Part 17
Background color
Font
Font size
Line height
Unicode
"ကိုဘုန်းကျော်စွာ..."
မင်းခွန်မှိုင်းမချိပြုံးလေးပြုံးရင်း ရေရွတ်မိတော့ ကိုဘုန်းကျော်စွာသည် သူနှင့်မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လေသည်။
"မင်းမေမေနေကောင်းသွားပြီလား..."
ကိုယ့်အတက်နှင့်ကိုယ်စူးပါပေပြီ။ လိမ်ထားမှန်းအသိသာကြီးမို့ ထပ်ပြီးရွှီးဖို့ဆိုတာ မဖြစ်နိုင်သောကြောင့် ခေါင်းငိုက်စိုက်ချရင်း ချိနဲ့စွာပြုံးမိတော့ ကိုဘုန်းကျော်စွာက ဟက်ခနဲရယ်လေသည်။
"မန္တလေးမှာကတည်းက မင်းကိုယ့်ကိုရှောင်နေတာ ကိုယ်သတိထားမိပါတယ်။ ဘာလို့လဲ...ကိုယ့်ကိုကြောက်လို့လား..."
"အာ...မ..မဟုတ်ပါဘူး ကိုဘုန်းကျော်စွာရဲ့။"
ပျာပျာသလဲဖြင့်ပြန်ဖြေမိတော့ စကားများပင်ထစ်ချင်ချင်။ ကိုဘုန်းကျော်စွာကတော့ အပြုံးမပျက်။
"မင်းကိုယ်နဲ့အလုပ်တွဲမလုပ်ချင်လည်း ရပါတယ်။ ကိုယ့်ကိုမရှောင်ပါနဲ့။ ကိုယ်ကမင်းရဲ့ပရိသတ်လေ။ မင်းကအခုလို​ရှောင်နေတော့ ကိုယ်ဝမ်းနည်းတာပေါ့"
မင်းခွန်မှိုင်းအားနာပါးနာဖြင့် ရယ်လေပြီးခေါင်းကုတ်မိလေသည်။ တကယ်ဘာပြန်ပြောရမယ်မှန်းကိုသူမသိ။ သူခိုးလူမိဆိုသလိုကို ကွက်တိမိထားတော့ နေရခက်နေသည်ကိုသာ စိတ်ထဲရှိသည်။
"ဒါနဲ့... ကိုဘုန်းကျော်စွာက ဒီဆိုင်ကိုဘာလာလုပ်တာလဲ"
စကားလမ်းကြောင်းလွှဲပြီး အာရုံပြောင်းလိုက်ခြင်းဖြစ်သည်။
"ကိုယ်မိတ်ဆွေတွေနဲ့ ဒီညတူတူသောက်ဖို့ ချိန်းထားလို့လေ အဲ့တာနဲ့ထွက်လာတာ။ မင်းနဲ့ကွက်တိတွေ့တာပဲ။ ကြည့်ရတာ ကိုယ်တို့ကြားမှာ ဆက်နွယ်မှုတွေရှိတယ်နဲ့တူတယ်..."
ရယ်ကျဲကျဲဖြင့်ပြောပုံကြောင့် မင်းခွန်မှိုင်းကျောချမ်းမိသည်။ ဘေးမှKiteကတော့ မျက်ခုံးတစ်ဖက်အလိုလို ပင့်တက်သွားလေပြီး ဘုန်းကျော်စွာဆိုသူအား ပေစောင်းစောင်းကြည့်နေသည်။ ထို့နောက် မင်းခွန်မှိုင်းနားသို့ကပ်ကာ ခပ်တိုးတိုးပြော၏။
"ပြန်ရအောင် ငါဒီလူကြီးကိုကြည့်လို့မရဘူး"
မင်းခွန်မှိုင်းအတွက်လည်း ဤသည်ကားထပ်တူပေသာ။ လူကိုရိသဲ့သဲ့ပုံစံတွေပြောတတ်သည်အား တစ်စက်မျှမကြိုက်လှ။ သို့ပေမဲ့လည်း ပြောချင်တိုင်းပြောရအောင် သူကကိုယ့်သူငယ်ချင်းလည်းမဟုတ်။ Cosplayပွဲတွေစီစဉ်နေသူဖြစ်တာကြောင့် ကိုယ့်ဘက်က လျှော့ထားနိုင်မှဖြစ်မည်။
"ကိုဘုန်းကျော်စွာလည်း ဧည့်သည်တွေနဲ့ချိန်းထားတာဆိုတော့ ကျွန်တော်ပြန်တော့မယ်"
ကျောပိုးအိတ်ကိုကောက်ယူရင်း ထထွက်ဖို့လုပ်စဉ် ဘုန်းကျော်စွာသည် မင်းခွန်မှိုင်းလက်ကို အမိအရလှမ်းဆွဲလိုက်လေသည်။ မင်းခွန်မှိုင်းက လက်ကိုစိုက်ကြည့်ကာမှ "ဆောရီး"ဟုတိုးသက်စွာဆိုရင်း လွှတ်ပေးလေသည်။
"ကိုယ်တို့တူတူသောက်ကြရအောင်လေ။ ကိုယ့်မိတ်ဆွေတွေနဲ့လည်း မင်းကိုမိတ်ဆက်ပေးမယ်။ သူတို့က ကိုယ့်ပွဲတွေဖြစ်မြောက်ဖို့ စပွန်ဆာပေးထားတဲ့သူတွေလေ။ မင်းခွန်မှိုင်းကိုလည်းသူတို့သိကြပါတယ်။ ကိုယ့်ပွဲမှာဆို မင်းကအထင်းဆုံးကိုး..."
