဲပေးလိုက်တာ။ မင်းအတွက် ငါအမြဲအနစ်နာခံနေရတာ။ ပုလိပ်တွေ မင်းကိုသတ်မဲ့နေ့က မင်းကိုကာကွယ်နေရလို့ ငါသေဖို့နီးနီးပဲ။ အဟင်း...ငါဒီစကားတွေကို မပြောဘဲ စိတ်ထဲသိမ်းထားရတာ။ တကယ်တော့ ငါက မင်းထင်သလို စိတ်ထားနူးညံ့တဲ့နတ်သားလေးမဟုတ်ဘူး"

"သခင်လေး.."

ညင်သာတိုးသက်စွာ ထွက်လာသောအသံ။

"ငါက မင်းကိုစိတ်ထဲကနေ ကျိတ်မုန်းနေခဲ့တာ မင်းသိလား။ မင်းကအမြဲတမ်း ငါ့နောက်ကနေ တကောက်ကောက်လိုက်ကပ်နေတာ သိပ်စိတ်ရှုပ်ဖို့ကောင်းတယ်။ မင်းရှိနေတာ ငါ့အတွက်အလုပ်ပိုတစ်ခု ပိုနေတာပဲအဖတ်တင်တယ်။ ငါ့အတွက် မင်းမရှိလို့ ဘာမှယုတ်လျော့မသွားဘူး။ ပိုတောင် အဆင်ပြေသွားဦးမယ်"

"မဟုတ်ဘူး သခင်လေးညာနေတာ"

ပြောရင်း သူ့ခြေတစ်ဖက်ကိုဆွဲကိုင်လာသော စွန်ရဲလေးအား သူချက်ချင်းတွန်းဖယ်လိုက်သောကြောင့် မြေပြင်ပေါ်ကိုယ်တစ်ဝက်လဲကျသွားလေးသည်။ ဤသည်ကို သူဂရုစိုက်နေလို့မဖြစ်။

"ငါမညာဘူး။ ငါမင်းကိုတကယ်မုန်းတာ။ ထွက်သွားပါတော့ ငါ့ဘဝထဲက။ ငါ့ဘဝနဲ့ငါ အေးဆေးနေပါရစေ။ အလကား သွေးသားမတော်စပ်တဲ့ကလေးတစ်ယောက်ကို လိုက်ဂရုစိုက်နေရတာ ပင်ပန်းနေပြီ။ ကိုယ်ချင်းစာစမ်းပါ။ ငါ့ကိုအနားပေးပါဦး"

စွန်ရဲလေးသည် လဲနေရာမှထပြီး သူ့ခြေထောက်အားထပ်ဖက်ပြန်သည်။

"ကျွန်တော့်ကို မုန်းချင်မုန်းပါ သခင်လေးရယ်။ နှင်တော့မထုတ်ပါနဲ့။ ကျွန်တော်သခင်လေးကို မခွဲပါရစေနဲ့"

"မင်းဘာလို့ငါ့ကိုတွယ်ကပ်နေတာလဲ"

အော်ဟစ်ငေါက်ငမ်းရင်း ဖက်ထားသောခြေထောက်ကို ဆတ်ခနဲဆွဲဖယ်လိုက်သည်။ စွန်ရဲလေးသည် သူ့အား ဒူးထောက်လျက်သား မော့ကြည့်လာသည်...။

"ချစ်လို့ သခင်လေး။ ဟုတ်တယ်၊ သခင်လေးကို ကျွန်တော်က ချစ်မိနေလို့ပဲ။ ဘယ်သူကမချစ်တဲ့သူကို လိုက်ကပ်တွယ်နေမှာလဲ"

"ဘာ...။ ရွံစရာကောင်းလိုက်တာ။ မင်းလိုနိမ့်ကျတဲ့အ​စေခံက ငါလိုသခင်ကို ဘယ်လိုစိတ်နဲ့များဒီလိုစကားမျိုး​ပြောထွက်တာလဲ။ ရွံဖို့ကောင်းလိုက်တာ....ထွက်သွား...။ ငါ့ရှေ့မှာထပ်ပေါ်မလာနဲ့တော့..."

