Part 24

Background color
Font
Font size
Line height

Unicode

အမှောင်ထု၏ကြီးစိုးမှုအား ပံ့ပိုး​ပေးနေသောမိုးရေစက်များနှင့် အေးစက်သောလေထု။ လှပမှု၊ လွမ်းဆွတ်မှုနှင့် ကြောက်ရွံ့မှုတို့ ရောနှောနေသောအခြေအနေဟုဆိုလည်း မမှားနိုင်ပေ။

မိုးစက်တို့၏လှပမှုကို ကြောက်မက်ဖွယ်အမှောင်ထုက ကြီးစိုးပိတ်လှောင်ထားသော်ငြားလည်း အနိုင်ရသူက လွမ်းဆွတ်မှုပေသာ။ တဖြောက်ဖြောက်ကျနေသော မိုးစက်တို့၏ဂီတသံစဉ်ကို နားဆင်ရခြင်းက နှလုံးသားတစ်ခုလုံးကိုတုန်လှုပ်စေသည်။ သိမ်ငယ်စေပါသည်။ သို့သော်ငြားလည်း မငေးဘဲ၊ မဆွေးဘဲ၊ မတွေးဘဲမနေနိုင်ပါလေ။ သည်အဆွေးဒဏ်၊ အတွေးဒဏ်တွေကြောင့်ပင် ယခုလိုဘဝမျိုး၊ အခြေအနေမျိုးကို ရရှိခဲ့ခြင်းဖြစ်သည်မဟုတ်လား။

ချစ်ရသူ၏ရယ်သံလွင့်လွင့်၊ အပြုံးနုနုတို့ပျောက်ဆုံးသွားသော နေ့တစ်နေ့အကြောင်းပြန်စဉ်းစားမိပြီး နာကျင်နေသည့်နှလုံးသားအား မိုးရေစက်တို့ဖြင့်နူးနှပ်စေသည်။ ထိုမိုးရေစက်တို့ထက် ချစ်ရသူမျက်ဝန်းမှ မျက်ရည်စက်တို့က ပိုမိုပြင်းထန်စွာသော အပူနှင့်နာကျင်မှုကိုပေးသောအခါ မငိုနိုင်တော့သော မျက်ဝန်းများကြောင့် နှလုံးသားမှသွေးစိမ်းရှင်ရှင်ကျသလို ခံစားခဲ့ရဖူးသည်။

ထိုနေ့ကလည်း ယနေ့ကဲ့သို့ မိုးသည်းထန်စွာရွာနေခဲ့သည်ဆိုတာကို မှတ်မိသူကKiteတစ်ဦးတည်းဖြစ်မည်ပေသာ။ ချစ်ရသော လူသားငယ်နှင့်ပတ်သက်သည့် အရာအားလုံးသည် တကူးတကလိုက်လံပြီးမှတ်မိရန် ကြိုးစားနေစရာမလိုဘဲ မှတ်မိနေတာမျိုး​။

"K....Kite"

ပြတင်းပေါက်ဘေး၌ထိုင်လျက် ငေးရင်းမှ ညအိပ်ဝတ်စုံဝမ်းဆက်အပြာရောင်လေးအား ဝတ်ဆင်ပြီး ရေချိုးခန်းထဲမှတဆတ်ဆတ်တုန်လျက် ထွက်လာသောမင်းခွန်မှိုင်းအသံကြောင့် လှည့်ကြည့်မိသည်။ မင်းခွန်မှိုင်းမှာ နှုတ်ခမ်းများပင်ပြာပြီး သွေးမရှိသလိုဖြစ်နေချေပြီ။ ထို့နောက် ပင်ဂွင်းများလမ်းလျှောက်သလို ခြေလှမ်းစိပ်စိပ်၊ သွက်သွက်ဖြင့်လျှောက်ရင်း မွေ့ရာပေါ်ပစ်လှဲကာ စောင်ပုံကြားထဲဝင်ပြီးကာမှ စိတ်ကျေနပ်သွားဟန်ဖြင့်ပြုံးသည်။ နောက်ပြီး Kiteအားလှမ်းကြည့်ကာ ရယ်ကျဲကျဲလုပ်သည်။

"Kite...မင်းငါ့အတွက် ကော်ဖီလေးဖျော်မပေးချင်ဘူးလား"

"အင်း။ မဖျော်ပေးချင်ဘူး"

သူပြောသည်လုပ်မပေးဘဲ ချက်ချင်းငြင်းလိုက်သော Kite​ကြောင့် မင်းခွန်မှိုင်းမျက်နှာက ချက်ချင်းတင်းမာသွားသည်။ မိမိကတော့ သူ့ကိုအိမ်ပေါ်ခေါ်တင်ထားပေမဲ့ သူကတော့ မိမိအားကော်ဖီလေးပင်ဖျော်မပေးချင်။

"လုပ်စမ်းပါ Kiteရာ။ ငါချမ်းလို့ စောင်ထဲကမထွက်နိုင်တော့ဘူး"

"မင်းချမ်းအောင်ငါလုပ်တာလား။ မင်းဘာသာ ထွက်ပြေးလို့ ဖြစ်တာလေ။ အဲ့တော့ ကော်ဖီလည်း မင်းဘာသာသွားဖျော်"

ခိုင်းမရသော Kiteကြောင့် မင်းခွန်မှိုင်း စောင်ပုံကြားထဲခေါင်းမှောက်ချလိုက်မိသည်။ မိုးရေချိုးပြီးလျှင် စောင်ပုံထဲမှမထွက်ဘဲ​နေရသည့်အရသာကို Kiteကသိမည်မဟုတ်တော့ ဘယ်ကိုယ်ချင်းစာတတ်ပါလိမ့်မည်လဲ။ စောင်ပုံထဲကခဏထွက်လိုက်လျှင်ပင် အရသာပျက်ချေမည်။ ကော်ဖီမှုန့်ဘူးနှင့် ရေနွေးဘူးသည် မိမိအခန်းထဲ၌ အဆင်သင့်ရှိနေသည်ကိုပင် ထမယူချင်။ ထို့ကြောင့် Kiteကိုပင်အရခိုင်းရမည်။

"ကော်ဖီလေးဖျော်ရုံပဲကို မင်းကလည်း"

