Part 1

Background color
Font
Font size
Line height

Unicode

ကြယ်တာရာတို့ စတင်စုဆည်း​နေ​ချေပြီ။ လမိုက်ညမို့ နက်မှောင်သော ကောင်းကင်၌ ထင်းဖြာနေသည့် ကြယ်တာရာများကို မော့ကြည့်ရင်း နက္ခတ်တချို့အား တွက်ချက်လိုက်သည်။

"အိမ်း... နတ်ဆိုးတစ်ကောင်မွေးဖွားလာတော့မှာပါလား...."

"နတ်ဆိုးတစ်ကောင်၊ ဟုတ်လား ဘွားဘွား"

အဘွားကြီးသည် မြေးဖြစ်သူ၏အ​မေးကို သဘောကျစွာ တွန့်ပြီးသားပါးရေတွေကို အရစ်လိုက်အထပ်ထပ်ဖြစ်သွားသည်အထိ ပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် ကောင်းကင်သို့ လက်ညှိုးညွှန်ထိုးပြလိုက်သည်။

"ဒီကြယ်တာရာတွေထဲက နှစ်ဆယ့်ငါးခုသော ကြယ်တာရာတွေရဲ့ အလင်းတန်းတွေက မိုးကုပ်စက်ဝိုင်းအလွန်မှာစုဆုံလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် အဲ့ဒီနေရာမှာပဲ နတ်ဆိုးတစ်ကောင်ဖွားမြင်တော့မယ်"

"ဒါဆိုရင် ဘာဖြစ်မှာလဲဟင် ဘွားဘွား"

အဘွားသည် ကွပ်ပျစ်ပေါ်ထိုင်နေရင်းမှ ဖြည်းညှင်းစွာ အောက်သို့ဆင်းလိုက်ပြီး ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်သည်။ ကြယ်တာရာတို့၏ အလင်းတန်းများကလည်း စုဆုံရန် အချိန်နီးကပ်နေချေပြီ။ ထို့နောက် အဘွားဖြစ်သူ၏အဖြေအား စိတ်ဝင်တစားစောင့်မျှော်နေသော မြေးဖြစ်သူ၏မျက်ဝန်းများကြောင့် အဘွားကြီး ပြုံးလိုက်မိသည်။

"နတ်ဆိုးတွေက သူတို့ရဲ့အကြောင်းတရားကိုယ်စီကြောင့် မွေးဖွားလာတာပဲ ငါ့မြေးရဲ့။ လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက မွေးဖွားလာခဲ့တဲ့နတ်ဆိုးတစ်ကောင်ကြောင့် မြို့ကြီးတစ်မြို့လုံးပျက်စီးဖူးတယ်လို့ ဘွားဘွားရဲ့အမေကြီးက ပြောဖူးတယ်။ သူ လူ့ဘဝတုန်းက အဲ့မြို့ကလူတွေကို မုန်းတီးစိတ်နဲ့သေဆုံးသွားတာကြောင့် အငြှိုးအမျက်နဲ့ ဒီမြို့ကိုဖျက်ဆီးဖို့ နတ်ဆိုးအဖြစ်မွေးဖွားလာခဲ့တယ်။ ပြီးတော့ ဖျက်ဆီးပြီးတာနဲ့ သူပျောက်ကွယ်သွားတယ်တဲ့။"

"သူဘယ်ကိုရောက်သွားတာလဲ ဟင် ဘွားဘွား..."

"အငြှိုးပြေပြီး ဘဝသစ်စသွားလား ၊ ဒါမှမဟုတ် ဘွားဘွားတို့မမြင်နိုင်တဲ့ ဘုံဋ္ဌာနတစ်ခုမှာ ဆက်လက်ရှိနေလားဆိုတာတော့ မသိနိုင်ဘူးပေါ့ကွယ်။"

"ဒါဆို အခု​မွေးမယ့်နတ်ဆိုးက​ရော မြို့တွေကိုဖျက်ဆီးဖို့ လာမှာလားဟင်..."

ကလေးသူငယ်တို့၏ မေးခွန်းများမှာ အဆုံးမရှိတတ်လှချေ။ သိချင်ပြီးရင်း သိချင်ဆိုတော့ မေးခွန်းတွေအထပ်ထပ်မေးတတ်ကြလေသည်။ အဘွားဖြစ်သူက​တော့ ခေါင်းလေးတယမ်းယမ်းဖြင့် သက်ပြင်းချလေသည်။

"ကြယ်တာရာတွေ​တောင် စုံသွားပြီပဲ။ ကောင်းကင်က အမှောင်ရိပ်ကျမသွားဘဲ အရောင်ဖျော့သွားတယ်ဆိုတော့ စွဲလမ်းမှုတွေနဲ့ နတ်ဆိုးတစ်ကောင်မွေးဖွား​တော့မယ်ထင်တယ်..."

************************************

ခွဲစိတ်ခန်းရှေ့တွင် အိပ်ပျော်နေသည့် နှစ်နှစ်သားအရွယ်ကောင်လေးတစ်ယောက်အား ပခုံးထက်၌ချီလျက် တောင်လျှောက်မြောက်လျှောက် လုပ်နေသည့် အသက်လတ်ပိုင်းအမျိုးသားတစ်ဦးရှိနေသည်။ အထဲ၌ မီးဖွားနေသည့် မိမိ၏အမျိုးသမီး ချောမွေ့စွာ ကလေးမွေးနိုင်ရန် အဂုင်္လိမာလသုတ်အား အကြိမ်ကြိမ်ရွတ်ဆိုနေမိသည်။ ပထမကလေးကတည်းက ကျင့်သားရခဲ့ပြီဖြစ်သော​ကြောင့် အဂုင်္လိမာလသုတ်ကို သူနှုတ်တိုက်အလွတ်ရနေချေပြီ။

ပခုံးထက်တွင် အိပ်​ပျော်​နေသည့်၊ မကြာမီအစ်ကိုနေရာရောက်တော့မည့် သားကြီး မင်းခွန်သာ၏ ကျောပြင်အား ညင်ညင်သာသာပုတ်​ပေးကာ နိုးမလာစေရန်ချော့သိပ်လိုက်သည်။ မင်းခွန်သာလေးသည် မွေးကတည်းက အနေအေး ၊ ဂျီမပူတတ်သည့်ကလေးဖြစ်သည်။ ယခုမွေးလာမည့် သားငယ်က​တော့ မည်သို့မည်ပုံလာလေမည်လဲမသိ။ သားလေးမွေးမည့်အကြောင်းကိုသိခြင်းသည် Ultrasound ကြိုတင်ရိုက်ခဲ့ခြင်းကြောင့်ပင်။ သည်က​လေးသည် သားရူးသာရူး​နေ​သော ဦးဥက္ကာစိုးအတွက် နောက်ထပ်ဆုလာဒ်တစ်ခု ဖြစ်ပေသည်။

"သားကြီး...ဥက္ကာ..."