ခပ်ဟဟရယ်ရင်း ချီးမွမ်းစကားဆိုပြန်သည်။ မင်းခွန်မှိုင်းလည်း မတတ်သာတော့ ပြန်ထိုင်လိုက်ရလေသည်။ ဤသည်ကိုKiteက သူ့အားမကျေမနပ်စွာကြည့်လာသေးသည်။ ထို့ကြောင့် Kiteကအာရုံထဲထားမနေတော့ဘဲ မသိချင်ယောင်ဆောင်လိုက်တော့သည်။
"ဒါနဲ့ ကိုယ်ဒီနေ့တောင် မင်းတို့​ပေ့ခ်ျမှာ​မင်းDazai cosplayထားတာတွေ့တယ်။ တကယ့်တစ်ပုံစံတည်းပဲနော်။ ဒါပေမဲ့ မျက်လုံးကနည်းနည်း​လေး တစ်မျိုးဖြစ်နေသလားလို့"
ကိုဘုန်းကျော်စွာကနှာခေါင်းခပ်ရှုံ့ရှုံ့လုပ်ရင်း အားနာပါးနာဆိုလေသည်။ ပြောလည်းပြောချင်စရာပေကိုး။ Linerဆိုးပေးသူကအသုံးမှမကျသည့်ကိစ္စ။
"အဲ့တာ ကျွန်တော်သူငယ်ချင်းနဲ့ရန်ဖြစ်ရင်း Linerဆိုးတာအဆင်မပြေဖြစ်သွားလို့။"
ကိုဘုန်းကျော်စွာသည် သဘောတကျဖြင့်ထပြုံးလေသည်။
"မင်းခွန်မှိုင်းက တကယ်စွာတာပဲလား။ သတင်းတွေကြားဖူးပေမဲ့ တကယ်မဟုတ်ဘူးထင်နေတာ။"
"ဘာသတင်းလဲဗျ"
"တချို့လူတွေဆီကကြားတာပါ။ မင်းခွန်မှိုင်းက မျက်နှာကြောတင်းတယ် ၊ အပြောဆိုးတယ်တဲ့။ ဆတ်ဆတ်ထိမခံ စွာလည်းစွာတယ်လို့ပြောတယ်။ အဲ့တာတကယ်ပဲလား"
"တကယ်အဲ့လိုပြောကြတာလား....။ ကျွန်တော်ကိုယ်တိုင်တောင်မသိပါဘူး"
မင်းခွန်မှိုင်းသည် ဘာမှမသိသည့်ယုန်သူငယ်လေးလို ပြုံးရင်းခေါင်းလေးယမ်းပြကာ ဖြေလိုက်သည်။ စိတ်ထဲတွင်တော့ သူ့အာထိုကဲ့သို့ပြောသည့်လူကိုသာသိလျှင် အရေခွံစုတ်ဖို့ အစီအစဉ်ချနေချေပြီ။
"ဒါနဲ့လေ မင်းခွန်မှိုင်းက Female Characterတွေcosplayတာ သိပ်မတွေ့ရဘူးနော်။ ဘာလို့လဲ....မင်းလုပ်နိုင်တာပဲကို။"
"ကျွန်တော် တစ်ခါတလေတော့လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒိတ်လုပ်တာကမိန်းကလေးများတယ်။ သူတို့ကလည်း male characterတွေပဲတောင်းဆိုကြတာဆိုတော့ femaleသိပ်ပြီးcosplayမလုပ်ဖြစ်ဘူးပေါ့။"
ကိုဘုန်းကျော်စွာသည် မချိတင်ကဲမျက်နှာဖြင့် သက်ပြင်းချလေသည်။
"မင်းကို Female ကာရိုက်တာပုံစံလေးနဲ့ ကိုယ်ကထပ်မြင်ချင်နေတာ။ ဘယ်လောက်လှလဲဆိုတာ မင်းကိုယ်တိုင်တောင်သိရဲ့လားပဲ..."
