Unicode
ဒီဇင်ဘာခြံလေးထဲသို့ ဖြည်းညှင်းစွာဝင်လာသော ကားအဖြူလေးကို ငစိုင်းလှမ်းမြင်လိုက်ချိန် အလိုလိုပြုံးမိပြီးသားပင်။ အကြောင်းကား ထိုကားပိုင်ရှင်သည် မင်းခွန်သာဆိုသည့် ချစ်ရသောလူသားဖြစ်နေသောကြောင့်ဖြစ်သည်။ ကားစက်ရပ်သွားပြီး စက္ကန့်ပိုင်းအကြာမှာပင် တံခါးဖွင့်ထွက်လာသော ကိုသာ့အား သူမမှိတ်မသုန်ငေးကြည့်မိနေသည်။ ခေါင်းစွပ်ရှပ်အဖြူပွပွပေါ်မှ ဆီးရင့်ရောင်အပေါ်ထပ်အပါးလေးသည် လေနုပြေးသည့်အခါ ကိုသာ့ခန္ဓာကိုယ်ပေါ်တွင် ခပ်လွင့်လွင့်၊ ထို့အပြင် အဖြူရောင်ရှပ်အောက်အနားကို ဘောင်းဘီပွလျလျလေး၏ခါးအနားသတ်တွင် ကပိုကရိုထည့်ထားသောပုံစံလေးကပင် သည်လူကို ရင်သပ်ရှုမောဖြစ်စေသည်။
ကားသော့လေးကို ဘောင်းဘီအိတ်ကပ်ထဲထည့်ရင်း လူကိုလှမ်းကြည့်ကာ ပြုံးပြနှုတ်ဆက်လိုက်သည်မှာ လေပွေရိုင်းတစ်ခုမှ နှလုံးသားကိုခလောက်ဆန်နေသဖွယ်။ နောက်ပြီး ကို့သာခြေလှမ်းတိုင်းကပင် ပန်းတွေပွင့်နေသလို ကြည့်ကောင်းနေပြန်သည်။
တစ်လှမ်း ၊ နှစ်လှမ်း.....။
ခြေလှမ်းတိုင်းကိုစိတ်ထဲမှ လိုက်လံရေရွတ်ရင်း ကြည်နူးနေမိသည်။ တကယ့်ကို ကိုသာနှင့်ပတ်သက်လျှင် လူကကဗျာရူးလိုလို၊ စာရူးလိုလို ဖွဲ့နွဲ့တွေးနေတတ်တော့တာပါပင်။
"စိုင်းလေး...ကိုသာနောက်မကျပါဘူးနော်"
အငေးလွန်ပြီး ကိုသာပင် ငစိုင်းနှင့်အနီးဆုံးရောက်လာသည်ကို မေ့လျော့နေခဲ့မိသည်။ ကိုသာ့ဘက်မှ စကားစလိုက်တော့မှ ဆတ်ခနဲတုန်သွားပြီး စိတ်နှင့်ကိုယ်ပြန်ကပ်လေသည်။ သည်တော့မှ ခေါင်းလေးငုံ့မျက်နှာလွှဲရင်း ရှက်သွားမိသည်။ ကြာလျှင် ကိုသာရိပ်မိသွားတော့မှာပင်။ မသိသာစေရန် ကိုယ့်ရုပ်ကိုယ်ချက်ချင်းပြင်လိုက်ပြီး ရယ်ကျဲကျဲလုပ်လိုက်မိသည်။
"ကိုသာနောက်မကျပါဘူး။ ကွက်တိပဲရောက်တာ။"
ကိုသာသည် ထိုအခါမှ ခေါင်းလေးညိတ်ရင်း ငစိုင်းရှေ့၌ဝင်ထိုင်ကာ ခြံအတွင်းဟိုကြည့်သည်ကြည့်နှင့် မျက်လုံးဝေ့ကစားနေသည်။ ဒီဇင်ဘာခြံသည် အပင်လေးများဝန်းရံပြီး အေးချမ်းသာယာသောနေရာတစ်ခုပါပင်။ ဤနေရာတွင် နွားနို့လေးဖြစ်ဖြစ် ၊ ကော်ဖီကိုနွားနို့အရောလေးဖြစ်ဖြစ် သောက်ရသည်ကလည်း စိတ်ကျေနပ်ဖွယ်တစ်ခုပင်။ အထူးသဖြင့် ချစ်သူစုံတွဲများအတွက်လည်း ချိန်းတွေ့ရန်နေရာကောင်းတစ်ခုဖြစ်သည်။ ယခု ကိုသာနှင့်အတူ ငစိုင်းရှိနေရသည်။ ငစိုင်း ကိုယ့်အတွေးနှင့်ကိုယ် မျက်နှာများရဲတက်လာမိသည်။ ကိုသာက မျက်လုံးဝေ့ကစားပြီး ငစိုင်းကိုပြန်ကြည့်လာကာ မျက်ခုံးလေးပင့်ကာပြုံးသည်။
"ကိုသာ ဘာသောက်မလဲ။ နွားနို့မှာပေးရမလား..."