အသံနှင့်အတူ ကပျာကယာရောက်လာသူမှာ ဦးဥက္ကာစိုး၏မိခင် ဒေါ်စိုးနန္ဒာပင်။ ဇနီးဖြစ်သူ မေမီသာမွေးတော့မည်ဟု သတင်းပေးလိုက်သည့်နှင့် မန္တလေးမှ ပြင်ဦးလွင်သို့ ချက်ချင်းတက်လာရှာလေသည်။ ဒေါ်စိုးနန္ဒာသည် သားဖြစ်သူလက်ထဲမှ မြေးကို သူ့ထံပြောင်းချီလိုက်၏။

"မေမီ မီးဖွားဖို့ခက်နေတယ်ဆို ဟုတ်လား သား။ အဂုင်္လိမာလသုတ်​ရွတ်ရဲ့လား"

"ရွတ်နေတာပဲ မေမေရယ်။ ဒီမှာ သားလည်းအာခေါင်တွေတောင် ခြောက်နေပြီ။"

ဒေါ်စိုးနန္ဒာသည် သူ့လက်ထဲတွင် အနည်းငယ်လှုပ်ရှားလာသည့် မင်းခွန်သာလေးကို တကျွတ်ကျွတ်စုပ်သပ်ရင်း ပြန်သိပ်လေသည်။

"မေမေ ဒီကိုမလာခင် မေမေ့အသိဗေဒင်ဆရာကြီးဆီ ရောက်သေးတယ် သားရဲ့။ အခု မင်းမိန်းမမွေးမယ့်က​လေးက ကပ်ဆိုးနက္ခတ်နဲ့သွားတိုက်ပြီး မွေးနိုင်တယ်တဲ့"

"သားအဲ့တာတွေ အယုံအကြည်မရှိပါဘူး မေမေရာ"

မိခင်ဖြစ်သူက ဗေဒင်တွေ နက္ခတ်တွေလွန်စွာယုံသူဖြစ်​သော်လည်း ဦးဥက္ကာစိုးကတော့ ဒါမျိုးတွေမယုံ။ ဆုံးသွားပြီဖြစ်သည့် ဖအေကြီး၏ သွေးအပြည့်သာ။ ဒေါ်စိုးနန္ဒာသည် ကလေးတစ်ဖက်နှင့် သူ့လက်ကိုင်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ခက်ခက်ခဲခဲထုတ်ယူပြီး ဦးဥက္ကာစိုးလက်ထဲထည့်ပေးလေသည်။

"ယုံတာမယုံတာ မင်းအပိုင်းပဲ။ ဒီလက်ပတ်လေးကိုတော့ ငါ့မြေးလေးမွေးလာရင် အမြဲပတ်ထားပေးရမယ်။ မဟုတ်ရင် သူ့ဆီကံဆိုးမှုတွေ အလုံးလိုက်အရင်းလိုက်ဝင်လာလိမ့်မယ်တဲ့။"

ဦးဥက္ကာစိုးလည်း သူ့လက်ထဲရောက်လာသော ကတ္တီပါရွှေကြိုးနီလေးကို ကြည့်ရင်း သက်ပြင်းချလျက် ခေါင်းညိတ်ရသည်။ မိခင်နှင့်မည်သို့မှ ပြိုင်ငြင်း၍ မရနိုင်မှန်း သူတပ်အပ်သိနေသည်လေ။

ထိုစဉ် ခွဲစိတ်ခန်းထဲမှ ဆရာဝန်ကြီးထွက်လာလေသည်။ ဦးဥက္ကာစိုးလည်း ဆရာဝန်ကြီးအနားသို့ အပြေးကပ်ရင်း အခြေအနေ မေးရန်ဟန်ပြင်လေသည်။

"ဒေါက်တာ..."

ဆရာဝန်ကြီးက လက်ကာပြရင်း ခပ်ချိုချိုပြုံးလျက်သား အလိုက်တသိဖြေကြား၏။

"သားလေး မွေးပါတယ် ကိုယ့်လူ။ ကလေးရော မိခင်ပါ ကျန်းမာတယ်။ နေ့လယ်ကတည်းက ဗိုက်နာပြီး မမွေးနိုင်ဖြစ်နေတော့ ကျွန်တော်တောင်အစကစိုးရိမ်နေတာ။ အခုတော့ ချောချောမွေ့မွေ့မွေးနိုင်သွားပါပြီ။"

ဆရာဝန်ကြီးသည် သူ့တာဝန်ပြီးဆုံးသည်နှင့် ထွက်သွားလေသည်။ ဦးဥက္ကာစိုးကတော့ အပျော်ကြီးပျော်ကာ ကျန်နေခဲ့၏။ ဒေါ်စိုးနန္ဒာလည်း နောက်မြေးချီရပြီမို့ ဝမ်းသာနေလေသည်။ အစ်ကိုကြီးအရာမြောက်သွားသော မင်းခွန်သာလေးကတော့ အိပ်မြဲ...။

သိပ်မကြာခင်တွင် ကလေးနှင့်ဇနီးဖြစ်သူကို တွေ့ခွင့်ရလေသည်။ ဒေါ်စိုးနန္ဒာကတော့ မင်းခွန်သာလေး သက်တောင့်သက်သာအိပ်လို့ရ​စေရန် သူတို့အိမ်ကိုသာပြန်ခေါ်သွား​လေသည်။ နောက်ရက်မှ မြေးငယ်နှင့် ချွေးမကိုလာကြည့်တော့မည်ဟု ဆိုသည်။ ဦးဥက္ကာစိုးခမျာတော့ ပင်ပန်းပြီးအိပ်ပျော်နေသည့် ဇနီးကိုကြည့်၍ ခပ်ပြုံးပြုံးသာ။​နောက်ပြီး ယခုမှ လောကထဲရောက်လာသည့် မိခင်ရင်ခွင်၌ အိပ်စက်​နေသော နီနီရဲရဲ သားငယ်လေးကိုကြည့်ကာ ပီတိဖြာရသည်။ ဪ...မိဘမေတ္တာဆိုတာ သည်လိုပါလားဟု ဒုတိယအကြိမ်တွေးမိသည်။ ရုပ်လုံးမပေါ်သေးချိန်ကတည်းကပင် ကိုယ့်သွေးသားမို့ ဘယ်လိုဘယ်ပုံလေးဖြစ်နေပါစေ ချစ်ခင်မိသည်သာ။

"ငါ့သားလေးကြီးလာရင် လူတော်လူတတ်ကြီး ဖြစ်အောင် ဖေကြီးကမြေတောင်မြှောက်ပေးမှာ။ ကျန်းကျန်းမာမာနဲ့ ကြီးပျင်းလာခဲ့နော်..."