ညည်းညူရင်းခေါင်းအမော့၌ မျက်စိရှေ့ရောက်နေပြီဖြစ်သော ကော်ဖီခွက်ကြောင့် အပြုံးကြီးပြုံးလိုက်မိသည်။ ကော်ဖီခွက်အားမယူသေးဘဲ သူ့အားပြုံးပြုံးကြီး မော့ကြည့်နေသော မင်းခွန်မှိုင်းကို Kite​ပေ​စောင်း​စောင်းတစ်ချက်ကြည့်ပေးလိုက်တော့ သူက လျှာလေးတစ်လျစ်ထုတ်ကာ ပြောင်စပ်စပ်လုပ်ရင်း ခွက်ကိုယူလေသည်။ ထို့နောက် စောင်ကြီးပတ်ကာ ငုတ်တုတ်ထိုင်ရင်း ကော်ဖီတစ်ငုံသောက်ပြီး လောကစည်းစိမ်အား အပြည့်အဝခံစားလိုက်သည်။

Kiteကော်ဖီဖျော်သည်မှာ မဆိုးဟုဆိုရမည်။ ကိုသာ့လက်ရာကိုမမီပေမဲ့ သောက်ကောင်းပါသည်။ နောက်တစ်ငုံထပ်သောက်ရင်း ဘေး၌လက်ကြီးပိုက်လျက် ငြိမ်သက်စွာထိုင်နေသော Kiteအားမသိမသာတစ်ချက်ခိုးကြည့်မိသည်။ မသိအောင်ခိုးကြည့်မိပါသော်လည်း ဆဋ္ဌမအာရုံကောင်းသော Kiteကြောင့်မျက်လုံးချင်းတန်းဆုံလေသည်။  ထို့ကြောင့် အကြည့်ပြန်လွှဲပြီး ကော်ဖီကိုကမန်းကတမ်း ငုံ့သောက်မိသည့်အခါ ကော်ဖီသီးပြန်သည်။

"အဟွတ်...အဟွတ်...အမေ့...."

Kiteသည်ချက်ချင်းပင် မင်းခွန်မှိုင်းလက်ထဲက ကော်ဖီခွက်ကိုယူပြီး စားပွဲပေါ်ပြေးတင်ကာ အနားသို့ပြန်ရောက်လာပြီး ကျောကုန်းအားအသာအယာပွတ်သပ်ပေးသည်။

"မင်းခွန်မှိုင်းရယ်။ မင်းကလေ တကယ့်အရှုပ်ကွာ။ အသက်ကို ဖြည်းဖြည်းရှူ။ ရလား...ရေသောက်မလား"

"ရပြီ ရပြီ"

ပြန်ဖြေရင်းကျောကုန်းပေါ်မှ Kiteလက်အား အသာအယာဖယ်ထုတ်လိုက်ပြီး စောင်ကိုကိုယ်တစ်ခုလုံး၌ တင်းကျပ်စွာပတ်နှောင်လိုက်သည်။

အလွန်အေးနေ၍မဟုတ်၊ Kiteနှင့်ထိမိတိုင်း လှုပ်ရှားနေသောအရာကြောင့် မထိမိအောင်ရှောင်ခြင်းဖြစ်သည်။ ဤသည်ကို Kiteကတော့သိပုံမပေါ်ဘဲ ရေစို​နေ​သော​ကြောင့် နဖူးအဖျား၌ အမြောင်းလိုက်ကျနေသည့် ဆံပင်များကို လှမ်းကိုင်ဖို့ကြိုးစားသဖြင့် ဆတ်ခနဲနောက်ကိုတွန့်လိုက်မိတော့ Kiteက မျက်လုံးခပ်မှေးမှေးဖြင့် လူကိုကြည့်လာသည်။ ထို့နောက် နှုတ်ဖြင့်စကားနာထိုးသည်။

"ဘာလဲ။ မင်းကိုထိတာမကြိုက်တာလား။ ရတယ်လေ။ မထိဘူး"

Kiteကအပြောဖြင့်အလုပ်ညီစွာ အနားမှခွာပြီး ပြတင်းပေါက်နားမှ ခုံတွင်ပြန်သွားထိုင်သည်။ ဤသို့သွားထိုင်တော့လည်း မင်းခွန်မှိုင်းမနေတတ်ပြန်။ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လို့ဘာဖြစ်ချင်မှန်းလည်း မသိတော့ချေ။

စောင်ခြုံလျက်သား ခုတင်ပေါ်မှဆင်းပြီး ရှေ့၌ငိုမဲ့မဲ့မျက်နှာဖြင့် လာရပ်သောမင်းခွန်မှိုင်းအား Kiteမျက်ကွယ်မပြုနိုင်။ အချိုးမပြေတာမှန်ပေမဲ့ ဂျစ်တစ်တစ်အပြုအမူ၌ ချစ်စရာအရိပ်အယောင်တွေသမ်းနေတော့ ခက်ပါ၏။

"Kite မင်းကလည်း။ စိတ်ပဲဆိုးနေတာ။ မိန်းမကြီးကျနေတာပဲ။"

Kiteသည် မင်းခွန်မှိုင်းအား ခပ်ဆတ်ဆတ်မော့ကြည့်ပြီး ပြုံးလိုက်မိသည်။ လူဆိုးလေးသည် မသိမသာကလေးဆန်နေတော့ သည်နတ်ဆိုးက ဘယ်ခံနိုင်ပါ့မည်နည်း။ သက်ပြင်းကိုတစ်ချက်ရှိုက်ရင်း ပညာနည်းနည်းပေးဖို့တွေးလိုက်သည်။

"ငါ့ကိုစိတ်ဆိုးပြေစေချင်လား"

မင်းခွန်မှိုင်းသည် မျက်နှာကိုမချေမငံမဲ့တဲ့တဲ့လုပ်ရင်း လွှဲသွားပြီးကာမှခေါင်းပြန်ညိတ်သည်။

"ဒါဆိုရင် မနက်ဖြန်တစ်ရက်လောက် ငါပြောသလို နေပေးမလား"

လေသံအေးအေးဖြင့်Kiteပြောပုံက ကြက်သီးထဖွယ်ကောင်းသည်မို့ မင်းခွန်မှိုင်း နောက်ပြန်ခြေလှမ်းစိပ်စိပ်ဆုတ်လိုက်ပြီး လက်ညှိုးကြီးထထိုးလေသည်။