ကိုသာသည် သူ၏နှာတံဖြောင့်စင်းစင်းလေးကို တစ်ချက်ရှုံ့သည်။ ကိုသာသည် နွားနို့မကြိုက်လေသလော။
"တော်ပါပြီ ကိုယ်မသောက်တော့ပါဘူး"
မကြိုက်ဘူးပြောရမည်ကို အားနာသောကြောင့် ထိုသို့ငြင်းလိုက်ခြင်းဖြစ်မည်။ တကယ့်ကို စိတ်သဘောထားနူးညံ့လွန်းသည့် ကိုသာ။ ငစိုင်းလည်း ခေါင်းပဲညိတ်ရင်း မှာထားသည့် နွားနို့ကော်ဖီလေးကို တစ်ငုံသောက်ကာ ခွက်ကိုချပြီးနောက် နှုတ်ခမ်းပေါ်၌ မလိုင်ဖတ်တချို့ ပေကျံသွားသဖြင့် သုတ်ရန်တစ်ရှူးရှာမိသည်။ သို့သော် တစ်ရှူးဘောက်စ်သည် အခွံဖြစ်နေ၏။ ထို့ကြောင့် ရှက်ရှက်ဖြင့် လက်နှင့်ပင်သုတ်ဖို့ဟန်ပြင်လိုက်သည်။
"ပေသွားတာလား...ခဏ။ ကိုသာ့မှာ ပဝါပါတယ်။"
ထိုသို့ဆိုရင်း အိတ်ကပ်ထဲမှ ပဝါလေးကိုထုတ်ကာ ငစိုင်းအားသုတ်ပေးရန် လက်လှမ်းလာသောကြောင့် ငစိုင်းမျက်လုံးများပင် ပြူးတက်သွားမိသည်။ ကိုသာပဝါကိုင်ထားသည့်လက်က မျက်နှာနှင့်နီးလာလေလေ ရင်ခုန်သံတွေ မြန်ဆန်လာလေလေပင်။ ပဝါသည် နှုတ်ခမ်းနှင့်အနီးဆုံးကိုရောက်လာချိန်မှာတော့ အသက်ပင်မရှူနိုင်တော့ဘဲ တောင့်ထားမိသွားသည်။ သို့သော် ကိုသာက လက်ကိုပြန်ရုတ်လိုက်သဖြင့် လူကဟတ်ကော့ကြီး ဖြစ်သွားရပြန်သည်။ ဘာလို့လဲဟုလည်း စိတ်ထဲကနေ မေးနေမိသည်။ ကိုသာက အားနာသည့်မျက်နှာလေးဖြင့် သူ့စိတ်ထဲမှမေးခွန်းကိုဖြေသည်။
"ဟို...ဒါကကိုသာသုံးထားတာဆိုတော့ အားနာစရာကြီး။ ခဏစောင့်ပါလား ၊ ကားထဲမှာ စနိုးတာဝါပါတယ်။ ကိုသာသွားယူပေးမယ်။ ဒါမှမဟုတ် တစ်ရှူးတောင်းလိုက်မယ်"
"ကိုသာ.."
ရုတ်တရက်ထသွားရန်လုပ်နေသည့် ကိုသာ့လက်ကို အမှတ်မထင်လှမ်းဆွဲပြီးကာမှ အမြန်ပြန်လွှတ်ချလိုက်မိသည်။ ကိုသာသည် သူ့အားဘာများဖြစ်လို့လဲဆိုသည့်ပုံဖြင့် ပြန်ကြည့်တော့မှ ကိုသာ့လက်ထဲမှ ပဝါလေးကိုဆွဲယူလိုက်သည်။
"ဒါ...ဒါနဲ့ပဲသုတ်လိုက်ပါ့မယ်။"
ပြောရင်းတစ်ခါတည်း ကိုသာ့ပဝါဖြင့်သာ နှုတ်ခမ်းကိုဖိသုတ်လိုက်စဉ် ပဝါမှတဆင့်ထွက်လာသည့် ကိုယ်သင်းနံ့သင်းသင်း။ ဤသည်မှာ ကိုသာ့၏ကိုယ်သင်းနံ့ထင်ပါရဲ့။ ထိုရနံ့ကိုပင် သူ့မှာချစ်ရပြန်သည်။ ကြာလျှင် ငယ်ငယ်ရွယ်ရွယ်နှင့် နှလုံးရောဂါရပြီး သေနိုင်သည်။
"ကျွန်တော်သုတ်ပြီးသားဆိုတော့ နောက်မှလျှော်ပြီး ပြန်ပေးတော့မယ်နော် ကိုသာ"
ကိုသာကခေါင်းလေးအသာညိတ်လေသည်။ အပြုံးနုနုလေးဆိုတာကတော့ ကိုသာ့မျက်နှာတွင်မရှိမဖြစ်မို့ ပန်ဆင်မြဲပန်ဆင်ဆဲပင်။ ထိုအရာလေးကပင် သူ့အားရင်ဖိုစေပါသည်လေ။
ကြည်နူးနေတာနှင့်ပင် လာရင်းကိစ္စကို မေ့တော့မည်။ လာခဲ့သည့်အကြောင်းအရင်းသည် အလုပ်ကိစ္စပြောရန်ဖြစ်သည်။ ယခုတော့ အလုပ်ကိုမေ့ပြီး သာယာနေမိသည်။ မဖြစ်၊ ကိုယ့်ကိုယ်ကိုယ်ထိန်းရမည်။
အလုပ်ကိစ္စပြောပြီးနောက် သူ ကိုသာနှင့်ပြန်ခွဲရတော့မည်။ ငစိုင်း ကိုသာ့အား အိမ်မပြန်စေချင်ပေ။ အတူတူထပ်ရှိနေစေချင်သေးသည်။ ကိုသာမပြန်စေရန် အကြံဉာဏ်များညှစ်ထုတ်နေမိသည်။ မသုံးဘဲသိမ်းထားသည့် ဦးနှောက်အသစ်စက်စက်ကြီးကို အလုပ်ပေးလိုက်တော့ စကားတချို့တော့ထွက်လာသည်။
"ဟို...ကို..ကိုသာ တစ်ခုခုသောက်ပါလား..."
