Unicode
ဦးမင်းမော်ထံ သူ့တပည့် နောက်တစ်ကြိမ်ထပ်ရောက်လာချိန်တွင်မူ အိမ်၌စွန်ရဲလေးရှိနေခဲ့၏။ ထို့ကြောင့် သူတို့အကြံအစည်များကို ခိုးနားထောင်ရန် မဖြစ်သော်ငြားလည်း စွန်ရဲလေး အန္တရာယ်ကျရောက်ရန် နီးကပ်လာပြီဖြစ်ကြောင်းကိုတော့ သူကောင်းကောင်း သိလိုက်သည်။ သည်ကောင်လေးကို ဘယ်လိုနည်းမျိုးနှင့် နှင်ထုတ်ရပါမည်နည်း။ မည်သို့ပင်တွေးတွေး အမှန်တကယ် နှင်ထုတ်တော့မည်ဆိုသည့်အချိန်တွင် သူပြောမထွက်ပေ။ စွန်ရဲလေး သူ့ကိုမုန်းသွားမည်စိုးသည်။ ကြောက်သည်။ ထိုစိတ်ကို တွန်းလှန်နိုင်ဖို့ အခြေအနေတစ်ရပ်ကို သူလိုအပ်နေသည်။ ထိုအခြေအနေကိုလည်း သူရေရေရာရာမသိ။ တစ်ယောက်တည်းပင် အတွေးမျိုးစုံချာချာလည်နေလေသည်။
"သခင်လေး....မနက်ဖြန် ဟိုလူမြို့တက်မှာတဲ့။ မနေ့ကထမင်းဝိုင်းမှာ ပြောတာကြားလိုက်တယ်။ အိမ်မှာသူမရှိဘူးဆိုတော့ ကျွန်တော်တို့နှစ်ယောက် ရွာထဲသွားလည်ကြမလား။ စိတ်ပြေလက်ပျောက်ပေါ့"
"ကောင်းပြီလေ၊ သွားကြတာပေါ့။ ကိုကိုတို့ အတူအချိန်မဖြုန်းဖြစ်တာတောင်ကြာပြီ။ ဒါနဲ့ ဦးမင်းမော်ကြီးက အကြာကြီးနေမှာမို့လို့လား"
"နှစ်ရက်လောက်ကြာမယ်တဲ့ သခင်လေးရဲ့။ သခင်လေးကို မနေ့က သွားနားခိုင်းလိုက်တော့ သခင်လေးဘယ်သိမလဲ။"
"အေးပါကွာ။ မသိလိုက်ဘူးပဲ ထားပါတော့။ ကဲကဲ...နေပြောက်ထိုးတုန်းလေး အလုပ်ဆက်လုပ်ရအောင်။ ခဏနေ အေးလာတော့မယ် စွန်ရဲလေးရဲ့"
မှိုင်းရဝေပြောရင်းတစ်ခါတည်း ပျိုးပင်များအတွက် မြေကြီးတူးဆွခြင်းအလုပ်ကို ဆက်လုပ်နေလိုက်သည်။ စွန်ရဲလေးကတော့ ယခုမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် နွမ်းဖတ်နေသောအင်္ကျီအိတ်ကပ်လေးထဲမှ ငွေစက္ကူများကိုနှိုက်ယူပြီး မှိုင်းရဝေအိတ်ကပ်ထဲသို့ ပြောင်းထည့်ပေးလိုက်သည်။ မှိုင်းရဝေ အံ့သြတကြီးဖြင့် ငွေများကိုကြည့်နေတုန်း သူကငွေရလာပုံကို ပြောပြလေသည်။
"စံအိမ်အတွက် ထင်းသွားရှာတိုင်း အပိုရအောင်ရှာပြီး ရွာထဲဝင်ဝင်ရောင်းရင်း စုထားမိတာ သခင်လေးရဲ့။ သခင်လေး လိုချင်တာလေးများရှိရင် ဝယ်လို့ရအောင်လို့။ သိပ်မများပေမဲ့ပေါ့"
ထိုစကားများကို ကြားရသောအခါ မြေတူးနေသောတူရွင်းကို မှိုင်းရဝေမြေပေါ်သို့ ဘုတ်ခနဲပစ်ချလိုက်ရင်း မျက်ရည်ဝဲမိသည်။ ထို့်နောက် ငွေများကို အိတ်ထဲမှပြန်နှိုက်ယူလိုက်ပြီး ကြေကွဲစို့နင့်သောအသံဖြင့်...
"ကိုကို့အတွက် ဘာမှမလိုပါဘူး စွန်ရဲလေးရယ်။ နောက်ဆို ဒီလိုထပ်မလုပ်ပါနဲ့။ စွန်ရဲလေး ဒီလိုပင်ပင်ပန်းပန်းရှာထားတာကို ကိုကိုက သုံးရက်မှာတဲ့လား။ ပြန်ယူသွားကွာ... ကိုကိုမလိုချင်ဘူး"
စွန်ရဲလေးလက်ထဲသို့ ငွေများပြန်ထိုးထည့်ပေးလိုက်ပြီး စံအိမ်ထဲသို့ ခြေလှမ်းခပ်သွက်သွက်ဖြင့် ထွက်သွားလိုက်သည်။ အမှန်တကယ်တော့ မျက်ဝန်းအိမ်တွင် နေရာယူနေကြသောမျက်ရည်ဥတို့ကို စွန်ရဲလေး မမြင်စေလိုသောကြောင့်ဖြစ်သည်။ သည်လောက်ပင် သူ့အဖို့တွေးသည့်ကလေးကို ဘယ်လိုနည်းမျိုးနှင့် မည်သို့မည်ပုံအပြစ်ရှာပြီး နှင်ထုတ်နိုင်ပါမည်နည်း။
"အမောင် ဒီကိုခဏ"
ဧည့်ခန်းထဲမှ ဦးမင်းမော်၏ခေါ်သံကြောင့် မှိုင်းရဝေမျက်ရည်များကို ပုတ်ခတ်ဖုံးကွယ်လျက် ရို့ကျိုးစွာ ထိုလူ့ရှေ့သို့ရောက်သွားလိုက်သည်။
"ဘာများအလိုရှိလို့ပါလဲ"
ဦးမင်းမော်သည် ထိုင်နေရာမှထလာပြီး မှိုင်းရဝေပခုံးပေါ်လက်တင်လိုက်သည်။
"ဒီလိုကွ။ ဦး မနက်ဖြန် မြို့တက်ဖို့ရှိတယ်။ နှစ်ရက်လောက်ကြာမှာဆိုတော့ လိုမယ့်ပစ္စည်းလေးတွေ ထုပ်ပိုးပေးပါဦးကွယ်။ နောက်ပြီး ဦးမရှိတဲ့အချိန် ဒီအိမ်ကို မင်းဆီအပ်ခဲ့ပါတယ်။ မင်းက သခင်လေးလုပ်ပြီး စောင့်ရှောက်ထားပေါ့ ဟုတ်လား..."