"အဲ့လောက်လည်းမဟုတ်ပါဘူး"
မင်းခွန်မှိုင်းနှင့်ကိုဘုန်းကျော်စွာတို့ လေကြောဖြောင့်နေသည်ကို ဘေးကနေ မျက်မှောင်ကြီးကုတ်ပြီးကြည့်နေသူမှာ Kiteပင်။ ရုပ်ကိုကအသေကောင်ရုပ်နှင့် ၊ လူကိုမမြင်ရအောင်လုပ်ပေးဆိုသည်ကို လုပ်မပေးခဲ့ဘဲ ယခုမှမကြိုက်သလိုလို လာလုပ်ပြနေသည်။
သိပ်မကြာခင်မှာပင် ကိုဘုန်းကျော်စွာ၏မိတ်ဆွေဟုဆိုသော လူနှစ်ယောက်ဆိုင်ထဲထပ်ရောက်လာပြီး မင်းခွန်မှိုင်းနှင့်တစ်ဝိုင်းတည်းသာ ထိုင်ကြလေသည်။ အသက်ကတော့ ကိုဘုန်းကျော်စွာထက်နည်းနည်းကြီးပုံရသည်။ ကိုဘုန်းကျော်စွာသည် သူတို့နှင့်မင်းခွန်မှိုင်းအား မိတ်ဆက်ပေးလေသည်။ ထို့ကြောင့် မင်းခွန်မှိုင်းလည်း မည်သို့မျှထထွက်၍မရတော့ချေ။ ယခုအချိန် အိမ်ကဖြစ်ဖြစ် ၊ ဟိုငနဲနှစ်ကောင်ဖြစ်ဖြစ် တစ်ယောက်ယောက်သာ ဖုန်းလှမ်းဆက်မည်ဆိုလျှင် ထိုင်ကန်တော့မိမှာအမှန်။
ကိုဘုန်းကျော်စွာနှင့်သူမိတ်ဆွေများ သောက်ရင်းစားရင်း နာရီဝက်လောက်နေတော့ ကိုဘုန်းကျော်စွာသည် ထထွက်သွားလေသည်။
"ခဏနော် ကိုယ်ဖုန်းဆက်စရာလေးရှိလို့"
ဟိုကြည့်သည်ကြည့်နှင့် ယောင်လည်လည် ဖြစ်နေပါသည်ဆိုကာမှ ကိုဘုန်းကျော်စွာကပါ ထွက်သွားတော့ ပို၍နေရခက်လေသည်။ ထို့ကြောင့် ကိုယ့်ဖုန်းလေးကိုသာ ငုံ့ကြည့်ရင်း ကလိနေစဉ် အသားခပ်လတ်လတ်ဖြင့်လူက သူ့အားစကားစလာသည်။
"တကယ်တော့ အဲ့ဒီ Anime Cosplayတယ်ဆိုတာက ကိုယ်ပိုင်ဟန်ကိုယ်ပိုင်ဒီဇိုင်းမရှိဘဲ တကယ်မရှိတဲ့ကာရိုက်တာတွေကို လိုက်အတုခိုးလုပ်နေရတဲ့အလုပ်ပဲနော်။ ဒါကိုများ ဘာတွေသဘောကျပြီး ဘာလို့လုပ်လိုက်လုပ်နေကြလဲ စဉ်းစားလို့ကိုမရဘူး"
ဖုန်းကြည့်နေသည့် မင်းခွန်မှိုင်းခေါင်းသည် ထိုစကားကြောင့် ဆတ်ခနဲမော့လာလေသည်။ ပြောသည့်ထိုလူကလည်း မင်းခွန်မှိုင်းကို အထင်မကြီးသည့်ပုံစံနှင့် ကြည့်လေသည်။ ကြည့်ရတာမူးချင်လာပြီဆိုတော့ နှုတ်ကထွက်ချင်ရာထွက်လာပြီထင်ပါရဲ့။
"ဒီမယ် ဦးလေးကြီးတို့..."
"ဦးလေးကြီး..."
ကိုဘုန်းကျော်စွာ၏ဧည့်သည်နှစ်ယေက်သည် လေတိုးသံသာသာဖြင့် လိုက်ရေရွတ်လေသည်။ သူတို့အားဦးလေးကြီးဟုခေါ်သည်ကို တအံ့တသြ။
"ဦးလေးကြီးတို့ နားလည်အောင်တစ်ခုပြောပြမယ်။ တကယ်တော့ Cosplayတဲ့အလုပ်ဆိုတာ လွယ်ကူတာမဟုတ်ဘူး။ ဒါပေမဲ့ Cospalyerတွေကလုပ်နေကြဆဲပဲ။ ဘာလို့လဲသိလား။ သူတို့ကိုယ်တိုင်ကိုက အဲ့ဒီကာရိုက်တာတွေကို မြတ်နိုးလို့ ၊ ပြီးတော့ အဲ့ဒီကာရိုက်တာတွေကို ချစ်ကြတဲ့ပရိသတ်တွေက ကာရိုက်တာ​လေး​တွေကို ပြင်ပမှာတကယ့်ပုံစံနဲ့မြင်တဲ့အခါ ပျော်ကြလို့။ သူတို့အပြုံးတွေ ပျော်ရွှင်မှုတွေကို မြတ်နိုးလို့လုပ်နေကြတာ။ ဦးလေးကြီးတို့လို cosplayအလုပ်ကိုကောင်းကောင်း နားမလည်ဘဲ ကြော်ငြာအားကောင်းပြီး ပစ္စည်းရောင်းရအောင် နေရာတကာလိုက်စပွန်ဆာပေးနေတဲ့ လောဘသားတွေမဟုတ်ဘူး။"
"မင်း..."