ထိုစကားသည် မေးပြီးသာဖြစ်ကြောင်း နောက်မှသတိရသည်။ အသုံးမကျလိုက်သည့်ဦးနှောက်ပင်။ ကိုသာသည် သူ့အားမျက်လုံးဝိုင်းလေးဖြင့် ပြူးကြည့်နေသောကြောင့် ကုပ်ကိုပွတ်ရင်း အကြည့်ကိုလွှဲလိုက်မိသည်။
"စိုင်းလေး သောက်နေတာကော်ဖီလား"
ငစိုင်းလည်း ခေါင်းဆတ်ဆတ်ညိတ်ပြလိုက်သည်။
"ကော်ဖီကို နွားနို့အရောနဲ့လေ ကိုသာ။ မညှီဘူး။ ကိုသာသောက်မယ်ဆို မှာပေးမယ်လေ"
ကိုသာသည် အောက်နှုတ်ခမ်းလေးအနည်းငယ်ရှေ့ထုတ်၍ စဉ်းစားနေပုံသည်အူယားစဖွယ်။ တကယ် သူကိုယ်တိုင်ပင်မသိလိုက်ဘဲ လုပ်နေမိသည်ထင်ပါရဲ့။ ထို့နောက် ကိုသာက သူ့ကော်ဖီခွက်ကို လက်ညှိုးလေးထိုးပြသည်။
"ကိုသာ...စိုင်းလေးဟာ နည်းနည်းမြည်းကြည့်လို့ရမလား။ ကြိုက်ရင်သောက်တာပေါ့။ မဟုတ်ရင် မှာပြီးမှမကြိုက်ဘူးဆို အလကားသက်သက်ဖြုန်းတီးရာ ကျမှာစိုးလို့"
"ရတယ်လေ ကိုသာ"
ငစိုင်းခွင့်ပြုချက်ရသည်နှင့် ကိုသာသည် ငစိုင်းတစ်ငုံသာ သောက်ရသေးသည့် ကော်ဖီခွက်လေးကိုနှုတ်ခမ်း၌ တေ့လိုက်လေသည်။ ငစိုင်းလည်း ဘာရယ်မဟုတ် တံတွေးများမျိုချမိနေသည်။ ပြီးမှ အတွေးထဲ ဗြောင်းဆန်လာသည်က သူသောက်ပြီးသားကို ကိုသာကထပ်သောက်လျှင် ဤသည်မှာ indirect kissမြောက်လေမည်လား။ တွေးနေတုန်းမှာပင် ကိုသာသည် ကော်ဖီကိုတစ်ငုံသောက်၍ပြီးဆုံးသွားသည်။
သောက်ပြီးသည်နှင့် ကိုသာ့မျက်ခုံးလေးများသည် ပင့်တက်သွားလေသည်။ ငစိုင်းလည်း ကိုသာကြိုက်ရဲ့လားဟု စူးစမ်းသည့်မျက်လုံးများဖြင့် ကြည့်နေမိသည်။
"အရသာရှိသားပဲ။ စိုင်းလေးပြောတာဟုတ်တယ် မညှီဘူး"
ငစိုင်းဝမ်းသာသွားမိသည်။
"ကိုသာ သောက်မယ်မလား"
အပြုံးနုနုဖြင့်ခေါင်းလေးညိတ်ပြန်သည်။ တကယ့် နူးနူးညံ့ညံ့ကောင်လေးပင်။ မျက်နှာလေးမြင်ရုံနှင့်ပင် လူကိုအေးချမ်းပြီး စိတ်ကိုနွေးထွေးစေသည့် ဓာတ်ကလေးရှိနေတာပင်။ ကိုသာ့ညီမင်းခွန်မှိုင်းတို့နှင့်များ မဆိုင်သလိုကွာလွန်းသည်။ ထိုသတ္တဝါသည် မြင်တာနှင့်ပင် ဓားနှင့်ပြေးထိုးချင်စရာကောင်းသည်။ မျက်နှာကြောကတင်းသည့်အပြင် မျက်မှောင်ကြီးကို အမြဲကုတ်ထားတတ်သည်။ ဒါနှင့်များ ကိုသာနှင့်သူရုပ်ဆင်သည်ဟု ပြောတတ်သေးသည်။ ရာရာစစ ကိုသာနှင့်မှ...။
"စိုင်းလေးကို ကိုသာမေးစရာရှိသေးတယ်"
ကိုသာသည် ကော်ဖီလေးကိုတစိမ့်စိမ့်သောက်ရင်း စကားဆိုလာသဖြင့် မျက်လုံးလေးလှန်ကြည့်ပြီး ပြန်ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ် ဘာများလဲကိုသာ"
"အခုတလော ညီမှိုင်း ထူးဆန်းနေသလားလို့"
"ဘာထူးဆန်းလို့လဲ ကိုသာရဲ့။ သြော် ဒါပေမဲ့ အဲ့ကောင် အခုတလော တော်တော်လေးအကျင့်ကောင်းလာတယ်။ အရင်ကအကျင့်ပုတ်...အဲ့...ဆောရီးကိုသာ..."
ကိုသာ့ရှေ့တွင် ကိုသာ့ညီအတင်းတုပ်မိသည်။ ငစိုင်းကပျာကယာဖြင့် ကိုယ့်ပါးစပ်ကိုယ်ကောက်ပိတ်လိုက်တော့ ကိုသာကသွားချွန်လေးတွေ ပေါ်သည်အထိရယ်လေသည်။ ငစိုင်းအတွက်ကတော့ အလှပဆုံးပန်းချီကားလေးကို မြင်ခွင့်ရသည့်အခိုက်အတန့်ဖြစ်သည်။ ကိုသာသည် ရယ်လို့ပြီးမှ ချောင်းလေးတစ်ချက်ဟန့်လေသည်။
"ညီမှိုင်းက စိတ်ပုတ်လေးမှန်း ကိုသာသိပါတယ်။ စိုင်းလေးတို့ သူ့ဒဏ်ကိုတော်တော်ခံရမှာပဲနော်။"
ငစိုင်းရယ်ကျဲကျဲသာထပ်လုပ်လိုက်ရသည်။ ကိုသာက သူ့ညီကိုတအားချစ်မှန်းသိသူမို့ မကောင်းပြော၍မဖြစ်ချေ။
"ကိုသာသိချင်တာကလေ ညီမှိုင်းရည်းစားများရနေသလားလို့"
"ဗျာ..."