ရယ်ကျဲကျဲဖြင့်ပြောပုံက မှိုင်းရဝေအား အိမ်စောင့်လုပ်ရန် ပြောခြင်းကိုဖော်ပြနေသည်။ စကားလှလှတွေ မည်သို့ပင်သုံးစေဦးတော့၊ အတွင်းစိတ်ကို ဖောက်ထွင်းမြင်နိုင်သော သူ့မျက်လုံးနှင့်အပြုံးတို့က စက်ဆုပ်ဖွယ်အတိ။
"ကောင်းပါပြီ ဦး။ အခုရော ဘာလိုအပ်သေးလဲ ခင်ဗျ"
"ရပြီ၊ ရပြီ။ မနက်ဖြန် ခရီးသွားမှာဆိုတော့ ဒီညမသောက်ဖြစ်တော့ဘူး။ အမောင် ကျုပ်ဖို့အမြည်းလုပ်ပေးစရာမလိုတော့ဘူးပေါ့"
"ဒါဆို ခွင့်ပြုပါဦး ဦး"
ယဉ်ယဉ်ကျေးကျေးနှင့်ပင် ဦးမင်းမော်၏လက်ကို ဖယ်ချလျက် မီးဖိုဆောင်သို့ သူလျှောက်သွားလိုက်သည်။ စွန်ရဲလေးပြောသည့်အတိုင်း ဦးမင်းမော် မြို့တက်တော့ပါမည်တကား။ သို့သော် အလုပ်ကိစ္စချည်းသီးသန့်မဖြစ်နိုင်။ စွန်ရဲလေးကို သတ်ရန်အတွက် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ဖို့လည်းဖြစ်နိုင်သည်။ ထို့အတွက် သူ့မှာရတက်မအေးနိုင်ဘဲ စိုးရိမ်သောကလွန်ကဲလာသည်။ ဦးမင်းမော် မရှိသည့်ရက်အတွင်းမှာပင် စွန်ရဲလေးထွက်သွားနိုင်ဖို့ လုပ်ရမည်။
တိုက်ဆိုင်စွာပင် ထိုအချိန်၌ ရိုးမထဲ အမျိုးသမီးတစ်ဦးနှင့် လူတစ်စုတို့ ဝင်လာကြပြီဖြစ်သည်။
ဦးမင်းမော် အိမ်မှထွက်သွားပြီမကြာမီ မှိုင်းရဝေနှင့်စွန်ရဲလေးတို့ မနက်စာအတူစားကြသည်။ စွန်ရဲလေးသည် မနေ့က ငွေပေးမိသည့်ကိစ္စကိုမပြောမိအောင် သတိထားနေသည်။ သူ့စိတ်ထဲတွင် မှိုင်းရဝေမကြိုက်သောအရာများကို အမြဲတစေ အမှတ်သညာထားပြီး ရှောင်ကြဉ်လေ့ရှိသည်။
"ကိုကိုတို့ ခဏနေ ရွာထဲသွားကြရအောင်။ အဲ့ဒီက မုန့်လက်ကောက် မစားရတာကြာပြီမလား။"
"ဟုတ်တယ် သခင်လေး။ ဟိုလူကြီး စရောက်လာပြီကတည်းက ဆိုပါတော့"
"သူ့အကြောင်းကို သူမရှိတုန်း မေ့ထားလိုက်ပါ စွန်ရဲလေးရယ်။ စိတ်ပင်ပန်းမခံပါနဲ့။ အခုချိန် ဒီအိမ်ရဲ့သခင်လေးဟာ ကိုကိုပဲ။"
"နဂိုကတည်းက သခင်လေးပိုင်တဲ့ဟာပါ။ ဟိုလူယုတ်မာက ညစ်ပတ်ပြီးသိမ်းထားတာ"
"ဪ...ပြောလေပိုဆိုးလေပါလားကွာ။ ကဲကဲ မပြောတော့ဘူး။ အစားသာစားတော့"
စွန်ရဲလေးသည် စကားနားထောင်စွာပင် မနက်စာကိုငုံ့စားလေသည်။ ထို့နောက် နှစ်ယောက်သား ရိုးမထဲဝင်ပြီး ရွာငယ်လေးထံသို့ရောက်ခဲ့ကြပြန်သည်။ သူတို့နှစ်ယောက်၏ အမှတ်တရ အစားအစာဖြစ်လေသော မုန့်လက်ကောက်ကိုစားရင်း ရွာထဲပတ်ကြပြန်သည်။
နှစ်ယောက်သား ဟိုကြည့်သည်ကြည့်နှင့် သွားနေရင်းမှ မှိုင်းရဝေ ရုတ်တရက်ထပြုံးလိုက်သောကြောင့် စွန်ရဲလေးသည် အကြောင်းအရင်းကိုမေးမိသည်။
"ဘာရယ်မဟုတ်ပါဘူးကွာ။ ကိုကိုတို့ ငယ်ငယ်တုန်းက ဟိုရွာတောင်ကုန်းပေါ်က အဘိုးကြီးအိမ်ကိုသွားဝင်ကြည့်ပြီး အဘိုးကြီးလည်း ရောက်လာရော လန့်ပြီးပြေးကြတာ သတိရသွားလို့ပါ။ ကိုကို ဒီမှာမရှိတုန်းက စွန်ရဲလေး တစ်ယောက်တည်း အဲ့ကိုရောက်သေးတယ်ဆို။ အခုရော သူရှိသေးလား"
"အခုရှိမရှိတော့ မသိဘူး သခင်လေး။ သွားကြည့်မှပဲ သိမယ်။ သခင်လေးက သူ့ဆီသွားချင်လို့လား"
"ဪ သွားချင်တယ်ရယ်လည်း မဟုတ်ပါဘူး။ ဒီအတိုင်း အမှတ်ရမိလို့ မေးလိုက်တာပါ။ ပြောသာပြောတာ သွားတော့ကြည့်ချင်သား"
ရယ်သံလေးနှော၍ပြောလိုက်သောအခါ စွန်ရဲလေးပင် မသိပင်မသိလိုက်ဘဲ ပြုံးလိုက်မိသည်။
"ဒါဆို သွားကြည့်ကြတာပေါ့"
စွန်ရဲလေး၏ရှေ့ကဦးဆောင်မှုဖြင့် နှစ်ယောက်သား တောင်ကုန်းပေါ်သို့ တက်ခဲ့ကြသည်။ သို့သော် စုန်းအဘိုးကြီးမဆိုထားနှင့်၊ တဲအိမ်အိုကြီးပင် မရှိတော့ချေ။ ပြောင်ရှင်းနေသောမြေတွင် မြက်ပင်တို့ကသာ အစုစုနေရာယူနေကြလေပြီ။