"မင်းငါ့ကိုမဟုတ်တာ မကြံနဲ့နော်။ မင်းကို ငါပြန်ခေါ်ထားတယ်ဆိုတိုင်း အနိုင်မကျင့်နဲ့။ ငါရဲတိုင်မှာနော်"

တစ်ထွာလောက်ပြလျှင် တစ်တောင်မက တစ်မိုင်လောက်အထိ ဝေးဝေးမြင်သောမင်းခွန်မှိုင်းကြောင့် Kiteသက်ပြင်းရှည်ကြီးကို အသာချမိ​တော့သည်။ မင်းခွန်မှိုင်းကတော့ Kiteအားမယုံသောမျက်လုံးများဖြင့် မျက်ခုံးတန်းများ​ကွေးညွတ်၍စိုက်ကြည့်နေသည်။ ထို့ကြောင့် Kiteထိုင်နေရာမှထရပ်လိုက်ပြီး မင်းခွန်မှိုင်းရှေ့တည့်တည့်ပိတ်ရပ်ကာ ခေါင်းအနည်းငယ်စောင်းရင်း မျက်လုံးတည့်တည့်စိုက်ကြည့်တော့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ အကြည့်ကိုလွှဲရန်ကြိုးစားသည်။

"မင်းခွန်မှိုင်း..မင်း​ခေါင်း​လေးက​လေ၊ ထင်မှတ်မထား​လောက်​အောင် ညစ်ပတ်​နေတာပဲ။ ငါပြောတာကို ဆုံးအောင်နားထောင်။ မင်းက ဖြစ်ချင်တာပဲ စွတ်မတွေးနဲ့"

"ငါကဘာတွေးလို့လဲ"

သူဘာမှမသိမလိုပုံစံဖြင့် ပေစောင်းစောင်းပြန်ကြည့်ပုံကြောင့် Kiteရယ်ချင်စိတ်ကိုအသာထိန်းလိုက်ရသည်။ မတွေ့ရတဲ့ရက်အတွင်းတွင် အမှန်တကယ်ကို ချစ်ဖို့ကောင်းလာသည့် မင်းခွန်မှိုင်းပါလေ။ ဂျစ်တစ်တစ်လေးဖြစ်ဖြစ်၊ ပြောင်စပ်စပ်လေးဖြစ်ဖြစ်၊ အေးအေးငြိမ်ငြိမ်ပုံစံလေးဖြစ်ဖြစ် သူနှင့်ကအကုန်လုံးကြည့်ကောင်းပါလေသည်။ ဤသည်ထဲမှ Kiteပြန်မြင်ချင်သည့် ပုံစံလေးတစ်ခုကို တောင်းဆိုမိသည်။

"မနက်ဖြန်တစ်ရက်လောက် ဘယ်သူ့ကိုမှမဆဲမဆိုဘဲ ၊ ကိုယ်ထိလက်ရောက်မလုပ်ဘဲ ငြိမ်ငြိမ်လေးနေပေးပါလား။ ပြီးတော့လေ..."

Kiteကလေသံကိုဆွဲပြီး မင်းခွန်မှိုင်းပါးလေးနှစ်ဖက်ကို အသာဖျစ်လိုက်သည်။

"ဟောဒီ မျက်နှာကြီးကမဲ့ရွဲ့မ​နေဘဲ ပြုံးပြုံးလေးနေပေး။ စကားကိုချိုချိုသာသာနဲ့ ဖြည်းဖြည်းတိုးတိုးပြော။"

မင်းခွန်မှိုင်း ပူလောင်ရဲတက်လာသောမိမိမျက်နှာအား Kiteမမြင်စေရန် Kiteလက်ကိုဖယ်ချပြီး ခေါင်းငုံ့လိုက်သည်။ ပြီးမှ အကြောတင်းစွာဖြင့် မူမပျက်ပြန်ပြောရသည်။

"ငါက ဘာကိစ္စ မင်းခိုင်းတိုင်းလုပ်ရမှာလဲ။"

"တကယ်ပဲ တစ်ရက်လောက် နေပေးလို့မရဘူးလား မင်းခွန်မှိုင်းရယ်။ ငါတကယ်မင်းကိုတည်တည်ငြိမ်ငြိမ်နဲ့ မြင်ဖူးချင်လို့ပါ။"

Kiteအပြောကြောင့် မင်းခွန်မှိုင်းနှာခေါင်းရှုံ့လိုက်မိသည်။

"ဟင်း...မင်းအပြောကြီးကလည်း မသိရင် ငါကယွထနေတာကျနေတာပဲ"

ပြောချင်သည့်စကားကို အဓိပ္ပါယ်ကောက်လွဲနေသော မင်းခွန်မှိုင်းအား စိတ်မရှည်စွာခပ်တင်းတင်းကြည့်လိုက်သည်။

"ငါပြောချင်တာက မင်းအခုလို ကန့်လန့်တိုက်တာတွေ၊ ဘုကြည့်ကြည့်တာတွေမလုပ်ဘဲ မင်းအစ်ကို ကိုသာ့လိုလေးတစ်ရက်လောက်နေကြည့်ပါလားလို့ပြောတာ။ ဘယ်လောက်အေးချမ်းလဲ မင်းနေဖူးရင်သိလိမ့်မယ်"

"မအေးချမ်းနိုင်ပါဘူး။ ကိုယ့်ဘဝကိုယ် ကိုယ့်စိတ်ကြိုက်မနေဘဲ တခြားသူအကြိုက်လိုက်ပြုပြင်တာမျိုး ၊ လိုက်တုပရတာမျိုးက အရမ်းစိတ်ကျဉ်းကြပ်တာ။ ငါကငါ့လက်ရှိဘဝမှာ ငါပျော်သလိုနေမယ်။ နောက်ပြီး ငါ့လက်ရှိဘဝဆိုတာကလည်း ဆယ့်နှစ်ရက်ပဲကျန်တော့တာမလား...အဟား..."

ခပ်သဲ့သဲ့ရယ်သံသည် Kiteအားနာကျင်စေသည်ဆိုတာကို မင်းခွန်မှိုင်းမသိခဲ့။ မင်းခွန်မှိုင်းပခုံးတစ်ဖက်အား တင်းကျပ်စွာဆုပ်ကိုင်ရင်းမှ နှုတ်ခမ်းတွန့်ရုံပြုံးရင်း...