မင်းခွန်မှိုင်းအား စတင်ရန်စခဲ့သည့်လူကြီး၏မျက်နှာသည် ဒေါသရိပ်ကြောင့် ရဲတက်လာလေသည်။ မင်းခွန်မှိုင်းသည် ထိုလူ၏အပြောကို စောင့်နားမထောင်ဘဲ လက်ကာပြလိုက်သည်။
"ကျွန်တော်ပြောလို့မပြီးသေးဘူး။ တကယ်တော့ ကျွန်တော်တို့က သေမျိုးတွေပဲ​လေ။ ဒီတော့မသေဆုံးခင်မှာ ကိုယ်မြတ်နိုးတဲ့အလုပ်တွေကိုလုပ်ရင်းပဲ ပျော်ပျော်ရွှင်ရွှင် ရှင်သန်သွားရမှာ။ အချိန်ပြည့် ငွေနောက်လိုက်ပြီး ပူလောင်နေရတဲ့ဦးလေးကြီးတို့ဘဝထက်စာရင် ကျွန်တော်တို့က သာပါတယ်။ ဦးလေးကြီးတို့က လစဉ်အလုပ်လုပ်ပြီးငွေမြင်မှခဏတာပျော်ရတာ။ ကျွန်တော်က ဒီအလုပ်ကိုလုပ်နေတဲ့နေ့ရက်တိုင်းပျော်ရတာ။ အဲ့တာကြောင့် ကျွန်တော့်အလုပ်နဲ့ပတ်သက်ပြီး မကောင်းတာမျိုးထပ်မပြောမိစေနဲ့။"
"မင်းကတော်တော်ရိုင်းတာပဲ"
ရန်စသည့်လူကြီး၏အပေါင်းအပါမှ ဝင်ပြောခြင်းဖြစ်သည်။ မင်းခွန်မှိုင်းလည်း ဂရုမစိုက်စွာရယ်လိုက်ပြီး ပခုံးလေးတွန့်ပြလိုက်သည်။
"အမှန်တရားက ခါးတော့ ကျွန်တော်လည်းဘယ်တတ်နိုင်မလဲ။ ဒါပေမဲ့ မင်းခွန်မှိုင်းက သဘောကောင်းတယ်ထင်ပြီး ကျွန်တော့်အလုပ်ကိုလာစော်ကားရင်တော့ ဘာမှဂရုစိုက်နေမှာမဟုတ်ဘူး​နော်။ ကျွန်တော့်ကို လာမဆွနဲ့..."
"မင်းလိုမလောက်လေးမလောက်စားကများ...."
အသားခပ်လတ်လတ်နှင့်လူကြီးသည် မင်းခွန်မှိုင်းအား ဒေါသတကြီးဖြင့်အော်ရင်း ခုံကိုလက်သီးဖြင့်ခပ်ပြင်းပြင်း ထုလေသည်။ မင်းခွန်မှိုင်းကတော့ မျက်နှာကြောခပ်တင်းတင်းထားရင်း မထီမဲ့မြင်စွာကြည့်ပစ်လိုက်သည်။ Kiteကတော့ မင်းခွန်မှိုင်းပုံစံကိုကြည့်ရင်း သဘောကျစွာပြုံးလေသည်။ မင်းခွန်မှိုင်းဆိုသည့်ကောင်လေးက တကယ့်ကိုမဟုတ်မခံ ၊ ဒေါသအိုး။ သ်ာဒေါသအိုးကိုမှ တုတ်နှင့်သွားထိုးမိမှတော့ ပြောခံရမည်မှာဆန်းပေ။
"ဘာတွေဖြစ်နေကြတာလဲ"
အခြေအနေတင်းမာနေချိန်တွင် ကွက်တိပြန်ရောက်လာသည့် ကိုဘုန်းကျော်စွာသည် မင်းခွန်မှိုင်းလက်မောင်းလေးကို ဆွဲကိုင်ရင်းမေးသည်။ မင်းခွန်မှိုင်းသည် ထိုင်နေရာမှထရပ်လိုက်ပြီး သူ့ရှေ့မှလူနှစ်ယောက်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ....
"ဒီလူတွေက ကျွန်တော့်အလုပ်ကို မထင်မကြီးတဲ့အပြင် မကောင်းပြောနေကြတယ်။ cosplayပွဲတွေမှာ စပွန်ဆာတွေပေးနေပြီး cosplayအလုပ်ကိုမကောင်းပြောနေတာ ဘယ်လောက်​တောင် အောက်ကျတဲ့စိတ်ဓာတ်လဲ။ အဲ့လိုလူတွေနဲ့ ကိုဘုန်းကျော်စွာ ဘယ်လိုများအလုပ်တွဲလုပ်နေလဲတော့မသိဘူး။ ကျွန်တော်တော့ သည်းမခံနိုင်တော့ဘူး"
"မဟုတ်ဘူး ကိုဘုန်း။ အဲ့ကောင်လေးက အရင်လာရင့်တာ။ ကျွန်တော်တို့က ဒီတိုင်းရိုးရိုးလေးပြောမိတာ"
အသားခပ်လတ်လတ်လူဘက်ကနေ ထောက်ခံပြောပေးနေသည့်ထိုလူအား မင်းခွန်မှိုင်းဘုကြည့်ကြည့်ပေးလိုက်သည်။
"ခင်ဗျားလူကြီးဖြစ်ပြီးလူကြီးစကားပြော ၊ ဗလောင်းဗလဲမလုပ်နဲ့။ ကိုယ်လုပ်ရင်ကိုယ်ခံရဲရတယ်။ ဒါမှယောက်ျားပီသတဲ့စိတ်ဓာတ်။ ပြောတုန်းကပြောပြီး တကယ်ပြဿနာဖြစ်တော့မှ ရှောင်လွှဲနေတာက​တော့ ယောက်ျားမပီသဘူးနဲ့တူတယ်..."