"ဘာမှလည်းမရှိတော့ပါလား စွန်ရဲလေးရဲ့"
စွန်ရဲလေးလည်း ဟိုကြည့်သည်ကြည့်ဖြင့်သာ လှည့်ပတ်ကြည့်ရင်း မှိုင်းရဝေစကားကို လက်ခံဟန်ဖြင့် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။
"ကဲကဲ ဒါဆိုလည်း ပြန်ကြတာပေါ့ကွာ။ ကိုကိုတို့လည်း သူနဲ့တွေ့စရာ အထွေးအထူးကိစ္စရှိတာမှ မဟုတ်ဘဲကိုး"
"သခင်လေး ဟိုမှာ"
တောင်ကုန်းပေါ်မှ ဆင်းမည်ဟန်အပြုစဉ်မှာပင် စွန်ရဲလေးသည် တောင်ကုန်းဘေးဘက်တစ်နေရာသို့ လက်ညှိုးထိုးပြလေသဖြင့် မှိုင်းရဝေကြည့်မိလေတော့ ဖြူဖွေးနေသောဆံပင်ရှည်များဖြင့်အဘိုးကြီးတစ်ဦး။ သူသည် တုတ်ကောက်ကြီးတစ်ချောင်းကို တစ်ချက်ချင်းစီထောက်ရင်း တုန်ချိချိဖြင့် သူ့တို့ထံသို့လျှောက်လာနေသည်။ ဆံပင်ရှည်တို့က ဖုံးနေသောကြောင့် မျက်နှာကိုသေချာမမြင်ရ။ တွန့်နေပြီဖြစ်သော ပါးပြင်မှအရေးအကြောင်းတို့ကိုသာ မသိမသာမြင်ရ၏။
အဘိုးကြီးအား မှိုင်းရဝေနှင့်စွန်ရဲလေးတို့ ငြိမ်သက်စွာကြည့်နေမိသည်။ အဘိုးကြီးသည် သူတို့နှင့်တစ်တောင်လောက်အကွာတွင် တုတ်ကောက်ကိုထောက်ကာရပ်လိုက်ပြီး ဆံဖြူများကြားထဲမှ မျက်လုံးမှေးမှေးတို့ဖြင့် သူ့တို့အားမော့ကြည့်ရင်း ခြောက်သွေ့နေသောနှုတ်ခမ်းများကို ကွေးနေအောင်ပြုံးလိုက်ပုံက ကြက်သီးထစဖွယ်။ ထို့နောက် အက်ကွဲရှတသောအသံဖြင့်...
"အပုပ်နံ့...အပုပ်နံ့။ မင်းတို့ဆီက သေခြင်းတရားနဲ့နီးနေတဲ့ အပုပ်နံ့ရတယ်...ဟီးဟီးဟီး....."
အဘိုးကြီးပြောသောစကားများနှင့်ရယ်ပုံက သူတို့နှစ်ယောက်လုံးအား ထိတ်လန့်သွားစေသည်။ စွန်ရဲလေးအား ဦးမင်းမော်သတ်ဖို့ ကြံစည်နေသည်ကိုသတိရသွားပြီး မှိုင်းရဝေ အထိတ်လန့်ကြီးထိတ်လန့်သွားသည်။ စွန်ရဲလေးသည်လည်း အဘိုးကြီးတစ်ခါပြောဖူးသော ဟောကိန်းကိုပြန်သတိရကာ မှိုင်းရဝေကို စိုးရိမ်တကြီးဖြင့် ကြည့်လိုက်မိသည်။
"မရဏလမ်းကိုလျှောက်ရမယ့်သူတွေက ကျုပ်ဆီဘာလို့ ရောက်လာကြတာတုန်း။ ဘာလဲ...ကျုပ်ကသေသူတွေ အသက်ပြန်သွင်းနိုင်တယ်လို့ ကြားထားလို့လား...ဟီးဟီးဟီး...။ ကျုပ်အဲ့အလုပ်တွေ မလုပ်တော့ဘူး...သွားကြ...ပြန်ကြတော့။ ကိုယ့်အသက်ကိုယ်သာ ဂရုစိုက်ကြ။ ပြန်ကြတော့"
ထိုသို့ပြောပြီးသည်နှင့် အဘိုးကြီးသည် တောင်ကုန်းအောက်သို့ လာလမ်းအတိုင်းပြန်လှည့်သွားလေသည်။
မှိုင်းရဝေနှင့်စွန်ရဲလေးတို့၏ အိမ်ပြန်ခြေလှမ်းများသည် တိတ်ဆိတ်လွန်းလှ၏။ တစ်ချိန်က အဘိုးကြီးသည် အရူးပါလို့ဆိုခဲ့ဖူးသည့် မှိုင်းရဝေကိုယ်တိုင်ပင် သည်ကိစ္စကို မတင်မကျဖြစ်လာသည်။ စွန်ရဲလေးထံတွင် အန္တရာယ်ကျရောက်နေသည့်အခြေအနေတွင် ဤသို့ပြောသည်ဆိုခြင်းက သာမန်တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပါ၏လော။ မည်သို့ပင်စဉ်းစားပါစေ၊ ရိုးရိုးတိုက်ဆိုင်မှုမဟုတ်နိုင်။
"သခင်လေး ဟိုအဘိုကြီးပြောတာကို စိတ်ထင့်နေတာလား"
အရိပ်အကဲသိလွန်းသောစွန်ရဲလေးဖြစ်သည်။ မှိုင်းရဝေ ချက်ချင်းပင် အတွေးကိုလက်စသတ်လိုက်ပြီး ခေါင်းအသာယမ်းလိုက်သည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဟုတ်တယ်မလား"
စိတ်မပါလက်မပါဖြင့် စွန်ရဲလေးတစ်ယောက် စိတ်သက်သာစေလို့ငြား ပြောလိုက်ခြင်းဖြစ်သည်။ သူ့စိတ်အတွင်းမူကား ထိုစကားများသည် သံမှိုရိုက်သလိုစွဲလျက်။
"ဘာတွေပဲဖြစ်လာပါစေ၊ ကျွန်တော်က သခင်လေးကို အဆုံးထိကာကွယ်ပေးမှာ သိလား"