"မင်းအတွက်၁၂ရက်ဆိုတာက ငါ့အတွက်၁၂ရက်နဲ့တူတူပါပဲ။"

"ဘာလဲ။ ငါသေရင်မင်းမှမသေတာ။"

"အင်း မင်းပြောတာမှန်ပါတယ်"

လေသံခပ်လျော့လျော့ဖြင့် ပြန်ဖြေသောKiteကိုကြည့်ရင်း မင်းခွန်မှိုင်းခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။

"Kite...

တကယ်လို့လေ။ ငါသာမသေရင် မင်းကရော။ မင်းကရောဘာဖြစ်မှာလဲ။ ငါ့နားမှာပဲရှိမှာလား။ ငါမင်းကိုမမြင်ရတော့ဘဲနေမှာလား"

မျှော်လင့်ချက်ရောင်ခြည်သမ်းလာသော မေးခွန်းကြောင့် Kiteကျေနပ်စွာပြုံးလိုက်သည်။ နောက်ဆုံးတော့ လူသားငယ်သည် အသက်ဆက်ရှင်ဖို့ရာ မျှော်လင့်ချက်ထားနေပေပြီ။

"မင်းငါ့ကိုချစ်နိုင်တဲ့နေ့ကျရင် ပြောပြမယ်"

"မင်းကလည်း တစ်စိတ်ရှိ ဒါနဲ့ပဲကိုင်ပေါက်နေတော့တာပဲ။ ငါကသိချင်လို့မေးတာကို"

"တကယ်သိချင်တာလား"

မင်းခွန်မှိုင်း တုံ့ဆိုင်းမှုမရှိခေါင်းညိတ်မိသည်။

"ဒါဆိုရင် မင်းငါပြောသလို မနက်ဖြန်တစ်ရက်လုံးနေပေး။ နေနိုင်ရင်ပြောပြမယ်။ ဒါပေမဲ့ တစ်ခုခုကျိုးပေါက်သွားတာနဲ့ မရတော့ဘူးနော်။ ဘယ်လိုလဲ သဘောတူလား"

မင်းခွန်မှိုင်းအနည်းငယ်စဉ်းစားပြီးမှ သဘောတူလိုက်သည်။ Kiteနှင့်ပတ်သက်ပြီး သိချင်တာသိရဖို့အတွက် တစ်ရက်လောက်တည်ငြိမ်ပြဖို့ကတော့ လုပ်နိုင်ရမည်။

"ဒါဆိုအခုအိပ်တော့။ မနက်ကျအလုပ်သွားရမှာမလား"

"နေပါဦး။ ငါAnimeကြည့်ဦးမယ်"

"မကြည့်ရဘူး။ မင်းမျက်နှာမင်းမှန်ထဲကြည့်ကြည့်ဦး။ မျက်လုံး​တွေက မျက်လုံးနဲ့မတူ​တော့ဘူး။ အဝီစိတွင်းထဲကျနေတဲ့ ကြက်ဥပုံစံဖြစ်နေပြီ။ ညိုမည်းပြီးဘာမှမမြင်ရတော့ဘူး။ အခုအိပ်တော့"

"တစ်ပိုင်းတည်းကွာ"

"တော်စမ်း။ မင်းရဲ့တစ်ပိုင်းတစ်ပိုင်းဆိုတာ မိုးလင်းပေါက်အထိပဲ။ အိပ်တော့။ အရစ်မရှည်နဲ့။ မင်းသိချင်တာ ငါမပြောဘဲ နေလိုက်မှာ"

"အကျင့်မပုတ်နဲ့ Kiteရာ။ မင်းနဲ့ငါအပေးအယူလုပ်ထားတာ မနက်ဖြန်မှစမှာလေကွာ"

"အိပ်လိုက်ပါ မင်းခွန်မှိုင်းရယ်။ မင်းမျက်နှာကြီးက နတ်ဆိုးတိုင်းပြည်က တံခါးစောင့်တဲ့မိစ္ဆာကြီးထက် ကြောက်ဖို့ကောင်းနေပြီ။"

"ငါအဲ့​လောက်ရုပ်ဆိုး​နေပြီလား"

လက်မှိုင်ချပြီးပြောပုံက ရယ်ချင်စဖွယ်....။

"အင်း...အတော်ဆိုးနေပြီ။"

"ငါထင်တာတော့ အဲ့လောက်မဆိုးဘူးလားလို့။ မျက်ကွင်းညိုနေတာတောင် ကြည့်ကောင်းပါသေးတယ်ကွ"

ဖုန်းကင်မရာ၌ မိမိမျက်နှာမိမိပြန်ကြည့်ရင်း ဂုဏ်ယူနေသော မင်းခွန်မှိုင်းပါလေ။ Kiteစိတ်မရှည်တော့သောကြောင့် မင်းခွန်မှိုင်းအားအိပ်ရာပေါ်လှဲချစေပြီး စောင်ကိုမျက်နှာအထိတက်ခြုံပေးလိုက်သည်။

"စကားတွေမရှည်ဘဲ အိပ်လိုက်တော့"

မင်းခွန်မှိုင်းပြိုင်မငြင်းသာတော့ဘဲ အိပ်ရပါတော့သည်။ တစ်သက်လုံး အားလုံးကိုနိုင်စားလာသမျှ Kiteနှင့်မှ ခဏခဏရှုံးသည်။ စကားနိုင်လုမရအောင်ကို Kiteကစကားတတ်သည်။ မင်းခွန်မှိုင်းကိုယ်တိုင်ကိုယ်က နာခံချင်နေမိတာလည်း ပါမည်ထင်ပါရဲ့။ Kiteနှင့်အဆင်ပြေပြေနေချင်သောစိတ်သည် ဘယ်အချိန်ကတည်းက ဝင်လာသလဲဆိုတာ မင်းခွန်မှိုင်းမသိချေ။

ကိုယ်တိုင်ပင် မသိလိုက်သော ပြောင်းလဲခြင်းများအတွက် ထောက်ပံ့သူမှာ မည်သည့်အရာပါနည်း။ လူတစ်ယောက်၏စရိုက်ပုံစံကို ပြောင်းလဲစေသောအရာမှာ ပုံဖော်၍မရ။ တပ်စရာခေါင်းစဉ်ကို ရှာကြည့်မိတော့လည်း မတွေ့သေး။

