Part 16

Background color
Font
Font size
Line height

Unicode

တိတ်ဆိတ်နေသည့် မင်းခွန်မှိုင်းတို့၏စတူဒီယို။ ပုံမှန်ဆိုလျှင် တစ်ယောက်နှင့်တစ်ယောက် စရင်းနောက်ရင်းဖြင့် ဆူညံနေကျဖြစ်ပေမဲ့ ယနေ့တော့ ငြိမ်နေကြသည်။ အကြောင်းကား ကျော်ကြီးတစ်ယောက် ကောင်မလေးနှင့်ပြဿနာတက်လာကာ မှိုင်တိုင်တိုင်ဖြစ်နေသောကြောင့်ဖြစ်သည်။ မင်းခွန်မှိုင်းနှင့်ငစိုင်းတို့လည်း တစ်ယောက်ကိုတစ်ယောက်မျက်စတွေပဲ ပစ်ပြရင်း ကျော်ကြီးအခြေအနေကို စောင့်ကြည့်နေကြရသည်။ ဘာလုပ်ပေးရမည်မှန်းလည်းမသိကြချေ။ ကျော်ကြီးကလည်း​ရောက်လာကတည်းက "ငါ​ကောင်မ​လေးနဲ့ပြတ်သွားပြီ"ဟူ​သော စကားတစ်ခွန်းကိုသာဆို၍ ထိုအချိန်မှစပြီး တုပ်တုပ်မှကိုမလှုပ်ဘဲ အသေကောင်ကြီးလိုမျိုး ထိုင်နေတော့သည်။

မင်းခွန်မှိုင်းလည်း ပစ္စည်းများအား ဖုန်လိုက်သုတ်နေသည့် ငစိုင်းနားသို့ကပ်သွားကာ တံတောင်ဖြင့်လှမ်းတွတ်လိုက်သည်။

"ငစိုင်း...ငါတို့ဘာလုပ်ကြမလဲ"

အစမရှိအဆုံးမရှိစကားအား ငစိုင်းနားမလည်စွာ မျက်မှောင်ကြုတ်မိတော့ မင်းခွန်မှိုင်းကနောက်စိကို ဖြတ်ခနဲရိုက်လေသည်။ လက်ကလည်းမြန်ချက်ပင်။

"ဟိုမှာ မင်းကောင်ကြီးသေမလိုဖြစ်နေတာကို ကြည့်ဦး။"

သည်တော့မှ ငစိုင်းသည်ကျော်ကြီးအား တစ်ချက်လှမ်းကြည့်ကာ ခေါင်းလေးအသာယမ်းရင်း သက်ပြင်းလေးချလေသည်။

"ချစ်သူရည်းစားရယ်လို့ ရှိလာရင် စိတ်ဆိုးစိတ်ကောက်တာတွေ သဘောထားမတိုက်ဆိုင်တာတွေဖြစ်မှာပေါ့ကွ။ ပြန်အဆင်ပြေသွားမှာပါ။ ကျော်ကြီးကောင်မလေးကလည်း ကျော်ကြီးကိုအရမ်းချစ်တာပဲကို"

မင်းခွန်မှိုင်းလည်း နှာခေါင်းလေးရှုံ့ရင်း ခေါင်းညိတ်လိုက်သည်။

"အခုဒီကောင်ကြီး ခံစားရသက်သာအောင် ညနေကျ သွားသောက်ကြရင်ကောင်းမလား...."

မင်းခွန်မှိုင်းတို့က သက်သက်သောက်ချင်လို့ ဉာဏ်ဆင်နေပြန်သည်။ အနားကပ်လာပြီး တွတ်ထိုးနေသည့် မင်းခွန်မှိုင်းအား ကျောဘက်ကနေ တွန်းထုတ်လိုက်ကာ အလုပ်ဆက်လုပ်ခိုင်းလိုက်သည်။

"သွားစမ်းပါကွာ။ မင်းဒီနေ့ ဒိတ်ဖို့သွားရဦးမှာကို။ အလုပ်ပဲလုပ်စမ်းပါ...."

မင်းခွန်မှိုင်းမကျေမနပ်ဖြင့် ခြေကန်ပြီး နေပါသော်လည်း မရ။ ငစိုင်းဆိုသည့်ကောင်သည် ဘယ်လိုကောင်မှန်းမသိ။ ယောက်ျားလေးဖြစ်ပြီး အသောက်အစားကင်းလွန်းသည်။ ပြောလိုက်လျှင် "မေမေကအဲ့တာတွေသောက်တာမကြိုက်ဘူးကွ" ဟူသည့်တစ်လုံးနှင့်ပင် အနိုင်ယူသွားတတ်သည်။ မသိလျှင် သည်ကမင်းခွန်မှိုင်းကတော့ သားဆိုးသားမိုက်ကြီးလိုပင်။

"ဟိုကောင်ကျော်ကြီး စိတ်ပြေလက်ပျောက်ဖြစ်အောင်ပါကွာ။ လုပ်စမ်းပါ တူတူသွားရအောင်..."

"သွားမယ်..."

ဤအဖြေကား အသေကောင်ကျော်ကြီးထံမှ ဖြစ်သည်။ မင်းခွန်မှိုင်းပြောနေသည်များအား သူနားထောင်နေခဲ့သည် ထင်ပါရဲ့။ ကျော်ကြီးသည် ထိုင်နေရာမှထရပ်လိုက်သည်။

"ငါလည်း ညစ်လို့ ညနေကျသွားသောက်မလား စဉ်းစားနေတာ။ သွားမယ်ကွာ။ အဲ့မိန်းမမသောက်ပါနဲ့လို့တားခဲ့လို့ မသောက်ဘဲသည်းခံထားရသမျှ ဒီညအပီသောက်ပြီ။ ငစိုင်း....မင်းပါလိုက်ခဲ့..."