မိမိမျက်လုံးထဲတွင် ကလေးတစ်ယောက်အနေနှင့်သာရှိသော စွန်ရဲလေးမှပြောသည့် ထိုစကားများကို သူချစ်စရာအမြင်ဖြင့်သာမြင်၏။ ထို့ကြောင့်လည်း သဘောတကျပြုံးလိုက်မိ၏။ သည်ဆယ့်ရှစ်တောင်မပြည့်သေးသောကလေးက သူ့အားကာကွယ်မည်တဲ့လား။
"ကောင်းပါပြီခင်ဗျာ။ သခင်ပေါက်စသဘောပါပဲ"
စသလိုလို၊ နောက်သလိုလိုဖြင့် ဦးခေါင်းလေးညွှတ်လျက် သူပြောလိုက်သည်ကို စွန်ရဲလေးကလှိုက်ခနဲပြုံး၏။ သူ့သခင်၏ အပြုံးနုနုလေးက ရေးရေးစစပြန်ပေါ်လာသောကြောင့်ဖြစ်မည်။
ဦးမင်းမော် အိမ်ကထွက်သွားသည်မှာ သုံးရက်ရှိလေပြီ။ နှစ်ရက်ဟုဆိုပြီး သုံးရက်ကြာသည်မှာ ကောင်းသည်ဟုမဆိုနိုင်။ တစ်ခုခုကို အကြီးအကျယ်ကြံစည်နေလောက်မည်မှာ သေချာနေချေပြီ။ ရန်သူဆိုသည်က ကိုယ့်မျက်စိရှေ့တွင်ရှိသည်သာ တော်ပေ၏။ မမြင်ကွယ်ရာတွင် ချောင်း၍ကြံစည်နေသောရန်သူသည်က ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်သည်။
"သခင်လေးမှိုင်း...သခင်လေး မှိုင်းရဝေ"
ရင်းနှီးနေသောအသံကြောင့် မီးဖိုချောင်ထဲမှ သူထွက်ကြည့်မိသောအခါ ဦးကြီးဖြစ်နေသောကြောင့် ဝမ်းသာအားရပြေးသွားမိသည်။ ဦးမင်းမော်သည် သူတို့အိမ်ကိုသိမ်းပြီးနောက် ခြေတစ်ဖက်သိပ်မသန်သောဦးကြီးအား အသုံးမဝင်ဟုတွက်ကာ အလုပ်ထုတ်ပစ်လိုက်လေသည်။ ဦးကြီးခမျာလည်း မှိုင်းဝေတို့အား မခွဲချင်ပါဘဲနှင့် မျက်ရည်လေးစမ်းစမ်းနှင့် ထားခဲ့ရလေသည်။
ထို့ကြောင့် ယခု ဦးကြီးရုတ်တရက်ပြန်ရောက်လာခြင်းကို သူမအံ့သြဘဲမနေနိုင်။ ဦးကြီးသည် တုတ်ကောက်တစ်ချောင်းနှင့် ဖြစ်နေချေပြီ။ သို့သော် မတွေ့ရသည့် လပေါင်းများစွာအတွင်း ဦးကြီးသည် အိုစာသွားသည်ထက် ပိုနုပျိုလာသည်ဟု ထင်ရသည်။ ဦးကြီးမျက်နှာ၌လည်း အပြုံးတစ်ခုက တွဲလျက်ပါနေသည်။
ဦးကြီးသည် မှိုင်းရဝေ သူ့ရှေ့ရောက်သည်နှင့် လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ပြီး ခေါင်းအစခြေအဆုံးကြည့်ပြီး သက်ပြင်းလေးချလေသည်။
"သခင်လေးရယ်....၊ သားလေးရယ်...ပိန်သွားလိုက်တာ"
ကရုဏာအသံအပြည့်ဖြင့် ညည်းညူရှာသော ဦးကြီးအား သူအားမရှိသောအပြုံးလေးကို အားတင်းကာပြုံးရင်း တုန့်ပြန်လိုက်သည်။
"ဦးကြီးကတော့ အမြဲကြည့်ကောင်းပြီး ခန့်နေတာပဲနော်"
ဦးကြီး စိတ်ဖြေသာအောင် သူဟာသလေးနှောမိသောအခါ ဦးကြီးကပြုံးသည်။
"သခင်လေးက တကယ့်လူကြီးပုံလေးပေါက်လာပြီပဲ"
"ဦးကြီး အိမ်ထဲဝင်ဦးလေ။ လာတဲ့ကိစ္စအေးဆေးပြောပေါ့"
မှိုင်းရဝေသည် ဦးကြီးကိုအိမ်ထဲခေါ်သောအခါ ဦးကြီးကငြင်း၏။
"ဦးကြီး အချိန်သိပ်မရဘူး သခင်လေးမှိုင်းရဲ့။ သခင်လေးတို့ ဒီမှာရှိသေးရဲ့လား သေချာအောင် အရင်လာစစ်တာ"
"ဘယ်လို...ဦးကြီး"
ဦးကြီးသည် သူတို့ သည်အိမ်မှထွက်ပြေးပြီ ထင်နေခြင်းဖြစ်မည်။ ဖေဖေခေါင်းချခဲ့သော သည်အိမ်ကို မတရားသူလက်ထဲ မှိုင်းရဝေက အေးဆေးထည့်မည့်သူမဟုတ်ပါချေ။ မတတ်နိုင်သေး၍သာ အခြေအနေစောင့်ကြည့်နေသူပါလေ။
"စွန်ရဲလေးရော သခင်လေး"
ဦးကြီးသည် တစ်ခါတရံ သူ့အားသားဟုခေါ်သလို၊ တစ်ခါတရံကျ သခင်လေးဟုသာ ခေါ်တတ်လေသည်။
"သူ ရိုးမထဲထွက်သွားတယ် ဦးကြီးရဲ့။ ကျွန်တော်တို့က အရင်လို သူဋ္ဌေးသားလေးတွေလုပ်နေလို့ မရတော့ဘူးလေ။ အိမ်အလုပ်တွေမျှလုပ်ရတာပေါ့။ စွန်ရဲလေးက အလုပ်ဆုံးပါပဲ။ အခုလည်း ထင်းသွားရှာတာ"
"ဪ...."ဟုဆိုကာ ဦးကြီးက ခေါင်းဆတ်ဆတ်ညိတ်သည်။ ထို့နောက် ဟိုကြည့်သည်ကြည့်လုပ်ကာ မှိုင်းရဝေနားကပ်ကာ အသံခပ်တိုးတိုးဖြင့်...
