Unicode
နေ့စဉ်စတူဒီယိုသို့ ကားငှါးကာသွားနေရသော မင်းခွန်မှိုင်း ယနေ့တော့ဇိမ်ကျနေလေသည်။ ငစိုင်းအားတောင်းပန်စေရန် ကိုသာ့ကိုခေါ်လာရင်း ကားကပ်စီးခဲ့ခြင်းကြောင့်ဖြစ်သည်။
"ကိုသာ ငစိုင်းကိုသေချာတောင်းပန်နော်..."
"အေးပါ ညီမှိုင်းရာ။ ကိုသာအခုတောင် လိုက်လာပြီပဲကို။"
မင်းခွန်မှိုင်းဆိုသူကအရစ်ကလေးပင်။ သူ့ရှေ့ တစ်ခုခုအမှားလုပ်လိုက်မိလျှင် ထိုကိစ္စအားပြောမဆုံးတော့ချေ။ သူ့သူငယ်ချင်းတွေကို စိတ်ပူတတ် ဂရုစိုက်တတ်သေး၍ တော်တော့သည်ဟု ဖြည့်တွေးရပါသည်လေ။
"ဒါနဲ့ အခုတလော ညီမှိုင်းအခန်းထဲကနေ စကားပြောသံတွေ ခဏခဏကြားနေရတယ်နော်။ ရည်းစားရနေတာလား။"
"မဟုတ်တာ ကိုသာရာ။ ဘာရည်းစားမှမရှိဘူး။ ဇာတ်ကားထဲကအသံပါ။"
ကိုသာကခေါင်းဆတ်ဆတ်ညိတ်သည်။ ယုံသွားပုံရ၏။ နောက်ဆို Kiteနှင့်စကားပြောလျှင် အသံမကျယ်စေရန် သတိထားရမည်။ မဟုတ်လျှင် အရူးထင်ကာ စိတ်ကျန်းမာရေးဆေးရုံအပို့ခံရဖို့ နီးလာချေပြီ။ Kiteနှင့်ကိစ္စကလည်း လူတကာကို ပွင့်ပွင့်လင်းလင်းပြော၍ဖြစ်သည့် ကိစ္စမဟုတ်။ ပြောမိလျှင်လည်း နှစ်ခါမေးစရာမလိုဘဲ ရွာသာကြီးဒိုးရမည်မှာအသေအချာ။
ကားမှန်မှတစ်ဆင့် နောက်ခန်းထဲတွင်ထိုင်နေသည့် Kiteအား လှမ်းကြည့်လိုက်သည်။ Kiteကလည်း သူ့ကိုကြည့်နေမှန်းသိတော့ မှန်ကနေတစ်ဆင့် ပြန်ကြည့်သည်။ မင်းခွန်မှိုင်း လျှာထုတ်ပြောင်ပြလိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုသာကလည်း မင်းခွန်မှိုင်းကိုအကြည့်နှင့်တိုးသဖြင့် ဟီးခနဲရယ်ပြပြီးသာ မသိချင်ယောင်ဆောင်လိုက်ရတော့သည်။ Kiteကတော့ သူ့အားကြည့်ပြီး လှောင်ပြုံးပြုံးသည်။
အမြင်ကပ်ဖို့ကောင်းသည့်အကောင်။
စတူဒီယိုရှေ့တွင်ထိုးရပ်လာသည့် ကားကိုမြင်သည်နှင့် မင်းခွန်မှိုင်းတို့အိမ်ကကားမှန်း ကျော်ထွဋ်တစ်ယောက်တန်းသိလိုက်သည်။ မင်းခွန်မှိုင်းတို့အိမ်ကကားဆိုပေမဲ့ အတိအကျဆိုရလျှင် သည်ကားကကိုသာ၏ကားပေသာ။ ကိုသာက စတူဒီယိုကိုလာသည်လား။ ချက်ချင်းဆိုသလို အတွင်းခန်းထဲ၌ ယခုမှမနက်စာစားနေသည့် ငစိုင်းထံပြေးသွားပြီး ကုပ်ကနေဆွဲမလိုက်သည်။ ငစိုင်းမှာကော်ဖီလေးသောက်နေရင်း ရုတ်တရက်ကုပ်ဆွဲခံလိုက်ရတာမို့ သီးပင်သီးသွားလေသည်။
"အဟွတ်...အဟွတ်...ဟေ့ကောင်...ဘာလုပ်တာလဲ"
"ဘာလုပ်တာလဲ လုပ်မနေနဲ့။ ရှေ့မှာကိုသာ့ကားရောက်နေတယ်"
ငစိုင်းခမျာ အူကြောင်ကြောင်ဖြစ်သွားမိသည်။ ကိုသာက သည်ကိုဘာလာလုပ်ပါသနည်း။ မင်းခွန်မှိုင်းထံလာခြင်းလား။ မင်းခွန်မှိုင်းဖြင့် အခုထိပင်မလာသေးသည့်ကိစ္စ။ ကျော်ကြီးလည်း ကြောင်တောင်တောင်လုပ်နေသည့် ငစိုင်းကိုကြည့်ကာ စိတ်မရှည်ဖြစ်လာသည်။
"ဘာတွေစဉ်းစားနေတာလဲ။ ကိုသာ လာတယ်လို့။ ထ...သွားမယ်"
ငစိုင်းသည် သူ့အားဆွဲထားသည့် ကျော်ကြီးလက်ကို ဖြုတ်ချလိုက်ပြီး ခေါင်းအသာယမ်းသည်။
"မင်းပဲသွားတွေ့လိုက်ပါ။ ငါ ကိုသာနဲ့တွေ့တော့ရော ဘာထူးမှာမလို့လဲ။ သူ့ဘာသာကိစ္စရှိလို့လာတာနေမှာပါ။"
ကျော်ကြီးက ခါးထောက်ကာသက်ပြင်းချသည်။
"အဲ့လို ပျော့တိပျော့ဖတ်လုပ်မနေစမ်းပါနဲ့ ငစိုင်းရာ။ ကိုသာ မင်းနာမည်မေ့သွားတယ်ဆိုရုံနဲ့ မင်းကရော သူ့ကိုမေ့နိုင်လို့လား။ လာစမ်းပါ...မေ့သွားရင် မှတ်မိအောင်လုပ်ရမှာ မင်းတာဝန်လေ"
ကိုသာနှင့်ဖြစ်ခဲ့သမျှကို ကျော်ကြီးထံရင်ဖွင့်ခဲ့သည်မှာ မှားလေပြီ။ ယခုတော့ ကိုယ့်အတက်နှင့်ကိုယ်ပြန်ထိုးခံနေရ၏။ နာလေခြင်းပင်။
"ငစိုင်းရာ လာစမ်းပါကွာ...။ ပြီးရင် မင်းလောက်တွေ့ချင်လိုက်တာလည်း တစ်ပိုင်းသေ။ အမြဲတမ်း မနက်ပိုင်း ကိုသာ လေ့ကျင့်ခန်းလုပ်တာပဲ သွားသွားချောင်းနေတော့မှာလား။ မရဘူး...ဟိတ်ကောင်.."