ကိုသာ့မေးခွန်းကြောင့် ငစိုင်းခမျာ ပါးစပ်အဟောင်းသားပင် ဖြစ်သွားလေသည်။ မင်းခွန်မှိုင်းဆိုသည့်အကောင် ရည်းစားရသည်ဆိုသည်မှာ အံ့သြစရာပင်ဖြစ်သည်။ ဖြစ်နိုင်စရာမရှိ။ သင်းခေါင်းထဲတွင် Anime ၊ Cosplayအလုပ်နှင့် စားဖို့သောက်ဖို့ကလွဲပြီး ဘာမှမရှိသည်မှာသေချာပါသည်။ တက္ကသိုလ်ရောက်မှပေါင်းဖြစ်ပေမဲ့ ဆယ်တန်းတုန်းကလည်း အခန်းတူသည်မို့ မစိမ်းခဲ့လှပါလေ။ အခင်ကြီးမဟုတ်ပေမဲ့ နှစ်ကုန်ကာနီးတွင် Animeကြိုက်သည်ဟူသောအကြောင်းပြချက်နှင့်ပင် စခင်ခဲ့ကြခြင်းဖြစ်သည်။
ထိုအချိန်မှစပြီး ကောင်မလေးကိစ္စဆိုလို့ ဟိုတစ်ယောက်နှင့်တွဲတာပင်ရှိသည်။ ဟိုတစ်ယောက်ဆိုသည်မှာ နန်းနွယ်ထွန်းဆိုသည့် မိန်းကလေးဖြစ်သည်။ ထိုကိစ္စကလည်း ဘာရယ်တော့မဟုတ်။ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်လေတော့ ရည်းစားထားဖူးချင်သည်၊ ပြင်ပမှတကယ့်လူအစစ်တစ်ယောက်အပေါ် ခံစားချက်ထားဖူးချင်သည်ဟုဆိုကာ တွဲခဲ့ခြင်းဖြစ်သည်။
"မဟုတ်တာ ကိုသာရယ်။ ခွန်မှိုင်းကိုရည်းစားရဖို့မပြောနဲ့ ၊ သူစိတ်ဝင်စားတဲ့သူဆိုတာ Animeထဲကကာရိုက်တာတွေအပြင် မကြားဖူးဘူး။"
ကိုသာက မျက်မှောင်ခပ်သေးသေးလေးကြုတ်သည်။
"ကိုသာလည်းသေချာသိတာတော့မဟုတ်ပါဘူး။ အခုတလော သူ့အခန်းထဲက စကားပြောသံခဏခဏကြားလို့လေ။ အဲ့တာ ရည်းစားများရပြီး ဖုန်းပြောနေသလားလို့ပါ"
"ကျွန်တော်လည်းသေချာတော့မသိပါဘူး။ သူ့ကိုစကားနည်းနည်းအစ်ကြည့်လိုက်ပါလား"
ကိုသာက ခေါင်းလေးအနည်းငယ်ယမ်းလေသည်။
"ထားလိုက်ပါတော့ကွာ။ ညီမှိုင်းရဲ့လွတ်လပ်ခွင့်ပဲလေ၊ ဟုတ်တယ်မလား။ ကိုသာအခုမေးတယ်ဆိုတာကလည်း ဒီတိုင်း စိုင်းလေးများသိနေမလားလို့ပါ"
ဤသို့နှင့်စကားစပြတ်သွားပြန်သည်။ ကိုသာလည်း တိတ်ဆိတ်နေတော့ နေရခက်ကာ စကားစရှာရှာပြီးပြောနေရပုံရသည်။ ငစိုင်းဆိုသည့်ကောင်သည် စကားမပြောရလည်း ကိုသာ့ကိုကြည့်နေရလျှင်ကို ကျေနပ်နေသည့်သူမို့ ငြိမ်ကုပ်နေမိသည်။
"ဒါနဲ့လေ ငါ့ညီ မင်းမှာရော ရည်းစားလေးဘာလေးမရှိဘူးလား။ မင်းတို့အရွယ်လေးတွေက အခုချိန်ဆို ရည်းစားတွေချစ်သူတွေ ကိုယ်စီနဲ့"
မေးမှမေးပါတတ်ပါသည်။ ရည်းစားထားဖို့မဆိုထားနှင့်၊ ကိုယ်ချစ်နေသည့်လူတစ်ယောက်လုံး ရှေ့၌ အကောင်လိုက်ကြီးရှိနေသည်ကိုပင် ခိုးကြည့်နေမိသည့်အနေအထား။
"မရှိပါဘူး ကိုသာရာ။ ကိုသာရော ချစ်သူရှိလား"
ကိုသာသည် နှုတ်ခမ်းလေးတစ်ဖက်ကို မသိမသာရွဲ့တဲ့တဲ့လေးလုပ်လေပြီး ခုံပေါ်မေးလေးထောက်လေသည်။ သာမန်အပြုအမူလေးတွေကအစ အလွန်ကိုကြည့်ကောင်းနေလွန်း၍ ငစိုင်းမှာစေ့စေ့စပ်စပ် သတိထားကြည့်နေမိသည်။ ဘာတွေစားပြီးများမွေးလာခဲ့ပါလိမ့်။ ဆုတောင်းကောင်းရက်လေခြင်း။
"ချစ်သူ...။ ချစ်သူထားဖို့ဆိုတာက အရင်ဆုံးချစ်ရတဲ့သူ လိုတယ်မဟုတ်လား။"
ကိုသာ့စကားကိုစိတ်ဝင်တစားနားထောင်နေမိသည်။ စကားပြောပုံလေးနှင့်အသံလေးသည် တကယ့်သာယာနာပျော်ဖွယ်။ လူကိုအရည်ကြည်ခပ်လဲ့လဲ့မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်တိုင်း လိပ်ပြာများလွင့်ထွက်သကဲ့သို့ ရင်ထဲ၌တလှပ်လှပ်။ ကိုသာနှင့်ပတ်သက်တိုင်း သည်လူကအမြဲဗြောင်းဆန်နေတော့တာပင်။