အပြောခံရသည့်လူသည် ဒေါသတကြီးဖြင့် မင်းခွန်မှိုင်းအင်္ကျီရင်ဘတ်ကိုဆောင့်ဆွဲလေ​တော့ Kiteမျက်ဝန်းတွေ မီးတောက်လေပြီ။ မင်းခွန်မှိုင်းကတော့ ဤသည်ကိုမသိ။ ထိုလူ့လက်ကို ကိုဘုန်းကျော်စွာက ဆွဲဖယ်လို့လုပ်ပေမဲ့ မင်းခွန်မှိုင်းက လက်ကာပြကာတားလိုက်ရင်း ရှေ့ကလူကို မေးဆတ်ပြလိုက်သည်။
"ယောက်ျားမပီသဘူးဆိုတာ ဘာစကားလဲ ဟေ့ကောင်။ မင်းကရော ဘယ်လောက်ယောက်ျားပီသနေလို့လဲ။ ဘုန်းကျော်စွာလိုလူနဲ့ပတ်သက်နေတယ်ဆိုကတည်းက မင်းကသောက်ခြောက်ဆိုတာ အသိသာကြီးပဲ။ ကဲပြောစမ်းပါဦး....အခုယောက်ျားမပီသတာ ဘယ်သူလဲ"
"ခင်ဗျားတို့...."
ကိုဘုန်းကျော်စွာပင် မင်းခွန်မှိုင်းဘက်ကနေ မခံမရပ်ဖြစ်ကာ ဝင်ပါဖို့လုပ်တော့ မင်းခွန်မှိုင်းခေါင်းယမ်းပြလိုက်သည်။ မင်းခွန်မှိုင်းနှင့်ဖြစ်သည့်ပြဿနာကို မင်းခွန်မှိုင်းသာရှင်းမည်။ စကား စကားချင်း ၊ ဓား ဓားချင်းပင်။
ဦးစွာ မိမိအင်္ကျီကိုဆွဲဆောင့်ထားသည့် ထိုလူ၏ရင်ဘတ်အား အားပြင်းပြင်းဖြင့် တစ်ချက်ဆောင့်တွန်းလိုက်သည်။
"ယောက်ျားပီသတယ် မပီသဘူးဆိုတာ ခြောက်တာတွေ မခြောက်တာတွေနဲ့မဆိုင်ဘူး။ လောကမှာ ကိုယ့်လောကဓံကိုယ်ရုန်းကန်ပြီး ကိုယ့်တာဝန်ကိုယ်ယူရဲတဲ့ဂေးတွေဆိုတာလည်းအပုံကြီးပဲ။ တကယ် ယောက်ျားပီသတယ် မပီသဘူးဆိုတာက ကိုယ်လုပ်တဲ့အလုပ်အပေါ် တာဝန်ယူစိတ် ၊ ကိုယ့်အပြစ်ကိုယ်ဝန်ခံချင်စိတ်ရှိမှု မရှိမှုပေါ်မှာပဲ မူတည်တယ်၊ ယောက်ျားပီသဖို့ထက် လူပီသဖို့သာ အဓိကပဲ"
"ဒါဆို မင်းကတော်တော်ယောက်ျားပီသတယ်ပေါ့ ဟုတ်လား။ ဒီလိုဆိုရင် ငါတို့ပြိုင်ပွဲလေးတစ်ခုလုပ်ကြမလား"
"ပြောကြည့်လေ"
ထိုလူက ခပ်ညစ်ညစ်ပြုံးလေသည်။
"ငါတို့တွေ ဘီယာသောက်ပြိုင်ကြမလား။ ဆက်မသောက်နိုင်ဘဲ မှောက်သွားတဲ့လူက နိုင်တဲ့သူကိုဒူးထောက်ပြီး 'ဆရာပြောတာမှန်ပါတယ်။ ကျွန်တော်မှားသွားပါတယ်'ဆိုပြီး တောင်းပန်ရမယ် ၊ ဘယ်လိုလဲ။ ကိုဘုန်းက သက်သေခံလုပ်ပေါ့..."