ထိုသို့ပြောရင်း ငစိုင်းလက်ကိုအတင်းဆွဲခေါ်လာခဲ့သည်။ ငစိုင်းခမျာ လေးတိလေးကန်ဖြင့်ပါလာပြီး ကိုသာ့ကိုမြင်တော့မှ တုံ့ခနဲရပ်ကာခေါင်းငိုက်စိုက်ချမိလိုက်သည်။ ဘာကြောင့်များ ကိုသာနှင့်မျက်နှာချင်းဆိုင်ရန် ခဲယဉ်းနေရပါသနည်း။ အပြစ်လုပ်ထားသူလည်းမဟုတ်ပါဘဲနှင့် နေရကြပ်နေမိသည်။
"ကိုသာ"
မင်းခွန်မှိုင်းက ကိုသာ့အားမေးဆတ်ပြလျက် ငစိုင်းကိုတောင်းပန်ရန် အရိပ်အခြေပြလိုက်တော့ ကိုသာသည်အလိုက်သိစွာပင် ငစိုင်းရှေ့သို့လျှောက်သွားလေသည်။ ကျော်ကြီးကတော့ ငစိုင်းဘေးမှရှောင်ထွက်လာပြီး မင်းခွန်မှိုင်းအနားရောက်လာလေ၏။
"ကျော်ကြီး...ငါတို့မုန့်သွားဝယ်ရအောင်"
ကျော်ကြီးအနားကိုတိုးတိုးကပ်ပြောသော မင်းခွန်မှိုင်းစကားကြောင့် ကျော်ကြီးမှာ မျက်ခုံးများပင် ပင့်တက်သွားသည်။ မင်းခွန်မှိုင်းက ကိုသာနှင့်ငစိုင်းကိုရှောင်ပေးချင်သည်တဲ့လား။ အံ့သြလွန်း၍ ပြန်ဖြေဖို့ပင်မေ့သွားမိသည်။ မင်းခွန်မှိုင်းသည် မျက်မှောင်ကြီးကုတ်ကာ သူ့အားကြည့်လာပြီး အပြင်ဘက်သို့ အတင်းဆွဲခေါ်သွားလေသည်။ ခပ်လှမ်းလှမ်းရောက်တော့မှ တွေ့သည့်စတိုးဆိုင်တစ်ခုဝင်ကာ လျှောက်ကြည့်ဖြစ်ကြသည်။
"မင်းခွန်မှိုင်း...မင်းဘာဖြစ်လာတာလဲ"
ပစ္စည်းများကို ဟိုကိုင်သည်ကိုင်လုပ်နေသည့် မင်းခွန်မှိုင်းသည် ကျော်ကြီးအားလှည့်ကြည့်လာသည်။
"ငါဘာဖြစ်လို့လဲ..."
"မင်းအခု ကိုသာနဲ့ငစိုင်းကိုနှစ်ယောက်တည်း ထားခဲ့တာ ထူးဆန်းနေတာမဟုတ်ဘူးလား"
မင်းခွန်မှိုင်းကရယ်သည်။ ကျော်ကြီးလည်း မင်းခွန်မှိုင်းကိုအတော်လေးအံ့အားသင့်နေမိသည်။ မင်းခွန်မှိုင်းသည် သူ့အစ်ကိုအား အလွန်အူတိုသူမဟုတ်ပါလား။
"ငစိုင်းကိုတောင်းပန်ခိုင်းမို့ ကိုသာ့ကို ငါကိုယ်တိုင်ခေါ်လာတာ။ ငါ့သူငယ်ချင်းတစ်ယောက်လုံး စိတ်ထိခိုက်နေတာကိုငါပစ်မထားနိုင်ပါဘူး"
မင်းခွန်မှိုင်းသည် အပြောဆိုးပေမဲ့ စိတ်ရင်းကောင်းကြောင်းကို ထိုအချက်ကလေးကြောင့် ကျော်ကြီးသတိထားမိခဲ့ခြင်းဖြစ်သည်။
"ဒါပေမဲ့ အဲ့လိုကနေ သူတို့နီးစပ်သွားနိုင်တာ မင်းသိလား။ ကိုသာ့ကို ငစိုင်းဆီပေးနိုင်လို့လား"
မင်းခွန်မှိုင်း နှာခေါင်းရှုံ့ချေပြီ။ အစ်ကိုဖြစ်သူကို အူတိုတတ်မှန်းသိသဖြင့် ကျော်ကြီးလည်း မကလိဘဲမနေနိုင်ချေ။
"ငါမနေ့ကမှ သတိထားမိလိုက်လို့ပါ"
"ဘာကိုလဲ"
"ငစိုင်းက ကိုသာ့အပေါ်တကယ်ချစ်နေတယ်လို့ ငါခံစားမိလို့။ ကိုသာက သူ့နာမည်လေးမေ့သွားတာကို လူသေကောင်လိုမှိုင်ကျသွားတာ။ ကိုသာနဲ့သာဝေးရင် ဒီကောင်ကြီးသေများသွားမလားမသိဘူး...အဟား...။ ဘယ်လိုပဲဖြစ်ဖြစ်ပါ...ကိုသာ့ကိုတကယ်ချစ်တဲ့သူနဲ့သာဆိုရင် ငါမကန့်ကွက်ပါဘူး"
ကျော်ကြီးမှာ အံ့သြပြီးရင်းအံ့သြနေရတော့သည်။ ယခုသူ့မျက်စိရှေ့တွင် ရပ်နေသူဟာ မင်းခွန်မှိုင်းမှဟုတ်ပါရဲ့လားဟုပင် တွေးမိသည်။ ယခင်ကမင်းခွန်မှိုင်းဆိုသည်မှာ အမြဲကန့်လန့်တိုက်ပြီး လုပ်ချင်ရာကို မတွေးဘဲလုပ်တတ်သူရယ်ပင်။ ယခုတော့ ဘာတွေကများ သူ့အားပြောင်းလဲစေခဲ့ပါသနည်း။ ကားအက်ဆီးဒင့်ကြောင့် အသိတရားရသွားခြင်းမျိုးပေလား။
"ငါအတွင်းမှာ Double Tapeသွားရှာလိုက်ဦးမယ်။ မင်းလည်း ဝယ်စရာရှိရင်ဝယ်ထား။ ခဏနေပြန်မယ်။"