မှိုင်းရဝေချက်ချင်းပင် စွန်ရဲလေးအားကျောခိုင်းပြီး အိမ်ထဲဝင်ကာ တံခါးမကြီးအားဆွဲပိတ်လိုက်သည်။ သည်နေ့မှပင် ဤတံခါးဟာပိုလေးလံနေပါတကား။ အဆုံးသတ်တံခါးမပိတ်ခင်တွင် မြင်တွေ့လိုက်ရသော မျက်ရည်စက်လက်နှင့်ကလေး၏မျက်နှာကြောင့် တံခါးကိုမှီထိုင်ရင်း ကျိတ်တ်ငိုရတော့သည်။

"လာပါ သားရယ်...လာပါ"

အရုပ်ကြိုးပြတ်ကျသလို ဆွဲထူရာနောက် ငြိမ်သက်စွာပါလာသော စွန်ရဲလေးအား ဒေါ်ရီရီဇော်နှင့်ဦးကြီးတို့တူတူတွဲပြီး ခေါ်ထုတ်လာကြတော့သည်။ အကြောင်းအရင်းကို သဘောပေါက်နားလည်သော ဦးကြီးခမျာမျက်ရည်မထိန်းနိုင်ရှာ။ ဒေါ်ရီရီဇော်ကတော့ သူ့သားအပေါ် ကရုဏာသက်ပြီး ရင်နင့်နေရှာသည်။

"ငါ့သားလေးကို ဒီလိုနေရာမှာ မေမေဘာလို့ထားခဲ့မိပါလိမ့်ကွယ်။ ဒီလိုအတွင်းစိတ်ပုတ်တဲ့သူတွေက အင်မတန်မှကြောက်ဖို့ကောင်းတာ"

"သခင်လေးက အဲ့လိုလူစားမျိုးမဟုတ်ဘူး"

တစ်ခွန်းတည်းသောတုံ့ပြန်စကား။

ပတ်ဝန်းကျင်တောတောင်များကို စွန်ရဲလေးတို့ဖြတ်လာကြပြီဖြစ်သည်။ ဘေးနားမှာရှိရှိသမျှအရာအားလုံးကို စွန်ရဲလေးမေ့လျော့နေခဲ့ပြီ။ သူ့စိတ်ထဲတွင် စွဲနေသောအရာတစ်ခုက 'သခင်လေးက သူချစ်တာမကြိုက်၊ မုန်းပါသည်'။ နိမ့်ကျသည့်အစေခံတစ်ယောက်က သခင်တစ်ယောက်ကို ချစ်ခွင့်မရှိကြောင်းကိုလည်း သူယခုမှနားလည်သည်။

ယမန်နေ့က မျက်နှာမှအစင်းကြောင်းဒဏ်ရာလေးကို ဆေးထည့်ပေးသောသခင်လေးသည် ယနေ့၌ နှလုံးသားကိုအစိမ်းလိုက်ခွဲသည်....။

Thanks For Reading

Note

နောက်အပိုင်းဆို နောက်ကြောင်းပြန်ခြင်း ပြီးဆုံးပါပြီ😁

Zawgyi

ထင္းစည္းတစ္စည္းကုိ ပခံုးေပၚထမ္းရင္း ျပန္လမ္းအတုိင္းသြားေနစဥ္ မ်က္စိေ႐ွ႕၌ ဖ်တ္ခနဲေပၚလာေသာအရာေၾကာင့္ စြန္ရဲေလးေၾကာင္အမ္းသြားမိသည္။ ထုိအရာ၏ သြားရာလမ္းကုိမွန္းဆ၍ ၾကည့္လိုက္မိေတာ့ သစ္ပင္တစ္ပင္၏ပင္စည္တြင္ သပ္ရပ္စြာစုိက္ဝင္ေနေသာ ျမားတစ္စင္းျဖစ္ေနသည္မုိ႔ ပုိအံ့အားသင့္မိသြားသည္။ ထုိ႔အတူ တစ္ၿပိဳင္တည္းမွာပင္ ပါးျပင္ေပၚမွ စပ္ဖ်င္းဖ်င္းနာက်င္မႈႏွင့္အတူ ေလ်ွာတုိက္စီးက်လာေသာ အရည္တုိ႔ကုိ စြန္ရဲေလးလက္ျဖင့္အသာစမ္းလိုက္သည္။