"ကိုသာ့ဘဝမှာ ဖေကြီးရယ်၊ မေမေရယ် ညီမှိုင်းလေးအပြင် ချစ်ရတဲ့သူမရှိသေးဘူးလို့ ပြောရမယ်ထင်တယ်။ လူသားပီပီရင်ခုန်ဖူးတာတွေရှိပေမယ့်လို့ လူတစ်ယောက်အပေါ် ချစ်တယ်လို့တော့ တစ်ခါမှအတွေးမဝင်ဖူးသေးဘူး"
ကိုသာ့နှလုံးသားလေးသည် တကယ့်ကိုအသစ်စက်စက်ကလေးဖြစ်သည်။ ထိုတိုင်းလေးပင် ဆက်ရှိနေလျှင်ကောင်းမည်ထင်ပါရဲ့။ တခြားလူသာ ထိုနှလုံးသားငယ်လေးကို ပိုင်ဆိုင်သွားလျှင် ငစိုင်းတို့ရူးများသွားလိမ့်မည်လား။
ကြည့်နေရရုံနှင့်ပျော်နေမိသည်မှာ မှန်သောစကားပါလေ။ ဖွင့်လည်းမပြောရက်ပါလေ။ သည်လူသားကိုမြတ်နိုးလွန်း၍ မထိရက်မကိုင်ရက်ဖြစ်ရသူက သူပါပဲလေ။ ကိုသာ့စိတ်ကလေးကို မိမိကြောင့်မညစ်နွမ်းစေချင်သည်မှာ အမှန်။ ကိုယ်သဘောကျသည်၊ ချစ်သည်ဆိုရုံနှင့်ပဲ သူ့စိတ်ကလေးကိုအရောင်မဆိုးရက်။ ဖြစ်နိုင်လျှင်တော့ အခြေအနေအားလုံးကို ဤမှာတင်ရပ်တန့်စေချင်မိသည်။ အရူးဆန်ဆန်အတွေးများက ခေါင်းကိုမွှေနှောက်နေပြန်သည်။
"ဟေ့...ကိုသာပြောတာရော နားထောင်နေလား"
သည်အတိုင်းငူငူကြီးထိုင်နေသည့်ငစိုင်းအား ကိုသာသည် လက်မောင်းလှမ်းပုတ်ရင်း မေးလိုက်ခြင်းဖြစ်သည်။ ငစိုင်းလည်း ထိုအခါမှ အသိစိတ်များကို လက်ရှိသို့ပြန်ခေါ်လိုက်ရသည်။
"နားထောင်နေပါတယ်ကိုသာရ"
ကိုသာကတစ်ချက်ရယ်လေသည်။
"ကိုသာ့ကိုလေ ဟိုကျော်ကြီးဆိုတဲ့တစ်ယောက် နာမည်ပြောပြပါလား..."
ငစိုင်းရင်ထဲ ဒိန်းခနဲဖြစ်သွားမိသည်။ ကိုသာက ကျော်ကြီးနာမည်အား အဘယ်ကိစ္စကြောင့်သိချင်ရသနည်း။
"မင်းတို့ကလေးတွေက နာမည်မေ့ရင် စိတ်ကောက်ကြလို့လေ။ ကြိုမေးထားရတာ"
ကိုသာကထိုသို့ပြောမှပင် ရင်ထဲမှအလုံးကြီးကျတော့သည်။ ငစိုင်းကအစကတည်းကမှ အတွေးလွန်သမားမို့ ပြောတာနည်းနည်း တွေးတာများများဖြစ်သည်။
"ကျော်ကြီး နာမည်ကကျော်ထွဋ်တဲ့"
ကိုသာကခေါင်းဆတ်ဆတ်ညိတ်လေသည်။ ငစိုင်းကတော့ စောစောကကိုသာ့စကားကို ပြန်တွေးရင်း မေးခွန်းထုတ်နေမိသည်။ နာမည်မေ့ရင်စိတ်ကောက်ကြသည်တဲ့။ ကိုသာ့အား မည်သူစိတ်ကောက်ပါသနည်း။ ငစိုင်းတို့အပြင် တခြားသူများရှိနေသေးသည်လား။ ပလုံစီထနေသည့်အတွေးများကို စကားအဖြစ်ပြောင်းလဲရန် ကြိုးစားလိုက်သည်။
"ဒါနဲ့...ကိုသာနာမည်မေ့လို့ စိတ်ကောက်တဲ့သူက ဘယ်သူလဲ"
ကိုသာသည်မဖြေဘဲရယ်သည်။ ပြီးနောင် ငစိုင်းအား မျက်လုံးလေးခပ်မှေးမှေးလုပ်ကာကြည့်လာသည်။
"ဘယ်သူရှိလို့လဲ။ စိုင်းလေးလေ။"
"ဗျာ...ကျွန်တော်ကစိတ်ကောက်တယ်"
ငစိုင်း ကိုသာ့အား ထိုအချိန်ကစိတ်မကောက်ခဲ့သည်မဟုတ်။ သည်အတိုင်း စိတ်မကောင်းဖြစ်မိရုံသက်သက်။ ကိုသာသည် ဤအချက်ကိုသိပုံမပေါ်။ ကလေးကလား စိတ်ကောက်သည်ဟု ခေါင်းစဉ်တပ်လေသည်။
"ဟုတ်တယ်လေ။ အဲ့နေ့က စိုင်းလေးစိတ်ကောက်ပြီး ချက်ချင်းထွက်သွားတာပဲကို"
"အလုပ်ရှိလို့ပါဗျာ။ ကျွန်တော်က ဘာကိစ္စစိတ်ကောက်ရမှာလဲ။ ကလေးကလား...."
"ကောက်ပါတယ်။ ကိုသာလာချော့တော့တောင် စကားမပြောဘဲ ခေါင်းကြီးငုံ့နေသေးတာလေ"
"အဲ့တာက ကိုသာ ဘာလို့လာလဲ မသိလို့လေဗျာ..."