"အိုခေ...အိုခေ။ ငါစတူဒီယိုအတွက်လိုတာတွေ လိုက်ကြည့်လိုက်ဦးမယ်"
************************************
စတူဒီယိုမှ ရုတ်တရက်ကောက်ထွက်သွားသည့် မင်းခွန်မှိုင်းနှင့်ကျော်ကြီးအား ငစိုင်း တားဖို့ပင်အချိန်မရလိုက်။ တားဖို့မဆိုထားနှင့်၊ သူတို့နှစ်ယောက်အပြင်ရောက်ကာမှ ထွက်သွားမှန်းသိခြင်းဖြစ်သည်။ ကိုသာ့ရှေ့မှာဆိုလျှင် လူကထိုကဲ့သို့အလွတ်ရယ်ပင်။ ကိုသာသည် သူ့ရှေ့တည့်တည့်ကြီးတွင် ရပ်နေသည်ကို သူမည်ကဲ့သို့တုန့်ပြန်ရပါမည်နည်း။ မဝံ့မရဲဖြင့် မော့ကြည့်တော့ ကိုသာကအရင်ဦးစွာပြုံးပြ၏။ သည်လူ ရူးရတော့မှာပင်။ ချက်ချင်း သူမျက်လွှာကိုပြန်ချမိလိုက်သည်။
ကိုသာသည် သူ့ရှေ့တွင်ငြိမ်သက်နေသည့် ငစိုင်းအား ဘယ်ကဘာစပြောရမည်မှန်းမသိ။ မနေ့ကကိစ္စကို အားနာနေမိသောကြောင့် စကားစကရှာမရချေ။ သက်ပြင်းကိုခပ်ရှည်ရှည်ချပြီး ငစိုင်းပခုံးတစ်ဖက်ကိုကိုင်လိုက်တော့ သူကမော့ကြည့်လာသည်။
"ကိုသာ မနေ့ကကိစ္စတောင်းပန်ပါတယ်။ ကိုသာကအဲ့လိုပဲ မေ့တတ်တယ်။ ငါ့ညီကို ကိုသာတကယ်ခင်ပါတယ်။"
ကိုသာသည် သူ့အားတောင်းပန်ခြင်းအပေါ် သူစိတ်မသန့်လှ။ သက်သက်စိတ်မကောင်းဖြစ်အောင် လုပ်မိသွားသလို ခံစားရသည်။ သူ့အားပြန်တောင်းပန်နေသည့် ကိုသာ့ကိုကြည့်ပြီး ကိုယ့်ကိုကိုယ်ပင် ပြန်အပြစ်တင်နေမိလာသည်။ တကယ်ဆို ငစိုင်း၏တစ်ဖက်သက်ခံစားချက်တွေကြောင့်သာ ယခုလိုဖြစ်နေရခြင်းမဟုတ်ပေလား။ ကိုသာတောင်းပန်စရာလိုသည့်ကိစ္စမှမဟုတ်ပေပဲ။
"ကိုသာ့အမှားမဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်စိတ်လည်းမဆိုးတာမို့ ကိုသာမတောင်းပန်လည်းရပါတယ်"
"အဲ့လိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကိုသာက တကယ်ဆို မင်းနာမည်လေးတော့သိသင့်တာပဲ ဟုတ်တယ်မလား။"
ကိုသာပြောနေသည့်ပုံစံသည် စိတ်ကောက်နေသည့်ကလေးကို ချော့နေသည့်ပုံစံနှင့်တူသည်။ ကိုသာက ယခုကဲ့သို့ချော့လာတော့ ငစိုင်းရင်ထဲတွင် ကလိကလိနှင့်အကျေနပ်ကြီး ကျေနပ်နေမိ၏။ ပျော်လွန်းသဖြင့် ထပင်ခုန်ချင်မိသည်။
"ဒါဆိုလည်း ကျွန်တော့နာမည်ကိုထပ်မမေ့ပါနဲ့"
ငစိုင်းကိုယ်တိုင်မသိလိုက်ဘဲ ပါးစပ်ကအလိုလိုထွက်သွားမိသည်။ ပြောပြီးကာမှ လူကတောင့်တောင့်ကြီး ဖြစ်သွားသည်။ အသက်ပင်ရှူနေပါရဲ့လား သူသတိမေ့နေ၏။ ကိုသာ ဘယ်လိုများထင်သွားမည်လဲ။
"အင်းပါ... မောင်စိုင်းဝေယံလေးရဲ့"
မောင်စိုင်းဝေယံလေး...။ ငစိုင်းစိတ်ထဲ ထိုနာမ်စားကလေးကို ပြန်လည်ရေရွတ်လိုက်မိသည်။
ကိုသာသည် ခပ်ပြုံးပြုံးလေးဖြင့် ငစိုင်း၏ဆံပင်ကို ဆွဲဖွလိုက်ချိန်၌ ငစိုင်းမတ်တပ်ရပ်ဖို့ပင် အင်အားမရှိချင်တော့ချေ။ ဒူးတွေလည်း တဆတ်ဆတ်တုန်ပြီး ရင်တွေအခုန်လွန်လာသောကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ ထိုအခါ အေးစက်နေသည့် ကိုယ့်လက်ဖျားတွေကို ပြန်ခံစားမိသည်။ ကိုသာသည် သူ့အားရူးသွပ်သွားစေချင်ပုံရသည်။
ကိုသာသည် သူ့ခေါင်းပေါ်မှ လက်ကိုခွာသွားပြီးချိန်အထိ ငစိုင်းမလှုပ်မယှက်နေမိဆဲပင်။ ယခုမှ တကယ့်လူသေကောင်ကြီး မတ်တပ်ရပ်နေသည့်ပုံစံဖြစ်နေချေပြီ။ မတ်တပ်ကြီးသေတယ်ဆိုတာ ဒါမျိုးဖြစ်မည်။
"ကိုသာတို့ ဘယ်နေ့လောက်အလုပ်ကိစ္စပြောကြမလဲ မောင်စိုင်းဝေယံလေး..."