"ဟမ်....ဘာလို့ ငါလဲ။ ငါမှအဲ့တာတွေမသောက်တာကွာ။ ပြီးရင် တစ်ယောက်တည်းယောင်ချာချာနဲ့ "

ကျော်ကြီးသည် ငစိုင်းအား လက်ညှိုးငေါက်ငေါက်လှမ်းထိုးလေသည်။ ငစိုင်းခမျာလည်း ခပ်တွန့်တွန့်။ ကျော်ကြီးသည် အနေအေးသည်ထင်ရပေမဲ့ မူးသည့်အချိန်နှင့်အသည်းကွဲသည့်အချိန်ဆိုလျှင် ရစ်စိန်ဖြစ်သည်။

"ဘာလဲ ငစိုင်း။ မင်းကပါ ငါ့ကိုပစ်ထားချင်တာလား။"

မမူးဘဲရစ်တော့မည်ကို သိနေသည့်ငစိုင်းလည်း ချက်ချင်းပင် လက်ခံတော့သည်။

"ငါလိုက်ခဲ့မယ်ကွာ။ အဲ့ကျမှ အမူးသောက်ပြီး ရင်ဖွင့်ချင်ရင်ဖွင့်တော့....."

"အေး...အဲ့လိုကိုဖြစ်နေရမယ်။ ငမှိုင်း...မင်းရော..."

"ငါလိုက်မှာပေါ့ သူငယ်ချင်းရာ။ မင်းဒဏ်ရာတွေကို ကုစားဖို့ ငါပါရမီဖြည့်ရမှာပေါ့...."

စကားပင်မဆုံးသေးဘဲ တန်းလက်ခံသည့်အပြင် အပိုတွေပြောနေသည့် မင်းခွန်မှိုင်းအား ငစိုင်းခပ်ရွဲ့ရွဲ့သာ ကြည့်​နေမိ​တော့သည်။ ပါရမီဖြည့်သည်ဆိုပင်။ ပြီးလျှင် ဗိုက်ထဲဘီယာအပြည့်ထည့်ပြီး ပြန်မည်ကိုငစိုင်းသိနေသည်။ သင်းကဘီယာကြွက်တွင်းဖြစ်သည်။ တော်ရုံနှင့်တော့မူးမည်မဟုတ်။

မင်းခွန်မှိုင်းသည် သူ့အားပေစောင်းစောင်းကြည့်နေသည့် ငစိုင်းအား မျက်ခုံးနှစ်ချက်ဆင့် ပင့်ပြလိုက်လေသည်။ မင်းခွန်မှိုင်းသည် ဘာသေလို့ဝင်စားမှန်းမသိ။ တစ်ကိုယ်လုံး ဉာဏ်တွေချည်းပင်။ အကျင့်ကလည်း တစ်စက်မှမကောင်းပြန်။ ယခုပင်ကြည့်၊ သူငယ်ချင်းအသည်းကွဲသည်ကို သူကဘီယာသောက်ရန် ကွက်တိဂွင်ဆင်သည်။ တော်ပါပေသည်။

တစ်ယောက်နှင့်တစ်ယောက် အကြည့်များဖြင့် တိုက်ပွဲဝင်နေစဉ် စားပွဲပေါ်မှဖုန်းဝင်လာသောကြောင့် အနီးဆုံးဖြစ်သည့်ငစိုင်းကပင် ကောက်ကိုင်လိုက်လေသည်။

"ဟုတ်ကဲ့ Hotaruစတူဒီယိုကပါခင်ဗျာ"
"......"

"ဪ....ဟုတ်ကဲ့ ကိုဘုန်းကျော်စွာ"
"......"

ဖုန်းပြောနေသည့်ငစိုင်းထံမှာ ဘုန်းကျော်စွာဆိုသော နာမည်ကိုကြားမိတော့ လူကဆတ်ခနဲပင်တွန့်မိသည်။

"ခွန်မှိုင်းလား....ရှိတယ်ခင်ဗျ။ ကျွန်တော်ခေါ်ပေးပါ့မယ်"

"......"

မင်းခွန်မှိုင်း ချက်ချင်းမျက်နှာကြီး အိုဇာသွားမိတော့သည်။

"ခွန်မှိုင်း လာဦး။ ဒီမှာ ကိုဘုန်းကျော်စွာက မင်းကိုပြောစရာရှိလို့တဲ့"

ငစိုင်းသည် ဖုန်းစပီကာခွက်ကလေးအား လက်ဖြင့်အုပ်ရင်း မင်းခွန်မှိုင်းကို လှမ်းခေါ်လေသည်။ မင်းခွန်မှိုင်းလည်း ခေါင်းဆတ်ဆတ်ယမ်းပြလိုက်သည်။

"မရှိဘူးလို့ ပြောလိုက်ကွာ။ အာရုံနောက်တယ်"

"ဟ...ငါကရှိတယ်ပြောပြီးပြီ လဒရဲ့။ လာစမ်းပါ။ ဖုန်းပြောလို့သေမသွားဘူး"

နောက်ဆုံးတော့ စိတ်မပါလက်မပါဖြင့်သာ ဖုန်းကိုင်လိုက်ရတော့သည်။

"ဟုတ်ကဲ့ ကိုဘုန်းကျော်စွာ"

"မင်းခွန်မှိုင်းလား...။ တော်ပါသေးရဲ့....မင်းနဲ့စကားပြောရပါ့မလား စိတ်ပူနေတာ"

ဇာတ်လမ်းတွေ စလာပြန်ချေပြီ။ သက်ပြင်းကိုခပ်တိုတိုချရင်း စိတ်မပါလက်မပါရယ်သံဖြင့် ရယ်လိုက်သည်။

"အဟား.....စိတ်ပူစရာမှမပါဘဲ ကိုဘုန်းကျော်စွာရာ"

တစ်ဖက်မှ ဘုန်းကျော်စွာဆိုသူသည် ခပ်ယဲ့ယဲ့ရယ်လေသည်။

"စိတ်ပူရတာပေါ့။ ကိုယ် ဒီနေ့အလုပ်ကိစ္စနဲ့ ပြင်ဦးလွင်ရောက်နေတာလေ။ အဲ့တာမနက်ဖြန် ပြန်ရမှာ။ မပြန်ခင် မင်းနဲ့တွေ့ရဖို့ကို အချိန်လေးမနည်းလုပြီး ဖုန်းဆက်ကြည့်လိုက်တာ။ မင်းရှိနေလို့တော်သေးတယ်"

မင်းခွန်မှိုင်းစိတ်ပျက်လက်ပျက်မျက်နှာဖြင့် နားထောင်နေစဉ် ဖုန်းအားအတင်းလာကပ်နားထောင်နေသည့် Kiteဆိုသော သတ္တဝါကရှိသေးသည်။

"ဟုတ်ကဲ့ ကိုဘုန်းကျော်စွာ"