ယခုကတည်းက သားလေး၏ အနာဂတ်ကိုတွေးမျှော်ပြီး တက်ကြွလာမိသည်။ လူလောကအလယ်မှာ မျက်နှာမငယ်ရဘဲ လူတကာလေးစားအားကျရလောက်သူ ဖြစ်စေချင်မိသည်။ ထို့သို့ဖြစ်လာအောင် မိမိတို့ဘက်ကလည်း အစွမ်းကုန်ထောက်ပံ့နိုင်ဖို့ အလုပ်ပိုကြိုးစားဖို့ လိုလာပြီ။ ယခုဆို ကလေးကနှစ်ယောက် ၊ အသက်သိပ်မကွာကြသည့်အတွက် ကျောင်းတက်အရွယ်ဆို ကုန်ကျမည်က ခပ်များများပေသာ။ သို့သော် ထိုကိစ္စအတွက် စိတ်ညစ်ခြင်း အလျင်းမရှိ။ သားတွေအတွက် ဖခင်မှာ ခွန်အားသာရှိနေ၏....။

************************************

"မင်းတို့တွေ မညစ်ပတ်နဲ့။ ငါနိုင်တာ"

"ဘာမှမဟုတ်ဘူး။ မင်းစည်းခိုးပြီး ပစ်တာ"

ရပ်ကွက်ထဲမှ ကောင်တချို့သည် ဖန်ဂေါ်လီရိုက်ကစားချိန်တိုင်း၌ ခဏခဏနိုင်နေသည့် မင်းခွန်မှိုင်းအား မကြည်ချင်ကြတော့ပေ။ ထို့ကြောင့် မင်းခွန်မှိုင်း ခေါင်ထိသွားသောအခါ စည်းခိုးသည်ဟု ဆိုလာကြသည်။

"ငါဘာမှစည်းမခိုးဘူး။ မင်းတို့သာ ညစ်ပတ်တာ။ မရဘူး ငါနိုင်တာပဲ"

ထိုသို့ဆိုကာ သူအနိုင်ရသည့်ဂေါ်လီတွေကို ဘောင်းဘီအိတ်ကပ်ထဲ​ကောက်ထည့်စဉ် ကျန်သည့်ကလေးများကလည်း မြေပေါ်မှာချစီထားသည့် ဂေါ်လီတချို့ကို အတင်းကောက်လုသိမ်းသောကြောင့် မင်းခွန်မှိုင်းပြန်လုလေသည်။ သို့သော် အများနှင့်တစ်ယောက်မို့ မင်းခွန်မှိုင်း မနိုင်။ ကလေးသဘာဝ အနိုင်ကျင့်ခံရပြီဆိုလျှင် အော်ငိုတတ်ကြသော်လည်း မင်းခွန်မှိုင်းဟာ အကြောတင်း ၊ လက်ရဲဇက်ရဲမို့ လမ်းဘေးက တုတ်တစ်ချောင်းကိုပြေးကောက်ကာ သူတို့ကိုရိုက်ဖို့ပြင်တော့လေသည်။ ထိုအခါမှ ကလေးများ ထွက်ပြေးကုန်လေ၏။ မင်းခွန်မှိုင်းသည် တုတ်ကိုလမ်းဘေးသို့ပြန်ပစ်ချပြီး လက်၌ကပ်နေသည့် ဖုန်သဲတို့ကိုခါကာ အိမ်ပြန်ဖို့ နောက်သို့အလှည့် လမ်းလယ်ခေါင်၌ စိတ်ဆိုးမာန်စိုးဖြင့် ခါးထောက်ကာရပ်ကြည့်နေသည့် မိခင်​ဒေါ်​မေမီသာ့ကိုတွေ့လေတော့ လူကတွန့်ခနဲဖြစ်သွားမိသည်။ ကိုယ့်အပြစ်ကိုယ်သိသည်မဟုတ်လား။ ကျူရှင်သွားမည်ဟုဆိုကာ ထွက်လာပြီး လမ်းမှာဂေါ်လီရိုက်နေသည့်အဖွဲ့တွေ့သည်နှင့် အတင်းကာရော ဝင်ဆော့မိသည်မှာ ကျူရှင်ဆင်းချိန်နီး၍ မိခင်လာကြိုတတ်သည့်အချိန်ပင် ရောက်သွားလေသည်။

အပြစ်လုပ်ထားသူမို့ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းသာ မိခင်ကိုကြည့်နေမိသည်။ ဒေါ်မေမီသာလည်း သင်းလေးကိုရိုက်ချင်တာမှ တစ်ပိုင်းကိုသေနေလေပြီ။ စာမေးပွဲရက် အတော်ပင်နီးလာပြီဖြစ်သော်လည်း သင်းလေးက ကျူရှင်လစ်ကောင်းတုန်းမဟုတ်လား။ ဒါတောင် ယခုမှလေးတန်း ၊ သည့်ထက်ကြီးလျှင် လွယ်မည်မဟုတ်။

"မင်းခွန်မှိုင်း....နင် ဒီကိုလာစမ်း..."

မင်းခွန်မှိုင်းခေါင်းခါသည်။ အရိုက်ခံရတော့မည်ဆိုတာ သူသိသည်။

"နင့်ကို ငါလာလို့ပြောနေတယ်နော်..."

"လာရင် မေမေကရိုက်မှာပေါ့လို့"

မင်းခွန်မှိုင်းသည် သူငယ်ချင်းများ၊ ကလေးများကြား၌သာ လူဆိုးဖြစ်သည်။ မိခင်နှင့်ဆိုလျှင်တော့ သူခံရမည်ကို ကောင်းကောင်းကြီးသိပါသည်။ မိခင်ဘက်မှ တွေးလျှင်လည်း သည်လောက်ဆိုးသောကလေးကို မရိုက်ဘဲ မနေနိုင်။ တာတေလန်အောင်ဆိုးသည်ဆိုသည်မှာ ဒါမျိုးနေမှာပင်။

"နင်မလာရင် ငါလာပြီ..."