ကိုသာတို့ကရွဲ့နေသလားထင်ရအောင် နာမည်အပြည့်အစုံခေါ်နေချေပြီ။
"ကျွန်တော့်ကို ငစိုင်းလို့ခေါ်လည်းရပါတယ် ကိုသာရာ။ မောင်စိုင်းဝေယံလေးက ရှည်လွန်းပါတယ်"
"ဟားဟား...."
ကိုသာကဟက်ဟက်ပက်ပက်ကို ရယ်လေသည်။ ငစိုင်းမှာလည်း ကြည့်မဝဖြစ်ရပြန်သည်။
"ဒါဆို ညီစိုင်းလို့ခေါ်မယ်လေ။ ညီမှိုင်းသူငယ်ချင်းဆိုတော့ ညီစိုင်းပေါ့မဟုတ်ဘူးလား"
ညီအစ်ကိုဇုန်ထဲကို ကန်ထည့်ခံလိုက်ရသည့်အခါမှာတော့ ငစိုင်းမျက်နှာမှာ မအီမသာ။ ကိုသာက ညီစိုင်းဆိုတော့လည်း ညီစိုင်းရမှာပါပင်။
"ဒါမှမဟုတ် စိုင်းလေးလို့ခေါ်ရမလား"
ငစိုင်းမျက်လုံးများပင် ပြူးသွားမိသည်။ စိုင်းလေးတဲ့...။ ဘာရယ်မဟုတ်ပေမဲ့ သူ့အတွက်တော့ အမြတ်တနိုးလေးခေါ်သည်ဟုခံစားမိသည်။
"ဟုတ်ကဲ့ ကိုသာအဆင်ပြေသလိုခေါ်ပါ"
"ကဲ ဒါဆို ဖုန်းနံပါတ်ပေးထားဦး။ အချိန်ညှိလို့ရအောင်လို့။"
ကိုယ့်ဖုန်းနံပါတ်ကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ရေရွတ်ရင်း ပြောပြလိုက်သည်။ ကိုသာက တစ်ခါတည်း Contactထဲထည့်ကာ နာမည်မှတ်လေသည်။ ထို့နောက် မှတ်ထားသည့်နာမည်ကို ငစိုင်းအားပြပြန်သည်။
'Sai Lay'
တကယ့်ကို ကလေးချော့သနည်း ချော့နေတော့တာပါပင်။ လူကိုအမျိုးမျိုးကျေနပ်အောင်လုပ်ပေးနေသည်။ ကြာလျှင် ကိုသာနှင့်ပတ်သက်ပြီး လောဘတွေပိုကြီးလာမိတော့မည်ထင်သည်။
"အခုတော့အလုပ်ရှိလို့ သွားတော့မယ်။ ညီမှိုင်း ပြန်လာရင် ကိုသာအလုပ်သွားပြီလို့ပြောလိုက်ဦးနော်"
"ဟုတ် ကိုသာ"
ကိုသာသည် နောက်ထပ်အပြုံးလေးတစ်ပွင့်ခြွေချရင်း စတူဒီယိုထဲမှ ထွက်သွားလေသည်။ ကားနားရောက်တော့ လှည့်ကြည့်ပြီး လက်ပြသွားသေးသည်။ အစကတည်းကရူးပြီးသားလူကို သွက်သွက်ခါရူးသွားစေချင်နေသည်။
ကိုသာ့ကားလေးပျောက်သွားသည်အထိ ငစိုင်းငေးပြီးမှ ပြုံးစိစိလုပ်နိုင်တော့သည်။ အပျော်လွန်ပြီး လှုပ်ရှားချင်နေသည့် မျက်နှာကြွက်သားများအား ထိန်းရသည်မှာ ခက်ခဲလွန်းသည်။ ကြက်သီးများပင် တဖြန်းဖြန်းထသည်အထိ သူ့မှာကြည်နူးရသည်။ သည်နေ့က ငစိုင်းဘဝတွင် မင်္ဂလာအရှိဆုံးနေ့ရက်ဖြစ်မည်။
"စိုင်းလေးတဲ့"
တိုးတိုးတိတ်တိတ်ရေရွတ်ရင်း ကြည်နူးမိပြန်ပြီ။ ကိုသာသည် ထိုမျှလောက်အထိငစိုင်းဆိုသူကို ရူးစေပါသည်။
ဆယ်တန်းတုန်းကသင်ရသည့် 'စီးချင်းတိုက်ပွဲ' စကားပြေတွင်ပါသော 'တစ်ခါသေ သေလိုတော့သည်'ဟူသည့် ဗျည်းနွဲ့ခံစားချက်ကို သူယခု၌ ကိုယ်ချင်းစာမိသည်။ ရာဇာဓိရာဇ် ခေါ် ဗညားနွဲ့နှင့် စီးချင်းထိုးချိန်က ရရှိခဲ့သည့် ဒဏ်ရာသည် အမာရွတ်အဖြစ်ကျန်ချိန် ၊ ကြေးမုံပြင်ထက် အနာရွတ်ကိုတစ်ကြိမ်မြင်လေတိုင်း သူတစ်ခါသေသလို ခံစားရပါသည်ဟု အဓိပ္ပါယ်ရှိခဲ့သည်။
ငစိုင်းကတော့ ကိုသာ့အပြုံးကိုမြင်တိုင်း အကြိမ်ကြိမ်ကိုသေနေတော့သည်။ အမြဲတမ်းငေးကြည့်ချင်မိသဖြင့် အချိန်တွေပင် ရပ်ထားပေးရန်ဆုတောင်းမိပြန်တော့ နတ်သိကြားတွေက 'ရူးသွပ်သူ'လို့ ခေါင်းစဉ်တပ်ချေဦးမည်။ သူ့ဘာသာ 'ရူးသွပ်သူ'မကလို့ ဘာသွပ်သွပ် ကိုသာ့ကိုချစ်တာကတော့ တစ်စိုးတစ်စိမျှလျော့သွားမည်မဟုတ်ချေ။ တိုးလာမည့်အခြေအနေ၌သာ ထာဝရတည်တံ့နေတော့မည်ထင်ပါ၏။