နီရဲေသာေသြးတုိ႔...။

လက္တြင္ေပေနေသာေသြးမ်ားကုိ ၾကည့္ရင္းမွ ျမား႐ွိရာသို႔ျပန္ၾကည့္မိလိုက္သည္။ ထုိျမား႐ွပ္ထိသြားေသာေၾကာင့္ ရသည့္ဒဏ္ရာျဖစ္မည္။ ထင္းစည္းကို ပခံုးထက္မွပစ္ခ်ၿပီး ပါးျပင္မွေသြးမ်ားကို အၾကမ္းပတမ္းသုတ္ခ်လိုက္ၿပီး ျမား႐ွင္ကို႐ွာမိသည္။ အနီးပတ္ဝန္းက်င္၌ တိရစၦာန္တစ္ေကာင္တစ္ၿမီးမ်ွ မေတြ႔ရေလဘဲ အဘယ္ေၾကာင့္ ဤျမားကုိ အဘယ္သူကပစ္ခြင္းလိုက္ပါသနည္း။ ႐ုိးမတြင္း အမဲလိုက္မုဆုိးတခ်ဳိ့႐ွိသည္ကုိ သူသိေသာ္လည္း တစ္ခါမွယခုလိုမၾကံဳဖူးခဲ့။

"အမေလး...လူကေလးရယ္...ကံႀကီးေပလို႔ေပါ့"

စြန္ရဲေလးတစ္ေယာက္မ်က္စိေဝ့႐ွာေနစဥ္မွာပင္ ခပ္လွမ္းလွမ္းသစ္ပင္ေနာက္မွထြက္လာေသာ အသက္ခပ္ႀကီးႀကီးလူတစ္ဦး။ ဒူးေလးကုိကုိင္ဆြဲရင္း သူ႔အနားခပ္သုတ္သုတ္ေရာက္လာကာ ေဇာေခြၽးမ်ားျပန္ရင္း ေရရြတ္ေလသည္။

"ဘႀကီး ေတာင္းပန္တယ္ကြယ္။ သမင္ေျပးလို႔ ဒူးေလးနဲ႔လိုက္ပစ္ရင္း ခလုတ္တုိက္မိေတာ့ လက္ကရမ္းသမ္းပစ္မိသြားတာ။ လူကေလးကုိ ထိမိသြားၿပီမွတ္တာ။ ဘာမွမျဖစ္ဘူးမလား"

ဒူးေလးကုိလက္တစ္ဖက္ကကုိင္ထားရင္း က်န္တစ္ဖက္ျဖင့္ စြန္ရဲေလးလက္ေမာင္းကိုဆုပ္ကုိင္ကာ တစ္ကုိယ္လံုးကုိ စူးစမ္းၾကည့္ေနေလသည္။ စြန္ရဲေလးလည္း ဒဏ္ရာရသြားေသာပါးတစ္ဖက္ကုိ လက္ဝါးျဖင့္အသာအုပ္လိုက္သည္။

"ရပါတယ္ ဘႀကီး။ ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး"

"ေအးပါကြယ္။ ဒါဆုိ ဘႀကီးသြားေတာ့မယ္။ ေနတအားမျမင့္ခင္ သားေကာင္ရေအာင္႐ွာဦးမယ္။ မဟုတ္ရင္ ဟင္းစား႐ွိမွာမဟုတ္ဘူး"