အားနာပါနားဖြင့် ဟုတ်ကဲ့ဟူသော စကားကိုသာဆိုလိုက်သည်။

"ကိုယ်မင်းနဲ့တွေ့လို့ရမလား။"

"အာ....ကျွန်တော်ဒီနေ့အလုပ်ရှိတော့ တွေ့လို့မရဘူးထင်တယ်။"

ကိုဘုန်းကျော်စွာဘက်မှ ခေတ္တမျှငြိမ်သက်သွားသောကြောင့် မင်းခွန်မှိုင်းအနည်းငယ် စိတ်သက်သာရာရမိသည်။ အလုပ်ရှိနေသေး၍တော်သေးသည်။ သူ့လိုလူကို ရင့်ရင့်သီးသီးငြင်းထုတ်၍လည်း ဖြစ်သည်မဟုတ်။ ဘုန်းကျော်စွာဆိုသူက Cosplayအလုပ်ကို သည်လိုနိုင်ငံမျိုးတွင် ဝင်ဆံ့လာအောင် ၊ လူသိလာအောင် ကြိုးစားနေသူမို့ ပုန်ကန်၍မဖြစ်။ အကင်းပါးစွာပင်ရှောင်ကွင်းတတ်ဖို့ ကြိုးစားရမည်။

"ညနေလောက်ရော မအားဘူးလား။ ကိုယ်က မင်းနဲ့စကားပြောချင်လို့ကို။ မရနိုင်ဘူးလား"

မင်းခွန်မှိုင်းအနည်းငယ်တော့ အကြပ်ရိုက်မိသည်။ ဘေးနားမှ Kiteကလည်း မင်းခွန်မှိုင်းမည်သို့ပြန်ပြောမည်လဲဆိုတာကို စူးစမ်းစွာကြည့်နေပြန်သည်။

"ဟိုလေ...ကျွန်တော့်မေမေနေသိပ်မကောင်းတော့ အိမ်စောစောပြန်ရမှာမို့....အားတော့နာပါရဲ့"

ဤသို့ပြောသည်ကိုသာ မေမေသိလျှင် အထောင်းခံရချည်သေးရဲ့။ ကန်တော့ ကန်တော့ မေမေရေဟု စိတ်ထဲကနေ တောင်းပန်လိုက်သည်။

"ဒါဆိုလည်း နောက်ထပ်လာမှပဲတွေ့ကြတာပေါ့။ အဲ့ကျရင်တော့ ကိုယ့်ကိုအချိန်ပေးရမယ်နော်...."

"ဟုတ်ကဲ့ စိတ်ချပါကိုဘုန်းကျော်စွာ"

အရေးကြီးသည်က ယခုရှောင်နိုင်ရန်ဖြစ်သောကြောင့် မြန်မြန်ဆန်ဆန်ပင် ဟုတ်ကဲ့ပစ်လိုက်သည်။

"အိုကေ ဒါဆိုကိုယ်ဖုန်းချလိုက်ပြီနော် ဘိုင့်..."

ကိုဘုန်းကျော်စွာဖုန်းချသွားတော့ကာမှ မင်းခွန်မှိုင်းလည်း သက်ပြင်းချရင်း ဘေးနားကခုံတွင်ခြေပစ်လက်ပစ် ထိုင်ချမိလိုက်တော့သည်။ မင်းခွန်မှိုင်းအတွက် အခက်ခဲဆုံးအရာသည် ချိုချိုသာသာနှင့်ယဉ်ယဉ်ကျေးကျေး ပြောရသည့်ကိစ္စဖြစ်သည်။ စိတ်ထဲကမပါဘဲဟန်ဆောင်နေရသည်မှာ ခက်ပါပေသည်။ အသက်တစ်ဝက်လောက်ပင် တိုသွားသလိုခံစားရသည်။ ရက်ကဖြင့်ဘယ်လောက်မှမကျန်တော့သည်ကို အသက်တစ်ဝက်ထပ်လျော့၍မဖြစ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးရင်း အလုပ်လုပ်ဖို့သာ အာရုံပြန်စိုက်လိုက်သည်။

ဒိတ်ရန်သွားရတော့မည်ဖြစ်သောကြောင့် အဝတ်အစားပြင်ဆင်ရတော့သည်။ ရာသီဥတုကလည်းအေးသည့်ဘက်သို့ ရောက်လာပြီဖြစ်သည့်အပြင် တစ်ခါတည်းကြိုပြင်ဆင်ရမည့် ကာရိုက်တာဖြစ်သောကြောင့် စတူဒီယိုကနေ ကြိုပြင်သွားခဲ့သည်။ Cosplayရမည်က Bungou stray dogsထဲမှ Dazai Osamuဖြစ်သည်။။ လက်တွေဘာတွေတွင် ပတ်တီးတွေစည်းရဦးမည်။

မိတ်ကပ်နှင့်ဆံပင်ပုံစံအား ငစိုင်းကိုပင်အားကိုးရတော့မည်။ အထူးကျွမ်းကျင်သူ ကျော်ကြီးသည် လဒမှိုင်မှိုင်နေသည်မဟုတ်လား။ ယခုအချိန်သွားလုပ်ခိုင်းလျှင်လည်း သရဲရုပ်ပေါက်သွားမှာ မြင်ယောင်ပါသေးသည်။

"ခွန်မှိုင်း ငြိမ်ငြိမ်နေစမ်း။ မျက်တောင်ခဏခဏခတ်မနေနဲ့"

ငစိုင်းတို့က လူကိုရလျှင်ရသလို ပိတ်ဟောက်နေသည်။ လူပဲမျက်တောင်ခတ်တာဆန်းသလော။

"မျက်တောင်ကတော့ ခတ်မှာပဲလေ လဒရယ်။ မင်းကLinerလေးဆိုးတာကို ငါ့မျက်လုံးကြီးကို အကြာကြီးဆွဲဖြဲပြီး ဆိုးပေးတော့ မျက်လုံးစပ်တယ်ကွ"

"မင်းမျက်လုံးကိုမဖြဲလို့ရမလား။ မင်းမျက်ရစ်ကမပေါ်တော့ ပေါ်အောင်သေချာလုပ်ပေးရတာ..."