************************************
သံဆန်ကာစင်၌ စီချိတ်ထားသည့် Keychainများကို တစ်ခုပြီးတစ်ခု ယူကြည့်နေမိသည်။ အစက Double tapeရှာရန်ရည်ရွယ်ခဲ့ပေမဲ့ ယခုတော့ Animeနှင့်ပတ်သပ်သည့် Keychainများကိုမြင်လေတော့ ထိုနေရာမှမခွာနိုင်ဖြစ်ရသည်။ စိတ်ကြိုက်တစ်ခုပြီးတစ်ခုရွေးနေရင်း အားမရသည့်အဆုံး ငုတ်တုတ်ထိုင်ပြီး အောက်ဘက်တွင်ချိတ်ထားသည့် Keychainများကိုပါ ယူကြည့်နေစဉ် သူ့အပေါ်ရုတ်တရက်ပစ်လှဲလာသော သံဆန်ကာစင်ကြီးကို အပြူးကြောင်သာ မော့ကြည့်လိုက်မိသည်။
ရုတ်တရက်ကြီး ဘယ်လိုလုပ်....။
တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်.....။
စိတ်ထဲ၌ စက္ကန့်များကိုရေရွတ်မိနေတုန်း သံဆန်ကာလဲကျသွားသလိုမျိုး အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။ သို့ပေမဲ့ မင်းခွန်မှိုင်းအပေါ်သို့မဟုတ်။ ကိုယ့်ရင်ဘတ်ကိုယ်ဖိရင်း မျက်လုံးဖွင့်ကြည့်မိတော့ မင်းခွန်မှိုင်းရှေ့တွင် ကျောပေးပြီးပိတ်ရပ်နေသည့် Kite။ Kite၏ရှေ့တည့်တည့်တွင်တော့ အခြားတစ်ဖက်ကိုလဲကျနေသည့် စင်နှင့် ပွစာကျဲသွားသည့် Keychainများ။ Kiteပြန်တွန်းထုတ်လိုက်ခြင်းဖြစ်မည်။
မင်းခွန်မှိုင်း ကြောင်ပြီးကြည့်နေစဉ်မှာပင် ကျော်ကြီးနှင့် ဆိုင်ဝန်ထမ်းတစ်ယောက် သူ့ထံအပြေးလေးရောက်လာလေသည်။ ကျော်ကြီးသည် မင်းခွန်မှိုင်းပခုံးအားဆွဲကိုင်လိုက်သည်။
"ငမှိုင်း...ခွန်မှိုင်း...မင်းဘာဖြစ်တာလဲ"
မင်းခွန်မှိုင်းအသက်ကိုပြင်းပြင်းရှူရင်း ပြန်ဖြေလိုက်သည်။
"ငါမသိဘူး။ ဒီစင်ကြီးကရုတ်တရက် ငါ့အပေါ်ပြုတ်ကျလာတာ"
ကျော်ကြီးတစ်ယောက် လဲကျနေသည့်စင်ကိုကြည့်မိတော့ စင်ကတခြားတစ်ဖက်၌သာ။ မင်းခွန်မှိုင်းအပေါ်သို့ မဟုတ်။
"မင်းလန့်သွားလို့နေမှာပါ။ စင်ကဟိုဘက်ကိုလဲသွားတာ။ ပစ္စည်းဝိတ်များလို့ထင်တယ်"
"မဟုတ်ဘူး အစ်ကို။ စင်က ဒီကအစ်ကို့ဘက်ကိုအရင်လဲကျလာတာ။ ညီမ CCTVကနေလှမ်းမြင်လိုက်တယ်။ ဒါပေမဲ့ ပြန်ကြည့်မိတော့ ဟိုဘက်ကိုလဲနေတာ။"
ဝန်ထမ်းမိန်းကလေး၏ထောက်ခံချက်ဖြစ်သည်။
"ဘယ်လိုလုပ်..."
ကျော်ကြီးနှင့်ဝန်ထမ်းမိန်းကလေးတို့ နားမလည်ဖြစ်နေကြပေမဲ့ မင်းခွန်မှိုင်းနားလည်လိုက်ပါသည်။ Kite၏နတ်ဆိုးညှို့စက်ကွင်းကြောင့် Kiteသည်သူ့အားကာကွယ်လိုက်ခြင်းကို မသိကြခြင်းဖြစ်သည်။ မင်းခွန်မှိုင်းအပေါ်လဲကျလာခဲ့ပေမဲ့ တကယ်ကျနေသည်က အခြားတစ်ဖက်ဖြစ်နေရုံသာ သူတို့သိကြသည်။
"ခွန်မှိုင်း မင်းထနိုင်လား"
မင်းခွန်မှိုင်းအား ကျော်ကြီးမှဆွဲထူလိုက်သည်။ မင်းခွန်မှိုင်း အသာအယာပဲထလိုက်ပါသည်။ ဘာမှမထိခိုက်သွား၍ တော်သေးသည်ဆိုရမည်။ Kiteသာရှိမနေခဲ့လျှင်လွယ်မည်မထင်။ တစ်ကိုယ်လုံးဒဏ်ရာ ပရပွနှင့်ဖြစ်လုဆဲဆဲပင်။
Kiteကတော့ သူ့ကိုကြည့်မနေ။ ကျောပေးထားဆဲ။ သို့ပေမဲ့ ဟိုကြည့်သည်ကြည့်နှင့် တစ်ခုခုကိုလိုက်ရှာနေပြန်သည်။ ယခင်တစ်ခါကကဲ့သို့ ပရလောကသားများ လုပ်ခြင်းပေလား။ မဖြစ်နိုင်။ သူ့လက်တွင် နှလုံးသားအမြုတေရှိနေသေးသည်။ ပထမတစ်ခါဖြစ်ပြီးကတည်းက အမြုတေကိုအပျောက်မခံဘဲ သူဂရုစိုက်ဖြစ်သည်။ သည်အတိုင်းဝိတ်များ၍ ပြုတ်ကျလာခြင်းပင် ဖြစ်ပါလိမ့်မည်။
"မင်းလမ်းလျှောက်လို့ဖြစ်လား"
"ရတယ် ကျော်ကြီး။ ငါဘာမှမဖြစ်ဘူး"
ကျော်ကြီးနှင့်အတူ စတိုးဆိုင်ထဲကထွက်လာရင်း နောက်မှKiteကို လှည့်ကြည့်လိုက်သည်။ သူ့ကြည့်ရတာ တစ်ခုခုကိုအလိုမကျသည့်ပုံပင်။ မျက်ခုံးနှစ်ဖက်ကို ထိမတတ်ကိုစုကုပ်ထားသည်။