မင်းခွန်မှိုင်းညစ်ကျယ်ကျယ်ပြုံးလိုက်မိသည်။ မင်းခွန်မှိုင်းလိုလူကိုမှ ဘီယာသောက်ပြိုင်ရန် စိန်ခေါ်သည်။ ကလေးကလားဆန်လှသည်။
"နှစ်ယောက်တစ်ယောက်​တောင် ပေးလို့ရတယ်"
မင်းခွန်မှိုင်းစကားကြောင့် ထိုလူ့မျက်ခုံးများ တွန့်ချိုးသွားသည်။ ကိုဘုန်းကျော်စွာသည် မင်းခွန်မှိုင်းပခုံးကို ကိုင်ကာသူ့ဘက်ဆွဲလှည့်လိုက်သည်။
"အဓိပ္ပါယ်မရှိတာ။ သူတို့မှားနေတာအသိသာကြီး။ ဘာမှပြိုင်သောက်စရာမလိုဘူး။ ကိုယ်တို့ဒီကထွက်သွားကြမယ်။"
မင်းခွန်မှိုင်းက ကိုဘုန်းကျော်စွာလက်များကို ဖယ်ချလိုက်သည်။
"သူတို့က မနိုင် နိုင်ရာဆွဲပြီး အနိုင်လိုချင်နေတာ။ ခုချိန်ကျွန်တော်ထွက်သွားရင် ရှောင်ပြေးတယ်ဆိုပြီး ပြောခံရလိမ့်မယ်။ ရတယ် ကိုဘုန်းကျော်စွာ။ ကျွန်တော် အဲ့လောက် မနဘူး။"
မင်းခွန်မှိုင်းအားစိန်ခေါ်သည့်လူကတော့ အောင်နိုင်သူလိုမျိုး ပြုံးလေသည်။ ထိုလူလည်းဆိုင်ရောက်ကတည်းက အတော်သောက်ပြီးပေမဲ့ မမူးသေးကြောင်း မင်းခွန်မှိုင်းသတိထားမိပါသည်။ သူ့ဘေးမှ အသားခပ်လတ်လတ်ဖြင့်လူသာ မူးပြီးလွတ်နေခြင်းဖြစ်သည်။ သည်လူကတော့ မင်းခွန်မှိုင်းလိုကြွက်တွင်းဖြစ်မည်။
ထိုင်ခုံမှာခပ်ဆောင့်ဆောင့်ထိုင်ချလိုက်ပြီး ဘီယာဆယ်ဘူးအရင်မှာလိုက်​လေသည်။ Kiteသည် မျက်ခုံးလေးပင့်ရင်း စားပွဲပေါ်မေးလေးထောက်ကာ မင်းခွန်မှိုင်းကိုကြည့်နေသည်။
"ငါမင်းကိုထမ်းမပြန်နိုင်ဘူး​နော်။ ကိုယ့်ကိစ္စကိုယ်နိုင်​အောင်လုပ်"
မင်းခွန်မှိုင်းကြိတ်ပြုံးသာပြုံးလိုက်ပါသည်။ မနိုင်စရာအကြောင်းမရှိ၊ မင်းခွန်မှိုင်းမဟုတ်လား။ ဘီယာဘူးများလာချသည်နှင့် ထိုလူ့အားငါးဘူးပေးပြီး မင်းခွန်မှိုင်းက ငါးဘူးယူထားလိုက်သည်။ ထို့နောက် တစ်၊ နှစ်၊ သုံး နံပါတ်စဉ်ရေလေပြီး ပြိုင်ပွဲကိုစတင်လိုက်သည်။ ပွဲစစချင်း ခုနစ်မိနစ်​လောက်မှာပင် နှစ်ယောက်စလုံး ဘီယာနှစ်ဘူးစီကုန်ကြသည်။ ဆယ့်ငါးမိနစ်ကျော်ကျော်မှာတော့ ငါးဘူးလုံးကုန်သွားလေသည်။ ထို့နောက် နောက်ထပ်ဆယ်ဘူး ထပ်မှာကာ စောစောကလိုပြန်လည်ခွဲဝေသည်။
ခုနစ်ဘူးမြောက် ၊ ရှစ်ဘူးအဖောက်တွင် တစ်ဖက်လူသည် မျက်လုံးမနည်းဖွင့်​နေရ​ချေပြီ။ မင်းခွန်မှိုင်းလည်း မမူးဘူးမဟုတ်၊ မူးနေချေပြီ။ ညနေကတည်းက သူငယ်ချင်းကောင်တွေနှင့်လည်း သောက်ထားသေးသည်မဟုတ်လား။ သို့သော် နိုင်ချင်စိတ်ကြောင့် ရှစ်ဘူးမြောက်ကို အတင်းမော့ချပစ်လိုက်သည်။ လူကြီးနှင့်လူငယ်ကွာခြားချက်သည် ဤနေရာတွင် အသုံးဝင်သည်။ မင်းခွန်မှိုင်းခံနိုင်ရည်တွေ ကျန်ရှိနေသေးသောကြောင့် ကိုးဘူးမြောက်ကိုဖောက်ချိန်တွင် ပြိုင်ဘက်လူသည် အန်ချင်သလိုလိုပျို့တက်လာပြီး အိမ်သာသို့ အတင်းကာရောပြေးသွားတော့သည်။ သည်လောက်ဆိုလျှင်ကို အနိုင်အရှုံးကပေါ်လေပြီ။
ထို့​ကြောင့်​အောင်ပွဲခံသည့်အ​နေဖြင့် ကိုးဘူးမြောက်လေးကို တစ်ငုံချင်း အရသာခံ​သောက်​နေလိုက်တော့သည်။ ငါးမိနစ်လောက်ကြာတော့ ပြိုင်ဘက်လူသည် ယိုင်နဲ့နဲ့ဖြင့်ပြန်ရောက်လာပြီး မင်းခွန်မှိုင်းအား မချင့်မရဲကြည့်လေသည်။ မင်းခွန်မှိုင်းကတော့ အောင်နိုင်သူမို့ ခပ်ပြုံးပြုံးသာ။
"ဘယ်လိုလဲ...ထပ်သောက်ဦးမလား ဦးလေးကြီး..."