အပြောနှင့်အတူ ထမီကို ခြေမျက်စိပေါ်လောက်အထိဆွဲမကာ သူ့ထံလျှောက်လာသောကြောင့် မင်းခွန်မှိုင်း တစ်ချိုးတည်းသာထပြေးလေသည်။ ယခုချိန်တွင် သူ့အားကာကွယ်ပေးနိုင်မည့်သူမရှိဆိုတာ သူသိသည်။ စင်စစ်အားကိုးရာရှိမည်ဆိုလျှင် သူ၏ကိုယ်ပိုင်ခြေထောက်များပင်ဖြစ်မည်။

"မင်းခွန်မှိုင်း...နင်မိလို့ကတော့ သေပြီသာမှတ်"

​ဒေါ်​မေမီသာလည်း မင်းခွန်မှိုင်းနောက် ခပ်သုတ်သုတ်လိုက်သွား​ပြီး ဤငပေလေးကိုဆုံးမဖို့ အားခဲမိသည်။ အစ်ကိုဖြစ်သူက လိမ္မာပြီး စာကြိုးစားသလောက် သင်းကပြောင်းပြန်ကျသည်။ ယောက္ခမပြောသည့် ကပ်ဆိုးနက္ခတ်ကြောင့်ပေးလားမသိ ၊ မွေးကတည်းက ဂျီအလွန်ကျ ၊ အလွန်ဆိုးသည့်ကလေးဖြစ်၏။

"ကိုသာ...ကိုသာ..."

ကျောပိုးအိတ်ကိုင်းလေးကို လက်ကကိုင်လျက် လမ်းကိုခပ်​အေး​အေး​လျှောက်ကာ ကျူရှင်ကပြန်လာသည့် အစ်ကိုဖြစ်သူအား မင်းခွန်မှိုင်းတွေ့လေတော့ ဘုရားသကြား မသလိုမျိုး အပျော်ကြီးပျော်ပြီး ပြေးဖက်မိသည်။

"ညီမှိုင်းလေး...ဘာဖြစ်လာတာလဲ"

ဖုန်တွေသဲတွေဖြင့် ညစ်ပတ်ပေကျံနေသော ခန္ဓာကိုယ်ဖြင့် သူ့အားလာဖက်သည့် ညီဖြစ်သူကို မငြိုငြင်ဘဲ စိုးရိမ်တကြီးသာ မေးခွန်းထုတ်မိသည်။ မင်းခွန်မှိုင်းသည် မျက်နှာလေးခပ်မဲ့မဲ့ဖြင့် နောက်ကျောဘက်သို့ မျက်စပစ်ပြသည်။ လက်စသတ်တော့ မိခင်လိုက်ရိုက်​နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ့ထံအားကိုးတကြီး ပြေးလာခြင်း။ အမြဲတမ်းဆိုသလို ညီဖြစ်သူအရိုက်မခံရအောင် ကာကွယ်နေကျဖြစ်သည့်အတွက် သည်ကိစ္စတွေက အဆန်းမဟုတ်တော့ချေ။ တစ်ဦးတည်းသော ညီဆိုးလေးကို ချစ်တာကြောင့် မိခင်ရိုက်သည်ကိုပင် အထိမခံချင်။

ထို့ကြောင့် ညီဖြစ်သူ မင်းခွန်မှိုင်းရှေ့က ပိတ်ကာလိုက်ပြီး မေမေနှင့်မျက်နှာချင်းဆိုင်တွေ့လိုက်သည်။

"မေမေရယ်...ရပ်ကွက်လယ်မှာ ညီမှိုင်းကိုလိုက်မရိုက်ပါနဲ့။ တခြားသူတွေက ညီမှိုင်းကို အိမ်ကအရမ်းနှိပ်စက်တယ်ထင်ကုန်ပါဦးမယ်။ ရိုက်ချင်အိမ်ရောက်မှ ရိုက်"

"အိမ်ရောက်မှရိုက်မလို့ပဲ။ မင်းညီက ထွက်ပြေးတာကိုး"

မိခင်အတော်စိတ်တိုနေပြီဆိုတာ မင်းခွန်သာသိလိုက်သည်။ သို့သော် လက်ရှိဖြောင်းဖြနိုင်ဖို့သာအဓိက။

"ညီမှိုင်းက အိမ်ပြန်လိုက်မှာပါ။​မေ​မေရိုက်ချင် အိမ်ရောက်မှရိုက်။"

"အေး...ပြီးရော။ အိမ်ရောက်ရင်တွေ့မယ်။ ခေါ်လာခဲ့ အဲ့ငဆိုးကောင်ကို။"

ညီအစ်ကိုနှစ်ယောက် ကုပ်ချောင်းချောင်းနှင့် အိမ်ကိုလိုက်သွားပြီမှ စည်းဝါးတိုက်ထားသည့်အတိုင်း အိမ်ထဲရောက်သည်နှင့် သူတို့ကိုယ်ပိုင်အခန်းထံသို့ လျစ်ခနဲ​ပြေးကာ တံခါးပိတ်လော့ခ်ချလိုက်ကြသည်။ မိခင်အပြင်၌ ဒေါကန်ပြီး ကြိုက်သလောက်အော်ပါစေ ၊ ဖခင်ပြန်လာလျှင် အကာအကွယ်ရပြီဖြစ်တာကြောင့် ဖခင်ပြန်အလာကို စောင့်ရန်သာလိုတော့သည်....။ မင်းခွန်မှိုင်းသည် တခွိခွိရယ်ရင်း အိပ်ရာပေါ်တက်လှဲလေသည်။ မင်းခွန်သာလည်း ကျောပိုးအိတ်ကလေးကို စားပွဲ၌အကျအနချလိုက်ရင်း ညီဖြစ်သူအား သတိပေးစကားဆိုသည်။

"ညီမှိုင်းနော်...နောက်တစ်ခါအဲ့လိုထပ်ဆိုးရင် ကိုသာက လိုက်မကာပေးတော့ဘူးနော်။ လိမ်လိမ်မာမာနေ..."

"သားသိပါတယ် ကိုသာကလည်း။ မနက်ဖြန်ကျရင် လမ်းကြားထဲက သစ်ပင်မှာချိတ်ထားတဲ့ သားကျောပိုးအိတ် သွားယူပေးဦးနော် ကိုသာ....ဟီး..."