အသက္ႀကီးၿပီျဖစ္ေသာ္လည္း ေက်ာေထာက္ေနာက္ခံမ႐ွိျခင္းျဖစ္မည္။ သည္အရြယ္အထိ မုဆုိးအလုပ္ကုိ ဆက္လုပ္ေနရသည္မွာ လြယ္သည္မဟုတ္လွ။ ေျပာၿပီးခပ္သုတ္သုတ္ထြက္သြားေသာ မုဆုိးအိုႀကီး၏ေနာက္ကုိ စြန္ရဲေလးအျမန္ျပန္လိုက္သြားၿပီး ယမန္ေန႔က သူ႔သခင္​ေလးလက္မခံခဲ့ေသာေငြမ်ားကုိ လႉလိုက္ေလသည္။

"ကြၽန္ေတာ္လႉတာပါ ဘႀကီး"

"သာဓုကြယ္ သာဓု သာဓု။ အခုလို လႉဒါန္းရတဲ့အက်ဳိးအားေၾကာင့္ ေဘးအႏၱရာယ္ေတြကင္း႐ွင္းပါေစ။ ဪ ဒါနဲ႔ လူကေလးကေရာ ဘယ္မွာေနသလဲ။ မိသားစုကေရာ.."

"ကြၽန္ေတာ့္မွာအစ္ကိုတစ္ေယာက္ပဲ႐ွိပါတယ္ ဘႀကီး။ ဟုိးက..ၿမိဳင္စံအိမ္ေတာ္မွာ ေနပါတယ္"

သူ႔စကားေၾကာင့္ အဘိုးႀကီးသည္ အံ့ၾသသြားဟန္ျဖင့္...

"ၿမိဳင္စံအိမ္က ညီအစ္ကုိေတြလား။ ေအး...ဘႀကီး မင္းတုိ႔ကိုမျမင္ဖူးေပမဲ့ မင္းတုိ႔အေၾကာင္းေတာ့ နားစြန္နားဖ်ားၾကားဖူးပါတယ္။ ဒီလိုေစတနာေကာင္းတဲ့ကေလးေတြက်မွ အခုလိုကံဆုိးမိုးေမွာင္က်ရတယ္လို႔..."

အဘိုးႀကီးက က႐ုဏာသက္စြာေရရြတ္ေလသည္။

"ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး ဘႀကီး"

"ေအးေအး လူကေလး...သြား သြား။ အိမ္ေရာက္ရင္ဒဏ္ရာေဆးထည့္လိုက္ပါ။"

မ်က္ႏွာမွဒဏ္ရာကုိ သတိထားမိသြားပံုရသည္။ စြန္ရဲေလးလည္းေခါင္းအသာညိတ္ၿပီး ထင္းစည္းျပန္ထမ္းကာ အိမ္သုိ႔တန္းတန္းမတ္မတ္ျပန္လာခဲ့သည္။ သံုးရက္ေျမာက္ၿပီျဖစ္ေသာ္လည္း ဦးမင္းေမာ္အိမ္ျပန္ေရာက္မလာေသးသည့္အတြက္ သူဝမ္းသာသည္။ သည္လူႀကီးျပန္ေရာက္မလာေလ ေကာင္းေလျဖစ္သည္။ မဟုတ္လ်ွင္ သခင္ေလးအား ပင္ပင္ပန္းပန္းအလုပ္မ်ားကုိ ခိုင္းေစေပဦးမည္။ သခင္ေလးသည္ တစ္ခါမွ်ပင္ ညည္းညဴျခင္းမျပဳေသာ္လည္း ႏြမ္းဖတ္ေနေသာမ်က္ႏွာေလးက ပင္ပန္းျခင္းကုိျပသေနသည္။ ထုိအခါ သူ႔စိတ္ႏွလံုးမ်ား ကြဲေၾကရေလသည္...။

"သခင္ေလး..."