ထိုလူခေါင်းခါချေသည်။
"မင်းနိုင်ပါတယ်။ ဪ....အဲ့လောက်နဲ့မရဘူးပဲ။ လောင်းကြေးရှိသေးတာ ငါမေ့သွားတယ်"
ထိုလူကစကားတော့တည်သားပင်။ မင်းခွန်မှိုင်းထိုင်နေသည့်ဘေးတွင် ဒူးထောက်ရန်ဟန်ပြုတော့ မင်းခွန်မှိုင်းသည် သူ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာတားလိုက်သည်။
"မလိုပါဘူး။ ဦးလေးကြီးတို့က ကျွန်တော့်ထက်အကြီးတွေလေ။ ကျွန်တော်ကရိုင်းပေမဲ့ အဲ့လောက်ထိတော့ မဆိုးသေးပါဘူး။ ကျွန်တော့်စကားကို လက်ခံရင်ရပါပြီ"
မင်းခွန်မှိုင်းအပြောကြောင့် ထိုလူကကျေနပ်စွာပြုံးရင်း ခေါင်းညိတ်လေသည်။
"မင်းပြောတာမှန်ပါတယ်။"
ထိုသို့ဆိုပြီးသည်နှင့် သူနှင့်အတူပါလာသော အသားခပ်လတ်လတ်နှင့်လူကြီးကို ခေါ်ကာထွက်သွားတော့သည်။ မင်းခွန်မှိုင်းလည်း တစ်ချိန်တည်းမှာပင် ခုံပေါ်ခေါင်းစိုက်ကျသွားလေသည်။ မျက်လုံးများလည်းမဖွင့်နိုင်ချေ။ တစ်ကိုယ်လုံးလည်းလေးလံနေပြီမို့ လက်ချောင်းလေးတစ်ချောင်းပင် မ,မနိုင်တော့ချေ။ ကမ္ဘာကြီးသည် ၃၆၀ဒီဂရီထက်ပိုလည်နေသဖြင့် ခေါင်းများလည်းချာချာလည်နေပြီ။ အသိစိတ်ကိုလည်း နည်းနည်းမျှထိန်းမရတော့တာကြောင့် စိတ်ကိုလွတ်ချမိချိန်မှာတော့ အိပ်စက်ခြင်းဆီသို့....။
ခုံပေါ်တွင်မှောက်လျက်သား အိပ်ပျော်သွားသည့် မင်းခွန်မှိုင်းမျက်နှာလေးအား ဘုန်းကျော်စွာအနီးကပ်ရှုစားမိသည်။ အိပ်နေချိန်မှာပင် မျက်နှာကြောလေးက တင်းပါသည်။ ပွစိပွစိနှင့်မကျေမနပ်ရေရွတ်သံနေသည့်ပုံစံက အသည်းခိုက်ဖွယ်။ ပါးလျလျခန္ဓာကိုယ်နှင့် လိုက်ဖက်သည့်အရပ်ဟာ သူ၏ဆွဲဆောင်မှုထဲက တစ်ခုပင်။ အမူးလွန်နေသောကြောင့် ရဲတက်နေသည့်မျက်နှာနုနုကလည်း နမ်းချင်စဖွယ်။
"မင်းခွန်မှိုင်း..."
ပခုံးကိုအသာလှုပ်နှိုးသော်လည်း ထမလာ။ တကယ်ပင်မှောက်သွားလေသော ကိုစွာတေး။
"မင်းအိမ်ကို ကိုယ်မသိဘူး၊ လိပ်စာပြောဦး..."
"ဟ...နားညီးတယ်...၊ ဘာကောင်လဲ"
ဘေးမှခုံကို ခြေထောက်ဖြင့်ဆောင့်ကန်လိုက်ပုံအရ မည်သို့မျှမေး၍ မရနိုင်တော့မှန်း သဘောပေါက်ရသည်။ မတတ်သာတော့ပွေ့ခေါ်ပြီး သူနေသည့်နေရာခေါ်သွားရုံပင်။ ခန္ဓာကိုယ်က ပေါ့ပါးသားပင်။ ကြည့်ရသလောက် အာဟာရဖြစ်မှာတွေ သိပ်မစားဘူးထင်ပါရဲ့။ ကားနားရောက်တော့ တံခါးဖွင့်ရင်း မင်းခွန်မှိုင်းအား ကားထဲညင်သာစွာထည့်ကာ သူ့ကျောပိုးအိတ်လေးကို နောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည်။
ကားစတီယာရင်ကို မကိုင်ခင် မင်းခွန်မှိုင်းမျက်နှာကို ငဲ့ကြည့်မိသည်။ သည်ကောင်လေးသည် ချစ်ဖို့တော့အကောင်းသား။ စိတ်အလိုလိုက်ပြီး ပါးတစ်ဖက်ကို အနမ်းခြွေဖို့ ကပ်လိုက်မိချိန်မှာတော့ တစ်ယောက်ယောက်သည် မိမိကိုတွန်းထုတ်လိုက်သလိုမျိုး နောက်ပြန်လန်ကျပြီး ကားတံခါးနှင့်ခေါင်းတို့ ဆောင့်မိသွားလေသည်။ ရုတ်တရက်မို့ လူကထူပူသွားပြီး မန္တလေးတုန်းက အိမ်သာထဲမှာဖြစ်ပျက်ခဲ့သည့် ကိစ္စကိုပြန်သတိရလာသည်။