စတူဒီယိုရောက်တော့ Kiteကိုမတွေ့ရတော့ချေ။ ပျောက်သွားပြန်သည်။ ကိုယ်ယောင်ပဲဖျောက်ထားခြင်းလား၊ တစ်နေရာရာများသွားနေခြင်းလားသူမသိ။ သူလည်းသွားစရာနေရာတော့ရှိသင့်ပါသည်။ နတ်များပင် နတ်သဘင်အစည်းအဝေးဘာညာရှိသေးတာ မဟုတ်လား နတ်ဆိုးတွေလည်း နတ်ဆိုးသဘင်အစည်းအဝေးတွေ ဘာတွေရှိချင်ရှိမည်လေ....။
ညနေပြန်ချိန်ရောက်တော့ Kiteပြန်ပေါ်လာသည်။ သို့ပေမဲ့ သူ့အားဘာစကားမျှမပြောချေ။ အလွန်တရာမှ တိတ်ဆိတ်နေသည်။ ထို့နောက် မန္တလေးတွင် ပရလောကသားတစ်ကောင် နှောက်ယှက်ခြင်းခံခဲ့သည့်အချိန်တုန်းကလိုမျိုး လမ်းတစ်လျှောက်လုံး တစ်ခုခုကိုအပူတပြင်း လိုက်ရှာနေလေသည်။ မျက်နှာကလည်း ဒေါသထွက်နေပုံရသည်။
ကိုယ့်အခန်းထဲကိုယ်ရောက်ကာမှပင် Kiteဘာတွေဖြစ်နေလဲ မေးရတော့သည်။
"မင်းတစ်နေကုန်ဘယ်ပျောက်သွားတာလဲ Kite"
"ငါ ခွေးစာရှာနေတာ။"
Kiteစကားကအဆန်းရယ်ပင်။ အရင်ကလည်း ခွေးစာသွားကျွေးတာဟု ပြောဖူးသည်။ သူ့ခွေးတွေဆိုတာကို မြင်ဖူးချင်ပေမဲ့ ကြောက်စရာကြီးတွေဖြစ်နေမှာစိုးသဖြင့် ပြဖို့မပြောဘဲနေမိသည်။
"ခွေးစာဆိုတာက..."
"နိမ့်ပါးတဲ့ပရလောကသားတွေလေ။"
ဤသို့ဆိုလျှင် ထိုခွေးများက ပရလောကသားများကို စားသုံးသည်ပေါ့။ ကြောက်စရာပင်။
"မင်းခွန်မှိုင်း"
သူ့နာမည်ကိုခေါ်လိုက်တာကြောင့် မေးဆတ်ပြလိုက်သည်။ Kiteက သက်ပြင်းလေးချရှာသည်။
"မင်းအနားမှာ အခုတလောအမှောင့်ပယောဂတွေများနေတယ်။ ငါစုပ်ယူနိုင်တဲ့အတိုင်းအတာထက်ကို လွန်နေပြီ။ ငါယူနိုင်တဲ့အတိုင်းအတာထက် ကျော်ပြီးစုပ်ယူမိရင် ငါအားနည်းပြီးဘေးဖြစ်လိမ့်မယ်။ ငါမစုပ်ယူရင်လည်း မင်းဘေးဖြစ်မယ်။ ဒီတော့ ကောင်းမှုကုသိုလ်နည်းနည်းပါးပါးလုပ်လိုက်။ ပယောဂတွေနည်းသွားလိမ့်မယ်။"
"ဒါဆို ဒီနေ့ငါ့ဆီမှာ အမှောင့်ပယောဂတွေများနေတာပေါ့"
Kiteကခေါင်းညိတ်ပြသည်။
"နှလုံးသားအမြုတေကို ကိုယ်နဲ့မကွာစေနဲ့။ မင်းကဘုံနှစ်ခုကြားမှာမလို့ နှောက်ယှက်ချင်တဲ့သူများတယ်။ မင်းခန္ဓာကိုယ်ကို လိုချင်တဲ့ဝိဉာဉ်တွေ စုလာကြတာ။ ဒါပေမဲ့ အမြုတေရှိနေသရွေ့တော့ သူတို့မင်းခန္ဓာကိုယ်ကို ထိလို့တောင်မရဘူး။"
"အခုရော အဲ့အမှောင့်ပယောဂတွေ ငါ့နားမှာရှိနေလား"
"အနည်းအကျဉ်းတော့ ကပ်ပါလာပေမဲ့ ကြီးကြီးမားမားတွေတော့ မရှိတော့ဘူး။ သူတို့တွေအိမ်ထဲဝင်လို့မရဘူးလေ။ အိမ်စောင့်နတ်ရှိတယ်"
"အိမ်စောင့်နတ်က တကယ်ရှိတာလား"
မင်းခွန်မှိုင်းမျက်လုံးတွေ အရောင်တလတ်လတ်ထသွားလေသည်။ စပ်စုစိန်ဆိုသည်မှာ ဒါမျိုးဖြစ်မည်။
"ရှိတာပေါ့။"
"ဒါဆို မင်းကိုကျအဝင်ခံတယ်ပေါ့။ မင်းကနတ်ဆိုးလေ"
"နတ်ဆိုးဆိုပေမဲ့ မင်းကိုစောင့်ရှောက်နေရတာလေ။ ငါ့မဝင်ခိုင်းရင် အဲ့အိမ်စောင့်နတ် ပြာတောင်ကျသွားဦးမယ်"
သူက အိမ်စောင့်နတ်ကိုပင် ပြာချဦးမည်ဆိုသည်။ ဟုတ်မဟုတ်တော့ မင်းခွန်မှိုင်းမသိ။
"အံ့သြမနေနဲ့ မင်းခွန်မှိုင်း။ ငါကနတ်ဆိုး။ နတ်ကောင်းမဟုတ်ဘူး။ အဲ့တာကိုခေါင်းထဲမှာ မြဲမြဲထည့်ထား။ ငါမကောင်းတာလုပ်လည်း အပြစ်တင်လို့မရဘူး။ ဘာလို့လဲဆိုတော့ ငါကနတ်ဆိုးအနေနဲ့မွေးဖွားလာလို့ပဲ။ ငါစောင့်ရှောက်နေရတဲ့ မင်းကိုငါကိုယ်တိုင်ပဲသတ်ပစ်မယ်ဆိုရင်တောင် ဘယ်သူမှတားလို့မရဘူး"
"ဒါဆိုဘာလို့ငါ့ကိုကယ်ခဲ့လဲ..."