"အပိုမပြောနဲ့ ငစိုင်း။ ကျော်ကြီးငါ့ကိုပြင်ပေးတာ အကြိမ်တစ်ရာမကတော့ဘူး။ တစ်ခါမှဒီလိုမဖြစ်ဘူး။"

"အဲ့တာဆိုလည်း အဲ့ကောင်သွားလုပ်ခိုင်းကွာ။ လုပ်ပေးလုပ်ပေးရ​သေးတယ်။ ပါးစပ်ကပွစိပွစိနဲ့...မလုပ်ပေးတော့ဘူး..လစ်တော့.."

"အေး...မင်းအဲ့လိုအကျင့်ပုတ်လို့ ကိုသာနဲ့သဘောမတူတာ"

ငစိုင်းတစ်ယောက်လှည့်ထွက်သွားပြီးကာမှ မဆီမဆိုင်ကိုသာ့ကိုပါ ဆွဲထည့်လာသည့်မင်းခွန်မှိုင်းအား ပြန်လှည့်ကြည့်လာသည်။

"အကျင့်ပုတ်တာက မင်းလေ။ ပြီးတော့ ပြောဦးမယ်။ မင်းကိုအမြင်ကပ်လို့ကို ကိုသာ့ကိုရအောင်လိုက်ဦးမှာ ကြည့်နေ ကြည့်နေ။"

မင်းခွန်မှိုင်းအား စိတ်ပေါက်လို့သာပြောချလိုက်ပေမဲ့ ငစိုင်းထိုသို့မလုပ်ရဲပါ။ မင်းခွန်မှိုင်းကတော့ ငစိုင်းစကားကို ဘယ်လိုပြန်ပက်ရမည်လဲ စဉ်းစားနေပုံထောက်လေသည်။ ဘယ်လိုတွေနှိပ်ကွပ်ဦးမည်လဲမသိ။ ငစိုင်းဆိုသည်မှာလည်း မင်းခွန်မှိုင်းကိုမနိုင်မှန်းသိသိနှင့် ရန်ထောင်မိတာမျိုး။ ယခုလည်း လူကိုသတ်တော့ဖြတ်တော့မည့် အကြည့်မျိုးဖြင့် ကြည့်နေလေ၏။

"အေး...လုပ်လေ။ မင်းမ​ကောင်း​ကြောင်း​တွေ ကိုသာ့ကို သွားပြောပစ်မှာ"

"ပြောပေါ့။ ငါကမဟုတ်တာလုပ်မထားဘူး"

ငစိုင်းတို့ကယုံကြည့်ချက်အပြည့်ပင်။

"မင်းမနက်တိုင်း ကိုသာ့ကိုသွားချောင်းနေတာကို ငါပြောလိုက်ရင်​ရော....ဘယ်လိုလဲ ဘယ်လိုလဲ..."

မင်းခွန်မှိုင်းသည် လူယုတ်မာပြုံးပြုံးလေပြီး ငစိုင်းကိုမျက်ခုံးတစ်ဖက်ပင့်ပြလေသည်။ ရုပ်ကိုက ရိုက်သတ်ချင်စရာကောင်းသည်။ ဘယ်လိုသန္ဓေဆိုးမှန်းမသိ။

"ပြောကွာ။ ကိုသာသိသွားတော့လည်း အေးတာပဲ။ ငါဖွင့်ပြောစရာမလိုတော့ဘူးပေါ့"

မင်းခွန်မှိုင်းက ခပ်ညစ်ညစ်ပြုံးပြန်သည်။ ရုပ်ကတကယ်လုပ်မည့်ရုပ်။

"သေချာတယ်နော်..."

"သေချာတယ်ကွာ"

ငစိုင်းမခံချင်စိတ်ဖြင့် ပြောနေပေမဲ့ ခပ်လန့်လန့်ဖြစ်နေသည်။ မင်းခွန်မှိုင်းတကယ်သွားမပြောစေရန် ကြိတ်ဆုတောင်းနေမိသည်။

"ရတယ်လေ ငါအခုဖုန်းဆက်လိုက်မယ်"

ချက်ချင်းဖုန်းကောက်ထုတ်ကာ ဆက်ဖို့လုပ်သောကြောင့် ဖုန်းကိုပြေးလုရသည်။ ပြီးမှ မျက်နှာငယ်လေးဖြင့် မင်းခွန်မှိုင်းအားအသနားခံလိုက်မိသည်။

"မလုပ်ပါနဲ့ ငမှိုင်းရာ။ ငါပဲအရှုံးပေးပါတယ်။ ကိုသာ့ကိုတော့ သွားမပြောပါနဲ့။ သူငါ့ကိုမုန်းသွားလိမ့်မယ်..
နော်...ခွန်မှိုင်း။ မပြောပါနဲ့နော်..."

လေသံဖျော့လေးဖြင့် တောင်းပန်လာတော့ မင်းခွန်မှိုင်းစိတ်မကောင်းဖြစ်ရသည်။ ဘာကြောင့်များ သည်လောက်အထိ သူ့အချစ်ကိုကိုသာမသိအောင် ထိန်းသိမ်းချင်နေရသနည်း။ ဘာကြောင့်များ ထိုမျှလောက်အထိ ချစ်နိုင်ရပါသနည်း။ ယခင်ကငစိုင်းအား သူသိပ်နားမလည်ဖြစ်ခဲ့ဖူးသည်။ ယခုတော့တဖြည်းဖြည်းနှင့်နားလည်လာခဲ့သည်။ ငစိုင်းသည်ကိုသာ့အား ရိုးရိုးကြိုက်ရုံမဟုတ်။ တကယ်နှစ်နှစ်ကာကာ ချစ်နေသည်ပင်။ လိုက်ချောင်းစရာ ၊ လိုက်စုံစမ်းစရာကိုမလိုဘဲ သူ့အပြုအမူ၊ သူ့စကားများက ကိုသာ့အား သူမည်မျှချစ်ကြောင်း ပြသနေသည်။

မျက်နှာငယ်လေးဖြင့်တောင်းဆိုနေသည့် ငစိုင်း၏ပခုံးကို မင်းခွန်မှိုင်းခပ်ဖွဖွပုတ်လိုက်သည်။

"ငါကစတာပါကွာ။ မင်းကတအားကြီးကိုပိုလွန်းတယ်"

ငစိုင်း ယခုမှပင်သက်ပြင်းလေးယဲ့ယဲ့ချနိုင်တော့၏။

"အေးပါ။ ငါသိပါတယ်။ ကိုသာနဲ့ငါမတန်မှန်းလည်း သိပါတယ်။ မင်းသဘောတူရင်တောင် ငါဖွင့်မပြောရဲပါဘူး။ ကိုသာကအဲ့လိုကိစ္စတွေ လက်မခံဘူးဆိုရင် ငါရင်နာ​နေရမှာ....."