​သည်က​လေးက သွားဖြဲပြပြီး လုပ်ချင်ရာလုပ်ဦးမည်ဆိုတာကို မင်းခွန်သာ သိနေခဲ့ပါ​သော်လည်း ညီဖြစ်နေတာကြောင့် နားလည်ပေးမိသည်သာ။

ည၆နာရီထိုးချိန်တွင် ဦးဥက္ကာစိုး ကုမ္ပဏီမှပြန်လာ​လေသည်။ ပြန်ရောက်သည့်နှင့် ဒေါ်မေမီသာသည် အိမ်ပေါက်ဝမှပင် မင်းခွန်မှိုင်းကျူရှင်ထပ်လစ်သည်ကို တိုင်ရင်းဆီးကြို​လေသည်။

"သားငယ်က ဉာဏ်ကောင်းပါတယ် မေမီရယ်။ ကလေးသဘာဝပျော်ပါစေ။"

မင်းခွန်မှိုင်းဆိုးမှန်း ဖခင်ဦးဥက္ကာစိုးကိုယ်တိုင်က သိသိလျက်နှင့် ကာကွယ်ပေးသည်။ သားတွေကို အချစ်ပိုသူမို့ သူ့သားတွေကိုရိုက်လျှင်မကြိုက်။ ဒါကိုသိသည့် မင်းခွန်မှိုင်းက အခွင့်ကောင်းယူပြီး လုပ်ချင်ရာလုပ်တတ်သည်။ မတတ်နိုင်။ သား​တွေကို လူတော်လူတတ် လူလိမ္မာသာဖြစ်စေချင်သော်လည်း သားငယ်တစ်ယောက်ကတော့ လွတ်လွတ်လပ်လပ်နှင့် ပျံသန်းမည့်ပုံရသည်။ လမ်းမှားရောက်မသွားလျှင်ပြီးရောဟုသာ စိတ်​လျှော့ပြီး ပညာလိုပြီးလိမ္မာသည့် သားကြီးကိုသာ အားကိုးရတော့မည်။

"ဖေကြီး...သားဖို့ဘာပါလဲ..."

ညီအစ်ကိုနှစ်ယောက် အပေါ်ထပ်မှ ဆင်းလာကြလေပြီ။ မင်းခွန်မှိုင်းသည် ဖအေကိုပြေးဖက်တက်ခွကာ ဘာပါလဲတန်းမေး၏။ သားကြီးဖြစ်သူကတော့​ဘေးနားတွင် ခပ်အေးအေးရပ်နေလေသည်။ သင်း​လေးတို့ကိုရိုက်ချင်​နေသည့် ဒေါ်မေမီသာလည်း လင်ဖြစ်သူပြန်ရောက်လာပြီမို့ စိတ်လျှော့လိုက်ရ​ပေမဲ့ မျက်စောင်းတခဲခဲ။

"ဖေကြီး...သားမှာလိုက်တဲ့ နာရူတိုအင်္ကျီပါလား"

ဤရက်ပိုင်း ဦးဥက္ကာစိုး အလုပ်​ရှုပ်​နေသည့်အတွက် မင်းခွန်မှိုင်းမှာလိုက်သည့် အင်္ကျီပါမလာ။ မင်းခွန်မှိုင်းသည် ဂျပန် Animeများကို နှစ်ခြိုက်သူမို့ သူတို့ဝတ်ဆင်သည့် အဝတ်အစားများအား လိုက်ဝတ်ချင်သည်ဟု ပူဆာထားသည်ကို မေ့နေမိသည်။

"ဖေကြီးအလုပ်ရှုပ်နေလို့ပါကွာ။ ဒီတစ်ပတ်အလုပ်ပိတ်ရက်ကျရင် သားကိုယ်တိုင်လိုက်ဝယ်။ Narutoအင်္ကျီရော Sasukeအင်္ကျီရော ကြိုက်တဲ့ဝတ်စုံယူ ၊ ဖေကြီးဝယ်ပေးမယ်။ သားကြီးရော လိုချင်တာဝယ်ဖို့ လိုက်ခဲ့။ မေမီရော...၊ တို့မိသားစုတွေ အပြင်မထွက်ဖြစ်တာ ကြာပြီလေ..."

"ဒီတစ်ပတ်စ​နေ ၊ တနင်္ဂ​နွေ ဓမ္မာရုံမှာအလှူရှိလို့ သွားကူရမှာ ကိုဥက္ကာရဲ့။ မလိုက်တော့ဘူး ၊ ရှင်တို့သားအဖတွေပဲ သွားကြတော့။ ကိုယ့်သားတွေကို နိုင်အောင်သာထိန်းပေတော့။ ကျွန်မကတော့ အဲ့နေ့လွတ်လပ်ရေးပဲ"

"​မေမီက​တော့​ပြော​တော့မယ်။ ကဲ ဒါဆိုလည်း ဖေကြီးတို့ပဲသွားကြတာ​ပေါ့..."

သားနှစ်ယောက်အား ဆံပင်ဆွဲဖွရင်း အကဲပိုနေသည့် ဦးဥက္ကာစိုးကို ဒေါ်မေမီကြည့်ရင်းပြုံးလိုက်တော့သည်။ သားအဖသုံးယောက် ပျော်လို့ရွှင်လို့။ သည်မအေကသာ စည်းကမ်းကိုင်လို့ သူတို့နှင့် ဓာတ်သိပ်မတည့်ဘဲ လူဆိုးမကြီးဖြစ်နေတတ်သည်။ သူတို့ချည်းကျတော့ အဟုတ်...။

"မေမေ သားကိုစိတ်မဆိုးနဲ့နော်။ သားနောက်တစ်ခါ အဲ့ကောင်တွေနဲ့မဆော့တော့ပါဘူး။ သူတို့ကညစ်ပတ်တယ်"

မင်းခွန်မှိုင်းသည် ဦးဥက္ကာစိုးလက်ထဲမှနေပြီး မိခင်အားလှမ်းချော့လေသည်။ သည်ကောင်လေးအား ဒေါ်မေမီသာတို့ ကြာကြာစိတ်ဆိုးနိုင်မည်တဲ့လား...။ ငဆိုး​လေး၏ပါးနှစ်ဖက်ကို ထူပူသွားအောင်သာ ဆွဲညှစ်ပစ်လိုက်တော့သည်။

"နောက်တစ်ခါကျရင်​တော့ မေမေကရိုက်ပြီပဲ။ အဲ့အချိန်ကျရင် လိုက်ကာကွယ်တဲ့သူကိုပါ ရိုက်မှာ..."

ဘေးမှာရပ်နေသည့် မင်းခွန်သာသည် မိခင်မှ သူ့အားစောင်းပြောမှန်းသိသောကြောင့် ဇက်ကလေးပုလျက် လျှာတစ်လျစ်လေးထုတ်၏....။

Thanks For Reading

Note

အစပိုင်းဆိုတော့ နည်းနည်းတော့ပျင်းစရာကောင်းနေလိမ့်မယ်ထင်တယ်။ ဆက်အားပေးပါဦးနော်။​ကျေးဇူးပါ။😘

Zawgyi

ၾကယ္တာရာတုိ႔ စတင္စုဆည္း​ေန​ေခ်ၿပီ။ လမုိက္ညမုိ႔ နက္ေမွာင္ေသာ ေကာင္းကင္၌ ထင္းျဖာေနသည့္ ၾကယ္တာရာမ်ားကုိ ေမာ့ၾကည့္ရင္း နကၡတ္တခ်ဳိ့အား တြက္ခ်က္လိုက္သည္။

"အိမ္း... နတ္ဆုိးတစ္ေကာင္ေမြးဖြားလာေတာ့မွာပါလား...."