"ဦးကြီး အခုလာတာ စွန်ရဲလေးကိစ္စကွယ့်"
မှိုင်းရဝေ စိတ်ဝင်စားမိသွားသည်။ ဦးကြီးက ဆက်ပြောသည်။
"ပြောရရင်တော့ အစကတည်းက ရှင်းအောင်ပြောရမှာပဲ။ ဦးကြီး ဒီအိမ်ကထွက်သွားပြီး မြို့ရောက်တော့ မြို့ပိုင်မင်းတစ်ယောက်အိမ်မှာ ခြံအကူအလုပ်ကလေးရတယ်။ သူတို့ကလည်း ဦးကြီးကို သနားလို့ခန့်တာဆိုတော့ ပင်ပင်ပန်းပန်းတော့ သိပ်မလုပ်ရပါဘူး။ မြို့ပိုင်မင်းကတော်ကလည်း တော်တော်သဘောပြည့်ရှာတယ်ကွယ့်။ ဦးကြီးကိုလည်း တော်တော်ဖော်ရွေတယ်။ ကြာတော့ ဦးကြီးအပေါ် အစ်ကိုလို၊ ဦးလေးလိုသဘောထားပြီး သူ့ဘဝလေးကို ရင်ဖွင့်ရှာတယ်ကွယ့်။ မြို့ပိုင်ကတော်က အင်္ဂလိပ်-မြန်မာကပြားလေးလေ"
ဦးကြီးသည် သူယခုအလုပ်လုပ်နေသောအိမ်မှ အမျိုးသမီးအကြောင်း သူ့အားလာပြောနေခြင်းမှာ ထူးဆန်းနေသည်ဟု သူယူဆမိသည်။ ပုံမှန် ဦးကြီးက စကားများတတ်သူမှန်သော်လည်း မှိုင်းရဝေတို့နှင့်မဆိုင်သည့်ကိစ္စများကို ထည့်သွင်းပြောကြားတတ်သူမဟုတ်ပေ။ ယခု၌ကား ထိုအမျိုးသမီးအကြောင်းကို သူ့အား အားတက်သရောပြောပြနေပါတကား။
သူလည်း ဦးကြီးကပြောပြသည်မို့ စိတ်ရှည်ရှည်နားထောင်နေရင်း မြိုင်စံအိမ်အကြောင်းပါလာသည်။ ထိုအမျိုးသမီး၏ အရင်ယောက်ျားသည် မြိုင်စံအိမ်တော်ကို စေလွှတ်လိုက်သည်တဲ့လား။
"ဒီလိုနဲ့ စစ်ဘေးရှောင်ရင်း ကလေးတစ်ဖက်နဲ့ရိုးမထဲရောက်လာတာပဲ။ ရိုးမထဲရောက်တော့လည်း ကံဆိုးရှာပါတယ်။ တောပုန်းအဖွဲ့နဲ့တိုးလေရော။ ဦးကြီးအစကပြောခဲ့တယ်မလား။ သူက အင်္ဂလိပ်စပ်တော့ သူလျှိုမှတ်ပြီးသတ်ဖို့လုပ်တော့ သူ့သားလေး အန္တရာယ်ကင်းအောင် ကလေးကိုဖွက်ခဲ့ပြီး လမ်းလွှဲပြေးတာပေါ့။ အဲ့ကလေးကို ဒီစံအိမ်တစ်ဖက်ကုန်းအဆင်းက စိမ့်စမ်းဘေး သစ်ပင်အောက်မှာ ထားခဲ့တာတဲ့။ အဲ့တုန်းကတော့ စံအိမ်ရှိမှန်း သူမသိဘူးပေါ့"
"ဒါဆို..."