ဟန်ဆောင်အားတင်းပြီးရယ်နေသည့် ငစိုင်းကြောင့် မင်းခွန်မှိုင်းပိုပြီးစိတ်မကောင်းဖြစ်ရသည်။ ယခင်က မည်သူ့ခံစားချက်ကိုမှ ဂရုမပြုဘဲ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းသာရှေ့တန်းတင်တတ်ခဲ့သည်။ ယခု ဂရုမပြုမိခဲ့သည့်အရာများကို ဂရုပြုမိချိန်မှာတော့ ငစိုင်းကိုအားနာမိသည်။ ကိုသာအနားသူရောက်နေသည်ကိုမြင်ရုံနှင့်ပင် မင်းခွန်မှိုင်းအမြဲတမ်း အနှောက်အယှက်ပေးတတ်ခဲ့သည့်အပြင် ငစိုင်းကိုပါ တစ်ခါတလေကျလျှင် 'ငါ့အစ်ကိုနဲ့မင်းနဲ့တန်လို့လား'ဟု ခပ်ရိုင်းရိုင်းပြောမိတတ်သေးသည်။ စိတ်ထဲကပါလို့ရယ်တော့မဟုတ်။ မိမိ၏အပြောအဆိုမတတ်မှုကြောင့်သာဖြစ်သည်။

"မင်းသာ ကိုသာ့ကိုတကယ်ချစ်ရင် ငါသဘောမတူစရာမရှိပါဘူး ငစိုင်းရာ။ ယောက်ျားလေးချင်းအချစ်ကို ငါသိပ်နားမလည်ပေမဲ့ မင်းကိုသာ့အပေါ်ထားတဲ့အချစ်ကိုတော့ ငါခံစားမိပါတယ်။ မင်းရှေ့ဆက်တိုးမယ်ဆိုရင်တောင် ငါကကူညီပေးပါ့မယ်။"

ငစိုင်းအံ့အားသင့်မိသွားသည်။ မင်းခွန်မှိုင်းက ထိုလိုမျိုးလည်း ပြောတတ်သည်လား။ ယခုရှေ့တွင်ရှိနေသူသည် မင်းခွန်မှိုင်းမှဟုတ်ပါရဲ့လား။

"မှန်းစမ်း..."

ငစိုင်းသည် မင်းခွန်မှိုင်းနဖူးပေါ် လက်ဖမိုးဖြင့်ကပ်ကာ ကိုယ်အပူချိန်တိုင်းလိုက်သည်။

"ကိုယ်လည်းမပူပါဘူး ခွန်မှိုင်းရဲ့။ ဒါပေမဲ့ မင်းဆေးခန်းသွားပြရမယ်ထင်တယ်။"

အတည်ပြောနေသည်ကို သင်းကလာနောက်နေသောကြောင့် ဦးခေါင်းကိုထက်ခြမ်းခွဲသည့်ပုံစံ လက်ဝါးသိုင်းကျင့်ပေးလိုက်သည်။

"အတည်ပြောနေတာ ဟကောင်ရ။ စိတ်ကောင်းဝင်လို့ကိုမရဘူး။"

ငစိုင်းကခပ်ဟဟရယ်လေသည်။

"ငါနဲ့ကိုသာ့ကိုသဘောတူတာကျေးဇူးပါကွာ။ ဒါပေမဲ့ ငါဒီတိုင်းလေးပျော်ပါတယ်။ မင်းလည်း တော်တော်ပြောင်းလဲသွားတယ်နော်...တစ်ဖက်သားရဲ့ခံစားချက်တွေ ဘာတွေနားလည်လာပြီ"

"ထင်လို့ပါကွာ"

ထိုသို့ဆိုပေမဲ့ မင်းခွန်မှိုင်းလည်း ကိုယ့်ကိုကိုယ်သတိထားမိသည်သာပင်။ ဟုတ်ပါရဲ့။ ယခုလိုပြန်ရှင်သန်ခွင့်ရသည့်အချိန်မှာမှ တန်ဖိုးထားရသောလူများ၏ ခံစားချက်ကိုနားမလည်သေးလျှင် မင်းခွန်မှိုင်းတို့ သေတာပင်နည်းသေးသည်လေ။

အ​တွေးနယ်ကျွံရင်း ဝမ်းနည်း​နေပုံ​ပေါက်နေသည့် မင်းခွန်မှိုင်းအား Kiteသည် အခန်း​ထောင့်မှခုံ​လေးတွင်ထိုင်ရင်း ငေးကြည့်​နေလျက်ရှိနေခဲ့၏။

************************************

"မင်းတို့ပဲစဉ်းစားကြည့်ကွာ.."

"အေးပါကွာ..."

"မအေးနဲ့ကွာ..."

"မအေးဘူးကွာ..."

ဘီယာနှစ်ဘူးလောက်ကုန်ရုံဖြင့် လစ်ထွက်နေသော ကျော်ကြီးကြောင့် မင်းခွန်မှိုင်းနှင့်ငစိုင်းတို့ ခေါင်းခဲနေကြလေသည်။

"ငါ...ငါကသူ့ကိုအရမ်းချစ်တာ။ ဂရုလည်းစိုက်တယ်ကွာ။ ဒါပေမဲ့ အမြဲတမ်းတော့ ဘယ်အချိန်ပေးနိုင်မလဲ။ အဲ့တာကို ငါကအချိန်မပေးလို့ စိတ်ကုန်နေပြီတဲ့။ မပျော်တော့ဘူးတဲ့...."

"အေးပါကွာ..."

ငစိုင်းနှင့်မင်းခွန်မှိုင်းတို့၏သံပြိုင်အဖြေပေသာ။ ဤတစ်ကြိမ်နှင့်ဆို​ကျော်ကြီးထိုအကြောင်းကိုပြောသည်မှာ ၈ကြိမ်ရှိလေပြီ။ သတိရတိုင်း ထိုကိစ္စကိုပင် အထပ်ထပ်ပြောနေသောကြောင့် သူတို့နှစ်ယောက်လည်း မည်သို့မျှဖြေသိမ့်မပေးနိုင်တော့ဘဲ အေးပါကွာသာဆိုနိုင်တော့သည်။

"ငစိုင်း...မင်းမှာကားပါတယ်မလား"

ငစိုင်းသည် လက်ထဲမှအအေးဘူးလေးကို မော့ရင်းခေါင်းအသာညိတ်ပြသည်။

"အဲ့ကောင်ကိုလိုက်ပို့လိုက်တော့ကွာ။ ငါတော်တော်နားညီးနေပြီ"

ငစိုင်း လှောင်သလိုရယ်လိုက်သည်။

"မင်းပဲဒီဇာတ်လမ်းကိုထွင်တာလေ။ အခုကျမှ..."