သို့မဟုတ် တွေ့လျက်၊ သိလျက်နှင့် မသိချင်ယောင်ဆောင်နေမိခြင်းလည်း ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ ဤသည်ကိုတော့ မင်းခွန်မှိုင်းသာ သိပေလိမ့်မည်သာ....။

'အိပ်မက်​လေး​တွေလှပပါ​စေ ကိုယ့်လူသားငယ်'

နှလုံးသားမှပြုသောဆန္ဒမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသော လူသားငယ် မသိနိုင်ချေ။ နိုးနေလျှင်လည်း သိမည်မဟုတ်ချေ။ ဤလူသားငယ်သည် ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်သည့် တစ်ကိုယ်ကောင်းလေးမဟုတ်လား။ အပြစ်လည်းမဆိုသာပါလေ။ တစ်ချိန်က နှလုံးသားထဲ စွဲနင့်ဖူးသည့်အမူအရာ၊ အကျင့်စရိုက်တို့ တစိုးတစိမျှ မရှိတော့သော်ငြားလည်း သူဖြစ်နေသည်မို့ကို မြတ်နိုးရပါသည်။ ချစ်ရပါသည်​လေ။

************************************

စိုစိစိလမ်းမထက်က ခုံတန်းလျားလေးတစ်ခု၌ ဦးထုပ်ကြီးငိုက်စိုက်ဆောင်း၊ maskအမည်းရောင်ကြီးတပ်ကာ ရုပ်ဖျက်ပြီး တစ်စုံတစ်ယောက်အား ထိုင်စောင့်နေသည့်ငစိုင်း။

နာရီကိုတစ်ချက်ပြန်ကြည့်တော့ မနက်၆နာရီထိုးချေပြီ။ ယခုအချိန်ဆိုလျှင် ကိုသာ ထိုလမ်းမထက်သို့ ရောက်သင့်ပြီဖြစ်သည်။ သို့သော် ယနေ့၌ အရိပ်အယောင်ပင်မတွေ့ရသေးပေ။ မနက်ခင်းတိုင်း အပြေးလေ့ကျင့်သော ကိုသာ့အား ငစိုင်း ဤနေရာမှအမြဲလာ၍ကြည့်ဖြစ်သည်။ ဂျင်းအင်္ကျီအထူကြီးဝတ်၊ ဦးထုပ်ကြီးငိုက်စိုက်စောင်းကာ မသိမသာလိုက်ချောင်းတတ်သည်မို့ ကိုသာရိပ်မိမည်မထင်။ ငစိုင်း ဤသို့လိုက်ချောင်းနေသည်မှာပင် တစ်နှစ်လောက်ရှိပြီမဟုတ်လား။

ကိုသာသည်နေ့တိုင်းလိုလို အပြေးလေ့ကျင့်တတ်ပေမဲ့ တစ်ခါတရံ မတွေ့ရသည့်ရက်များရှိသည်။ ထိုရက်များမှာ ငစိုင်းခရီးသွားရသည့်နေ့များနှင့် ကိုသာအပြေးမလေ့ကျင့်သော နေ့များဖြစ်သည်။ ယနေ့တော့ ကိုသာထွက်မလာတော့ဘူးထင်ပါရဲ့။ မနေ့ညက မိုးရွာထားသည့်အတွက် အိပ်ကောင်းနေခြင်းဖြစ်မည်။ မတွေ့ရသော်လည်း ကိုသာနှစ်နှစ်ခြိုက်ခြိုက်အိပ်နေသည်ဟု ဖြည့်တွေးကာ ကျေနပ်ရသည်။

အချိန်အားဖြင့် ၆နာရီခွဲချေပြီ။

ကိုသာ့အားမတွေ့ရဘဲ စတင်ရမည့်နေ့တစ်နေ့အတွက် သက်ပြင်းတစ်ချက်ရှိုက်ကာအားတင်းရင်း ထိုင်ရာမှ ထပြီး အသက်ရှူ​ချောင်​စေရန် maskကိုချွတ်လိုက်သည်။ စိတ်ရှုပ်ရှုပ်ဖြင့် ဦးထုပ်ကိုပါဆွဲချွတ်ကာ နဖူး၌ဖွာကျနေသော ဆံပင်များအားသပ်တင်ပြီး ဦးထုပ်ကိုပြန်ဆောင်းဖို့ဟန်အပြင် မိမိထံအပြုံးနုနု​လေးသယ်​ဆောင်လျက် ပြေးလာသောကိုသာကြောင့် မျက်လုံးများပင်ပြူးသွားမိသည်။

ကိုသာနှင့်မျက်နှာချင်းဆိုင်ဆုံပြီမို့ ရှောင်ထွက်၍လည်းမရတော့ပြီ။ ထို့ကြောင့် ဆင်ခြေတစ်ခုပေးရန်သာ ကြိုးစားရတော့မည်။ ကိုသာသည် ငစိုင်းရှေ့၌အသာရပ်ပြီး ခေါင်းကြီးငုံ့ထားသောငစိုင်းအား မျက်မှောင်လေးတစ်ချက်ကြုတ်ကာကြည့်လေသည်။

"အဝေးကနေ လှမ်းမြင်တာ စိုင်းလေးနဲ့တူပါတယ်လို့။ တကယ်စိုင်းလေးပဲ။"

ငစိုင်း မဝံ့မရဲသွားလေးစိကာ ပြုံးရင်းခေါင်းကုတ်မိသည်။

"ဟုတ်တယ် ကိုသာ။ ပြေးရင်းမောလို့ ခဏထိုင်နေတာ"

"စိုင်းလေးကရော မနက်ခင်းလေ့ကျင့်ခန်းလုပ်တာလား။ ကိုသာ့ကိုပြောတာမဟုတ်ဘူး။ အတူတူလေ့ကျင့်ခန်းလုပ်ရင် ပျော်ဖို့ကောင်းမှာ"

"ခင်ဗျာ"

အဓိပ္ပါယ်နှစ်ခွထွက်သောစကားတွင် ငစိုင်းတို့ကလိုရာဆွဲတွေးပြီး ခင်ဗျာဟုပင် ယောင်ယမ်းထွက်လိုက်မိသည်။ ကိုသာက​တော့​အေး​အေးလူလူဖြင့် ပြန်ဖြေရှင်းလေသည်။

"ကိုသာပြောတာက နှစ်ယောက်ဆို စကားလည်းပြောလို့ရတယ်လေ။ အဲ့တော့မပျင်းရတော့ဘူး။ ပျော်ဖို့ကောင်းတာပဲလေ။ မဟုတ်ဘူးလား"