ဦးကြီးပြောချင်သည့်အရာကို သူသဘောပေါက်သွားသည်။
သူ(မ)သည်.... ။
"ဟုတ်တယ် သား...။ သူက စွန်ရဲလေးရဲ့အမေပဲ။ သူအခု စွန်ရဲလေးကိုရှာဖို့ ရိုးမထဲရောက်နေတယ်"
မှိုင်းရဝေဘာကြောင့်ရယ်မသိ တုန်လှုပ်သွားမိသည်။ စွန်ရဲလေးကို သူ့အမေတွေ့လျှင် ဘာလုပ်မည်နည်း။ ပြန်ခေါ်သွားမည် မဟုတ်ပေဘူးလား။ သည်လိုဆိုလျှင် သူနှင့်စွန်ရဲလေးတို့ တစ်သက်လုံးခွဲရတော့မည်ပ။
"သူ...သူဘာလို့အစကတည်းက မရှာခဲ့တာလဲ။ ဘာလို့ အခုမှ"
မှိုင်းရဝေ အထစ်ထစ်အငေါ့ငေါ့ဖြင့် မကျေမနပ်မေးမိသည်။
"သူ တောပုန်းတွေကို လှည့်စားထွက်ပြေးလို့ရရချင်းပဲ ကလေးကို ပြန်လာရှာခဲ့တယ်တဲ့ သားရယ်။ ဒါပေမဲ့ မတွေ့တော့ဘူးလေ။ အဲ့အချိန်မှာ စွန်ရဲလေးဟာ သားလက်ထဲ ရောက်နှင့်နေခဲ့ပြီကိုး"
မှိုင်းရဝေ ရင်ထဲတွင်မိုးညို့နေပြီဖြစ်သည်။ အားနာစိတ်လည်းဖြစ်မိ၏။ သည်လိုဆို သူ့ကြောင့် စွန်ရဲလေးသည် သူ့အမေနှင့်ဝေးခဲ့ခြင်းဖြစ်သည်။
"သူ့နောက်ကို တောပုန်းတွေကလည်း ဆက်တိုက်လိုက်နေတာဆိုတော့ ဒီမှာကြာကြာမနေနိုင်ဘဲ ချက်ချင်းပြန်ပြေးရတာပေါ့ကွယ်။ ကံကောင်းချင်တော့ အသွားတုန်းက စက်လှေသမားနဲ့ထပ်တွေ့ပြီး တခြားလူတွေပုန်းတဲ့ တောရွာလေးဆီ လိုက်သွားခဲ့တယ်။ သူ့ခမျာ လင်လည်းဆုံး၊ သားကလည်းပျောက်ဆိုတော့ အရူးတစ်ပိုင်းပေါ့။ ထမင်းမစား ရေမသောက်နဲ့ အိပ်ရာထဲ နှစ်ပတ်လောက်လဲသွားတာပဲ။ နောက်တော့ သူ့စိတ်ကို လုံးလုံးလျှော့လိုက်ပြီး နေသွားရာကနေ စစ်ကြီးအတွင်းမှာတင် မြို့ပေါ်ပြန်ရောက်၊ မြို့စားမင်းနဲ့ထပ်အကြောင်းပါတာပေါ့။ ဒါပေမဲ့ မြို့စားမင်းကိုအကူအညီတောင်းပြီး ကလေးကို လူလွှတ်ပြီးရှာခိုင်းသေးတယ်တဲ့။ ဒါပေမဲ့ ဘာသတင်းမှမရခဲ့ဘူးတဲ့လေ။
"ဟုတ်....ဟုတ်..."
မထွက်တော့သည့်အသံကို မနည်းဖျစ်ညှစ်ပြီး ပြောလိုက်ရသည်။ ယခုအချိန်တွင် သူ့စိတ်တွေအလဲလဲအပြိုပြို ဖြစ်နေသည်ကို ဦးကြီးမမြင်နိုင်ပါလေ။ စွန်ရဲလေးအား သူ့အမေလက်ထဲ ပြန်ထည့်ရတော့မည်တဲ့လား။
"မနက်ဖြန်လောက်မှ ခေါ်ခဲ့ပါလား ဦးကြီးရယ်။ သား...သား စွန်ရဲလေးကို အရင်ဆုံး အစပျိုးပြီး တီးခေါက်ထားကြည့်မယ်လေ။ ဦးကြီးတို့လာမှ အကြောင်းစုံထပ်ရှင်းပေါ့"
"အေးကွယ်။ သခင်လေးလည်း သခင်လေးညီကို ဘယ်ခွဲချင်ပါ့မလဲ။ ဦးကြီးနားလည်ပါတယ်။ ဒါပေမဲ့ စွန်ရဲလေးဘဝက မိဘနဲ့...."
"ကျွန်တော် နားလည်ပါတယ် ဦးကြီး။ နားလည်ပါတယ်။ ကျွန်တော် အခုအလုပ်ကလေးမပြီးသေးလို့..."
ဦးကြီးသည် မိမိအား ရိုင်းသည်ထင်လည်းထင်ပါစေတော့။ စကားကိုဖြတ်ပြောပြီး ကျောခိုင်းထွက်ခွာခဲ့လိုက်သည်။ သူနှင့်စွန်ရဲလေး ခွဲရမည့်အကြောင်းတွေးမိလာသည်။ ထို့ကြောင့် သူနာကျင်ရသည်။ ဝမ်းနည်းရသည်။ မည်သို့မှလည်း သူလက်မခံနိုင်ဘဲ ရှိရသည်။သွေးသားမတော်စပ်ဘဲ စွန်ရဲလေးအား ငယ်ငယ်ကတည်းက တွယ်တာခဲ့သောသူ၊ တစ်ဖက်ကလည်း မွေးမိခင်။ သို့သော် သူနှင့်စွန်ရဲလေး အတူတူနေခဲ့သည်မှာ စွန်ရဲလေးတစ်သက်နီးပါး။ သူ့မိခင်ထံ စွန်ရဲလေးပြန်ပါသွားလျှင် သူတို့တစ်သက်တာ ခွဲခွာသွားရနိုင်သည်။ ဆယ်နှစ်ကျော်ချည်နှောင်ခဲ့သော နှောင်ကြိုးကို သည်လိုဖြတ်၍ရပါသည်တဲ့လား။ စွန်ရဲလေးကရော မည်သို့ဆုံးဖြတ်မည်နည်း။ သူစိတ်အရဆိုလျှင် ဘယ်နည်းနှင့်မှ စွန်ရဲလေးကိုမပေးနိုင်။ စွန်ရဲလေးမိခင်ကပင် သူ့လောက်စွန်ရဲလေးကို မချစ်နိုင်ဟုတွေးမိသည်အထိ သူအတ္တကြီးသွားမိသည်။