"မသိဘူးကွာ။ ပြန်ပို့လိုက်တော့..."

"ဟင်...ပို့တာတော့ဟုတ်ပါပြီ။ မင်းရောမလိုက်ဘူးလား"

"ငါခဏငြိမ့်လိုက်ဦးမယ်။ မင်းတို့သာဂရုစိုက်သွား..."

"အဲ့တာဆိုလည်း အများကြီးတော့မသောက်နဲ့ အမောင်မင်းခွန်မှိုင်းရေ။ ငါနောက်တစ်ယောက်လိုက်မပို့ချင်ဘူး"

"မပို့ရပါဘူး...ကြွ​တော့"

ငစိုင်းသည် ကျော်ကြီးကိုတွဲထူရင်းဆိုင်ထဲမှ ထွက်သွားတော့သည်။ ငစိုင်းတော့ တစ်လမ်းလုံးရစ်ခံရဦးမှာ မြင်ယောင်သေးသည်။ မင်းခွန်မှိုင်းလည်း ခွက်ထဲသို့ လက်ကျန်ဘီယာလေးထည့်လိုက်ပြီး မော့ဖို့လုပ်စဉ် ဆိုင်ထဲဝင်လာသည့်လူတစ်ယောက်ကြောင့် နင်သွားမိသည်။ ကိုဘုန်းကျော်စွာပါလေ။ မေမေနေမကောင်းသဖြင့် သူနှင့်မတွေ့နိုင်ဟုဆိုလျက် ငြင်းထားပြီးကာမှ တည့်လာတိုးလေခြင်း။ ကြံရာမရသည့်အဆုံး ဘေးနား၌ထိုင်နေသည့်Kiteအား တံတောင်ဖြင့်တွတ်လိုက်သည်။

"Kite...Kite ငါ့ကိုကယ်ဦး။"

သူ့ဘာသာအေးဆေးထိုင်နေသည့် Kiteသည့်မင်းခွန်မှိုင်းဘက်ကို ဖြည်းညှင်းစွာကြည့်လာလေသည်။ အရေးကြီးချိန်မှ သူက Slow motionပုံစံပြုနေ၏။

"ငါ့ကိုမင်းလိုကိုယ်ပျောက်အောင် လုပ်ပေးပါလား"

Kiteကခေါင်းလေးကုတ်လေပြီး...

"ဘယ်လိုလုပ်ရမှာလဲ။ ကြောင်တောင်တောင်နဲ့"

"ဟို..ညှို့စက်ကွင်းလွှတ်ရင်ရော..."

"ငါလူတစ်ယောက်လုံးကို ဖျောက်နိုင်လောက်တဲ့အစွမ်း​တော့ မရှိဘူး။"

"ကျစ်...မင်းက ဘာမှကိုအားမကိုးရဘူး"

Kiteကအားမကိုးရမှတော့ ကိုယ်တိုင်ပုန်းရမ်သာကျန်တော့သည်။ ခုံအောက်ဝင်ပုန်းလျှင်ကောင်းမည်လား။

"အိမ်သာ အိမ်သာ..."

နောက်ဆုံးတော့ ပုန်းရမည့်နေရာကို စဉ်းစားလို့ရချေပြီ။ အိမ်သာလောက်ပုန်းလို့ကောင်းသည့်နေရာ အဘယ်မှာရှိနိုင်ဦးမည်နည်း။ ဘေးနားချထားသည့် ကျောပိုးအိတ်ကိုဆွဲယူပြီး ခုံအောက်ထဲမှခေါင်းအထွက် မင်းခွန်မှိုင်းရှေ့တည့်တည့်တွင် ရပ်နေသည့် ကိုဘုန်းကျော်စွာကို မြင်ရချိန်မှာတော့ မင်းခွန်မှိုင်းပြေးပေါက်ပိတ်လေသည်။ ကိုဘုန်းကျော်စွာက...

"အဲ့တာကြောင့် မင်းနဲ့တူပါတယ်ဆိုပြီး လာကြည့်တာ။ ထင်တဲ့အတိုင်းပဲ"

မင်းခွန်မှိုင်းအင်တင်တင်ဖြင့် သွားလေးစိကာရယ်ရင်း ခေါင်းလေးကုတ်လိုက်မိသည်။ နောက်ကKiteအားအကူအညီလေးများ ရမည်လားလှည့်ကြည့်မိတော့ သူကအာလူးချောင်းကြော်များကို တစ်ချောင်းချင်း အေးဆေးစားနေလေသည်။ အားကိုးရပါပေ၏။

ယခုမှတော့ ဘယ်တတ်နိုင်ပါတော့မည်နည်း။ ရှေ့ကဟိုဘိုးတော်နှင့် ရင်ဆိုင်ရုံမှလွဲ၍ အခြားမရှိတော့ပေ....။

Thanks For Reading

Note

အရမ်းရှည်နေလို့ ဒီနားတင်ဖြတ်လိုက်ပါတယ်နော်။ အခုတလော ၂ရက်ခြားတစ်ခါပဲ upနိုင်ပါတယ်။ နောက်တော့မကျပေမယ့် နောက်ကျတယ်လို့ခံစားနေရတယ်။ ဘာလို့နောက်ကျလဲပြောပြဦးမယ်။ မသိချင်လည်း သိချင်လိုက်ဗျာ။ အဓိကက စိတ်နဲ့ကိုယ်နဲ့လုံးဝကိုမကပ်တာ။ လွတ်နေတာ။ ဘယ်လောက်လွတ်လဲဆိုရင်လေ...ကန်တော့နော်...။ toiletဝင်တာကို​အင်္ကျီကြယ်သီးတွေကောက်ဖြုတ်ပြီး ငုတ်တုတ်ထိုင်နေတာ🤧။ အဲ့လောက်ကိုလွတ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ဆက်ဖတ်ပေးဦးလေနော်...😁