ကိုသာနှင့်စကားအချေအတင်ဖြစ်နေရသည်ကို ငစိုင်းရင်ထဲ၌ တလှိုက်လှိုက်ပျော်နေမိသည်။ မည်မျှပင် ကြည်နူးဖို့ကောင်းလိုက်သနည်း၊ ကိုသာနှင့်စကားနိုင်လုနေရခြင်းက။
"စိတ်ကောက်နေတာ အသိသာကြီးကို"
"မကောက်ပါဘူးဆိုဗျာ...ပြန်တော့မယ် တော်ပြီ။"
ကိုသာရပ်သွားလို့ရပ်သွားငြားဆိုမိသည်ကို ကိုသာသည် ငစိုင်းအားလက်ညှိုးလေးထိုးကာ လိုက်စပြန်သည်။
"ဟော...တွေ့လား တွေ့လား။ စိတ်ကောက်ပြန်ပြီ။"
"ကိုသာ....."
ကိုသာ့နာမည်ကိုရေရွတ်ရင်း ဆူပုတ်မိပြန်တော့လည်း ကိုသာကရယ်ပြန်သည်။ မျက်နှာချိုရုံမက အစအနောက်လည်း သန်နေပြန်သည်။ ပုံစံအမျိုးမျိုးနှင့် လူကိုပြုစားနေတော့တာပါပင်။
"ကဲ မစတော့ဘူး။ လူကြီးဆိုတော့ ကလေးတွေကိုအလျော့ပေးရမှာပေါ့"
သူပဲနိုင်အောင်ပြောသွားပြီး သူကပဲအလျော့ပေးသည်တဲ့။ တတ်လည်းတတ်နိုင်ပါသည်။ ယခုမှပင် မင်းခွန်မှိုင်းအစ်ကိုဆိုတာသိသာတော့သည်။ စကားပြောလျှင်အနိုင်ပိုင်းတတ်ပါတကား။ သို့ပေမဲ့ ကိုသာအနိုင်ပိုင်းသည်က ချိုချိုသာသာလေးဖြစ်သည်။ ဟိုသတ္တဝါကဲ့သို့ အကြောတင်းမဟုတ်ချေ။ သပ်သပ်စီ ၊ မဆီမဆိုင်လှ။
အနိုင်နှင့်ပိုင်းပြီး အလျော့ပေးသည်ဟုခေါင်းစဉ်တပ်ကာ ရယ်ပြုံးနေသည့်ကိုသာမျက်နှာလေးအား နှလုံးသား၌ ပန်းချီကားသဖွယ် ချိတ်ဆွဲထားလိုက်သည်။ နှလုံးသား၏အခန်းငယ်တိုင်းတွင် ကိုသာ့ပုံတူပန်းချီကားများ၊ ကိုသာ့စကားလုံးသံစဉ်တချို့ ပျံ့လွင့်နေသည်ဆိုသည်ကို ငစိုင်းဆိုသူမှလွဲ၍ မည်သူသိနိုင်ပါမည်နည်း....။
************************************
"ဖေကြီးနဲ့အတူ ဘောလုံးပွဲတူတူကြည့်ပေးရင် မုန့်ဖိုးပေးရမှာနော်"
"အေးပါကွာ။ ပေးပါ့မယ်ဆိုနေမှ ဈေးကိုင်နေတယ်။ သားအဖချင်းကို"
ဖခင်ဖြစ်သူသည် မင်းခွန်မှိုင်းဆိုသည့်ငတိလေးကို ဘောလုံးပွဲအတူတူကြည့်ရန် ခေါ်မိရာမှစတင်သည်။ တစ်ယောက်တည်းကြည့်ရမည်မှာ ပျင်းသောကြောင့် နှစ်ယောက်တူတူကြည့်ရန် စဉ်းစားမိသည့် သည်ဖအေကိုက မှားတာပါလေ။ ယခုတော့ကြေးဖြတ်ခံနေရချေပြီ။
"ဖေကြီး အနည်းဆုံးလေးငါးသောင်းလောက်တော့ပေးနော်။"
"မင်းငါ့ကိုဓားပြတိုက်နေတာလား မင်းခွန်မှိုင်းရယ်။"
"ဖေကြီး သားကိုမုန့်ဖိုးမပေးတာကြာပြီမဟုတ်ဘူးလား။ တကယ်ဆိုအဲ့ထက်တောင် ပိုပေးသင့်တာ"
သူပဲအရင်ကတော့ "သားမှာအလုပ်နဲ့အကိုင်နဲ့ ၊ ဖေကြီးလုပ်စာထိုင်စားမယ့်ကောင်မဟုတ်ပါဘူး"ဟုဆိုသည်။ ယခုကျ မုန့်ဖိုးကိုအတင်းတောင်းနေပြနသည်။ အလုပ်များ အဆင်မပြေဖြစ်နေသည်လား ဦးဥက္ကာစိုးမှာစိတ်ပူမိသည်။
"သားငယ် မင်းပိုက်ဆံပြတ်နေတာလား"
မင်းခွန်မှိုင်း မျက်နှာလေးမဲ့တဲ့တဲ့ဖြင့် ခေါင်းညိတ်ပြလိုက်ရတော့သည်။ အရင်ကတော့ ပိုက်ဆံလောက်ရုံမက လိုတာတွေဝယ်ဖို့ပါစုနိုင်ခဲ့သည်။ သို့သော် Kiteရောက်လာကတည်းက နှစ်ယောက်စာ စကုန်လေသည်။ သင်းက တစ်ပတ်စာဝယ်ထားသည့်မုန့်များကို တစ်ညတည်းစားလျှင်စားတတ်သည်။ ဘယ်ကတည်းက ငတ်ပြတ်လာသည့်ကောင်မှန်းကိုမသိ။ ယခုတော့ ဘေးတွင်ငြိမ်နေသေး၏။ ဘယ်အချိန် ငါတစ်ခုခုစားချင်တယ်ဆိုပြီး လာပြောမည်လဲမသိသေးချေ။ အစားစားစရာမလိုလို့ပေသာပါပင်။ မျက်စိထဲမြင်သမျှ စားကြည့်ချင်နေတာချည်း။ ကြာလျှင် မင်းခွန်မှိုင်းတို့ နာမည်မှိုင်းရုံမက လူပါမှိုင်းပြီးမွဲပြာကျပေရော့မည်။