"နတ္ဆုိးတစ္ေကာင္၊ ဟုတ္လား ဘြားဘြား"

အဘြားႀကီးသည္ ေျမးျဖစ္သူ၏အ​ေမးကုိ သေဘာက်စြာ တြန္႔ၿပီးသားပါးေရေတြကုိ အရစ္လိုက္အထပ္ထပ္ျဖစ္သြားသည္အထိ ျပံဳးလိုက္ၿပီး ေခါင္းညိတ္ျပသည္။ ထုိ႔ေနာက္ ေကာင္းကင္သုိ႔ လက္ညႇဳိးညႊန္ထုိးျပလုိက္သည္။

"ဒီၾကယ္တာရာေတြထဲက နွစ္ဆယ္႕ငါးခုေသာ ၾကယ္တာရာေတြရဲ႕ အလင္းတန္းေတြက မုိးကုပ္စက္ဝုိင္းအလြန္မွာစုဆံုလိမ့္မယ္။ အဲ့ဒီအခ်ိန္က်ရင္ အဲ့ဒီေနရာမွာပဲ နတ္ဆုိးတစ္ေကာင္ဖြားျမင္ေတာ့မယ္"

"ဒါဆုိရင္ ဘာျဖစ္မွာလဲဟင္ ဘြားဘြား"

အဘြားသည္ ကြပ္ပ်စ္ေပၚထုိင္ေနရင္းမွ ျဖည္းညႇင္းစြာ ေအာက္သုိ႔ဆင္းလိုက္ၿပီး ေကာင္းကင္ကုိတစ္ခ်က္ေမာ့ၾကည့္လိုက္သည္။ ၾကယ္တာရာတုိ႔၏ အလင္းတန္းမ်ားကလည္း စုဆံုရန္ အခ်ိန္နီးကပ္ေနေခ်ၿပီ။ ထုိ႔ေနာက္ အဘြားျဖစ္သူ၏အေျဖအား စိတ္ဝင္တစားေစာင့္ေမ်ွာ္ေနေသာ ေျမးျဖစ္သူ၏မ်က္ဝန္းမ်ားေၾကာင့္ အဘြားႀကီး ျပံဳးလိုက္မိသည္။

"နတ္ဆုိးေတြက သူတုိ႔ရဲ႕အေၾကာင္းတရားကုိယ္စီေၾကာင့္ ေမြးဖြားလာတာပဲ ငါ့ေျမးရဲ႕။ လြန္ခဲ့တဲ့ ႏွစ္တစ္ရာတုန္းက ေမြးဖြားလာခဲ့တဲ့နတ္ဆုိးတစ္ေကာင္ေၾကာင့္ ၿမိဳ႕ႀကီးတစ္ၿမိဳ႕လံုးပ်က္စီးဖူးတယ္လို႔ ဘြားဘြားရဲ႕အေမႀကီးက ေျပာဖူးတယ္။ သူ လူ႔ဘဝတုန္းက အဲ့ၿမိဳ႕ကလူေတြကုိ မုန္းတီးစိတ္နဲ႔ေသဆံုးသြားတာေၾကာင့္ အျငႇိဳးအမ်က္နဲ႔ ဒီၿမိဳ႕ကုိဖ်က္ဆီးဖုိ႔ နတ္ဆုိးအျဖစ္ေမြးဖြားလာခဲ့တယ္။ ၿပီးေတာ့ ဖ်က္ဆီးၿပီးတာနဲ႔ သူေပ်ာက္ကြယ္သြားတယ္တဲ့။"

"သူဘယ္ကုိေရာက္သြားတာလဲ ဟင္ ဘြားဘြား..."

"အျငႇိဳးေျပၿပီး ဘဝသစ္စသြားလား ၊ ဒါမွမဟုတ္ ဘြားဘြားတုိ႔မျမင္ႏုိင္တဲ့ ဘံု႒ာနတစ္ခုမွာ ဆက္လက္႐ွိေနလားဆုိတာေတာ့ မသိႏုိင္ဘူးေပါ့ကြယ္။"

"ဒါဆုိ အခု​ေမြးမယ့္နတ္ဆုိးက​ေရာ ၿမိဳ႕ေတြကုိဖ်က္ဆီးဖုိ႔ လာမွာလားဟင္..."

ကေလးသူငယ္တုိ႔၏ ေမးခြန္းမ်ားမွာ အဆံုးမ႐ွိတတ္လွေခ်။ သိခ်င္ၿပီးရင္း သိခ်င္ဆုိေတာ့ ေမးခြန္းေတြအထပ္ထပ္ေမးတတ္ၾကေလသည္။ အဘြားျဖစ္သူက​ေတာ့ ေခါင္းေလးတယမ္းယမ္းျဖင့္ သက္ျပင္းခ်ေလသည္။

"ၾကယ္တာရာေတြ​ေတာင္ စံုသြားၿပီပဲ။ ေကာင္းကင္က အေမွာင္ရိပ္က်မသြားဘဲ အေရာင္ေဖ်ာ့သြားတယ္ဆုိေတာ့ စြဲလမ္းမႈေတြနဲ႔ နတ္ဆုိးတစ္ေကာင္ေမြးဖြား​ေတာ့မယ္ထင္တယ္..."