"အာ...ဟုတ်ပါတယ် ကိုသာ"

ငစိုင်းကိုယ့်ဘာသာအဓိပ္ပါယ်မှားကောက်ပြီး စိတ်ထဲခိုးလိုးခုလုဖြစ်နေပြန်သည်။ ကိုသာသည် မိမိနှင့်အတူရှိရသည်ကို ပျော်သည်ဟုတွေးကာ ကျေနပ်သွားမိသည်ကတော့အမှန်ပင်။

"ကိုသာ ဒီနေ့နောက်ကျတယ်နော်"

အလိုက်ကမ်းဆိုးမသိ​သောပါးစပ်က လွှတ်ခနဲထွက်သွားသောစကားကြောင့် ငစိုင်းပါးစပ်ကိုအချိန်မီမပိတ်လိုက်နိုင်။ ကိုသာသည် သက်ပြင်းလေးချရင်း လမ်းမထက်တစ်ချက်ငေးသည်။ ပြီးမှ ငစိုင်းအားကြည့်လာပြီး...

"လမ်းကစိုစိစိနဲ့ဆိုတော့ ချော်လဲမှာစိုးလို့ ဖြည်းဖြည်းချင်းပြေးလာတာ။ အဲ့တာကြောင့် နောက်ကျသွားတာ။ နေစမ်းပါဦး။ ကိုသာ ဒီနေ့နောက်ကျတာ စိုင်းလေးဘယ်လိုသိလဲ။"

ကိုသာရိပ်မိသွားပြီဖြစ်သောကြောင့် ငစိုင်းနေရခက်သွားသည်။ မည်သို့ပြန်ဖြေလျှင်ကောင်းမည်နည်းဟု အကြံထုတ်သော်လည်း ဦးခေါင်းကစကားလုံးတစ်လုံးမှ ထုတ်မပေးချေ။ ကိုသာကလည်း မိမိအားသံသယမျက်လုံးများဖြင့် ကြည့်နေ၍ ငစိုင်းပါးစပ်ထဲတွေ့ရာပြောရတော့သည်။

"ဒီ..ဒီအတိုင်း ခန့်မှန်းကြည့်လိုက်တာပါ"

ကပေါက်တိကပေါက်ချာနိုင်သော ငစိုင်းအဖြေကြောင့် ကိုသာနောက်တစ်ကြိမ်မျက်မှောင်ကြုတ်သွားပြန်သည်။ ထို့နောက် ပြုံးတုံ့တုံ့ဖြင့် ပြန်ပြောပုံကြောင့် ငစိုင်းခေါင်းမွေးများ ထောင်သွားရသည်။

"ဟုတ်လို့လား။ ကိုသာ့နောက်ကိုလိုက်ပြီး စတော်ကာ(stalker)လုပ်နေတာတော့ မဟုတ်ပါဘူးနော်"

​ပြောရင်းလူအားစိုက်ကြည့်လာပြန်သည်။ ငစိုင်းခမျာ မျက်လုံးချင်းဆုံမိလျှင် မိမိစိတ်လှုပ်ရှား​နေသည်ကို ရိပ်မိသွားမည်စိုး​သော​ကြောင့် ဟိုကြည့်သည်ကြည့်လုပ်​နေမိသည်။ ငြိမ်ကျသွားသော ငစိုင်းပခုံးအား ကိုသာကအသာပုတ်လေပြီး...

"ကိုသာက စတာပါ။ ကဲလာ...ဒီနားမှာ ရှမ်းခေါက်ဆွဲဆိုင်ကောင်းကောင်းရှိတယ်။ သွားရအောင်။ ကိုသာဝယ်ကျွေးမယ်"

ထိုမှသာပင် ငစိုင်းစိတ်သက်သာရာရပြီး သက်ပြင်းချနိုင်သည်။ ဤသို့ စိတ်သက်သာရာရသွားပုံအား ကိုသာသတိထားမိသွားသေးလားဆိုတာကိုတော့ ငစိုင်းမတွေးမိခဲ့...။

"အဟက်..."

ဘေးချင်းအတူတူယှဉ်လျှောက်ရင်းမှ နှုတ်ခမ်းပါးထက် လက်သီးဆုပ်လေးအုပ်ကာ ရယ်လိုက်သောကိုသာကြောင့် ငစိုင်းကြောင်တောင်တောင်ဖြစ်သွားပြီး ပြူးတူးတူးကြည့်မိတော့ ကိုသာကခပ်ပြုံးပြုံးလေးလုပ်ပြန်သည်။

"ကိုသာ ဘာတွေသဘောကျနေတာလဲ"

သိချင်စိတ်ကိုထိန်းမရသောကြောင့် မေးမိတော့ ကိုသာကခေါင်းလေးအသာယမ်းသည်။

"ဘာရယ်မဟုတ်ပါဘူး။ ဒီအတိုင်းပဲ။"

ပြောရင်းပြုံးပြန်သော ကိုသာကြောင့် ငစိုင်းမှာ နားမလည်ဖြစ်ရသည်။ ကိုသာ့စိတ်ထဲတွင် ဘာတွေတွေးနေ၊ ဘာတွေရှိနေလဲဆိုသည်က ခန့်မှန်းရခက်ပါပေသည်။

ရိုးရှင်းလှသည်ဆို​သောအရာတိုင်းက ပိုပြီးနားလည်ဖို့ ခက်ခဲသည့်သဘောရှိနေတတ်သည်။ လူတိုင်းအပေါ်ကြင်နာတတ်ပြီး အချိုသာဆုံးသောအပြုံးအား စွန့်ကြဲတတ်သောကိုသာသည် မိမိအပေါ် မည်သို့သဘောထားသလဲဆိုသည်ကလည်း ခန့်မှန်းနိုင်ဖို့မဖြစ်နိုင်ချေ။ ကိုသာ့ရင်ခုန်သံကို ခန့်မှန်းဖို့ကလည်းမလွယ်ပါလေ။

ငစိုင်းဆိုသောလူက ကိုသာ့အားငေးကြည့်တတ်တာကလွဲပြီး တခြားအရာများ၌ ထုံထိုင်းလွန်းသူရယ်ပါ။ မည်သည့်အရာမှ မတတ်နိုင်တာမို့ ဆက်ငေးကြည့်​နေရုံပေသာ....။