သူကိုယ်တိုင်တောင်မထိန်းချုပ်နိုင်တော့ဘဲ နံရံတွေနှင့်ခေါင်းများဆောင့်ပစ်၊ အိမ်သာခွက်​စောင်းနှင့်နဖူးကိုထပ်ရိုက်ပြီး အိမ်သာခွက်ထဲသို့ပါခေါင်းနစ်ခဲ့ရသည်။ ဤသည်များကို သူမပြုပါဘဲ တစ်ယောက်ယောက်ကလုပ်ပါသည်ဟု ဆိုခဲ့သော်ငြားလည်း စီစီတီဗွီမှတ်တမ်းအရ သူကိုယ်တိုင်လုပ်ဆောင်ခဲ့သည်ကိုသာ ပြသနေလေသည်။ ထိုအချိန်တုန်းကတော့ ပွဲထဲသောက်မိသဖြင့် စိတ်အနည်းငယ်လွတ်သွားကာ လုပ်ချင်လုပ်ခဲ့မိမည်ဟု တွေးတောခဲ့ပေမဲ့ ယခု၌ထပ်ဖြစ်လာချေပြီ။
အတွေးတွေမဆုံးသေးခင်မှာပင် လိမ်ချိုးခံလိုက်ရသည့် ညာဘက်လက်ကောက်ဝတ်။ နာလွန်း၍အော်ဟစ်မည်ကြံတော့လည်းမရ။ ထို့နောက်လေအဟုန်ပြင်းပြင်းဖြင့် မျက်နှာကိုထိုးသွင်းလာသော လက်သီးချက်တစ်ချက်​ကြောင့် တစ်ခါတည်းမျက်လုံးများပြာဝေပြီး သတိလွတ်မတတ်ဖြစ်သွားတော့သည်။
သူနောက်ဆုံးမြင်လိုက်ရသည်က ဆံပင်အဖြူမကျအမဲမကျနှင့်လူတစ်ယောက် မင်းခွန်မှိုင်းကိုကားထဲက ဆွဲထုတ်ပြီးခေါ်သွားသည်ကိုသာပင်။
************************************
အမှောင်ထုကို ထိုးဖောက်ထားသည့် အဝါရောင်မီးလုံးများ ခပ်မှိန်မှိန်ရှိ​သော လမ်းမကြီး၏ဘေးစင်္ကြံလမ်းလေးတွင် အရက်မူးပြီးအိပ်ပျော်နေသော ကောင်လေးတစ်ယောက်အား ဆံပင်အဖြူအမည်အရောများဖြင့် ကောင်လေးတစ်ယောက်သည် ကျောပိုးလျက်လျှောက်လှမ်းနေသည်။ ခြေထောက်နှစ်ဖက်ကိုထိန်းချီထားရသည့်အပြင် လက်တစ်ဖက်တွင်လည်း ကျောပိုးအိတ်တွဲလျောင်းဖြင့် ကောင်းကင်၌သာနေသည့်လမင်းကြီးကို မော့ကြည့်ကာ​အမူးသမား​လေးကို​ကျောပိုးရင်း ဆက်လျှောက်နေလေသည်။
"ငါ့ကိုများ သူတို့ကစိန်ခေါ်ရတယ်လို့...ဟားဟား...။ မင်းခွန်မှိုင်းက အချဉ်မဟုတ်ဘူး ၊ အချို အချို"
ကျောပေါ်မှကောင်လေးသည် မူးကြောင်ရူးကြောင်ဖြင့် အော်ဟစ်ယောင်ယမ်းနေသည်ကို ခပ်ပြုံးပြုံးနားထောင်ရင်း ချော့မြှူကာဆက်လျှောက်လှမ်းနေသည့် ကောင်လေး​တစ်​ယောက်။
"ဟုတ်ပါ့...မင်းခွန်မှိုင်းကို စိန်ခေါ်ရတယ်လို့။ ကဲကဲ...အခုနိုင်သွားပြီပဲ အိပ်တော့ အိပ်တော့..."
သို့သော် ကျောပေါ်ကကလန်ကဆန်ကောင်လေးက ကျောပိုးထားသည့်ကောင်လေး၏ကျောကုန်းကို မကျေမနပ် လက်သီးအားပြင်းပြင်းဖြင့်ထုလေသည်။
"မအိပ်ဘူး...။ ငါအိပ်ပျော်ရင် ရှုံးသွားမှာပေါ့.....ဘာလဲဟေ့ကောင်။ မင်းကငါ့ကိုရှုံးအောင်လုပ်နေတာလား....မင်းဘယ်သူလဲ...ဟမ်...ဖြေစမ်း....မင်းဘယ်သူလဲ...."
ကျောပိုးထားသည့်ကောင်လေးသည် သက်ပြင်းခပ်နာနာချလေပြီး ကျောပေါ်ကကောင်ဆိုးလေးအား မျက်မှောင်ကြုတ်ကာတစ်ချက်လှည့်ကြည့်လိုက်ရင်း...
"မင်းလင်...မင်းလင်..."
"ဟမ်....ငါ့လင်...."
အားမရှိတော့သည့်လက်ညှိုးလေးကို တထောင်ထောင်လုပ်ရင်း ရီဝေဝေမျက်လုံးများကို အတင်းဖြဲဖွင့်ကာ စဉ်းစားနေပြန်သည်။ သို့သော် သိပ်မကြာလှ။ ချက်ချင်းဆိုသလိုပင် ဆံနွယ်အဖြူအမဲကောင်လေးပခုံးပေါ်သို့ မေးတင်လျက်သားပြုတ်ကျသွား​လေသည်။ အိပ်ပျော်သွားပြီထင်ခဲ့​သော်လည်း အမှန်တကယ်ရရှိခဲ့သည်က အန်ဖတ်များသာဖြစ်​နေခဲ့ပြန်သည်....။
Thanks For Reading
Zawgyi
"ကိုဘုန်းကျော်စွာ..."
"ဘာသတင်းလဲဗျ"
You are reading the story above: TeenFic.Net