Kiteက နှုတ်ခမ်းလေးတွန့်ရုံပြုံးသည်။ ထို့နောက် သူဖြေသည်က...
"ငါကမင်းကိုစောင့်ရှောက်ရတဲ့သူမို့ပေါ့"တဲ့....။
Kiteသည် မင်းခွန်မှိုင်းမည်သို့မျှ အဖြေရှာမရသည့် ပဟေဋ္ဌိတစ်ခုဖြစ်လာသည်။
Thanks For Reading
Note
နောက်အပိုင်းမှာ စိတ်ဝင်စားဖို့ကောင်းတာတွေ ပါလာတော့မှာမို့ ဆက်ပြီးအားပေးပါဦးရှင်...။
Zawgyi
ေန႔စဥ္စတူဒီယုိသုိ႔ ကားငွါးကာသြားေနရေသာ မင္းခြန္မႈိင္း ယေန႔ေတာ့ဇိမ္က်ေနေလသည္။ ငစုိင္းအားေတာင္းပန္ေစရန္ ကိုသာ့ကိုေခၚလာရင္း ကားကပ္စီးခဲ့ျခင္းေၾကာင့္ျဖစ္သည္။
"ကုိသာ ငစုိင္းကိုေသခ်ာေတာင္းပန္ေနာ္..."
"ေအးပါ ညီမႈိင္းရာ။ ကုိသာအခုေတာင္ လိုက္လာၿပီပဲကို။"
မင္းခြန္မႈိင္းဆုိသူကအရစ္ကေလးပင္။ သူ႔ေရွ႕ တစ္ခုခုအမွားလုပ္လိုက္မိလ်ွင္ ထုိကိစၥအားေျပာမဆံုးေတာ့ေခ်။ သူ႔သူငယ္ခ်င္းေတြကို စိတ္ပူတတ္ ဂရုစုိက္တတ္ေသး၍ ေတာ္ေတာ့သည္ဟု ျဖည့္ေတြးရပါသည္ေလ။
"ဒါနဲ႔ အခုတေလာ ညီမႈိင္းအခန္းထဲကေန စကားေျပာသံေတြ ခဏခဏၾကားေနရတယ္ေနာ္။ ရည္းစားရေနတာလား။"
"မဟုတ္တာ ကုိသာရာ။ ဘာရည္းစားမွမ႐ွိဘူး။ ဇာတ္ကားထဲကအသံပါ။"
ကုိသာကေခါင္းဆတ္ဆတ္ညိတ္သည္။ ယံုသြားပံုရ၏။ ေနာက္ဆုိ Kiteနွင့္စကားေျပာလ်ွင္ အသံမက်ယ္ေစရန္ သတိထားရမည္။ မဟုတ္လ်ွင္ အ႐ူးထင္ကာ စိတ္က်န္းမာေရးေဆးရံုအပို႔ခံရဖုိ႔ နီးလာေခ်ၿပီ။ Kiteနွင့္ကိစၥကလည္း လူတကာကုိ ပြင့္ပြင့့္လင္းလင္းေျပာ၍ျဖစ္သည့္ ကိစၥမဟုတ္။ ေျပာမိလ်ွင္လည္း ႏွစ္ခါေမးစရာမလိုဘဲ ရြာသာႀကီးဒုိးရမည္မွာအေသအခ်ာ။
ကားမွန္မွတစ္ဆင့္ ေနာက္ခန္းထဲတြင္ထုိင္ေနသည့္ Kiteအား လွမ္းၾကည့္လိုက္သည္။ Kiteကလည္း သူ႔ကိုၾကည့္ေနမွန္းသိေတာ့ မွန္ကေနတစ္ဆင့္ ျပန္ၾကည့္သည္။ မင္းခြန္မႈိင္း လ်ွာထုတ္ေျပာင္ျပလိုက္ေတာ့ တုိက္တုိက္ဆုိင္ဆုိင္ ကုိသာကလည္း မင္းခြန္မႈိင္းကုိအၾကည့္နွင့္တုိးသျဖင့္ ဟီးခနဲရယ္ျပၿပီးသာ မသိခ်င္ေယာင္ေဆာင္လိုက္ရေတာ့သည္။ Kiteကေတာ့ သူ႔အားၾကည့္ၿပီး ေလွာင္ၿပံဳးၿပံဳးသည္။
အျမင္ကပ္ဖို႔ေကာင္းသည့္အေကာင္။
စတူဒီယုိေ႐ွ႕တြင္ထုိးရပ္လာသည့္ ကားကုိျမင္သည္ႏွင့္ မင္းခြန္မႈိင္းတုိ႔အိမ္ကကားမွန္း ေက်ာ္ထြဋ္တစ္ေယာက္တန္းသိလိုက္သည္။ မင္းခြန္မႈိင္းတုိ႔အိမ္ကကားဆုိေပမဲ့ အတိအက်ဆုိရလ်ွင္ သည္ကားကကုိသာ၏ကားေပသာ။ ကုိသာက စတူဒီယုိကုိလာသည္လား။ ခ်က္ခ်င္းဆုိသလို အတြင္းခန္းထဲ၌ ယခုမွမနက္စာစားေနသည့္ ငစုိင္းထံေျပးသြားၿပီး ကုပ္ကေနဆြဲမလိုက္သည္။ ငစုိင္းမွာေကာ္ဖီေလးေသာက္ေနရင္း ႐ုတ္တရက္ကုပ္ဆြဲခံလိုက္ရတာမုိ႔ သီးပင္သီးသြားေလသည္။
"အဟြတ္...အဟြတ္...ေဟ့ေကာင္...ဘာလုပ္တာလဲ"
"ဘာလုပ္တာလဲ လုပ္မေနနဲ႔။ ေ႐ွ႕မွာကုိသာ့ကားေရာက္ေနတယ္"