Thanks For Reading

BGM-Crush(Shwe Htoo)


Zawgyi

အေမွာင္ထု၏ႀကီးစုိးမႈအား ပံ့ပိုးေပးေနေသာမုိးေရစက္မ်ားႏွင့္ ေအးစက္ေသာေလထု။ လွပမႈ၊ လြမ္းဆြတ္မႈႏွင့္ ေၾကာက္ရြံ႕မႈတုိ႔ ေရာေႏွာေနေသာအေျခအေနဟုဆုိလည္း မမွားႏုိင္ေပ။

မုိးစက္တုိ႔၏လွပမႈကို ေၾကာက္မက္ဖြယ္အေမွာင္ထုက ႀကီးစုိးပိတ္ေလွာင္ထားေသာ္ျငားလည္း အႏုိင္ရသူက လြမ္းဆြတ္မႈေပသာ။ တေျဖာက္ေျဖာက္က်ေနေသာ မုိးစက္တုိ႔၏ဂီတသံစဥ္ကုိ နားဆင္ရျခင္းက ႏွလံုးသားတစ္ခုလံုးကိုတုန္လႈပ္ေစသည္။ သိမ္ငယ္ေစပါသည္။ သို႔ေသာ္ျငားလည္း မေငးဘဲ၊ မေဆြးဘဲ၊ မေတြးဘဲမေနႏုိင္ပါေလ။ သည္အေဆြးဒဏ္၊ အေတြးဒဏ္ေတြေၾကာင့္ပင္ ယခုလိုဘဝမ်ဳိး၊ အေျခအေနမ်ဳိးကုိ ရ႐ွိခဲ့ျခင္းျဖစ္သည္မဟုတ္လား။

ခ်စ္ရသူ၏ရယ္သံလြင့္လြင့္၊ အျပံဳးႏုႏုတုိ႔ေပ်ာက္ဆံုးသြားေသာ ေန႔တစ္ေန႔အေၾကာင္းျပန္စဥ္းစားမိၿပီး နာက်င္ေနသည့္ႏွလံုးသားအား မိုးေရစက္တုိ႔ျဖင့္ႏူးႏွပ္ေစသည္။ ထိုမိုးေရစက္တုိ႔ထက္ ခ်စ္ရသူမ်က္ဝန္းမွ မ်က္ရည္စက္တုိ႔က ပုိမုိျပင္းထန္စြာေသာ အပူႏွင့္နာက်င္မႈကိုေပးေသာအခါ မငုိႏုိင္ေတာ့ေသာ မ်က္ဝန္းမ်ားေၾကာင့္ ႏွလံုးသားမွေသြးစိမ္း႐ွင္႐ွင္က်သလို ခံစားခဲ့ရဖူးသည္။

ထုိေန႔ကလည္း ယေန႔ကဲ့သုိ႔ မုိးသည္းထန္စြာရြာေနခဲ့သည္ဆုိတာကို မွတ္မိသူကKiteတစ္ဦးတည္းျဖစ္မည္ေပသာ။ ခ်စ္ရေသာ လူသားငယ္ႏွင့္ပတ္သက္သည့္ အရာအားလံုးသည္ တကူးတကလိုက္လံၿပီးမွတ္မိရန္ ႀကိဳးစားေနစရာမလိုဘဲ မွတ္မိေနတာမ်ဳိး​။

"K....Kite"

ျပတင္းေပါက္ေဘး၌ထုိင္လ်က္ေငးရင္းမွ ညအိပ္ဝတ္စံုဝမ္းဆက္အျပာေရာင္ေလးအား ဝတ္ဆင္ၿပီး ေရခ်ဳိးခန္းထဲမွတဆတ္ဆတ္တုန္လ်က္ ထြက္လာေသာမင္းခြန္မႈိင္းအသံေၾကာင့္ လွည့္ၾကည့္မိသည္။ မင္းခြန္မႈိင္းမွာ ႏႈတ္ခမ္းမ်ားပင္ျပာၿပီး ေသြးမ႐ွိသလိုျဖစ္ေနေခ်ၿပီ။ ထုိ႔ေနာက္ ပင္ဂြင္းမ်ားလမ္းေလ်ွာက္သလို ေျခလွမ္းစိပ္စိပ္၊ သြက္သြက္ျဖင့္ေလ်ွာက္ရင္း ေမြ႔ရာေပၚပစ္လွဲကာ ေစာင္ပံုၾကားထဲဝင္ၿပီးကာမွ စိတ္ေက်နပ္သြားဟန္ျဖင့္ျပံဳးသည္။ ေနာက္ၿပီး Kiteအားလွမ္းၾကည့္ကာ ရယ္က်ဲက်ဲလုပ္သည္။

"Kite...မင္းငါ့အတြက္ ေကာ္ဖီေလးေဖ်ာ္မေပးခ်င္ဘူးလား"

"အင္း။ မေဖ်ာ္ေပးခ်င္ဘူး"

ေတာင္းဆုိမႈကုိလုပ္မေပးဘဲ ခ်က္ခ်င္းျငင္းလိုက္ေသာ Kite​ေၾကာင့္ မင္းခြန္မႈိင္းမ်က္ႏွာက ခ်က္ခ်င္းတင္းမာသြားသည္။ မိမိကေတာ့ သူ႔ကုိအိမ္ေပၚေခၚတင္ထားေပမဲ့ သူကေတာ့ မိမိအားေကာ္ဖီေလးပင္ေဖ်ာ္မေပးခ်င္။

"လုပ္စမ္းပါ Kiteရာ။ ငါခ်မ္းလို႔ ေစာင္ထဲကမထြက္ႏုိင္ေတာ့ဘူး"

"မင္းခ်မ္းေအာင္ငါလုပ္တာလား။ မင္းဘာသာ ထြက္ေျပးလို႔ ျဖစ္တာေလ။ အဲ့ေတာ့ ေကာ္ဖီလည္း မင္းဘာသာသြားေဖ်ာ္"