************************************

ခြဲစိတ္ခန္းေရွ႕တြင္ အိပ္ေပ်ာ္ေနသည့္ ႏွစ္ႏွစ္သားအရြယ္ေကာင္ေလးတစ္ေယာက္အား ပခံုးထက္၌ခ်ီလ်က္ ေတာင္ေလ်ွာက္ေျမာက္ေလ်ွာက္ လုပ္ေနသည့္ အသက္လတ္ပုိင္းအမ်ဳိးသားတစ္ဦးရွိေနသည္။ အထဲ၌ မီးဖြားေနသည့္ မိမိ၏အမ်ဳိးသမီး ေခ်ာေမြ႔စြာ ကေလးေမြးႏုိင္ရန္ အဂုၤလိမာလသုတ္အား အႀကိမ္ႀကိမ္ရြတ္ဆုိေနမိသည္။ ပထမကေလးကတည္းက က်င့္သားရခဲ့ၿပီျဖစ္ေသာ​ေၾကာင့္ အဂုၤလိမာလသုတ္ကုိ သူႏႈတ္တုိက္အလြတ္ရေနေခ်ၿပီ။

ပခံုးထက္တြင္ အိပ္​ေပ​်ာ​္​ေနသည့္၊ မၾကာမီအစ္ကုိေနရာေရာက္ေတာ့မည့္ သားႀကီး မင္းခြန္သာ၏ ေက်ာျပင္အား ညင္ညင္သာသာပုတ္​ေပးကာ ႏုိးမလာေစရန္ေခ်ာ့သိပ္လိုက္သည္။ မင္းခြန္သာေလးသည္ ေမြးကတည္းက အေနေအး ၊ ဂ်ီမပူတတ္သည့္ကေလးျဖစ္သည္။ ယခုေမြးလာမည့္ သားငယ္က​ေတာ့ မည္သုိ႔မည္ပံုလာေလမည္လဲမသိ။ သားေလးေမြးမည့္အေၾကာင္းကုိသိျခင္းသည္ Ultrasound ႀကိဳတင္ရုိက္ခဲ့ျခင္းေၾကာင့္ပင္။ သည္က​ေလးသည္ သား႐ူးသာ႐ူး​ေန​ေသာ ဦးဥကၠာစုိးအတြက္ ေနာက္ထပ္ဆုလာဒ္တစ္ခု ျဖစ္ေပသည္။

"သားႀကီး...ဥကၠာ..."

အသံႏွင့္အတူ ကပ်ာကယာေရာက္လာသူမွာ ဦးဥကၠာစိုး၏မိခင္ ေဒၚစုိးနႏၵာပင္။ ဇနီးျဖစ္သူ ေမမီသာေမြးေတာ့မည္ဟု သတင္းေပးလိုက္သည့္ႏွင့္ မႏၱေလးမွ ျပင္ဦးလြင္သုိ႔ ခ်က္ခ်င္းတက္လာရွာေလသည္။ ေဒၚစုိးနႏၵာသည္ သားျဖစ္သူလက္ထဲမွ ေျမးကုိ သူ႔ထံေျပာင္းခ်ီလိုက္၏။

"ေမမီ မီးဖြားဖုိ႔ခက္ေနတယ္ဆုိ ဟုတ္လား သား။ အဂုၤလိမာလသုတ္​ ရြတ္ရဲ႕လား"

"ရြတ္ေနတာပဲ ေမေမရယ္။ ဒီမွာ သားလည္းအာေခါင္ေတြေတာင္ ေျခာက္ေနၿပီ။"

ေဒၚစုိးနႏၵာသည္ သူ႔လက္ထဲတြင္ အနည္းငယ္လႈပ္႐ွားလာသည့္ မင္းခြန္သာေလးကို တကြၽတ္ကြၽတ္စုပ္သပ္ရင္း ျပန္သိပ္ေလသည္။

"ေမေမ ဒီကုိမလာခင္ ေမေမ့အသိေဗဒင္ဆရာႀကီးဆီ ေရာက္ေသးတယ္ သားရဲ႕။ အခု မင္းမိန္းမေမြးမယ့္က​ေလးက ကပ္ဆုိးနကၡတ္နဲ႔သြားတုိက္ၿပီး ေမြးႏုိင္တယ္တဲ့"

"သားအဲ့တာေတြ အယံုအၾကည္မ႐ွိပါဘူး ေမေမရာ"

မိခင္ျဖစ္သူက ေဗဒင္ေတြ နကၡတ္ေတြလြန္စြာယံုသူျဖစ္​ေသာ္လည္း ဦးဥကၠာစုိးကေတာ့ ဒါမ်ဳိးေတြမယံု။ ဆံုးသြားၿပီျဖစ္သည့္ ဖေအႀကီး၏ ေသြးအျပည့္သာ။ ေဒၚစုိးနႏၵာသည္ ကေလးတစ္ဖက္ႏွင့္ သူ႔လက္ကုိင္အိတ္ထဲမွ ပစၥည္းတစ္ခုကုိ ခက္ခက္ခဲခဲထုတ္ယူၿပီး ဦးဥကၠာစုိးလက္ထဲထည့္ေပးေလသည္။

"ယံုတာမယံုတာ မင္းအပိုင္းပဲ။ ဒီလက္ပတ္ေလးကိုေတာ့ ငါ့ေျမးေလးေမြးလာရင္ အျမဲပတ္ထားေပးရမယ္။ မဟုတ္ရင္ သူ႔ဆီကံဆုိးမႈေတြ အလံုးလိုက္အရင္းလိုက္ဝင္လာလိမ့္မယ္တဲ့။"

ဦးဥကၠာစုိးလည္း သူ႔လက္ထဲေရာက္လာေသာ ကတၱီပါေရႊႀကိဳးနီေလးကုိ ၾကည့္ရင္း သက္ျပင္းခ်လ်က္ ေခါင္းညိတ္ရသည္။ မိခင္ႏွင့္မည္သုိ႔မွ ၿပိဳင္ျငင္း၍ မရႏုိင္မွန္း သူတပ္အပ္သိေနသည္ေလ။

ထိုစဥ္ ခြဲစိတ္ခန္းထဲမွ ဆရာဝန္ႀကီးထြက္လာေလသည္။ ဦးဥကၠာစုိးလည္း ဆရာဝန္ႀကီးအနားသို႔ အေျပးကပ္ရင္း အေျခအေန ေမးရန္ဟန္ျပင္ေလသည္။

"ေဒါက္တာ..."

ဆရာဝန္ႀကီးက လက္ကာျပရင္း ခပ္ခ်ဳိခ်ိဳျပံဳးလ်က္သား အလိုက္တသိေျဖၾကား၏။

"သားေလး ေမြးပါတယ္ ကုိယ့္လူ။ ကေလးေရာ မိခင္ပါ က်န္းမာတယ္။ ေန႔လယ္ကတည္းက ဗိုက္နာၿပီး မေမြးႏုိင္ျဖစ္ေနေတာ့ ကြၽန္ေတာ္ေတာင္အစကစုိးရိမ္ေနတာ။ အခုေတာ့ ေခ်ာေခ်ာေမြ႔ေမြ႔ေမြးႏုိင္သြားပါၿပီ။"