အတွေးများစီကာပတ်ကုံးရှိနေချိန်တွင် စွန်ရဲလေးအန္တရာယ်ရှိနေသေးသည်ဟူသော အကြောင်းကား ရုတ်တရက်ခေါင်းထဲဝင်လာသည်။ ဤအတွေးသည် စွန်ရဲလေးကို သူ့မိခင်နှင့်ထည့်လိုက်သင့်ကြောင်း လွန်ဆွဲချေပြီ။
ဘယ်ဘက်က အားသာပါမည်နည်း။ နှစ်ဖက်လုံးသည် မေတ္တာဖြင့်ဆွဲသောကြိုးဖြစ်သည်။ ကြိုးကိုကိုင်သူကလည်း တစ်ယောက်တည်းပင်။
သူကား သခင်လေးမှိုင်းရဝေ။
Thanks For Reading
Note
လူလေးနည်းနည်းစုံအောင်စောင့်ရင်း updateကြာသွားလို့ တောင်းပန်ပါတယ်။
Zawgyi
ဦးမင္းေမာ္ထံ သူ႔တပည့္ ေနာက္တစ္ႀကိမ္ထပ္ေရာက္လာခ်ိန္တြင္မူ အိမ္၌စြန္ရဲေလး႐ွိေနခဲ့၏။ ထုိ႔ေၾကာင့္ သူတုိ႔အၾကံအစည္မ်ားကို ခိုးနားေထာင္ရန္ မျဖစ္ေသာ္ျငားလည္း စြန္ရဲေလး အႏၱရာယ္က်ေရာက္ရန္ နီးကပ္လာၿပီျဖစ္ေၾကာင္းကိုေတာ့ သူေကာင္းေကာင္း သိလုိက္သည္။ သည္ေကာင္ေလးကုိ ဘယ္လိုနည္းမ်ဳိးႏွင့္ ႏွင္ထုတ္ရပါမည္နည္း။ မည္သုိ႔ပင္ေတြးေတြး အမွန္တကယ္ ႏွင္ထုတ္ေတာ့မည္ဆုိသည့္အခ်ိန္တြင္ သူေျပာမထြက္ေပ။ စြန္ရဲေလး သူ႔ကုိမုန္းသြားမည္စုိးသည္။ ေၾကာက္သည္။ ထိုစိတ္ကုိ တြန္းလွန္ႏုိင္ဖုိ႔ အေျခအေနတစ္ရပ္ကုိ သူလိုအပ္ေနသည္။ ထုိအေျခအေနကုိလည္း သူေရေရရာရာမသိ။ တစ္ေယာက္တည္းပင္ အေတြးမ်ဳိးစံုခ်ာခ်ာလည္ေနေလသည္။
"သခင္ေလး....မနက္ျဖန္ ဟုိလူၿမိဳ႕တက္မွာတဲ့။ မေန႔ကထမင္းဝုိင္းမွာ ေျပာတာၾကားလုိက္တယ္။ အိမ္မွာသူမ႐ွိဘူးဆုိေတာ့ ကြၽန္ေတာ္တုိ႔ႏွစ္ေယာက္ ရြာထဲသြားလည္ၾကမလား။ စိတ္ေျပလက္ေပ်ာက္ေပါ့"
"ေကာင္းၿပီေလ၊ သြားၾကတာေပါ့။ ကိုကိုတုိ႔ အတူအခ်ိန္မျဖဳန္းျဖစ္တာေတာင္ၾကာၿပီ။ ဒါနဲ႔ ဦးမင္းေမာ္ႀကီးက အၾကာႀကီးေနမွာမုိ႔လို႔လား"
"ႏွစ္ရက္ေလာက္ၾကာမယ္တဲ့ သခင္ေလးရဲ႕။ သခင္ေလးကုိ မေန႔က သြားနားခိုင္းလိုက္ေတာ့ သခင္ေလးဘယ္သိမလဲ။"
"ေအးပါကြာ။ မသိလိုက္ဘူးပဲ ထားပါေတာ့။ ကဲကဲ...ေနေျပာက္ထုိးတုန္းေလး အလုပ္ဆက္လုပ္ရေအာင္။ ခဏေန ေအးလာေတာ့မယ္ စြန္ရဲေလးရဲ႕"
မႈိင္းရေဝေျပာရင္းတစ္ခါတည္း ပ်ဳိးပင္မ်ားအတြက္ ေျမႀကီးတူးဆြျခင္းအလုပ္ကုိ ဆက္လုပ္ေနလိုက္သည္။ စြန္ရဲေလးကေတာ့ ယခုမွ တစ္ခုခုကို သတိရသြားဟန္ျဖင့္ ႏြမ္းဖတ္ေနေသာအက်ႌအိတ္ကပ္ေလးထဲမွ ေငြစကၠဴမ်ားကိုႏႈိက္ယူၿပီး မႈိင္းရေဝအိတ္ကပ္ထဲသုိ႔ ေျပာင္းထည့္ေပးလိုက္သည္။ မႈိင္းရေဝ အံ့ၾသတႀကီးျဖင့္ ေငြမ်ားကုိၾကည့္ေနတုန္း သူကေငြရလာပံုကုိ ေျပာျပေလသည္။
"စံအိမ္အတြက္ ထင္းသြား႐ွာတုိင္း အပိုရေအာင္႐ွာၿပီး ရြာထဲဝင္ဝင္ေရာင္းရင္း စုထားမိတာ သခင္ေလးရဲ႕။ သခင္ေလး လိုခ်င္တာေလးမ်ား႐ွိရင္ ဝယ္လို႔ရေအာင္လို႔။ သိပ္မမ်ားေပမဲ့ေပါ့"
ထုိစကားမ်ားကုိ ၾကားရေသာအခါ ေျမတူးေနေသာတူရြင္းကို မႈိင္းရေဝေျမေပၚသုိ႔ ဘုတ္ခနဲပစ္ခ်လိုက္ရင္း မ်က္ရည္ဝဲမိသည္။ ထုိ႔္ေနာက္ ေငြမ်ားကုိ အိတ္ထဲမွျပန္ႏႈိက္ယူလိုက္ၿပီး ေၾကကြဲစို႔နင့္ေသာအသံျဖင့္...