Zawgyi

တိတ္ဆိတ္ေနသည့္ မင္းခြန္မႈိင္းတို႔၏စတူဒီယုိ။ ပံုမွန္ဆုိလ်ွင္ တစ္ေယာက္နွင့္တစ္ေယာက္ စရင္းေနာက္ရင္းျဖင့္ ဆူညံေနက်ျဖစ္ေပမဲ့ ယေန႔ေတာ့ ၿငိမ္ေနၾကသည္။ အေၾကာင္းကား ေက်ာ္ႀကီးတစ္ေယာက္ ေကာင္မေလးႏွင့္ျပႆနာတက္လာကာ မႈိင္တုိင္တုိင္ျဖစ္ေနေသာေၾကာင့္ျဖစ္သည္။ မင္းခြန္မႈိင္းနွင့္ငစုိင္းတုိ႔လည္း တစ္ေယာက္ကုိတစ္ေယာက္မ်က္စေတြပဲ ပစ္ျပရင္း ေက်ာ္ႀကီးအေျခအေနကုိ ေစာင့္ၾကည့္ေနၾကရသည္။ ဘာလုပ္ေပးရမည္မွန္းလည္းမသိၾကေခ်။ ေက်ာ္ႀကီးကလည္း ​ေရာက္လာကတည္းက "ငါ​ေကာင္မ​ေလးနဲ႔ျပတ္သြားၿပီ"ဟူ​ေသာ စကားတစ္ခြန္းကုိသာဆုိ၍ ထုိအခ်ိန္မွစၿပီး တုပ္တုပ္မွကုိမလႈပ္ဘဲ အေသေကာင္ႀကီးလိုမ်ဳိး ထုိင္ေနေတာ့သည္။

မင္းခြန္မႈိင္းလည္း ပစၥည္းမ်ားအား ဖုန္လိုက္သုတ္ေနသည့္ ငစုိင္းနားသုိ႔ကပ္သြားကာ တံေတာင္ျဖင့္လွမ္းတြတ္လိုက္သည္။

"ငစုိင္း...ငါတုိ႔ဘာလုပ္ၾကမလဲ"

အစမ႐ွိအဆံုးမ႐ွိစကားအား ငစုိင္းနားမလည္စြာ မ်က္ေမွာင္ၾကဳတ္မိေတာ့ မင္းခြန္မႈိင္းကေနာက္စိကုိ ျဖတ္ခနဲ႐ုိက္ေလသည္။ လက္ကလည္းျမန္ခ်က္ပင္။

"ဟုိမွာ မင္းေကာင္ႀကီးေသမလိုျဖစ္ေနတာကုိ ၾကည့္ဦး။"

သည္ေတာ့မွ ငစုိင္းသည္ေက်ာ္ႀကီးအား တစ္ခ်က္လွမ္းၾကည့္ကာ ေခါင္းေလးအသာယမ္းရင္း သက္ျပင္းေလးခ်ေလသည္။

"ခ်စ္သူရည္းစားရယ္လို႔ ႐ွိလာရင္ စိတ္ဆုိးစိတ္ေကာက္တာေတြ သေဘာထားမတုိက္ဆုိင္တာေတြျဖစ္မွာေပါ့ကြ။ ျပန္အဆင္ေျပသြားမွာပါ။ ေက်ာ္ႀကီးေကာင္မေလးကလည္း ေက်ာ္ႀကီးကုိအရမ္းခ်စ္တာပဲကို"

မင္းခြန္မႈိင္းလည္း ႏွာေခါင္းေလး႐ႈံ႕ရင္း ေခါင္းညိတ္လိုက္သည္။

"အခုဒီေကာင္ႀကီး ခံစားရသက္သာေအာင္ ညေနက် သြားေသာက္ၾကရင္ေကာင္းမလား...."

မင္းခြန္မႈိင္းတုိ႔က သက္သက္ေသာက္ခ်င္လို႔ ဉာဏ္ဆင္ေနျပန္သည္။ အနားကပ္လာၿပီး တြတ္ထုိးေနသည့္ မင္းခြန္မႈိင္းအား ေက်ာဘက္ကေန တြန္းထုတ္လိုက္ကာ အလုပ္ဆက္လုပ္ခိုင္းလိုက္သည္။

"သြားစမ္းပါကြာ။ မင္းဒီေန႔ ဒိတ္ဖုိ႔သြားရဦးမွာကုိ။ အလုပ္ပဲလုပ္စမ္းပါ...."

မင္းခြန္မႈိင္းမေက်မနပ္ျဖင့္ ေျခကန္ၿပီး ေနပါေသာ္လည္း မရ။ ငစုိင္းဆုိသည့္ေကာင္သည္ ဘယ္လိုေကာင္မွန္းမသိ။ ေယာက္်ားေလးျဖစ္ၿပီး အေသာက္အစားကင္းလြန္းသည္။ ေျပာလိုက္လ်ွင္ "ေမေမကအဲ့တာေတြေသာက္တာမႀကိဳက္ဘူးကြ" ဟူသည့္တစ္လံုးနွင့္ပင္ အႏုိင္ယူသြားတတ္သည္။ မသိလ်ွင္ သည္ကမင္းခြန္မႈိင္းကေတာ့ သားဆုိးသားမုိက္ႀကီးလိုပင္။

"ဟုိေကာင္ေက်ာ္ႀကီး စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ပါကြာ။ လုပ္စမ္းပါ တူတူသြားရေအာင္..."

"သြားမယ္..."

ဤအေျဖကား အေသေကာင္ေက်ာ္ႀကီးထံမွ ျဖစ္သည္။ မင္းခြန္မႈိင္းေျပာေနသည္မ်ားအား သူနားေထာင္ေနခဲ့သည္ ထင္ပါရဲ႕။ ေက်ာ္ႀကီးသည္ ထုိင္ေနရာမွထရပ္လိုက္သည္။

"ငါလည္း ညစ္လို႔ ညေနက်သြားေသာက္မလား စဥ္းစားေနတာ။ သြားမယ္ကြာ။ အဲ့မိန္းမမေသာက္ပါနဲ႔လို႔တားခဲ့လို႔ မေသာက္ဘဲသည္းခံထားရသမ်ွ ဒီညအပီေသာက္ၿပီ။ ငစုိင္း....မင္းပါလိုက္ခဲ့..."