အိမ္ေနာက္ေဖးတြင္ ထင္းစည္းမ်ားကုိခ်ၿပီးသည္ႏွင့္ အိမ္ထဲသုိ႔ဆက္ဝင္လိုက္သည္။ မီးဖုိေထာင့္တြင္ ေရေႏြးအိုးတည္ေနသည့္ မႈိင္းရေဝကုိေတြ႔ေသာအခါ ေဘးနားတစ္ခါတည္းဝင္ထုိင္လိုက္သည္။ မႈိင္းရေဝလည္း သူ႔ေဘးတြင္လာထုိင္ေသာ စြန္ရဲေလးမ်က္ႏွာကိုၾကည့္လိုက္ေသာအခါ ေသြးမ်ားစုိ႔ေနေသာ ဒဏ္ရာအစင္းေၾကာင္းႀကီးေၾကာင့္ အထိတ္တလန္႔ျဖစ္သြားရသည္။

"စြန္ရဲေလး...မ်က္ႏွာကဘာျဖစ္လာတာလဲ"

စြန္ရဲေလးလည္း ဒဏ္ရာကုိတစ္ခ်က္ကုိင္ၾကည့္ၿပီး ဘာမွမျဖစ္သလိုပံုစံျဖင့္ ရယ္လိုက္သည္။

"ဘာမွမျဖစ္ပါဘူး သခင္ေလးရဲ႕။ ဒီတုိင္းမေတာ္တဆ ဒဏ္ရာရလာတာပါ"

"မဟုတ္တာ ဒဏ္ရာကဒီေလာက္ေသြးေတြစုိ႔ေနတာကုိ...ေနဦး ကိုကုိ ေဆးသြားယူလိုက္ဦးမယ္။ စြန္ရဲေလး ဧည့္ခန္းထဲကေစာင့္၊ ဒီမွာထုိင္မေနနဲ႔၊ အေညႇာ္မိမယ္"

မႈိင္းရေဝ ဆတ္ခနဲခ်က္ခ်င္းထသြားၿပီး ဖခင္အသံုးျပဳခဲ့ေသာေဆးဝါးတခ်ဳိ့ကုိ အခန္းထဲမွထုတ္ကာ စြန္ရဲေလးထံယူလာလိုက္သည္။ ဦးႀကီးလာသြားသည့္ကိစၥကုိ စြန္ရဲေလးအား ခ်က္ခ်င္းမေျပာေသးရန္ ဆံုးျဖတ္ထားသည္။ သူကုိယ္တုိင္ကလည္း ဆံုးျဖတ္ခ်က္တစ္ခုကုိ ေသခ်ာမဆံုးျဖတ္ႏုိင္ေသးဘဲ႐ွိေသး၏။

"လာ ဒီနားတုိးထုိင္"

မႈိင္းရေဝသည္ သူ႔ေဘး၌႐ွိေသာခံုေလးကုိ အနားကုိတုိးဆြဲလိုက္ၿပီး စြန္ရဲေလးအားထုိင္ခိုင္းေစသည္။ ထုိ႔ေနာက္ မ်က္ႏွာကုိေမးေစ့မွကိုင္ကာ ဒဏ္ရာကုိေသခ်ာၾကည့္လ်က္ သက္ျပင္းေလးခ်ပံုကုိ စြန္ရဲေလးအနီးကပ္မၾကည့္ႏုိင္ဘဲ မ်က္လံုးကုိတစ္ေနရာသု႔ိ လႊဲထားမိသည္။

"ဘယ္လိုျဖစ္လာတာလဲ ကုိကုိ႔ကုိေျပာဦး"

ဒဏ္ရာကမစပ္ေအာင္ ေလေလးအသာမႈတ္ကာ ေဆးထည့္ေပးရင္းေမးသည္။

"မုဆုိးတစ္ေယာက္အမဲလိုက္ရင္း ေခ်ာ္ပစ္မိတာပါ သခင္ေလး။ သူကုိယ္တုိင္ကလည္း ေတာင္းပန္သြားပါတယ္"