ခိုင္းမရေသာ Kiteေၾကာင့္ မင္းခြန္မႈိင္း ေစာင္ပံုၾကားထဲေခါင္းေမွာက္ခ်လိုက္မိသည္။ မုိးေရခ်ဳိးၿပီးလ်ွင္ ေစာင္ပံုထဲမွမထြက္ဘဲ​ေနရသည့္အရသာကုိ Kiteကသိမည္မဟုတ္ေတာ့ ဘယ္ကုိယ္ခ်င္းစာတတ္ပါလိမ့္မည္လဲ။ ေစာင္ပံုထဲကခဏထြက္လိုက္လ်ွင္ပင္ အရသာပ်က္ေခ်မည္။ ေကာ္ဖီမႈန္႔ဘူးႏွင့္ ေရေႏြးဘူးသည္ မိမိအခန္းထဲ၌ အဆင္သင့္႐ွိေနသည္ကုိပင္ ထမယူခ်င္။ ထုိ႔ေၾကာင့္ Kiteကုိပင္အရခိုင္းရမည္။

"ေကာ္ဖီေလးေဖ်ာ္ရံုပဲကို မင္းကလည္း"

ညည္းညဴရင္းေခါင္းအေမာ့၌ မ်က္စိေ႐ွ႕ေရာက္ေနၿပီျဖစ္ေသာ ေကာ္ဖီခြက္ေၾကာင့္ အျပံဳးႀကီးျပံဳးလိုက္မိသည္။ ေကာ္ဖီခြက္အားမယူေသးဘဲ သူ႔အားျပံဳးျပံဳးႀကီး ေမာ့ၾကည့္ေနေသာမင္းခြန္မႈိင္းကို Kite ေပေစာင္းေစာင္းတစ္ခ်က္ၾကည့္ေပးလိုက္ေတာ့ သူက လ်ွာေလးတစ္လ်စ္ထုတ္ကာ ေျပာင္စပ္စပ္လုပ္ရင္း ခြက္ကုိယူေလသည္။ ထုိ႔ေနာက္ ေစာင္ႀကီးပတ္ကာ ငုတ္တုတ္ထုိင္ရင္း ေကာ္ဖီတစ္ငံုေသာက္ၿပီး ေလာကစည္းစိမ္အား အျပည့္အဝခံစားလိုက္သည္။

Kiteေကာ္ဖီေဖ်ာ္သည္မွာ မဆုိးဟုဆုိရမည္။ ကိုသာ့လက္ရာကုိမမီေပမဲ့ ေသာက္ေကာင္းပါသည္။ ေနာက္တစ္ငံုထပ္ေသာက္ရင္း ေဘး၌လက္ႀကီးပုိက္လ်က္ ၿငိမ္သက္စြာထုိင္ေနေသာ Kiteအားမသိမသာတစ္ခ်က္ခိုးၾကည့္မိသည္။ မသိေအာင္ခိုးၾကည့္မိပါေသာ္လည္း ဆ႒မအာရံုေကာင္းေသာ Kiteေၾကာင့္မ်က္လံုးခ်င္းတန္းဆံုေလသည္။  ထုိ႔ေၾကာင့္ အၾကည့္ျပန္လႊဲၿပီး ေကာ္ဖီကုိကမန္းကတမ္း ငံု႔ေသာက္မိသည့္အခါ ေကာ္ဖီသီးျပန္သည္။

"အဟြတ္...အဟြတ္...အေမ့...."

Kiteသည္ခ်က္ခ်င္းပင္ မင္းခြန္မႈိင္းလက္ထဲက ေကာ္ဖီခြက္ကိုယူၿပီး စားပြဲေပၚေျပးတင္ကာ အနားသုိ႔ျပန္ေရာက္လာၿပီး ေက်ာကုန္းအားအသာအယာပြတ္သပ္ေပးသည္။

"မင္းခြန္မႈိင္းရယ္။ မင္းကေလ တကယ့္အ႐ႈပ္ကြာ။ အသက္ကို ျဖည္းျဖည္း႐ွဴ။ ရလား...ေရေသာက္မလား"

"ရၿပီ ရၿပီ"

ျပန္ေျဖရင္းေက်ာကုန္းေပၚမွ Kiteလက္အား အသာအယာဖယ္ထုတ္လိုက္ၿပီး ေစာင္ကုိကုိယ္တစ္ခုလံုး၌ တင္းက်ပ္စြာပတ္ေႏွာင္လိုက္သည္။

အလြန္ေအးေန၍မဟုတ္၊ Kiteႏွင့္ထိမိတုိင္း လႈပ္႐ွားေနေသာအရာေၾကာင့္ မထိမိေအာင္ေ႐ွာင္ျခင္းျဖစ္သည္။ ဤသည္ကို Kiteကေတာ့သိပံုမေပၚဘဲ ေရစုိ​ေန​ေသာ​ေၾကာင့္ နဖူးအဖ်ား၌ အေျမာင္းလိုက္က်ေနသည့္ ဆံပင္မ်ားကုိ လွမ္းကိုင္ဖုိ႔ႀကိဳးစားသျဖင့္ ဆတ္ခနဲေနာက္ကိုတြန္႔လိုက္မိေတာ့ Kiteက မ်က္လံုးခပ္ေမွးေမွးျဖင့္ လူကိုၾကည့္လာသည္။ ထုိ႔ေနာက္ ႏႈတ္ျဖင့္စကားနာထုိးသည္။

"ဘာလဲ။ မင္းကုိထိတာမႀကိဳက္တာလား။ ရတယ္ေလ။ မထိဘူး"

Kiteကအေျပာျဖင့္အလုပ္ညီစြာ အနားမွခြာၿပီး ျပတင္းေပါက္နားမွ ခံုတြင္ျပန္သြားထုိင္သည္။ ဤသုိ႔သြားထုိင္ေတာ့လည္း မင္းခြန္မႈိင္းမေနတတ္ျပန္။ ကုိယ့္ကုိယ္ကုိယ္ ဘာျဖစ္လို႔ဘာျဖစ္ခ်င္မွန္းလည္း မသိေတာ့ေခ်။

ေစာင္ျခံဳလ်က္သား ခုတင္ေပၚမွဆင္းၿပီး ေ႐ွ႕၌ငုိမဲ့မဲ့မ်က္ႏွာျဖင့္ လာရပ္ေသာမင္းခြန္မႈိင္းအား Kiteမ်က္ကြယ္မျပဳႏုိင္။ အခ်ိဳးမေျပတာမွန္ေပမဲ့ ဂ်စ္တစ္တစ္အျပဳအမူ၌ ခ်စ္စရာအရိပ္အေယာင္ေတြသမ္းေနေတာ့

You are reading the story above: TeenFic.Net