"ဟမ္....ဘာလို႔ ငါလဲ။ ငါမွအဲ့တာေတြမေသာက္တာကြာ။ ၿပီးရင္ တစ္ေယာက္တည္းေယာင္ခ်ာခ်ာနဲ႔ "

ေက်ာ္ႀကီးသည္ ငစုိင္းအား လက္ညႇဳိးေငါက္ေငါက္လွမ္းထုိးေလသည္။ ငစုိင္းခမ်ာလည္း ခပ္တြန္႔တြန္႔။ ေက်ာ္ႀကီးသည္ အေနေအးသည္ထင္ရေပမဲ့ မူးသည့္အခ်ိန္နွင့္အသည္းကြဲသည့္အခ်ိန္ဆုိလ်ွင္ ရစ္စိန္ျဖစ္သည္။

"ဘာလဲ ငစုိင္း။ မင္းကပါ ငါ့ကိုပစ္ထားခ်င္တာလား။"

မမူးဘဲရစ္ေတာ့မည္ကုိ သိေနသည့္ငစုိင္းလည္း ခ်က္ခ်င္းပင္ လက္ခံေတာ့သည္။

"ငါလိုက္ခဲ့မယ္ကြာ။ အဲ့က်မွ အမူးေသာက္ၿပီး ရင္ဖြင့္ခ်င္ရင္ဖြင့္ေတာ့....."

"ေအး...အဲ့လိုကိုျဖစ္ေနရမယ္။ ငမႈိင္း...မင္းေရာ..."

"ငါလိုက္မွာေပါ့ သူငယ္ခ်င္းရာ။ မင္းဒဏ္ရာေတြကုိ ကုစားဖုိ႔ ငါပါရမီျဖည့္ရမွာေပါ့...."

စကားပင္မဆံုးေသးဘဲ တန္းလက္ခံသည့္အျပင္ အပုိေတြေျပာေနသည့္ မင္းခြန္မႈိင္းအား ငစုိင္းခပ္ရြဲ႔ရြဲ႔သာ ၾကည့္​ေနမိ​ေတာ့သည္။ ပါရမီျဖည့္သည္ဆုိပင္။ ၿပီးလ်ွင္ ဗုိက္ထဲဘီယာအျပည့္ထည့္ၿပီး ျပန္မည္ကုိငစုိင္းသိေနသည္။ သင္းကဘီယာႂကြက္တြင္းျဖစ္သည္။ ေတာ္ရံုနွင့္ေတာ့မူးမည္မဟုတ္။

မင္းခြန္မႈိင္းသည္ သူ႔အားေပေစာင္းေစာင္းၾကည့္ေနသည့္ ငစုိင္းအား မ်က္ခံုးႏွစ္ခ်က္ဆင့္ ပင့္ျပလိုက္ေလသည္။ မင္းခြန္မႈိင္းသည္ ဘာေသလို႔ဝင္စားမွန္းမသိ။ တစ္ကုိယ္လံုး ဉာဏ္ေတြခ်ည္းပင္။ အက်င့္ကလည္း တစ္စက္မွမေကာင္းျပန္။ ယခုပင္ၾကည့္၊ သူငယ္ခ်င္းအသည္းကြဲသည္ကုိ သူကဘီယာေသာက္ရန္ ကြက္တိဂြင္ဆင္သည္။ ေတာ္ပါေပသည္။

တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကည့္မ်ားျဖင့္ တုိက္ပြဲဝင္ေနစဥ္ စားပြဲေပၚမွဖုန္းဝင္လာေသာေၾကာင့္ အနီးဆံုးျဖစ္သည့္ငစုိင္းကပင္ ေကာက္ကုိင္လိုက္ေလသည္။

"ဟုတ္ကဲ့ Hotaruစတူဒီယုိကပါခင္ဗ်ာ"
"......"

"ဪ....ဟုတ္ကဲ့ ကုိဘုန္းေက်ာ္စြာ"
"......"

ဖုန္းေျပာေနသည့္ငစုိင္းထံမွာ ဘုန္းေက်ာ္စြာဆုိေသာ နာမည္ကုိၾကားမိေတာ့ လူကဆတ္ခနဲပင္တြန္႔မိသည္။

"ခြန္မႈိင္းလား....႐ွိတယ္ခင္ဗ်။ ကြၽန္ေတာ္ေခၚေပးပါ့မယ္"
"......"

မင္းခြန္မႈိင္း ခ်က္ခ်င္းမ်က္ႏွာႀကီး အုိဇာသြားမိေတာ့သည္။

"ခြန္မႈိင္း လာဦး။ ဒီမွာ ကိုဘုန္းေက်ာ္စြာက မင္းကုိေျပာစရာ႐ွိလို႔တဲ့"

ငစုိင္းသည္ ဖုန္းစပီကာခြက္ကေလးအား လက္ျဖင့္အုပ္ရင္း မင္းခြန္မႈိင္းကုိ လွမ္းေခၚေလသည္။ မင္းခြန္မႈိင္းလည္း ေခါင္းဆတ္ဆတ္ယမ္းျပလိုက္သည္။

"မ႐ွိဘူးလို႔ ေျပာလိုက္ကြာ။ အာရံုေနာက္တယ္"

"ဟ...ငါက႐ွိတယ္ေျပာၿပီးၿပီ လဒရဲ႕။ လာစမ္းပါ။ ဖုန္းေျပာလို႔ေသမသြားဘူး"

ေနာက္ဆံုးေတာ့ စိတ္မပါလက္မပါျဖင့္သာ ဖုန္းကုိင္လိုက္ရေတာ့သည္။

"ဟုတ္ကဲ့ ကုိဘုန္းေက်ာ္စြာ"

"မင္းခြန္မႈိင္းလား...။ ေတာ္ပါေသးရဲ႕....မင္းနဲ႔စကားေျပာရပါ့မလား စိတ္ပူေနတာ"

ဇာတ္လမ္းေတြ စလာျပန္ေခ်ၿပီ။ သက္ျပင္းကုိခပ္တုိတုိခ်ရင္း စိတ္မပါလက္မပါရယ္သံျဖင့္ ရယ္လိုက္သည္။

"အဟား.....စိတ္ပူစရာမွမပါဘဲ ကုိဘုန္းေက်ာ္စြာရာ"

တစ္ဖက္မွ

You are reading the story above: TeenFic.Net