ဆရာဝန္ႀကီးသည္ သူ႔တာဝန္ၿပီးဆံုးသည္နွင့္ ထြက္သြားေလသည္။ ဦးဥကၠာစုိးကေတာ့ အေပ်ာ္ႀကီးေပ်ာ္ကာ က်န္ေနခဲ့၏။ ေဒၚစိုးနႏၵာလည္း ေနာက္ေျမးခ်ီရၿပီမုိ႔ ဝမ္းသာေနေလသည္။ အစ္ကုိႀကီးအရာေျမာက္သြားေသာ မင္းခြန္သာေလးကေတာ့ အိပ္ျမဲ...။

သိပ္မၾကာခင္တြင္ ကေလးႏွင့္ဇနီးျဖစ္သူကို ေတြ႔ခြင့္ရေလသည္။ ေဒၚစုိးနႏၵာကေတာ့ မင္းခြန္သာေလး သက္ေတာင့္သက္သာအိပ္လို႔ရ​ေစရန္ သူတုိ႔အိမ္ကိုသာျပန္ေခၚသြား​ေလသည္။ ေနာက္ရက္မွ ေျမးငယ္ႏွင့္ ေခြၽးမကိုလာၾကည့္ေတာ့မည္ဟု ဆုိသည္။ ဦးဥကၠာစုိးခမ်ာေတာ့ ပင္ပန္းၿပီးအိပ္ေပ်ာ္ေနသည့္ ဇနီးကိုၾကည့္၍ ခပ္ျပံဳးျပံဳးသာ။ ​ေနာက္ၿပီး ယခုမွ ေလာကထဲေရာက္လာသည့္ မိခင္ရင္ခြင္၌ အိပ္စက္​ေနေသာ နီနီရဲရဲ သားငယ္ေလးကိုၾကည့္ကာ ပီတိျဖာရသည္။ ဪ...မိဘေမတၱာဆုိတာ သည္လိုပါလားဟု ဒုတိယအႀကိမ္ေတြးမိသည္။ ႐ုပ္လံုးမေပၚေသးခ်ိန္ကတည္းကပင္ ကိုယ့္ေသြးသားမုိ႔ ဘယ္လုိဘယ္ပံုေလးျဖစ္ေနပါေစ ခ်စ္ခင္မိသည္သာ။

"ငါ့သားေလးႀကီးလာရင္ လူေတာ္လူတတ္ႀကီး ျဖစ္ေအာင္ ေဖႀကီးကေျမေတာင္ေျမႇာက္ေပးမွာ။ က်န္းက်န္းမာမာနဲ႔ ႀကီးျပင္းလာခဲ့ေနာ္..."

ယခုကတည္းက သားေလး၏ အနာဂတ္ကိုေတြးေမ်ွာ္ၿပီး တက္ႂကြလာမိသည္။ လူေလာကအလယ္မွာ မ်က္ႏွာမငယ္ရဘဲ လူတကာေလးစားအားက်ရေလာက္သူ ျဖစ္ေစခ်င္မိသည္။ ထုိ႔သုိ႔ျဖစ္လာေအာင္ မိမိတုိ႔ဘက္ကလည္း အစြမ္းကုန္ေထာက္ပံ့ႏုိင္ဖုိ႔ အလုပ္ပိုႀကိဳးစားဖုိ႔ လိုလာၿပီ။ ယခုဆုိ ကေလးကႏွစ္ေယာက္ ၊ အသက္သိပ္မကြာၾကသည့္အတြက္ ေက်ာင္းတက္အရြယ္ဆုိ ကုန္က်မည္က ခပ္မ်ားမ်ားေပသာ။ သုိ႔ေသာ္ ထုိကိစၥအတြက္ စိတ္ညစ္ျခင္း အလ်င္းမ႐ွိ။ သားေတြအတြက္ ဖခင္မွာ ခြန္အားသာ႐ွိေန၏....။

************************************

"မင္းတုိ႔ေတြ မညစ္ပတ္နဲ႔။ ငါႏုိင္တာ"

"ဘာမွမဟုတ္ဘူး။ မင္းစည္းခိုးၿပီး ပစ္တာ"

ရပ္ကြက္ထဲမွ ကေလးအခ်ဳိ့သည္ ဖန္ေဂၚလီ႐ုိက္ကစားခ်ိန္တုိင္း၌ ခဏခဏႏုိင္ေနသည့္ မင္းခြန္မိႈင္းအား မၾကည္ခ်င္ၾကေတာ့ေပ။ ထုိ႔ေၾကာင့္ မင္းခြန္မႈိင္း ေခါင္ထိသြားေသာအခါ စည္းခိုးသည္ဟု ဆုိလာၾကသည္။

"ငါဘာမွစည္းမခိုးဘူး။ မင္းတုိ႔သာ ညစ္ပတ္တာ။ မရဘူး ငါႏုိင္တာပဲ"

ထုိသို႔ဆုိကာ သူအႏုိင္ရသည့္ေဂၚလီေတြကို ေဘာင္းဘီအိတ္ကပ္ထဲ​ေကာက္ထည့္စဥ္ က်န္သည့္ကေလးမ်ားကလည္း ေျမေပၚမွာခ်စီထားသည့္ ေဂၚလီတခ်ဳိ့ကို အတင္းေကာက္လုသိမ္းေသာေၾကာင့္ မင္းခြန္မႈိင္းျပန္လုေလသည္။ သို႔ေသာ္ အမ်ားႏွင့္တစ္ေယာက္မုိ႔ မင္းခြန္မႈိင္း မႏုိင္။ ကေလးသဘာဝ အႏုိင္က်င့္ခံရၿပီဆုိလ်ွင္ ေအာ္ငုိတတ္ၾကေသာ္လည္း မင္းခြန္မႈိင္းဟာ အေၾကာတင္း ၊ လက္ရဲဇက္ရဲမုိ႔ လမ္းေဘးက တုတ္တစ္ေခ်ာင္းကိုေျပးေကာက္ကာ သူတုိ႔ကို႐ိုက္ဖုိ႔ျပင္ေတာ့ေလသည္။ ထုိအခါမွ ကေလးမ်ား ထြက္ေျပးကုန္ေလ၏။ မင္းခြန္မႈိင္းသည္ တုတ္ကုိလမ္းေဘးသုိ႔ျပန္ပစ္ခ်ၿပီး လက္၌ကပ္ေနသည့္ ဖုန္သဲတုိ႔ကုိခါကာ အိမ္ျပန္ဖုိ႔ ေနာက္သုိ႔အလွည့္ လမ္းလယ္ေခါင္၌ စိတ္ဆိုးမာန္စုိးျဖင့္ ခါးေထာက္ကာရပ္ၾကည့္ေနသည့္ မိခင္ ​ေဒၚ​ေမမီသာ့ကိုေတြ႔ေလေတာ့

You are reading the story above: TeenFic.Net