မႈိင္းရေဝ၏ေဆးထည့္ေပးေနေသာလက္သည္ ေခတၱမ်ွရပ္တန္႔သြားေလသည္။ ဤကိစၥသည္ေသြး႐ုိးသား႐ုိးမွ ျဖစ္ႏုိင္ရဲ႕လား။ ဦးမင္းေမာ္စီစဥ္ထားသည့္ကိစၥမ်ားႏွင့္ ျပန္မလာသည္ကုိေထာက္လ်ွင္ ျဖစ္ႏုိင္သည္က စြန္ရဲေလးကို သူျပန္မေရာက္ခင္ လူငွါးၿပီး႐ွင္းခိုင္းလိုက္ျခင္းျဖစ္ႏုိင္သည္။ ထုိလူသည္ ယခု စြန္ရဲေလးအား ျမားျဖင့္ပစ္လိုက္သူ၊ ကံေကာင္း၍သာ လြတ္သြားျခင္းျဖစ္မည္။ စြန္ရဲေလးက သူ႔ကိုမိသြားသည့္အခါမွ မုဆုိးဟုလိမ္လည္သြားႏုိင္သည္။

ဦးမင္းေမာ္ကေတာ့ စြန္​ရဲေလးအား႐ွင္းၿပီးကာမွ ဘာမွမသိသလိုႏွင့္ ျပန္ေရာက္လာမည္။ ဒါမွလည္း စြန္ရဲေလးေသဆံုးျခင္းကိစၥကို သူမသိသလိုေနႏုိင္မည္။ အမႈမပတ္ဘဲ႐ွိမည္။ သည္လိုဆုိမျဖစ္။ စြန္ရဲေလး ဤအိမ္၌ သူႏွင့္အတူတူဆက္႐ွိေန၍ လံုးဝမျဖစ္ေတာ့ေခ်။

ေဆးထည့္ေပးၿပီးသည္ႏွင့္ ဘာမွဆက္မေျပာဘဲ ပစၥည္းမ်ားေကာက္သိမ္းကာ ထထြက္သြားေသာ မႈိင္းရေဝအား စြန္ရဲေလးမ်က္လံုးအျပဴးသားျဖင့္ ေၾကာင္ေငးေနမိသည္။ စကားေျပာေနရင္းမွ ခ်က္ခ်င္းငုိင္သြားၿပီး ႐ုတ္တရက္ထထြက္သြားသည္။ သူ႔သခင္ကုိ သူစိတ္မၾကည္ေအာင္ လုပ္လုိက္မိေလသေလာ...။

ထိုအခ်ိန္မွစ၍ မႈိင္းရေဝသည္ စြန္ရဲေလးႏွင့္ မ်က္လံုးခ်င္းမဆံုဘဲေနသည္။ သက္ျပင္းကိုခဏခဏခ်ရင္း တစ္ခုခုကိုေျပာခ်င္ေနဟန္ရသည္။ စြန္ရဲေလးသည္လည္း သူဘာအမွားလုပ္မိေလမွန္းမသိေသာေၾကာင့္ သည္အတုိင္းသာ သူ႔သခင္လုပ္သမ်ွ လိုက္ၾကည့္ေနမိသည္။ ေန႔လယ္စာႏွင့္ညစာစားခ်ိန္မွလြဲ၍ မႈိင္းရေဝသည္ သူ႔အားအနားအကပ္မခံ။ ညဘက္အိပ္ကာမွ စကားစေျပာသည္။

"စြန္ရဲေလး"