"အမယ် ထူးထူးဆန်းဆန်း။ ညီမှိုင်းက ဖေကြီးကိုကပ်လို့ပါလား"
အပြင်ကနေပြန်လာသည့် ကိုသာသည် ဧည့်ခန်းထဲတွင် စကားထိုင်ပြောနေသည့် မင်းခွန်မှိုင်းတို့သားအဖကို မြင်၍မေးခြင်းဖြစ်သည်။
"သားကြီး....လာထိုင်ဦး။ ဒီမှာ မင်းညီ ဖေကြီးကိုဓားပြတိုက်နေတယ်"
ကိုသာကရယ်လေရင်း ဖေကြီးဘေးမှာဝင်ထိုင်လေသည်။ မင်းခွန်မှိုင်းကလည်း ဖခင်အပြောကိုမခံဘဲ စကားလုပြောလေသည်။
"မဟုတ်ဘူးကိုသာ။ ဖေကြီးက ဒီညဘောလုံးပွဲကြည့်မို့ ကျွန်တော့်ကိုခေါ်နေတာ။ စိတ်မဝင်စားဘဲကြည့်ပေးရမှာဆိုတော့ ကြေးညှိတဲ့သဘောပါ"
"ကဲ ဖေကြီးရေ။ ကြေးညှိတာတဲ့။ ပေးလိုက်ပေတော့"
ကိုသာဆိုသည်မှာ အမြဲမင်းခွန်မှိုင်းဘက်မှာပင်။ ဖေကြီးကတော့ ညီအစ်ကိုနှစ်ယောက်ကို တစ်လှည့်စီကြည့်လေရင်း သက်ပြင်းချသည်။
"လိုက်လည်းလိုက်တဲ့ညီအစ်ကို။ ဖေကြီးဘက်မှာ တစ်ယောက်မှမရှိဘူး။"
မင်းခွန်မှိုင်းတို့ညီအစ်ကိုနှစ်ယောက်ကတော့ သဘောကျစွာပြိုင်တူရယ်လေသည်။
"မင်းတို့အမေမရှိတုန်း ဖေကြီးမေးဦးမယ်"
ဖေကြီးစကားကအထူးအဆန်းမို့ ညီအစ်ကိုနှစ်ယောက် သေချာအာရုံစိုက်ထားမိသည်။
"မင်းတို့ညီအစ်ကို ရည်းစားတွေဘာတွေရှိကြလား။"
သားတွေအရွယ်ရောက်လာပြီဆိုတော့ ဒါမျိုးတွေကရှိတတ်စမြဲမဟုတ်လား။ သို့ပေမဲ့ နှစ်ယောက်စလုံးတစ်ပြိုင်တည်း ခေါင်းယမ်းကြလေသည်။
"မိန်းမတွေဘာတွေယူဖို့ရော အစီအစဉ်ရှိလား"
ဖေကြီးကတော့ဘာတွေမေးနေမှန်းမသိဟု မင်းခွန်မှိုင်းတွေးမိလေသည်။
"ရည်းစားတောင်မရှိတာ ဘယ်ကမိန်းမယူရမှာတုန်း ဖေကြီးရာ။ ပြီးတော့ အဲ့ကိစ္စတွေကျွန်တော်တို့ ညီအစ်ကိုစိတ်မဝင်စားသေးပါဘူး"
ကိုသာကခေါင်းလိုက်ညိတ်လေသည်။ ဖေကြီးကလည်း အောင်နိုင်သူလိုအပြုံးမျိုးပန်ဆင်ရင်း လက်ခုပ်တစ်ချက်ဖြောင်းခနဲတီးလေသည်။
"ကောင်းတယ်ငါ့သားတို့။ မိန်းမမယူတော့ လွတ်လပ်တယ်။ မယူတာအကောင်းဆုံးပဲ"
"ဟင်...ဖေကြီးကျယူပြီးတော့..."
မင်းခွန်မှိုင်းပြန်ပြောလိုက်ခြင်းဖြစ်သည်။ ဟုတ်၏။ ဖေကြီးသည် သူကျမိန်းမယူလို့ သားနှစ်ယောက်ပင်ရချေပြီ။ သားတွေကျမယူလေကောင်းလေတဲ့။ တရားမျှတမှုမရှိ။ ကိုသာကတော့ အငြင်းအခုန်လုပ်နေသည့် သားအဖနှစ်ယောက်ကိုကြည့်ရင်း ရယ်နေသည်။
"ငါကမသိလို့ယူခဲ့မိတာကွ သားငယ်ရ။"
"ဪ...ဟုတ်လား ကိုဥက္ကာ"
ထိုစကားသံက အပြင်မှပြန်လာသည့်မေမေ့အသံဖြစ်သည်။ ဖေကြီးလည်း ပြောပြီးကာမှ မျက်လုံးလေးကလည်ကလည်လုပ်နေလေသည်။ မင်းခွန်မှိုင်းအတွက် ဤသည်မှာခွင်ကျခြင်းပင်။ ချက်ချင်းမလှုပ်ရှားသေးဘဲ အခြေအနေကိုခဏစောင့်ကြည့်လိုက်လေသည်။
"မေ...မေမီ။ ပြန်လာပြီလား။"
ဖေကြီးခမျာစကားတွေပင်ထစ်ပါသည်။ မင်းခွန်မှိုင်းမှာရယ်ချင်စိတ်ကို အောင့်ထားရသည်မှာမလွယ်လှ။
"ဟုတ်ကဲ့။ ရှင်မသိလို့ယူထားတဲ့မိန်းမပြန်လာပါပြီ"
မေမေ့စကားကြောင့် ဖေကြီးခမျာပြူးတူးပြဲတဲဖြင့် မင်းခွန်မှိုင်းအား အကူအညီတောင်းသည့် မျက်လုံးများနှင့် ကြည့်လာတော့ လေလေးတစ်ချက်ချွန်ရင်း မသိချင်ယောင်ဆောင်လိုက်သည်။
"မေမီ့ကို မသိစရာလားကွာ။ မဟုတ်ကဟုတ်က"
ဖေကြီးကတော့ ဖောရှောတွေစချေပြီ။
"ကိုဥက္ကာ ရှင်ကြပ်ကြပ်သတိထားနော်။ အရင်ကတော့ ရှင်ပဲကျွန်မကိုမရရင် သေတော့မလိုနဲ့ ၊ အခုကျမှ နောင်တရနေတာဟုတ်လား...."