ငစုိင္းခမ်ာ အူေၾကာင္ေၾကာင္ျဖစ္သြားမိသည္။ ကုိသာက သည္ကုိဘာလာလုပ္ပါသနည္း။ မင္းခြန္မႈိင္းထံလာျခင္းလား။ မင္းခြန္မႈိင္းကျဖင့္ အခုထိပင္မလာေသးသည့္ကိစၥ။ ေက်ာ္ႀကီးလည္း ေၾကာင္ေတာင္ေတာင္လုပ္ေနသည့္ ငစုိင္းကိုၾကည့္ကာ စိတ္မ႐ွည္ျဖစ္လာသည္။
"ဘာေတြစဥ္းစားေနတာလဲ။ ကုိသာ လာတယ္လို႔။ ထ...သြားမယ္"
ငစိုင္းသည္ သူ႔အားဆြဲထားသည့္ ေက်ာ္ႀကီးလက္ကို ျဖဳတ္ခ်လိုက္ၿပီး ေခါင္းအသာယမ္းသည္။
"မင္းပဲသြားေတြ႔လိုက္ပါ။ ငါ ကိုသာနဲ႔ေတြ႔ေတာ့ေရာ ဘာထူးမွာမလို႔လဲ။ သူ႔ဘာသာကိစၥ႐ွိလို႔လာတာေနမွာပါ။"
ေက်ာ္ႀကီးက ခါးေထာက္ကာသက္ျပင္းခ်သည္။
"အဲ့လို ေပ်ာ့တိေပ်ာ့ဖတ္လုပ္မေနစမ္းပါနဲ႔ ငစုိင္းရာ။ ကိုသာ မင္းနာမည္ေမ့သြားတယ္ဆုိရံုနဲ႔ မင္းကေရာ သူ႔ကုိေမ့ႏုိင္လို႔လား။ လာစမ္းပါ...ေမ့သြားရင္ မွတ္မိေအာင္လုပ္ရမွာ မင္းတာဝန္ေလ"
ကုိသာနွင့္ျဖစ္ခဲ့သမ်ွကုိ ေက်ာ္ႀကီးထံရင္ဖြင့္ခဲ့သည္မွာ မွားေလၿပီ။ ယခုေတာ့ ကုိယ့္အတက္နွင့္ကုိယ္ျပန္ထုိးခံေနရ၏။ နာေလျခင္းပင္။
"ငစုိင္းရာ လာစမ္းပါကြာ...။ ၿပီးရင္ မင္းေလာက္ေတြ႔ခ်င္လိုက္တာလည္း တစ္ပိုင္းေသ။ အျမဲတမ္း မနက္ပုိင္း ကုိသာ ေလ့က်င့္ခန္းလုပ္တာပဲ သြားသြားေခ်ာင္းေနေတာ့မွာလား။ မရဘူး...ဟိတ္ေကာင္.."
ထုိသုိ႔ေျပာရင္း ငစိုင္းလက္ကိုအတင္းဆြဲေခၚလာခဲ့သည္။ ငစုိင္းခမ်ာ ေလးတိေလးကန္ျဖင့္ပါလာၿပီး ကိုသာ့ကုိျမင္ေတာ့မွ တုံ႔ခနဲရပ္ကာေခါင္းငိုက္စုိက္ခ်မိလိုက္သည္။ ဘာေၾကာင့္မ်ား ကိုသာနွင့္မ်က္ႏွာခ်င္းဆုိင္ရန္ ခဲယဥ္းေနရပါသနည္း။ အျပစ္လုပ္ထားသူလည္းမဟုတ္ပါဘဲနွင့္ ေနရၾကပ္ေနမိသည္။
"ကုိသာ"
မင္းခြန္မႈိင္းက ကိုသာ့အားေမးဆတ္ျပလ်က္ ငစုိင္းကုိေတာင္းပန္ရန္ အရိပ္အေျချပလိုက္ေတာ့ ကုိသာသည္အလိုက္သိစြာပင္ ငစုိင္းေ႐ွ႕သုိ႔ေလ်ွာက္သြားေလသည္။ ေက်ာ္ႀကီးကေတာ့ ငစိုင္းေဘးမွေ႐ွာင္ထြက္လာၿပီး မင္းခြန္မႈိင္းအနားေရာက္လာေလ၏။
"ေက်ာ္ႀကီး...ငါတုိ႔မုန္႔သြားဝယ္ရေအာင္"
ေက်ာ္ႀကီးအနားကိုတုိးတုိးကပ္ေျပာေသာ မင္းခြန္မႈိင္းစကားေၾကာင့္ ေက်ာ္ႀကီးမွာ မ်က္ခံုးမ်ားပင္ ပင့္တက္သြားသည္။ မင္းခြန္မႈိင္းက ကိုသာနွင့္ငစုိင္းကိုေ႐ွာင္ေပးခ်င္သည္တဲ့လား။ အံ့ၾသလြန္း၍ ျပန္ေျဖဖုိ႔ပင္ေမ့သြားမိသည္။ မင္းခြန္မႈိင္းသည္ မ်က္ေမွာင္ႀကီးကုတ္ကာ သူ႔အားၾကည့္လာၿပီး အျပင္ဘက္သုိ႔ အတင္းဆြဲေခၚသြားေလသည္။ ခပ္လွမ္းလွမ္းေရာက္ေတာ့မွ ေတြ႔သည့္စတုိးဆုိင္တစ္ခုဝင္ကာ ေလ်ွာက္ၾကည့္ျဖစ္ၾကသည္။
"မင္းခြန္မႈိင္း...မင္းဘာျဖစ္လာတာလဲ"
ပစၥည္းမ်ားကုိ ဟုိကိုင္သည္ကိုင္လုပ္ေနသည့္ မင္းခြန္မႈိင္းသည္ ေက်ာ္ႀကီးအားလွည့္ၾကည့္လာသည္။
"ငါဘာျဖစ္လို႔လဲ..."
"မင္းအခု ကုိသာနဲ႔ငစုိင္းကိုႏွစ္ေယာက္တည္း ထားခဲ့တာ ထူးဆန္းေနတာမဟုတ္ဘူးလား"
မင္းခြန္မႈိင္းကရယ္သည္။ ေက်ာ္ႀကီးလည္း
You are reading the story above: TeenFic.Net