ခုတင္အပုေလးထက္မွ သခင့္ေခၚသံေၾကာင့္ သူငုတ္တုတ္ထုိင္လိုက္ရင္း သခင့္ဘက္သုိ႔ မ်က္ႏွာမူလုိက္သည္။ သူဘာမွေတာ့မေျပာျဖစ္။ သခင့္စကားကိုသာ နားေထာင္ဖုိ႔အသင့္႐ွိေနသည္။ တစ္ေနကုန္ သူ႔အားေ႐ွာင္ေနျခင္းအေၾကာင္းအရာအား သိခ်င္စိတ္ျပင္းျပေနသည္။ မႈိင္းရေဝသည္ လွဲေနရာမွထထုိင္လိုက္ၿပီး ခုတင္ေဘးတြင္ ငုတ္တုတ္အသင့္႐ွိေနေသာ စြန္ရဲေလးအားငဲ့ၾကည့္လိုက္သည္။

သနားစရာ ကေလးပါပင္။

သူတစ္ေနကုန္အေၾကာင္းျပခ်က္ရယ္မ႐ွိ၊ ပစ္ထားမိခဲ့ေသာေၾကာင့္ ညႇိဳးငယ္ေနေသာမ်က္ႏွာေလးႏွင့္ ကေလးေပပ။ သည္ကေလးသည္ သူ႔ေၾကာင့္မိခင္ႏွင့္ေဝးခဲ့ရေသာ ကေလးေပပ။ ေမတၱာငတ္ခဲ့၍ အရြယ္ႏွင့္မလိုက္ရင့္က်တ္ေနေသာ ကေလးေပပ။

မနက္ျဖန္မွစၿပီး ဤကေလးသည္ သူငတ္မြတ္ေတာင့္တခဲ့ေသာ ေမတၱာကုိရေတာ့မည္။ သူကဂ႐ုစုိက္စရာမလိုဘဲ သူ႔အားဂ႐ုစုိက္မည့္သူႏွင့္အတူ ေနရေတာ့မည္။ အလုပ္ၾကမ္းမ်ား ထပ္လုပ္စရာမလိုေတာ့ဘဲ ထုိက္တန္ေကာင္းမြန္ေသာဘဝ၌ ေနႏုိင္ေတာ့မည္။ ထို႔သုိ႔ေသာအေၾကာင္းျပခ်က္မ်ားႏွင့္ပင္ သည္ကေလးအား မိခင္ထံျပန္ထည့္ေပးသင့္ပါၿပီ။

သံေယာဇဥ္ဟုအမည္တပ္ထားေသာ သူ႔အတၱအားေလ်ွာ့ခ်လိုက္သင့္ပါၿပီ...။

"စြန္ရဲေလး၊ စြန္ရဲေလးရဲ႕မိဘေတြနဲ႔အတူ ေနခ်င္စိတ္တစ္ခါတေလ မေပၚလာဘူးလား"

ဤစကားကုိအစပ်ဳိးရန္ သူတစ္ေနကုန္ႀကိဳးစားခဲ့ရေၾကာင္း သူသည္သာအသိ။

"ဟင့္အင္း၊ ကြၽန္ေတာ္တစ္ခါမွ အဲ့လိုမေတြးခဲ့မိဘူး။ ဘာလို႔ေမးတာလဲ"

စြန္ရဲေလးအေျဖေၾကာင့္ သူအံ့အားသင့္ရျပန္ပါသည္။

"မဟုတ္ေသးဘူးေလ။ စြန္ရဲေလး ငယ္ငယ္ကတည္းက ဒီအိမ္ရဲ႕သားအရင္း မဟုတ္ဘူးဆုိတာ သိခဲ့တယ္မလား။ ဒီေတာ့ 'ငါ့မိဘေတြ ဘယ္မွာ႐ွိေနသလဲ၊ ဘယ္လိုပံုစံလဲ' ဒီလိုမ်ဳိးေတြမေတြးမိဘူးလား"

စြန္ရဲေလးက သေဘာက်စြာျပံဳးသည္။

"မေတြးဘဲေနမိတဲ့သူေတာ့ ႐ွိမလားသခင္ေလးရယ္။ ဒါေပမဲ့ ကြၽန္ေတာ္မလိုအပ္ပါဘူး။

You are reading the story above: TeenFic.Net