"မဟုတ်တာ မေမီရယ်..."
"ဟုတ်ပါတယ် မေမေရယ်"
ဖေကြီးလေကိုသံယောင်လိုက်ပြီး ဆိုလိုက်သည့်စကားကြောင့် ဖေကြီးသည် မင်းခွန်မှိုင်းအား အသေသတ်တော့မည့် မျက်လုံးများဖြင့်ကြည့်လာလေသည်။ မင်းခွန်မှိုင်းလည်း ဖေကြီးအား မျက်ခုံးတစ်ဖက်ကိုနှစ်ချက်ဆက်တိုက် ပင့်ပြလိုက်ပြီး ငွေဒင်္ဂါးပုံစံလက်ကိုဝိုင်းပြလိုက်သည်။
"ဖေကြီးပြောတာဟုတ်တယ်လို့။ မေမေ့ကိုဖေကြီးက အရမ်းချစ်တာနော်။ မေမေနဲ့သာမတွေ့ခဲ့ရင် ဖေကြီးက မိန်းမတောင်ယူဖြစ်မှာမဟုတ်တော့ဘူးတဲ့။ သားတို့ကို အဲ့တာပြောပြနေတာ...."
"ဟု..ဟုတ်တယ်မေမီရဲ့"
သူ့ဘက်ကလိုက်ပြောပေးမှ ဖေကြီးသက်သာချောချိသွားပုံရသည်။ မေမေသည် မင်းခွန်မှိုင်းတို့သားအဖကို မျက်စောင်းလေးတစ်ချက်ခဲလေသည်။
"သားကြီး မင်းညီပြောတာဟုတ်လား"
ကိုသာ့ကိုသွားမေးနေပြန်သည်။ ကိုသာကလည်း ဖေကြီးကိုကာကွယ်ပေးရှာပါသည်။
"ဟုတ်မှာပေါ့ မေမေရဲ့"ဟု မသေချာမရေရာဖြေသည်။
"သားအဖသုံးယောက်ကြပ်ကြပ်သတိထားနော်။ ထမင်းငတ်သွားမယ်...."
မေမေကကြိမ်းဝါးရင်း အပေါ်ထပ်ကိုတက်သွားတော့မှ သုံးယောက်သားသက်ပြင်းချနိုင်လေသည်။ မင်းခွန်မှိုင်းကတော့ ဖေကြီး အနားကိုချက်ချင်းပြေးကပ်လိုက်သည်။
"ဖေကြီးကို သားကာကွယ်ပေးထားတာနော်။ ငါးသောင်း...ငါးသောင်း"
"ပေးမယ်ကွာ။ ဘယ်နှယ့်
..အရင်ဘဝကပြန်ပေးသမားများ ဝင်စားသလားမသိဘူး။"
ဖေကြီးသည် ထိုသို့ဆိုရင်း အပေါ်ထပ်တက်သွားတော့သည်။ ကိုသာလည်း နားရန်အတွက်သူ့အခန်းသူတက်သွားလေပြီ။ မင်းခွန်မှိုင်းလည်း ကိုယ့်အခန်းကိုယ်ပြန်ရန်တွေးနေစဉ်မှာပင် Kiteဆီမှစိတ်ဝင်စားစရာ စကားကိုကြားလိုက်ရသည်။
"မင်းဘာလို့မိန်းမယူဖို့ စိတ်မဝင်စားလည်းငါသိတယ်"
မင်းခွန်မှိုင်းမျက်ခုံးများပင် ပင့်တက်သွားမိသည်။ စကားကအထင်ကြီးစဖွယ်။
"ပြောစမ်းပါဦး ဘာဖြစ်လို့လဲ"
Kiteသည် ဆိုဖာပေါ် ခြေလေးအသာချိတ်ထိုင်ရင်း ဖြေသည်။
"မင်းကငါ့ကိုယူရမှာဆိုတော့ မိန်းမမယူချင်တော့တဲ့သဘောပဲ"
"မင်းဘိုးအေကိုသွားယူ"
စိတ်ပေါက်ပေါက်နှင့် လှမ်းကန်မိတော့ သူကပျောက်သွားလေသည်။ အလကားနတ်ဆိုးကောင်ပင်။ လူကိုပေါက်ကရပြောဖို့နှင့်မြှူဆွယ်ဖို့သာတတ်သည်။ သို့ပေမဲ့ ရင်ကနည်းနည်းမျှမခုန်။ ရက်ကလည်း ၁၉ရက်သာကျန်တော့သည်။ မတတ်နိုင်။ ရင်မခုန်သည်ကိုအတင်းခုန်ခိုင်းပြီး မချစ်သည်ကိုအတင်းချစ်ခိုင်းလို့မှမရဘဲပင်။ အချိန်တန်လျှင် နွားပိန်ကန်ပါလိမ့်မည်။ နောင်ခါလာနောင်ခါဈေးဟု တွေးလိုက်သည်။ အရှိအတိုင်းလက်ခံပြီး ဆက်သွားရုံမှလွဲ၍ အခြားမရှိသေး။
Thanks For Reading
Note
Updateဘာလို့နောက်ကျလဲ....?
Zawgyi
တစ်လှမ်း ၊
You are reading the story above: TeenFic.Net