"ကုိကို႔အတြက္ ဘာမွမလိုပါဘူး စြန္ရဲေလးရယ္။ ေနာက္ဆုိ ဒီလိုထပ္မလုပ္ပါနဲ႔။ စြန္ရဲေလး ဒီလိုပင္ပင္ပန္းပန္း႐ွာထားတာကို ကိုကိုက သံုးရက္မွာတဲ့လား။ ျပန္ယူသြားကြာ... ကုိကိုမလိုခ်င္ဘူး"
စြန္ရဲေလးလက္ထဲသုိ႔ ေငြမ်ားျပန္ထုိးထည့္ေပးလိုက္ၿပီး စံအိမ္ထဲသုိ႔ ေျခလွမ္းခပ္သြက္သြက္ျဖင့္ ထြက္သြားလိုက္သည္။ အမွန္တကယ္ေတာ့ မ်က္ဝန္းအိမ္တြင္ ေနရာယူေနၾကေသာမ်က္ရည္ဥတုိ႔ကုိ စြန္ရဲေလး မျမင္ေစလိုေသာေၾကာင့္ျဖစ္သည္။ သည္ေလာက္ပင္ သူ႔အဖုိ႔ေတြးသည့္ကေလးကုိ ဘယ္လိုနည္းမ်ဳိးႏွင့္ မည္သို႔မည္ပံုအျပစ္႐ွာၿပီး ႏွင္ထုတ္ႏုိင္ပါမည္နည္း။
"အေမာင္ ဒီကုိခဏ"
ဧည့္ခန္းထဲမွ ဦးမင္းေမာ္၏ေခၚသံေၾကာင့္ မႈိင္းရေဝမ်က္ရည္မ်ားကုိ ပုတ္ခတ္ဖံုးကြယ္လ်က္ ႐ုိ႔က်ဳိးစြာျဖင့္ ထုိလူ႔ေ႐ွ႕သုိ႔ေရာက္သြားလိုက္သည္။
"ဘာမ်ားအလို႐ွိလို႔ပါလဲ"
ဦးမင္းေမာ္သည္ ထုိင္ေနရာမွထလာၿပီး မႈိင္းရေဝပခံုးေပၚလက္တင္လိုက္သည္။
"ဒီလိုကြ။ ဦး မနက္ျဖန္ ၿမိဳ႕တက္ဖုိ႔႐ွိတယ္။ ႏွစ္ရက္ေလာက္ၾကာမွာဆုိေတာ့ လိုမယ့္ပစၥည္းေလးေတြ ထုပ္ပုိးေပးပါဦးကြယ္။ ေနာက္ၿပီး ဦးမ႐ွိတဲ့အခ်ိန္ ဒီအိမ္ကုိ မင္းဆီအပ္ခဲ့ပါတယ္။ မင္းက သခင္ေလးလုပ္ၿပီး ေစာင့္ေ႐ွာက္ထားေပါ့ ဟုတ္လား..."
ရယ္က်ဲက်ဲျဖင့္ေျပာပံုက မႈိင္းရေဝအား အိမ္ေစာင့္လုပ္ရန္ ေျပာျခင္းကိုေဖာ္ျပေနသည္။ စကားလွလွေတြ မည္သုိ႔ပင္သံုးေစဦးေတာ့၊ အတြင္းစိတ္ကို ေဖာက္ထြင္းျမင္ႏုိင္ေသာ သူ႔မ်က္လံုးႏွင့္အျပံဳးတုိ႔က စက္ဆုပ္ဖြယ္အတိ။
"ေကာင္းပါၿပီ ဦး။ အခုေရာ ဘာလုိအပ္ေသးလဲ ခင္ဗ်"
"ရၿပီ၊ ရၿပီ။ မနက္ျဖန္ ခရီးသြားမွာဆိုေတာ့ ဒီညမေသာက္ျဖစ္ေတာ့ဘူး။ အေမာင္ က်ဳပ္ဖုိ႔အျမည္းလုပ္ေပးစရာမလိုေတာ့ဘူးေပါ့"
"ဒါဆုိ ခြင့္ျပဳပါဦး ဦး"
ယဥ္ယဥ္ေက်းေက်းႏွင့္ပင္ ဦးမင္းေမာ္၏လက္ကုိ ဖယ္ခ်လ်က္ မီးဖုိေဆာင္သုိ႔ သူေလ်ွာက္သြားလိုက္သည္။ စြန္ရဲေလးေျပာသည့္အတုိင္း ဦးမင္းေမာ္ ၿမိဳ႕တက္ေတာ့ပါမည္တကား။ သုိ႔ေသာ္ အလုပ္ကိစၥခ်ည္းသီးသန္႔မျဖစ္ႏုိင္။ စြန္ရဲေလးကုိ သတ္ရန္အတြက္ ျပင္ဆင္စရာ႐ွိသည္မ်ား ျပင္ဆင္ဖုိ႔လည္းျဖစ္ႏုိင္သည္။ ထုိ႔အတြက္ သူ႔မွာရတက္မေအးႏုိင္ဘဲ စိုးရိမ္ေသာကလြန္ကဲလာသည္။ ဦးမင္းေမာ္ မ႐ွိသည့္ရက္အတြင္းမွာပင္ စြန္ရဲေလးထြက္သြားႏုိင္ဖုိ႔ လုပ္ရမည္။
တုိက္ဆုိုင္စြာပင္ ထုိအခ်ိန္၌ ႐ိုးမထဲ အမ်ဳိးသမီးတစ္ဦးႏွင့္ လူတစ္စုတုိ႔ ဝင္လာၾကၿပီျဖစ္သည္။
ဦးမင္းေမာ္ အိမ္မွထြက္သြားၿပီမၾကာမီ မႈိင္းရေဝႏွင့္စြန္ရဲေလးတုိ႔ မနက္စာအတူစားၾကသည္။ စြန္ရဲေလးသည္ မေန႔က ေငြေပးမိသည့္ကိစၥကုိမေျပာမိေအာင္ သတိထားေနသည္။ သူ႔စိတ္ထဲတြင္ မႈိင္းရေဝမႀကိဳက္ေသာအရာမ်ားကုိ အျမဲတေစ အမွတ္သညာထားၿပီး ေ႐ွာင္ၾကဥ္ေလ့႐ွိသည္။
"ကုိကုိတုိ႔ ခဏေန ရြာထဲသြားၾကရေအာင္။ အဲ့ဒီက မုန္႔လက္ေကာက္ မစားရတာၾကာၿပီမလား။"
"ဟုတ္တယ္ သခင္ေလး။ ဟုိလူႀကီး စေရာက္လာၿပီကတည္းက ဆုိပါေတာ့"
"သူ႔အေၾကာင္းကို သူမ႐ွိတုန္း ေမ့ထားလိုက္ပါ စြန္ရဲေလးရယ္။ စိတ္ပင္ပန္းမခံပါနဲ႔။ အခုခ်ိန္ ဒီအိမ္ရဲ႕သခင္ေလးဟာ ကိုကိုပဲ။"
"နဂုိကတည္းက သခင္ေလးပိုင္တဲ့ဟာပါ။ ဟုိလူယုတ္မာက ညစ္ပတ္ၿပီးသိမ္းထားတာ"
"ဪ...ေျပာေလပိုဆုိးေလပါလားကြာ။ ကဲကဲ မေျပာေတာ့ဘူး။
You are reading the story above: TeenFic.Net