Unicode
သဘာဝလွန်နဲ့ပတ်သက်တာတွေကိုယုံလား...။
ကြယ်တာရာတွေ နက္ခတ်တွေနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုထင်လဲ...။
ဒီထဲကမှ နှစ်တစ်ရာမှာတစ်ခါ ကပ်ဆိုးနက္ခတ်တစ်ခု ဖြစ်ပေါ်တတ်တယ်ဆိုတာကိုရော သတိထားမိကြမလား..။
ဒီကပ်ဆိုးနက္ခတ်နဲ့အတူ နတ်ဆိုးတစ်ကောင်ကလည်း မွေးဖွားလာမယ်ဆိုရင်...။
နောက်ပြီး....
သင်ကိုယ်တိုင်ကပါ နတ်ဆိုးတစ်ကောင်ရဲ့နက္ခတ်နဲ့ယှဉ်ပြီး မွေးဖွားလာခဲ့မိလို့ သူ့ရဲ့စောင့်ရှောက်ခြင်းကိုခံရမယ်ဆိုရင်.....။
Nora's Note
Hotaru(ပိုးစုန်းကြူး) ဆိုတဲ့ဂျပန်နာမည်လေး ပေးထားသလို မြန်မာနာမည်အနေနဲ့ 'နတ်ဆိုးတစ်ကောင်နှင့်အတူမွေးဖွားခြင်း'လို့လည်း ပေးထားပါတယ်။
နိုရာ့ရဲ့စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုကို စတင်အသက်သွင်းပါတော့မယ်။ နိုရာကိုယ်တိုင်က ဒါတွေနဲ့ပတ်သက်ပြီး ယုံတယ်လည်း မဟုတ်ဘူး ၊ မယုံဘူးလည်းမဟုတ်ပါဘူး။
ဆိုတော့....နတ်ဆိုးတစ်ကောင်နဲ့အတူ မွေးဖွားဖို့ စတင်စီးမြောကြရအောင်.....။
Zawgyi
နောက်ပြီး....
Nora's Note
ဒါပေမယ့် ရှိနိုင်တာပဲမဟုတ်လား...။ နိုရာတို့ 'လေ'ကိုမမြင်ရပေမယ့် လေရှိတာကိုလက်ခံကြတယ်၊ ဟုတ်။ သစ်ရွက်တွေလှုပ်သွားတယ် ၊ ခန္ဓာကိုယ်ပေါ် အအေးလှိုင်းတစ်ခုဖြတ်သန်းသွားတယ်။ ဒါကို လေတိုက်တယ်လို့ဆိုကြတယ်။ မမြင်ရပေမဲ့ လေဆိုတဲ့အရာရှိတယ်လို့လက်ခံကြတာပဲမဟုတ်လား။ ဒီလိုပဲ သဘာဝလွန်အရာတွေဆိုတာလည်း မမြင်ရပေမယ့် နိုရာတို့ပတ်ဝန်းကျင်မှာ ရှိနေနိုင်တယ်။
You are reading the story above: TeenFic.Net